မဟာစည်သွား ရိပ်သာလား
(တောလားလို့ ရေးလို့မတင့်တယ်တာမို့ ရိပ်သာလားလို့ အတတ်ဆန်းထွင်ကြည့်တာပါ။)
—————————————————————————————
မဟာစည်
လာပြီကွဲ့ တစ်ခေါက်…။
စီစဉ်သူ စေတနာများရယ်နဲ့
ကြည်လင်စွာ သဒ္ဓါပွားပါလို့
တရားကိုတဲ့ တွေ့ရအောင်
ပို့ဆောင်ကာ နေရာထားတယ်
ပတ္တမြားဆောင်ရောက်။
ပတ္တမြားဆောင်
ယားရင်တောင် မကုတ်ရဲစေရ
ဂုတ်ဆွဲကာ နတ်ပြည်တင်လေမယ့်
မျက်မှန်ရှင် ကိုယ်တော်မြတ်ရယ်က
ကြပ်မတ်လို့ ခြယ်လှယ်တယ်
အပေါက်ရယ် တကယ်ဆိုး…
ကမ္မဋ္ဌာန်းတရားဆိုတာမျိုးက
ရိုကျိုးစွာ ရှုမှတ်စဉ်
စိတ်ကြည်လင် ဉာဏ်လျှင်ပေါက်နိုင်မှ
ရောက်နိုင်မယ့် ခရီးဟာမို့
ကတီးကတီးမြည်တွန်သူ
သည်လူလွန် ဆရာကိုယ်တော်မြတ်ရယ်ကြောင့်
(ဦးဇင်းတို့ရေ… ကျုပ်တို့မှာ) အာပတ်သာ အထပ်ထပ်တိုး။ ။
——————–
(၁၉၉၁ခုနှစ် ကြမ္မာငင် ၄၈နာရီ အမှတ်တရ အပြီးတွင် မဟာစည်ရိပ်သာ၌ ရဟန်းဝတ်ဖြင့် တရားအားထုတ်ရန် မဖြစ်ညစ်ကျယ် ကြိုးစားခဲ့စဉ်က အတ္တကျော်/ဆူဒိုနင် ရေးသားခဲ့သော ရှားရှားပါးပါး လေးချိုးလေးဖြစ်ပါတယ်။ ကဗျာအနေနဲ့ ပုံနှိပ်ဖော်ပြခဲ့ခြင်း မရှိပေမယ့် ၁၉၉၅ခုနှစ်က ရှေ့ပြေးမဂ္ဂဇင်းမှာ “အိပ်မက်ဟုတ်ဘူး အချစ်ဦးရယ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးခဲ့တဲ့ အခန်းဆက် ၀တ္ထုရှည်မှာတော့ ဇာတ်ဝင် ကဗျာအဖြစ် ပုံနှိပ်ဖော်ပြခဲ့ဖူပါတယ်။ အဲဒီ့ဝတ္ထုရှည်က ရှေ့ပြေးမဂ္ဂဇင်းရပ်သွားတာနဲ့အတူ တစ်ခါတည်း ရပ်သွားခဲ့ပြီး အဆုံးမသတ်ဖြစ်ခဲ့ပါ။ ဘယ်တော့မှလည်း အဆုံးသတ်ဖြစ်တော့မှာ မဟုတ်တဲ့ “တိုးလို့တန်းလန်းမဂ္ဂဇင်းဝတ္ထုရှည်”အဖြစ် မှတ်တမ်းတင်ရပါမယ်။)
ဟီဟိ..:D
ဆရာ့ရိပ်သာလား ကဗျာလေး ဖတ်ပြီး သဘောကျမိလို့ပါ။
ကျမ ဆယ်တန်းအောင်ခါစ ချမ်းမြေ့ရိပ်သာဝင်တုန်းကလဲ အပေါက်ဆိုးဆိုး ကိုယ်တော်တပါးနဲ့ြုံ့ခဲ့ရလို့ ငိုယိုပြီး ရက်မစေ့ခင် အိမ်ပြန်ဖို့ ကြံစည်ခဲ့ဖူးသေးတယ်။
ဆရာကတော့ ဘုန်းကြီးဝတ်တာဆိုတော့ အာပတ်တိုးတာပေါ့လေ။
ဒီဘလော့ကို ဆရာ့ဘလော့မှန်း ခုမှသိတယ်။ အသိနောက်ကျလေခြင်း ဆရာရေ … ။
ဒါနဲ့ ဆရာကတော့ ကျမကို မှတ်မိတော့မယ် မထင်ဘူး။
တခါတုန်းက ဆရာ့အသံကို ငှားရမ်းသုံးစွဲခဲ့ဖူး ပါတယ်။ အဲဒီတုန်းက ဆရာဆိုပြတဲ့ သီချင်းတောင် နားထောင်ခဲ့ရသေးတယ်။
ဆရာ့စာတွေ ဖတ်ရှုအားပေးနေပါတယ်ရှင်။
မေဓာဝီ
ရိပ်သာ တခါမှမ၀င်ဖူးဘူး။ သင်္ကြန်တွင်းကို ဥပုသ်တရက်လောက်စောင့်ပါတယ် မနေနိုင်လို့ ပျက်ပါရောလား။း)
ဗျို့ ဆရာ …
မန်ကျည်းကိုးပင် နှောက်ပါလို့ရယ် … မနက်ကပဲ ဖတ်ရသေးတယ်။
ခုမှ ကွန်မန့်ရေးမယ်ကြံပြီး ၀င်ကြည့်တော့ ပျောက်သွားပါလား။
နေ့မြင် ညပျောက်ဆိုတာ ဒါပဲထင်ပါရဲ့။ 😦
ဟုတ်တယ်ဗျာ… ဆောရီးပါ။ မနက်က အလောthirty နဲ့ တင်ပြီးမှ လောလောဆယ်မှာ ပြန်သိမ်းထားသင့်တယ်လို့ ကျွန်တော့်ဦးနှောက်က နောက်ကြောင်းလိုက်ပြီး လက်တို့လာတဲ့အတွက် ခဏ ပြန်သိမ်းထားလိုက်ပါတယ်။ လုံးလုံးတော့ ပျောက်သွားမှာ မဟုတ်ပါဘူး။ မဝေးတဲ့ အနာဂတ်မှာ ပြန်တင်ဖြစ်မယ်ထင်ပါတယ်။ “ဘူးမမှုတ်နဲ့ သမီးရယ်… အန်ကယ့်ကို ချစ်တယ်ဆို… အန်ကယ်ကြီးကို ချစ်တယ်ဆို… ဆိုအိုး… ဆိုအို… ဆို” ဆိုပြီး မေဓာဝီ့ကို မေဓာဝီ ဘာသာစကားနဲ့အတူ ၀င်းဦးသံလေးနဲ့တကွ ချော့လိုက်ပါရစေလားခင်ဗျာ…
ဖတ်နေတုံးဘဲ။