Skip to content

On Discrimnation

21 January 2010

အမှန်တော့ တယ်လီဖုန်းဇာတ်လမ်း မပြီးခင်မှာ ဘာပို့(စ်)မှ အသစ်တင်ဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ အခုတစ်ပတ် ထွက်လာတဲ့ Weekly Eleven ဂျာနယ်ထဲက လိင်တူဆက်ဆံမှုနဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါး အလွဲအမှားတစ်ပုဒ်ကို ဖတ်လိုက်မိတော့ သိပ်ကို စိတ်မကောင်းဖြစ်မိသွားရပါတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေ (၁၇-၀၁-၁၀) ညနေ ၆ နာရီခွဲမှာ Mandalay FM ရေဒီယိုကနေ ထုတ်လွှင့်တင်ဆက်ခဲ့တဲ့ ကျွန်တော့်အစီအစဉ်လေးကို အရေးပေါ် တင်ဆက်ဖြစ်သွားပါပြီ။ အဲဒီ့ ရေဒီယို အစီအစဉ်ကိုလည်း အမှတ်စဉ် ၁ ကိုသာ အခုအထိ ဘလော့(ဂ်)မှာ တင်ဆက်နိုင်ပါသေးတယ်။ အခုကျတော့ အမှတ်စဉ် ၈ ကို ခုန်ကျော် တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ လိုအပ်ချက်အရ တင်ဆက်တယ်လို့ပဲ မှတ်ယူတော်မူပေးကြစေလိုပါတယ်ခင်ဗျား။

Mandalay FM Broadcast 8

မင်္ဂလာပါလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဦးစွာပထမ ဂါရဝနဲ့ နှုတ်ခွန်းဆက်ပါရစေလား ခင်ဗျာ။ နားဆင်တော်မူနေကြသူ ချစ်မိတ်ဆွေများ မှတ်မိကြဦးမလား မသိဘူး။ ဟိုးရှေ့တစ်ပတ်ဆီက အပျိုကြီးများရဲ့ အားသာချက်များဆိုတဲ့ ခေါင်းစဉ်နဲ့ဓာတ်ချောစာလေးတစ်စောင် ကျွန်တော့်ဆီကို ရောက်လာတာနဲ့ ပတ်သက်ပြီး အိမ်ထောင်သည်ဘဝရဲ့ သဘာဝလေးတွေကို ဆွေးနွေးတင်ပြခဲ့ပါတယ်။

အဲဒီ့အပျိုကြီးများရဲ့ အားသာချက်များဆိုတဲ့ ဓာတ်ချောစာလေးကိုတော့ ကျွန်တော်နဲ့ ခင်မင်သူ အပျိုကြီးများဆီ လက်ဆင့်ကမ်း ပို့ပေးခဲ့ရာမှာ အပျိုကြီးတစ်ယောက်ဆီက စာပြန်လာပါတယ်။ သူ့စာက သည်လို ရေးထားတယ်။

ဆရာ ပို့ပေးလိုက်တဲ့ အပျိုကြီးများရဲ့ အားသာချက်များဆိုတဲ့ စာလေးအတွက် ကျေးဇူးတင်တယ် ဆရာ။ ကြိုက်လွန်းလို့ သမီးရဲ့ Facebook စာမျက်နှာပေါ်မှာတောင် တင်ထားတယ်။ အပျိုကြီးတွေနဲ့ ပတ်သက်လို့ ဆရာများ တစ်ခုခု ရေးပြီးပြီလား မသိဘူး။ မရေးရသေးဘူးဆိုရင် ရေးပါဦး ဆရာရယ်။ ရေးပြီးပြီဆိုရင်လည်း ဘယ်စာအုပ်ထဲမှာ ရေးထားတယ်ဆိုတာ သမီးကို ပြောပြနော်။ ဒါမှ သမီး သွားရှာ ဝယ်လို့ ရမှာ။


သမီးဆို အခု အသက်က ၃၂ နှစ် ရှိနေပြီဆိုတော့ လူတွေက သမီး အိမ်ထောင်မပြုတာကိုပဲ ရမယ်ရှာနေကြတယ်။ တစ်ခါ တစ်ခါများဆိုရင် တော်တော် မခံချင်အောင်ကို ပြောကြတာ ဆရာ။ သည်လို ပြောတာဟာ လူမျိုးရေး ခွဲခြားသလို၊ ကျား-မ ခွဲခြားသလိုလောက် ဆိုးလှတယ် ဆရာရယ်။ ဘာဖြစ်လို့များ လူတွေက အပျိုကြီးတွေကို အထင်အမြင်သေးကြ တာလဲဆိုတာ သမီးဖြင့် စဉ်းကို မစဉ်းစားတတ်အောင်ပါပဲ။ သမီးအတွက်ကတော့ တစ်ကိုယ်တည်းနေရတဲ့ ဘဝလောက် ကောင်းတဲ့ဘဝ မရှိဘူးလို့ ခံယူပါတယ်ဆရာ။ သည်လို ပြောတဲ့အတွက် အိမ်ထောင်ပြုတာကို ဆန့်ကျင်တဲ့ သဘော မဟုတ်ပါဘူး။ ဘဝအမြင်ချင်း မတူကြတာ၊ ဘဝရည်မှန်းချက်ချင်း မတူကြတာလို့ပဲ သမီး ထင်ပါတယ်။ နောက်တစ်ချက်က အိမ်ထောင်ပြုတာ၊ မပြုတာ၊ ရည်းစားထားတာ၊ မထားတာဆိုတာဟာ လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင်ရွေးချယ်မှု၊ ကိုယ်ပိုင်လွတ်လပ်ခွင့်သာ မဟုတ်ဘူးလား ဆရာ။ အဲဒါကိုမှ ဘာဖြစ်လို့ သမီးတို့ကို လှောင်ချင် ပြောင်ချင် ကဲ့ရဲ့ချင်ကြတာလည်း မသိဘူးနော်။ တစ်ခါတစ်ခါကျတော့ အရမ်းကို စိတ်လည်း ညစ်၊ ဒေါသလည်း ထွက်မိတယ် ဆရာရယ်။

သူ့စာလေး ဖတ်ရတော့ ကျွန်တော့် ရင်ထဲ မကောင်းလှဘူး။ ဟုတ်ပါရဲ့၊ ကျွန်တော်အပါအဝင် လူအတော်များများဟာ အပျိုကြီး လူပျိုကြီးတွေကိုဆို အတော် ကလိချင် ရိချင်တတ်ကြတဲ့ ဉာဉ်လေးတွေနဲ့ပါ။ သူ့စာဖတ်ရတော့ ကျွန်တော်ဖြင့် နောက်များဆို ဆင်ခြင်ရမယ်ဆိုတာကို တစ်ခါတည်း မှတ်သားလိုက်မိပါတယ်။


Discrimination ကို မြန်မာလို ခွဲခြားဆက်ဆံမှုလို့ ဘာသာပြန်ကြပါတယ်။ မှားတယ်လို့ မဆိုနိုင်ပေမယ့် မပြည့်စုံပါဘူး။ အမှန်တော့ လူမျိုးဇာတိ၊ အသားအရောင်၊ ဘာသာရေး ယုံကြည်မှု၊ ကျန်းမာရေး အခြေအနေစတာများကို အကြောင်းပြုပြီး လူအချင်းချင်း မတူသလို မတန်သလို နှိမ်ချ ဆက်ဆံတာကို discrimination လို့ ခေါ်ပါတယ်။ မိန်းမတွေ ဘာမှ နားမလည်ပါဘူးကွာဆိုတာမျိုးဟာ ခွဲခြားဆက်ဆံတာပါ။ အလားတူပဲ တိုင်းရင်းသား လူမျိုးအချင်းချင်းမှာပဲ မြွေပွေးနဲ့ အဲဒီ့ တိုင်းရင်းသား ယှဉ်ရင် အဲဒီ့တိုင်းရင်းသားကို အရင် သတ်ရတယ်ဆိုတဲ့ စကားမျိုးဟာလည်း လူမျိုးရေး ခွဲခြားတာပါပဲ။


ဆိုခဲ့တဲ့အတိုင်း ဘာသာရေး ယုံကြည်မှု၊ ရိုးရာ အစွဲအလန်း၊ ဗေဒင်ယုံတာ အစရှိတာများကိုလည်း ကျွန်တော်တို့တွေဟာ လူအချင်းချင်း တစ်ယောက်ကို တစ်ယောက် လှောင်ချင် ပြောင်ချင်၊ ကလိချင် ရိချင်နေတတ်ကြပါတယ်။ အမှန်တော့ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်တွေ စရိုက်တွေ မတူကြပါဘူး။ ကျွန်တော် ပြောလေ့ရှိသလို ကျွန်တော်က ငါးပိရည်ဆို အနံ့တောင် ခံလို့မရပေမယ့် ကျွန်တော့်အိမ်သူနဲ့ ကျွန်တော့်သမီးကတော့ ငါးပိရည်ကို အလွန်ကြိုက်ကြပါတယ်။ သီတင်းကျွတ်ရင် ပေါ်လာတတ်တဲ့ ပုရစ်ဆိုရင် ကျွန်တော်နဲ့ ကျွန်တော့်သားက တစ်ရာသီကို အကောင် သုံး-လေး-ငါးရာ စားချင်တတ်ပေမယ့် ကျွန်တော့်ဇနီးနဲ့ ကျွန်တော့်သမီးကကျပြန်တော့လည်း ပုရစ် မစားပါဘူး။ ဒါဟာ လူချင်းတူပေမယ့် အကြိုက်ချင်းမတူတဲ့ အထင်ရှားဆုံး ဥပမာပါပဲ။


တချို့က ရိုးရာယုံကြည်မှု အစွဲအလန်းကြောင့် အမဲသား ဝက်သား ရှောင်ကြတယ်။ တချို့က သတ်သတ်လွတ်စားတယ်။ တချို့က အဲဒီ့ ရိုးရာ ယုံကြည်မှုကြောင့် ငါးရံ့တောင် မစားဘူးဆိုတာ ကြားရတဲ့အခါ ကြားခါစမှာ အတော်ကို အံ့ဩသွားခဲ့ရဖူးပါတယ်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ကို ရောက်တဲ့အခါ “အသုံးလုပ်တယ်”ဆိုတဲ့ ဝေါဟာရ အသစ်တစ်လုံးကို ကြားရတော့ အဓိပ္ပာယ်ကို မေးယူရတယ်။ သူတို့က ရေငံပိုင် ဦးရှင်ကြီးကို ပူဇော်ပသကြတာပါ။ ကျွန်တော်တို့ ကြားဖူးတာကတော့ ဦးရှင်ကြီး တင်တယ်ပေါ့ဗျာ။ သို့သော် သူ့ဒေသမှာကျတော့ အဲဒါကို “အသုံးလုပ်တယ်”လို့ ခေါ်သတဲ့ဗျ။


အဲတော့ လူတွေမှာ မိမိတို့ မွေးဖွားကြီးပြင်းတဲ့ ပတ်ဝန်းကျင်တွေ အမျိုးမျိုး ကွဲပြားနေကြတယ်။ ဇာတိအခြေခံတွေလည်း ကွဲပြားကြတယ်။ အဲဒါတွေက ဆင့်ပွားလာတဲ့ သက်ဝင်ယုံကြည်မှုတွေ၊ အစွဲအလန်းတွေ၊ ခံယူချက်တွေ၊ ရှုမြင်ပုံတွေလည်း ကွဲပြားနေတာဟာလည်း တကယ်တော့ သဘာဝကျပါတယ်။ ကိုယ်သက်ဝင်ယုံကြည်တာ၊ ကိုယ်စွဲလန်းတာ၊ ကိုယ်မြင်တာနဲ့ မတူတိုင်း တစ်ဖက်သားကို မှားနေတယ်၊ လွဲနေတယ်လို့ ထင်မိတတ်ကြတာလည်း အင်း… တကယ်တော့ လူ့သဘာဝပါပဲ။ စိတ်ထဲ ထင်ရုံထင်တာကတော့ ဘာမှ အကြောင်း မဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲ ဘယ်သူမှ ဝင်ကြည့်လို့ မရတာမို့ ပြဿနာလည်း မရှိပါဘူး။ အဲ… အဲဒါကိုမှ နှုတ်က ထုတ်ဟပြီး ကဲ့ရဲ့တာ၊ လှောင်တာ ပြောင်တာများကကျတော့ တစ်ဖက်သား အပေါ် မလေးစားရာ ရောက်သွားပါပြီ။


ဆိုကြပါစို့ဗျာ… ငါးပိရည် မကြိုက်တဲ့ ကျွန်တော်က ငါးပိရည်နဲ့ မြိန်ရည်ယှက်ရည် လွေးနေတဲ့ ကျွန်တော့်အိမ်သူကို “မင့်နှယ်ကွာ၊ အပုပ်အစပ်တွေ တော်တော်ကြိုက်”လို့ ပြောလိုက်တာမျိုးဟာ သူ့ကို ထိပါးလိုက်တာ၊ စော်ကားလိုက်တာဖြစ်သလို သူ မက်မက်စက်စက် စားနေတဲ့ အစာကိုလည်း အပုပ်အစပ်တွေပဲရယ်လို့ တံဆိပ်ကပ်လိုက်တာပါ။ တစ်နည်းအားဖြင့် သူဟာ လူတစ်ယောက်ဖြစ်တယ်၊ သည်အတွက် သူ့မှာ သူ့ကိုယ်ပိုင် အကြိုက်တွေ ရှိတယ်ဆိုတာကို မလေးစားတဲ့ စိတ်နဲ့ ပြောချလိုက်တဲ့ စကားမျိုးပါပဲ။


ဒါမှမဟုတ် သူငယ်ချင်းချင်းပေါ့။ ကျွန်တော်က ပုရစ်ကြော်တွေ အားရပါးရ တုပ်နေတယ်။ ကျွန်တော့်သူငယ်ချင်းကိုလည်း စားစေချင်တယ်။ ဟေ့ကောင်… စားကွာလို့ ပြောလိုက်တဲ့အခါ သူငယ်ချင်းက “ငါ ဒါမျိုးတွေ မစားဘူးကွ၊ လူစားတဲ့ အစာပဲ စားတာ”လို့ ပြောလိုက်မယ်ဆိုရင်လည်း ဒါ သူ ကျွန်တော့်ကို ထိပါး စော်ကားတာဖြစ်သလို ကျွန်တော့်ရဲ့ ကြိုက်လိုရာ ကြိုက်ပိုင်ခွင့်ကို မလေးစားပြန်တာပဲ ဖြစ်ပါတယ်။


အဓိကကတော့ ကိုယ်ချင်းစာ စိတ်ပါ။ ကြာတော့ ကြာပါပြီ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တောင် ကချင်မှ ကပါလိမ့်မယ်။ ဘယ် မဂ္ဂဇင်းလဲ မမှတ်မိတော့တဲ့ မဂ္ဂဇင်းတစ်စောင်မှာ မင်းသမီးကြီး ဒေါ်တင်တင်လှနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခု ပါပါတယ်။ မင်းသမီးကြီး ဒေါ်တင်တင်လှဆိုတာက သူ့ခေတ်နဲ့ သူ့အခါတုန်းကတော့ အောင်မြင်ခဲ့တဲ့ မင်းသမီး တစ်လက်ဖြစ်သလို အခု အခါမှာလည်း မအေခန်း၊ အဒေါ်ခန်းများမှာ ဝင်ရောက် သရုပ်ဆောင်နေဆဲ ဖြစ်မယ် ထင်ပါတယ်။ ထင်ပါတယ်ဆိုတာက ကျွန်တော်က ရုပ်ရှင် သိပ်မကြည့်ဖြစ်တော့လို့ပါ။ အဲ… အဲဒီ့ ဒေါ်တင်တင်လှနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ကျွန်တော် မှတ်သားလိုက်မိတဲ့ စကားတစ်ခွန်း ရှိပါတယ်။


အဲဒါကတော့ “ကိုယ်ကြိုက်တာ ကိုယ်လုပ်”ဆိုတဲ့ အယူအဆပါပဲ။ ဒေါ်တင်တင်လှက အဲဒီ့စကားကို ရှင်းသွားပါတယ်။ သူ့စကားအတိအကျတော့  မမှတ်မိတော့လို့ ကျွန်တော့်စကားနဲ့ ကျွန်တော်ပဲ ကျွန်တော်နားလည်သလို ပြန်ပြောပြ ပါရစေ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ဆိုတာက ကိုယ့်ကို ချေချေငံငံ ပြောတာကို ကိုယ်ကြိုက်တယ်၊ ဒါဆိုရင် သူများကိုလည်း ချေချေငံငံ ဖွယ်ဖွယ်ရာရာ ဆက်ဆံသင့်ပါတယ်။ အလားတူပဲ၊ ကိုယ့်ကို ဆဲရင် ကိုယ်ကြိုက်မလား။ မကြိုက်ဘူးဆိုရင် ကိုယ်လည်း သူများကို မဆဲသင့်ပါဘူး။ အဲသလိုပါ။


အဲတော့ ကိုယ်က နှစ်နှစ်သက်သက်စားနေတဲ့ အစာတစ်ခုခုကို တစ်ယောက်ယောက်က ရှုံ့ချပြီးပြောတဲ့အခါ ကိုယ်ကြိုက်နိုင်မလား။ ဘယ်လိုမှ ကြိုက်နိုင်မှာ မဟုတ်ပါဘူး။ သည်အခါ သူများ စားနေတာကိုလည်း ဘာမှ သွားပြီး အပြစ်ပြောနေစရာ အကြောင်းမရှိတော့ပါဘူး။ သည်ကမှ တစ်ဆင့်တက်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ မိရိုးဖလာအရဖြစ်စေ၊ ကိုယ်ကိုယ်တိုင်က သေချာ လေ့လာပြီး ယုံကြည်စွဲလန်းလို့ဖြစ်စေ သက်ဝင် ယုံကြည်ထားတဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ တခြား ဘာသာခြားတစ်ယောက်က ပုတ်ခတ်တာ၊ ကဲ့ရဲ့တာ၊ သရော်တာမျိုးကို ကိုယ်ကိုယ်တိုင်က မကြိုက်ဘူးဆိုရင် ကိုယ်နဲ့ အယူမတူ ဇာတ်ခြားလေတဲ့ တခြားဘာသာဝင်တွေကိုလည်း ပုတ်ခတ် ကဲ့ရဲ့ သရော်လှောင်ပြောင်တာမျိုးကို ရှောင်ကြဉ်အပ်ပါတယ်။

ကိုယ်ကြိုက်တာ ကိုယ်လုပ်ဆိုတဲ့ အယူအဆရဲ့ အနှစ်ချုပ်ကတော့ ကိုယ်ချင်းစာစိတ် မွေးတာလို့ ဆိုနိုင်ပါတယ်။ အင်မတန် တန်ဖိုးရှိလှတဲ့ စကားမို့ အဲဒီ့စကားလေးကို ကျွန်တော် စွဲစွဲမြဲမြဲ မှတ်မိနေပါတယ်။ လူတိုင်းသာ အဲသလို ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်ကြမယ်၊ ကိုယ်မကြိုက်တာကို သူတစ်ပါးကိုလည်း ဘယ်တော့မှ မလုပ်ဘူးဆိုတဲ့ စိတ်မျိုးသာ မွေးမြူကျင့်ကြံသွားနိုင်ကြမယ်ဆိုရင် ကျွန်တော်တို့ မှီတင်းနေထိုင်ကြတဲ့ လောကကြီးက သိပ်ကို ကျက်သရေရှိ၊ သိပ်ကိုတင့်တယ်၊ သိပ်ကို ဖွယ်ရာနေတော့မှာလည်း မလွဲပါဘူး။


တကယ်လို့များ အခု ကျွန်တော်တင်ပြလိုက်တဲ့ ကိုယ်ကြိုက်တာ ကိုယ်လုပ်ရေး မူဝါဒ အယူအဆလေးကို နားဆင်တော်မူနေကြသူ လူကြီးမင်းများလည်း သဘောကျ လက်ခံတယ်ဆိုရင်တော့ သည်အယူအဆလေး ပြန့်ပွားရေးမှာ တစ်တပ်တစ်အား ကူညီရိုင်းပင်းကြတဲ့အနေနဲ့ မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ ရှိနေကြတဲ့ ဆွေမျိုးသားချင်း မိတ်ဆွေအပေါင်းအသင်းများကို လက်ဆင့်ကမ်း ဖြန့်ဝေတော်မူပေးကြဖို့ ကျွန်တော်က ရိုသေစွာ ပန်ကြားလိုက်ချင်ပါသေးတယ် ခင်ဗျား။


သည်လောက်ဆိုရင် ခွဲခြားဆက်ဆံမှုဆိုတာကို နားသောတဆင်နေကြသူ လူကြီးမင်းအပေါင်း ကွက်ကွက်ကွင်းကွင်း မြင်နိုင်လောက်ကြပြီဖြစ်သလို လူချင်းအတူတူ အသက်ရှူချင်း ကွဲတယ်ဆိုသလိုပဲ တစ်ယောက်နဲ့တစ်ယောက် အမြင်တွေ၊ ခံယူချက်တွေ၊ အကြိုက်တွေ၊ စရိုက်တွေ ကွဲပြားနေကြတာဟာ သဘာဝပဲဆိုတဲ့ အချက်ကိုလည်း သဘောပေါက် လက်ခံနိုင်လောက်ကြပြီလို့ ယူဆ ထင်မြင်မိပါတယ်ခင်ဗျား။


အဲ… အဲဒီ့ကမှ တစ်ဆင့်တက်လိုက်ရင်တော့ ကျွန်တော့်ဆီ ရောက်လာတဲ့ ၃၂ နှစ် အရွယ် အမျိုးသမီး အပျိုကြီးတစ်ယောက်ရဲ့ စာပါ အကြောင်းအရာတွေကလည်း နောက်ထပ် ကွဲလွဲမှုတစ်ခုကို မီးမောင်းထိုးပြနေပြန်ပါသေးတယ်။ သည်လို ခွဲခြားဆက်ဆံမှုမှာ အဓိကကျတဲ့ အကြောင်းရင်းခံ တစ်ရပ်ရှိပါတယ်။ အဲဒါကတော့ အများစု လက်ခံ ကျင့်သုံးနေတာကို စံသတ်မှတ်ချက် တစ်ခုလို့ ယူဆလိုက်ကြပြီးသကာလ အဲဒီ့အများစု လုပ်နေတဲ့ ပုံစံက သွေဖီနေသူများကို မူမမှန်သူများ၊ စံလွဲနေသူများလို့ ယူဆကာ ခွဲခြားချင်၊ နှိမ့်ချချင်၊ သရော်ကမော် စကားတင်းဆိုချင်၊ ကဲ့ရဲ့ချင်၊ ရယ်ပွဲဖွဲ့ချင်တတ်ကြတဲ့ အများစုရဲ့ စရိုက်ဆိုးတွေဟာ ရှက်စရာကောင်းလောက်အောင် ကျွန်တော်တို့ လူ့ဘောင်ကြီးမှာ တွင်ကျယ်ပြန့်နှံ့လို့ နေပါတယ်။

အခုပဲ ကြည့်လေ။ အများစုက အိမ်ရာထူထောင်ကြတယ်၊ လင်ယူ သားမွေးကြတယ်။ သည်အခါမှာ ကိုယ့်အပူ ကိုယ်မရှာချင်လို့ ကိုယ့်ဘာသာ အဖော်မရှာဘဲ တစ်ကိုယ်တည်း အေးအေးနေချင်ကြသူ လူပျိုကြီး၊ အပျိုကြီးများကို အလကားနေရင်းကို တောင်ပြောမြောက်ပြော ပြောချင်တတ်တဲ့ လူစားတွေကလည်း သည်လောကမှာ အများသားခင်ဗျ။ ကျွန်တော်တောင် အဲဒီ့ထဲမှာ အတော်ကြီး ပါခဲ့ဖူးပါတယ်။ အခု ကျွန်တော့်ဆီ စာရေးလာသူတစ်ဦးရဲ့ စာကို ဖတ်လိုက်ရချိန်ကျမှ ကျွန်တော့် အမှား၊ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကို မြင်လာရပါတယ်။


ရှိပါသေးတယ်။ ဝလွန်းသူတွေ၊ ပိန်လွန်းသူတွေကိုလည်း ကျွန်တော်တို့တွေဟာ သရော်တဲ့စကား၊ ကဲ့ရဲ့တဲ့စကားတွေ အမှတ်တမဲ့ ပြောဖြစ်တတ်ကြပါတယ်။ တကယ်တော့ သူတို့တွေ နေရာမှာ ကျွန်တော်တို့ နေမကြည့်တတ်ကြတာ၊ တစ်နည်းပြောရင် ကိုယ်ချင်း မစာတတ်ကြတာပါပဲ။ အိမ်ထောင်မပြုဘဲ နေတဲ့ လူပျိုကြီး၊ အပျိုကြီးနေရာမှာဖြစ်စေ၊ ဝလွန်းသူ၊ ပိန်လွန်းသူရဲ့ နေရာမှာဖြစ်စေ ကိုယ်ကိုယ်တိုင်သာ နေကြည့်မယ်ဆိုရင် ကိုယ့်ကို အဲလို စကားနဲ့ ရိ၊ မထိတထိ ကလိလာတာမျိုးကို ခံချင် ပါ့မလားဗျာ။ ဘယ်ခံချင်မှာတုံး။ သို့ပေမယ့် ကျွန်တော်အပါအဝင် လူအတော်များများဟာ အဲဒီ့အချက်ကို သတိလစ်ပြီး အဲဒီ့တစ်ဖက်သားတွေကို အများနဲ့ မညီတဲ့အတွက် ပက်ပက်စက်စက်ကြီး မဟုတ်တောင် တစ်ချက်တစ်ချက်မှာ ထိုးနှက်ရာရောက်တဲ့ စကားများကို ပြောဖြစ်တတ်ကြပါတယ်။


သည့်ထက်ဆိုးတာကတော့ မိန်းမလျာ၊ ယောက်ျားလျာများအပေါ်မှာ ထားတဲ့ သဘောထားနဲ့ ဆက်ဆံပုံပဲဖြစ်ပါတယ်။ အဲဒါကတော့ တော်တော့်ကို ဆိုးတဲ့ ကိုယ်ချင်းမစာမှုပဲခင်ဗျ။ အဲဒါကို အင်္ဂလိပ်ဘာသာနဲ့ sexual orientation လို့ ခေါ်ပါတယ်။ မြန်မာလိုဆိုရင်တော့ လိင်စိတ် ကိုင်းညွှတ်မှုပေါ့ခင်ဗျာ။ လူယောက်ျားချင်းတူပမယ့် ဖြူဖြူချောချော၊ တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသမီးကိုမှ တပ်မက်စွဲလန်းတတ်သူမျိုးရှိသလို ညိုညိုသွယ်သွယ်၊ မော်ဒယ်လို ကိုယ်လုံးလှပ်လှပ်ကိုမှ အကြိုက်ကျတတ်သူ ဖိုသတ္တဝါလည်း ရှိနေတာ သဘာဝပါပဲ။ အဲသလိုပဲ ယောက်ျားဖြစ်သော်လည်း မိန်းမတစ်ယောက်ကိုမှ စွဲလန်းတပ်မက်ရမယ်လို့ ဘယ်သူကမှ သတ်မှတ် ပြဋ္ဌာန်းထားတာ မဟုတ်ပါဘူး။ မိန်းမတိုင်းလည်း ဆန့်ကျင်ဘက်လိင်ဖြစ်တဲ့ ယောက်ျားကိုမှ ကြိုက်ရမယ်လို့ ဘယ်ကျမ်းဂန် ဘယ်စာပေမှာမှ အတိအလင်း ကန့်သတ်ထားတာ မရှိပါဘူး။


ရှေ့မှာ ကျွန်တော် ပြောခဲ့တဲ့အတိုင်း လူရယ်လို့ဖြစ်လာမှတော့ ကိုယ်သန်ရာ ကိုယ်ကြိုက်ပိုင်ခွင့် ရှိသူချည်းပါပဲ။ အဲဒါကိုပဲ အများစုက ဆန့်ကျင်ဘက်လိင်ကိုမှ တပ်မက်စွဲလန်းရိုး ရှိတာကို စံတစ်ခုအနေနဲ့ သတ်မှတ်လိုက်ပြီး လိင်တူချင်း တပ်မက် စွဲလန်းသူများကိုပဲ မူပဲ မမှန်သလို၊ စံပဲ လွဲနေသလို၊ စိတ်ဝေဒနာပဲ ခံစားနေရသူများလို အထင်အမြင်သေးတဲ့ အကြည့်တွေ၊ အပြောတွေနဲ့ ဆက်ဆံခြင်းဟာ ဆင်ခြင်တုံတရား နုံ့နဲ့လွန်းရာ ကျလှပါတယ်။


ကျွန်တော်တို့ရဲ့ ရှင်တော်မြတ်ဘုရားက ဟောကြားခဲ့ပါတယ်။ ပုထုဇနော ဥမ္မတ္တကောတဲ့။ ဟုတ်ကဲ့ ခင်ဗျာ၊ ပုထုဇဉ်ဆိုတဲ့ လူသားမှန်သမျှဟာ တစ်ခုမဟုတ် တစ်ခု ရူးနေကြသူချည်းပါပဲလို့ အလုံးစုံကို ထိုးထွင်းသိမြင်တော်မူတဲ့ ဘုရားရှင်က မိန့် ကြားတော်မူခဲ့တာပါ။ ပညာကိုမှ အရူးအမူး ကိုးကွယ်တဲ့သူ၊ ပိုက်ဆံကို အရူးအမူး တပ်မက်တဲ့သူ၊ ဩဇာအာဏာကို အရူးအမူး တောင့်တသူများကတော့ အနည်းအပါး မြင်သာ ထင်သာ ရှိပါတယ်။ သည်အထဲကမှာ မယားတရူးတို့၊ လင်တရူးတို့ ဆိုတာတွေလည်း ရှိသေးတယ်။ သူများကို ပြောဖို့တော့ သိပ်လွယ်ပါတယ်။ ပြောသူ ကိုယ်တိုင်လည်း တစ်ခုမဟုတ် တစ်ခုကို တရားလွန် စွဲလန်းယုံကြည်နေတာလည်း ရူးသွပ်မှုတစ်မျိုးပဲဆိုတာကိုကျတော့ ကျွန်တော်တို့တွေဟာ မေ့လျော့နေမိတတ်ကြပါတယ်။


နားဆင်တော်မူနေကြတဲ့ ချစ်မိတ်ဆွေများခင်ဗျား။ အခုတစ်ပတ် ကျွန်တော်ဆွေးနွေးတင်ပြခဲ့တာအားလုံးရဲ့ အဓိကရည်ရွယ်ချက်ကတော့ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်တွေ စရိုက်တွေ၊ ခံယူချက်တွေ၊ သက်ဝင်ယုံကြည်မှုတွေ၊ တွေးပုံ မြင်ပုံတွေ မတူကြဘူး၊ အမြဲတစေ ကွဲလွဲနေတယ်ဆိုတာဟာ သဘာဝပါ။ ဒါကြောင့် ကိုယ်နဲ့ မတူတိုင်း တစ်ဖက်သားကို လက်လွတ်စပယ် ကဲ့ရဲ့ပိုမို စကားတင်းဆိုခြင်းဟာ အဲဒီ့တစ်ဖက်သားအပေါ်မှာ လေးစားရာ ရောက်မရောက်၊ ကိုယ်ချင်းစာ စိတ် ရှိရာ ရောက်မရောက် မိမိတို့ကိုယ်မိမိ ပြန်လည် ဆင်ခြင် သုံးသပ်သင့်တဲ့အကြောင်း အကြံပြုတင်ပြလိုက်တာ ဖြစ်ပါတယ်။


ကျွန်တော်ပြောတာတွေကို မျက်စိ စုံမှိတ်ပြီး လက်ခံကြဖို့ ဘယ်သူ့ကိုမှ မတိုက်တွန်းနိုင်သလို တိုက်လည်း မတိုက်တွန်းဝံ့ပါ ဘူး။ အခု ကျွန်တော့်အစီအစဉ်ကို နားဆင်တော်မူနေကြသူ ချစ်မိတ်ဆွေများမှာလည်း ကိုယ်ပိုင် ဆင်ခြင်ဉာဏ်များ အသက အသက ရှိကြသူချည်းမို့ ကျွန်တော်ပြောတာ သင့်မသင့်၊ လျော်မလျော်ကို ချင့်ချိန် ဆုံးဖြတ်နိုင်မယ့်သူချည်းသာ ဖြစ်ပါတယ်။ ကျွန်တော်တင်ပြခဲ့တာလေးကို တစ်ဆိတ်လေး အချိန်ယူ စဉ်းစားပေးကြမယ်ဆိုရင်ပဲ ကျွန်တော်ကဖြင့် ကျေးဇူးတင်နေတော့မှာပါ။ အဲသလို စဉ်းစားပြီးတဲ့နောက် ဘယ်လမ်းကိုပဲ ရွေးရွေး၊ လူကြီးမင်းကို ကျွန်တော်လေးစားပါတယ်။ ကိုယ်ကြိုက်ရာ ကိုယ်ရွေးခွင့်က ကျွန်တော့်မှာသာ ရှိနေတာ မဟုတ်ဘဲ လူကြီးမင်းမှာလည်း ရှိနေတာပဲ မဟုတ်ပါလားခင်ဗျာ။ အလားတူပဲ၊ တွေးပုံ မြင်ပုံ သက်ဝင်ယုံကြည်ပုံတွေ ကွဲလွဲနေတတ်တာကိုက ချစ်စရာကောင်းတဲ့ လူ့ဘောင်လောကကြီးရဲ့ သဘာဝပေပဲလို့ နှစ်နှစ်ကာကာ လေးလေးနက်နက် ယုံကြည်မိတဲ့အတွက်လည်း သည်စကားကို ပြောလိုက်ရတာ ဖြစ်ပါတယ်။


မင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံကြတဲ့အပြင် အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဂါရဝနဲ့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျား။

udk,fBudKufwm udk,fvkyfqdkwJh t,ltq&JU tESpfcsKyfuawmh udk,fcsif;pmpdwfarG;wmvdkY qdkEdkifygw,f/ tifrwef wefzdk;&dSvSwJh pum;rdkY tJ’Dhpum;av;udk uRefawmf pGJGpGJjrJjrJ rSwfrdaeygw,f/ vlwdkif;om tJovdk udk,fBudKufwmyJ udk,fvkyfMur,f? udk,frBudKufwmudk olwpfyg;udkvnf; b,fawmhrS rvkyfbl;qdkwJh pdwfrsdK;om arG;jrLusifhMuHoGm; EdkifMur,fqdk&if uRefawmfwdkY rSDwif;aexdkifMuwJh avmuBuD;u odyfudk usufoa&&dS? odyfudkwifhw,f? odyfudk zG,f&maeawmhrSmvnf; rvGJygbl;/

wu,fvdkYrsm; tck uRefawmfwifjyvdkufwJh udk,fBudKufwm udk,fvkyfa&; rl0g’ t,ltqav;udk em;qifawmfrlae Muol vlBuD;rif;rsm;vnf; oabmus vufcHw,fqdk&ifawmh onft,ltqav; jyefYyGm;a&;rSm wpfwyfwpftm; ulnD½dkif;yif;MuwJhtaeeJY rdrdwdkY&JU ywf0ef;usifrSm &dSaeMuwJh aqGrsdK;om;csif; rdwfaqGtaygif;toif;rsm;udk vufqifh urf; jzefYa0awmfrlay;MuzdkY uRefawmfu ½dkaopGm yefMum;vdkufcsifygao;w,f cifAsm;/

onfavmufqdk&if cGJjcm;qufqHrIqdkwmudk em;aomwqifaeMuol vlBuD;rif;taygif; uGufuGufuGif;uGif; jrifEdkif avmufMuNyDjzpfovkd vlcsif;twlwl touf&SLcsif;uGJw,fqdkovdkyJ wpfa,mufeJYwpfa,muf tjrifawG? cH,lcsuf awG? tBudKufawG? p½dkufawG uGJjym;aeMuwm[m obm0yJqdkwJh tcsufudkvnf; oabmaygufvufcHEdkifavmufMu NyDvdkY ,lqxifjrifrdygw,fcifAsm;/

tJ… tJ’DhurS wpfqifhwufvdkuf&ifawmh uRefawmfhqD a&mufvmwJh 32 t&G,f trsdK;orD; tysdKBuD;wpfa,muf&JU pmyg taMumif;t&mawGuvnf; aemufxyf uGJvGJrIwpfckudk rD;armif;xdk;jyaejyefygao;w,f/ onfvdk cGJjcm;qufqH rIrSm t”duuswJh taMumif;&if;cH wpf&yf&dSygw,f/ tJ’guawmh trsm;pk vufcHusifhoHk;aewmudk pHowfrSwfcsuf wpfckvdkY ,lqvdkufMuNyD;oumv tJ’Dhtrsm;pk vkyfaewJh yHkpHu aoGzDaeolrsm;udk rlrrSefolrsm;? pHvGJaeolrsm;vdkY ,lqum cGJjcm;csif? ESdrfhcscsif? oa&mfuarmf pum;wif;qdkcsif? uJh&JUcsif? &,fyGJzGJUcsifwwfMuwJh trsm;pk&JU p½dkufqdk; awG[m &Sufp&maumif;avmufatmif uRefawmfwkdY vlYabmifBuD;rSm wGifus,fjyefYESHYvdkY aeygw,f/

tckyJ Munfhav/ trsm;pku tdrf&mxlaxmifMuw,f? vif,l om;arG;Muw,f/ onftcgrSm udk,fhtyl udk,fr&Sm csifvdkY udk,fhbmom tazmfr&SmbJ wpfudk,fwnf; at;at;aecsifMuol vlysdKBuD;? tysdKBuD;rsm;udk tvum;ae&if; udk awmifajymajrmufajym ajymcsifwwfwJh vlpm;awGuvnf; onfavmurSm trsm;om;cifAs/ uRefawmfawmif tJ’DhxJrSm tawmfBuD; ygcJhzl;ygw,f/ tck uRefawmfhqD pma&;vmolwpfOD;&JU pmudk zwfvdkuf&csdefusrS uRefawmfh trSm;? uRefawmfh&JU nHhzsif;rIudk jrifvm&ygw,f/

&dSygao;w,f/ 0vGef;olawG? ydefvGef;olawGudkvnf; uRefawmfwdkYawG[m oa&mfwJhpum;? uJh&JUwJhpum;awG trSwf wrJh ajymjzpfwwfMuygw,f/ wu,fawmh olwdkYawG ae&mrSm uRefawmfwdkY aerMunfhwwfMuwm? wpfenf;ajym&if udk,fcsif; rpmwwfMuwmygyJ/ tdrfaxmifrûybJ aewJh vlysdKBuD;? tysdKBuD;ae&mrSmjzpfap? 0vGef;ol? ydefvGef;ol&JU ae&mrSmjzpfap udk,fudk,fwkdifom aeMunfhr,fqdk&if udk,fhudk tJvdk pum;eJY &d? rxdwxd uvdvmwmrsdK;udk cHcsif yghrvm;Asm/ b,fcHcsifrSmwHk;/ odkYayr,fh uRefawmftygt0if vltawmfrsm;rsm;[m tJ’Dhtcsufudk owdvpfNyD; tJ’Dh wpfzufom;awGudk trsm;eJY rnDwJhtwGuf yufyufpufpufBuD;r[kwfawmif wpfcsufwpfcsufrSm xdk;ESuf&ma&muf wJh pum;rsm;udk ajymjzpfwwfMuygw,f/

onfhxufqdk;wmuawmh rdef;rvsm? a,mufsm;vsmrsm;tay:rSm xm;wJh oabmxm;eJY qufqHyHkyJjzpfygw,f/ tJ’gu awmh awmfawmfhudk qdk;wJh udk,fcsif;rpmrIyJcifAs/ tJ’gudk t*FvdyfbmomeJY sexual orientation vdkY ac:ygw,f/ jrefrmvdkqdk&ifawmh vdifpdwfudkif;ñTwfrIayghcifAsm/ vla,mufsm;csif;wlyr,fh jzLjzLacsmacsm? awmifhawmifhajzmifhajzmifh trsdK;orD;udkrS wyfrufpGJvef;wwfolrsdK;&dSovdk ndKndKoG,foG,f? armf’,fvdk udk,fvHk;vSyfvSyfudkrS tBudKufuswwf ol zdkowå0gvnf; &dSaewm obm0ygyJ/ tJovdkyJ a,mufsm;jzpfaomfvnf; rdef;rwpfa,mufudkrS pGJvef;wyfruf& r,fvdkY b,folurS owfrSwfjy|mef;xm;wmr[kwfygbl;/ rdef;rwdkif;vnf; qefYusifbufvdifjzpfwJh a,mufsm;udkrS BudKuf&r,fvdkY b,fusrf;*ef b,fpmayrSmrS twdtvif; uefYowfxm;wm r&dSygbl;/

a&SUrSm uRefawmf ajymcJhwJhtwdkif; vl&,fvdkYjzpfvmrSawmh udk,foef&m udk,fBudKufydkifcGifh &dSolcsnf;ygyJ/ tJ’gudkyJ trsm;pk u qefYusifbufvdifudkrS wyfrufpGJvef;½dk;&dSwmudk pHwpfcktaeeJY owfrSwfvdkufNyD; vdifwlcsif; wyfruf pGJvef;olrsm;udkyJ rlyJ rrSefovdk? pHyJ vGJaeovdk? pdwfa0’emyJ cHpm;ae&olrsm;vdk txiftjrifao;wJh tMunfhawG? tajymawGeJY qufqHjcif;[m qifjcifwHkw&m; EHkYeJYvGef;&m usvSygw,f/

uRefawmfwdkY&JU &Sifawmfjrwfbk&m;u a[mMum;cJhygw,f/ ykxkZaem Or®wåaumwJh/ [kwfuJh cifAsm? ykxkZOfqdkwJh vlom;rSeforQ[m wpfckr[kwf wpfck ½l;aeMuolcsnf;ygyJvdkY tvHk;pHkudk xdk;xGif;odjrifawmfrlwJh bk&m;&Sifu rdefY Mum;awmfrlcJhwmyg// ynmudkrS t½l;trl; udk;uG,fwJhol? ydkufqHudk t½l; trl;wyfrufwJhol? MoZmtmPmudk t½l; trl;awmifhwolrsm;uawmh tenf;tyg; jrifom xifom&dSygw,f/ onf txJurSm r,m;w½l;wdkY? vifw½l;wdkY qdkwmawGvnf; &dSao;w,f/ olrsm;udk ajymzdkYawmh odyfvG,fygw,f/ ajymol udk,fwdkifvnf; wpfckr[kwf wpfckudk w&m;vGef pGJvef;,HkMunfaewmvnf; ½l;oGyfrIwpfrsdK;yJqdkwmudkusawmh uRefawmfwdkYawG[m arhavsmhaerdwwfMuyg w,f/

em;qifawmfrlaeMuwJh cspfrdwfaqGrsm;cifAsm;/ tckwpfywf uRefawmfaqG;aEG;wifjycJhwmtm;vHk;&JU t”du&nf&G,fcsuf uawmh vlawG[m wpfa,mufeJY wpfa,muf tBudKufawG p½dkufawG? cH,lcsufawG? ouf0if,HkMunfrIawG? awG;yHk jrifyHkawG rwlMubl;? tjrJwap uGJvGJaew,fqdkwm[m obm0yg/ ‘gaMumifh udk,feJY rwlwdkif; wpfzufom;udk vufvGwfpy,f uJh&JUydkrdk pum;wif;qdkjcif;[m tJ’Dhwpfzufom;tay:rSm av;pm;&m a&mufra&muf? udk,fcsif;pm pdwf &dS&m a&mufra&muf rdrdwdkYudk,frdrd jyefvnfqifjcifoHk;oyfoifhwJhtaMumif; tMuHûywifjyvdkufwm jzpfygw,f/

uRefawmfajymwmawGudk rsufpd pHkrSdwfNyD; vufcHMuzdkY b,folYudkrS rwdkufwGef;Edkifovdk wdkufvnf; rwdkufwGef;0Hhyg bl;/ tck uRefawmfhtpDtpOfudk em;qifawmfrlaeMuol cspfrdwfaqGrsm;rSmvnf; udk,fydkif qifjcifÓPfrsm; tou tou &dSMuolcsnf;rdkY uRefawmfajymwm oifhroifh? avsmfravsmfudk csifhcsdef qHk;jzwfEdkifr,fholcsnf;om jzpfygw,f/ uRefawmfwifjycJhwmav;udk wpfqdwfav; tcsdef,lpOf;pm;ay;Mur,fqdk&ifyJ uRefawmfujzifhaus;Zl;wifaeawmhrSmyg/ tJovdk pOf;pm;NyD;wJhaemuf b,fvrf;udkyJ a&G;a&G;? vlBuD;rif;udk uRefawmfav;pm;ygw,f/ udk,fBudKuf&m udk,fa&G; cGifhu uRefawmfhrSmom &dSaewm r[kwfbJ vlBuD;rif;rSmvnf; &dSaewmyJ r[kwfygvm;cifAsm/ tvm;wlyJ? awG;yHk jrifyHk ouf0if,HkMunfyHkawG uGJvGJaewwfwmudku cspfp&maumif;wJh vlYabmifavmuBuD;&JU obm0ayyJvdkY ESpfESpfumum av;av;eufeuf ,HkMunfrdwJhtwGufvnf; onfpum;udk ajymvdkuf&wm jzpfygw,f/

r*Fvmtaygif;eJY canmif;jynfhpHkMuwJhtjyif tm;vHk; awG;q qifjcifEdkifMuygapvdkY pma&;wJh uRefawmf twåausmfu *g&0eJY qkawmif;arwåmydkYovdkufygw,fcifAsm;/

Advertisements
5 Comments leave one →
  1. 21 January 2010 8:37 am

    ဟုတ်တယ်… သူများနေရာ ၀င် မခံစားပေးဘဲ အဲလိုတွေ လိုက်ပြောတာ တကယ် ခံရခက်တယ်ဆိုတာ နားမလည်ကြဘူးလားမသိ။ လိင်တူလိင်ကွဲကိစ္စက ရှင်းပြရတာ လက်ပေါက် အကပ်ဆုံးပဲ။ သူ့ဟာသူ ဘာလိင်ကြိုက်ကြိုက်၊ အနေသာကြီးကို။ ပိန်တာ၊ ၀တာ၊ အပျိုကြီး၊ လူပျိုကြီးကိစ္စကတော့ မြန်မာတွေ ပါးစပ်ထဲမှာ စ စရာလို့ပဲ တရားသေသတ်မှတ်ထားလိုက်ကြပြီနဲ့ တူပါတယ်။ 😦

  2. lettwebaw permalink
    21 January 2010 10:58 am

    သည်တစ်ပုဒ်မှာလည်း Facebook ထဲက Comments တွေကို လက်ဆင့်ကမ်းပေးချင်ပါသေးတယ်။

    ၁ – Thanks Saya. Burma is still in 1950s. 🙂
    ၂ – မနက်ထဲက Facebook မှာ တင်ထားတဲ့ Eleven ဖတ်ပြီးတည်းက အစာမကျေဖြစ်နေတာ ခုမှ ရင်ချောင်သွားတော့တယ်။ နောက်ဒါမျိုးလေးတွေ လူတွေဆီ များများ ရောက်အောင် ပို့ပေးပါဦး။
    ၁ – အရင်က ရေးလို့မရလို့၊ ရေးနေကျမဟုတ်လို့ ဒါမျိုးမရေးတာလား၊ ပညာတတ် မျက်စိကြီးနားကြီး ဇမ္ဗုမဏ္ဍိုင်လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားသူတွေက ဒီလောက်ပေါလားဆိုတာ 😦

    ကျွန်တော် – ရေးတာတော့ လှိမ့်ရေးနေတာပဲဗျို့။ ရေးလွန်းလို့ ကျွန်တော့်ကို အခြောက်ကြီးလို့ သမုတ်လို သမုတ်၊ လူငယ်တွေကို အခြောက် ဖြစ်အောင် မြှောက်ပေးနေတဲ့ ဓမ္မန္တရာယ်လိုလို ပြောလို ပြောနေကြတဲ့ကြားကပဲ နင်းကန်ရေးနေတာ။ လိင်ကွဲကိုမှ တရားလွန် စုံမက်သူ pure straight ထဲက ဒါမျိုးကို ရေးတဲ့ ကိုဗေဒါက ကျွန်တော် တစ်ပင်တည်းဖြစ်နေတာ ခက်တယ်ဗျ။ သည်လို ရိုးစင်းတဲ့ ကိစ္စမှာတောင် သည်လောက် တိမ်နေကြရင် ကျန်တာတွေက မတွေးရဲစရာပါဗျာ။

  3. မောင်မောင် permalink
    21 January 2010 8:26 pm

    လိင်တူချစ်သူတွေကို နှိမ့်ချဆက်ဆံတာကို မလိုလား မနှစ်သက်မေပယ့် သူတို့က ကိုယ့်အပေါင်းအသင်း ဆန့်ကျင်ဘက်လိင်ကိုပဲ နှစ်သက်တဲ့ သူငယ်ချင်း အသိမိတ်ဆွေတွေကို အတည်လိုလို နောက်တာလိုလိုနဲ့ မြှူဆွယ်ကြတာ၊ အခွင့်အရေးပေးပြီး ဖျားယောင်းတာတွေကိုတော့ မနှစ်သက်ပါဘူး။
    ပိုက်ဆံချမ်းသာတဲ့ ဒါမှမဟုက် လူရည်လည်တဲ့ ပုရိသယောက်ျားများက မိန်းမပျိုလေးများကို သွေးဆောင် ဖျားယောင်းတာကို ရွံရှာသလိုပဲ အဲဒီ အပြုအမူတွေကိုလဲ စက်ဆုပ်ပါတယ်။ ဘာတဲ့… သူတို့ သုံးနေကျစကားက “၀က်သားမစားဘူးဘဲနဲ့တော့ ၀က်သားအရသာ မသိဘဲ ကောင်းတယ် မကောင်းဘူး ဘယ်လိုလုပ် ပြောနိုင်မှာလဲတဲ့။”

    • lettwebaw permalink
      21 January 2010 9:04 pm

      အဲဒီ့ထက် အဆများစွာ စက်ဆုပ်စရာ ရှိပါသေးတယ်ဗျာ။ အဲဒါကတော့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်သာသာလေးတွေကို ဖျားယောင်းတာ/ဘလက္ကာယ လုပ်တာပါခင်ဗျား။ ကျွန်တော့် အသက် ၁၂နှစ်သာသာမှာ ယနေ့ နာမည်ကြီး မိန်းမလျာတစ်ယောက်က ကျွန်တော့်ကို အဲလိုလုပ်ဖို့ ကြိုးစားတာ ကိုယ်တွေ့ ကြုံဖူးပါတယ်။ ကျွန်တော်တို့ ၁၂နှစ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်ကဆိုတာ ဘာဆိုဘာမှ မသိသေးတဲ့ ပကတိကလေးပါ။ အဲဒါကို မတော်တရော်လုပ်ဖို့ ကြိုးစားတာ ခံဖူးပါတယ်။ ကျွန်တော် စက်ဆုပ်တယ်ဆိုတာ ဆရာမောင်မောင်ဆိုသူထက် မလျော့ရင်သာ နေပါလိမ့်မယ်။ သို့သော် အဲဒါက တစ်ပိုင်းပါ၊ ကျွန်တော် ဆွေးနွေးတင်ပြတဲ့ကိစ္စက လူကို လူလို မြင်တတ်ဖို့ဆိုတဲ့ အချက်သာ ဖြစ်ကြောင်းပါခင်ဗျား။

  4. lettwebaw permalink
    21 January 2010 11:16 pm

    ကျွန်တော့်ရဲ့ တခြားဘလော့(ဂ်) http://lettwebaw.mylovecafe.com မှာလည်း သည် ဘလော့(ဂ်)နဲ့ တစ်ပြိုင်တည်း update လုပ်နေတာမို့ အဲဒီ့ ဘလော့(ဂ်)မှာ သည်ပို့စ်နဲ့ ပတ်သက်ပြီး တေခမ်း ဆိုသူ တစ်ဦးက ရေးသွားတဲ့ ကွန်မန့်ကိုလည်း လိုအပ်တယ်ထင်လို့ ပြန်လည် ဖော်ပြပေးပါရစေ။

    “မင်္ဂလာပါဆရာ.. ကျွန်တော်က ဆရာ့ပရိသတ်ပါ။ ဆရာ ဒီ site ထဲမှာရှိတာကို အခုမှ သိတယ် ဆရာရေ့။

    ဆရာ့အသံလွင့်ချက်ကို ကျွန်တော်လည်း ကြားလိုက်ပါသေးတယ်ဆရာ။

    ဆရာပြောသလိုပါပဲ..။ ကျွန်တော်ဆို မန္တလေးမှာနေတော့ ရတနာ့ဂူပွဲတို့ တောင်ပြုံးတို့ စတဲ့ပွဲတွေရောက်တိုင်း ပူထူအောင်စဉ်းစားမိနေကျပါ။ လူချင်း ခွဲခြားသတ်မှတ်တာကိုတော့ လက်မခံနိုင်သလို အဲဒီတစ်ယောက်ကို ခင်ခင်မင်မင် ဆက်ဆံရမှာကျပြန်တော့လည်း မလွယ်ပြန်ဘူးဗျ။ အင်းလေ..။ ဒါကလည်း အစဉ်အလာကိုက ဒီလို တွေးတတ်အောင် လေ့ကျင့်ပေးလိုက်တာ မျိုးဆက်ပေါင်း မနည်းတော့ဘူးကိုး။ စုဖုရားလတ် ပြောခဲ့သလိုပဲ လုပ်ကြရင်ကောင်းမလားဗျာ.. “ထုံစံ… လုပ်၊ ဖြစ်တာပဲ ဘိုးဘိုးတို့ရယ်” ဆိုပြီးလေဗျာ.။

    အင်မတန် သတိပြုသင့်ပြီး စဉ်းစားသင့်တာတစ်ချက်ကတော့ ကျွန်တော်တို့တတွေက ထုံးစံတွေ ဘာတွေကို ကြည့်ပြီး ဖယ်ကြဉ်ခဲ့လို့ အနာကြီးရောဂါ တိုက်ဖျက်ရေးမှာတုန်းက တော်တော်ကို အခက်အခဲတွေ့ခဲ့ကြဖူးတယ်လေဗျာ။ အခုလည်း သူတို့(လိင်တူဆက်ဆံသူ)ကိုသာ ခွဲခြားဖယ်ကြဉ်ကြဦးမယ်ဆိုရင် နောက်ထပ်အခက်အခဲတစ်ခု နိုင်ငံနဲ့လူမျိုးကြားမှာ ပေါ်လာဦးမှာပဲဗျ။ ဒါတော့ အားလုံးစဉ်းစားသင့်ကြတယ်ထင်တာပဲ ဆရာရေ..။”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: