Skip to content

Excerpts from Stories from Khin Hnin Yu’s Heart

6 August 2009

handoutမင်းဘဘ ဦးကျော်သောင်း ဆုံးတော့ မင်းဟာ မင်းမေမေ မိကျော်သောင်းရဲ့ ဗိုက်ထဲမှာ ခုနစ်လပဲ ရှိသေးတယ်။ မမွေးသေးဘူး။ သူ မသေခင်ကလည်း သမီးကို ကမာရွတ်ဂတ်တဲအထိပဲ သူ့ရဲ့ စစ်သုံး ဘောက်(စ်) ၀က်ဂွန်း လိပ်ခုံး ကားကလေးကို စီးရတယ်။

တစ်ဦးတည်းသော သမီးရယ်လို့ ကားကို သုံးခွင့်မပြုဘူး။ ဘွားဘွားမှာတော့ မိခင်ဆိုတော့ စိတ်ပူတာပေါ့။ သမီးလေး ကျောင်းပြန်နောက်ကျရင် ပြည်ထာင်စုလမ်းထိပ်က ကျောက်ခုံလေးပေါ်မှာ ထိုင်ပြိး သမီး ပြန်လာချိန်အထိ မျှော်ရတယ်။ မင်းကို ဗိုက်ထဲမှာ ကိုယ်ဝန် ရှိလာလည်း မိဟာ ကမာရွတ်ကနေ ဆေးတက္ကသိုလ် ၂ မင်္ဂလာဒုံအထိ ဘတ်(စ်)ကားနဲ့ပဲ သွားရတယ်။

အမှန်တော့ တို့သားအမိနှစ်ယောက်ကို မင်းဘဘက စစ်ပုံစံသွင်းခဲ့ခြင်းပဲ။ သူ သေသွားတော့ ကားမ၀ယ်နိုင်ခင် မင်းမေမေရော ဘွားဘွားရော အစစ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်နိုင်တယ်။

ဒုဗိုလ်မှူးကြီးရဲ့ ဇနီးဖြစ်တော့လည်း မင်းဘဘ ဦးပုံစံရဲ့ စစ်စည်းကမ်း ရိုသေမှုနဲ့ ကားမစီးရဘူး။ နောက်ပိုင်း နေမကောင်းတော့မှ သူ့ရဲဘော် ဖိုးတင်အောင်က သူ့ဗိုလ်မှူးကြီးကို တရားအဟောကောင်းလို့ ဘွားဘွား သူ့ကားကို သုံးရတယ်။ အဲဒီ့ကတည်းက ကားကို စိတ်နာလိုက်တာ လွန်ရောပဲ။

အိမ်ဆောက်လည်း အုတ်တစ်ချပ် သွပ်တစ်ပြား ပျဉ်တစ်ချပ် ရဖို့ကအစ ဘွားဘွားကိုယ်တိုင် တန်းစီခဲ့ရတယ်။ ဘွားဘွား အတိတ်ကံ ညံ့ခဲ့ပေတယ်။ သို့သော် ၀မ်းနည်းစရာ မဟုတ်ပေဘူး။ ခုတော့ အသားကျ တပ်မတော် ရဲဘော် တစ်ယောက်လို ဒုက္ခဆိုတာ ဘွားဘွားဘ၀မှာ ရိုးနေပြီ။

ဘွားဘွား မသေခင် “ကျွန်မရဲ့ ချစ်သူ”ဒုတိယတွဲကို ဆက်ပြီး ရေးနိုင်ပါစေလို့ ဆုတောင်းမိတယ် သားငယ်လေး။ ဒါမှလည်း သားငယ်တို့ ကြီးလာတော့ တို့ဘဘ ဦးကျော်သောင်းဟာ ဘယ်လို လူစားမျိုး၊ တို့ဘွားဘွားဟာ ဘယ်လို မိန်းမစားမျိုးဆိုတာကို သိပြီး မျိုးရိုးစဉ်ဆက် အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ စိတ်ဓာတ်ဖြစ်လာမယ်။

ခင်နှင်းယုရဲ့ ရင်မှပွင့်သော

(၂၀၀၉ခုနှစ် သြဂုတ်လ ၅ရက်နေ့မှာ စတင်ဖြန့်ချိလိုက်တဲ့ “ခင်နှင်းယုရဲ့ ရင်မှပွင့်သော” စာအုပ်ထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။ အဲဒီ့စာအုပ်ထဲမှာ ဆရာမကြီး ဒေါ်ခင်နှင်းယုရဲ့ “ခေတ်ပေါင်းစုံကို ကျော်လွှားနိုင်တဲ့” ၀တ္ထုတိုတွေ ပါဝင်ပါတယ်။ အင်္ဂလိပ်ဘာသာသို့ စာရေးဆရာမ မသိင်္ဂီက ပြန်ဆို ပေးထားတာမို့ “ဒါ မြန်မာ ၀တ္ထုတို”တွေပဲလို့ နိုင်ငံခြားသားတွေကိုလည်း ဂုဏ်ယူဝင့်ကြွားစွာ ပြလို့ရတဲ့ စာအုပ်ကောင်း တစ်အုပ်ပါ။ တန်ဖိုးက ကျပ် ၃၀၀၀၊ ငါးအုပ်နဲ့ အထက်မှာယူမယ်ဆိုရင်တော့ ၁၅% လျှော့ပေးပါမယ်။)

Advertisements
6 Comments leave one →
  1. 6 August 2009 8:57 pm

    မမှာရင်ကော ကွန်မက်လာရေးလို့ရပါသလား။

  2. lettwebaw permalink
    6 August 2009 9:39 pm

    မနောက်ပါနဲ့ အဒေါ်ရယ်… comments က ကြိုက်တဲ့လူ ရေးလို့ရပါတယ်။
    ဆဲသွားတောင် အင်း… သဘောထားကြီး (ချင်ယောင်ဆောင်) စွာ ခံရမယ့် သဘောရှိပါတယ် အဒေါ်။

  3. 8 August 2009 12:08 pm

    ဟုတ်လို့လား. ယုံဘူး။ မော်တော်ကားအနောကမှန် မှာ ဘာကပ်ထားဘူးသလဲပြောပါ။

    • komyintmyat permalink
      31 August 2009 2:38 pm

      စိတ်ဝင်စားသွားပြီ….. မော်တော်ကားအနောက်မှန်မှာ ဘာများကပ်ထားပါလိမ့်…..?

  4. lettwebaw permalink
    8 August 2009 2:59 pm

    ကျွန်တော်တော့ ယုံပါတယ်။ “တစ်ခါတုန်းက တက္ကသိုလ်မှာ”ဆိုသလိုပေါ့။ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ပါ။ ပြောင်းလဲခြင်းတွေရဲ့ သဘောကို ဆန်းစစ်ကြည့်လို့ရမလားပဲနော်။

  5. aye permalink
    5 November 2009 7:48 pm

    ဘာလို့ပြန်ပြန်ထုတ်ကြတာလဲ။ ပြန်ပြီး refresh လုပ်တယ်ခေါ်မလား။ အဲလိုလား။ ကောင်းတော့ ကောင်းပါတယ်။ ပြန်မှတ်မိရတာပေါ့။ ဟိုတုံးက ဖတ်တဲ့ စိတ်အထာနဲ့ ခု စိတ်အထာကလည်း မတူတော့ဘူးဆိုတော့ အခုပြန်ဖတ်တော့လည်း အတွေးသစ်တွေ ၀င်တာပါပဲ။ ဒါပေမယ့် အကုန်ဖတ်ပြီးသား အဟောင်းတွေချည်းပဲနော်။ ဖတ်ရင်းနဲ့ မဖြတ်နိုင်လို့ သူတို့မိသားစုအကြောင်းတွေ ပါတဲ့ စာအုပ်တွေ ပြန်ရှာဖတ်မိသေးတယ်။

    ဘွားခင်နှင်းယုကို ပြောချင်တဲ့စကားတွေ ရှိလာတယ်။ ဒုဗိုလ်မှူးကြီးကျော်သောင်းလိုမျိုးကို ဘယ်မှာ သွားရှာရမလဲ ဆိုတာရယ်၊ တိကျပြတ်သားတဲ့ ဆရာဝန်မကြီးမိ အချစ်ကို ဘယ်လို လက်ခံခဲ့လဲ ဆိုတာရယ် သိချင်လာတယ်။ ဟဲ…ဟဲ။ ဆရာမကြီး မိကိုအားကျတယ်။ မရယ်ဘူး မပြုံးဘူး။ စိတ်ဓာတ် ပြတ်သားတယ်။ အဖေက စစ်သားမောင်းသလို မောင်းခဲ့တယ်။ သူက ပိုတိကျနေတယ်။ ဘွားခင်နှင်းယုက ဘေးကလိုမှပဲ ထိန်းပေးတယ်။ ဒါကြောင့် သားသမီးတွေရဲ့ မိဘတွေ အရေးကြီးတယ်ဆိုတာ သဘောပေါက်လာတယ်။

    နွားတစ်ထောင် ပြန်ရှာနေတာ။ မရသေးဘူး။ ကျွန်မချစ်သူကိုရော ပြန်ရှာတာ မရဘူး။

    အင်း… ကျင်လည်ခဲ့ရာ ပတ်ဝန်းကျင် မတူဘူးလို့ ကိုယ့်ကိုယ်ကို ပြန်သတိပေးရတယ်။ ကိုယ်ကကိုယ်၊ သူတို့က သူတို့လေ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: