ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ
စန္ဒယားချစ်ဆွေရဲ့ အသက် ၇၀ပြည့် မွေးနေ့ကို ရန်ကုန်မြို့ ကန်တော်ကြီးစောင်းက Dolphin စားသောက်ဆိုင်မှာ ဆရာချစ်ဆွေ မကွယ်လွန်ခါနီးလေးမှာ ကျင်းပခဲ့ပါတယ်။ အဲဒီ့ပွဲမှာ ဆရာ စန္ဒယားချစ်ဆွေရဲ့ ဆန္ဒရှိတဲ့အတိုင်း စာရေးသူများက ဆရာ့သီချင်းတွေ သီဆိုရာမှာ ကျွန်ုပ် ဖိုးဆိုချင် ဆူဒိုနင်သည်လည်း တစ်ပုဒ် ၀င်ဟဲခဲ့ကြောင်းပါ။ အဲဒါလေးကို နားဆင်ကြည့်ချင်တယ်၊ သို့မဟုတ် ကျွန်တော့်အသံနဲ့ နှိပ်စက်တာကို ကြည်ကြည်ဖြူဖြူ ခံစားကြည့်ချင်တယ် ဆိုပါရင် ကျွန်တော့်ရဲ့ တခြားဘလော့(ခ်)တစ်ခုအဖြစ် မနေ့ကမှ အသစ်ဖွင့်လိုက်တဲ့ http://lettwebaw.mylovecafe.com ကနေ တစ်ဆင့် download လုပ်ယူကာ နားဆင်နိုင်ကြပါကြောင်း သတင်းကောင်း (ထင်တာပဲ) ပါးအပ်ပါတယ်ခင်ဗျာ။
ကောင်းသားပဲ ဆရာရဲ့… မသိရင် စန္ဒယားချစ်ဆွေ ဆိုနေသလိုပါပဲ…း)
ဒေါင်းပြီး နားထောင်သွားပါတယ်။
စာရေးဆရာတွေလည်း အသံကောင်းတယ်နော်…။
ဆရာ့အသံက သမ္ဘာရင့် အသံပဲ…။ အသံလည်းကောင်းတယ်.. ဆိုလည်း ဆိုတတ်တယ်…။ အဆုံးထိ နားထောင်ပြီးမှ ပြောတာပါ..
အဆိုတော်အသံနဲ့ တူလို့တောင် အံ့သြနေတယ်… ။
သိပ်မြှောက်မပေးနဲ့နော်… တော်ကြာ ဟိုတစ်ယောက်လို အိုကြီးအိုမကျမှ သီချင်းတွေ ထသွင်း၊ ဟိုမော်ဒယ်ဖက်၊ သည်မင်းသမီးဖက်နဲ့ အရှက်မရှိတဲ့ အလုပ်တွေ လုပ်မိကုန်လိမ့်မယ်… 😀
Thanks for your information, thanks. 🙂
တကယ့်ကိုကောင်းတဲ့အသံပဲ…ဘကြီး မြှောက်ပြောတာမဟုတ်ဘူး။ တစ်ခွေလောက်ထုတ်ကြည့်ပါလား။ 😀
ဘကြီးပြောတဲ့ဟိုတစ်ယောက်ကတော့ ပြောမနေနဲ့။ သူ့သီချင်းပေါက်ပေါက် မပေါက်ပေါက် တစ်ခွေပြီးတစ်ခွေထုတ်နေတာပဲ။
အသက်ကြီးမှ သူငယ်ပြန်နေတာဖြစ်မယ်။ 😛
ကောင်းပါတယ်။ ကောင်းပါတယ်။ မြှောက်ပေးခြင်းမဟုတ်ပါ။ ချီးကျူးခြင်းမျှသာဖြစ်ပါသည်။