ပြာသို နိုင်းချင်း
———–
(၁)
နှုတ်နဲ့ဖြစ်ဖြစ်
လက်နဲ့ဖြစ်ဖြစ်
ခဏပန်း ချစ်ပြတာမျိုးလောက်တော့
လူမပြောနဲ့
တိရစ္ဆာန်တောင် တတ်တယ်
ဥပမာ
ကြောင်….
(၂)
ခွေးလောက်မှ
အနှစ်မပါဘဲနဲ့
သိပ်ချစ်တာပဲလို့
လာမချွဲနဲ့
ဟဲ့…
ငါ့ အသည်းဟာ
ဗြောင်….
(၃)
ညောင်…
ညောင်…
ညောင်…
——————
တစ်သက်နဲ့တစ်ကိုယ် တစ်ခါသာ မဂ္ဂဇင်းကို ပေးဖူးတဲ့ ကဗျာဖြစ်ပါတယ်။ ၁၉၉၄ခုနှစ်က “ရှေ့ပြေး”မဂ္ဂဇင်းရဲ့ အဖွင့်ကဗျာအဖြစ် ဖော်ပြခဲ့ဖူးတယ်။ “ဥတ္တရလမင်း”စာချစ်သူများအဖွဲ့က ရန်ကုန်မြို့ ကမ်းနားလမ်းက နန်းသီတာနေရာမှာ ဖွင့်ထားတဲ့ ရွှေဘဲ ဆိုင်မှာ ဧည့်ခံကျွေးမွေးစဉ်က သည်ကဗျာကို ရွတ်ပြမိတဲ့အခါမှာ “ငါ့ကို ပြန်ပို့ကြပါလေ”ဆိုတဲ့ ကဗျာဧတဒဂ် ဖန်မီးအိမ်ကဗျာဆရာကြီးက “အလာကြီးပဲ”လို့ မှတ်ချက်ချခဲ့ဖူးတယ်။
ဘာဘူကြီးပဲ 😛
Facebook မှာ တစ်ယောက်က ကျွန်တော့်ကို မေးလာပါတယ်။ ”ပြာသို နိုင်းချင်း ဆိုတဲ့ခေါင်းစဉ်ရဲ့ အဓိပ္ပာယ်ကို မသိဘူးခင်ဗျ။ ကျေးဇူးပြု၍ ရှင်းပြပေးပါလား ခင်ဗျာ”တဲ့။
ဟုတ်ကဲ့… ခွေးဆို တော်သလင်း၊ ကြောင်ဆို ပြာသိုလို့ အဆိုရှိပါတယ်။ တော်သလင်းဟာ ခွေးရဲ့ သင်္ကေတဆိုရင် ပြာသိုဟာ ကြောင်ရဲ့ သင်္ကေတပါ။ နိုင်းချင်းဆိုတာက “များများစားစား”ဆိုတဲ့ အနက်ပါ။ /နိုင်းဂျင်း/လို့ အသံထွက်ပါတယ်။ “သင်္ဘောရွက်နိုင်းချင်းနဲ့ လက်ဖက်သုတ်”ဆိုရင် အဲဒီ့ လက်ဖက်သုတ်ထဲမှာ သင်္ဘောရွက် နိုင်နိုင် ထည့်သုတ်ထားတယ်ဆိုတဲ့သဘောပါပဲ။ ခွန်အားရှိတဲ့ မြန်မာစကား အသုံးအနှုန်းတစ်ခုပါပဲ။
ကြောင် ….ဗြောင်……ညောင် ညောင် ညောင် မိုက်တယ်ကွား)
အလာကြီးပဲဆိုတာ အပြန်မရှိဘူးလို့ ပြောတာလားမသိဘူးနော် ဆရာ 😛
မိုက်တယ်… 😀
၁၉၉၄ ရှေ့ပြေးမဂ္ဂဇင်းမှာ အဖွင့်ကဗျာ လို့ဆိုလို့သာ ယုံလိုက်ရတယ်။ ၂၀၀၉ သြဂက်စ် ၁၁ ရက်နေ့နောက်ပိုင်းမှာ ခံစားဖို့ကောင်းလောက်အောင် ရှေ့ကို ပြေးနေတဲ့ ကဗျာပါပဲဗျာ။
ဟား ဟား
ရယ်ရတယ်။ ဆရာ့ ကဗျာက။ ဘယ်လိုကြီးမှန်းလဲ မသိဘူး။ လူကလည်း ဘယ်လိုကြီးမှန်း မသိဘူး။
ကြောင် ဗြောင် ညောင် နဲ့ ကဗျာဆိုလို့ ယုံရတယ်။ မီးဖိုထဲ ကြောင်ဝင်နေသလိုပဲ။ ဘယ်လို ခံစားရမလဲ မသိလိုက်ဘူး။
ဟား ဟား။
နှုတ်နဲ့ဖြစ်ဖြစ်
လက်နဲ့ဖြစ်ဖြစ်
ခဏပန်း ချစ်ပြတာမျိုးလောက်တော့
လူမပြောနဲ့
တိရစ္ဆာန်တောင် တတ်တယ်
မိုက်တယ်ဆရာရေ..