Skip to content

One Forward Mail

18 September 2010

ရောက်လာပြန်တဲ့ လက်ဆင့်ကမ်း ဓာတ်ချောစာတစ်စောင်

ကျွန်တော့်ဆီကို လက်ဆင့်ကမ်း ဓာတ်ချောစာတစ်စောင် ၀င်လာပါတယ်။  အင်တာနက်ပေါ်မှာ ပျံ့သွားအောင် ကူညီ ဆောင်ရွက်ပါလို့လည်း တောင်းဆိုထားလေရဲ့။ ဟုတ်ကဲ့… ကူညီ ဆောင်ရွက်ပေးလိုက်ပါတယ်ခင်ဗျား။

အရာတိုင်းမှာ ဘက်ပေါင်းစုံဆိုတာ ရှိပါတယ်။ အမြင်တိုင်းမှာ မတူညီတဲ့ ရှုထောင့်တွေ အများကြီးလည်း ရှိနိုင်ပါတယ်။

ကြုံဖူးတဲ့ ဖြစ်ရပ်ကလေး နှစ်ခုနဲ့တင် အဲဒါလေးကို နမူနာ ပြလိုက်ချင်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုက ကြီးမှူးကျင်းပတဲ့ နှစ်ပတ်တာ ကျန်းမာရေး သင်တန်းတစ်ခုမှာ သက်ပြည့် အငြိမ်းစား ဆရာဝန်ကြီးတစ်ဦးနဲ့ ဆုံပါတယ်။ အဲဒီ့ဆရာဝန်ကြီးက ဆေးမကုဘဲ ရုံးအလုပ်တွေသာ အများဆုံး လုပ်ခဲ့ရတဲ့ ဆရာဝန်ကြီး ဖြစ်ပါတယ်။ သူက ကျွန်တော့်ကို ဘယ်သူဘယ်ဝါမှန်း သိသွားချိန်မှာ ယဉ်ကျေးစွာ ရန်တွေ့ပါတယ်။ ကျွန်တော်က ဆရာဝန်တွေကို မကောင်းမြင်နေတာ ဖြစ်ကြောင်း၊ သတိလစ်သွားရင်တောင်မှ အကုမခံတော့ဘဲ အသေခံသွားမယ်လို့အထိ ကျွန်တော် ရေးထားတာကို ဖတ်လိုက်ရကြောင်း၊ တကယ် အနစ်နာခံ၊ ကိုယ်ကျိုးစွန့် စေတနာထားနေသူ ဆရာဝန်တွေလည်း ရှိကြောင်း ပြောပြပါတယ်။

ကျွန်တော်ကလည်း ဆရာပြောတာကို ကျွန်တော် ခြွင်းချက်မရှိ လက်ခံပါကြောင်း ပြောခဲ့ပါတယ်။ သို့သော် လူတွေနဲ့ ဖွဲ့စည်းထားလေတဲ့ ဘယ်လောကမှာ မဆို လူကောင်းတွေ ရှိသလို လူဆိုးတွေလည်း ရှိတာဟာ သဘာဝဖြစ်တာမို့ ဆရာတို့ လောကမှာလည်း သူတော်ကောင်းတွေချည်း မရှိတာလေးကိုလောက် ဆရာတို့ဘက်က လက်ခံပေးပါလို့ ပြန်ပြောခဲ့ပါတယ်။ ယနေ့ထက်တိုင် အဲဒီ့ဆရာဝန်ကြီးနဲ့ ကျွန်တော်နဲ့ ခင်မင် လေးစားစွာ ဆက်ဆံနေဆဲပါပဲ။

အဲဒီ့ဆရာဝန်ကြီးနဲ့ အဲဒီ့စကားတွေ ပြောစဉ်မှာ ကျွန်တော့်ဘက်က နမူနာတစ်ခုကိုလည်း ထပ်ပြောခဲ့ပါသေးတယ်။ အဲဒါကတော့ ဂျာနယ်တစ်စောင်မှာ ပါတဲ့ ကျွန်တော့် ဆောင်းပါးတစ်ပုဒ်ကို အကြောင်းပြုပြီး ဆေးရုံအုပ် ဆရာဝန်ကြီး တစ်ယောက်က ကျွန်တော့်ကို ဖုန်းဆက်ခဲ့ဖူးတဲ့ အကြောင်းပါ။ တိုက်ဆိုင်မှု တစ်ခုကတော့ စောစောက အငြိမ်းစား ဆရာဝန်ကြီးနဲ့ အဲဒီ့ ဆေးရုံအုပ်ကြီးနဲ့က နာမည်ချင်း တစ်လုံးမလွဲ တူနေတာပါပဲ။ အဲဒီ့ ဆေးရုံအုပ်ကြီးက ကျွန်တော်ရေးထားခဲ့တဲ့ ဖြစ်ရပ်ဟာ သူ့ဆေးရုံမှာသာ ဖြစ်ပွားခဲ့တယ်ဆိုရင် ထိထိရောက်ရောက် အရေးယူပေးဖို့အတွက် ကျွန်တော့်ဆီ ဖုန်းဆက်တာ ဖြစ်ပါတယ်။ ကံဆိုးချင်တော့ ဖြစ်ခဲ့တာ သူ့ဆေးရုံမှာ မဟုတ်ဘဲ တခြားဆေးရုံမှာ ဖြစ်နေပါတယ်။ အဲဒီ့မှာ အဲဒီ့ဆေးရုံအုပ်ကြီးနဲ့ ကျွန်တော်နဲ့ စကားတွေ တော်တော် ပြောဖြစ်ခဲ့ပါတယ်။

ကျွန်တော်က သည်ခေတ် ဆေးလောကဟာ အလွန် စိတ်ပျက်စရာကောင်းအောင် ပျက်စီးနေတာမို့ ကျွန်တော့်အိမ်ကိုတောင် မှာထားတဲ့အကြောင်း၊ ကျွန်တော်များ သတိတွေ ဘာတွေ လစ်သွားခဲ့ရင် ဆေးရုံဆေးခန်း ခေါ်မသွားဘဲ အိမ်မှာသာ အသေခံလိုက်ဖို့ မှာထားမိတဲ့အကြောင်း ပြောလိုက်တာပါ။ သည်အခါမှာ အဲဒီ့ ဆေးရုံအုပ်ကြီးက အောက်ပါအတိုင်း ပြန်ပြောခဲ့ဖူးပါတယ်။

“ဆရာ့လို အပြင်လူ မပြောနဲ့ ဆရာရေ့… ကျွန်တော် သည်လောကက လူလည်း အဲဒီ့အတိုင်းပဲ ကျွန်တော့်မိသားစုကို မှာထားရတယ်ဗျ။ အိမ်ကလူတွေ ဖြစ်ရင်တော့ ကျွန်တော် ရှိနေသေးတာမို့ ကျွန်တော့်ဘက်က သူတို့ကို လိုလေသေးမရှိ အမှားအယွင်း မရှိအောင် လုပ်ပေးနိုင်ပေမယ့် ကျွန်တော်ဖြစ်ရင်တော့ ကျွန်တော့်မိသားစုက အရပ်သား အပြင်လူတွေဆိုတော့ ခံရမှာ သေချာနေတယ်။ ဒါ့ကြောင့် ဆရာ့လိုပဲ ကျွန်တော်လည်း ကျွန်တော့် မိသားစုကို မှားထားတယ်ခင်ဗျ”တဲ့။

နှစ်ယောက်စလုံး သက်ရှိ ထင်ရှားရှိနေဆဲပါ။ နှစ်ယောက်စလုံးလည်း ဆရာဝန်ကြီးတွေပါ။ ဆရာဝန်ကြီး နှစ်ယောက်မှာတောင် မြင်ပုံချင်း၊ သုံးသပ်ပုံချင်း မတူညီကြတာကို ပြောလိုရင်း ဖြစ်ပါတယ်။ ဘယ်သူ မှန်တယ်၊ ဘယ်သူ မှားတယ်လို့ ဆုံးဖြတ်နေတာ မဟုတ်ပါဘူး။ နှစ်ယောက်စလုံးဟာ လူသားများသာ ဖြစ်တဲ့အတွက် သူတို့ရဲ့ အမြင်တိုင်းဟာ သူတို့ထောင့်နဲ့ သူတို့ မှန်ကန်နေနိုင်တာကိုသာ ပြောလိုရင်းဖြစ်ပါတယ်။

ကဲ… ကျွန်တော့်ဆီ ရောက်လာတဲ့ လက်ဆင့်ကမ်း ဓာတ်ချောစာလေးမှာလည်း ကျောင်းဆင်းစ ဆရာဝန်ငယ်များရဲ့ အမြင်တွေ ပါဝင်နေပါတယ်။ ဖတ်ရှုသုံးသပ်နိုင်အောင် တင်ပြပေးလိုက်ပါတယ်။ သူတို့အမြင်တွေဟာလည်း သူတို့ထောင့်နဲ့ သူတို့ မှန်ကန်နေမှာ မြေကြီး လက်ခတ် မလွဲပါဘူး။

သူတို့စာကို သူတို့ ရေးထားတဲ့ အရင်းအတိုင်း ပြန်လည်ဖော်ပြတာပါ။ ဘာကိုမှ မတည်း မဖြတ် မပြင်မဆင်ထားပါဘူး။ ပုံများ၊ စာလုံး အရောင်များကအစ သူတို့ ပို့လာတဲ့ မေး(လ်)ထဲက အတိုင်းဖြစ်ပါတယ်။

အားလုံးတွေးဆ စာနာပေးနိုင်ရန် ရည်ရွယ်FORWARDပါသည်

ဆရာဝန်သည်လူဖြစ်သည်.. အသွေးအသားနှင့်ဖွဲ့စည်းထားပါသည်..
အလုပ်သမားများအနက် အလုပ်ချိန် အများဆုံး အလုပ်သမားသည်  ဆရာဝန်ဖြစ်သည်.. duty ချိန်သည် တသမတ်တည်းမရှိပါ.. လူနာအရေးကို လိုက်ရ်ျု ဆေးရုံတွင် အချိန်ပြည့်နေသင့်လျှင်နေရသည်။
ထို့ပြင် ဆေးရုံတစ်ရုံတွင် အနိမ့်ဆုံးလစာသာရပြီး တာဝန်အကြီးဆုံးအလုပ်များ(လူ့အသက်နှင့်ဆိုင်သောအလုပ်) ကို အိပ်ချိန်တန် မအိပ် စားချိန်တန်မစားရဘဲ နေ့ရောညပါ ထမ်းဆောင်နေရသည်မှာ အလုပ်သင်ဆရာဝန်များဖြစ်သည်.. အနိမ့်ဆုံးလစာ မည်မျှဆိုသည်ကို သင်သိပါသလား?????.

သန့်ရှင်းရေးအလုပ်သမားထက်နိမ့်သည်။  တစ်လမှ ၁၁၇၅ ကျပ်သာရပါသည်.. သို့သော် ပညာသင်ယူစဉ်ကာလဖြစ်သည့်အတွက် မည်သူတစ်ဦးကမှ complaint မတက်ပါ..

လူနာများဧ။် လာသမျှ complaint ကိုသာ ဒိုင်ခံရှင်းရသော သူလည်းဖြစ်ပါသည်.. ဆရာဝန်မှလူနာများကို ဆေးဝယ်ခိုင်းသည်မှာ မှန်ပါသည်.. အဘယ်ကြောင့်ဆိုသော်ဆေးရုံတွင် ဆေးမရှိပါ       မရှိသောဆေးကို ၀ယ်ရန်အတွက် ဆရာဝန်မှာ တာဝန်ရှိပါသလား.. မ၀ယ်လျှင် ဆေးမကုနိုင်ပါ… ထို့အတွက် ၀မ်းနည်းရပါသည်
လူနာများထင်သည်မှာ ဆေးရုံသို့တက်လာသည်နှင့် ဆရာဝန်ကလည်ပင်းညှစ်ကာ ပိုက်ဆံမကုန်ကုန်အောင် ဆေးဝယ်ခိုင်း သွေးစစ်ခိုင်းသည်ဟု ထင်ကြသည်.. ဆေးရုံကိုတက်ရန် ပွဲစားမလိုပါ.. တက်ချင်သည့်အချိန် တက်နိုင်သည်.. မတက်လိုတော့ပါကလည်း DC မရမီ abscond လုပ်နိုင်ပါသည်.. ပွဲစားသည် လူလိမ်သာဖြစ်သည်..
ဆေးရုံတွင် အပေါက်စောင့်က ပိုက်ဆံတောင်းခြင်းသည် ဆရာဝန်နှင့်မဆိုင် ဆရာဝန်သည် လစာမှလွဲလို့ အပိုဝင်ငွေမရှိ။
ဝမ်းစာကို ပြင်ပတွင်ဆေးခန်းဖွင့်ခြင်းဖြင့်သာ.ရှာရပါသည်။ သို့သော် ဆရာဝန်များ ဖုန်းပြောကားစီးနိုင်ခြင်းမှာ ထိုဆေးခန်းမှရသောဝင်ငွေဆိုသည်ထက် မိဘ၀ယ်ပေးထားလို့သာစီးနေကြခြင်းဖြစ်သည်။ 24နာရီ အလုပ်လုပ်ရသောဆရာဝန်သည် လူနာတစ်ယောက်တည်းကို ကြည့်ရတာမဟုတ်သည့်အတွက် စိတ်မရှည်ခြင်းဖြစ်ကောင်းဖြစ်နိုင်သည်.. လူသားတစ်ယောက်ဖြစ်သည့်အတွက်ဖြစ်သည်..
ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာကို ဘေးဖယ်ပြီး ဆေးရုံတွင် ၂၄ နာရီ တာဝန်ကျနေရသည့် ဆရာဝန်ကဲ့သို့ သင်ရော လုပ်နိုင်ပါမည်လော..
လူအများက ဆရာဝန်ကို ပိုက်ဆံယူပြီး လူသတ်နေသည်ဟု ထင်ကြသေးသည်…. ဆရာဝန် သည် လူသတ်သမားမဟုတ်ပါ…ရှိသေးသည်..house surgeon 90% သည် လူသတ်ဖူးသည်ဆိုသော စကား… ဆင်ခြင်ပြီးမှ ပြော သင့်သည်။ သွေးလွန်တုပ်ကွေးဖြစ်သောကလေးကို မည်သည့် အပြင်ဆေးခန်းတွင်မှ မကယ်နိုင်ပါ.. ကလေးဆေးရုံကြီးတွင်သာ ကုသရနိုင်သည်.. house surgeon များရှိမှသာ hourly monitoring လုပ်ပြီး ကလေးအခြေအနေကို စောင့်ကြည့်ကာ ကြပ်မတ်ကုသနိုင်ခြင်းဖြစ်သည်..မည်သည့်ကလေးအထူးကုကမှ DHF patient ကို hourly BP နှင့် vital sign monitor လုပ်မပေးပါ.Bird eye view ဖြင့်ကြီးကြပ်ကုသပါသည်။ အလုပ်သင်ဆရာဝန် များကြောင့်သာ ကလေးငယ်များ အသက်ရှင်ခြင်းဖြစ်သည်.. ထို့ပြင် house surgeon မှ ဆေးမှားထိုးပြီးလူသေသည်ဟုဆိုသည်။ ဖြစ်နိုင်ပါသည်.. သို့သော် ၉၀% မဟုတ်ပါ.. ဆေးကျောင်းတက်စဉ်ကာလတစ်လျှောက်လုံး ပညာကို သေချာမလေ့လာပါက လူသတ်သမားဖြစ်ရန် လုံလောက်သော အရည်အချင်းများနှင့်ပြည့်စုံလာပါမည်.. ATD လုပ်ရန်လိုသော ဆေးကို မလုပ်ဘဲထိုးမိပါက သေနိုင်သည်.. တော်ရုံမှားရုံနှင့်လူမသေပါ.. အလွန်တရာ ဆင်ခြင်တုံတရားကင်းမဲ့ပြီး အသုံးမကျရျုသာဖြစ်သည်.. မသိလျှင် AS ကိုမေးနိုင်သည်.. အလုပ်သင်ဆရာဝန်မှ အရာရာကို ဆုံးဖြတ်ခွင့်မရှိသည်ကို မသိခြင်းသည် ထိုသူဧ။် ညံ့ဖျင်းမှုသာဖြစ်သည်.. ထို့အတွက် အခြားသော  ဆရာဝန်များကို မပုတ်ခတ်သင့်ပါ..
ဆရာဝန်တစ်ယောက်ဧ။် ဘ၀ကို နားမလည်ဘဲ ဘေးမှ လက်ခုပ်တီးနေသော သူများကိုလည်း မုန်းမိပါသည်.
ဆေးရုံဧ။် လစ်ဟာချက်များ သူနာပြုများနည်းပါးမှုများကို ဆရာဝန်များလုပ်အားဖြင့် ဖြည့်နေရသည်..တခါတရံအလုပ်သမားပင်မရှိသောကြောင့်  ဆရာဝန်သာအထူးသဖြင့် အလုပ်သင်ဆရာဝန်သာ အားဖြည့်နေရသည်။ လူနာနှင့် ဆရာဝန် အင်အားမမျှ… လူနာများကလည်း ဆိုရှယ်လစ်ခေတ်မှ အကျင့်ဆိုးကို မဖျောက်နိုင် ဆေးရုံရောက်လျှင် အလကားရ ရ မည်ဆိုသော ဆောင်ပုဒ်ကိုသာလက်ကိုင်ထားနေကြသည်.. ယနေ့ခေတ်တွင် ရောဂါ ဆန်းပေါင်းစုံက လူနာများနှင် ဆရာဝန်များကို စိန်ခေါ်နေကြသည်.. ကုသရန်ခက်ခဲသော ရောဂါတို့သည် သာမန်ဆေးဝါးနှင့် မပျောက်ကင်းနိုင်.. အချို့ဆေးများသည် အလွန် ဈေးကြီးသည်.. မတတ်နိုင်သောလူနာများအတွက် ရရာဆေးနှင့်ကုပေးသည်..ရောဂါမပျောက်ကင်းသည့်တိုင် အနည်းဆုံးသက်သာအောင်တော့လုပ်ပေးနိုင်သည်..

ဆရာဝန်သည် နတ်ဆေးဆရာမဟုတ်သည့်အတွက် စမ်းသပ်စရာရှိသည်ကို စမ်းသပ် စစ်ဆေးပြီးမှ ကုသပေးနိုင်မည်ဖြစ်သည်.. ကုသပေးတိုင်းလည်း ပျောက်ကင်းရမည်ဟု အာမ မခံနိုင်ပါ.. ထို့အတွက် ဆရာဝန်များကို အထင်အမြင်လွဲမှားနေကြသည်ကို ပြင်သင့်ပါသည်.. လူနာများဘက်မှ လိုအပ်ချက်များကိုလည်း သေချာ သုံးသပ်သင့်သည်.. မစားနှင့်ဆိုသည့်အရာကိုစားချင်သည်.. complaint အမျိုးမျိုးတက်သည်.. ဆေးရုံရောက်နေသော်လည်း မိမိဧ။် ကျန်းမာရေးကို ဂရုစိုက်ရမည့်သူမှာ မိမိကိုယ်တိုင်သာဖြစ်သည်.. ဆီးချိုရောဂါသည်ကို အချိုရှောင်ရန် မှာထားပါလျက်နှင့် စားချင်ရာစားသည့်လူနာအပေါ် မည်သည့်ဆရာဝန်က စိတ်ရှည်နိုင်ပါမည်နည်း.. တစ်စုံတစ်ခုဖြစ်လာလျှင် ဆရာဝန် အလွန်ဟုပြောဦးမည်.. လူနာများကလည်း ဆရာဝန်ကို ကူညီသင့်ပါသည်.
.                  လူနာစောင့်များစည်းကမ်းမရှိပါ.. ဆရာဝန်ကြီး round နေချိန်တွင် အပြင်သို့ထွက်ရန် မနည်းတောင်းပန်ရသည်.. တစ်ယောက်တစ်ပေါက် ပြောချင်ရာပြောနေသည်.. အမှိုက်များဖွသည်… စရိတ်မျှပေးဆိုင်းဘုတ်ကို သာကြည့်ပြီး မဆူညံရ.. အမှိုက်မပစ်ရ ..ကွမ်းမထွေးရဆိုင်းဘုတ်များကိုတော့ လိုက်နာကြပါရဲ့လား  
မည်သူမှားသည် မှန်သည် မဆိုချင်.. ပြောချင်ရာပြောနေသည့်လူများအနေဖြင့် ကိုသာ ဆင်ခြင်တွေးတောပြီးမှ ပြောဆိုဝေဖန် စေချင်ပါသည်.

အခုနောက်ပိုင်း လူတော်တော်များများက ကျွန်တော်တို့ရဲ့ ဆရာဝန်လောက ကို မကောင်းတဲ့ ဘက်ကနေ ဝေဖန်ပြောဆိုနေတာတွေ တော်တော်များများကြားမိကြမှာပါ။ ဆရာကြီး မောင်မောင်မြင့် ရဲ့ (ကျွန်တော်ရေးခဲ့ဖူးသော ကျေးဇူးတင်စာတစ်စောင် (၁)) နဲ့ အခုတင်ပေးထားတဲ့ မစုမြတ်မို ရဲ့ (အရှိကိုအရှိတိုင်း မြင်စေချင်ပါသည်) စာများကို ပြည်သူတွေအကြား ပြန့်နှံ့ လာပြီ…း ပြည်သူတွေ ဆရာဝန်တွေအပေါ် ထင်မြင်လွဲမှား မှုတွေ လျော့နည်းသွားအောင် ကျွန်တော်တို့က တတ်နိုင်တဲ့ ဘက်ကနေ ကူညီလိုက်ကြရအောင်ဗျာ။ သူငယ်ချင်းတို့ ဖတ်ပြီးသွားရင် အချင်းချင်း share လုပ်ပြီး အင်တာနက်ပေါ်မှာ ပြန့်သွားအောင် လုပ်လိုက်ကြရအောင်လားဗျာ။ ကျွန်တော်ရဲ့လောက ကို အဓိက တိုက်ခိုက်နေတာတွေက ဂျာနယ်တွေ အများစုပါ။ သူတို့က ဟုတ်တာကော် မဟုတ်တာကော် မစူးစမ်းပဲနဲ့ သတင်းတစ်ပုဒ်က ထမင်းတစ်လုပ် ဆိုပြီး ဂျာနယ်ထဲ ထည့်ကြပါတယ်။ အခုနောက်ပိုင်း အင်တာနက်ပေါ် အထိပါ ပြန့် နှံ့လာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကလဲ တတ်နိုင်တဲ့ ဘက်ကနေ ကျွန်တော်တို့ရဲ့ ဆရာဝန်ဆိုတဲ့ profession ဆိုတာ သူတို့ပြော သလို မဟုတ်ကြောင်း ဒီစာနှစ်ပုဒ်ကနေ သက်သေပြလိုက်ရအောင်လားဗျာ။ ဒီလိုစာလေးတွေကို အင်တာနက်ပေါ်မှာ ပြန့်သွားအောင် ကူညီဆောင်ရွက်ပေးပါလို့ ဒီနေရာကနေပြီး တောင်းဆိုလိုက်ပါတယ်။

.

Advertisements
9 Comments leave one →
  1. luckyfish permalink
    18 September 2010 10:08 pm

    ခင်ဗျား အသက်ဘယ်လောက်ရှိပီလဲ။ နည်းနည်းကိုယ့်ကိုယ်ကို နဖူးပေါ်လက်တင်စဉ်းစားဦး။ သူများပို့ စ်ကို facsicon ရုပ်ပြောင်တွေသုံးပီး ………။ အား တော်တော့်ကိုပဲဆိုးပါ့လား။ ရှက်စရားကောင်းလို့ ကောင်းမှန်းမသိ။ ခင်ဗျားအတွက်တော့ ဖာသည်မရယ် အခြောက်ရယ် သပွတ်အူဇာတ်ရှုပ်တွေက စာရေးပို့ ရုံနဲ့ တင် ခင်ဗျားနဲ့ မိသားစု ထမင်းနပ်မှန်လားလို့ ကျုပ်စိုးရိမ်မိတယ်။ အချိန်မစီးရင်လည်း ကောင်းပါတယ်။ ဆန်ကုန်ပေမယ့် မြေလေးတော့ နည်းနည်းသက်သာမှာပေါ့ ။ဒုက္ခပါပဲ။ သိပ်လည်း ဆရာဝန်တွေကို ပါးစပ်အချဉ်ပေါက် မနေနဲ့ ဦး ။တော်ကြာ .. vaginal PH နဲ့ တတန်းတစားထဲဖြစ်သွားဦးမယ်။ အဲ့ဒါဆို internal capsule လို higher centre တွေတောင် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ကြောင်ပီး ပါးစပ်ထဲကနေ menstrual blood တွေအတောင့်လိုက် ထွက်တဲ့ ၀ဋ် ခံနေ ရဦးမယ်။ dick တွေ pussy တွေလည်း သိပ်မရေးနဲ့ ။ တော်ကြာ နိပါတ်ထဲကလို မျက်နှာပေါ် အဲ့ဒါတွေတတ်ပေါက်နေ ဦးမယ်။ ယူတတ့်ရင် ခင်ဗျားဖို့ ချည်းပဲ ။ သိလား။

  2. Thet Lynn permalink
    18 September 2010 10:44 pm

    ကောင်းတယ်ဗျာလို့ပဲ ချီးကျူးပါရစေ ဆရာ အတ္တကျော်။

    ဆရာဝန်တွေ ကောင်းတယ်၊ မကောင်းဘူးဆိုတာထက်၊

    စာရေးဆရာတစ်ယောက်ရဲ့ ဘက်လိုက်မှုကင်းသလား၊
    မကင်းဘူးလား မသေချာတဲ့
    သုံးသပ်ချက်တွေ ဆိုတာထက်၊

    အမှန်၊ အမှား၊ အပြိုင်အဆိုင် ငြင်းခုန်နေတာတွေထက်၊

    အရှိတရားတွေကို ဘယ်လိုဘယ်နည်း ရှုမြင်ရမယ်ဆိုတာတွေကို
    ရေးပေးလိုက်တာပဲဗျ။

    လေးစားပါတယ်။

    ဆရာက ကလောင်ကိုင်နေတာ။
    ကွန်ပျူတာ လက်ကွက်လည်း ကိုင်တယ်ပေါ့ဗျာ ။

    လူနာတွေကို စမ်းသပ်နေတဲ့ ဖြူဖြူစင်စင် လက်တစ်စုံဟာ
    ဆန့်ကျင်ဖက် လက်တစ်စုံအဖြစ်ကူးပြောင်းသွားနိုင်တယ်။
    မျက်မှောက်ကာလမှာလည်း အဲသလို ကူးပြောင်းနေကြတာက
    များတယ်လို့ ဆရာကတွေးတယ်၊ မြင်တယ်၊ ရေးတယ်လေ။

    တွေးနိုင်ပါတယ်။

    ကျနော်ကလည်း အပွင့်လင်းဆုံးပဲပြောမယ်။

    ဆရာကလည်း ကလောင်ကိုင်ပြီးတော့
    ပြည်သူတွေ ( တစ်နည်း စာဖတ်သူတွေ ) ကို သတ်နေတာ။
    သတ်တာမှ တဖြည်းဖြည်းချင်း မျှဉ်းပြီး အဆိပ်ကျွေးသတ်နေတာ။

    ကဲ၊ ကျနော်ဖက်ကတော့ အဲသလိုကို ပက်ပက်စက်စက် မြင်တယ်ဗျာ။

    မြင်နိုင်ပါတယ်နော်၊ ဆရာ။ လွတ်လပ်စွာ တွေးခေါ်ခွင့် လူတိုင်းကိုယ်စီရှိကြတာပဲ။

    နောက်တစ်ခုက ဆရာ့အနေနဲ့ သတ္တိဗျတ္တိနဲ့ ပြီးပြည့်စုံတဲ့
    ယောင်္ကျားတစ်ယောက်ဆိုရင်၊ ကိုယ်ရေးတဲ့ စာသားအပေါ်
    တာဝန်ယူနိုင်မှုအပြည့်ရှိတဲ့ လူသားတစ်ယောက်ဆိုရင်
    စဉ်းစားပေးရမယ့် အချက်လေးတစ်ခုကို ပြောချင်လို့ပါ။

    ကျွန်တော်က ဆရာ့ကို ကဲ့ရဲ့ပြီး မကောင်းစကားတွေ၊
    ရွဲ့ပြီးတော့ သိမ်ဖျင်းတဲ့စကားလုံးတွေပါနေတဲ့
    ဝေဖန်ချက်တွေကို ဆရာက စိစစ်ပြီးတော့ ဖြုတ်ဖြုတ်ပစ်တယ်ဆိုတာ
    ကျွန်တော် သက်သေသာဓကနဲ့ တကွ
    သိမ်းထားပြီးသား ရှိပါတယ်။
    ( ဆရာက ဖြုတ်ပစ်တာမဟုတ်ဘဲ ကျွန်တော်ကပဲ အထင်အရ၊
    ရမ်းသမ်းပြောတာ ဖြစ်နေရင်တော့လည်း
    ` ၀မ်းနည်းပါတယ် ´ ပေါ့ဗျာ။ )

    ကျွန်တော်ကတော့ ၀န်ခံပြီးသားပဲ။
    ကျွန်တော်ရေးတာ ဆရာ့ကို ဝေဖန်ချင်လို့၊
    အဆင်အတန်းမရှိတဲ့ စကားလုံးတွေပါတဲ့
    ဝေဖန်ချက်တွေ ရေးတာပါလို့။

    ဆရာ စိတ်ရှင်းရင် ကျွန်တော့်ရဲ အခု ဝေဖန်ချက်ကို
    ဆရာ့ရဲ့ လက်တွဲဖော် စာမျက်နှာမှာ တင်လိုက်လေ။

    မတင်လို့လည်း၊ ကျွန်တော်ကတော့ ဘယ်လိုမှ မနေပါဘူး။

    ဒါပေမယ့် ကျွန်တော်နဲ့ ပက်သက်နေတဲ့
    အသိုင်းအ၀ိုင်းတွေမှာတော့ ဆရာအတ္တကျော်ဟာ
    စကားလုံး အနုစားလေးတွေကိုပဲ ရေးတာ။
    သူ့ကို အားပေးတဲ့ စာဖတ် ပရိသတ်တွေ
    ( ကျွန်တော် လုံးဝ မပါပါ ) ကိုလည်း
    စကားလုံး အနုလေးတွေကိုပဲ ဖတ်စေချင်တာ။
    ဒါကြောင့် ကျွန်တော်က ခပ် ကြမ်းကြမ်း စကားလုံးတွေ သုံးထားတဲ့
    ဝေဖန်ချက်တွေကို သူ့ရဲ့ အင်တာနက်စာမျက်နှာတွေပေါ်မှာ
    တင်တာကို ဖျက်ပစ်တတ်တဲ့ အကျင့် ရှိတယ်ဆိုတဲ့
    ဂုဏ်သတင်းကတော့ လျင်လျင်မြန်မြန် ပျံ့နှံ့ သွားမှာတော့
    သေချာသလောက်ပဲဗျ။

    ဖွင့်ထားသော နှလုံးသားတွေနဲ့
    လောကကြီးကို ကြည့်တတ်၊မြင်တတ်တဲ့၊ သူတွေ
    ပေါ်ပေါက်လာဖို့က ဆရာတို့လို ကလောင်ရှင်တွေရဲ့
    တာဝန်မလား။
    ( ဟုတ်လားလို့ပဲလေ၊ မဟုတ်ရင်လည်း ` ၀မ်းနည်းပါတယ်ဗျာ ´)

    ကျွန်တော်ကတော့ ယုံတယ်ဗျာ။
    ဆရာ အတ္တကျော်လို ဘက်မလိုက် စာရေးဆရာတစ်ယောက်၊
    တို့များ နိုင်ငံမှာရှိနေသေးသရွေ့ သူ့စာကို ဖတ်မိတဲ့ လူတွေ
    ( အထူးအားဖြင့် လူငယ်လူရွယ်လေးတွေ ) ဟာ အရာရာကို
    ဘက်မလိုက်တဲ့ အမြင်တွေနဲ့ တွေးခေါ်တတ်မှာ မလွဲဘူးလို့။

    ကဲ၊ ဆရာရေ၊ ကျွန်တော့်ရဲ့ ဒီဝေဖန်ချက်ကို ဖျက်ချင်လည်း ဖျက်ဖို့
    လက်နှေးမနေနဲ့ဦးနော်။

    ဖတ်ရတာ မောသွားရင်လည်း၊ ` စိတ်မကောင်းပါဘူးဗျာ ´ ပေါ့။

  3. ဇော်ကြီး permalink
    19 September 2010 2:37 am

    ကို လပ်ကီးဖစ်(luckyfish) ခင်ဗျား….
    အစ်ကို့ရဲ့ စာအရေးအသားကို ကြည့်ရတာ ဆရာဝန်တစ်ယောက်ဖြစ်မှာပါ….
    အစ်ကိုက ဆရာအတ္တကျော်ကို ရေးသွားတဲ့ အရေးအသားတွေဟာ
    အစ်ကို့ပညာအရည်အချင်းနဲ့ မတန်အောင် အစ်ကို့စိတ်ဓါတ်
    ဘယ်လောက်သေးသိမ်တယ်ဆိုတာ ပြနေသလိုပါဘဲ…
    အစ်ကို FB က ဆရာရဲ့ Wall ကိုသွားပြန်ပြီး ကြည့်လိုက်ပါဦး….
    အင်တာနက်ပေါ်မှာ ပြန့်သွားအောင် ဖြန့်ပေးပါဆိုလို့ ဆရာက
    သူ့ရဲ့ ဘလောဂ့်ပေါ်မှာ တကူးတက လာတင်ပေးတာပါခင်ဗျာ…
    အကူအညီတောင်းလို့ သူ့ဘလောဂ့်မှာ တင်ပေးတာဖြစ်တဲ့ အတွက်
    သူ့စိတ်ကြိုက်ပုံစံနဲ့ တင်ခွင့်ရှိပါတယ်….
    သူ့ရဲ့ ရုပ်ပြောင်တွေထဲမှာလဲ စာရေးသူကို(ဆရာဝန်တွေကိုပေါ့ဗျာ)
    စော်ကားထားတဲ့ ပုံမျိုးတွေ မပါပါဘူးဗျာ…
    တစ်ကယ်လို့ မကျေနပ်ရင်တောင် အစ်ကို ပညာတွေ အများကြီး သင်လာရတာဘဲဗျာ
    ယဉ်ယဉ်ကျေးကျေး ကွန်မန့်ရေးပြီး ဖျက်ပစ်ခိုင်းလို့ ရတာဘဲဗျာ….
    အစ်ကိုဒီထဲမှာတောင် ဒီလောက်ရိုင်းနေရင် အစ်ကို့ကို အားကိုးပြီး အစ်ကို့ဆီ လာပြတဲ့
    လူနာတွေကို ဘယ်လောက်ရိုင်းလိုက်မယ်ဆိုတာ စဉ်းစားကြည့်စရာတောင် မလိုပါဘူး…
    အစ်ကို့တို့လို ဆရာဝန်တွေ အပြင်မှာ ရှိနေသေးသမျှတော့
    ရန်ကုန်ဆေးရုံကြီး၊လူနာဆောင်၁၂…. လို ဆောင်းပါးတွေ တပုဒ်ပြီး တစ်ပုဒ်
    ထွက်နေဦးမှာပါဘဲ….

  4. TNA permalink
    19 September 2010 11:47 am

    ထောက်ခံပါတယ် ကိုဇော်ကြီးရေ။ ရွံစရာကောင်းတာဗျာ သူ့(lucky fish) စာကိုဖတ်ရတာ။ ဆရာ ရေးနေတယ်ဆိုတာလည်း မင်းတို့လို စောက်သုံးမကျတဲ့ကောင်တွေ ကြောင့်ပေါ့ကွာ။ ဆရာဝန်တွေကို ပိုအမြင်စောင်းသွားအောင် မင်းရဲ့ comment လေးနဲ့ထပ်ကူညီလိုက်တာပေါ့ကွာ။

  5. 19 September 2010 12:38 pm

    အင်း………
    ဆောင်းပါးတွေကလည်း ရှယ်….
    Comments တွေ ဖတ်ရတာလည်း ရသ တမျိုးပါလားနော်….
    သြော်…. ဒုက္ခ….ဒုက္ခ…..
    အာလုံးကတော့ မြန်မာပြည်ကြီးတိုးတက်ဖို့၊ ကောင်းစားဖို့၊ မြန်မာ လူမျိုးတွေ အဆင်မှီမှိ မြင်တတ်ဖို့တွေပဲ လုပ်နေတာ……။ ဒါပေမယ့်လည်း တလွဲဆံပင်ကောင်းနေကြတယ်။
    ဗိုလ်ချုပ်အောင်ဆန်းစကားကိုပဲ သွားသတိရတယ်….. ” ဒီအတိုင်းသာ ဆို ကျုပ်တို့ တိုင်းပြည်ကြီးက ဖာသည်တိုင်းပြည်ကြီး ဖြစ်နေဦးမှာပဲ ” ဆိုတာလေး ကိုပေါ့….။

  6. မောင်တုတ်ကြီး permalink
    19 September 2010 12:39 pm

    အော်… (lucky fish) …. ခင်ဗျားမှာ .. ပညာမပြောနဲ့..။ သညာတောင် မနည်း သင်ယူရမယ့်လူမို့… သူများကို စော်ကားရဲတာပဲ…။
    သူတို့စာကို သူတို့ ရေးထားတဲ့ အရင်းအတိုင်း ပြန်လည်ဖော်ပြတာပါ။ ဘာကိုမှ မတည်း မဖြတ် မပြင်မဆင်ထားပါဘူး။ ပုံများ၊ စာလုံး အရောင်များကအစ သူတို့ ပို့လာတဲ့ မေး(လ်)ထဲက အတိုင်းဖြစ်ပါတယ်။
    အဲဒီစာကို တွေ့လား…။
    ခင်ဗျား စာများများဖတ်သင့်တယ်….။

  7. YuYaa permalink
    19 September 2010 1:52 pm

    ကိုဇော်ကြီး ရေးထားတာကိုထောက်ခံပါတယ်။ ကိုlucky fish သူများကို ၀ဋ်ခံရဦးမယ်သာပြောနေတာ ခင်ဗျားလည်း ၀စီကံ၊ မနောကံနဲ့တင် တော်တော်ငရဲကြီး နေပြီ၊ ခင်ဗျားဆရာဝန်သာဆိုရင် ဆရာ့ ထင်မြင် ချက်တွေကို ယဉ်ကျေးစွာ ငြင်းဆန်နိုင် သက်သေပြနိုင်ရဲ့သားနဲ့ ပညာနဲ့ ကိုယ့်ဂုဏ်သိက္ခာမှ အားမနာဗျာ၊ ဘယ်သူသိသိ မသိသိ ကိုယ့်ကိုကို တော့သိတာပဲလေ… ဘုရားတရားတွေပြောနေတဲ့ ကိုလပ်ကီးဖစ်။ ခင်ဗျားသာ ဆရာဝန်တစ်ယောက်ဖြစ်ရင်တော့ လူနာတွေအပေါ် တော်တော်ကို စိတ်ရှည်ရှည်နဲ့ စေတနာထားနိုင်မဲ့သူဖြစ်လာနိုင်ပါ့မလားလို့ ပူမိတယ်။ အဲလို စိတ်ဓာတ်အောက်တန်းကျနေတဲ့သူတွေ ဆရာဝန်ကြီး တွေဖြစ်လာလို့ ဒီဆေးလောက ဒီလိုဖြစ်နေတာ ငွေပြီးရင်းငွေနေကြပြီး တကိုယ်ကောင်းဆန်နေကြလို့လေ။ တဖက်သားကို နဲနဲလေးတောင် မျှပြီးမကြည့်ပေး မတွေးပေးကြလို့လေ။ ကိုလပ်ကီးဖစ်ရေ သူများကို လက်ညိုးတစ်ချောင်းထိုးရင် ကိုယ့်ဘက်ကိုလည်း လက်ညိုး လေးချောင်းရှိတယ်ဆိုတာ မြင်လိုက်စေချင်တယ်။

  8. Sint permalink
    20 September 2010 1:11 am

    Lucky fish name should changed to stinky fish. 😦

  9. 21 September 2010 12:22 am

    luckyfishရေ ငါးများများစားပေးး။ အဲဒါမှမင်းဦးနှောက်တွေအလုပ်လုပ်မှာ။ ငါကဆရာဝန်တော့မဟုတ်ဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: