စာနယ်ဇင်းပညာနဲ့ ပတ်သက်ပြီး အတ္တကျော် (ဆူဒိုနင်)ရဲ့ သဘောထား၊ စင်္ကာပူ၊ မလေးရှားနှင့် သြစတြေးလျနိုင်ငံတို့မှာ ပြဋ္ဌာန်းထားတဲ့ စာနယ်ဇင်း ကျင့်ဝတ်များကို အကျယ်တ၀င့် ဆွေးနွေးထားတာကို ဖတ်ချင်ရင် ညာဘက် အပေါ်ထိပ် Pages ဆိုတဲ့ ခေါင်းစဉ်အောက်က On Journalism ဆိုတဲ့ စာတန်းလေးကို Click လုပ်နိုင်ပါတယ်။
၂၀၀၀ပြည့်နှစ်အတွင်းက “သတင်းစုံ”ဂျာနယ်က လက်ထောက် စာတည်း ကျော်သီဟရဲ့ တွေ့ဆုံမေးမြန်းခန်းကို အဲဒီ့ဂျာနယ်မှာပဲ “ကျော်သီဟအမေး – ဆူဒိုနင်အဖြေ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ရက်သတ္တပတ်ပေါင်းများစွာ ဖော်ပြခဲ့သမျှကို အပြည့်အစုံ ပြန်လည် ဖော်ပြထားတာဖြစ်ပါတယ်။
စာဖတ်ပျင်းရင် မဖတ်ပါနဲ့လို့ တစ်ခါတည်း ကြိုပြောလိုက်ပါရစေနော်။ သိပ်ကို ရှည်လို့ပါ။ စာနယ်ဇင်းပညာကို စိတ်ဝင်စားသူများအတွက်တော့ “ထူးရှယ်”ဖြစ်မယ်လို့ ယူဆပြီး တင်လိုက်တာပါ။ မကြိုက်ရင်လည်း ပြောကြပေါ့။ ပြန်သိမ်းသင့် သိမ်းပေးမှာပေါ့။ (လုပ်ရတာတော့ အတော် လက်ဝင်လှသဗျို့။ ဒါတောင် ၀င်းကနေ ဇော်ဂျီပြောင်းတဲ့နည်းကို အန်တီကြီး ဒေါ်ခင်မင်းဇော်က အဝေးကနေ လှမ်း မစလိုက်ပေလို့။ မဟုတ်ရင် တော်တော်နဲ့ ဖြစ်လာမှာ မဟုတ်ဘူး။)
တူတော်မောင် ကျန်းခန့်သာလို့ မာပါစ….
ပေးပို့လိုက်တဲ့ စိန်ထက်အသုံးဝင်မယ်ထင်ရသော အရာကြီးကို သေချာစွာ သုံးတတ်နေပြီ ဖြစ်ကြောင်း သိရလို့ ၀မ်းသာမိပါကြောင်း အကြောင်း ကြားသိစေအပ်ပါသည်။
ချစ်ခင်စွာဖြင့်
အန်တီကြီး
အဒေါ်ကြီးလဲ လာလာပြီး မစနေပါတယ။်