ချစ်သူကောင်းဖြစ်ရန် လိုအပ်သော အရည်အချင်း
ချစ်သူကောင်းဆိုတာ ဘာလဲ ?
တစ်ယောက်ယောက်ကို လက်ထပ်လိုက်တာနဲ့၊ ဒါမှမဟုတ် ကိုယ်လက် နှီးနှောလိုက်တာနဲ့ ချစ်သူဖြစ်သွားရောတဲ့လား။ ဘယ်ဟုတ်ပါ့မလဲ။ ကမ္ဘာနဲ့ ချီပြီး ပြောရရင် အိမ်ထောင်သည်တွေ ကုဋေချီပြီး ရှိသလို ကိုယ်လက်နှီးနှောနေသူတွေလည်း သန်းနဲ့ ချီပြီး ရှိပါတယ်။ ဒါပေမယ့် အဲဒီ့အထဲက အနည်းအပါးကသာ “တကယ့်ချစ်သူစစ်စစ်”တွေပါ။
- ချစ်သူစစ်စစ်ဖြစ်ဖို့အတွက် ကိုယ့်လက်တွဲဖော်နဲ့ စည်းဝါးညီညီ၊ အပေးအယူမျှမျှနဲ့ ထာဝရ ဆက်ဆံနိုင်ဖို့ စိတ်ရောကိုယ်ပါ နှစ်ပြီး ဆောင်ရွက်နိုင်ရပါမယ်။
- ကိုယ့်လက်တွဲဖော်ဟာ ကိုယ့်အတွက် ဆုလာဘ်တစ်ခုလို့ ယုံယုံကြည်ကြည် ရှိနေပြီး အဲဒီ့ဆုလာဘ်ကလေးကို နေ့စဉ်နဲ့အမျှ ယုယမြတ်နိုး တန်ဖိုးထားတတ်မှ ချစ်သူကောင်းဖြစ်ပါမယ်။
- ကိုယ့်လက်တွဲဖော်ကို ကိုယ်မပိုင်ဘူး၊ ဩကာသလောကကြီးက ကိုယ့်အတွက် သူ့ကို ခဏလေး ငှားထားတာလို့ နှလုံးသွင်းနိုင်မယ်ဆိုရင် အဲဒါ ချစ်သူကောင်းပါ။
- ကိုယ်တို့နှစ်ယောက်ကြားမှာ ဖြစ်ဖြစ်သမျှ ကိစ္စတိုင်းဟာ ဘယ်လောက်ပဲ သေးငယ်သည် ဖြစ်နေပါစေ၊ နှစ်ယောက်စလုံးအတွက် အင်မတန်ကို
အရေးပါကြောင်း၊ ကိုယ် သူ့ကိုပြောလိုက်သမျှ စကားလုံးတိုင်း၊ ဝါကျတိုင်းဟာ သူ့ကို ကြည်နူးစေ၊ ကြေကွဲစေနိုင်ကြောင်း၊ ကိုယ်ပြုသမျှ အရာတိုင်းဟာ ကိုယ်တို့ နှစ်ဦးကြားက သံယောဇဉ်ကို ပိုလို့ ခိုင်မာလာစေနိုင်သလို၊ လျော့တိလျော့ရဲလည်း ဖြစ်သွားစေနိုင်ကြောင်းများကို သတိထားမိပြီဆိုမှ ချစ်သူကောင်းဖြစ်ပါမယ်။ - သည်အချက်တွေ အားလုံးကို နားလည်သဘောပေါက်ခဲ့ပြီမို့ မနက်လင်းလို့ မျက်စိနှစ်လုံး ပွင့်တာနဲ့တစ်ပြိုင်နက် သည်ကနေ့ တစ်နေ့တာဟာလည်း ကိုယ့်လက်တွဲဖော်နဲ့ ပျော်ပျော်ရွှင်ရွှင် နှစ်ကိုယ်ကြင်ရဦးမယ်ဆိုတာကို တွေးမိပြီး ကြည်ကြည်နူးနူးလေး ရှိနေမှ ချစ်သူကောင်း ဖြစ်ပါမယ်။
ဘဝမှာ ချစ်သူကောင်းတစ်ယောက်ရှိပြီဆိုတာနဲ့ အလွန့်အလွန် နေပျော်လှပါတယ်။
- ကိုယ့်ဘေးနားမှာ ကိုယ်နဲ့မှ အတူ လျှောက်လှမ်းဖို့ ရွေးချယ်ထားသူ၊
- ကိုယ့်ရဲ့နေ့တွေ၊ ညတွေ၊ ဖဲစက်ရာတွေနဲ့တကွ ကိုယ့်ဝန်ထုပ်ဝန်ပိုးတွေကိုပါ မျှဝေခံစားဖို့ အဆင်သင့်ဖြစ်နေသူ၊
- ဘယ်သူမှ မမြင်နိုင် မသိနိုင်တဲ့ ကိုယ့်ရဲ့ လျှို့ဝှက်ချက်တွေကို မိမိရရ အတွင်းကျကျ သိထားသူ၊
- ကိုယ်ပုန်းအောင်းနေရင် မတွေ့တွေ့အောင် လိုက်ရှာပြီး လုံလုံခြုံခြုံနားခိုရာအဖြစ် သူ့ရင်ခွင်ကို ကြင်ကြင်နာနာ ဖွင့်ပေးတတ်သူ
အဲသလို “သူ”မှ ချစ်သူကောင်းပါ။
- ချစ်သူကောင်းဟာ ကိုယ့်အတွက် ကံကောင်းခြင်းတွေကို နေ့စဉ် ကမ်း လှမ်း ပေးအပ်နေသူလည်း ဖြစ်ပါတယ်။
- သူ့အြုပံး၊ သူ့အသံ၊ သူ့ကိုယ်နံ့၊ သူ့လှုပ်ရှားပုံလေးတွေနဲ့ ကိုယ့်ကို ကြည်နူးပီတိဖြစ်အောင် ဆောင်ရွက်နိုင်သူလည်း ဖြစ်ပါတယ်။
- ကိုယ့်ရဲ့အထီးကျန်ခံစားမှုကို စုပ်စမြုပ်စပျောက်သွားအောင် ဖန်တီးနိုင် သူလည်းဖြစ်ပါတယ်။
ကဲ… ချစ်စွာသော စာဖတ်သူ၊
လူကြီးမင်းဟာ ချစ်သူကောင်းတစ်ယောက် ဟုတ်ကဲ့လား။
ဒါမှမဟုတ် လူကြီးမင်းမှာ ချစ်သူကောင်းတစ်ယောက် ရှိရဲ့လား။
လူကြီးမင်းဟာ ချစ်သူကောင်းဆိုရင် ခင်ဗျာ့လက်တွဲဖော်လောက် ကံကောင်းသူ သည်မဟာဘဒ္ဒကမ္ဘာမှာ ရှိတော့မှာ မဟုတ်ဘူး။
လူကြီးမင်းမှာသာ ချစ်သူကောင်း ရထားရင်လည်း ခင်ဗျားလောက် ကံကောင်းတဲ့သူ သည်ဇမ္ဗူမှာ မရှိဘူးဆိုတာ ယုံလိုက်ပါတော့ဗျို့…
(ဗျာ… ကျွန်တော်လား… ဟုတ်ကဲ့… ကျွန်တော်လည်း သိပ် ကံကောင်းတယ်၊ ကျွန်တော့်ချစ်သူလည်း အရမ်းကံကောင်းတယ်လို့ ပြော လိုက်ရင် ကြွားတယ်များ မှတ်ကုန်မလား မသိဘူး။ ဒါပေမယ့် အဲဒါ တကယ်ဗျ၊ ဟဲ… ဟဲ..)
I am the luckier one!
You n ur wife r very lucky,it may be a very little%.I think i am not,so sorry.
Me? မပြောပြဘူး 😛