How Honest Are Couples, Really?

k0963922

တော်တော်တန်တန် ဘယ်သူမှ comment မရေးမယ့် Post မျိုးကို တင်ဆက်လိုက်ရပြန်ပါတယ်

အိမ်ထောင်ရှင်တွေ ဘယ်လောက်များ ရိုးသားကြပါသလဲ

ပိုက်ဆံ ဘယ်လောက်သုံးလိုက်တယ်ဆိုတာ ယောက်ျား မသိအောင် ပစ္စည်းပေါ်မှာ ကပ်ထားတဲ့ ဈေးနှုန်းစက္ကူကိုများ ခွာဖူးကြပါသလား။ ဒါမှမဟုတ်၊ ကလေးတွေရဲ့ ကိစ္စတစ်ခုခုကို ဖအေကြီး မသိအောင် ဖုံးထားတာမျိုးရော ရှိလား။ ဒါမှမဟုတ်ရင်လည်း တခြားတစ်ယောက်ယောက်ကို ဖျိုးခနဲ၊ ဖျတ်ခနဲ စိတ်ကစားမိသွားတာကို ခပ်မဆိတ် နေလိုက်ဖူးသလား။

အဲသလိုဆိုရင် အားတက်စရာ စကားလေးတစ်ခွန်း ပြောလိုက်ချင်စမ်းတယ်။ “အဲဒါ ခင်ဗျားတစ်ယောက်တည်း မဟုတ်ဘူးဗျို့”လို့။

အဲ… ဒါပေမယ့် သက်တမ်းကလေး အထိုက်အလျောက် ရင့်မာလာတဲ့ ကျွန်တော့် လူမှုရေး အတိုင်ပင်ခံ သက်တမ်းမှာတော့ ပြဿနာ တက်နေတဲ့ အိမ်ထောင်ရေးတွေရဲ့ အဓိက အကြောင်းရင်းခံဟာ ရိုးသား ပွင့်လင်းမှု နည်းပါးလွန်းလို့ ဖြစ်နေရတာချည်း တွေ့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်ရဲ့ အိမ်ထောင်ရေးမှာကျတော့ အတော့်ကို ခိုင်မာတယ်လို့ ဆိုနိုင်တယ်။ တကယ့် ရေစိမ်ခံ အကြမ်းခံ အိမ်ထောင်ရေးဘဝလို့ ဆိုနိုင်တယ်။ သည်အခါ ကျွန်တော့်ကို အောင်မြင်တဲ့ အိမ်ထောင်ရေးရဲ့ သော့ချက်က ဘာလဲလို့ မေးလာမယ်ဆိုရင် ရိုးသား ပွင့်လင်းမှုလို့သာ တန်းဖြေမှာပါ။ ဒါက အတွေ့အကြုံအရ ပြောလိုက်တာဖြစ်ပါတယ်။

တစ်ဖက်ကလည်း ဖတ်မှတ် လေ့လာထားသမျှ စာသိနဲ့ ပြောရရင်လည်း အိမ်ထောင်ရေး အတိုင်ပင်ခံတိုင်းကလည်း ကျွန်တော့်လိုပဲ ရိုးသား ပွင့်လင်းမှုကသာ အခရာဆိုတဲ့ အဖြေကို တစ်ညီတစ်ညွတ်တည်း ပြောကြတာ တွေ့ရ ပါတယ်။

ဒါပေမယ့်လည်း လက်တွေ့ဘဝထဲက အိမ်ထောင်ရေး ၁၀ဝ မှာ ၉၀ လောက်က အိမ်ထောင်ဖက်ချင်း မရိုးသားကြ၊ မပွင့်လင်းကြ၊ မြုံစိစိနိုင်နေကြ၊ မအုံမနွေး လုပ်နေကြ၊ ဖုံးကွယ် သိုဝှက်ထားကြတာတွေက များပါ တယ်။ သည်အခါမှာ ဘာတွေကို မြုံထား၊ ဖုံးထားတတ်ကြပြီး ဘာတွေကိုကျတော့ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောတတ်ကြသလဲဆိုတာကို စူးစမ်းကြည့်တဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်မိရပြန်တဲ့အခါ စာဖတ်သူများကို မျှဝေပေးချင်လာရပြန်တယ်။

ယောက်ျားနဲ့မိန်းမ၊ ဘယ်သူက ပိုပွင့်လင်းသလဲ?

အခြေခံက စပြောမယ်ဆိုရင် အိမ်ထောင်ရေးမှာ စကားအပြောဆုံး လူသားတွေက မိန်းမသားတွေပါ။ အထူးသဖြင့် ကိုယ့် အိမ်ထောင်ရေး အကြောင်းများ ပြောကြစတမ်းဆိုရင် အမျိုးသမီးတွေက ရှေ့တန်းကနေ ကရားရေလွှတ် ပြောတတ်ကြပါတယ်။ စစ်တမ်းတစ်ခုအရဆိုရင် အမျိုးသမီး ၈၃ရာခိုင်နှုန်းက “ကျွန်မတို့အိမ်ထောင်အကြောင်း ပြောရအောင်နော်…” ဆိုတဲ့စကားမျိုးနဲ့ အစချီပြီး ကိုယ့်အိမ်ထောင်ရေး အခြေအနေကို ကိုယ့်လင်သားနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေး တိုင်ပင်ဖို့ ဆောင်ရွက်ကြတယ်လို့ တွေ့ရပါတယ်။


အဲ… သို့ပေမယ့်လည်း အမျိုးသား ၅၇ ရာခိုင်နှုန်းကသာ သူတို့ မိန်းမတွေက သည်ကိစ္စကို ပြောဖို့ အစချီတတ်ကြတယ်လို့ ယူဆပါသတဲ့။
ဘာကြောင့် ကိန်းဂဏန်းတွေက အဲသလောက်ကြီး ကွာခြားနေတာလဲ။

“ကိုယ်လိုချင်တဲ့အချစ်ကိုရယူခြင်း –  စုံတွဲများအတွက် လမ်းညွှန်”ဆိုတဲ့ စာအုပ်ကို ရေးသားတဲ့ အိမ်ထောင်ရေးပါရဂူ ဟာဗှစ်လ် ဟဲန်ဒြစ်ခ်စ်က ဖြေပါတယ်။ “ယောက်ျားတွေဟာ သူတို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ဖော်ပြတတ်ကြတယ်။ အဲသလို ပြတတ်တဲ့ အတွက် အိမ်ထောင်ရေး ပြဿနာတွေ ရှိနေတဲ့အခါမှာလည်း ဆွေးနွေးဖို့ အစဖော်သူလို့ သူတို့ကိုယ်သူတို့တော့ ထင်ကုန်တတ်ကြတာပါပဲ။ တကယ်တမ်းကျတော့ ယောက်ျားတွေအတွက်က ကိုယ့်ခံစားချက်ကို စကားလုံးတွေနဲ့ ဖော်ကျူးဖို့ မိန်းမတွေထက် အပုံကြီး ပိုခက်တာလည်း အမှန်ပဲ”တဲ့။


စစ်တမ်းအရတော့ ပြဿနာတွေကို ဆွေးနွေးဖြစ်တဲ့ဆီအထိ သယ်ဖြစ်လာဖို့ တွန့်ဆုတ်နေတတ်တာဟာ ယောက်ျားတွေ၊ မိန်းမတွေရဲ့ အသက် အရွယ်နဲ့ သိပ်မဆိုင်လှတာကို တွေ့ရပါတယ်။

“စကားပြောတယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် အရာရာကို ပြောဖို့ဆိုတာကကျတော့ဗျာ…။ ဘာပဲဖြစ်ဖြစ်လေ၊ သူနဲ့ ကိုယ်နဲ့ကြားမှာ ကိုယ်ပိုင်ဘဝဆိုတာတော့ ရှိသင့်ပါတယ်”လို့ အိမ်ထောင်သက် ၁၆ နှစ် ရှိတဲ့ လင်သားတစ်ယောက်က ဆိုပါတယ်။


အိမ်ထောင်သက် ၃၃ နှစ် ရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ကတော့ “ကျွန်မတို့ အိမ်ထောင်ရေးမှာ ပြဿနာတွေကို ကွေ့ကွေ့ကောက်ကောက် လိမ်လိမ်ဖယ်ဖယ်နည်းနဲ့ ရင်ဆိုင်ဖြစ်တတ်ကြပါတယ်။ ဆိုလိုတာ ပြဿနာအကြောင်းကို တိုက်ရိုက် မဆွေးနွေးဖြစ်ဘဲ ဝေ့လည်လည် လုပ်ဖြစ်နေတယ်ပေါ့။ ကျွန်မ မိဘတွေလောက်တော့လည်း မပွင့်လင်းကြဘူးပေါ့ရှင်”တဲ့။

“ကျွန်တော့်မိန်းမကပဲ နေရာတကာမှာ ပြောတာပါဗျာ။ သူပြောလို့ ဝတော့မှ ကျွန်တော်က ပြောတာပါ”လို့ အိမ်ထောင်သက် ၄၃ နှစ် ရှိတဲ့ အမျိုးသားတစ်ယောက်က ပြောပြန်တယ်။

အိမ်ထောင်ဖက်တွေ ပြောမပြနိုင်တာတွေက ဘာတွေလဲ?

အဲဒီ့စစ်တမ်းမှာ အံ့ဩစရာကောင်းသွားတာက “ပြောဖြစ်ခဲ့ရင် သိပ်ကောင်းမှာ”လို့ အိမ်ထောင်သည် အတော်များများ၊ အထူးသဖြင့် ယောက်ျားတွေက တဖွဖွ ပြောကြတာပါပဲ။ ယောက်ျားတွေ သိပ်မြုံစိစိ လုပ်တတ်တာပဲလို့ အမျိုးသမီး အစဉ်အဆက်က ညည်းညူတတ်တဲ့ကြားကပဲ စစ်တမ်းအရ တွေ့ရှိရချက်ကတော့ ယောက်ျားတွေလည်း ဘောလုံးပွဲ အကြောင်း၊ ပိုက်ဆံရှာတဲ့အကြောင်းထက်တောင် ကိုယ့်အိမ်ထောင်ရေး အကြောင်းကို ပိုလို့ နက်နက်နဲနဲ ပြောချင်တာကို တွေ့ရပါတယ်။ အဲ… ပြဿနာက သူတို့ ဘယ်လို ပြောရမှန်း မသိကြတာပါပဲ။


စစ်တမ်းအရ အကြီးမားဆုံး အုပ်စုလို့ ပြောနိုင်တဲ့ ၃၈ရာခိုင်နှုန်းသော ယောက်ျားများဟာ သူတို့ရဲ့ ဇနီးမယားတွေက သူတို့ကို အခုထက် ပိုပြီး ယုယုယယ ကြင်ကြင်နာနာ ရှိစေချင်တယ်လို့ ဆိုပါတယ်။ အဲသလို ကြင်နာ ယုယမှုပေးဖို့ကိုလည်း သူတို့ နှုတ်က ရဲရဲရင့်ရင့် ထွက်ဖြစ်ခဲ့ရင် သိပ်ကောင်းမှာလို့လည်း ပြောကြပါတယ်။ သည်နေရာမှာ ကြင်နာယုယမှုဆိုတာဟာ ဖိုမဆက်ဆံရေးကိစ္စနဲ့ မဆိုင်ပါဘူး။


ခင်ပွန်းသည် ပါမောက္ခ ဂျောန် ဂေါ့ထ်မယ်န်နဲ့ တွဲဖက်ပြီး ဆီယက်တယ်လ် ဂေါ့တ်မယ်န် တက္ကသိုလ်နဲ့ အိမ်ထောင်ရေးဆေးခန်း တည်ထောင်ခဲ့တဲ့ စိတ်ပညာ ပါမောက္ခ ဂျူလီ ဂေါ့တ်မယ်န်ကတော့ “ယောက်ျားတွေဟာ ယုယ ကြင်နာမှုကို လိုချင်တယ်လို့ ပြောရမယ့် လူစားတွေ မဟုတ်ဘူးလို့ တစ်သက်လုံး စွဲမှတ်ထားကြပါတယ်။ ထွေးပိုက်တာ၊ ယုယကြင်နာတာကို ခံချင်တယ်လို့ ပြောတာဟာ ပျော့နွဲ့နွဲ့ယောက်ျားတွေမှ ပြောတတ်တဲ့ စကားမျိုးလို့  စွဲနေကြတာကလား။ အဲတော့ ယုယပါ၊ ကြင်နာပါလို့ ပါးစပ်က ပြောထွက်တဲ့ ယောကျာ်းက လက်တွေ့မှာ ဘယ်နှယောက်ရှိမှာလဲ”လို့ ပြောပါတယ်။


သည်နေရာမှာ အိမ်ထောင်သည် ယောက်ျားတွေကို ဆိုလိုတာပါ။ အိမ်ထောင်မကျခင်မှာတော့ ယောက်ျားတွေဟာ ကိုယ့်ကို ကြင်နာပါလှည့်၊ ယုယပါလှည့်၊ သနားပါလှည့်နဲ့ တစာစာ အော်ဟစ် မြည်တမ်းဖို့၊ မျက်ရည်ကျပြဖို့ ဝန်မလေးတတ်ကြပေမယ့် တကယ်တမ်း အိမ်ထောင်ရေးတစ်ရပ်ကို တည်ဆောက်ပြီးချိန်မှာတော့ အဲသလို စကားမျိုးတွေ ပြောလိုက်၊ မျက်ရည်လေး ဝဲပြလိုက်ရင်ပဲ မဟာယောက်ျားမာန မြေသို့ ခတော့မယ့်အတိုင်း ဖြစ်ကုန်တတ်ပါတယ်။ ဒါကို ပြောတာပါ။

၂၆ရာခိုင်နှုန်းသော ယောက်ျား မိန်းမများကတော့ “ကိုယ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေ၊ ကိုယ့်အကြောင်းတွေကို သူက ကိုယ့်ကို ဖွင့်မေးစေချင်တယ်”လို့ ပြောပါတယ်။ ဒါဟာ လင်နဲ့ မယားကြားမှာ ဆက်ဆံရေး ပိုမို ပွင့်လင်းလာအောင် လုပ်ဆောင်ရာမှာ အင်မတန် အကျိုးများစေနိုင်တဲ့ နည်းပါ ပဲ။ “မသိ မေး၊ မစင် ဆေး”လို့ ဆိုတဲ့ စကားအတိုင်းပါပဲ။ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိချင်ရင် များများ မေးနိုင်မှ တန်ကာကျမှာပါ။


အဲ… အိမ်ထောင်ရေးတွေမှာ တချို့ကိစ္စတွေကို ဗြောင် ဖွင့် ဆွေးနွေးရ တာခက်လှပေမယ့် တချို့ကိစ္စတွေကျတော့လည်း တစ်ချိန်လုံးကို ပြောဖြစ်နေ တတ်ပြန်ရော။ ၄၁ ရာခိုင်နှုန်းသော မိန်းမတွေနဲ့  ၂၉ ရာခိုင်နှုန်းသော ယောက်ျားတွေ ဂျီကျတတ်တာကတော့ ဖရိုဖရဲနဲ့ ရှုပ်ပွနေအောင် ကပျစ်ကညစ် နေတတ်တဲ့ကိစ္စဟာ အဓိကဖြစ်နေတာကို တွေ့ရပြန်ပါတယ်။ ဒုတိယ ဂျီကျတတ်တဲ့ ကိစ္စကတော့ “သိပ်ဝလာပြီ၊ ပိန်အောင်လုပ်စမ်းပါ”ဆိုတာနဲ့ “မင်း ငါ့ကို မဝေဖန်နဲ့”/“တော် ကျုပ်ကို မဝေဖန်နဲ့”ဆိုတဲ့ စကားများပါပဲတဲ့။

“လျှို့ဝှက်တတ်တဲ့ ယောက်ျားနဲ့ ကျွန်မ ညားခဲ့တာပါပဲရှင်၊ ကျွန်မတို့ အိမ်ထောင်ရေးလည်း သူ့လျှို့ဝှက်ချက်တွေနဲ့ပဲ နလံမထူတော့ပါဘူး”လို့ အိမ်ထောင်သက် ဆယ်နှစ် ရှိသူ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

အိမ်ထောင်သက် ၃၇ နှစ် ရှိသူ အမျိုးသမီးတစ်ဦးကတော့ “ကျွန်မတို့ လင်မယား အတူနေဖြစ်တဲ့ အချိန်က တော်တော် များပါတယ်။ ကျွန်မ ထင်တယ်လေ၊ အခုခေတ်မှာ လင်မယား တော်တော်များများက ကျွန်မတို့လို အတူနေဖြစ်တဲ့အချိန် သိပ်မရှိကြဘူးလား မသိ…”တဲ့။

ဘာတွေကို အများဆုံး လျှို့ဝှက်ထားဖြစ်တတ်ကြလဲ?

စစ်တမ်းမှာ ပါဝင်ခဲ့ကြသူတွေထဲမှာ ကိုယ့်အိမ်ထောင်ဖက် မသိအောင် လျှို့ဝှက် ဖုံးကွယ်ထားတာတွေ ရှိလားလို့ မေးကြည့်ပြန်တဲ့အခါ ယောက်ျား ၄၂ ရာခိုင်နှုန်းနဲ့ မိန်းမ ၃၆ ရာခိုင်နှုန်းက သိပ်ရှိတာပေါ့လို့ ဖြေကြပါတယ်။


အထူးသဖြင့်ကတော့ ရာထူးရာခံ ကြီးကြီးသမားတွေနဲ့ ဝင်ငွေ တအားကောင်းသူတွေရဲ့ အိမ်ထောင်ရေးတွေမှာဆို ပိုတောင်ဆိုးသေးတယ်လို့ ဆိုပါတယ်။ “တိုးတိုးဖော်အဖြစ် နေခွင့်ရတဲ့ အချိန် နည်းသွားလေလေ၊ ယုံကြည် ကိုးစားမှုလည်း လျော့ပါးလေလေဖြစ်ကုန်ပါတယ်။ လူတွေမှာ ဗာဟီရတွေ သိပ်များလာ၊ စားလည်း အလုပ်၊ သွားလည်း အလုပ်နဲ့ အလုပ် တအား များလာတဲ့အခါ လင်နဲ့မယား အေးအေးလူလူ မနေဖြစ်၊ မတွေ့ဖြစ်၊ မပြောဖြစ်ကြတော့ဘူး။ အဲဒီ့အခါကျတော့ တစ်ယောက်နဲ့ တစ်ယောက်လည်း ယုံကြည်ကိုးစားမှုတွေ လျော့လာတော့တာပါပဲ”လို့ ဂျူလီ ဂေါ့တ်မယ်န်က ပြောပါတယ်။


အိမ်ထောင်သက် အကြာဆုံး အဖိုးကြီး၊ အမယ်ကြီး စုံတွဲတွေမှာက အဲသလို တစ်ယောက်နဲ့ တစ်ယောက် ဖုံးထားတာက သာတောင် များသေးတယ်လို့ ဆိုပါတယ်။ ဒါကတော့လည်း ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေး လုပ်တာ ခေတ်မစားသေးခင်ကာလမှာ လူလားမြောက်လာတာနဲ့ တစ်နည်းတစ်ဖုံ သက်ဆိုင်နေနိုင်ပါတယ်။

