အပျိုးရဲ့ အချိန်အတိုင်းအဆနဲ့ အမျိုးအစား
ဆန့်ကျင်ဘက်လိင်ကို စိတ်လှုပ်ရှားလာအောင် ဆောင်ရွက်ရာမှာ သူငယ်ချင်း အပေါင်းအသင်းတွေ၊ ရုပ်ရှင် ဗှီဒီယိုတွေ၊ စာအုပ်စာတမ်းတွေဆီက ဘယ်လောက်ပဲ သိထား၊ မှတ်ထားထား အိမ်ထောင်ရေးမှာ နှစ်ဦးနှစ်ဖက် ကျေနပ်မှု၊ စိတ်ချမ်းသာမှု ရဖို့အတွက်ကျတော့ တစ်ဦးချင်းစီရဲ့ ဘယ်သူနဲ့မှ မတူတဲ့ အပျိုးကာလ အမူအကျင့်တွေကို သိထားဖို့က ပိုလိုအပ်ပါတယ်။ တစ်နည်းပြောရရင်တော့ ကိုယ့်အိမ်ထောင်ဖက်ရဲ့ သီးခြား လိုအင်ဆန္ဒတွေကို စူးစမ်းဖော်ထုတ်ပြီး သိအောင် လုပ်ရတော့မှာပါ။
သည်မှာလည်း တစ်ယောက်နဲ့ တစ်ယောက် စကားပေါက်ဖို့က လိုလာရပြန်ပါတယ်။ အမှန်တကယ် ချစ်တင်းနှောတဲ့အချိန်မတိုင်ခင် အပျိုးကာလကို ဘယ်လောက်ကြာကြာ အချိန်ယူရမယ်ဆိုတာ၊ ဘယ်လို အပျိုးမျိုးကို လိုလားတယ်ဆိုတာ၊ ချစ်တင်းနှောနေစရာမလိုဘဲ အပျိုးနဲ့တင် ဇာတ်သိမ်းရောက်တာဟာ လက်ခံနိုင်ဖွယ်ရှိ၊ မရှိနဲ့ အဲဒါမျိုးကို ပိုပြီး လိုလားတယ်၊ မလိုလားဘူးဆိုတာများကို သိနေဖို့အတွက်က တစ်ယောက်နဲ့တစ်ယောက် စကားပေါက်မှကို ဖြစ်မှာလည်း အသေအချာပါပဲ။
ဆက်ဖတ်လိုက သည်ကိုကြွ > > > http://nookycontent.wordpress.com/2010/08/06/74/