သည်ဘလော့(ခ်)ကို မတင်ဖြစ်ခင် ပဝေသဏီ ၂၀၀၁ခုနှစ်လောက်ဆီက geocities ကနေ website တစ်ခု တင်ခဲ့ဖူးတယ်။ သို့ပေမယ့် ၂၀၀၃ခုနှစ် နောက်ပိုင်းမှာ update မလုပ်နိုင်ခဲ့ဘူး။ အခုထက်ထိလည်း ရှိပါသေးတယ်။ ဒါပေမယ့် geocities က မကြာခင် ရပ်နားတော့မယ်ဆိုတာနဲ့ သည် ဘလော့(ခ်)ကို အူယားဖားယား တင်ခဲ့ပါတယ်။
အခုကျတော့ ရွှေအမြုတေ မဂ္ဂဇင်းရဲ့ website http://shweamyutay.com ကို ၀င်ကြည့်မိရင်းကမှ ကျွန်တော့် ဘလော့(ခ်)မတိုင်မီကတည်းက ကျွန်တော့် အခွက်ကြီးနဲ့ ကျွန်တော့် စာတချို့ဟာ ရောက်နှင့်နေမှန်း တွေ့လိုက်ရပါတယ်။ ရွှေအမြုတေ စာမျက်နှာက Teen မဂ္ဂဇင်းတွေကို ၀င်ကြည့်မယ်ဆိုရင် ကျွန်တော်ရေးထားတဲ့ “ကိုယ်တိုင် လေ့လာ အင်္ဂလိပ်စာ” အခန်းဆက်ကို ဖတ်လို့ရပါလိမ့်မယ်။ အစက စပြီးတော့ မပါနိုင်ပေမယ့် ၂၀၀၈ အောက်တိုဘာလ၊ အမှတ်စဉ် ၃ကနေ ယနေ့ထက်တိုင်အထိ ပါနေတာမို့ အင်္ဂလိပ်စာကို လေ့လာလိုက်စားနေသူများအတွက် အသုံးတည့်လို တည့်ငြား နတ်လမ်းညွှန်လိုက်ပါတယ်။
ဟုတ်ကဲ့ …ကျေးဇူးတင်ပါတယ်ရှင့်း)
Teen မဂ္ဂဇင်းအောက်မှာ ခေါင်းစဉ်တွေအများကြီးရှိတယ်….ဆရာ ဘယ်ထဲကိုဝင်ကြည့်ရမှာလဲဟင် မရှာတတ်လို့ပါ။
((( သည်ဘလော့(ခ်)ကို မတင်ဖြစ်ခင် ))) လို့ ရေးထားလို့ ပြောချင်တာ တခုပြောပါရစေ။
blog မှာ နောက်ဆုံးက g နဲ့ဆုံးတာကို မြန်မာအသံနဲ့ရေးတော့ ဘာလို့ (ခ်) နဲ့ အဆုံးသတ်တာပါလဲဆရာ။ ကျနော်မှာ အဲသလိုတွေ တွေ့ရရင် အူယားလို့ပါ။ (ဂ်) နဲ့ အဆုံးသတ်ရင် မှန်တယ်လို့လည်း ထင်လို့ပါ။
မှန်ပါတယ်။ အမှန်က“(ဂ်)”နဲ့ အဆုံးသတ်ရမှာပါ။ အသံမှန်ကလည်း အဆုံးက “ဂ”သံပါပဲ။ သို့ပေမယ့် အပျင်းထူပြီး အသံပျော့နဲ့ ထွက်တဲ့အခါမှာ “ခ”နဲ့လည်း အဆုံးသံထွက်လို့ရတယ်လို့ နားလည်ထားမိတာကြောင့် “ခ”နဲ့ သုံးမိခြင်းပါ။ ဘလော့လို့ အဆုံးသံမပါဘဲ ရေးထားတာထက်စာရင် အပျင်းသံလေးနဲ့ ဆုံးထားတာလေးကိုပဲ နားလည်ခွင့်လွှတ်ပေးပါတော့ဗျာ။