အဲ… အိမ်ထောင်ရေးတွေမှာ အဖုံးကွယ်ဆုံး၊ အမှန်မပြောဆုံး ကိစ္စက ဘာလဲဆိုတော့ ဝယ်လာတဲ့ ပစ္စည်းကို ဘယ်လောက် ပေးခဲ့ရတယ် ဆိုတာပါပဲတဲ့ ခင်ဗျား။ အဲဒီ့ မုသာဝါဒကံကိုတော့ ယောကျာ်းမိန်းမ ထက်ဝက် နီးပါး (၄၈ရာခိုင်နှုန်းက) ကျူးလွန်ဖြစ်နေတယ်လို့ ဝန်ခံကြပါတယ်။
ဒါဟာ အနီကတ်ပြလောက်အောင် အင်မတန့်ကို အံ့ဩစရာကောင်းတဲ့ ကိန်းဂဏန်းပါပဲလို့ ဂျော်န် ဂေါ့တ်မယ်န်က ပြောပါတယ်။ “သည်နေရာမှာ ရိုးသားဖြောင့်မတ်မှုနဲ့ ယုံကြည်ကိုးစားမှုက အတော် စကားပြောသွားပြီ။ ငွေဆိုတာ လွတ်လပ်မှု၊ ငွေဆိုတာ ဩဇာအာဏာပါ။ သည်ကြားထဲကပဲ၊ ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် ယောက်ျားတွေရော၊ မိန်းမတွေပါ လိမ်ဖို့ ဝန်မလေးတာဟာ တော်တော့်ကို စိတ်ဝင်စားစရာကောင်းတယ်”လို့ သူက ဆိုပါတယ်။

ဒုတိယ အလုပ်ဖြစ်ဆုံး လျှို့ဝှက်ချက်ကတော့ ကလေးရဲ့ အမူအကျင့်၊ ဒါမှမဟုတ် ရမှတ်တွေနဲ့ ပတ်သက်လာရင်လည်း ဖုံးကွယ် လိမ်ညာတတ် ကြတာကို တွေ့ရပြန်တယ်။ ဒါကတော့ အိမ်ထောင်ရှင်အမျိုးသမီးတွေ (၁၈ ရာခိုင်နှုန်း)က သူတို့ ခင်ပွန်းသည်တွေ မသိအောင် အများဆုံး ဖုံးထားတဲ့ ကိစ္စပါပဲ။


စစ်တမ်းမှာတွေ့ရတဲ့အထဲက ဝမ်းနည်းစရာ အကောင်းဆုံး အချက်တစ်ချက်ကတော့ ၂၀ ရာခိုင်နှုန်းသော ယောက်ျားတွေဟာ မိမိတို့ရဲ့ လုပ်ငန်းခွင်မှာ ရင်ဆိုင်ရတဲ့ ကျဆုံးမှုများကို ကိုယ့်ဇနီးသည်ကို ပြောမပြဘဲ ဖုံးထားတတ်ကြပါပဲ။ “သည်နေရာမှာ ယောက်ျားတွေရဲ့ ဘဝင်က အခရာပါပဲ”လို့ ”ကိုယ်လား၊ မင်းလား”ဆိုတဲ့ စာအုပ်ကို ရေးခဲ့သူ နယူးယောက် မြို့က စိတ်ပညာရှင် “စကော့တ် ဝက်တ်ဇလာ”က ပြောပါတယ်။
ယောက်ျား ၆ ရာခိုင်နှုန်းနဲ့ မိန်းမ ၃ ရာခိုင်နှုန်းကကျတော့ အစားအသောက် ပျက်နေတာ၊ ဒါမှမဟုတ်လည်း တရားလွန် စားဖြစ် သောက်ဖြစ် နေတာကို မပြောဘဲ ဖုံးထားကြပြန်သတဲ့။ တစ်မျိုးကြီးပဲနော်။

ကိုယ့်ရဲ့ အဆက်ဟောင်းအကြောင်းကို ကိုယ့်အိမ်ထောင်ဖက်က သိရဲလား?

တကယ်တော့ ကိုယ့်အိမ်ထောင်ဖက်ရဲ့ အတိတ်ဇာတ်လမ်းကို စပ်စုချင်တတ်တာဟာ လူ့သဘာဝပါပဲ။ ဒါပေမယ့် အိမ်ထောင်ဖက်တွေအနေနဲ့ကျ သည်ကိစ္စကို ဘယ်လောက် ပြောဖြစ်ကြလဲဆိုတာ စဉ်းစားစရာပါ။

အဆက်ဟောင်းတွေအကြောင်း ယောက်ျားတွေ သိရဲ့လားလို့ မေးတဲ့အခါ အိမ်ထောင်ရှင်အမျိုးသမီး ၆၂% က “ဒါတွေကို ကျွန်မယောက်ျား အကုန် သိပြီးသားပါ”လို့ ပြောကြပေမယ့် အဲသလို အိပ်သွန်ဖာမှောက် ပြောပြီးသားပါလို့ ဖြေတဲ့ ယောက်ျားကျ ၅၂% သာ ရှိပါတယ်။ နောက်ထပ် ၃၈%သော ယောက်ျားတွေကတော့ သူတို့ဇနီးတွေဟာ သူတို့ရဲ့ အတိတ်ဇာတ်လမ်းတွေနဲ့ ပတ်သက်လို့ အနည်းအကျဉ်းတော့ သိတယ်လို့ ဆိုပါတယ်။ တချို့ (၂၂%)ရဲ့အလိုအရ အဲသလို နည်းနည်းပဲ သိကြတာဟာ ဇနီးသည်တွေကိုယ်၌က နှိုက်နှိုက်ချွတ်ချွတ် မမေးကြလို့လို့ ဆိုပါတယ်။ အဲ… ၁၇%သော ယောကျာ်းတွေကတော့ သူတို့ ကိုယ်တိုင်က အကုန် ပြောပြဖို့ ရည်ရွယ်ရင်း မရှိဘူးလို့ ဆိုပြန်တယ်။

သည်အထဲမှာ ယောကျာ်း ၁၀ ရာခိုင်နှုန်းနဲ့ မိန်းမ ၅ ရာခိုင်နှုန်းကသာ သူတို့ရဲ့ အဆက်ဟောင်းတွေအကြောင်းကို ကိုယ့်အိမ်ထောင်ဖက်ကို လုံးလုံး ပြောမပြခဲ့ဘူးလို့ ဖြေပါတယ်။


ဒါတွေကို ပြောခြင်း၊ မပြောခြင်း၊ သိခြင်း၊ မသိခြင်းဟာ အရေးကြီးသလားလို့ မေးစရာရှိပါတယ်။ အတိတ်က အဖြစ်မှန်တွေ သိရခြင်း၊ မသိရခြင်းနဲ့ အောင်မြင်တဲ့ အိမ်ထောင်ရေးနဲ့ ဘာမှ မဆိုင်ပါဘူးလို့ ဝက်ထ်ဇလာ ကတော့ ဆိုပါတယ်။ “လူတစ်ယောက်ကို ယုံကြည် ကိုးစားဖို့အတွက် အဲဒီ့ လူတစ်ယောက်ရဲ့အကြောင်းကို အူမချေးခါး မကျန် သိထားမှ ဆိုတဲ့ ခံစားချက်မျိုးကတော့ လူတိုင်းမှာ ရှိတတ်စမြဲပါပဲ။ အိမ်ထောင်ရေးမှာ ကျတော့ ကိုယ်အကုန်သိတယ်လို့ ကိုယ့်ဘာသာကိုယ် ယုံကြည်နေရင် ပြီးသွားတာပါပဲ”လို့လည်း သူက ပြောပါတယ်။

ဆိုလိုတာက အိပ်သွန်ဖာမှောက်ပဲ ပြောပြထားထား၊ ဘာမှ မပြောဘဲ ထားထား၊ တစ်ချို့တစ်ဝက်ပဲ ပြောထားထား၊ ကြားရတဲ့ သူအဖို့ သူ ကြားလိုက်ရသလောက်က အကုန်လို့ ယုံမှတ်နေသမျှ အဟောဝတဆိုတဲ့ သဘောပါပဲ။

အိမ်ထောင်ကျတယ်ဆိုတာ အသက်ဝိဉာဉ်ကင်းမဲ့သွားတာမဟုတ်ပါ ဘူး။ ဒါကြောင့် အိမ်ထောင်သည်တွေမှာလည်း သူ့ဟာလေးနဲ့သူ ကြိတ် ဖြစ်နေတဲ့ အဆိုးအပြစ်လေးတွေ ရှိကြစမြဲပါပဲ။ စစ်တမ်းရ ယောကျာ်း ၁၉ ရာခိုင်နှုန်းနဲ့ မိန်းမ ၁၀ ရာခိုင်နှုန်းဟာ ကိုယ့်အိမ်ထောင်ဖက် မဟုတ်တဲ့ တခြားသူ တစ်ယောက်ယောက်အပေါ်မှာ ဖျိုးခနဲ ဖျတ်ခနဲလောက်လေးပဲ ဖြစ် ဖြစ်၊ လှစ်ခနဲ စိတ်ကစားလိုက်တာလေးကို ဖုံးကွယ်ထားတယ်လို့ ပြောကြပါတယ်။ ဒါ့အပြင် အဖော်အချွတ်တွေပါတဲ့ မီဒီယာတွေကို ကြည့်ဖြစ်မှန်း၊ ကြည့်ရတာ ဝါသနာပါမှန်း ကိုယ့်အိမ်ထောင်ဖက်ကို ဖွင့်မပြောတဲ့ ယောက်ျား ကလည်း ရှစ်ရာခိုင်နှုန်းရှိတယ်လို့ သိရပြန်တယ်။

အိမ်ထောင်ရှင်တွေဟာ ကိုယ့်စိတ်ကူးယဉ်အိပ်မက်တွေကိုရော ပြောပြတတ် ကြသလား?

စိတ်ကူးယဉ်တာတွေ၊ စိတ်ကူးဉာဏ်ကွန့်မြုးတာတွေကို ကိုယ့် အိမ်ထောင်ဖက်ကို ပြောပြဖူးပါသလားလို့ မေးတဲ့အခါ စစ်တမ်းမှာပါတဲ့ ကျားမ ငါးယောက်မှာ တစ်ယောက်ကတော့ ကိုယ့်စိတ်ကူး အိပ်မက်ကလေးကို ကိုယ့်ဘာသာ တိတ်တိတ်ကလေးပဲ ဝှက်ထားတယ်လို့ ဖြေကြပြန်တယ်။
ဒါ ကိုယ့်အိမ်ထောင်ဖက် သိစရာမှ မလိုတာလေတဲ့။ သုတေသီတွေထဲက ဂျူလီ ဂေါ့တ်မယ်န်ကတော့ သည်အဖြေကြောင့် တော်တော့်ကို စိတ်ပျက် လက်ပျက် ဖြစ်ရကြောင်း ပြောပါတယ်။ “စိတ်ကူးယဉ်အိပ်မက်ဆိုတာဟာ လူတစ်ယောက်ရဲ့ အနက်ရှိုင်းဆုံး အပိုင်းပါပဲ။ အိမ်ထောင်ရှင်တွေအနေနဲ့ တစ်ယောက်ကိုတစ်ယောက် အဲဒီ့ စိတ်ကူးအိပ်မက်တွေကို ဖွင့်ပြောဖြစ်ဖို့ အတွက် တစ်ယောက်ကို တစ်ယောက် စိတ်ချနေမှ ဖြစ်မှာပါ။ အခု ရလာဒ်အရ ဆိုရင်တော့ အိမ်ထောင်ရှင် ငါးစုံမှာ တစ်စုံကတော့ တစ်ယောက်ကို တစ်ယောက် စိတ်မချနိုင်၊ မယုံကြည်နိုင်ဘူးလို့ ပြောရမလို ဖြစ်နေတယ်”လို့ သူက ပြောပါတယ်။

စစ်တမ်းမှာ ပါဝင်သူများအနက် ထက်ဝက်ထက် ပိုတဲ့ အရေအတွက် (၅၆%)က တိတ်တိတ်ကလေး ကြိတ်ပြီး စိတ်ကူးယဉ်နေသူတွေ ဖြစ်နေကြပါတယ်။ အထူးသဖြင့် အိမ်ထောင်သက် ငါးနှစ်ထက် နည်းသူတွေမှာ ဆိုရင် ကိုယ့်အိမ်ထောင်ဖက်နဲ့ အတူ ခရီးယာယီ သွားလိုက်ချင်ပေမယ့် အဲဒီ့ကိစ္စကို လေသံတောင် မသလပ်ဖြစ်ဘူးတဲ့။ တချို့ (၅၃%)ဆိုရင် တစ်ရပ်တစ်ကျေးကို ပြောင်းနေချင်တာ၊ တချို့ (၄၂%)က တစ်ယောက်တည်း ခရီးသွားချင်တာ၊ တချို့ (၄၁%)က အလုပ်အကိုင် ပြောင်းချင်တာ၊ တချို့ (၂၁%)က ခဏလောက် တစ်ယောက်တည်း နေချင်တာ၊ တချို့ (၁၄%)က အိမ်ထောင်ရေး ဖောက်ပြန်မှု ကျူးလွန်ချင်တာတွေကို စိတ်ထဲမှာပဲ တနုံ့နုံ့နဲ့ ကြိတ်ပြီး အိပ်မက်မက်နေကြပါသတဲ့။ အဲ… တချို့(၁၀%)ဆို ခွေးမွေးချင်တာတောင် အိမ်ထောင်ဖက်ကို ပြောမထွက်ဘူးလို့ ဆိုပါတယ်။

ဘာကြောင့် အဲသလို ကိုယ့်စိတ်ကူး၊ ကိုယ့်အိပ်မက်ကို ပြောမထွက်ကြတာလဲ။

“သည်လို စိတ်ကူးအိပ်မက်တွေကို ပြောလိုက်တာဟာ ပိုနေမြဲ ကျားနေမြဲ အနေအထားအတွက် အင်မတန် အန္တရာယ် များလို့ပါ။ စိတ်ကူးအိပ်မက်ကို ပြောလိုက်တာနဲ့ လက်ရှိ အနေအထားကို သိပ်မနှစ်မြို့တော့တဲ့ သဘောက အလိုလို သက်ရောက်သွားနိုင်တယ်။ တချို့ကိစ္စတွေမှာဖြင့် ကိုယ့်စိတ်ကူးထဲမှာ ဘယ်ကဲ့သို့ ဘယ်ချမ်းသာ ဖြစ်နေတယ်၊ ဒါပေမယ့် အဲဒါတွေကို ပြောပြလိုက်ရင် ကြားရသူမှာ ရင်သပ်ရှုမောနဲ့ မတ်တတ်က လဲသွားနိုင်တယ်လို့ လူအတော်များများက ထင်ကြတယ်”လို့ ဂျော်န် ဂေါ့ထ် မယ်န်က ဆိုပါတယ်။


သည်တွေ့ရှိချက်တွေပေါ်မှာ အခြေခံပြီး ရို့ဒ်ကျွန်းက စိတ္တဗေဒ ပါရဂူ ဆရာဝန်ကြီး “ပီတာ ခရာမာ”က အိမ်ထောင်ရေးကို စဉ်းစားတဲ့အခါ အခုထက် ပိုပြီး ပျော့ပျော့ပြောင်းပြောင်း စဉ်းစားသင့်တယ်လို့ အကြံပေးပါတယ်။ “လူတွေအနေနဲ့ ခဏတဖြုတ်လေးလောက် ယာယီ ထွက်ပေါက်၊ ယာယီ ထွက်ပြေး လွတ်မြောက်ချင်ကြတဲ့အခါမှာ အဲဒါလေးကြောင့် တစ်ဘဝလုံးစာ ရည်မှန်းထားတဲ့ အိမ်ထောင်ရေး ဘဝကြီးကို အစွန်းအထင်း မခံသင့်ဘူးဗျ။ ကျွန်တော့်မှာ မိတ်ဆွေ တစ်ယောက်ရှိတယ်။ ကော်လာဖြူ (ရုံးဝန်ထမ်း) တစ်ယောက်ပေါ့။ သူက တစ်နှစ် တစ်ခါတော့ ပင်လယ်ကူး သင်္ဘောနဲ့ တစ်ယောက်တည်း တစ်လလောက် ပျောက်ပျောက်သွားတတ်တယ်။ ဒါပေမယ့် သူ့အိမ်ထောင်ရေးလည်း အဆင်ပြေနေတာပါပဲ။ ဆိုလို တာက အိမ်ထောင်ရေးမှာ တစ်ယောက်နဲ့ တစ်ယောက် ညှိယူလို့ ရတာတွေ အများကြီးပါဗျာ“လို့ သူကပြောပါတယ်။

အလွယ်ဆုံး နည်းက ဘာလဲ?

စစ်တမ်းမှာ အိမ်ထောင်သည်တွေကို တစ်ခု ထပ်မေးကြည့်ကြပါသေးတယ်။ မနက်အိပ်ရာက နိုးလာတဲ့အခါမှာ ရုတ်တရက် ချက်ချင်း ကိုယ်ဟာ အိမ်ထောင်သည်တစ်ယောက် မဟုတ်တော့ဘူးလို့များ မခံစားချင်ကြဘူးလား၊ အမှန်အတိုင်း ဝန်ခံကြစမ်းပါလို့ ပြောတဲ့အခါမှာ ၁၆ရာခိုင်နှုန်းသော ယောကျာ်းများရော၊ မိန်းမများပါ ဟုတ်တယ်၊ အဲသလို သိပ်ဖြစ်ချင်တာပဲလို့ ပြောကြပါတယ်။

“သည်အဖြေရဲ့ အဓိပ္ပာယ်ကတော့ လူတွေဟာ ကိုယ်ရောက်နေတဲ့ အိမ်ထောင်ရေးထဲကနေ ရုန်းထွက်ဖို့ ခက်နေတဲ့အခါ ကိုယ့်ဘဝကိုယ် မကျေမနပ် ဖြစ်နေကြတယ်။ အဲသလို မကျေမနပ် ဖြစ်နေတာကိုကျတော့ ဝန်မခံ ချင်ကြပြန်ဘူး”လို့ ဝက်ထ်ဇလာက ဆိုပါတယ်။

ဒါပေမယ့် ဝက်ထ်ဇလာ့အဆိုကို ဒေါက်တာ ခရာမာက သဘောမတူ ပါဘူး။ “သည်လို စိတ်ကူးယဉ်တာမို့ အိမ်ထောင်ရေးမှာ ပြဿနာ ရှိနေတယ်လို့ သွား အနက်ကောက်မယ်ဆိုရင် တက်တက်စင် မှားသွားမှာပါ။ အိမ်ထောင်ရေးခရီးဆိုတာ တကယ့်ကို အားကြိုးမာန်တက်နဲ့ ဝါယမ စိုက်ရတာမျိုးမို့ မောပန်းနွမ်းလျနေလို့ ပြောတဲ့စကားတွေပါ”လို့ သူက ဆိုပါတယ်။

ဆိုတော့ အကုန်လုံး အိပ်သွန်ဖာမှောက် ပြောပြဖို့ အရေးကြီးသလားလို့ မေးကြည့်ပြန်တဲ့အခါ အောင်မြင်တဲ့ အိမ်ထောင်ရေးကို နှစ်ပေါင်း လေးဆယ်တိတိ ဖြတ်သန်းခဲ့ဖူးတဲ့ အမျိုးသားကြီးကတော့ “သိပ်ပြောသင့်တာပေါ့ဗျာ။ ဘာမှ မချန်ကြေး၊ ကောင်းတာရော၊ ဆိုးတာရော၊ အကုန်သာပြော။ အဲဒါဆို အဲသည့် အိမ်ထောင်ရေး ခိုင်ပြီသာ မှတ်”လို့ ဖြေပါတယ်။

အိမ်ထောင်သက် ၃၃ နှစ် ရှိခဲ့ပြီဖြစ်တဲ့ အမျိုးသမီးကြီးကလည်း “တစ်ဖက်သားက ဆက်မကြားချင်တော့တဲ့ အရိပ်အရောင် မပြမချင်းတော့ အိပ်သွန် ဖာမှောက် ပြောနိုင်သမျှ ပြောသင့်တယ်”လို့ ဆိုလိုက်ပြန်တယ်။ ဒါပေမယ့် နောက်တစ်ယောက်ကကျပြန်တော့ “အဲသလို ပြောလိုက်ရင် ကိုယ့်လည်ပင်း ကိုယ် အရှင်လတ်လတ် ကြိုးကွင်းစွပ်သလို ဖြစ်သွားမှာပေါ့”ဆိုတဲ့ စကားနဲ့ ပြောရေးဖက်က အဆိုကို ကန့်ကွက်ပြန်တယ်။

ကိုင်း… အိမ်ထောင်ရေး ပုံစံ သုံးမျိုး ထွက်မလာပေဘူးလား။ အမြင်ကလည်း သည်မှာတင် သုံးမျိုးကွဲနေတယ်။ အိမ်ထောင်ရှင်တွေထဲမှာတင် အကုန်လုံး ပြောသင့်တယ်ဆိုတဲ့သူက တစ်ယောက်၊ တစ်ဖက်သား နားခံနိုင်တဲ့အတိုင်းအတာအထိ ပြောသင့်တယ်ဆိုတဲ့သူက တစ်ယောက်၊ မပြောသင့်ဘူးဆိုတဲ့ သူက တစ်ယောက် ဆိုပြီး သုံးစား ကွဲနေတယ်။

ပညာရှင်တွေကရော ဘယ်လို ပြောကြတယ် မှတ်လဲ။


ဒေါက်တာ ခရာမာကတော့ “သာယာတဲ့ အိမ်ထောင်ရေးဆိုတာဟာ အားလုံး ဖွင့်ပြောခြင်း မပြောခြင်းအပေါ်မှာ မတည်ပါဘူးဗျာ။ တစ်ခါ တစ်ခါကျတော့ ပြောလိုက်တော့မှ တစ်ဖက်လူမှာ စိတ်အနှောင့်အယှက်တွေ ဖြစ်ပြီး ဆောက်တည်ရာမရတွေလည်း ဖြစ်ကုန်နိုင်သေးတယ် မဟုတ်လား”လို့ ပြောပါတယ်။

ပါမောက္ခဂေါ့ထ်မယ်န်တို့ ဇနီးမောင်နှံကတော့ နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်းမှာ အိမ်ထောင်ရှင် စုံတွဲပေါင်း ၃၀ဝ၀ ကျော်ကို လေ့လာစူးစမ်း မှတ်သားခဲ့ကြသူများပါပဲ။ သူတို့ကလည်း ရက်စက်တဲ့ ရိုးသားဖြောင့်မတ်မှုဟာ အခါခပ်သိမ်းတော့ မသင့်တင့် မလျောက်ပတ်လှဘူးလို့ ဆိုတဲ့စကားနဲ့ ဒေါက်တာခရာမာရဲ့အဆိုကို သဘောတူကြပါတယ်။


လေးနက်ခက်ခဲတဲ့ အကြောင်းရပ် တွေကို ပြောနိုင်ဖို့အတွက် ရင်းနှီး ကျွမ်းဝင်မှုဆိုတဲ့ အုတ်မြစ်အပေါ်မှာ အခြေခံရမယ်လို့လည်း ဆိုပါတယ်။ “တော်တော်ကြီးကို အကဲဆတ်တဲ့ ကိစ္စတစ်ခုခုကို ပြောချင်တဲ့အခါမှာ အရေးမပါလှတာကနေ မစဘဲ စိတ်ထိခိုက်စရာ အကောင်းဆုံးနေရာက စ ပြောတာ ပိုကောင်းတယ်”လို့ ဂျော်န် ဂေါ့ထ်မယ်န်က ပြောပါတယ်။

ပထမဆုံးအဆင့်အနေနဲ့ကတော့ ကိုယ့်အိမ်ထောင်ဖက် ဘာတွေ တွေးနေလဲဆိုတာ အမှန်အတိုင်း သိအောင် အရင် လုပ်သင့်တယ်လို့လည်း သူက အကြံပေးပါတယ်။


အထက်မှာ တစ်လျှောက်လုံး ကိုးကားခဲ့တဲ့ စစ်တမ်းကို ၂၀ဝ၁ခုနှစ် မတ်လ ၁၉ ရက်မှ မတ်လ ၃၁ ရက်အတွင်းမှာ တယ်လီဖုန်းနဲ့ လုပ်ခဲ့တာပါ။ ဖြေကြားသူတွေကတော့ အသက် ၁၈ နှစ် အထက် အိမ်ထောင်ရှင်ပေါင်း ၁၀ဝ၀ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ရှင်တွေကို အတူယှဉ်တွဲပြီး မေးခဲ့တာ မဟုတ်သလို ကိုယ့်ပြောစကားကို ကိုယ့်အိမ်သူအိမ်သား မကြားစေရအောင် စီစဉ်ပြီးမှ မေးမြန်းခဲ့တာလို့ သိရပါတယ်။

ဒါတွေကိုဖတ်ပြီး စာဖတ်သူများကို ပြန်ပြောပြဖြစ်နေတဲ့ ကျွန်တော်ကတော့ အိမ်ထောင်ရှင်တစ်ယောက်လည်းဖြစ်၊ သူများတကာရဲ့ အိမ်ထောင်ရေး ကိစ္စတွေမှာလည်း အတတ်နိုင်ဆုံး အကျိုးဆောင်ပေးနေသူလည်း ဖြစ်တဲ့အပြင် ကျွန်တော်ကိုယ်၌က အလုံးစုံ ရိုးသား ပွင့်လင်းရေးမူကို စွဲမြဲ လက်ခံ ကျင့်သုံးနေတာမို့ အိမ်ထောင်ရေး အပါအဝင် ဘယ်ဆက်ဆံရေးမှာဖြစ်ဖြစ် ပွင့်လင်းရိုးသား တည်ကြည် ဖြောင့်မတ်လေ၊ နေရထိုင်ရတာ လိပ်ပြာ သန့်လေ၊ ဆက်ဆံရေးလည်း ပိုမို တိုးတက် ဖြစ်ထွန်းလေလို့သာ ယုံကြည် ပါတယ်။

ဒါပေမယ့် အဲဒါ ကျွန်တော့် တစ်ဦးတည်းရဲ့ ပုဂ္ဂလိက အယူအဆပါ။ စာဖတ်သူလူကြီးမင်းများ အားလုံးမှာလည်း ကိုယ်ပိုင် ဆင်ခြင်ဉာဏ်များ အသက အသကနဲ့ ဖြစ်ကြတာမို့ ကျွန်တော် ပြောတာကို ယတိပြတ် လက်ခံရမယ်လို့ မပြောဝံ့ပါဘူး။ မိမိတို့ ကိုယ်ပိုင်ဉာဏ်နဲ့ ချင့်ချိန် စဉ်းစားကြပြီး အကောင်းဆုံးလမ်းကို ရွေးချယ်နိုင်ကြအောင် ကျွန်တော် ဖတ်မိလိုက်သမျှ  ပြန်လည် ဖောက်သည်ချပေးလိုက်တာသာ ဖြစ်ပါတယ်။

(Source: How Honest Are Couples, Really? by Louise Lague from the August 2001 issue of Reader’s Digest)

———————————————————————————————–

(၂၀၀၃ ခုနှစ် မတ်လထုတ် သရဖူမဂ္ဂဇင်းမှာ ဖော်ပြခဲ့တာလေးကို ပြန်လည် တင်ဆက်လိုက်တာပါ။)

tvG,fqHk;enf;u bmvJ¿
ppfwrf;rSm tdrfaxmifonfawGudk wpfck xyfar;MunfhMuygao; w,f/ reuftdyf&muEdk;vmwJhtcgrSm ½kwfw&uf csufcsif; udk,f[m tdrfaxmifonfwpfa,mufr[kwfawmhbl;vdkYrsm; rcHpm;csifMubl;vm;? trSeftwdkif; 0efcHMuprf;ygvdkY ajymwJhtcgrSm 16&mcdkifEIef;aom a,mufsm;rsm;a&m? rdef;rrsm;yg [kwfw,f? tJovdk odyfjzpfcsifwmyJvdkY ajym Muygw,f/
]onftajz&JU t”dyÜm,fuawmh vlawG[m udk,fa&mufaewJh tdrfaxmifa&;xJuae ½kef;xGufzdkY cufaewJhtcg udk,fhb0udk,f raus reyfjzpfaeMuw,f/ tJovdk rausreyfjzpfaewmudkusawmh 0efrcH csifMujyefbl;}vdkY 0ufxfZvmu qdkygw,f/
‘gayr,fh 0ufxfZvmhtqdkudk a’gufwm c&mrmu oabmrwl ygbl;/ ]onfvdk pdwful;,OfwmrdkY tdrfaxmifa&;rSm jyóem&dSae w,fvdkY oGm; teufaumufr,fqdk&if wufwufpif rSm;oGm;rSmyg/ tdrfaxmifa&;c&D;qdkwm wu,fhudk tm;BudK;rmefwufeJY 0g,rpdkuf& wmrsdK;rdkY armyef;EGrf;vsaevdkY ajymwJhpum;awGyg}vdkY oluqdkygw,f/
qdkawmh tukefvHk; tdyfoGefzmarSmufajymjyzdkY ta&;BuD;ovm;vdkY ar;MunfhjyefwJhtcg atmifjrifwJhtdrfaxmifa&;udk ESpfaygif; av;q,f wdwdjzwfoef;cJhzl;wJh trsdK;om;BuD;uawmh ]odyfajymoifhwmayghAsm/ bmrS rcsefaMu;? aumif;wma&m? qdk;wma&m? tukefomajym/ tJ’gqdk tJonfh tdrfaxmifa&; cdkifNyDomrSwf}vdkY ajzygw,f/
tdrfaxmifouf 33ESpf&dScJhNyDjzpfwJh trsdK;orD;BuD;uvnf; ]wpf zufom;u qufrMum;csifawmhwJh t&dyfta&mif rjyrcsif;awmh tdyf oGefzmarSmuf ajymEdkiforQ ajymoifhw,f}vdkY qdkvdkufjyefw,f/ ‘gay r,fh aemufwpfa,mufuusjyefawmh ]tJovdk ajymvdkuf&if udk,fh vnfyif;udk,f t&Sifvwfvwf BudK;uGif;pGyfovdk jzpfoGm;rSmaygh}qdkwJh pum;eJY ajyma&;zufu tqdkudk uefYuGufjyefw,f/
udkif;… tdrfaxmifa&; yHkpHoHk;rsdK; xGufrvmaybl;vm;/ tjrifu vnf; onfrSmwif oHk;rsdK;uGJaew,f/ tdrfaxmif&SifawGxJrSmwif tukefvHk; ajymoifhw,fqdkwJholu wpfa,muf? wpfzufom; em;cH EdkifwJhtwdkif;twmtxd ajymoifhw,fqdkwJholu wpfa,muf? rajymoifhbl;qdkwJh oluwpfa,mufqdkNyD; oHk;pm; uGJaew,f/
ynm&SifawGua&m b,fvdk ajymMuw,frSwfvJ/
a’gufwm c&mrmuawmh ]om,mwJh tdrfaxmifa&;qdkwm[m tm;vHk;zGifhajymjcif; rajymjcif;tay:rSm rwnfygbl;Asm/ wpfcg wpfcgusawmh ajymvdkufawmhrS wpfzufvlrSm pdwftaESmifht,SufawG jzpfNyD; aqmufwnf&mr&awGvnf; jzpfukefEdkifao;w,fr[kwfvm;}vdkY ajymygw,f/
ygarmu©a*ghxfr,fefwdkY ZeD;armifESHuawmh ESpfaygif; ESpfq,f ausmftwGif;rSm tdrfaxmif&SifpHkwGJaygif; 3000ausmfudk avhvmpl;prf; rSwfom;cJhMuolrsm;ygyJ/ olwdkYuvnf; &ufpufwJh½dk;om;ajzmifhrwfrI [m tcgcyfodrf;awmh roifhwifh ravsmufywfvSbl;vdkYqdkwJhpum;eJY a’gufwmc&mrm&JUtqdkudk oabmwlMuygw,f/
av;eufcufcJwJh taMumif;&yf awGudk ajymEdkifzdkYtwGuf &if;ESD; uRrf;0ifrIqdkwJh tkwfjrpftay:rSm tajccH&r,fvdkYvnf; qdkygw,f/ ]awmfawmfBuD;udk tuJqwfwJh udpöwpfckckudk ajymcsifwJhtcgrSm ta&;rygvSwmuae rpbJ pdwfxdcdkufp&mtaumif;qHk;ae&mu p ajymwmydkaumif;w,f}vdkY a*smfef a*ghxfr,fefu ajymygw,f/
yxrqHk;tqifhtaeeJYuawmh udk,fhtdrfaxmifzuf bmawG awG; aevJqdkwm trSeftwdkif; odatmif t&ifvkyfoifhw,fvdkYvnf; olu tMuHay;ygw,f/
txufrSm wpfavQmufvHk; udk;um;cJhwJh ppfwrf;udk 2001ckESpf rwfv (19)&ufrS rwfv (31)&uftwGif;rSm w,fvDzkef;eJY vkyfcJhwm yg/ ajzMum;olawGuawmh touf 18ESpftxuf tdrfaxmif&Sifaygif; 1000jzpfygw,f/ ‘gayr,fh tdrfaxmif&SifawGudk twl,SOfwGJNyD; ar;cJhwmr[kwfovdk udk,fhajympum;udk udk,fhtdrfoltdrfom; rMum; ap&atmif pDpOfNyD;rS ar;jref;cJhwmvdkY od&ygw,f/
‘gawGudkzwfNyD; pmzwfolrsm;udkjyefajymjyjzpfaewJhuRefawmfu awmh tdrfaxmif&Sifwpfa,mufvnf;jzpf? olrsm;wum&JU tdrfaxmif a&; udpöawGrSmvnf; twwfEdkifqHk; tusdK;aqmifay;aeolvnf;jzpf wJhtjyif uRefawmfudk,füu tvHk;pHk ½dk;om;yGifhvif;a&;rludk pGJjrJ vufcH usifhoHk;aewmrdkY tdrfaxmifa&;tygt0if b,fqufqHa&;rSm jzpfjzpf yGifhvif;½dk;om; wnfMunfajzmifhrwfav? ae&xdkif&wm vdyf jymoefYav? qufqHa&;vnf; ydkrdkwdk;wufjzpfxGef;avvdkYom ,HkMunf ygw,f/
‘gayr,fh tJ’g uRefawmfh wpfOD;wnf;&JU yk*¾vdu t,ltqyg/ pmzwfolvlBuD;rif;rsm; tm;vHk;rSmvnf; udk,fydkif qifjcifÓPfrsm; tou toueJY jzpfMuwmrdkY uRefawmfajymwmudk ,wdjywfvufcH &r,fvdkY rajym0Hhygbl;/ rdrdwdkY udk,fydkifÓPfeJY csifhcsdefpOf;pm;MuNyD; taumif;qHk;vrf;udk a&G;cs,fEdkifMuatmif uRefawmff zwfrdvdkuforQ  jyefvnf azmufonfcsay;vdkufwmom jzpfygw,f/
(ESvHk;pdwf0rf;Nidrf;csrf;Muygap)

Audio: This Time Last Year

နောက်ထပ် ရေဒီယို အသံလွှင့်ချက်တစ်ခုပါ

မနှစ်က သီတင်းမကျွတ်ခင်မှာ ရန်ကုန် ဆစ်ထီး အက်(ဖှ်)အယ်(မ်)ရေဒီယိုရဲ့ ကြယ်ပွင့်များနဲ့ တွေးဟန် (Stars & Style) ဆိုတဲ့ အစီအစဉ်က ကျွန်တော်နဲ့ တွေ့ဆုံ မေးမြန်းခန်း အစီအစဉ်တိုလေးတစ်ခုကို တင်ဆက်ခဲ့ဖူးပြန်ပါသေးတယ်။ အဲဒါကိုတော့ စာသားအနေနဲ့ လုံးဝ ပြန်လည် ကောက်ယူထားခြင်း မရှိပါဘူး။ ဒါ့ကြောင့် ရှေ့က လူကြိုက်များသူများရဲ့ အကြိုက် (Popular’s Choice) ရေဒီယိုအစီအစဉ်တုန်းကလို ဖတ်လို့ မရဘဲ နားထောင်နိုင်ရုံသက်သက်သာ ရှိနေပါတယ်။ အဲဒါလေးကို ပြန်လည် တင်ဆက်ထားပါတယ်။ အိမ်ထောင်ရေး၊ ချစ်သူ ရွေးချယ်မှုတို့နဲ့ ပတ်သက်ပြီး ကျွန်တော့်သထောထားလေးတွေပါ။

အပျင်းပြေ နားဆင်ကြည့်နိုင်ပါတယ်။

Appraisal of a Poem

ကဗျာ ခံopenmindစားမှု – “ကျပ်သူတို့ လျှောက်သောလမ်း”

တောကျောင်းဆရာဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ http://openmindblog.info မယ် စက်တင်ဘာ ၂၅ ရက်နေ့က ကဗျာလေးတစ်ပုဒ် တင်ထားတာ ဖတ်လိုက်ရပါတယ်။ ခေါင်းစဉ်က “ကျပ်သူတို့ လျှောက်သောလမ်း”တဲ့။ တော်တော်ကောင်းတဲ့ စိတ်ကူးလေးကို တော်တော်လှတဲ့ သံတူကပ် အလင်္ကာများနဲ့ တန်ဆာဆင်ထားတာမို့ သဘောကျသွားရတယ်။ သူ့ကဗျာလေးကို အရင်ဖတ်ကြည့်စေချင်ပါတယ်။

ခပ်ကျပ်ကျပ်ခေတ်ထဲ ကျပ်တန်တွေ အသုံးမ၀င်တော့
ဘ၀က ခပ်ကြီးကြီး ကျပ်က ခပ်ကြီးကြီး
တစ်ရာဖိုး ကျပ်ရာက နှစ်ရာဖိုး ကျပ်တယ်
နှစ်ရာဖိုး ကျပ်ရာက ငါးရာဖိုး ကျပ်တယ်
ငါးရာဖိုး ကျပ်ရာက တစ်ထောင်ဖိုး ကျပ်တယ်
တစ်ထောင်ဖိုး ကျပ်ရာက ငါးထောင်ဖိုး ကျပ်မယ်
ကျပ်တန် မရှိတော့တဲ့ ခေတ်ထဲ
ဘ၀ကလည်း ကျပ်ကလေး မဟုတ်တော့
ကျပ်ကလေးတို့ကမ္ဘာလည်း မဟုတ်တော့
ကျပ်ကြီးတို့ကမ္ဘာ
ငါးဆယ် ပြန်မအမ်းလည်း စိတ်ဆိုးမနေနဲ့
အမ်းစရာ မရှိလည်း ငမ်းစရာတော့ ရှိရမယ်
ငမ်းစရာ မရှိလည်း လွမ်းစရာတော့ ရှိရမယ်
လွမ်းစရာ မရှိလည်း နွမ်းတာတော့ ရှိတယ်
အနွမ်း အနွမ်း အနွမ်းတွေ များတော့ လွမ်းတယ်
ကျပ်တန်ဆီကိုလား ကြက်တန်းဆီကိုလား
တစ်ကျပ် နှစ်ကျပ် တေးကိုသီ
အကြွေ မရှိပေမယ့် အကြွေးတော့ ရှိတယ်
ကျပ်ခိုးစင်မှာ ကျပ်ကျပ်တည်းတည်း
ဘ၀ကို ကျပ်တိုက်နေသလား ကျပ်တင်နေသလား
ကျပ်မပြည့်တဲ့ကြားက ကျပ်စည်းလိုက်တယ်
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးကျပ်
(ကျပ်တန် မရှိတော့တဲ့ ခေတ်ထဲ
ဘ၀ကလည်း ကျပ်ကလေး မဟုတ်တော့
ခပ်ကျပ်ကျပ်ခေတ်ထဲ ကျပ်တန်တွေ အသုံးမ၀င်တော့
ဘ၀က ခပ်ကြီးကြီး ကျပ်က ခပ်ကြီးကြီး)
နေ သည်လောက် ပူနေမှတော့
ငရဲပြည် ရောက်မလား စိတ်ပူမနေနဲ့တော့။

ခေတ်ပေါ်ကဗျာကို သိပ်မခံစားတတ်တဲ့ ကျွန်တော်လိုလူတောင် ခံစားလို့ရတဲ့ ကဗျာလေးပါပဲ။ သူ့ကဗျာလေးက စိတ်ထဲမှာ စွဲနေတယ်။ ဒါပေမယ့် တစ်ယောက်ယောက်ကို ဝေမျှချင်ရင် ပြဿနာက တက်လာတယ်။

“အယက်အကန်ခံလို့ ဗေဒါပျံ အန်ကိုခဲ”(ဇော်ဂျီ)လိုမျိုး၊ “လယ်စောင့်တဲလေး ခြေတံရှည်၊ မိုးကုတ်အောက်မှာနေ”(မင်းသုဝဏ်)လိုမျိုး၊ “အပြင်ဘက်မှ သစ်ရွက်တွေကြား၊ စကားပင်အို ကန်ရေစိုစွတ်” (ကြည်အေး) လိုမျိုး၊ “ဆေးလိပ်လည်း တို၊ နေလည်း ညိုပြီ” (တင်မိုး)လိုမျိုး၊ “တိမ်လိုနွဲ့အောင်နော့ အိမ်ဆိုတဲ့ ထောင်မှာ”(မောင်ခိုင်မာ)လိုမျိုး၊ “သားအမိအိမ်၊ ပတ္တမြား မရှိ၊ စိန်မစီလည်း”(ကိုရိုး)လိုမျိုး၊ “ခင်သွားရင် ရနံ့ပေး၊ ခင်မွှေးရင် ပျော်ရွှင်လို့” (မောင်စိန်ဝင်း)လိုမျိုး စွဲသွားတဲ့ ကဗျာလေးတစ်ပုဒ်ကို ချစ်သူခင်သူများကို ဝေမျှချင်တဲ့အခါ တစ်ပုဒ်လုံးကို ခံစားချက် အပြည့်နဲ့ နှုတ်တက်ရွရွ ပြန်ဆိုပြလို့ မရနိုင်တော့ အားမလို အားမရ ဖြစ်မိတယ်။ အဲဒီ့ကဗျာလေးတွေကျတော့ စိတ်ထဲမှာထင်မကဘဲ ရင်ထဲ အသည်းထဲ နှလုံးထဲမှာတောင် စွဲနေပါတယ်။

အဲဒါဟာ ခေတ်ပေါ်ကဗျာနဲ့ ရိုးရာကဗျာကြားက ကွာနေတဲ့ “အဟပ်”လို့ ယူဆပါတယ်။ ခေတ်ပေါ်ကဗျာက ကောင်းလိုက်တာဆိုပြီး တွေးပုံ ရေးပုံလေးကို ရပ်သပ်ရှုမောလိုက်ရတယ်။ အဲဒီ့နေရာမှာတင် ရပ်သွားတယ်။ နောက်တစ်ခါ ပြန်ခံစားချင်ရင် စာအုပ်ပြန်လှန်ရတယ်။ မနည်း ပြန်ရှာရတယ်။ ပြန်ဖတ်ရတယ်။

ရိုးရာ ကဗျာကျတော့ အဲလိုမဟုတ်ဘူး။ ကောင်းလိုက်တာဆိုပြီး တွေးပုံ ရေးပုံလေးကိုလည်း ခံစားတယ်၊ ချိုနေတဲ့ အသံလေးတွေကိုလည်း ဖတ်သူရဲ့ စိတ်ထဲက လိုက်ရွတ်နေမိတယ်။  ကဗျာကောင်းရင် ကောင်းသလောက်၊ တိုရင်တိုသလောက် ပါးစပ်ထဲ နားထဲမှာ စွဲကျန်ရစ်တယ်။ စိတ်ရော၊ ပါးစပ်ရော၊ နားရော စွဲကျန်ရစ်တဲ့အတွက် ရိုးရာကဗျာလေးတွေဟာ ခေတ်တွေကို ကျော်လွှားရှင်သန်နေခဲ့တာပါ။ “မြိတ်သွင်လွတ်စို့ ပြာသွယ်ညို့”လို၊ “ဆေးတံတို တစ်ညိုလောက် ရော့ သောက်တော့ပေး”လို ရှေးကဗျာတွေတောင် ခေတ်ကို ကျော်လွှားပြီး မြန်မာတို့ရဲ့ အသည်းနှလုံးထဲမှာ ရှိနေနိုင်စွမ်းတာဟာ မြန်မာဘာသာစကားရဲ့ အလှအပ၊ ထူးခြားမှု အပေါ် အခြေခံထားလို့ပဲလို့ ကောက်ချက်ဆွဲမိပါတယ်။

တခြား ဘာသာစကားတွေတော့ မတတ်လို့ သိပ်မသိဘူး။ အင်္ဂလိပ်စာ၊ ပြင်သစ်စာလို ဥရောပ ဘာသာစကားတွေမှာက ဝေါဟာရတစ်လုံးကို အသံစုံ ထွက်လို့ရတယ်။ Go ကို ဂိုလို့ ထွက်လို့ရသလို ဂိုးလို့ ထွက်လို့ရတဲ့အပြင် ဂို့လို့ ထွက်မယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ မြန်မာဘာသာစကားကကျတော့ အဲသလို မဟုတ်တော့ဘူး။ မြ၊ မြာ၊ များဆိုတဲ့ သုံးလုံးမှာတင် အနက်က သုံးမျိုးဖြစ်နေတတ်မြဲ တစ်လုံး တစ်သံ ဘာသာစကားပါ။ အဲတော့ နဘေဆိုတာ မြန်မာဘာသာစကားမှာမှ ထပ်လို့ရတယ်။ ကာရန်ဆိုတာလည်း မြန်မာဘာသာစကားကမှ အုပ်လို့ ရတယ်။

အင်္ဂလိပ်ကဗျာတော့ များများ စားစား သိပ်မဖတ်ဖူးလို့ သိပ်စွဲနေတာ မရှိပါဘူး။ Men may come and men may go; but I go on forever လို ကဗျာထဲက တစ်ကြောင်း တစ်ပါဒလောက်ကိုသာ စွဲစွဲမြဲမြဲ ရွတ်နိုင်တာလေးတွေ ရှိပါတယ်။ ကိုယ့်မိခင် ဘာသာစကား မဟုတ်တာလည်း တစ်ကြောင်း ဖြစ်ချင်ဖြစ်မှာပါ။ တစ်ပုဒ်လုံး အလွတ်ရွတ်နိုင်တဲ့ ကဗျာက ခပ်ရှားရှားရယ်။ ကျွန်တော်တို့ရဲ့ရှေ့ မျိုးဆက်လို ကဗျာတွေ ကျက်ရတဲ့ ခေတ်မှာ လူဖြစ်ခဲ့ရင်တော့လည်း တစ်မျိုးဖြစ်ချင် ဖြစ်နိုင်ပါတယ်။

ပြောချင်တာကဗျာ… ခေတ်ပေါ်ကဗျာကို ကျွန်တော် သိပ်မခံစားတတ်သော်လည်း အသစ်ကို ငြင်းပယ်သူထဲမှာ ကျွန်တော် မပါပါဘူး။ အသစ်ကို အငမ်းမရ တောင့်တသူထဲမှာတော့ ထိပ်ဆုံးက မဟုတ်ဘူးဆိုရင်တောင် ရှေ့တန်းက ပါတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်မြင်မိပါတယ်။ သို့ပေမယ့် သစ်တာလေးတွေကို “ခေတ်အဆက်ဆက် ရှင်သန် တင်ကျန်ရစ်စေချင်”တာက ကျွန်တော့် ဆန္ဒပါ။ ခေတ်ပေါ်ကဗျာထဲမှာ လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်ထားတဲ့ ဆရာမကြီး ကြည်အေးရဲ့ ကဗျာတွေ နောက်ပိုင်းမှာ ကျွန်တော်တို့ နှုတ်မှာ၊ နားမှာ စွဲကျန်ရစ်တဲ့ကဗျာဆိုလို့ ကျွန်တော့်အတွက်တော့ မူးလို့တောင် ရှူစရာ ရှာမတွေ့သလိုပဲ။

အဲဒီ့ အရှိန်အဟုန်ပြင်းနေတဲ့ ခေတ်ပေါ်ကဗျာ ၀ဲသြဃထဲမှာပဲ လွန်ခဲ့တဲ့ နှစ်၂၀ကျော်က ထွက်သွားတဲ့ မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ “သောကခြေရာ ရတနာ” ကဗျာများ စာအုပ်ဟာ ကဗျာစာအုပ်ထဲမှာ ရောင်းအကောင်းဆုံး စာအုပ်တန်းဝင်ခဲ့ဖူးတာလေးကိုလည်း မှတ်မိနေပါသေးတယ်။ ကဗျာစာအုပ်ဟာ ရောင်းအကောင်းဆုံးဖြစ်ဖို့ နေနေသာသာ၊ ရောင်းကောင်းတဲ့ စာရင်းထဲမှာတောင် ဘယ်တုန်းကမှ မပါခဲ့ဖူးပါဘူး။ ဆရာ မောင်စိန်ဝင်းရဲ့ စာအုပ်ကျတော့မှ ရောင်းအကောင်းဆုံးဖြစ်ခဲ့ဖူးတာပါ။ လှိုင်ပေါလယ်နေတဲ့ ခေတ်ပေါ်ကဗျာတွေကြားမှာ သူ့စာအုပ်ကျမှ ဘာဖြစ်လို့ ပေါက်သွားတာလဲ။

အဖြေက ရှင်းပါတယ်။ မြန်မာဟာ ချိ(စ်)တို့၊ ရို့(စ်)(ထ်)တို့၊ ဂရစ်(လ်)တို့၊ ဘာဘစ်ခယူးတို့ကို တစ်ခါတရံ ခံတွင်းတွေ့စွာ စားချင်တတ်ပေမယ့် မြန်မာဖြစ်နေတဲ့အတွက် ငါးပိရည်လေးနဲ့ တို့စရာလေး၊ ချဉ်ရည်ဟင်းလေးဆိုတဲ့ အတွဲအဖက်ကလေး မှန်နေတဲ့အခါကျတော့မှသာ နေ့စဉ်စားသုံးမှုက မြိန်ယှက်နေမိရတာလိုမျိုးပါ။

ဟုတ်ကဲ့… ခေတ်ပေါ်ကဗျာတွေကို ခံတွင်းတွေ့ပါတယ်။ ဒါပေမယ့် သိပ်မမြိန်ပါဘူး။ ရိုးရာကဗျာတွေက မြိန်ပါတယ်။

အခု နမူနာ ဖော်ပြလိုက်တဲ့ တောကျောင်းဆရာရဲ့ ကဗျာလေးမှာ ရိုးရာ နံနံပင်လေး ဖြူးထားပါတယ်။ သံတူကပ်အလင်္ကာလေးပါ။ အကြောင်းအရာကလည်း ခေတ်ပြိုင်ခံစားမှုပါ။ ဒါ့ကြောင့် ကျွန်တော့်စိတ်ထဲ စွဲသွားတာ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ကျွန်တော့် ပါးစပ်ထဲ၊ နားထဲ၊ နှလုံးသားထဲအထိ ၀င်လာနိုင်စွမ်း မရှိသေးဘူး။ လမ်းရိုးဟောင်းပေါ်မှာ အသစ်အမြင်နဲ့ ဆင့်ထွင်ထားတာလေး ဖြစ်နေပြီးတော့ နှုတ်တက်ရွရွ ရွတ်လို့လည်း ရတဲ့ ကဗျာလေးသာ ဖြစ်လို့တော့လားဗျာ… တောကျောင်းဆရာရဲ့ အဲဒီ့ကဗျာလေးဟာ နောင်နှစ်ပေါင်း လေး-ငါးရာတိုင် မြန်မာတို့ရဲ့ နှုတ်ဖျားမှာ တည်တံ့နေလောက်တယ်လို့များ ပြောလိုက်ရင် ဒေါသများ သင့်သွားလေမလား မသိ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(၂၇၀၉၀၉)

Interview with City FM (Part 4 Last)

DSC03399ကျွန်တော့် နောက် ဘလော့(ခ်)မှာ ဆစ်ထီးအက်(ဖ်)အယ်(မ်)နဲ့ အိမ်သာဗျူး နောက်ဆုံး အပိုင်းကို တင်ဆက်လိုက်ပါတယ်။

အပိုင်း လေးပိုင်းစလုံး ပြည့်စုံသွားပါပြီ။

http://lettwebaw.mylovecafe.com မှာ သွားရောက် နားဆင်တော်မူနိုင်ကြောင်းပါ ခင်ဗျား။

Will & Way

sidney-poitierဖြစ်အောင်လုပ်က ဖြစ်မှာဗျ

မြန်မာရုပ်ရှင်ကြည့် ပရိသတ်နဲ့တော့ သိပ်ရင်းနှီးမယ် မထင်ဘူး။ နိုင်ငံခြား ရုပ်ရှင် ဝါသနာအိုးဆိုရင်တောင်မှ အသက် ၄၀တန်း၊ ၅၀တန်းလောက်ပဲ ရင်းနှီးနိုင်မယ့် သရုပ်ဆောင်တစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။


သူက “ဆစ်ဒနီ ပွိုင်တီယာ”တဲ့။ လူမည်း သရုပ်ဆောင်အနေနဲ့  ရုပ်ရှင်သမိုင်းမှာ ပထမဆုံး အော်စကာ (အကယ်ဒမီ)ဆု ရခဲ့တဲ့ မင်းသားကြီးပါ။ သူ့ ဘဝဇာတ်ကြောင်းလေးက စိတ်ဝင်စားဖို့ ကောင်းတယ်။

သူ့ကို ဘဟားမား(စ်)ကျွန်းစုများထဲက “ကြောင်ကျွန်း”မှာ မွေးခဲ့တာပါ။ သူ့မိဘတွေက ဆင်းရဲတယ်။  မွေးတုန်းက သူ့ကိုယ်အလေးချိန်က သုံးပေါင်သာ ရှိတာမို့ တအား လှီတာပေါ့။ သည်လောက် လှီတဲ့ဟာလေးတော့ သက်ဆိုးရှည်မှာ မဟုတ်ဘူးလို့ ယူဆတာကြောင့် သူ့အတွက် ခေါင်းတလား ပိစိလေးတစ်လုံးတောင် အဆင်သင့် လုပ်ထားခဲ့ကြပါသတဲ့။

သို့သော် လျှပ်စစ်မီးလည်း မရှိ၊ အိမ်တွင်းအရောက် သွယ်တန်းထားတဲ့ ရေပိုက်တွေလည်း မရှိတဲ့ အဲဒီ့ တဲကလေးထဲမှာ ဆင်းဆင်းရဲရဲ နေရတဲ့ မိသားစု ကြားက အဲဒီ့ လူစဉ် မမီတဲ့ ကလေးလေးက အသက် ရှင်လာခဲ့တယ်။ အဲသလိုနဲ့ အတန်းကျောင်းဆိုလည်း နှစ်တန်းထက် ပိုပြီး မနေလိုက်ရဘူး။ အသက် ခြောက်နှစ်၊ ခုနစ်နှစ်လောက်မှာ ကျောင်းက ထွက်ပြီး ခရမ်းချဉ် စိုက်ခင်းတွေမှာ သွားအလုပ်လုပ်ရတော့တဲ့ ဘဝ။

သူ့မိဘတွေက သူတို့သားလေး အခုလို ဆင်းဆင်းရဲရဲ နေရတာကို မကြည့်ရက်ရှာကြဘူး။ ဒါနဲ့ ဆယ်ကျော်သက်ဘဝကို ရောက်ခါစမှာပဲ ဆစ်ဒနီ့ကို မိုင်ယာမီမှာ ရှိတဲ့ သူ့အစ်ကိုဆီ ပို့လိုက်ကြတယ်။ မိုင်ယာမီ ရောက်တော့ သူက ကုန်စုံဆိုင်မှာ ပစ္စည်းပို့တဲ့သူအဖြစ် အလုပ်ဝင်ရတယ်။

တစ်နေ့ကျတော့ ချမ်းသာတဲ့ လူဖြူအမျိုးသမီးကြီးတစ်ယောက်ရဲ့ အိမ်ကို ပစ္စည်းတစ်ခု သွားပို့ဖို့ အကြောင်းပေါ်လာတယ်။ အဲဒီ့မိန်းမကြီးအိမ်ကို ပစ္စည်းပို့ရင် နောက်ဖေးပေါက်ကပဲ ပို့ရတယ်။ အိမ်ရှေ့ပေါက်က ဘယ်တော့မှ မပို့ရဘူး။ ဒါကို သိမထားတဲ့ ဆစ်ဒနီဟာ အိမ်ရှေ့ပေါက်ကို ရောက်သွားပါတယ်။

အိမ့်ရှင် မိန်းမကြီးက နောက်ဖေးပေါက်ကို ပို့ပေးဖို့ သူ့ကို ပြောတဲ့အခါကျတော့ ဆစ်ဒနီက သူ မှားသွားတဲ့အကြောင်း၊ သို့သော် အခုမှတော့ မထူးတော့တဲ့အပြင် လူချင်းလည်း ဆုံနေပြီမို့ ပစ္စည်းကို လက်ခံပေးဖို့ တောင်းပန်လိုက်ပါတယ်။ မိန်းမကြီးက လက်မခံဘူး။ လက်မခံတဲ့အပြင် သည်လူမည်းလေးက သူ့ကို ပြန်ပြောရကောင်းလားဆိုပြီး စိတ်က တအားပေါက်သွားတယ်။

မကြာပါဘူး၊ အဲဒီ့အချိန်က အမေရိကန်နိုင်ငံမှာ လူမည်းတွေကို အကြမ်းဖက်တဲ့နည်းနဲ့ နှိပ်ကွပ်နေတဲ့ “ခလူ၊ ခလပ်(ခ်)(စ်)၊ ခလယ်(န်)”ဆိုတဲ့ အဖွဲ့က ရှိနေတယ်။ အဲဒီ့အဖွဲ့က သည်အမှုကြောင့် ဆစ်ဒနီ့ကို မြေလှန်ပြီး ရှာကြပါတော့တယ်။ သည်မှာတင် ဆစ်ဒနီ့မိသားစုလည်း စိုးရိမ်တကြီးနဲ့ ဆစ်ဒနီ့ကို နျူးယော့(ခ်)မြို့တော်ကို ပို့လိုက်ကြပြန်ပါတော့တယ်။

အဲဒီ့အချိန်မှာ ဆစ်ဒနီ့အသက်က ၁၅နှစ်ပဲ ရှိသေးတယ်။ သူ့အိတ်ကပ်ထဲမှာလည်း ငွေလေးက သုံးဒေါ်လာပဲ ပါတယ်။ နျူးယော့(ခ်)ရောက်တော့ ပန်းကန်ဆေးတဲ့ အလုပ်တစ်ခု ရတယ်။ ဒါပေမယ့် ရတဲ့ လုပ်ခက သိပ်မများတော့ တအားကို ဆင်းရဲတာပေါ့။ ညတိုင်ကျရင် သူ့မှာ ပိုက်ဆံပေးပြီး သွားရတဲ့ အများသုံး အိမ်သာထဲမှာ သွားသွားအိပ်ခဲ့ရပါသတဲ့။

တစ်နေ့ကျတော့ ပြဇာတ်တစ်ပုဒ်မှာ ဝင်ရောက် သရုပ်ဆောင်ဖို့အတွက် သရုပ်ဆောင်များ အလိုရှိသည်ဆိုတဲ့ ကြော်ငြာတစ်ခုကို သတင်းစာထဲမှာ သူ တွေ့သွားတယ်။ သူလည်း စိတ်ဝင်စားသွားပြီး လျှောက်တော့တာပေါ့။

တကယ်လည်း သူ့ကို အစမ်း သရုပ်ဆောင်ခိုင်းတဲ့အခါမှာတော့ သူ သရုပ်ဆောင်တာက တအား ချာတူးလန်နေတယ်။ ထုတ်လုပ်သူလည်း ဒေါတွေ ပွ၊ ဆစ်ဒနီ့လက်ထဲက ဇာတ်ညွန်းစာရွက်ကို ဆောင့်ဆွဲ ဆုတ်ဖြဲပစ်လိုက်ပြီး လူအများ ရှေ့မှာတင်ပဲ မင်းလိုကောင်မျိုးက သရုပ်ဆောင် မဖြစ်နိုင်ဘူး၊ ပန်းကန်ဆေးတဲ့ ကောင်ပဲ ဖြစ်မှာလို့ အော်လိုက် ဟစ်လိုက်ပါတော့သတဲ့။ ဆစ်ဒနီဟာ ပန်းကန်ဆေးတဲ့ ကောင်မှန်း အဲဒီ့ ထုတ်လုပ်သူက မသိပါဘူး။ သို့ပေမယ့် သူ့ စကားက ဆစ်ဒနီ့ကို အကြီးအကျယ် အရှက်ရသွားစေခဲ့ပါတယ်။ ကျလုဆဲဆဲ မျက်ရည်တွေကို ထိန်းရင်း အဲဒီ့ ထုတ်လုပ်သူရဲ့ စကားကြောင့် တစ်နေ့ကျ ငါ သရုပ်ဆောင်တစ်ယောက် ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ သန္နိဋ္ဌာန်က သူ့ရင်မှာ ခိုင်မာ သွားပါတော့တယ်။


အဲဒီ့နောက် ခြောက်လလုံးလုံးအတွင်းမှာတော့ ဆစ်ဒနီဟာ ရေဒီယိုကို မပြတ် နားထောင်ပြီး သူ့ရဲ့ ပလုံးပထွေးနဲ့ ပြောတတ်တဲ့ ကျွန်းသား လေယူ လေသိမ်းကို ပြုပြင်နိုင်အောင် ကြိုးစားပါတော့တယ်။ မြန်မာ နားလည်အောင် ပြောရင်တော့ သူ စကားဝဲတာကို မဝဲတော့အောင် ရေဒီယို အသံလွှင့်ချက်တွေ နားထောင်ပြီး ကျင့်တော့တာပါ။

ခြောက်လလောက်ကြာတော့ သူ့ကိုယ်သူ အတော် ယုံကြည်လာတယ်။ ဒါနဲ့ သရုပ်ဆောင် သင်တန်းကျောင်းကို တက်ပါတော့တယ်။ အဲဒီ့ သင်တန်းကျောင်းအတွက် ကျောင်းလခကိုတော့ အဲဒီ့ကျောင်းမှာပဲ သန့်ရှင်းရေးသမားအဖြစ် အမှုထမ်းရင်း အဲဒီ့က ရတဲ့ လခနဲ့ ပြန်ချေရတာပါပဲ။ မကြာပါဘူး၊ ပြဇာတ်တစ်ပုဒ်မှာ မထင်မရှား အခန်းလေးတစ်ခန်းကနေ သူ စသရုပ်ဆောင်ရ ပါတယ်။ သို့ပေမယ့် စင်ပေါ်မှာ သူသရုပ်ဆောင်တာက အချိုးသိပ်မကျတော့ ပရိသတ်က ရယ်ကြပါတယ်။ မရယ်သင့်တဲ့ ပြကွက်မှာ ရယ်ကြတာ ဖြစ်ပေမယ့်လည်း ပရိသတ်ရဲ့ အာရုံကို တစ်နည်းတစ်ဖုံ ဖမ်းစားနိုင်ခဲ့တာလည်း အမှန်ပါပဲ။


အဲဒီ့ကနေ တဖြည်းဖြည်းနဲ့ သူဟာ ပြဇာတ်တွေမှာ နေရာရလာပါတော့တယ်။ ၁၉၅၀ပြည့်နှစ်မှာတော့ “ထွက်ပေါက်မရှိ”ဆိုတဲ့ ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခွင့် ရလာပါတော့တယ်။ အဲဒီ့ကမှ အားလုံးက ဝိုင်းနှိမ်နေတဲ့ကြား၊  လူမည်းများအတွက် အင်မတန်မှ ခက်ခဲလှတဲ့ အခြေအနေအတွင်းမှာ သူ့ရဲ့ ကြိုးစားမှု၊ မဆုတ်နစ်တဲ့ ဇွဲ၊ ပြင်းထန်တဲ့ စိတ်ဓာတ်များကြောင့် အမေရိကန် ဟောလီးဝု(ထ်)ရဲ့ ထိပ်တန်း သရုပ်ဆောင်နေရာ တစ်နေရာကို ရောက်လာခဲ့ပါတော့တယ်။

သည်နေရာမှာ မေးစရာတစ်ချက်ရှိတယ်။ အတန်းကျောင်းအနေနဲ့ နှစ်တန်းအထိသာ နေခွင့်ရခဲ့တဲ့ ဆစ်ဒနီဟာ ဘယ်လိုလုပ် ထိပ်တန်းနေရာကို ရလာသလဲဆိုတဲ့ မေးခွန်းပါ။ ဟုတ်ကဲ့… ဆစ်ဒနီဟာ စာကို စွဲစွဲလန်းလန်း ဖတ်သူတစ်ယောက်ပါ။ နှစ်တန်းအထိ နေခွင့်ရခဲ့တဲ့အတွက် သူဟာ စာတော့ ဖတ်တတ်တယ်။ စာဖတ်တတ်တဲ့အတွက် စာကို စွဲစွဲလန်းလန်း ဖတ်တယ်။ စာအုပ်တွေ၊ ပြဇာတ်တွေ၊ သတင်းစာတွေ၊ မဂ္ဂဇင်းတွေကို ပြင်းပြင်းထန်ထန် ဖတ်ပါတယ်။

ကနေ့ သူ့အသက် ၇၈နှစ်အထိလည်း တစ်နေ့ကို သတင်းစား ငါးစောင် အပါအဝင် အခြား စာများကို တအားဖတ်ဆဲပါပဲ။

အဲတော့ ပညာရေးအရ မရခဲ့ပေမယ့်လည်း ကိုယ်လိုချင်တဲ့ ပညာကို စာအုပ်တွေထဲမှာ၊ အင်တာနက်တွေထဲမှာ၊ စာနယ်ဇင်းတွေထဲမှာ ရှာလို့ရတယ် ဆိုတာကို ဆစ်ဒနီက သက်သေထူသွားခဲ့တာပါပဲ။ တကယ်တော့ အသိပညာဆိုတဲ့ နယ်ပယ်တစ်ရပ်ဟာ ကျွန်တော်တို့ လူသားအားလုံးကို ငံ့လင့် ကြိုဆိုနေတာပဲ မဟုတ်ပါလား။

၂၀ဝ၉ ဩဂုတ်လ ၂၅ရက်ထုတ် Kazan Today စာစောင်ထဲမှာ တွေ့ရတာလေးကို ဆီလျော်အောင် ပြန်ဆိုတင်ဆက်လိုက်တာပါ။

ကျွန်တော်ကိုယ်တိုင်သည်လည်း အဖေက လက်နှိပ်စက်စာရေးလေး၊ လူလားမြောက်ရတာက လောပိတဆိုတဲ့ ဟိုး ကယားပြည်နယ်ထဲက ရွာသိမ် ရွာငယ်လေးမှာ။ ဆစ်ဒနီ့လောက် မဆင်းရဲပေမယ့် မပြည့်စုံတဲ့ဘဝ၊ သိမ်ငယ်တဲ့ ဘဝမှာ နေခဲ့ရတာပါ။

အဲဒီ့ကနေ ကနေ့အခြေအနေ ရောက်လာအောင် ခါထုတ် နင်းတက်ခဲ့ရသူ မို့လားတော့ မသိဘူး၊ ဆစ်ဒနီ ပွိုင်တီယာဆိုတဲ့ လူမည်း သရုပ်ဆောင် အကျော်အမော်ရဲ့ ဘဝဇာတ်ကြောင်းလေးက ကျွန်တော့် ရင်ကို လာထိပါတယ်။

ကျွန်တော်တို့ ဖြတ်သန်းရတဲ့ ခေတ်ကလည်း ငါးတန်းကျမှ အင်္ဂလိပ်စာသင်တဲ့ ခေတ်ပါ။ အဘက်ဘက်က ချို့ချို့ငဲ့ငဲ့နေခဲ့ရပေမယ့် ကိုယ့်ဘဝကိုယ် တက်အောင် လုပ်မဟဲ့ဆိုတဲ့ ဇွဲနပဲနဲ့ ပြင်းထန်သော စိတ်များကြောင့် ကနေ့အခါမှာ ကျွန်တော်ဟာ ဆစ်ဒနီ့လို ကမ္ဘာကျော် ဖြစ်မလာသည့်တိုင် လူတစ်လုံး၊ သူတစ်လုံးတော့ ဖြစ်လာခဲ့ပါပြီ။ သည်အတွက် ကျွန်တော့်ကို ပျိုးထောင်ပေးခဲ့တဲ့ လက်ဦးဆရာ မိဘနှစ်ပါးအပါအဝင် အနန္တော၊ အနန္တ ငါးပါးရဲ့ ဂုဏ်ကျေးဇူးကလည်း ရှိပါတယ်။ ဆစ်ဒနီ့ကို သူ့မိဘတွေက ကျွန်းစုလေးကနေ အမေရိကန် ပြည်ထောင်စုထဲ တွန်းပို့ခဲ့ကြသလို ကျွန်တော့် မိဘတွေကလည်း ကျွန်တော့်ကို  ကယားပြည်နယ်ကနေ ရန်ကုန်အရောက် ခေါ်လာခဲ့ကြပါတယ်။


ကျောင်းပညာအရ ကျွန်တော်နဲ့ အလှမ်းဝေးခဲ့တာတွေ အားလုံးဟာ စာအုပ်တွေက ရခဲ့တာလည်း အမှန်ပါ။ စိတ်ပညာ၊ စီမံခန့်ခွဲရေးပညာ၊ ကျန်းမာရေး၊ မျိုးဆက်ပွား ကျန်းမာရေး စတာတွေနဲ့ ပတ်သက်တဲ့ စာတွေ တော်တော် များများ ရေးသား ထုတ်ဝေနိုင်ခဲ့တာဟာ အဲဒီ့အတွက် အခိုင်လုံဆုံး သက်သေပါပဲ။

သည်စာလေးကို ဖတ်ပြီး အားထုတ်ချင်သူ လူငယ်လေးများအတွက် စိတ်ကူး စိတ်သန်းကောင်းလေးများ တစ်စတစ်လေ ပေါ်လာမလားဆိုတဲ့ အတွေးနဲ့ ရေးထုတ်လိုက်ရပြန်တာကတော့ အထူးပြောစရာ လိုမယ်မထင်ပါဘူးခင်ဗျား။


အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၁၁၀၉၀၉)

——————————

(လာမယ့် တနင်္လာ (၂၈-၀၉-၀၉) မှာထွက်လာမယ့် “အတွေးသစ်ဂျာနယ်” အတွဲ ၁၀ အမှတ်စဉ် ၄၅၈ ရဲ့ စာမျက်နှာ ၁၀ မှာ ဖော်ပြထားတာလေးကို ပြန်လည်တင်ဆက်လိုက်တာပါ။)

WOW, I DID IT!!!

pic_4ကျွန်တော့်ရဲ့ အသံဖိုင်တင်လို့ရတဲ့ ဘလော့(ဂ်)မယ် ရန်ကုန်ဆစ်ထီး အက်(ဖှ်)အယ်(မ်)နဲ့ အိမ်သာဗျူးရဲ့ တတိယပိုင်းကို တင်ဆက်ထားပါတယ်။ Audio Player ထည့်တတ်သွားပြီမို့ connection ကောင်းတဲ့ အရပ်ဒေသမှ လူကြီးမင်းများ တိုက်ရိုက် နားဆင်နိုင်ကြပါပြီ ခင်ဗျား။

တစ်ဆက်တည်းမှာပဲ ကျွန်တော် အရင်က အဲဒီ့ ဘလော့(ဂ်)မှာ တင်ခဲ့တဲ့ အသံဖိုင်များဖြစ်တဲ့ ရှေ့က အိမ်သာဗျူး နှစ်ပိုင်းရယ်၊ ကျွန်တော့်အသံပြဲကြီးနဲ့ အားမနာလျှာမကျိုး ဆိုထားတဲ့ “ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ”တို့ရယ်ကိုလည်း တိုက်ရိုက်နားဆင်လိုက နားဆင်နိုင်ကြပါပြီ။

Interview with City FM (Part 2 of 4)

DSC03394ကြိုတင် အစီရင်ခံထားတဲ့အတိုင်း ရန်ကုန် ဆစ်ထီး အက်(ဖှ်)အယ်(မ်)ရဲ့ ခံစားသူအကြိုက် Popular’s Choice အစီအစဉ်မှာ ကျွန်တော်နဲ့ ပြောခဲ့ဆိုခဲ့သမျှလေးရဲ့ ဒုတိယပိုင်းကို ကျွန်တော့်ရဲ့ နောက် ဘလော့(ဂ်) တစ်ခုမှာ ဆက်လက် တင်ဆက်ထားပါတယ်။ File Size က 18MB လောက် ရှိပါလိမ့်မယ်။ Post မှာ Audio Player မထည့်တတ်တဲ့အတွက် file အနေနဲ့သာ တင်ဆက်လိုက်နိုင်တာကို နားလည် သည်းခံပေးပြီး အဲဒီ့မှာ ပေးထားတဲ့ link ကလေးမှတစ်ဆင့် download လုပ်ပြီးတော့သာ နားဆင်တော်မူကြပါမယ့်အကြောင်း တောင်းပန်အပ်ပါတယ်ခင်ဗျား။

သည်အစီအစဉ်ပထမပိုင်း (ယခု Par 1 နဲ့ 2 အတွဲ)ကို ၂၀၀၈ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့နဲ့ ၁၈ ရက်နေ့များမှာ ရန်ကုန် ဆစ်ထီး အက်(ဖှ်)အယ်(မ်) ရေဒီယို အစီအစဉ်က အသံလွှင့်ခဲ့တာဖြစ်ပါတယ်။

Interview with City FM (Part 1 of 4)

DSC03397Yangon City FM Radio ရဲ့ Popular’s  Choice အစီအစဉ်မှာ ပြောခဲ့ဆိုခဲ့သမျှကို သည် ဘလော့(ဂ်)မှာ ရှေးသရောအခါက စာသားများအဖြစ် တင်ဆက်ခဲ့ပြီးပါပြီ။ အသံအနေနဲ့တော့ သည် ဘလော့(ဂ်)မှာ တင်လို့ မရလို့ မတင်ဖြစ်ခဲ့ပါဘူး။ အခုတော့ ကျွန်တော့်ရဲ့ နောက် ဘလော့(ဂ်)တစ်ခုဖြစ်တဲ့ http://lettwebaw.mylovecafe.com/ မှာ အသံဖိုင် တင်နိုင်သွားပြီမို့ အဲဒီ့ အိမ်သာဗျူးရဲ့ ပထမပိုင်းကို တင်ဆက်ထားပါတယ်။ သွားရောက် download လုပ်ကာ နားဆင်တော်မူ(လိုက) မူနိုင်ကြကြောင်းပါခင်ဗျား။

Heated Discussion

Mexico White Tigersကျွန်တော့်ရဲ့ “ကြိတ်မနိုင် ခဲမရ” (On Contemporary Burmese Literature) ဆိုတဲ့ ပို့(စ်)မှာ ကျွန်တော့်ထက် ဘလော့ဂါ ၀ါရင့်သူ ဆရာမ မေဓာဝီက comment ရေးပြီးမှ ပြန်ဖျက်ပစ်ခဲ့တယ်၊ ကျွန်တော့် email ကိုလည်း တောင်းခဲ့ပါတယ်။ ဆရာမကို ကျွန်တော် မေး(လ်)ပို့ခဲ့တယ်။ ဖျက်လိုက်တဲ့ comment ကိုလည်း နှမျောမိတဲ့အကြောင်း ရေးလိုက်မိသွားတယ်။ သည်အခါ ဆရာမဆီကနေ ကျွန်တော့်ဆီကို မေး(လ်) ပြန်ဝင်လာတယ်။ ဆရာမပြောတဲ့ အကြောင်းအရာတွေက စိတ်ဝင်စားဖို့ ကောင်းနေပေမယ့် ဆရာမက ဘလော့(ဂ်)မှာ မတင်စေချင်ဘူး။ ကျွန်တော်လည်း ဆရာမ ပြောတာကို ပြန်ဆွေးနွေးပြီး မေး(လ်)ပို့ရင်း ဘလော့(ဂ်)မှာ တင်ချင်တဲ့အကြောင်း ထပ်ပြောမိတယ်။ နောက်ဆုံးမှာ ဆရာမက ခွင့်ပြုလာတာမို့ ကျွန်တော်တို့ချင်းကြားက အပြန်အလှန် ဆွေးနွေးချက်တွေကို တင်လိုက်ပါတယ်။

ဘယ်သူနဲ့မှ ပြဿနာ ဖြစ်ချင်လို့ မဟုတ်ပါဘူး။ ဆွေးနွေးအပ်တဲ့ အကြောင်းအရာတစ်ခုကို အခြေအတင် ဆွေးနွေးငြင်းခုန်ကြရင်း အဖြေကို ၀ိုင်းရှာကြစေချင်လို့ပါ။

အခု ပို့(စ်)ကို ဖတ်ဖြစ်သွားကြသူများ အားလုံးလည်း အားတက်သရော ၀ိုင်းဝန်းဆွေးနွေးကြစေချင်တာကတော့ အဓိက ရည်ရွယ်ရင်းပါပဲ။

ကဲ… ဆရာမ မေဓာဝီရဲ့ comment ပါ email ကို အရင်ဆုံး ဖတ်ကြည့်တော်မူကြပါခင်ဗျား။

< လွတ်လပ်စွာ သဘောထားကွဲလွဲပြီး ပျော်ရွှင်စွာ ဆွေးနွေးငြင်းခုန်ရတဲ့ အရသာကို  ခံစားဖြစ်အောင် ခံစားကြည့်လိုက်ကြစမ်းပါလားခင်ဗျာ >


From:     May Darwii

To:          ATK

Date:      Wed, Sep 23, 2009 at 2:22 AM

subject:  Deleted Long Comment

မြန်မာစာပေကို အင်္ဂလိပ်လို ရေးဖို့ ကိစ္စ ကျမလည်း စဉ်းစားမိဖူးတယ်။

အရင်တုန်းက ဆရာတချို့ ရေးခဲ့ကြဖူးတယ် ထင်တယ်။ ကျမ မှတ်မိသလောက် ဦးနုရေးတယ်၊ ဒေါ်ခင်မျိုးချစ် ရေးတယ်၊  အခုခေတ်မှာ မြန်မာတွေရဲ့ အင်္ဂလိပ်စာ အဆင့်အတန်း နိမ့်သွားလို့များ မရေးကြတော့သလားလို့ တွေးမိဖူးပါတယ်။ စာပေတွင်မကဘူး ဂီတ (သီချင်း) ကိုပါ အင်္ဂလိပ်လို ဆိုစေချင်တဲ့ ဆန္ဒဖြစ်မိတယ်။ နိုင်ငံတကာ အဆင့်မီလို မီငြားပေါ့ ဆရာရေ။ မဟုတ်ရင် ကိုယ့်တိုင်းပြည်က အနုပညာတွေဟာ ၀ါးလုံးခေါင်းလေးထဲမှာ ကွက်ကွက်ကလေး သာနေတဲ့ လလို ဖြစ်နေသလားလို့ပါ။

အင်္ဂလိပ်စာက မိခင်ဘာသာစကားလည်း မဟုတ်၊ ရုံးသုံးလည်း မဟုတ်တော့ အင်္ဂလိပ်လို မရေးနိုင်တာ ခဏထား၊ မြန်မာစာကို မြန်မာလို ကျကျနန အဆင့်မြင့်မြင့် ရေးနိုင်ဖို့ကို အရင် တွေးကြည့်မိပြန်တယ်။  ကျမတို့ တိုင်းပြည်က မြန်မာစာသည် ဒို့စာ … စသဖြင့် ကြွေးကြော်နေပေမဲ့လို့ မြန်မာစာ မြန်မာစကားကိုလည်း ဟုတ်ဟုတ်ငြားငြား လေ့လာပြီး နားလည်တဲ့သူက အရှားသား။ အဲဒီလို ကြွေးကြော်သလို လက်တွေ့ ကိုယ့်စာကို ချစ်ပြီး ကိုယ့်စာ တန်ဖိုးကို မြှင့်တင်ကြမယ်ဆိုရင်တော့ ကောင်းပါရဲ့ ဆရာ။ ခုဟာက နာမည်ရ ဆရာ/မ တချို့တောင် မြန်မာ စကားပြေကို သဒ္ဒါမှန်မှန် အသုံးအနှုန်းမှန်မှန် ပြေပြစ်အောင် မရေးကြတော့ဘဲ မဟုတ်လား။

၁၉၉၀ကျော် ကာလတွေတုန်းက ၀တ္ထုတို ရွှေခေတ်ဆိုပြီး ကြွေးကြော်သံတွေ ကြားခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ ၀တ္ထုကို အသားပေးတဲ့ မဂ္ဂဇင်းတွေလည်း များတာကိုး။ ကလောင်သစ်တွေ တင်ပေးတဲ့ မဂ္ဂဇင်းတွေလည်း ရှိတယ်။ နောက်ပိုင်းတော့ မဂ္ဂဇင်းဆို လေးရောင်ခြယ် ကြော်ငြာတွေနဲ့ ထူနေတဲ့ အထူထုတ် မဂ္ဂဇင်းမျိုးလောက်သာ ဈေးကွက်မှာ နေရာရပြီး ၀တ္ထုကို အသားပေးတဲ့ မဂ္ဂဇင်းမျိုးက ရောင်းတမ်း မ၀င်သလို ဖြစ်နေတော့ မြန်မာဝတ္ထု ရေးတဲ့သူတွေလည်း အားလျော့ပြီး မရေးကြတော့တာများလား စဉ်းစားမိပါတယ်။ ၀တ္ထုရှည်မှာ အောင်မြင်တဲ့သူတွေလည်း မဂ္ဂဇင်း ၀တ္ထုတိုတွေနဲ့ စရတာပဲမို့ ၀တ္ထုတို အထွက် နည်းရင် ၀တ္ထုရှည်လည်း အထွက်နည်းမယ်လို့ ထင်တာပဲ။

နောက်တခုက စာမူခ။

(ဆရာ) သော်တာဆွေ့ စာထဲမှာ ၁၉၅၀ ၀န်းကျင်လောက်တုန်းက သူရေးတဲ့ ၀တ္ထုအတွက် စာမူခ ၅၀၀ – ၆၀၀ လောက် ရတယ်လို့ ဖတ်ခဲ့ဖူးတယ်။ အဲဒီခေတ်က ၀တ္ထုတပုဒ် ရေးရင် တလလောက် ထိုင်စားနိုင်တယ်။

၁၉၈၉ မှာ ကျမရဲ့ ပထမဆုံး ၀တ္ထုတိုလေး အတွက် စာမူခ ၁၅၀ ကျပ် ရပါတယ်။ ကလောင်သစ်မို့ အဲဒီလောက်ပဲ ပေးတာလို့ ထင်ပေမဲ့ ကလောင် ၀ါရင့်ကြီးတွေကိုလည်း အဲဒီအချိန်က ၅၀၀ ထက်ပိုပေးတဲ့ မဂ္ဂဇင်း မရှိပါဘူး။ မှတ်မှတ်ရရ စားဖျော်က ထုတ်တဲ့ ရွှေဝတ်မှုန် မဂ္ဂဇင်းက ၃၀၀ ပေးလို့ တော်တော်လေး ၀မ်းသာခဲ့ရဖူးတယ်။ သက္ကရာဇ် ၂၀၀၀ ကျော်ကျော် ကာလတွေမှာတော့ စာမူခက ၁၅၀၀၊ ၂၀၀၀ လောက် ဖြစ်သွားပြီလို့ မှတ်မိနေပါတယ်။

စာမူခသည်လည်း စာပေဖန်တီးမှုကို တနည်းတဖုံ အကျိုးသက်ရောက်မှု ရှိတယ် မဟုတ်လား ဆရာ။ စာပေနဲ့သာ အသက်မွေးသူတယောက်ဟာ အရင်ခေတ်က တလကို ၃-၄ ပုဒ် စိတ်ကြိုက် ဆန်ခါတင် ရေးပြီး ထိုင်စားနိုင်ပေမဲ့ ခုခေတ်မှာတော့ အဲဒီလောက်နဲ့ အဆင်မပြေနိုင်တော့ဘူး။ ဒီတော့ များများ ရေးရမယ်၊ များများရေးတော့… quantity များသလို quality ကောင်းရင်တော့ အကြောင်းမဟုတ်ဘူးပေါ့ ဆရာ။

လူနားလည်အောင် ရေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆရာပြောတာကို ထောက်ခံပါတယ်။ စကားပြေဆိုတာ ပြေပြစ် ချောမွေ့နေရမယ်။ လူတိုင်း နားလည်စေရမယ်လို့ သဘောပေါက်ပါတယ်။

ယေဘုယျ ပြောရင်တော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကထက် အခုအနေအထားက တက်မလာသေးပါဘူး။ ဒါပေမဲ့လည်း ဘာသာပြန်ရလောက်အောင် အဆင့်မမီတာ လုံးဝမရှိဘူးတော့လဲ မဟုတ်ဘူး ထင်ပါတယ်ဆရာ။

နောက်ပြီး … အခု ဒီဘက်နှစ်တွေမှာ ၀မ်းသာစရာ ကောင်းတာက ဘလော့တွေပေါ်လာတော့ လူငယ် လူရွယ် တော်တော်များများ စာရေး စာဖတ်ကို အရင်ထက်ပိုပြီး အာသန်လာကြတာ တွေ့ရတယ်။ ကိုယ့် အသိုင်းအ၀ိုင်းလေးထဲမှာ အချင်းချင်း အားပေးရင်းပဲဖြစ်ဖြစ် သူ့စာ ကိုယ့်စာ ဖတ်ကြပြုကြရင်း … မြန်မာစာကို စိတ်ဝင်စားလာကြတာ အားရစရာပဲ။

ဘလော့တွေကို ဆရာ လေ့လာကြည့်ပါ။ စာပေလောကမှာ နာမည်ရှိပြီးသားသူတွေ ရေးတဲ့ ဘလော့တွေကတော့ ပြောစရာ မရှိဘူးပေါ့လေ … တချို့ ၀ါသနာရှင်တွေ ရေးတာ မချီးကျူးဘဲ မနေနိုင်အောင် တော်တော်လေး ကောင်းပါတယ်။

နောက်တခုက ဆရာ ရေးထားတဲ့အတိုင်း နိုင်ငံခြားသား တယောက်ကို ၀ိုင်းပြီး တရားလွန် တရားမင်း ဂါရ၀ ပြုနေကြတာတော့ မကောင်းပါဘူး။ ဒီနေရာမှာ … ကျမကြားဖူးတာလေး တခုပြောပါရစေဦး။ ကျောင်းသားမိဘ တယောက် ပြန်ပြောပြတာပါ။ နွေရာသီ (***) ကျောင်းမှာ ကျောင်းတက်ပြီး အစိုးရကျောင်းလည်း ပုံမှန် တက်နေတဲ့ ကလေးတယောက်က (***) က နိုင်ငံခြားသား ဆရာမရှေ့က အဖြတ် ခါးလေးညွှတ် ခေါင်းလေး ငုံ့သွားတော့ အဲဒီဆရာမက ပြန်ခေါ်ပြီး လူအချင်းချင်း ဦးညွှတ်စရာမလိုဘူး မတ်မတ် လျှောက်ပြီး ပြန်ဖြတ်ပါလို့ ပြောသတဲ့။

ပြောပြသူက သူကိုယ်တိုင် မြင်ခဲ့ ကြားခဲ့ရတာပါ။ သူက အဲဒီလိုသာဆို မြန်မာ့ယဉ်ကျေးမှုတွေ လူ့ကျင့်ဝတ် နီတိတွေ ပျောက်ကုန်တော့မှာ စိုးရိမ်သတဲ့၊ အဲဒီကျောင်းမှာလည်း သူ့ကလေးကို မထားလိုတော့ဘူးလို့ ဆိုပါတယ်။

ဆိုတော့… ဆရာရယ်… မြန်မာတွေရဲ့ ယဉ်ကျေးမှုနဲ့ ကျင့်ဝတ်တွေဟာ ဗုဒ္ဓဘာသာကို အခြေခံထားတာ မဟုတ်လား။ ဂါရဝေါစ နိဝါတောစ မင်္ဂလာကိုတော့ မပျောက်စေချင်ပါဘူး။ ကျမအခု အနောက်နိုင်ငံမှာ စာသင်နေတော့ ကျောင်းသားတွေက ဆရာကို မလေးစားကြတာတွေ အများကြီးတွေ့ရတယ်။ အဲဒီလိုတွေ မြင်ရရင် ဆရာဂိုဏ်းသင့်မှာ သူတို့ကိုယ်စား စိုးရိမ်မိပါတယ်။ ဆရာပြောသလို တအား လွန်လွန်ကဲကဲ လုပ်တာမျိုးကတော့ မဖြစ်သင့်ပါဘူး၊ ဂါရ၀တရားကနေ ဖားတဲ့ အဆင့် ဖြစ်သွားတာကိုး။

ဒီလိုပဲ မြန်မာစာပေမှာလည်း သိမ်သိမ်ငယ်ငယ် ရေးတာမျိုးမဟုတ်ဘဲ ဆင်းရဲတဲ့ ကျေးလက် ဒေသအကြောင်းလေးတွေပဲ ဖြစ်ဖြစ် ဖတ်ချင်စဖွယ် ရေးရင် ဘာသာပြန်လို့ အဆင်ပြေမယ် (အဆင့်မီမယ်) ထင်တာပါပဲ။ ဥပမာ ဆရာမ ခင်ခင်ထူးတို့လို့ ဆရာနေ၀င်းမြင့်တို့လိုပေါ့။ ချစ်ရာ မြတ်နိုးစရာ ကိုယ့်ယဉ်ကျေးမှုအကြောင်းလည်း နိုင်ငံတကာက သိစေချင်တယ်။ ဒါကြောင့် ကျမ သဘောကတော့ နိုင်ငံတကာစိတ် နိုင်ငံတကာ အတွေးအမြင်ကို တမင် လုပ်ယူမနေဘဲ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဒေသ ကိုယ့်နိုင်ငံ ကိုယ့်ပတ်ဝန်းကျင်က အဖြစ်အပျက် အမှန်တွေကို ရိုးရိုးသားသား ရေးရင် အဲဒီစာဟာ အဆင့်မီတဲ့ စာတပုဒ် ဖြစ်မယ် ထင်ပါတယ်။ ပြီးတော့ ၀တ္ထုရေးဆရာဟာ တက်ကျမ်းဆရာ မဟုတ်တဲ့အတွက် အောင်မြင်အောင် ကြီးပွား ချမ်းသာအောင် ဘယ်သို့ဘယ်ပုံ နေပါထိုင်ပါ ဆိုတာ သိသိသာသာ (အတုံးလိုက် အတစ်လိုက်) ရေးဖို့မလိုပါဘူး။ သူ့ ၀တ္ထုအလိုက် ဇာတ်ကောင်စရိုက် အမျိုးမျိုးကို ဖန်တီးပြီး ပြောချင်တာကို ခပ်ပါးပါး သရုပ်ဖော်သွားမယ်ဆိုရင် အဆင်ပြေမယ်လို့ ထင်ပါတယ်။

တော်တော်လည်း ရှည်သွားပြီ ဆရာရေ … ။ ဒီမှာတွင် ရပ်လိုက်ပါတော့မယ်။ ဆရာဖတ်ဖို့သာ ပို့ပေးရကြောင်းပါ။ ဖတ်ပေးတာကို ကျေးဇူးတင်ပါတယ်ရှင်။

လေးစားစွာဖြင့်

မေဓာဝီ

အဲဒီ့ မေး(လ်)ကို ကျွန်တော် ပြန်ကြားခဲ့တာကတော့ သည်လိုပါ။

From:     ATK

To:          May Darwii

Date:      Wed, Sep 23, 2009 at 2:05 PM

subject:  Ref: Deleted Long Comment

အန်တီမေ

အန်တီမေ့ comment တွေမှာ စာပေနဲ့ ပတ်သက်လို့ ၀ိဝါဒကွဲစရာ မရှိပါဘူး။ ကျွန်တော် ဆွေးနွေးချင်တာက ကျောင်းသား မိဘတစ်ယောက် ပြန်ပြောပြတယ်ဆိုတဲ့ ကိစ္စလေးပါ။

လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော့်ကို ပစ္ဆိမာရုံစာသင်တိုက်မှာ ဖွင့်ထားတဲ့ အခမဲ့ ပညာဒါနသင်တန်းကနေ ဒုတိယအကြိမ် ခေါ်ပြီး ဟောပြောဖို့ ကမ်းလှမ်းလာပါတယ်။ ဘယ်သူတွေကို ဟောရမှာလဲဆိုတော့ ၁၀ တန်းအောက် ကလေးတွေတဲ့။ နွေရာသီ “ယဉ်ကျေးလိမ္မာ”သင်တန်းသားတွေတဲ့ကျွန်တော် ချက်ချင်းပဲ “မယဉ်ကျေးကြပါနဲ့၊ မလိမ္မာကြပါနဲ့”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောရင် ရမလားလို့ မေးလိုက်မိတယ်။ လာဖိတ်တဲ့သူ လန့်သွားတယ်။ ကျွန်တော် ရှင်းပြလိုက်တော့ ဆရာရယ် တစ်ခုပဲ လုပ်ပါ၊ “မလိမ္မာကြပါနဲ့”လောက်ဆိုရင် မရဘူးလားလို့ ဈေးဆစ်တော့ ကျွန်တော် လျှော့ပေးလိုက်တယ်။ တကယ်လည်း အဲဒီ့ ခေါင်းစဉ်နဲ့ ဟောခဲ့ပါတယ်။

အန်တီမေ မျက်လုံး ပြူးနေပြီထင်တယ်။

ဟုတ်တယ် အန်တီမေ။ ကျွန်တော်တို့ ကလေးတွေကို “ဟန်တွေ၊” “အမူအရာတွေ” သင်ပေးနေတယ်လို့ ကျွန်တော် ခံစားနေရတာ ကြာပြီဗျ။ အင်မတန် ပျပ်ဝပ် ရိုသေတဲ့ ဟန်တွေနဲ့ ကိုယ်အမူအရာတွေပဲ သင်ပေးနေကြတာ။ ရှေ့တင်မှာ အထက်အရာရှိကို တအား ပျပ်ဝပ် ရိုကျိုးပြနေပြီး ကွယ်ရာကနေ “နွားကြီး”လို့ ခေါ်တာ ကျွန်တော် နားနဲ့ ဆတ်ဆတ် ကြားဖူးတဲ့အကြောင်း စာတစ်ပုဒ်တောင် ရေးဖူးသေးတယ်။ မိဘကိုလည်း ရှေ့တင် တအား ရိုသေပြပြီး ဘိန်းစွဲနေတဲ့ အသက် ၃၈နှစ်အရွယ် သားတစ်ယောက်ရဲ့ မိသားစုကလည်း ကျွန်တော့် ပတ်ဝန်းကျင်မှာ ရှိနေတယ်။ သူတို့ မိသားစုလောက် ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေးဖွယ်ရာတာ ရှိမယ်တောင် မထင်ဘူး။ သို့သော် မိသားတစ်စုလုံးဟာ ပျက်ချင်တိုင်း ပျက်နေကြတာလည်း အမှန်ပဲ။

အဖြေကို ရှာကြည့်တဲ့အခါ ကျွန်တော်တို့ အာရှသားတွေမှာ ပျောက်ဆုံးနေတဲ့ အရာတစ်ခုကို သွားတွေ့တယ်။ အဲဒါက “လေးစားမှု”ပဲ။ ရိုသေတာကို သင်ရင် အသက်အရွယ်၊ ဂုဏ်၊ ပညာ ကြီးသူကို ရိုသေရမယ်ဆိုတဲ့ “သညာသိ”ကို ရသွားစေတယ်။ လေးစားမှုကျတော့ ပုဂ္ဂိုလ်၊ သတ္တ၀ါ ဆင်းရဲ ချမ်းသာ မရွေးတော့ဘူး။ ကျွန်တော်တို့ ခမျာများမှာက ရိုသေတာကိုချည်း ဖိအသင်ခံထားရတော့ လေးစားမှုက ဘယ်ဆီနေမှန်း မသိဘူး။ ဆိုရိုးကလည်း အလွဲ၊ (ဘယ်သူမှလည်း အဲဒီ့ ဆိုရိုးကို တခုတ်တရ ထုတ်မသုံးကြပါဘူးလေ) ဘာတဲ့… “ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား”တဲ့။ လွဲချက်က ကမ်းကုန်ပဲ။

အမှန်က သနားစရာမလိုသလို ရိုသေစရာ မလိုဘူးလို့လည်း ကျွန်တော်တော့ ခံယူတယ်။ လေးစားမှုလေးပဲ အဓိကကျတာပါ။ ကျွန်တော်တို့မှာက ထစ်ခနဲရှိ၊ ကုသိုလ်၊ အကုသိုလ်၊ ဂိုဏ်းသင့်မယ်ဆိုတဲ့ ခြောက်လုံးများနဲ့ ပိတ်လှောင်ခံထားရတော့ အားလုံး လွဲနေတယ်။ ကျွန်တော့် သားငယ် သမီးငယ်များ ပဲ့ပြင်ထိန်းကျောင်းခြင်း အနုပညာ စာအုပ်ထဲမှာ ပါပါတယ်။ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ သံပေါက်ပါ။ “မည်သူ့ကိုမျှ မညှာကြနဲ့၊ မိဘ ဆရာ ဆိုစေကာလည်း၊ သူဟာ ဗာလ၊ ပဏ္ဍိတဟု၊ ကျနစင်စစ်၊ တွေ့တိုင်းစစ်၊ စနစ်ကျစေကွဲ့”တဲ့။ မိဘဆိုပေမယ့် လမ်းလွဲနေတဲ့ မိဘတွေ အများကြီးပါ၊ (ဥပမာ ဆရာသာဓုရဲ့ မိခင်ကြီးပေါ့။ ဒါမှမဟုတ် ကျွန်တော့်အဖေပေါ့။ သည့်ထက်ပြောရင်တော့ သုဒ္ဒောဒန မင်းကြီးပေါ့။) မိဘဖြစ်တိုင်း အရာခပ်သိမ်း မှန်နေမှာ မဟုတ်သလို ဆရာဖြစ်တိုင်းလည်း အလုံးစုံကို ထိုးထွင်း သိမြင်နေသူ မဖြစ်နိုင်လောက်ဘူးဆိုတာတော့ အန်တီမေလည်း လက်ခံမှာပါ။

သည်လိုဆိုတဲ့အတွက် မိဘ ဆရာကို ကဏ္ဍကောစ လုပ်ရမယ်လို့ ပြောတာ မဟုတ်ဘူးနော်။ သို့သော် ရိုသေမှုကို လျှော့ချပြီး လေးစားမှုကို ရှေ့တန်း တင်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဆက်ဆံရေးတွေ အများကြီး တိုးတက်လာတာကို ကျွန်တော် ကိုယ်တွေ့ သိထားပါတယ်။

ဥပမာပြောမယ် အန်တီမေရယ်။ ကျွန်တော်တို့ လင်မယား (မိဘနှစ်ပါး)က ကြမ်းပေါ်မှာ ဖျာခင်းပြီး လဲလျောင်းကာ ရုပ်မြင်သံကြား ကြည့်နေတယ်။ ကျွန်တော်တို့ ခေါင်းရင်း တစ်ပေ မရှိတဲ့ အကွာအဝေးက ဆက်တီပေါ်မှာ သမီးက ထိုင်ပြီး တယ်လီဖုန်း ပြောနေတယ်။ ကျွန်တော်တို့ရဲ့ ညာဘက် ဆက်တီရှည်ပေါ်မှာ သားက လှဲပြီး စာအုပ် ဖတ်နေတယ်။ ဒါ ကျွန်တော့်အိမ်မှာ ဖြစ်နေကျပါ။ မြန်မာ့ အရိုးစွဲ မျက်စိနဲ့ ကြည့်ရင်တော့ အချိုးက တစ်စက်မှ ကျမှာ မဟုတ်ဘူး။ သို့သော် ကျွန်တော်တို့ မိသားစုရဲ့ ချစ်ခင်ရင်းနှီးမှု၊ နွေးထွေးမှုကတော့ အဲဒါကြောင့် ပျက်မသွားသလို ကျွန်တော့် သားနဲ့ သမီးဟာလည်း ကျွန်တော်တို့အပေါ်မှာ တစ်ခါဖူးမျှ စော်စော်ကားကား မပြုမူဖူးတဲ့အပြင် မိဘကို ဒုက္ခပေးတဲ့ သားသမီးစာရင်းထဲမှာလည်း ဘယ်တုန်းကမှ မပါခဲ့ဖူးဘူး။ အပြင်လူတွေနဲ့ ဆက်ဆံရာမှာလည်း ထိုက်သင့်တဲ့ သိမ်မွေ့မှုလေးတွေ ရှိနေကြပါတယ်။ သိုးဆောင်းစကားနဲ့ ပြောရင် courteous ဖြစ်ကြပါတယ်ပေါ့ဗျာ။

အဲလောက်ဆိုရင် ကျွန်တော် ကျေနပ်တယ်။ Horizontal relationship လို့ ကျွန်တော် သတ်မှတ်တယ်။ ကျွန်တော်တို့ရဲ့ ရိုသေမှုနဲ့ နီတိတွေကကျတော့ vertical relationship ကို အကူအပံ့ ဖြစ်နေစေတယ်။ အားပေးနေတယ်။ အဲဒီ့ vertical relationship ကြောင့် ကျွန်တော်တို့ ကနေ့ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အထွေထွေ ဒုက္ခဆင်းရဲများ ပေါ်ပေါက်နေတာပါ။ Transparency နဲ့ sincerity (or honesty) ကို ဖျက်နေ၊ မှောင့်နေတာက အဲဒီ့ vertical relationship ပဲ။

ကျွန်တော် နှစ်ပေါင်း ၂၀ကျော် စာသင်စားခဲ့ပါတယ်။ ကျွန်တော့် တပည့်တွေနဲ့ ကျွန်တော့်ကြားမှာလည်းပဲ ဘေးတိုက် ဆက်ဆံရေးကိုပဲ တစ်သမတ်တည်း ထူထောင်ထားခဲ့ပါတယ်။ အရိုသေ တန်စေတယ်လို့ တချို့က တွေးရင် တွေးမှာပေါ့။ သို့သော် ကျွန်တော့်ကို ထိပ်ပုတ် ခေါင်းပုတ် လုပ်တဲ့ တပည့်ရယ်လို့ တစ်ယောက်မှာ မပေါ်ခဲ့ပါဘူး။ သို့သော် တာရှည်ခံတဲ့ ချစ်ခင်ရင်းနှီးမှုကို ယနေ့ထက်တိုင် ရနေတာလည်း အမှန်ပါပဲ။

အဲတော့ဗျာ၊ ရှည်နေတဲ့ ကျွန်တော့်လေကို ခြုံ့ရမယ်ဆိုရင် ကျွန်တော်က ရိုသေတာကို ပယ်ဖျက်ပြီး အဲဒီ့နေရာမှာ လေးစားမှုကို အစားထိုးချင်ပါတယ်။ အနောက်နိုင်ငံက ကျောင်းသားတွေ ဆရာကို မရိုသေကြဘူးဆိုတာ ကျွန်တော် သိတယ်။ သို့သော် မလေးစားဘူးလို့တော့ ကျွန်တော် မပြောရဲဘူးနော်။ သူတို့စရိုက်က ဟန်ပြစရိုက်မဟုတ်ဘူး။ အနှစ်ပါတဲ့၊ ပွင့်လင်းတဲ့ စရိုက်ပါ။ ကျွန်တော်လည်း အနောက်နိုင်ငံသားတွေနဲ့ တစ်ပတ်မှာ ငါးရက်နှုန်းနဲ့ ၁၅နှစ်ကျော် ဆက်ဆံခဲ့ပါတယ်။ အနောက်နိုင်ငံသားတွေ ပို့ချတဲ့ သင်တန်း အထွေထွေကိုလည်း တက်ခဲ့ဖူးပါတယ်။ သူတို့သည် ကိုယ်အမူအရာအားဖြင့် ကျွန်တော်တို့ မျက်စိထဲမှာ ထော်လော်ကန့်လန့် ဖြစ်ချင်ဖြစ်နေလိမ့်မယ်၊ သို့သော် သူတို့ရဲ့ ဆက်ဆံရေးတွေမှာ ကျွန်တော်တို့ရဲ့ အထက်-အောက် ဆက်ဆံရေးထက် အဆင်ပြေ ချောမွေ့နေတာလည်း အမှန်ပဲ။

၂၀၀၃ခုနှစ်က ရန်ကုန် တက္ကသိုလ်မှာ ကျွန်တော် အသုံးချ စိတ်ပညာ သွားတက်တယ်။ သင်တဲ့ ဆရာမကြီးတွေက တကယ့် ဟိုးခေတ်က ဆရာမကြီးတွေ။ အတန်းထဲမှာ ကျွန်တော် ထိုင်ရာမထ စာမေးတယ်။ မေးချင်ရင် မတ်တတ် ထပြီး စာမေးရတယ်ဆိုတဲ့ အသိကို အတန်းဖော်တွေရဲ့ ရင်ထဲမှာ ပျောက်သွား စေချင်လို့။ သုံးလလောက် ကြာတော့ ကျွန်တော့်လိုပဲ စာမေးတဲ့သူတွေ အတန်းထဲမှာ များလာတယ်။ နောက်ပိုင်း အသုတ်တွေမှာ ကျွန်တော်တို့ အတန်းရဲ့ သင်ခန်းစာအပေါ် စိတ်ဝင်စားမှု၊ အမေးအမြန်း ထူမှုကို နမူနာယူထိုက်တဲ့အကြောင်း ဆရာမကြီးတွေ ကိုယ်တိုင်က တဖွဖွ ပြောကြတာကို ကျွန်တော်တို့ ပြန်ကြားရပါတယ်။ ကျွန်တော်က တစ်လမ်းသွား သင်ယူမှုကိုမှ မလိုချင်တာကိုး။ သင်ယူမှုသည် နှစ်လမ်းသွားဆိုတာ လက်တွေ့ ချပြခဲ့တာပါ။

အဲဒါနဲ့ပဲ ဆရာတွေကို မရိုသေဘူး၊ ဂိုဏ်းသင့်မယ်ဆိုလည်း ကျွန်တော်တော့ ပျော်ပျော်ကြီး အသင့်ခံလိုက်ပါ့မယ် အန်တီမေ။

ကျွန်တော် ပြောချင်တာ အန်တီမေ မြင်ပြီလား မသိဘူး။ အန်တီမေ ပြောတဲ့ ဗုဒ္ဓဘာသာကို အခြေခံထားတာ မဟုတ်လားဆိုတာကိုလည်း သိပ်တော့ ဘ၀င်မကျဘူး။ ကျွန်တော်တို့ ဗုဒ္ဓဘာသာက အင်မတန်လွတ်လပ်တဲ့ဘာသာ။ ငါဘုရားကို ရှိခိုးနေရုံနှင့် မပြီးဆိုတဲ့ ဘာသာဖြစ်တဲ့အပြင် ဘုရားရှင် ကိုယ်တော်တိုင်က သူ ပြောတိုင်း လက်မခံပါနဲ့၊ အစဉ်အဆက် ရှိတိုင်းလည်း လက်မခံပါနဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ ချင့်ချိန်ပြီးမှ လက်ခံပါလို့ မိန့်ကြားခဲ့တဲ့ ဘာသာပါ အန်တီမေ။ သည်လို မိန့်ကြားချက်မျိုး ဘယ်ဘာသာမှာမှ မရှိပါဘူး။ အဲတော့ဗျာ ဂါရ၀အစား ဘာသာပြန်ရ ခက်တဲ့ courtesy က ပိုပြီး သင့်မယ်လို့ ကျွန်တော် ထင်တယ်။ ရိုသေမှုအစား လေးစားမှုကို ရှေ့တန်း တင်သင့်တယ်လို့လည်း ကျွန်တော် ယုံပါတယ်။

နောက်ဆုံး တစ်ချက်ကတော့ ဆရာနေ၀င်းမြင့်တို့ မောင်နှံကိစ္စပါ။ သူတို့ စာရေး ကောင်းလှတာကို ငြင်းစရာ မရှိပါဘူး။ ကျေးလက်နံ့လေးတွေ သင်းပျံ့နေတဲ့ အဖွဲ့အနွဲ့လေးတွေလည်း သိပ်ကောင်းကြတာ လက်ခံပါတယ်။ သို့ပေမယ့် နိုင်ငံတကာ တန်းဝင် ၀တ္ထုတိုအနည်းအပါးကိုတော့ ဆရာနေ၀င်းမြင့် (အရင်က) ရေးပြနိုင်ခဲ့ပါတယ်။ ခင်ခင်ထူးလည်း အတိုမှာ အနည်းအပါး ရှိပါလိမ့်မယ်။ သို့သော် အခုနောက်ပိုင်းမှာတော့ အတတ်ကျူးတော့ ဘီလူးဖြစ်ဆိုသလိုပဲ သူတို့ ရေးတတ်တာအပေါ်မှာ အသာယာလွန်နေကြပြီး ၀ါကျလှလှတွေ၊ အသုံးအနှုန်း တင့်တင့်တယ်တယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အနှစ်မဲ့ စာတွေ ဖြစ်လာနေကြတယ်။ အကောင်းဆုံး နမူနာကတော့ တစ်လထက် တစ်လ ပျင်းစရာ ကောင်းလာတဲ့ “မအိမ်ကံ”ပါပဲ။ အချီ ကောင်းခဲ့ပေမယ့် မျောနေတာလည်း စာဖတ်သူ အားလုံး အသိပါ။ အဆိုးဆုံးက ကျွန်တော့်ဆောင်းပါးမှာ ရေးခဲ့သလို ဆရာမ ၀င်းဝင်းလတ်ရဲ့ ၀တ္ထုကို ကျော်နိုင်ဖို့ နေနေသာသာ အဲသလောက် အဆင့်ကို နောက်က ကပ်လိုက်နိုင်တဲ့ Novel ကို ယနေ့ထက်တိုင် သူတို့စုံတွဲ အပါအ၀င် ဘယ်ဝတ္ထုဆရာမှ ရေးမပြနိုင်ကြသေးတာပါပဲ။

အန်တီမေက ကျွန်တော် ဖတ်ဖို့ပဲ ရေးလိုက်တာဆိုလို့သာဗျာ… မဟုတ်ရင် အန်တီမေ့ comment ရော၊ ကျွန်တော့် ပြန်လည်ဆွေးနွေးချက်ပါ တင်လိုက်နိုင်လို့ကတော့ အတော် ၀က်ဝက်ကွဲသွားမယ်ထင်တယ်။

ခွင်ပြုနိုင်ရင် ပြုပေးပါလား အန်တီမေ။

စာရှည်လွန်းမက ရှည်တဲ့အတွက် မတောင်းပန်တော့ဘူးနော်။ စာသမားချင်းဆိုတော့ စာဖတ်ရတာ မညည်းငွေ့တတ်ဘူးလို့ ယုံကြည်လို့ပါ။


လေးစား ခင်မင်စွာ
atk

အဲသလို ကျွန်တော်က ပြန်ရေးလိုက်တဲ့အခါ ဆရာမ မေဓာဝီဆီက ပြန်ကြားတဲ့ မေး(လ်)ကို ရလာပြန်ပါတယ်။

From:     May Darwii

To:          ATK

Date:      Wed, Sep 23, 2009 at 3:05 PM

subject:  Ref: Deleted Long Comment

ဆရာရေ …

ဆရာပြောတာ လက်မခံနိုင်စရာ မရှိပါဘူး။ ဆရာတပည့် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ကျမလဲ တခါတုန်းက ဘလော့မှာ ရေးခဲ့ဖူးတယ်။ ကျမ ငယ်ငယ်က ဆရာမတွေကို စာနဲ့ပတ်သက်ပြီး ဟိုမေး ဒီမေး စောဒက တက်တာများတော့ ဆရာမတွေက အမြင်မကြည်ကြဘူး။ မကြိုက်ကြဘူး။ နောက်တော့ မမေးရဲသလောက် ဖြစ်သွားခဲ့ဖူးတယ်။ ကျမတို့နိုင်ငံရဲ့ ပညာသင်ကြားပုံ စနစ်က စောဒကတက်ခွင့် မရှိသလောက်ဘဲ။ ပြောတာ နားထောင်၊ ခေါင်းညိတ်၊ ဒါပဲ။ ဘာသာရေး တရားပွဲတွေမှာလဲ ဒီအတိုင်းပဲ။ ဘုန်းကြီးတရားဟောတာ နားထောင် … အလိုက်အထိုက် တရားနားခံ လုပ်၊ ဆုံးရင် သာဓုခေါ်။ ပြန်ဆွေးနွေးနိုင်တာမျိုးရယ်လို့ မရှိဘူး။ မေးရင်လည်း မကြိုက်ကြဘူး။ အခု တချို့ဘုန်းကြီးတွေတော့ ပြန်မေးခွင့် ဆွေးနွေးခွင့် ပေးနေပါပြီ။

လူအချင်းချင်း လေးစားမှု ရှိဖို့ သိပ်အရေးကြီးတယ် ဆိုတာ မှန်ပါတယ် ဆရာ။ ကျမ အခု ဒီနိုင်ငံ (အင်္ဂလန်) ရောက်မှ … အဲဒါကို ပိုပြီး သဘောပေါက်တယ်။  ဒီမှာ လူအချင်းချင်း လေးစားကြတယ်။ တယောက်နဲ့ တယောက် ဦးစားပေးကြတယ်။ မပေးတဲ့သူတွေလည်း ရှိတော့ ရှိပါတယ်။ အနည်းစုပေါ့။ လမ်းလျှောက်လျှောက် ကားစီးစီး ဈေးဝယ်ဝယ် ဘယ်နေရာမှာမဆို တလေးတစား ဆက်ဆံကြတာ မြင်ရတော့ ကိုယ့်နိုင်ငံက ဗုဒ္ဓဘာသာ တိုင်းပြည် ဖြစ်ရက်နဲ့ ဘာလို့ ဒီလို အမူအကျင့်တွေ အတုမယူရပါလိမ့်လို့ စိတ်ထဲ အားမလို အားမရဖြစ်မိတယ်။

သူတို့က လူလူချင်းတွင်မက တရိစ္ဆာန်တွေကိုပါ လေးစားတာ ဆိုရင် နည်းနည်း ပိုသလိုများ ဖြစ်မလားမသိဘူး။ ဘာမင်ဂန်ကျောင်းက ဘုန်းဘုန်းတပါး ကိုယ်တိုင် သူ့အဖြစ်နဲ့ ယှဉ်ပြောပြဖူးလို့ပါ။ ဘုန်းဘုန်းကပြောတယ်… ဒီကလူတွေက ခွေးတွေ ကြောင်တွေမြင်ရင် ချစ်ကြတယ်တဲ့။ ငါတို့ဆီမှာတော့ လူမပြောနဲ့ … ငါတို့ ကိုရင်ဘ၀ကတောင် ခွေးမြင်ရင် ခဲနဲ့ပေါက်၊ ကြောင်ဆို ကန်ကြ ကျောက်ကြနဲ့ နှိပ်စက်ချင်တဲ့ ဥာဉ်တွေရှိတယ် လို့ပြောတယ်။ ဟုတ်လဲ ဟုတ်တာပဲ။ တချို့ဆို သတ်တောင် စားကြသေးတာကလား။

တခုရှိတာက ကျမတို့နိုင်ငံက လူအများစုက စားဝတ်နေရေး မပြေလည်ကြတော့ အဲဒီအတွက် ရုန်းကန် လှုပ်ရှားနေရတာမို့ လောဘ၊ ဒေါသ၊ မောဟတွေ ပိုများနေကြတာလားလို့… စဉ်းစားမိပါတယ်။

ဒီမှာ တယောက်နဲ့ တယောက် လေးစားတယ် ဆိုပေမဲ့ သူတို့က အရာရာကို right .. right နဲ့ လုပ်နေတာတော့ စိတ်ထဲ သိပ်ဘ၀င်မကျမိဘူး။ သားသမီးကိုလည်း မိဘက ကောင်းကောင်း ဆုံးမလို့ မရတော့ဘူး။ ဆရာကလည်း တပည့်ကို ဆုံးမလို့ မရတော့ဘူး။ ကိုယ့်သားသမီး ကိုယ့်တပည့်ကို ကောင်းစေချင်လို့ ဆုံးမတာကို သူတို့က right တွေနဲ့ ကိုင်ကိုင် ပေါက်နေကြတာ တခုတော့ မကြိုက်ဘူး ဆရာရေ။

သူတို့ အမြဲမမှန်ဘူး ဆိုတာလည်း ဟုတ်ပါတယ်။ မိဘတိုင်း မကောင်းဘူးဆိုတာလည်း မှန်ပါတယ်။ အဖေ အမေ မကောင်းဘူးဆိုတာက ကိုယ့်ရဲ့ အကုသိုလ်ကံကြောင့် မကောင်းတဲ့ မိဘဆီရောက်ရတာပဲ။ ဘာပဲဖြစ်ဖြစ် မိဘက မိဘပဲ။ သူမကောင်းတာ သူ့ကဏ္ဍပဲ။ ကိုယ်က ပြစ်မှား စော်ကားလို့ မရဘူး။  လုပ်မိရင် ကိုယ်ပဲ ထပ်ပြီး အကုသိုလ်ဖြစ်မှာပဲ။ (ဂိုဏ်းသင့်မယ်ဆိုတာ မိဘကို စော်ကားတဲ့ အကုသိုလ်ကံကို ခံရမှာကို ပြောချင်တာပါ)

ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားဆိုတာကိုတော့ ကျမစိတ်ထဲ လက်ခံမိတုန်းပဲ။ အရွယ်သုံးပါး လေးစားရမှာ မှန်ပေမဲ့ အထူးသဖြင့် ကြီးသူကို ရိုသေ၊ ငယ်သူကို သနားရမယ်ဆိုပြီး ပြောတာလို့ထင်ပါတယ်။

တန်းတူတွေ့လျှင် မေတ္တာဝင် … မ၀င်နိုင်က ပြိုင်တတ်တယ်၊ ပြိုင်မယ့်အစား မေတ္တာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ်။
ကိုယ့်ထက်သာလျှင် မုဒိတာဝင် .. မ၀င်နိုင်က ယိုင်တတ်တယ်၊ ယိုင်မယ့်အစား မုဒိတာပွား ….
ကိုယ့်အောက်နိမ့်လျှင် ကရုဏာဝင် … မ၀င်နိုင်က နိုင်တတ်တယ်၊ … နိုင်မယ့်အစား ကရုဏာပွား ….

အဲဒါကို ဆိုလိုတယ်လို့ ထင်ပါတယ် ဆရာ။ ကျမကတော့ အဲဒီလင်္ကာလေးကို သိပ်သဘောကျတာပဲ။

မြန်မာ့ယဉ်ကျေးမှုက ဗုဒ္ဓဘာသာကို အခြေခံပြီး ဖြစ်ပေါ်လာတာလို့ ကျမက ပြောချင်တာပါ။ ဗုဒ္ဓဟောခဲ့တဲ့ မင်္ဂလာ တရားတော်ထဲမှာကိုက ဂါရဝေါစ နိဝါတောစ လို့ ပါတာမဟုတ်လား။  ဘာသာရေး လုပ်မှ ဒါတွေကို လိုက်နာကျင့်ကြံရမှာ မဟုတ်ပါဘူး။ လူမှုရေး နိုင်ငံရေး နေ့စဉ် နေမှုထိုင်မှုမှာကို မင်္ဂလာတရားတော်နဲ့ အညီ နေထိုင်ကြဖို့ ဗုဒ္ဓက ဟောခဲ့တာပဲ။ မင်္ဂလာဆိုတာ ကြီးပွားချမ်းသာကြောင်းလို့ ဆိုထားတယ် မဟုတ်လား။ ပစ္စုပ္ပန် တမလွန် ကြီးပွားချမ်းသာကြောင်း မင်္ဂလာတရားမှာတော့ မှားတာရယ်လို့ မတွေ့မိပါဘူးဆရာ။

နောက်ဆုံး ပြောရရင်တော့ ဆရာမ ခင်ခင်ထူးရဲ့ မအိမ်ကံကို ကျမ မဖတ်ဖူးသေးဘူး။ ကျမက သူတို့ နှစ်ယောက်ကို ဥပမာ အဖြစ်ပြောတာပါဆရာ။
အဲဒီလိုမျိုးတွေက ဖြစ်တတ်ပါတယ်။

ကဲ ဆရာရေ … ကျောင်းသွားဖို့ နောက်ကျနေပြီမို့ အချိန်မရှိလို့ ဒီလောက်ပဲ ရေးလိုက်ပါဦးမယ်။ ဆရာရေးတာ ဖတ်လို့လဲ ကောင်း၊ ဆွေးနွေးရတာလဲ ကောင်းပါတယ်။

ဆရာ ဘလော့မှာ တင်ချင်သပဆို တင်ပါတော့။ ၀က်ဝက်ကွဲမှာတော့ အကြောက်သား။ (ကျမက လူမုန်းများတယ်။) 🙂

လေးစားစွာဖြင့်

မေဓာဝီ


He Really DID Pave the Way!

သူ ဖောက်ခဲ့တဲ့ လမ်း

a lo ma shi_small၁၉၇၂ တစ်နှစ်လုံးမှာတော့ လျှပ်စစ်တေးဂီတကို အခြေခံ ထုတ်လုပ်ပြတဲ့ စတီရီယို တေးသမားတွေရဲ့ သီချင်းတွေ ဈေးကွက်မှာ အပြိုင်အဆိုင် ထုတ်လုပ်လာကြပါတယ်။  နာမည်ရပြီး စတီရီယို ခေတ်ဦး အဆိုကျော်တွေရော၊ နောက်ထပ် တိုးဝင်လာကြတဲ့ အဆိုသမားတွေရော၊ မင်းသား အသစ်တွေ ရာ၊ မင်းသား အဟောင်းတွေရော စုံလို့ပေါ့ဗျာ။ နာမည် ရပြီးသား မြန်မာသံ အဆိုရှင် ဦးသန်းဖေလေး (ကွယ်လွန်)တို့တောင် စတီရီယိုစီးရီး တစ်ခု ဝင်ဆိုသွားသေးတယ်။ စတီရီယိုတေးကို ပရိသတ်ကလည်း နက်နက်ရှိုင်းရှိုင်း လက်ခံသွားကြပြီကိုး။ နောက်ပြီး မင်းသား ဦးလင်းအောင် (ကွယ်လွန်)၊ ရုပ်ရှင်မင်းသမီး ဒေါ်ခင်သန်းနုရဲ့မောင် ကျော်မောင်မောင်သွင်(ကွယ်လွန်) တို့လည်း ပါရဲ့။ သမန်းကျား ကိုမြင့်ကတော့ စတာထွက်ကတည်းက Mr. Wong ရဲ့ လျှပ်စစ်ဂီတအဖွဲ့နဲ့ တာထွက်တာပါ။


အဲဒီအချိန်က သူ့တေးတွေလည်း အောင်မြင် လက်ခံကြပါတယ်။ စတီရီယိုတေး ခေတ်ဦးမှာ နေရာကောင်းကောင်း တစ်နေရာ ရခဲ့ပါတယ်။ ဂီတ“ပိုး” ကြီးလွန်းလှတဲ့ ရုပ်ရှင်မင်းသားကြီး ဦးဝင်းဦးကတော့ စတီရီယို ပေါ်ခါစကာလ မောင်နောင်တို့နဲ့ မရှေးမနှောင်းကတည်းက စတီရီယိုတေး စီးရီးတွေ ဆိုခဲ့တာပါ။ “တစ်ကျော့ နှစ်ကျော့ တေးကိုသီ”ထဲက လူသိများတဲ့ “အိုမီဂါ”တို့၊ “ဒီလိုဆို မချစ်ဘူးကွယ်”တို့ဟာ အဲဒီ စီးရီးတွေထဲက တေးတွေ ဖြစ်ပါတယ်။ အများအားဖြင့် ချိုတေးဆက် ဦးအောင်ကိုးက ရေးပေးတာ များပြီး Aces နဲ့တီးတာ များပါတယ်။

အဲဒီအချိန်တုန်းက ဦးကျော်ဟိန်းက တစ်ဦးတည်းအနေနဲ့ အပြင်မှာ တေးစီးရီး မထုတ်လုပ်သေးပါဘူး။ ဇာတ်ဝင်တေး အနေနဲ့တော့ သီဆိုပါတယ်။ မောင်နောင် ရေးတာတွေ များပါတယ်။ အဲသလို လူပေါင်းစုံ ပါဝင်လာကြပြီး ဈေးကွက်လည်း တဖြည်းဖြည်း ကြီးခဲ့တဲ့ စတီရီယို တေးလောကဟာ ၁၉၇၃ ခုနှစ်ထဲ ရောက်လာတော့ ဂီတဈေးကွက်မှာ သူချည်းပဲ နီးပါး နေရာရခဲ့ပါတယ်။ ဆန်းသစ်မှုကို ကြိုက်တဲ့ ပရိသတ်ကြီးရဲ့ အသိအမှတ်ပြုမှုကြောင့်ပါ။ လွတ်လပ်ရေး ရပြီးကတည်းက ဈေးကွက်တစ်ခုလုံး နီးပါးကို ရရှိထားတဲ့ မြန်မာသံ ဂီတသမားတွေအတွက် အခက်ကြုံရတဲ့ ကာလတစ်ခုပါ။ ပျောက်များ ပျောက်သွားမလားလို့တောင် တွေးပူချင်စရာ အခြေအနေမျိုးပါ။


ဒါကြောင့်လည်း အရိုးစွဲဝါဒသမားတွေက ကမ္ဘာကြီးနဲ့ တပြေးညီ ဖြစ်ထွန်းခဲ့တဲ့ မြန်မာ pop ဂီတသမားတွေကို “သရုပ်ပျက်ဂီတ”လို့ ကင်ပွန်းတပ်ပြီး ကျယ်ကျယ်လောင်လောင်၊ ပေါ်ပေါ်ထင်ထင် တိုက်ခိုက်လာကြပါ တော့တယ်။ နောက်ကွယ်ကနေ လက်သီးပုန်း ထိုးတာတို့၊ မိန်းမဉာဏ် သုံးတာတွေလည်း ပါကြတာပေါ့လေ။ မောင်နောင်တို့တစ်တွေကတော့ ခံစစ်နဲ့ ကစားရင်း အောင်မြင်မှုပန်းတိုင်ကို မျက်ခြည်မပြတ်မခံတဲ့ အချိန်ပေါ့။

အဲဒီအချိန်က ဖြစ်ပေါ်နေတဲ့ အခြေအနေကို မိုးဦးကျ ဖားရိုက်သမားတွေနဲ့ ဥပမာပေးချင်ပါတယ်။ ရိုက်ချင်စိတ်က စောနေတော့ ကွင်းထဲကနေ အရင်ဆုံး ထွက်လာတဲ့ကောင်ကို အသေလိုက်ရိုက်တော့တာပဲ။ နောက်က ထွက်လာမယ့် အကောင်တွေ ဘာလဲဆိုတာ မစဉ်းစားအားသလိုပေါ့။
အဲဒီတော့ တွင်းထဲက အရင်ဆုံးခုန်ထွက်လာတဲ့ “တက္ကသိုလ် ထွန်းနောင်” ဆိုတဲ့ကောင်ကို ပစ်မှတ်ထားပြီး အသေ ရိုက်ကြတော့တာပဲ။ အရေးကောင်း၊ အဆိုကောင်းလို့ တေးချစ်ပရိသတ်ကြား နာမည်ကြီးရသလို သည်းသည်းမည်းမည်း တိုက်ခိုက်သူတွေကြောင့်လည်း အဝေးကနေ လှမ်းကြည့်သူတွေ အတွက်တော့ မောင်နောင်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားသလို ဖြစ်ခဲ့ပါတယ်။

သည်လိုနဲ့ ၁၉၇၃ ဒီဇင်ဘာလမှာ ပြုလုပ်မယ့် ဆန္ဒခံယူပွဲအတွက် စည်းရုံးလှုံ့ဆော်ရေး အဖွဲ့တွေ ဖွဲ့ဖို့ တာဝန်ရှိသူတွေက စီစဉ်ကြပါတယ်။ အဲဒီမှာ ပြည်သူတွေရဲ့ နှလုံးသားထဲမှာ ရှိပြီးသား ဖြစ်တဲ့ အနုပညာသမားတွေရဲ့ အင်အားကို ရယူဖို့ ဆုံးဖြတ်ကြပါတယ်။ အနုပညာအင်အားစု ဆိုတာကတော့ စာပေသမားတွေရယ်၊ ဂီတသမားတွေရယ်၊ ရုပ်ရှင်သမားတွေရယ်၊ သဘင်အဖွဲ့တွေရယ်၊ ပန်းချီနဲ့ ကာတွန်းဆရာတွေရယ် စသဖြင့် အနုပညာရှင် တွေ အချိုးကျပူးပေါင်း ပါဝင်တဲ့ အဖွဲ့တွေပါ။ အဖွဲ့ငယ် သုံးဆယ်ကျော် ဖွဲ့ပေးပါတယ်။ “မောင်နောင်” ကတော့ အဖွဲ့အမှတ် ၂၉ မှာ ပါဝင်ပါတယ်။ အဖွဲ့ဝင်တွေကတော့ ကာတွန်း ဦးကျော်ဆန်း(က၊ဆ)၊ စာရေးဆရာ မောင်ဝံသ၊ ရုပ်ရှင် သရုပ်ဆောင် ဦးရာဘ၊ ဒေါ်စံရှားတင်၊ ကမ္ဘောဇ မေသင်းရီ၊ တေးရေး မောင်ဆွေနွယ်၊ ရေး/ဆို ဥက္ကလာ ခင်စောနဲ့ ကျွန်ုပ် တက္ကသိုလ်ထွန်းနောင်တို့ ဖြစ်ကြပါတယ်။

ရှမ်းပြည်ကို ထွက်ကြတဲ့ သုံးဖွဲ့ထဲမှာ မောင်နောင်တို့အဖွဲ့ အမှတ် ၂၉ ကတော့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက်အဖွဲ့ ဖြစ်ပါတယ်။ ၁၉၇၃ ဒီဇင်ဘာ ၁ ရက်နေ့မှာ ရန်ကုန်က လေကြောင်းနဲ့ ထွက်ခွာကြပါတယ်။ အဲဒီနေ့မှာပဲ လားရှိုးမြို့ကို ရောက်ကြပါတယ်။ သည်အဖွဲ့ကို နယ်ခံအဖွဲ့က ကြိုဆိုပါတယ်။ နယ်ခံအနုပညာ အဖွဲ့ခေါင်းဆောင်ကတော့ စာရေးဆရာ၊ ဆရာဝန်ကြီး ဒေါက်တာကမ္ဘောဇ ဦးခင်လှိုင်ဖြစ်ပါတယ်။ အလွန် သဘောကောင်းပါတယ်။ ဆက်ဆံဖူးသူတိုင်း သိကြမှာပါ။ သူ့ကို လူတိုင်း လေးစားကြပါတယ်။ အုပ်ချုပ်ရေးပိုင်းကရော နယ်ခံတိုင်းရင်းသား ပြည်သူတွေကရော၊ လက်နက်ကိုင် ခြားနားတဲ့ အဖွဲ့တွေပါမကျန် လေးစားခံရသြူ ဖစ်ပါတယ်။ ခွဲစိတ်ဆရာဝန်ကြီးဖြစ်ပြီး ကျောသားရင်သား မခွဲခြားဘဲ ဆက်ဆံကုသမှု ပေးတတ်သူလည်း ဖြစ်ပါတယ်။ စာရေးကောင်းသော ခွဲစိတ်ဆရာဝန်ကြီး ဖြစ်သော ဆရာကြီး ကမ္ဘောဇခင်လှိုင်ကို သီချင်းဆို ကောင်းသော သွားဆရာဝန် ပေါက်စကလေးဖြစ်သော မောင်နောင်ရဲ့ လေးစားအားကျမှုကိုတော့ ခန့်မှန်း ကြည့်နိုင်ကြပါလိမ့်မယ်။

ဒီဇင်ဘာလ ၂ ရက်နေ့မှာတော့ နယ်ခံအဖွဲ့နဲ့ မောင်နောင်တို့ ရန်ကုန် အနုပညာရှင်အဖွဲ့တို့ ပူးပေါင်းပြီး ခရီးစဉ် အသေးစိတ်ကို ရေးဆွဲပါတယ်။ လှုံ့ဆော်ရေးကာလအတွင်း ရက်လပ်၊ ကွက်လပ် မရှိအောင် အစီအစဉ် ရေးဆွဲကြတာပါ။ မောင်နောင် အဖို့ကတော့ နယ်ခံ လျှပ်စစ်ဂီတဝိုင်း တစ်ဝိုင်း ပါဝင် ပူးပေါင်းတဲ့အတွက် အရမ်းကို အဆင်ပြေသွားပါတယ်။ အဲဒီ ညှိနှိုင်းဆွေးနွေးပွဲမှာ ဒေသခံအဖွဲ့ခေါင်းဆောင် ကမ္ဘောဇဦးခင်လှိုင်နဲ့ ရန်ကုန်အဖွဲ့ ခေါင်းဆောင် ကာတွန်းဦးကျော်ဆန်းတို့က မိမိတို့ အဖွဲ့ဝင်တွေကို အပြန်အလှန် မိတ်ဆက်ပေးကြပါတယ်။

မောင်နောင့် အလှည့်လည်းရောက်ရော “ဒါ တက္ကသိုလ်ထွန်းနောင်ပါ” လို့ မိတ်ဆက်ပေးလိုက်တာနဲ့ ဆရာ ကမ္ဘောဇဦးခင်လှိုင်က “ဟာ သိတာပေါ့ဗျာ။ နာမည်ကြီးပဲ။ Notorious (နာမည်ဆိုး) နည်းနဲ့ ကြီးတာလေ”လို့ “ဒက်ခနဲ”ပြောချလိုက်ပါတော့တယ်။ ကိုယ့်ထက် “ဂုဏဝုဒ္ဓိ၊ ဝယဝုဒ္ဓိ”အားဖြင့် မြင့်မားတဲ့ ဆရာဝန် အနုပညာသမားကြီးရဲ့အပြောကို ခံလိုက်ရတဲ့ ဆရာဝန်ပေါက်စ၊ အနုပညာသမား ပေါက်စကလေး “မောင်နောင်” အတော် ခံစားလိုက်ရပါတယ်။ အသည်းမှာ ဒဏ်ရာ ရသွားလို့လား မသိပါဘူး။ ရှေ့ဆက် လှုံ့ဆော်ရေး ခရီးတွေဆက်တော့ မိုင်းရယ်မြို့က စလို့ အသည်းရောင် (hepatitis) ဖြစ်ပါတော့တယ်။ အဲဒီတုန်းက လမ်းကလည်း အတော် ကြမ်းသေးတယ်ခင်ဗျ။ မောင်နောင့်ကို လားရှိုးဆေးရုံမှာ နေခဲ့ဖို့ ဝိုင်းနားချကြသေးတယ်။ မနေခဲ့တဲ့အပြင် တစ်ပွဲမှ အလွတ်မခံဘဲ ဖျော်ဖြေ လှုံ့ဆော်ခဲ့ပါတယ်။ Notorious မောင်နောင်လေးကို ဆရာဝန်ကြီး ကမ္ဘောဇဦးခင်လှိုင်လည်း တစ်လမ်းလုံး ဆေးဝါးကုသပေးပါတယ်။ ဖျော်ဖြေ လှုံ့ဆော်ကြတဲ့ မြို့တွေကတော့ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ ကျောက်မဲ၊ နမ့်စမ်၊ သီပေါနဲ့ နောင်ချိုမြို့တွေမှာပါ။


ပြောချင်တာကတော့ ၁၉၇၀ လောက်က စခဲ့တဲ့၊ စင်မဲ့ခဲ့တဲ့ စတီရီယိုသမားတွေ ၁၉၇၃ ဒီဇင်ဘာလမှာ စင် stage တစ်ခု ရခဲ့တာပါ။ နေရာတစ်ခု တရားဝင် ရလိုက်တာနဲ့ စတီရီယိုတေးဟာ ထိရောက်တဲ့ လက်နက်ဆိုတာ ပြနိုင်ခဲ့ကြပါတယ်။ အဖျက်ဂီတ မဟုတ်ဘဲ အားကောင်းတဲ့ အပြုဂီတ ဆိုတာကိုလည်း ထင်ထင်ရှားရှား ပြနိုင်ခဲ့တာပါ။ စတီရီယို တေးသံရှင် အောင်ကိုလတ်ရဲ့ “မဲရုံ… မဲရုံ… ကိုသာ… တစ်ပြည်လုံးမဲဆန္ဒနဲ့… တစ်ပြည်လုံး မဲဆန္ဒနဲ့…” ဆိုတဲ့ တေးသံလေးဟာ လူတိုင်း ပါးစပ်ဖျားမှာ ရေပန်း စားခဲ့ပါတယ်။ ဦးကျော့မှူးရဲ့ လက်ရာ “မဲရုံကိုသွားကြပါစို့” သီချင်း ဖြစ်ပါတယ်။ သည်သီချင်းနဲ့ပဲ (ဦး)အောင်ကိုလတ် “ပေါက်”ခဲ့တာ ဖြစ်ပါတယ်။

အဲသလိုနဲ့ စတီရီယိုတေးဟာ ၁၉၇၄ နှစ်ဆန်းပိုင်းက စလို့ တရားဝင် တေးဂီတအဖြစ်နဲ့ ကောင်းမွန်စွာ ခရီးဆက်နိုင်ပါတော့တယ်။ နောက်ပိုင်းမှာ မြို့နယ်ပြည်သူ့ကောင်စီတွေက stage show permit တွေ စိစစ်ပြီး ချပေးပါတော့တယ်။ စတီရီယို ဂီတသမားတွေကလည်း မြို့နယ်လူမှုရေးနဲ့ အားကစား ရန်ပုံငွေတွေကှိုstage show တွေနဲ့ ရှာဖွေပေးနိုင်ခဲ့ပါတယ်။ အားလုံးလည်း အမြင်ကြည်လင်ကုန်ပြီပေါ့ဗျာ။ အဲဒီအချိန်ကျမှ ဇာတ်လမ်း အစတုန်းက ဘယ်နားနေမှန်းမသိတဲ့ “ပွဲကန်ထရိုက်”ဆိုတဲ့ လူတန်းစား တစ်ရပ်က ဝင်ရောက်စီးပွားရှာတော့ကြောင်းပါဗျာ။

——————————

၂၀၀၃ ခု နှစ်က မဟာဂျာနယ်မှာ အခန်းဆက် ဖော်ပြခဲ့တဲ့ တက္ကသိုလ် ထွန်းနောင်ရဲ့ “ဆိုခဲ့ရ ကျွန်တော့် ဘ၀ပါဗျာ” ထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။ အဲဒီ့ဆောင်းပါး အပြည့်အစုံကို စာအုပ်အဖြစ် ထုတ်ဝေဖို့ လက်တွဲဖော် စာအုပ်တိုက်က စိုင်းပြင်းလျက်ပါ။