ကျွန်တော့်ရဲ့ အသံဖိုင်တင်လို့ရတဲ့ ဘလော့(ဂ်)မယ် ရန်ကုန်ဆစ်ထီး အက်(ဖှ်)အယ်(မ်)နဲ့ အိမ်သာဗျူးရဲ့ တတိယပိုင်းကို တင်ဆက်ထားပါတယ်။ Audio Player ထည့်တတ်သွားပြီမို့ connection ကောင်းတဲ့ အရပ်ဒေသမှ လူကြီးမင်းများ တိုက်ရိုက် နားဆင်နိုင်ကြပါပြီ ခင်ဗျား။
တစ်ဆက်တည်းမှာပဲ ကျွန်တော် အရင်က အဲဒီ့ ဘလော့(ဂ်)မှာ တင်ခဲ့တဲ့ အသံဖိုင်များဖြစ်တဲ့ ရှေ့က အိမ်သာဗျူး နှစ်ပိုင်းရယ်၊ ကျွန်တော့်အသံပြဲကြီးနဲ့ အားမနာလျှာမကျိုး ဆိုထားတဲ့ “ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ”တို့ရယ်ကိုလည်း တိုက်ရိုက်နားဆင်လိုက နားဆင်နိုင်ကြပါပြီ။