Skip to content

Just can’t be a bumpkin, my darling (Chapters 6 and 7)

10 October 2009

06Wowထားပါတော့ဗျာ။


နောက်ပိုင်းကျတော့ ကျွန်တော်လည်း သတင်းစာဖတ်နေလိုက်တာပေါ့။ စားစရာတွေက အများကြီးပေမယ့် အသားညှပ်ပေါင်မုန့် ပေါက်စလေး နှစ်ခုလောက်ပဲ ကြိတ်လိုက်ပြီး ကော်ဖီပဲ သောက်ခဲ့ပါတယ်။ အစားအသောက် စားချင်စိတ်လည်း ပျောက်နေတယ်။


အမှန်တော့ တစ်ခါမှ မသွားဖူးတဲ့ ခရီးစဉ်ကို ထွက်လာတာမို့ စိတ်လှုပ်ရှားနေတာ ဖြစ်ပါလိမ့်မယ်။

သည်လိုနဲ့ အချိန်တန်တော့ လေယာဉ်ပေါ်ရောက်ရော ဆိုပါစို့။

အလဲ့ကွဲ့…

လေယာဉ်ပေါ်တက်ရတာကလည်း ကျွန်တော့်အတွက်တော့ အဆန်းခင်ဗျ။

ကျွန်တော်က လူမှန်း မသိခင်ကတည်းက လေယာဉ်ပျံကို ဥဒဟို စီးခဲ့ရသူပါ။ ကျွန်တော့်အဖေက ဟိုး ကယားပြည်နယ်၊ လောပိတ ရေအား လျှပ်စစ် စီမံကိန်းမှာ အလုပ်လုပ်တာဆိုတော့ အဲဒီ့အချိန်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါးတုန်းက လေယာဉ်နဲ့ သွားမှ အဆင်ပြေခဲ့လေသပေါ့။

အဲတော့ဗျာ။ လေယာဉ်ပျံပေါ်ကို လှေကားကပဲ တက်ခဲ့ဖူးပါတယ်။ လေဆိပ် နားနေဆောင်က လေယာဉ်ဆီကိုတော့ ခြေလျင်လျှောက်ရသပေါ့ဗျာ။ အခုကာလ ရန်ကုန်နဲ့ မန္တလေးက လေဆိပ်တွေမှာတော့ ကိုက် သုံး လေးရာ သာသာလောက် ခရီးကို ဘတ်(စ်)ကားကြီးတွေနဲ့ သယ်ပို့ပေးနေပါတယ်။

ဟိုမှာကျတော့ အဲသလို မဟုတ်ဘူးခင်ဗျ။ လေအေးပေးစနစ်ကြောင့် အေးစိမ့်နေတဲ့ လေဆိပ်ထဲမှာတင် အေးအေးလူလူ (ကျွန်တော့်အတွက်တော့ ထော့ကျိုးထော့ကျိုးပေါ့) လမ်းလျှောက်သွားရတယ်။ ပြီးတော့ လုံခြုံရေး စစ်ဆေးတဲ့ နေရာကို ကျော်ဖြတ်ရတယ်။ ပြီးတော့ မှန်လုံခန်းကြီးထဲက အောက်တစ်ထပ်ကို ဆင်းရတယ်။

ပြီးတဲ့အခါကျတော့ မှန်လုံခန်းကနေ ကော်ဇောခင်းထားတဲ့ အခန်းကူး စင်္ကြံကနေ အခန်းကူးလိုက်တာနဲ့ လေယာဉ်ပေါ် ရောက်သွားပါရောလား။


ဒွန်မောင်းလေဆိပ်ကို အဝင်တုန်းက အဲသလို မဟုတ်ဘူး။ လှေကားက ဆင်း၊ ဘတ်(စ်)ကားပေါ် တက်စီးပြီးမှ လေဆိပ်ထဲ ရောက်ခဲ့တာ။ အခုကျတော့မှ  လေဆိပ်ထဲက ကိုက် ၂၀လောက် လျှောက်လိုက်တာနဲ့ လေယာဉ်ပေါ် တန်းရောက်သွားတော့တာ ဖြစ်နေပါတယ်။

ဒါလည်း နည်းပညာပါပဲ။ အခုဖွင့်ထားတဲ့ တံတားဦးက မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးမှာလည်း အဲဒါတွေ မျက်စိနဲ့ မြင်နိုင်ပါတယ်။ လေဆိပ်အဆောက်အအုံကနေ လေယာဉ်တံခါးဝကို တန်းချိတ်ပေးတဲ့ စင်္ကြံလမ်း အရှင်တွေပါ။

တစ်ခုပါပဲ။ အဲဒါတွေက လေယာဉ်ပျံမြင့်မြင့်ကြီးတွေအတွက်သာ ဖြစ်တာမို့ ကျွန်တော်တို့ဆီက လေယာဉ်ပျံစင် မမီလှတဲ့ ဂျက်လေယာဉ် အသေးစားတွေ၊ ပန်ကာတပ် လေယာဉ်တွေနဲ့ကျတော့ အံမကျဘူး။ ဘိုးအင်း လေယာဉ်ကြီးတွေလို လေယာဉ်ကြီးတွေနဲ့မှ အံဝင်တာပါ။ အဲတော့လည်း ပြည်တွင်း ခရီးသွားတဲ့အခါ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်သည့်တိုင် အဲဒီ့အပေါ်မှာ လမ်းလျှောက်ခွင့်ကိုတော့ ဘယ်တော့မှ ရစရာ အကြောင်းမရှိပါဘူး။ ပြည်တွင်း ခရီးစဉ်ဆိုတာကလည်း ဘိုးအင်းကြီးတွေနဲ့ ဘယ်လိုမှ သွားလို့ မဖြစ်ဘူးလေ။  အိမ်တစ်အိမ်ရဲ့ ထမင်းစားခန်းကနေ ဧည့်ခန်းရှိရာကို မော်တော်ဆိုင်ကယ်နဲ့ သွားလို့ မဖြစ်သလိုပေါ့။


အဲသလို အခန်းကူးလိုက်ရုံနဲ့ လေယာဉ်ပေါ် တန်းရောက်သွားတဲ့ အရသာကို ပထမဆုံး ခံစားဖူးတဲ့အခါ နည်းနည်းတော့ ဘဝင်မြင့်ချင်သလို ဖြစ်သွားပါတယ်။ ပိုမြင့်ချင်စရာကောင်းတာက အလုပ်ကြီးအကိုင်ကြီးတန်း စီးတဲ့လူတွေက အရင်ဆုံး သွားရတာပဲ။ ချွေတာရေးတန်းသမားတွေက တန်းစီပြီး စောင့်နေရပေမယ့် အလုပ်ကြီးအကိုင်ကြီးတန်းက လူတွေကတော့ အေးအေးလူလူပဲ။

အခန်းကူးစင်္ကြံကလည်း စိတ်ထင် ဆယ်ပေ၊ ဆယ့်ငါးပေတော့ ကျယ်မယ် ထင်တယ်။ အဲဒီ့စင်္ကြံအဆုံး လေယာဉ်တံခါးဝမှာတော့ လေယာဉ်မယ်လေးတွေက အပြုံးချိုချိုလေးတွေနဲ့ ဆီးကြိုနေကြပါတယ်။

အဲသလို တစ်ခါမှ လေယာဉ်ပေါ်မတက်ဖူးခဲ့လေတဲ့ ကျွန်တော့်အတွက် နည်းနည်းတော့ ကြောင်သွားတယ်။ လေယာဉ်ဆီကို ရောက်ပါပေါ့လားဆိုတဲ့ အသိက စက္ကန့်ပိုင်းလောက် နောက်ကျလို့နေတယ်။


တကယ်ပါ။ လေယာဉ်ပျံပေါ်ကို လှေကားနဲ့သာ တစ်သက်လုံး တက်လာခဲ့တဲ့သူအတွက် အခန်းကူးလိုက်ရုံနဲ့ အဆောင်ထဲကနေ လေယာဉ်ထဲ တန်း ရောက်သွားခြင်းဟာ တော်တော့်ကို မျက်စိလည်စရာကြီး ဖြစ်သွားပါ တယ်။

ဟား… လောယာဉ်ကြီးကလည်း အကျယ်ကြီးပါလား။ ဘေးတိုက် ယှဉ်ချထားတဲ့ ထိုင်ခုံတန်းက သုံးတန်းပါတယ်။ ကြားက လျှောက်လမ်းက ကျွန်တော်တို့ စီးနေကျတွေလို အလယ်မှာ တစ်လမ်းတည်း မဟုတ်ဘူး။ အလယ်မှာက ငါးယောက်ထိုင်(လို့မှတ်တာပဲ) ခုံတန်း ရှိတယ်။ သူ့ဘေး တစ်ဖက်တစ်ချက်မှာ လျှောက်လမ်း တစ်လမ်းစီ။ ပြီးရင် ပြတင်းနဲ့ ကပ်လျက်မှာက နှစ်ယောက်ထိုင် ထိုင်ခုံတန်း။ စုစုပေါင်း တစ်တန်းမှာ လူ ကိုးယောက် (လို့မှတ်တာပဲ)တော့ ကျယ်ကျယ်လွင့်လွင့် ထိုင်လို့ရသဗျ။

အလုပ်ကြီးအကိုင်ကြီးတန်းအတွက်က ထုံးစံအတိုင်း လေယာဉ်ဦးပိုင်းမှာ နေရာပေးထားတာမို့ ကျွန်တော်တို့ နှစ်ယောက်လည်း လေယာဉ်ရဲ့ ညာဘက်အစွန်က နှစ်ယောက်ထိုင်ခုံတန်းမှာ ဝင်ထိုင်လိုက်ကြပါတယ်။ ကျွန်တော်က လျှောက်လမ်းနဲ့ ကပ်လျက်၊ ကျွန်တော့်မိတ်ဆွေက ပြတင်းနဲ့ ကပ်လျက်။

လေယာဉ်ကြီးရဲ့ ကြီးကျယ်မှုကို ကြည့်ပြီး ရင်သပ်ရပြန်တယ်။ လေယာဉ်နဲ့တောင် မတူဘူး။ ဓာတ်ရှင်ရုံ အသေးစားလေးကျလို့။ ဟုတ်တယ်လေ။ ကျွန်တော်တို့ မျက်နှာမူရာဘက်မှာက ရုပ်မြင်သံကြား ပိတ်ကားပြား အကြီးကြီးကို အခန်းဆီး နံရံမှာ တပ်ထားတယ်။

ဘာမှတော့ ပြမထားပါဘူး။ မလေးရှား လေကြောင်းအမှတ်တံဆိပ်နဲ့ စာတန်းကိုပဲ အသေထိုးပြထားပါတယ်။

07Hostessပထမဆုံး စသတိထားမိတာကတော့ အတော့်ကို ချောမောလှပတဲ့ မလေး လေယာဉ်မယ်လေးပါပဲ။ အခုသည်စာရေးတဲ့အချိန်မှာ အဲဒီ့ခရီးကို သွားခဲ့တာ ခြောက်နှစ်ကျော်လို့ ခုနစ်နှစ်အတွင်းကို ကောင်းကောင်းကြီး ချင်းနင်း ဝင်ရောက်ခဲ့ပါပြီ။ သို့သော်လည်းပေါ့လေ… သည်စာရေးနေချိန်မှာတောင် အဲဒီ့ လေယာဉ်မယ်လေးရဲ့မျက်နှာကို ပြက်ပြက်ထင်ထင်ကြီးကို မြင်ယောင်နေမိဆဲ ဖြစ်ရတဲ့အထိ သူ့အလှက မျက်စိထဲမှာ စွဲနေပါတယ်။

ဟုတ်ကဲ့… ကျွန်တော် ဘယ့်ကလောက်များ ငမ်းခဲ့သလဲဆိုတာ အဲဒါနဲ့တင် အတော် ထင်ရှားသွားလောက်ပါပြီ။ တကယ်ပါဗျာ၊ သူချောပုံက ကျွန်တော့်စိတ်ထဲမှာ ဘရူနိုင်းဘုရင် ဖြစ်ချင်တဲ့စိတ်တောင် ပေါက်လာ တယ်။ ဟုတ်တယ်လေ၊ ဒါမှ သူ့ကို တော်ကောက်လို့ ရမှာကိုး။ အခုတော့ ရုံးစရိတ်နဲ့ အလုပ်ကြီး အကိုင်ကြီးတန်းမှာ ဂိုက်အပြည့်နဲ့သာ တက်ထိုင်နေရတယ်၊ အိတ်ထဲမှာ ကိုယ်ပိုင် ပိုက်ဆံက ဒေါ်လာ သုံးရာလားပဲ ပါတဲ့ အကောင်။ ရုံးက ပေးလိုက်တဲ့ နေ့တွက်တွေ၊ ဟိုတယ်ခတွေ ထည့်ပေါင်းတောင်မှ တစ်ထောင်ကျော်လေးပါတာ။ ဘယ်လိုလုပ်ပြီး အဲဒီ့လေယာဉ်မယ် ချောချောလေးကို ချိတ်လို့ရပါ့မလဲ။

တကယ်ပါဗျာ။ အိတ်ထဲမယ် သုံးထောင်လောက်သာပါလာ၊ သူ့ကို စကားရော ဖောရော လုပ်၊ အဆင်သင့်ရင် တစ်ခုခုစားဖို့ ဖိတ်၊ လိပ်စာ တောင်း၊ ဘာညာ လုပ်မိသွားမယ်ထင်တယ်။ အဟဲ… စိတ်မရှိပါနဲ့ခင်ဗျာ။ ကျွန်တော်က ဘုန်းကြီးလည်း မဟုတ်၊ မိန်းမလျာလည်း မဟုတ်လေတော့ ကျန်တဲ့ တစ်မျိုးပေါ့ခင်ဗျ။

လေယာဉ်မယ်နှစ်ယောက်မှာ ကျန်တစ်ယောက်ကကျတော့ အသက် ၃၅နှစ်လောက် ရှိမယ့် တရုတ်အမျိုးသမီးပါ။ သူကတော့ ကြည့်ပျော်တဲ့ ရုပ်လောက်ပဲ ရှိပါတယ်။ ဟိုဟာလေးကတော့ ကုလားဆင်လေး၊ အသား ညိုဝင်းဝင်းလေးနဲ့  အသက်အစိတ် ပတ်ဝန်းကျင်လောက်သာ ရှိလေဦးမယ့် တကယ့်အချောစားလေး ခင်ဗျ။ ခုတွေး ခုပြန်မြင်တယ်။

ကျွန်တော့်ဘေးက ခရီးက မိတ်ဆွေက လူပျိုကြီး။ အသက်က ကျွန်တော့်ထက် ကြီးလေတော့ ငါးဆယ်တန်းကို ရောက်နေပြီ။ ကျွန်တော်က အဲဒီ့အချိန်မှာ ၄၂ နှစ်ထဲ ဝင်ခါစ။ (ထလို့ ကောင်းတဲ့ အရွယ်ပေါ့ ခင်ဗျာ။) မိတ်ဆွေ လူပျိုကြီးက မိန်းကလေးတွေကို စိတ်ဝင်စားပုံ မရဘူး။ မိန်းကလေးတွေကို စိတ်မဝင်စားလို့ ယောက်ျားလေးတွေကို  စိတ်ဝင်စားတယ်လို့ ဆိုလိုတာမဟုတ်ဘူးနော်။ သူ့ခမျာ အမဲသားမစားဖူးတဲ့သူလို ဖြစ်နေတာပါ။ ကျွန်တော်ကတော့ အမဲသားကို နည်းမျိုးစုံနဲ့ စားဖူးတော့ နွားမြင်တိုင်း လက်ညိုးထိုးမိနေတာပေါ့။

ဒါပေမယ့် အဲဒီ့နွားလေး… အဲလေ… အဲဒီ့လေယာဉ်မယ်လေးက ကျွန်တော့်ရှေ့မှာတော့ ဘယ် တစ်ချိန်လုံး အလှပြနေပါ့မလဲ။ သူ့အလုပ်သူ လုပ်ရင်း လေယာဉ်ရဲ့ ရှေ့ပိုင်း နောက်ပိုင်းမှာ ပျားပန်းခပ်နေရရှာသပေါ့။ အဲတော့ သူ့အရိပ်ကလေး ပျောက်သွားချိန်မှာ ကျွန်တော့်ရှေ့က ထိုင်ခုံရဲ့ နောက်မှီမှာ ကပ်ချုပ်ထားတဲ့ အိတ်ရှုံ့လေးထဲ ထိုးထည့်ထားတဲ့ လေယာဉ်နဲ့ ပတ်သက်တဲ့ အချက်အလက်စာစောင်ရယ်၊ လေကြောင်းလိုင်းက ထုတ်ဝေတဲ့ မဂ္ဂဇင်းလေးရယ်ကို ဆွဲယူ လှန်လှောလိုက်ပါတော့တယ်။

ဟား… ကျွန်တော့် ထိုင်ခုံလက်တန်းတစ်ဖက်တစ်ချက်မှာ အံလေး တစ်ခုစီပါတယ်။ အဲဒီ့အံလေးထဲမှာ ခေါက်စားပွဲလေးက တစ်ခု။ ပြီးတော့ ခေါက်ထားတဲ့ ရုပ်မြင်သံကြား ပေါက်စလေး တစ်ခု ပါတယ်ခင်ဗျ။ အင်း… အသားကျတော့မှ ထုတ်ကြည့်ဦးမယ်ဆိုပြီး တေးထားလိုက်ပါတယ်။ အမယ်… ပြီးတော့ နောက်လက်တန်းတစ်ဖက်မှာက ကြိုးတန်းလန်းနဲ့ အဝေးထိန်းခလုတ် (remote control)လည်း ပါသေးတယ်။ အဲဒီ့ဟာလေးကိုတော့ ဖြုတ်ကြည့်လိုက်တယ်။

အလဲ့ကွဲ့… တယ်လည်း နိပ်ပါလား။ ကျောဘက်မှာက ခလုတ် ပေါင်းစုံ ပါတယ်။ စာတန်းတော့မပါဘူး။ ခလုတ်တစ်ခုစီပေါ်မှာ ပုံလေးတွေ ထိုးပြထားတယ်။ နိုင်ငံတကာ ဘာသာစကားပေါ့။ ဂီတသင်္ကေတ ပြထားတာက နားကြပ်နဲ့ သီချင်းနားထောင်ဖို့၊ မီးလုံးလေး ပွင့်နေတဲ့ပုံက စာကြည့်မီးဖွင့်ဖို့ အစရှိသဖြင့်ပေါ့။ အဲဒီ့ တစ်မိုက်သာသာအလျား၊ နှစ်လက်မ သာသာ အနံနဲ့ထု တစ်လက်မ မရှိတရှိလောက် အဝေးထိန်း ခလုတ်လေးကို မျက်နှာစာဘက် လှန်လိုက်ရင်တော့ တယ်လီဖုန်းလေး ဖြစ်သွားတယ်ခင်ဗျ။

လမ်းညွှန်စာအုပ်ရဲ့အလိုအရ အဲဒီ့တယ်လီဖုန်းနဲ့ ကမ္ဘာအရပ်ရပ်ကို ဆက်သွယ်လို့ ရတယ်ဆိုပဲ။ အခကြေးငွေကိုတော့ ခရက်ဒစ်(ထ်)ခါ့(ထ်)လို့ ခေါ်တဲ့ ကြွေးဝယ်ကတ်နဲ့ ပေးလို့ရပါသတဲ့။ ကြွေးဝယ်ကတ်လေး ညှပ်လိုက်စရာ နေရာ ကွဲကြောင်းလေးပါ အဲဒီ့ခလုတ်လေးထဲမှာ အရံသင့် ပါပြီးသား။ နိုင်ငံတကာသုံး ကြွေးဝယ်ကတ်တွေဖြစ်တဲ့ “အမေရိကန်အမြန်”တို့၊ “ပြည်ဝင်ခွင့်”တို့လို ကတ်မျိုးနဲ့မှ ဖြစ်မယ်လို့လည်း ဆိုထားတယ်။

တောက်… နာသကွာ… အဲသလိုကတ်မျိုးကို နိုင်ငံခြားသားတွေ ကိုင်ထားတာ အဝေးကသာ လှမ်းမြင်ဖူးတာ။ လက်နဲ့တောင် တစ်ခါမှ ထိမကြည့်ဖူးဘူး။ အပိုင်ရှိဖို့ကတော့ ဝေလာဝေး။

ရှိများရှိလို့ကတော့ အိမ်က မိန်းမကို ချက်ချင်း လှမ်းဆက်ပြီး လေယာဉ်မယ်လေး ချောလှတဲ့အကြောင်း၊ ကြည့်လို့ကို မဝပါကြောင်း၊ သို့ပေမယ့် သူ့ဟာသူ ဘယ်လောက် လှလှ၊ ကိုယ်မှ မရနိုင်တဲ့အတူတူ၊ ကိုယ့်လက်ထဲမှာ ချောင်ပိတ်မိနေရှာတဲ့ ခင့်ကိုသာ တသသ သတိရနေပါကြောင်း စသဖြင့် လှမ်းချွဲမိသွားနိုင်ပါတယ်။

အခုတော့… အခုတော့ပေါ့။

လက်ထဲမှာ တယ်လီဖုန်းဆိုတဲ့အရာကြီး ကိုင်ပင် ကိုင်ထားသော်ငြား၊ အဲဒါကြီးနဲ့ တစ်ကမ္ဘာလုံး ဘယ်နေရာကိုမဆို လှမ်းဆက်လို့ရတယ်ဆိုတာလည်း အတိအလင်း သိပင်သိသော်ငြား၊ ကျွန်တော့်လက်ထဲမှာ အဲဒီ့ တယ်လီဖုန်းခလောက်ကိုတော့ အသာလေး ပေးနိုင်တဲ့ ငွေကြေး အလုံအလောက် ပါပင်ပါငြား၊ အဲဒီ့အခကြေးငွေ ပေးရမယ့် “နည်းစနစ်”ပိုင်းမှာ မတတ်နိုင်တဲ့အတွက် လက်ထဲက အဝေးထိန်းခလုတ်တစ်ဖြစ်လဲ တယ်လီဖုန်းကြီးက ကျွန်တော့်အတွက် ဘယ်လိုမှ သုံးလို့ မရတော့ပါဘူး။

“ဘယ်သူ့လက်ထဲ ပတ္တမြားရောက်”ဆိုတဲ့ စကားရဲ့ အလျားအတာကို အဲတော့ကျမှ ပတ်ပတ်နပ်နပ် သဘောပေါက်သွားပါတော့တယ်။ တစ်ဆက်တည်းမှာပဲ၊ “နည်းစနစ်/နည်းပညာ”ရဲ့အရေးပါပုံကိုပါ ဆင်ခြင်မိရပြန်တယ်။

သို့သော်လည်းပေါ့လေ… ယောနိသော မနသီကာရ ဆိုပြီး အသင့်အတင့် နှလုံးသွင်းရေး ပုံစံခွက်ထဲကို အဖန်ဖန် ရိုက်အသွင်းခံထားရလို့ ထုသားပေသား ရနေပြီး ဖြစ်လေတော့လည်း ကြိတ်လိုက်မိတဲ့ အံကို အသာ ပြန်လျှော့လိုက်ရင်း အဲဒါလေးကို လက်ကိုင်ထဲက သူ့နေရာလေးမှာသူ ပြန်ထားလိုက်မိရပါတော့တယ်။

xm;ygawmhAsm/
aemufydkif;usawmh uRefawmfvnf; owif;pmzwfaevdkufwmaygh/ pm;p&mawGu trsm;BuD;ayr,fh tom;n§yfaygifrkefY aygufpav; ESpfckavmufyJ BudwfvdkufNyD; aumfzDyJ aomufcJhygw,f/ tpm; taomuf pm;csifpdwfvnf; aysmufaew,f/
trSefawmh wpfcgrS roGm;zl;wJh c&D;pOfudk xGufvmwmrdkY pdwf vIyf&Sm;aewmjzpfygvdrfhr,f/
onfvdkeJY tcsdefwefawmh av,mOfay: a&mufa&mqdkygpdkY/
tvJhuGJU…
av,mOfay:wuf&wmuvnf; uRefawmfhtwGufawmh tqef; cifAs/
uRefawmfu vlrSef;rodcifuwnf;u av,mOfysHudk O'[dk pD;cJh&olyg/ uRefawmfhtazu [dk; u,m;jynfe,f? avmydw a&tm; vQyfppfpDrHudef;rSm tvkyfvkyfwmqdkawmh tJ’Dhtcsdef? vGefcJhwJh ESpfaygif; 50eD;yg;wkef;u av,mOfeJYoGm;rS tqifajycJhavoaygh/
tJawmhAsm/ av,mOfysHay:udk avSum;uyJ wufcJhzl;ygw,f/ avqdyf em;aeaqmifu av,mOfqDudkawmh ajcvsifavQmuf&oaygh Asm/ tckumv &efukefeJY rEÅav;u avqdyfawGrSmawmh udkufoHk;av; &m omomavmuf c&D;udk bwf(pf)um;BuD;awGeJY o,fydkYay;aeyg w,f/
[dkrSmusawmh tJovdk r[kwfbl;cifAs/ avat;ay;pepfaMumifh at;pdrfhaewJh avqdyfxJrSmwif at;at;vlvl (uRefawmfhtwGufawmh axmhusdK;axmhusdK;aygh) vrf;avQmufoGm;&w,f/ NyD;awmh vHkûcHa&; ppfaq;wJh ae&mudk ausmfjzwf&w,f/ NyD;awmh rSefvHkcef;BuD;xJu atmufwpfxyfudk qif;&w,f/
NyD;wJhtcgusawmh rSefvHkcef;uae aumfaZmcif;xm;wJh tcef;ul; pBuøuae tcef;ul; vdkufwmeJY av,mOfay: a&mufoGm;yga&mvm;/
‘Gefarmif;avqdyfudk t0ifwkef;u tJovdk r[kwfbl;/ avSum;u qif;? bwf(pf)um;ay:wufpD;NyD;rS avqdyfxJ a&mufcJhwm/ tckus awmhrS  avqdyfxJu udkuf 20avmufavQmufvdkufwmeJY av,mOf ay: wef;a&mufoGm;awmhwm jzpfaeygw,f/
‘gvnf; enf;ynmygyJ/ tckzGifhxm;wJh wHwm;OD;u rEÅav; tjynfjynfqdkif&m avqdyfopfBuD;rSmvnf; tJ’gawG rsufpdeJY jrifEdkifyg w,f/ avqdyftaqmufttHkuae av,mOfwHcg;0udk wef;csdwfay; wJh pBuøvrf; t&SifawGyg/
wpfckygyJ/ tJ’gawGu av,mOfysHjrifhjrifhBuD;awGtwGufom jzpfwmrdkY uRefawmfwdkYqDu av,mOfysHpif rrDvSwJh *sufav,mOf tao;pm;awG? yefumwyfav,mOfawGeJYusawmh tHrusbl;/ bdk;tif; av,mOfBuD;awGvdk av,mOfBuD;awGeJYrS tH0ifwmyg/ tJawmhvnf; jynfwGif;c&D;oGm;wJhtcg rEÅav;tjynfjynfqdkif&m avqdyfudk a&muf onfhwdkif tJ’Dhtay:rSm vrf;avQmufcGifhudkawmh b,fawmhrS &p&m taMumif;r&dSygbl;/ jynfwGif; c&D;pOfqdkwmuvnf; bdk;tif;BuD;awGeJY b,fvdkrS oGm;vdkY rjzpfbl;av/  tdrfwpftdrf&JU xrif;pm;cef;uae {nfhcef;&dS&mudk armfawmfqdkifu,feJY oGm;vdkY rjzpfovdkaygh/
tJovdk tcef;ul;vdkuf½HkeJY av,mOfay: wef;a&mufoGm;wJh t&omudk yxrqHk; cHpm;zl;wJhtcg enf;enf;awmh b0ifjrifhcsifovdk jzpfoGm;ygw,f/ ydkjrifhcsifp&maumif;wmu tvkyfBuD;tudkifBuD;wef; pD;wJhvlawGu t&ifqHk; oGm;&wmyJ/ acRwma&;wef;orm;awGu wef;pDNyD; apmifhae&ayr,fh tvkyfBuD; tudkifBuD;wef;u vlawGu awmh at;at;vlvlyJ/
tcef;ul;pBuøuvnf; pdwfxif q,fay? q,fhig;ayawmh us,f r,f xifw,f/ tJ’DhpBuøtqHk; av,mOfwHcg;0rSmawmh av,mOfr,f av;awGu tûyH;csdKcsdKav;awGeJY qD;BudKaeMuygw,f/
tJovdk wpfcgrS av,mOfay:rwufzl;cJhavwJh uRefawmfhtwGuf enf;enf;awmh aMumifoGm;w,f/ av,mOfqDudk a&mufygayghvm; qdkwJh todu puúefYydkif;avmuf aemufusvdkYaew,f/
wu,fyg/ av,mOfysHay:udk avSum;eJYom wpfoufvHk; wuf vmcJhwJholtwGuf tcef;ul;vdkuf½HkeJY taqmifxJuae av,mOfxJ wef; a&mufoGm;jcif;[m awmfawmfhudk rsufpdvnfp&mBuD;jzpfoGm;yg w,f/
[m;… avm,mOfBuD;uvnf; tus,fBuD;ygvm;/ ab;wdkuf ,SOfcsxm;wJh xdkifcHkwef;u oHk;wef;ygw,f/ Mum;u avQmufvrf;u uRefawmfwdkY pD;aeusawGvdk tv,frSm wpfvrf;wnf; r[kwfbl;/ tv,frSmu ig;a,mufxdkif(vdkYrSwfwmyJ) cHkwef;&dSw,f/ olYab; wpfzufwpfcsufrSm avQmufvrf; wpfvrf;pD/ NyD;&if jywif;eJY uyf vsufrSmu ESpfa,mufxdkif xdkifcHkwef;/ pkpkaygif; wpfwef;rSm vl udk;a,muf (vdkYrSwfwmyJ)awmh us,fus,fvGifhvGifh xdkifvdkY&oAs/
tvkyfBuD;tudkifBuD;wef;twGufu xHk;pHtwdkif; av,mOfOD;ydkif; rSm ae&may;xm;wmrdkY uRefawmfwdkYESpfa,mufvnf; av,mOf&JU nmbuftpGefu ESpfa,mufxdkifcHkwef;rSm 0ifxdkifvdkufMuygw,f/ uRefawmfu avQmufvrf;eJYuyfvsuf? uRefawmfhrdwfaqGu jywif;eJY uyfvsuf/
av,mOfBuD;&JU BuD;us,frIudk MunfhNyD; &ifoyf&jyefw,f/ av ,mOfeJYawmif rwlbl;/ “mwf&Sif½Hk tao;pm;av;usvdkY/ [kwfw,f av/ uRefawmfwdkY rsufESmrl&mbufrSmu ½kyfjrifoHMum; ydwfum;jym; tBuD;BuD;udk tcef;qD; eH&HrSm wyfxm;w,f/
bmrSawmh jyrxm;ygbl;/ rav;&Sm; avaMumif;trSwfwHqdyfeJY pmwef;udkyJ taoxkd;jyxm;ygw,f/
Advertisements
7 Comments leave one →
  1. jeujue permalink
    10 October 2009 6:46 pm

    အဟီးးး ဆရာရေ ကျွန်မကြားဖူးတာက ယောက်ျား ဆိုတာမျိုးက နှာဘူးရယ် ဂန်ဒူးရယ် အရူးရယ်ပဲရှိတာတဲ့။ ဆရာ့ရဲ့ ကျန်တဲ့ တစ်မျိုးကို သေချာရှင်းရမယ်နဲ့တူတယ်။ စော်ကားတာမဟုတ်ပါဘူးနော် ဆရာ။

    • lettwebaw permalink
      10 October 2009 7:17 pm

      အဲဗျာ… ၀န်ခံထားပါတယ်ဆိုမှပဲ။ သူက လာပြီး အရှင်းခိုင်းနေပြန်ပြီ။ ကျွန်တော် ကြားဖူးတာက ဘုန်းကြီးရယ်၊ ဂန်ဒူးရယ်၊ နှာဘူးရယ်ဗျာ။ ခင်ဗျားကြားဖူးတာက ပိုတောင် နိပ်သွားသေးတယ်။ အဲလိုဆိုရင် “ကျွန်တော်က ဘုန်းကြီးလည်း မဟုတ်”ဆိုတဲ့နေရာမှာ အရူးလို့ ပြင်ဖတ်လိုက်ပေါ့ဗျာ။ ကျန်တာတော့ ဘာသာစဉ်းစားပေါ့။ စော်ကားတာ မဟုတ်မှန်း သိပါတယ်။ အိုခေနော်…

  2. စိုးမြတ်မျိုးရွှေ permalink
    10 October 2009 10:38 pm

    ဆရာရဲ့… ဒယ်ဒီနဲ့ မေမေနဲ့ ပြောတာပဲ သွားသတိရတယ်…
    မေမေကလည်း ပြောလေ့ရှိတယ် .. ယောက်ျားဆိုတာ … နှာဘူးရယ်၊ ဂန်ဒူးရယ်၊ ငမူးရယ်ပဲ ရှိတယ်ပေါ့ … (နည်းနည်းတော့ မူကွဲနေတယ်)
    ဒယ်ဒီက ပြန်ပြောတယ်… တော်သေးတာပေါ့ဗျာ ငမူးဆိုတာ ပါသေးလို့… နို့မဟုတ်ရင် ကိုယ့်ဟာကိုယ် ဘယ်ထဲ ထည့်ရမှန်းတောင် မသိဘူးတဲ့
    ဂန်ဒူးလို့ ပြောရလည်း အခက်တဲ့…
    (ဒယ်ဒီက ဆီးချိုရောဂါရှိတော့ ယောက်ျားဘ၀ရှုံးခဲ့တာ ဆယ်နှစ်ကျော်ပြီဆရာ … ဒါပေမယ့် အရက်သောက်တော့ သူကတော့ ငမူးပေါ့လေတဲ့။)

  3. 10 October 2009 10:43 pm

    Visa တို့၊ American Express တို့ကို ဘာသာပြန်တဲ့ အသုံး ခုမှ စတွေ့ဖူးတယ်… မကြိုက်တဲ့သူတွေကတော့ ဆရာကို ပြောတော့မှာပဲ… ဘာပဲပြောပြော နေ့အိပ်မက်က အဲလို စာလုံးတွေ ဘာသာပြန်တာကို ထောက်ခံပြီးသား… 🙂

    • 10 October 2009 11:10 pm

      ဆရာရေ … နေ့အိပ်မက်အတွက် တယ်လီဖုန်းတို့ မော်တော်ကားတို့ ရေဒီယိုတို့ကို ဘာသာပြန်ပေးလိုက်ပါအုံး။ ဆရာက ဝေါဟာရကြွယ်ဝလို့ပါ။
      ဒါမှ မြန်မာဝေါဟာရအသစ်တွေ ဖောဖောသီသီ ထွက်လာမှာ။ နောက်မျိုးဆက်သစ်တွေ အတွက်ပါ။ ကျမတို့ကတော့ သေခါနီးပြီ မလိုတော့ဘူး။

      အင်း … ကျမလည်း ကုလားဖြူတိုင်းပြည်ရောက်မှ ကုလားဝါ၊ ကုလားမဲ ကုလားညိုတို့ရဲ့ စကားတချို့ကို မြန်မာတွေ မွေးစားပြီး ယူသုံးထားမှန်း သိရတယ်။
      အာလူးတို့ ဂေါ်ဖီတို့ ဆိုတာ မြန်မာဝေါဟာရပဲ ထင်နေတာ။ ဆရာ ကြုံရင် အဲဒါလေးတွေပါ ဘာသာ ပြန်ပေးပါအုံး။
      ကျမ အစမ်းပြန်ကြည့်အုံးမယ်။
      အာလူး = မြေထွက်ဥလုံး။
      ဂေါ်ဖီ = ထပ်တရာအလွှာထုပ်။
      မကောင်းဘူးလားဟင် …. 😉

      • lettwebaw permalink
        10 October 2009 11:19 pm

        တယ်လီဖုန်းကို တစ်ခေတ်ဆီက “စကားပြောကြေးနန်း”လို့ ဘာသာပြန်ခဲ့ကြဖူးပါတယ်။ မော်တော်ကားကျတော့ “ဓာတ်ခြေစကြာ”ပေါ့ဗျာ။ (နိပ်တယ်နော်…) လေဒီယိုကျတော့ အဲ… “လေလှိုင်းသံဖမ်းကိရိယာ”ပေါ့ အဒေါ်ရယ်၊ ဘာခက်တာလိုက်လို့နော်။ တီဗှီတောင် ရုပ်မြင်သံကြားလို့ ခေါ်နေကြမှတော့ သူ့လည်း “လေလှိုင်းသံကြား”လို့ ခေါ်လို့ရနိုင်သေးတာပ။ အမှန်ကတော့ ဘုရားဟော ရှိပါတယ်လေ။ ဆန္ဒ၀တော ကိံနာမံ နသဇ္ဖတိ (ဆန္ဒရှိသူအတွက် အဘယ်အရာသည် မပြီးမြောက်ဘဲ ရှိအံ့နည်း)တဲ့။ တကယ်က ဖလှယ်ချင်ရင် ဖလှယ်လို့ ရပါတယ်။ ဆရာယုဒသန်တောင် သူ့နာမည်ကို ဂျပ်ဆင်လို့ ရေးမှ မရေးခဲ့တာ။ မြန်မာတွေအတွက် စေတနာထားပြီး တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ် ဖြစ်နိုင်ပါသဗျာ။

  4. 10 October 2009 10:44 pm

    ကျမလည်း လေယာဉ်ပျံဆို လှေခါးနဲ့ တက်ရတယ်ပဲ မှတ်တာ။ ကိုယ်တိုင် စီးမှ အဲဒီ ဆရာပြောတဲ့ စင်္ကြံလမ်းကနေ အထဲ တန်းရောက်သွားတော့ သြော် … ရောက်သွားပြီကိုးလို့ စိတ်ထဲ ဖြစ်သွားတယ်။
    တောကျတာလေ။ ဓာတ်ရှင်တွေ ကြည့်ဖူးပေမဲ့ လက်တွေ့မှ မစီးဖူးဘဲဟာ ဘယ်သိမလဲနော်။

    ဟိုလူပျိုကြီးက လယ်တီဆရာတော်ရဲ့ နွားမေတ္တာစာ ဖတ်ပြီး အမဲသား ရှောင်ထားလို့ နေမှာပါ။ 😉
    အင်း… ဆရာကတော့ နွားမေတ္တာစာ ဖတ်ပြီးရင် အမဲသား ပိုစားမယ့်ပုံပဲ။ 😀
    ဆရာလည်း အသက်ကြီးပြီနော်။ အမဲသား သိပ်မစားနဲ့တော့။ သွားတွေ မကောင်းဘဲ ဖြစ်တတ်တယ်တဲ့။ ကြာကြာဝါးမယ့်သွားဆို အမဲသား ရှောင်မှ။
    ပြီးတော့ ဟိုစကားပုံတစ်ခုကလည်း ရှိသေး။ ဘာ အမဲသား ကျွေးတယ်ဆိုလား။ ဟဲဟဲ… စော်ကားတာ မဟုတ်ပါဘူးနော် ဆရာ။
    အထက်က ကွန်မန့်နဲ့ အမဲသားနဲ့ ဆက်စပ်မိသွားလို့ပါ။

    အင်း… ကျမ ကြားဖူးတာလည်း ယောက်ျားတွေက ဒူးရင် ဒူး မဒူးရင် ဘူးတဲ့။ ဒီနှစ်မျိုးပဲ။ တချို့ အရူးတွေ ဒူးနဲ့ ဘူးထဲ ပါတာပဲ မဟုတ်လား။
    မူးမူးရူးရူးနဲ့ ဘူးပြီးတော့ ထူးချင်လည်း ထူးသွားနိုင်တာပဲ။ 🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: