Skip to content

Just Can’t Be a Bumpkin, My Darling! (Chapters 8 and 9)

11 October 2009

08Mealအဲလိုနဲ့ လေယာဉ်ကြီး ထွက်၊ လေယာဉ်မယ်တွေက ဘေးအန္တရာယ် ကင်းရှင်းရေး အစီအမံတွေနဲ့ သရုပ်ပြ ရှင်းလင်း တင်ဆက်၊ ကျွန်တော်က လေယာဉ်မယ် ချောချောလေးကို ငေးစတဲ့ တောင်စဉ်ရေမရတွေကို ကျော်လွှားလိုက်ပြီးသကာလ အစားအသောက် ကျွေးတဲ့ အပိုင်းကို ရောက်လာပါတော့တယ်။

ဟား… သည်မှာလည်း အလုပ်ကြီး အကိုင်ကြီးတန်းက အနိပ်စားပါကလားခင်ဗျ။ သောက်ချင်တဲ့ အရက် သောက်လို့ ရတယ်။ သို့သော် အဲဒီ့အချိန်က ကျွန်တော်တစ်ယောက် အရုးထပြီး အရက်မသောက်တဲ့အချိန် ဖြစ်နေတယ်။ သွေးမတောင်းလို့ မသောက်တာပါ။ အဲတော့ ပေါ့ပေါ့ပါးပါး ဖြစ်မယ့် ဝိုင်တစ်ခွက်ပဲ မှာလိုက်ပါတယ်။


ကနေ့ကျွေးမယ့် စားစရာ စာရင်းကို ဖတ်ကြည့်တော့လည်း ရေ သတ္တဝါ ပင်လယ်စာတွေ ရွေးလို့ ရနေတာမို့ ဝိုင်အဖြူကိုသာ ရွေးချယ်လိုက်တယ်။
အစားအသောက်က ဟိုတယ်အတိုင်းပဲ။ ခံတွင်းနူးစာ ငါးအစိမ်းသုပ်လေးကိုက ဘယ်လိုနိပ်မှန်းမသိဘူး။ ကျွန်တော့်မိတ်ဆွေ လူပျိုကြီးက အမဲသားတင် မစားတာ မဟုတ်ဘူး။ ငါးစိမ်းလည်း မစားတော့ ကျွန်တော်က ဖိုးကျိုင်းတုတ်ပေါ့။ ဆော်လမွန် ပင်လယ်ငါး အစိမ်းကို မကျက်တကျက်လေး ကျပ်တိုက်ပြီး သုပ်ထားတဲ့ ခံတွင်းနူးစာက ကျွန်တော့်လို အစားသရဲအတွက် မဝတဝ ရှိနေတုန်း သူက မစားဘူးဆိုတော့ သူ့ဟာပါ တွယ်ထည့်လိုက်တယ်။

ဝိုင်နဲ့ ပင်လယ်ပုစွန်ကင်၊ အာလူးပြုတ်နဲ့ ထောပတ်နဲ့ နယ်ပြီးမွှေထားတာ၊ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တို့ ပါဝင်တဲ့ အဓိက ဟင်းလျာနဲ့။ တကယ့်ကို နိပ်လှပါတယ်။ ကျွန်တော်က ကုလားစာ၊ တရုတ်စာ၊ မြန်မာ ထမင်းဟင်းများသာမက ဥရောပ အစားအစာတွေကိုလည်း မက်မက်စက်စက် စားလေ့ ရှိပါတယ်။ တစ်နည်းပြောရရင် အစားလောဘ ကြီးလှတယ်။ အစာစုံကိုလည်း စားတတ်တယ်။ သည်တော့ အဲဒီ့ မလေးလေကြောင်းက တည်ခင်းတဲ့ ဥရောပပုံစံ နေ့လည်စာဟာ ကမ္ဘာ့ပထမတန်းစားလို့ မဆိုနိုင်ရင်တောင်မှ ဒုတိယတန်းစားထက် မနိမ့်ဘူးဆိုတာကို သတိထားလိုက်မိတယ်။

အစားအသောက်နဲ့ ပတ်သက်ပြီးရေးတဲ့အခါမှာ ကျွန်တော် ဗျာများခဲ့ရပုံလေး တစ်ကွက်ကို သတိရလို့ မဆီမဆိုင် လှည့်ပြောလိုက်ချင်ပါတယ်။

09Luncheon၁၉၈၈ ခုနှစ် ဇူလိုင်လမှာ ကျွန်တော်ဟာ အီးယူလို့ ခေါ်တဲ့ ဥရောပသမဂ္ဂရဲ့ ဘာသာပြန်အလုပ်ကို ရခဲ့ပါတယ်။ အဲဒီ့ရာထူးနေရာကို ကျွန်တော်နဲ့ စခဲ့တာ ပါ။ ကျွန်တော်က ၂၀ဝ၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အဲဒီ့ရာထူးမှာ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ကျွန်တော့်နောက်မှာ ဦးကျော်ဇံသာက နှစ်နှစ်၊ သုံးနှစ်လောက် တာဝန်ယူတယ်။ သူ့နောက်မှာ မကြာသေးခင်က ကွယ်လွန် တိမ်းပါးသွားတဲ့ မြန်မာ့အသံ အင်္ဂလိပ်ပိုင်း အစီအစဉ်က သတင်းကြေညာသူဟောင်း ဦးအုံးခိုင် (ခေါ်) Kendley Smith က ဆက်လုပ်ခဲ့ ပါတယ်။ ဦးအုန်းခိုင် ကွယ်လွန်ပြီးတဲ့နောက်မှာတော့ အဲဒီ့ရာထူးနေရာလည်း မထားတော့ပါဘူး။


အဲ… ရုံးခန်းကိုတော့ ဥရောပသမဂ္ဂဝင် နိုင်ငံတွေထဲက သံရုံး ပရိဝုဏ် အကျယ်ပြန့်ဆုံး ရှိလေတဲ့ ကမ်းနားလမ်း ဗြိတိသျှသံရုံးမှာ ပေးထားပါတယ်။ သို့သော် ကျွန်တော့်အလုပ်ရှင်တွေက ဗြိတိသျှတွေချည်း မဟုတ်ဘူး။ မြန်မာနိုင်ငံမှာသံရုံးရှိတဲ့ ဥရောပသမဂ္ဂဝင် နိုင်ငံတွေ ဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီနဲ့ အီတလီတို့လည်း ပါဝင်ပါတယ်။ အသေချာဆုံးကတော့ ကျွန်တော့်လခကို လေးပုံ ပုံပြီး အဲဒီ့ သံရုံး လေးရုံးက တစ်ပုံစီ ခွဲပေးကြတာပါ။

ကျွန်တော့်ကို ခန့်တုန်းက တစ်လမှ မြန်မာငွေ ကျပ်၂၀ဝ၀ နဲ့ ခန့်ခဲ့ တာပါ။ အဲတုန်းကတော့ တခြား သံရုံးတွေက ဗြိတိသျှသံရုံးကို ပိုက်ဆံပေး၊ ဗြိတိသျှသံရုံးက လကုန်ရင် သူ့ရုံးက တိုင်းရင်းသား ဝန်ထမ်းများနဲ့အတူတူ ကျွန်တော့်ကို လခ ထုတ်ပေးခဲ့ပါသေးတယ်။ သို့သော် လစာက ဒေါ်လာ ဖြစ်သွားချိန်မှာ ကျွန်တော့်အတွက် နစ်နာသလို ဖြစ်နေတာမို့ ကျွန်တော်ပဲ ဆတ်ဆော့လိုက်တဲ့အတွက်၊ ဒါမှမဟုတ် အရေးဆိုလိုက်တဲ့အတွက် နောက်ပိုင်းမှာ သံရုံး လေးရုံးကနေ သူတို့ ကျသင့်တဲ့ ကျွန်တော့်လစာရဲ့ လေးပုံ တစ်ပုံစီကို မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်က ကျွန်တော့် နိုင်ငံခြားငွေ စာရင်းထဲကို သီးခြားစီ ထည့်ပေးခဲ့ကြပါတော့တယ်။ (သည်အကြောင်း အသေးစိတ်ကိုတော့ နောင် အလျဉ်းသင့်တော့မှပဲ ရေးပါတော့မယ်။)


အခုပြောချင်တာက အစားအသောက် ကိစ္စပါ။ ကျွန်တော့် အလုပ်ရှင်များ အနက်မှာ ဗြိတိသျှတွေနဲ့ကတော့ တစ်မိုးတည်းအောက် နေ့စဉ် တွေ့နေကြတာမို့ အထူးပြောစရာမလိုပါဘူး။ ရင်းနှီးတာပေါ့။ အဲတုန်းက ကျွန်တော့်ကို စခန့်ခဲ့တဲ့ ဗြိတိသျှသံအမတ်ကြီးဆိုရင် ကျောင်းဆရာဟောင်းပီပီ သူ အားတာနဲ့ ကျွန်တော့်ကို အင်္ဂလိပ်စာ ခေါ်ခေါ် သင်ပေးတဲ့ အထိပါပဲ။ အဲဒီ့ လူကြီးက အရပ်ကြီး ရှည်သလောက် စိတ်က လက်တစ်ဆစ်ရယ်။ အတော် သံတမန်မဆန်ဘဲ အရပ်သား ဆန်ဆန်၊ ဟောဟောဒိုင်းဒိုင်းနဲ့ ချစ်စရာ ကောင်းလှတဲ့ ဘိုးတော်ကြီးအဖြစ် မှတ်မိနေပါသေးတယ်။


ကျန်တဲ့ဟာတွေကတော့ ကျွန်တော့်ကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့မှ အောက်မေ့ရဲလား မသိဘူး။ လစဉ် ကျွန်တော့်လခ ပေးဖော်ရတာလေးတစ်ခုနဲ့တင် ကျေးဇူးတင်ရမလို ဖြစ်နေတယ်။ ကျွန်တော့်အလုပ်က စာရွက်စာတမ်းတွေ ဘာသာပြန်၊ ပြီးရင် မိတ္တူပွား၊ ရုံးတစ်ရုံးစီက အကြီးအကဲတွေဆီကို လိပ်မူပြီး စာအိတ် တစ်အိတ်စီနဲ့ ပို့ချလိုက်ရတာပါပဲ။ ဘယ်သူကမှလည်း ရရှိကြောင်းတွေ ဘာတွေ အကြောင်းပြန်မနေဘူး။

အဲ… သည်အထဲကမှ ဂျာမန်သံအမတ်ကြီးကကျတော့ ကျွန်တော့်ကို ဂရုတစိုက်ရှိတယ်။ သူတို့နိုင်ငံ အမျိုးသားနေ့ ဧည့်ခံပွဲတွေ ဘာတွေ ဖိတ်ဖော်ရသလို သူ့ရုံးက တိုင်းရင်းသားဝန်ထမ်းတွေနဲ့ ကျွန်တော်နဲ့ကိုလည်း ထိတွေ့ ဆက်ဆံစေတယ်။ ကျွန်တော့်ကိုလည်း ဆယ်ခါ့ရံတစ်ခါ ခေါ်ခက်ပြီး စကားစမြည် ပြောတယ်။ တစ်ချီမှာတော့ သူက ကျွန်တော့်ကို နေ့လည်စာ ကျွေးဖို့ စီစဉ်သဗျ။ ပြောချင်တာက အဲဒီ့ကိစ္စ။ (ခုမှပဲ ရောက်တော့တယ်နော်၊ ဝှူး… မောလိုက်တာ)


ကျွန်တော့်ကို ဘယ်သူ ဘယ်ဝါတွေကိုလည်း တစ်ဝိုင်းတည်း စားဖို့ ဖိတ်ကြားချင်ပါတယ်၊ ကျွန်တော် သဘောတူပါသလားလို့ အရင်လှမ်းမေးပါတယ်။

နေဦး… အဲဒီ့မတိုင်ခင် ကျွန်တော့်ကို ဘယ်နေ့ဘယ်ရက်မှာ နေ့လည်စာ ကျွေးချင်ပါတယ်။ ဂုဏ်ထူးဆောင်ဧည့်သည်(Guest of Honour) အဖြစ် ကျွေးမှာပါတဲ့။ အဲလို လှမ်းပြောတာ ၁၅ ရက်လောက် ကြိုပြောတာ။

အဲဒါ သူတို့ ဓလေ့ပါ။ ကျွန်တော်တို့လို နေ့ခင်းမှာ တက်ရမယ့် ပွဲကို မနက် ၉ နာရီမှ လှမ်းအကြောင်းကြားတာ မဟုတ်ဘူး။  (သည်စာကြောင်းကို ရေးနေတဲ့ ၁၆-၁၁-ဝ၅ နေ့မှာပဲ အဲဒါမျိုး ခံထား ရပါတယ်။ ဖိတ်စာက ကျွန်တော့်ဆီ တိုက်ရိုက်ရောက်မလာဘူး။ ကျွန်တော် ပင်တိုင် ရေးနေတဲ့ စာစောင်တစ်ခုကို ရောက်နေတာ။ အဲဒါ တစ်ဆင့်ဖိတ်ပေးတဲ့သူက ကနေ့ နေ့ခင်းတစ်နာရီမှာ ကျင်းပမယ့်ပွဲကို တက်ဖို့ ကျွန်တော့်ကို မနက်၉နာရီမှာ ဖုန်းဆက်ပြီး လှမ်းအကြောင်းကြားသဗျ။ မသင်းဘူးလား။ ဒါ သည်တစ်ပွဲတည်း မဟုတ်ဘူး။ အပွဲပွဲအလီလီ၊ အချီချီ ကြုံပြီးပြီ။ အမယ်… သူတို့ဘက်ကသာ ကြိုကြိုတင်တင် မပြောဘဲ နီးမှ ကပ်ဖိတ်တာ ရှိရမယ်၊ သည်ကကောင်က ကြိုသိမထားလို့၊ ကြိုပြောထားတဲ့ တခြားကိစ္စ တစ်ခုခုကြောင့် သူတို့ဆီ မသွားဖြစ်ရင် စိတ်က ဆိုးချင်ကြသေးတယ်ခင်ဗျ။ တော်တော် တရားကျစရာကောင်းတယ်။ အမှန်မှာတော့ သူ့အရပ်နဲ့ သူ့ဇာတ်လို့ ဆိုရမယ်ထင်တယ်။ ကျွန်တော်တို့တွေ ဘယ်လောက် အားနေ၊ ယားနေသလဲဆိုတာ အဲသလို ကပ်ဖိတ်လို့ ရတာလေး တစ်ခုတည်းနဲ့တင် ခိုင်လုံနေသလိုမျိုးပဲ။)


ထားပါတော့… ဆိုခဲ့တဲ့အတိုင်း ဂျာမန်သံအမတ်ကြီးရဲ့ အတွင်းရေးမှူး က ကျွန်တော့်ကို ထမင်းကျွေးမယ့်ကိစ္စ၊ ကျွန်တော် အားမယ့်ရက်နဲ့ အိမ်ရှင် အားမယ့်ရက်ကို ၁၅ ရက်လောက် ကြိုညှိတယ်။ ပြီးတော့ သူ ဖိတ်ချင်တဲ့သူတွေကို ကျွန်တော် သဘောတူမတူလည်း ကြိုညှိတယ်။

သဘောက နှစ်ဦးနှစ်ဖက် သိကျွမ်းသူများကို ဖိတ်မယ်ပေါ့။ သို့သော် အဲဒီ့လူတွေက ကျွန်တော်နဲ့ စကားပြောရတာ အပေါက်အလမ်းတည့်မယ့် သူတွေဆိုတာ သေချာရဲ့လားလို့ သွယ်ဝိုက်ပြီး မေးတဲ့သဘောပါ။ ဟုတ်တယ်လေ၊ တစ်ဝိုင်းတည်း ထိုင်စားတဲ့သူတွေချင်း တစောင်းစေးနဲ့ မျက်ချေး ဖြစ်နေရင် ဘယ် မျိုလို့ကျပါ့မလဲ။ အဲဒါဟာ သူတို့ အနောက်တိုင်း ဓလေ့ပါ။ အင်မတန် ချစ်စရာ ကောင်းပါတယ်။ အတုလည်း ခိုးသင့်တယ်လို့ ထင်တယ်။

အဲ… အတုခိုးကောင်းလို့ မိတ်ပျက်ဖူးတာလည်း ရှိတယ်။ တစ်ချီသားမှာ နယ်ကလာတဲ့ မိတ်ဆွေတစ်ယောက်ကို ထမင်းစားဖိတ်တယ်။ သူက သူနဲ့အတူ လူတစ်ယောက်ကို ခေါ်ခဲ့ချင်တယ်။ အဲဒီ့လူကို ဘာကြောင့်မှန်း မသိဘူး၊ ကျွန်တော် မြင်မြင်ချင်း ခံတွင်းမတွေ့ဘူး။ သူ ကောင်းတာတွေ၊ ဆိုးတာတွေ ကျွန်တော် မသိပါဘူး။ သို့သော် သူ့ရဲ့ တမင်လုပ်ထားတဲ့ ယဉ်ကျေးဖွယ်ရာမှုကြီးက ကျွန်တော့်စိတ်ကို အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေတယ်။ ပင်ကို ယဉ်ကျေးနေတာ မဟုတ်ဘဲ အပေါ်ယံကြီးဆိုတာ သိပ်သိသာနေသလိုပဲ။ ကျွန်တော့်စိတ်ကလည်း အဲသလို အပေါ်ယံဆိုရင် တစ်စက်ကလေးမှ ခံစားလို့ မရဘူး။ အဲဒါနဲ့ အဲဒီ့လူကို ဘာ ရန်ငြိုး ရန်စမှ မရှိဘဲ ခပ်ဝေးဝေးကပဲ ရှောင်နေခဲ့တာပါ။ တစ်ယောက်နဲ့ တစ်ယောက် သူ ဘယ်သူ၊ ကိုယ် ဘယ်သူဆိုတာ အပြန်အလှန် သိတယ်။ တွေ့ရင် ထမင်းစားပြီးပြီလား၊ နေကောင်းလားလောက် ပြောတယ်၊ ပြုံးပြတယ်။ သည်လောက်ပဲ။ ဘာတစ်ခွန်းမှ မပိုဘူး။ အဲသလို လူမျိုးကို ကျွန်တော်က ရင်းနှီး ခင်မင်စွာ ဖိတ်ကျွေးတဲ့ ထမင်းစားပွဲမှာ ခေါ်လာမယ်ဆိုတော့ ကျွန်တော်က မခေါ်ခဲ့ပါနဲ့လို့ ပြောမိသွားတယ်။ အမှန်ကတော့ အနောက်တိုင်း ဓလေ့ကို ကူးချလိုက်တာပါ။ အဲတော့ဗျာ… နောက်ပိုင်း အဲဒီ့မိတ်ဆွေ နယ်က လာတဲ့အခါ ကျွန်တော့်ကို အကြောင်းတောင် မကြားတော့ဘူးခင်ဗျ။ သူ ချစ်တဲ့သူ ခင်တဲ့သူကို ကျွန်တော်က အောင့်ပြီး မနမ်းနိုင်တဲ့ကိစ္စကို အပြစ်တစ်ခုလို့ ကောက်ယူသွားပုံ ရပါတယ်။ မိတ်ကို ပျက်ရော။


သူတို့တွေမှာတော့ အဲဒါမျိုးမရှိဘူး။ လူကို လူလို အတည့်ပဲမြင်တော့ ကိုယ်နဲ့မတူတိုင်း ကိုယ့်ရန်သူလို့ မသတ်မှတ်ဘူး။ လူဆိုတာ အကြိုက်တွေ၊ စရိုက်တွေ ကွဲပြားနေမှာပေါ့။ ကိုယ်ချစ်တဲ့သူကို လိုက်ချစ်မှ၊ ခင်မှဆိုရင် အမလေး… မတွေးရဲစရာကြီးခင်ဗျ။ ကျွန်တော်ချစ်တဲ့သူကိုတော့ ဘယ်သူမှ လိုက်မချစ်စေချင်ဘူး။ (မချစ်ကြပါနဲ့နော်၊ ကြောက်လွန်းလို့ပါ။)

ဆိုခဲ့သလို ကျွန်တော့်ကို တစ်စားပွဲထဲ အတူစားဖို့ ဖိတ်ကြားမယ့်သူတွေကို သဘောတူ၊ မတူ မေးပါတယ်။ သူ့ရုံးက တိုင်းရင်းသားဝန်ထမ်းတွေ၊ ကျွန်တော်နဲ့ အလုပ်သဘောအရ ဆက်စပ်နေသူတွေပါပဲ။ ကျွန်တော်ကလည်း ဖိတ်ပါလို့ ပြောလိုက်ပါတယ်။

ပြီးတော့ သူက ဘာစာ စားချင်သလဲလို့ မေးပါတယ်။ မြန်မာထမင်းဟင်း၊ တရုတ်စာ၊ အိန္ဒိယအစားအစာ၊ ဥရောပစာ အကုန်ဖြစ်နိုင်တယ်တဲ့။ အဲတော့ ကျွန်တော်ကလည်း ခပ်တည်တည်ပဲ၊ ဂျာမန်စာ စားချင်ပါတယ်လို့ ပြောလိုက်ပါတော့တယ်။ ကျွန်တော်က စုံချင်တဲ့ကောင်လေ။ အဲတော့လည်း ဂျာမန်စာပေါ့။ နည်းနည်းမှ မလျှော့ဘူး။

အမှန်တော့ ကျွန်တော့်ကိုသတ်သတ်ဖိတ်ကျွေးတဲ့ပွဲ၊ တစ်နည်းပြောရရင် ကျွန်တော့်ကို ဂုဏ်ထူးဆောင် ဧည့်သည်အဖြစ် ဖိတ်ကျွေးတဲ့ ပွဲဖြစ်တာမို့ ဘယ်သူတွေကို ဖိတ်မယ်၊ ဘာအစားအစာ စားမယ်ဆိုတာတွေ ကျွန်တော်နဲ့ ကြိုညှိတာပါပဲ။ မှတ်မှတ်ရရ၊ အဲဒီ့တစ်ခါပဲ ကျွန်တော်လည်း အဲသလို ဂုဏ်ထူးဆောင် ဧည့်သည် လုပ်ဖူးတယ်။ အလုပ်သဘောအရ စားရသောက်ရတဲ့ တခြား ထမင်းစားပွဲပေါင်းစုံ တက်ဖူးပေမယ့် ဧည့်မြှောင်အဖြစ်နဲ့သာ တက်ဖူးတာပါ။ တစ်ဘဝလုံးမှာ အဲဒီ့ တစ်ခါပဲ ဂုဏ်ထူးဆောင် ဧည့်သည် လုပ်ဖူးတယ်။ သည်အတွက် အဲဒီ့ သံအမတ်ကြီးကို ကျေးဇူးတင်ရပါမယ်။

အဲသလိုနဲ့ လိုတိုရှင်း ပြောရရင် စားပွဲနေ့က ရောက်လာပါတော့တယ်။ နေ့လည်စာဆိုတော့ နေ့ခင်း တစ်နာရီပေါ့။ သူ့အိမ် ရောက်တော့ တခြား ဖိတ်ကြားထားသူတွေလည်း ရောက်နှင့်နေကြပြီ။ ကျွန်တော့်ကို ဘာသောက်မလဲလို့ မေးလိုက်တော့ နေ့ခင်း နေပူပူမို့ ဘီယာပဲ သောက်လိုက်ပါတယ်။

သည်နေရာမှာလည်း အရက် ရွေးတတ်ဖို့ လိုတယ်။ ထမင်းမစားခင် သောက်ရတဲ့ အရက်၊ ထမင်းစားပြီးမှ သောက်ရတဲ့ အရက်တွေ ရှိသလို ထမင်း စားပွဲမှာ အရက်မသောက်ရတာအထိ ကျွန်တော်က ကောင်းကောင်း သိထားတယ်။ သည်ဝန်ထမ်းအလုပ်ကို မလုပ်ခင် ပဝေသဏီကတည်းက နိုင်ငံခြားသားတွေ ကျင်လည်တဲ့ အသိုင်းအဝိုင်းမှာ ငမျောက်ငချောက်အနေနဲ့ ကျွန်တော်က ကျင်လည်ဖူးပြီးသား၊ ပွဲအလီလီ တိုးဖူးပြီးသားဆိုတော့ သည်လောက်ကတော့ နောဧက နောပေါ့။

သည်တော့ ဘီယာပဲ သောက်လိုက်ပါတယ်။ ဂျာမန်ဘီယာခင်ဗျ။ နိပ်တယ်။ နိပ်ပေမယ့် တစ်ခွက်ပါပဲ။ ဧည့်ခန်းထဲမှာ ထမင်းမစားခင် စကားစမြည် ပြောရင်း သောက်ကြတာပေါ့။ မြည်းစရာ သစ်စေ့ပန်းကန်လေးတွေလည်း ရှိတယ်။ သံအမတ်ကြီးက လာတည်တော့ တစ်စေ့နှစ်စေ့ ကောက်ဝါးပေါ့။

—————————————————–

“(ဆူဒိုနင် ပြောကြားတဲ့) တောသားလည်း ဟုတ်နိုင်ပေါင် ခင်ရယ်ရဲ့ အဋ္ဌမနဲ့ န၀မ အခန်းစဉ်များဖြစ်ပါတယ်။

သည်အခန်းစဉ်များအတွက် သရုပ်ဖော်ပုံများကို ရေးဆွဲပေးခဲ့သူကတော့ ဆရာ ဖေသစ်တည် ဖြစ်ကြောင်းပါ။

tJ… twkcdk;aumif;vdkY rdwfysufzl;wmvnf;&dSw,f/ wpfcsDom; rSm e,fuvmwJh rdwfaqGwpfa,mufudk xrif;pm;zdwfw,f/ olu oleJYtwl vlwpfa,mufudk ac:cJhcsifw,f/ tJ’Dhvludk bmaMumifhrSef; rodbl;? uRefawmf jrifjrifcsif; cHwGif;rawGUbl;/ ol aumif;wmawG? qdk;wmawG uRefawmf rodygbl;/ odkYaomf olY&JU wrifvkyfxm;wJh ,Ofaus;zG,f&mrIBuD;u uRefawmfhpdwfudk tBuD;tus,ftaESmifh t,Suf jzpfapw,f/ yifudk ,Ofaus;aewmr[kwfbJ tay:,HBuD; qdkwm odyfodomaeovdkyJ/ uRefawmfhpdwfuvnf; tJovdktay:,H qdk&if wpfpufuav;rS cHpm;vdkYr&bl;/ tJ’geJY tJ’Dhvludk bm &efNidK; &efprS r&dSbJ cyfa0;a0;uyJ a&SmifaecJhwmyg/ wpfa,mufeJY wpf a,muf olb,fol? udk,fb,folqdkwm tjyeftvSef odw,f/ awGU&if xrif;pm;NyD;NyDvm;? aeaumif;vm;avmuf ajymw,f? ûyH;jyw,f/ onfavmufyJ/ bmwpfcGef;rS rydkbl;/ tJovdk vlrsdK;udk uRefawmfu &if;ESD;cifrifpGm zdwfauR;wJh xrif;pm;yGJrSm ac:vmr,fqdkawmh uRef awmfu rac:cJhygeJYvdkY ajymrdoGm;w,f/ trSefuawmh taemufwdkif; “avhudk ul;csvdkufwmyg/ tJawmhAsm… aemufydkif; tJ’DhrdwfaqG e,fuvmwJhtcg uRefawmfhudk taMumif;awmif rMum;awmhbl;cifAs/ olcspfwJhol cifwJholudk uRefawmfu atmifhNyD; rerf;EdkifwJhudpöudk tjypfwpfckvdkY aumuf,loGm;yHk&ygw,f/ rdwfudk ysufa&m/
olwdkYawGrSmawmh tJ’grsdK;r&dSbl;/ vludk vlvdk twnfhyJjrifawmh udk,feJYrwlwdkif; udk,fh&efolvdkY rowfrSwfbl;/ vlqdkwm tBudKufawG? p½dkufawG uGJjym;aerSmaygh/ udk,fcspfwJholudk vdkufcspfrS? cifrSqdk&if trav;… rawG;&Jp&mBuD;cifAs/ uRefawmfcspfwJholudkawmh b,f olrS vdkufrcspfapcsifbl;/ (rcspfMuygeJYaemf? aMumufvGef;vdkYyg/)
qdkcJhovdk uRefawmfhudk wpfpm;yGJxJ twlpm;zdkY zdwfMum;r,fholawG udk oabmwl? rwl ar;ygw,f/ olY½Hk;u wdkif;&if;om;0efxrf;awG? uRefawmfeJY tvkyfoabmt& qufpyfaeolawGygyJ/ uRefawmfu vnf; zdwfygvdkY ajymvdkufygw,f/
NyD;awmh olu bmpmpm;csifovJvdkY ar;ygw,f/ jrefrmxrif; [if;? w½kwfpm? tdE´d,tpm;tpm? Oa&mypm tukefjzpfEdkifw,fwJh/ tJawmh uRefawmfuvnf; cyfwnfwnfyJ? *smrefpm pm;csifygw,f vdkY ajymvdkufygawmhw,f/ uRefawmfu pHkcsifwJhaumifav/ tJawmh vnf; *smrefpmaygh/ enf;enf;rS ravQmhbl;/
trSefawmh uRefawmfhudkowfowfzdwfauR;wJhyGJ? wpfenf;ajym&&if uRefawmfhudk *kPfxl;aqmif{nfhonftjzpf zdwfauR;wJh yJGjzpfwmrdkY b,folawGudk zdwfr,f? bmtpm;tpm pm;r,fqdkwmawG uRefawmfeJY BudKnd§wmygyJ/ rSwfrSwf&&? tJ’DhwpfcgyJ uRefawmfvnf; tJovdk *kPfxl;aqmif{nfhonfvkyfzl;w,f/ tvkyfoabmt& pm;&aomuf& wJh wjcm; xrif;pm;yGJaygif;pHkwufzl;ayr,fh {nfhajr§miftjzpfeJYom wufzl;wmyg/ wpfb0vHk;rSm tJ’DhwpfcgyJ *kPfxl;aqmif{nfhonf vkyfzl;w,f/ onftwGuf tJ’Dh oHtrwfBuD;udk aus;Zl;wif&ygr,f/
tJovdkeJY vdkwdk&Sif;ajym&&if pm;yGJaeYu a&mufvmygawmhw,f/ aeYvnfpmqdkawmh aeYcif; wpfem&Daygh/ olYtdrfa&mufawmh wjcm; zdwfMum;xm;olawGvnf; a&mufESifhaeMuNyD/ uRefawmfhudk bmaomuf rvJvdkY ar;vdkufawmh aeYcif; aeylylrdkY bD,myJ aomufvdkufygw,f/
onfae&mrSmvnf; t&ufa&G;wwfzdkY vdkw,f/ xrif;rpm;cif aomuf&wJht&uf? xrif;pm;NyD;rS aomuf&wJht&ufawG&dSovdk xrif; pm;yGJrSm t&ufraomuf&wmtxd uRefawmfu aumif;aumif;odxm; w,f/ onf0efxrf;tvkyfudk rvkyfcif ya0oPDuwnf;u EdkifiHjcm; om;awG usifvnfwJhtodkif;t0dkif;rSm iarsmufiacsmuftaeeJY uRef awmfu usifvnfzl;NyD;om;? yGJtvDvD wdk;zl;NyD;om;qdkawmh onf avmufuawmh aem{u aemaygh/
onfawmh bD,myJ aomufvdkufygw,f/ *smrefbD,mcifAs/ edyfw,f/ edyfayr,fh wpfcGufygyJ/ {nfhcef;xJrSm xrif;rpm;cif pum;pjrnf ajym&if; aomufMuwmaygh/ jrnf;p&m opfaphyef;uef av;awGvnf; &dSw,f/ oHtrwfBuD;u vmwnfawmh wpfaphESpfaph aumuf0g;aygh/
Advertisements
3 Comments leave one →
  1. 11 October 2009 11:32 pm

    ဆရာက အရက်မသောက်ဘူး။ ၀ိုင်ပဲသောက်တယ်ဆိုလို့ ဘီယာဟာ အရက်တော့မဟုတ်ပါ ဆိုတာတောင် သတိရသွားတယ်။
    ဆရာ့အနေနဲ့တော့ ၀ိုင်က အချိုရည်အဆင့်ပဲ ရှိမှာပေါ့ နော် …. 😉

    ဒါနဲ့ ဆရာက အင်္ဂလိပ် အသံထွက်တွေ ဂရုစိုက်လွန်းလို့ တခုလောက် ၀င်ထောက်ပါရစေ။ (၀င်နှောက်တယ်လဲ ဆိုချင်ဆိုပါ)
    salmon ကို ဆော်လမွန်လို့ အသံမထွက်ဘူးထင်တယ်။ ကျမလဲ တသက်လုံး ဆော်လမွန်ချည်း ဖတ်နေတာ … ဒီရောက်တော့ ဦးရီးတော်ရှေ့ မှောက်ရက်လဲမှ အရှက်တွေကွဲပြီး သိခဲ့ရတဲ့ စာလုံးမို့ပါ။
    ကျမ ကြားသလောက်တော့ salmon ကို (ဆဲယ်မဲန်) လို့ ထွက်တယ် ထင်တာပဲ။ L (လ) သံ မပါဘူး မဟုတ်လား။
    ဆရာ့လို အသံမဖလှယ်တတ်လို့ ရေးတတ်သလိုပဲ ရေးလိုက်ပါတယ်။

    ဆရာ့စာဖတ်ဖတ်ချင်း တော်တော်လေး ဗိုက်ဆာသွားတယ်။ ကျမလည်း ဆရာ့နည်းတူစွာပဲ မြန်မာစာ၊ တရုတ်စာ၊ ကုလားစာ၊ ဥရောပစာ … မရွေးတမ်း အကုန်စားပါတယ်။
    ဘယ်နေရာနေနေ မငတ်ဖူးပေါ့။
    ဆရာ့အစားအသောက်နဲ့ ပတ်သက်ပြီးဗျာများရတာကလည်း ရောက်ပဲ မရောက်နိုင်ဘူး။ ဆုံးသာသွားရော … သစ်စေ့ကောက်ဝါးတာပဲရှိသေးတယ်။
    အင်း … နောက်တပုဒ်ကို မျှော်ရဦးတော့မှာပေါ့။
    ဒါသည်လည်း ဆရာ့ရဲ့ စာရေးနည်း တက်ခနိ ပေါ့လေ …။ ပရိသတ်ကို အတော်နှိပ်စက်တာပဲ။ အစာနဲ့ နှိပ်စက်လိုက် စာနဲ့ နှိပ်စက်လိုက်နဲ့။

    သရုပ်ဖော်ပုံတွေကတော့ တော်တော်လေး မိုက်တယ်ဆရာရေ့။ ဆရာ့ပုံကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်စေပါတယ်။ ဆရာဖေသစ်တည်ကို ချီးကျူးပါ၏။

    • lettwebaw permalink
      12 October 2009 12:06 am

      ကျေးဇူးတင်သည် မေဓာဝီလို့ ကာရန်လေးနဲ့ ပြောရမှာပဗျာ။ ကျွန်တော်လည်း ဆော်လမွန်လို့ပဲ ထင်ထားတာဗျ။ ဆရာမ ထောက်ပြတော့မှပဲ အဘိဓာန်ကို လှပ်၊ သေချာ ပြန်နားထောင်ကြည့်ရတယ်။ ဗြိတိသျှက /ဆာ့မန်း/တဲ့။ အမေရိကန်က /ဆဲမန်/ဆိုပဲကိုး။ သေဟဲ့ နန္ဒိယဆိုတဲ့အတိုင်း ကျွန်တော်မျိုးကြီး သေသင့်ပါတယ်။ ကြားက /လ/သံကို ဖျောက်ရတယ်ဆိုတာလည်း အမှန်ပဲ။

      အဲဒါပဲဗျ၊ ရှေ့ရှေ့ကလူတွေ အသံထွက်အမှားတွေနဲ့ သင်သွား၊ ရေးပြသွားတော့ ကျွန်တော်တို့တွေလည်း အမှန်ထင်ပြီး လိုက်ပြော၊ ပြီးတော့မှ အလွဲမှန်း သိရတာ။ အမယ်… ဆော်လမွန်က ဘာဟုတ်သေးလို့တုံး၊ ရှောလမုန်လို့ ဖလှယ်ထားတာတောင် ရှိသေး မဟုတ်လား။ ဘာပြောရမှန်းတောင် မသိတော့ဘူး။ ထောက်ပြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျား။ နှောက်တယ်လို့ မအောက်မေ့ပါ။

  2. 14 October 2009 11:33 am

    ဖတ်ရင်းနဲ့ ဗိုက်တော်တော်ဆာလာပြီ..မဖြစ်ပါဘူး. ကွန်ပျူတာပိတ်ဦးမှပါပဲ..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: