အဲဒီ သင်္ကြန်တစ်တွင်းလုံး မန္တလေးမှာ ရှိခဲ့တဲ့ (ဦး)ဗိုလ်ဗကိုဟာ မောင်နောင့်ကို အတော်လေး မျက်စိကျခဲ့ပါတယ်။ ပရိသတ်အင်အားကိုလည်း သူ ဖြုံသွားပုံ ရပါတယ်။ ရန်ကုန် ပြန်ရောက်တာနဲ့ မောင်နောင်ကို ရုပ်ရှင်ရိုက်ဖို့ စည်းရုံးပါတော့တယ်။ ကုမ္ပဏီအချို့ကိုလည်း စည်းရုံးပါတယ်။ အဲဒီအကြောင်း အသေးစိတ်ကို နောက်ပိုင်းမှာ ဖော်ပြပါမယ်။ ပရိသတ်ကြီးလည်း သင်္ကြန်ပြီးတာနဲ့ မန္တလေး ဟံသာဝတီ သတင်းစာကနေ ကြော်ငြာထည့် ဂုဏ်ပြုတာတွေ လုပ်လာပါတော့တယ်။ အဲသလို မန္တလေး ပန်းဆိုးတန်းသား (ဦး)ဗိုလ်ဗကိုလို သမ္ဘာရင့် သရုပ်ဆောင် အနုပညာသမားကြီးကရော မန္တလေးပရိသတ် အားလုံးကပါ လိုလိုလားလား အားပေးပါလျက် မန္တလေးသား ကလောင်ပေါက်စကလေး “မောင်ကံချွန်”ဆိုသူက မောင်နောင့်ကို သူ့ရဲ့ကလောင် ပေါက်စကလေးနဲ့ အသေ ထိုးပါတော့တယ်။ အသက်ကလည်း ငယ်သေးတာကိုး။ အကုန်ဘယ်သိနိုင်ဦးမှာလဲ။ သိသလောက် ရေးတော့ ရေးတဲ့အချိန်မှာ ဟုတ်သလိုလိုပေါ့လေ။ နှစ် သုံးဆယ်လောက် ကြာလာတော့ အချိန်က အဖြေပေးသွားတယ်။ ခုလို pop ဂီတ ရေစီးကြောင်းကြီး အရှိန်အဟုန်ကောင်းကောင်းနဲ့ စီးဆင်းလိမ့်မယ်လို့ ဟိုတုန်းက ဘယ်တွေးမိမလဲနော်။
သည်အချိန်ကျမှတော့ မန္တလေးသား ဟိုတုန်းအချိန်က “မောင်ကံချွန်” ကလေး ရေးခဲ့တဲ့ အဲဒီဆောင်းပါးကို အချိန်ဆိုတဲ့ ဒိုင်လူကြီးက အနီကတ် တစ်ထောင် ဆက်တိုက် ပြတာကို ခံပေရော့ “မောင်ကံချွန်”ကလေးရေ။ (ဆရာ ကံချွန်ရေ နံမည် တိုက်ဆိုင်နေတာတော့ ဝမ်းနည်းပါတယ်ဗျာ။) ဆရာ ကံချွန်ကို လုံးဝ မရည်ရွယ်ရိုးအမှန်ပါ။ ဆရာကံချွန်လို ပုဂ္ဂိုလ်ကြီးက အဲသလို ကချော်ကချွတ်ဟာမျိုး ရေးပါ့မလားနော်။ (တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ဖို့ တောင်းပန်လိုက်ပါတယ်)
Pop ဂီတချစ်သူများအတွက် အဲဒီ(၁၅-၅-၇၁)မှာ ထုတ်ဝေခဲ့တဲ့ အဲဒီတုန်းက နံမည်ကြီးဂျာနယ်တစ်စောင်ဖြစ်တဲ့ “ရှုထောင့်ဂျာနယ်” စာမျက်နှာ ၂၅နဲ့ ၂၆မှာ ဝေဝေဆာဆာ ဖော်ပြခဲ့တဲ့ဟာတွေထဲက အချို့ကို scan လုပ်ပြီး တိုက်ရိုက်ကူးယူ ဖော်ပြလိုက်ပါတယ်။ ဝေဖန်ဖို့နဲ့ ဆင်ခြင် တွေးခေါ်ကြဖို့ပေါ့နော်။ ဒါတောင် ဖေတော့၊ မောင်တော့ အရေးအသား အချို့ကို အားနာလို့ ချန်လှပ်ပေးခဲ့ပါတယ်။ နားနဲ့နာလို့ ကောင်းမယ့်ဟာ တချို့ကိုသာ ရွေးပြီး ဖော်ပြလိုက်ပါတယ်။ ဖဝါးနဲ့ နာရမယ့်ဟာမျိုးကိုတော့ ချန်ခဲ့ပါတယ်ဗျာ။ အာဃာတ ကင်းရှင်းကြောင်း သက်သေပါ။ ဒါပေမယ့် အဲဒီ မန္တလေးက ချာတိတ် မောင်ကံချွန်ကလေးလည်း လူ့လောကမှာ ရှိသေးရဲ့လားဆိုတာ မသေချာတော့ပါဘူးလေ။ ဒါပေမယ့် “တက္ကသိုလ် ထွန်းနောင်သို့ အိတ်ဖွင့်ပေးစာ”ဆိုတဲ့ အဲဒီ ဆောင်းပါးကြီးက မသေသေးဘူးခင်ဗျ။ “စာပေ”ကိုး။ ကမ္ဘာတည်သရွေ့ တည်နေမှာ သေချာကြောင်းပါ။ နောက်ပြီး မြန်မာ့ဂီတသမားထဲမှာ အိတ်ဖွင့်ပေးစာ အရင်ဆုံးအပေးခံရတဲ့ ဂီတသမားတစ်ဦးအနေနဲ့ မောင်နောင်လည်း မှတ်တမ်း ဝင်သွားကြောင်း ဂုဏ်ယူလျက်ပါခင်ဗျား။
Time Has Already Told…
(၂၀၀၃ခုနှစ်အတွင်းက “မဟာဂျာနယ်”မှာ အခန်းဆက် ဖော်ပြခဲ့တဲ့ တက္ကသိုလ်ထွန်းနောင်ရဲ့ “ဆိုခဲ့ရ ကျွန်တော့်ဘ၀ပါဗျာ”ထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။)
ဆရာကံချွန်ကလည်း လက်သံတော့ အပြောင်သား 🙂
ပြန်ရှယ်ပေးတဲ့ ဆရာ့ကို ကျေးဇူးတင်ပါတယ်ဗျာ။
ရေးတာတင် လက်သံပြောင်သလားမပြောနဲ့ သရုပ်ဖော်ပုံကိုလည်းကြည့်ပါဦး …
“တက္ကသိုလ်ထွန်းနောင်သို့ ” က တစ်ချောင်းငင်က တက္ကသိုလ်ထွန်းနောင်ရဲ့ လည်ပင်းကို သွားညှစ်ထားတာ ပါလား…။
(ဆရာ ကံချွန်ရေ နံမည် တိုက်ဆိုင်နေတာတော့ ဝမ်းနည်းပါတယ်ဗျာ။)
နာမည်တိုက်ဆိုင်တာ….????
ဆရာကံချွန်ပဲရေးတာမဟုတ်လား ဆရာ……..။
အဲဒါ အောက်က တစ်ပုဒ်မှာ ပါပါတယ် ခင်ဗျာ။ အဲဒီ့ In Ever Loving Memory of Saya Kan Chun ဆိုတဲ့ အပုဒ်က အရင်တင်တာပါ။ အဲဒီ့အပုဒ်ထဲမှာ ဆရာ ကံချွန်က သူ နှစ်ပေါင်း ၃၀ကျော်က မှားခဲ့တဲ့ အမှားကို ၀န်ခံသွားခဲ့တာကို အစအဆုံး ပြန်ဖော်ပြာထားပါတယ်။
ဆရာရေ….
စကထဲက ပြောမယ်နဲ့ မပြောဖြစ်ဘူး… ပို့စ်တွေရဲ့ အောက်မှာ older post, newer post စသဖြင့် link လေးတွေ မပါဘူးနော် ဆရာ….. အဲဒါလေးတွေ ပါရင် ပိုကောင်းမှာပဲ………။ အစဉ်လိုက်ဖတ်ချင်ရင် အဲဒါလေးတွေ နှိပ်သွားရုံပဲလေ….။
ခု ကျွန်မ တစ်ပုဒ်ဖတ်ပြီးတိုင်း Home ကိုပြန်သွားပြီး ခေါင်းစဉ်နဲ့ စာသားအစလေးတွေ ကြည့်ရတယ်..။ မဖတ်ရသေးတာ ရှိမှာစိုးလို့လေ….။
အေးဗျာ… ကျွန်တော်လည်း သိပ်လုပ်ပေးချင်တာပဲ။ ဒါပေမယ့် မလုပ်တတ်သေးဘူးခင်ဗျ။ WordPress ကလည်း ဘယ်လိုမှန်းကို သိပ်သဘောမပေါက်သေးဘူး။ စာဖတ်သူတွေ အဆင်အပြေဆုံး ဖြစ်အောင် ဆောင်ရွက်ပေးချင်တဲ့ အာသီသတော့ ကျွန်တော့်မှာ ရှိပါသဗျ။ ဘယ်က စပြီး ဘယ်လို လုပ်ရမှန်း မသိတာလေးတစ်ခုပဲ ပြဿနာရှိနေတယ်။ နားလည်တတ်ကျွမ်းသူများက လမ်းညွှန်ပြသပေးမယ်ဆိုရင်လည်း နာယူဖို့ အသင့်ပါခင်ဗျား။
Hi, reading your post, love it.
ဆရာကံချွန်ပါဆိုမှ ပြောင်တော့မှပေါ့ (လက်သံပြောပါတယ်) 🙂
dear Mr. Su Do Nin,
regarding about ur blog , i am very pleased to read but actually i would like to rear ur film article . last time ur translation article about Hick..
thz..