မနေ့က ကျွန်တော့်ရဲ့ စာအုပ်သစ်တစ်အုပ် စတင် ဖြန့်ချိလိုက်ပါတယ်။ Lettwebaw Books ဆိုတဲ့ ကျွန်တော့်ရဲ့ သည်ဘလော့(ဂ်)ကို ဖတ်နေကျ ပရိသတ်များအတွက်တော့ ၀ယ်ဖတ်ဖို့ လိုချင်မှ လိုပါလိမ့်မယ်။ အကြောင်းက အဲဒီ့ ဘလော့(ဂ်) စဖွင့်ချိန်မှသည် ၂၀၀၉ ခုနှစ် စက်တင်ဘာလ (၁၀)ရက်နေ့အထိ တင်ထားခဲ့သမျှ blog posts များ၊ pages များ အားလုံးကို comments များနဲ့တကွ စုစည်းပြီး ပုံနှိပ်ထုတ်ဝေလိုက်တာမို့ပါ။ ရည်ရွယ်တာကတော့ အင်တာနက်တွေ၊ ဘလော့(ဂ်)တွေနဲ့ အလှမ်းဝေးနေဆဲ မြန်မာပြည်တစ်နံတစ်လျားက စာဖတ်ပရိသတ်များအတွက်ပါပဲ။ ဘလော့(ဂ်) ပရိသတ်တွေထဲမှာလည်း ကွန်ပျူတာ ဖန်သားပြင်ပေါ်မှာ ဖတ်ရတာထက် စာအုပ်လှန်ရတဲ့ အရသာ၊ သွားလေရာ သယ်သွားရင်း ဖတ်ချင်တဲ့အချိန်မှာ ဖတ်နိုင်တဲ့ အရသာ၊ အိပ်ရာပေါ်မှာ လဲလျောင်းရင်း စာဖတ်ရတဲ့ အရသာတွေကို ခံစားလိုသူများ ရှိနေသေးတယ်ဆိုပါရင် အဲဒီ့စာအုပ်ကို ၀ယ်ယူ ဖတ်ရှု အားပေးတော်မူနိုင်ကြပါလိမ့်မယ်။
စာအုပ်ရဲ့ အရွယ်အစားက ၂၀.၅ x ၁၃ စင်တီမီတာ (ဆယ်ချိုးဆိုက်) ရှိပြီး စာမျက်နှာ စုစုပေါင်း ၂၉၀ (၂၉ ဖောင်) ပါဝင်ပါတယ်။ ရောင်းဈေးက ကျပ် ၃၀၀၀ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှ တစ်အုပ်ချင်း မှာယူလိုသူများအနေနဲ့ Novel Light ဖုန်း – ၃၉ ၁၁ ၈၆ / ၀၉ ၅၀ ၈၀ ၈၅၀ ကို ဖုန်းဆက် မှာယူနိုင်ကြောင်းပါခင်ဗျား။
ဘုရား… ကောမန့်တွေပါ ပါတယ်ဆိုပဲ
မကြောက်ပါနဲ့လေ… 😀
ကြောက်တာ ဟုတ်ပါဘူးလေ.. ကောမန့်ရေးခ တောင်းမလို့.. 😛 😛
ပေးမယ်လေ… လာခဲ့။ In cash တော့ မဟုတ်ဘူးနော်။ In kind ပေါ့။ အပြည့်အ၀ ရရ ပါစေ့မယ်။ လာသာ လာခဲ့ပါ။ 😀