I agree the system must be corrected. The mentality of doctors must also be reoriented. Medicine is for service, not for money or power. Some Burmese take medicine for money. That’s wrong. It’s a humane profession, not a trade. (Dr. Maung Maung Nyo)
11 hours ago · · ·
Caesar Min, Chan Myae Khine, Nay Htut Shwe and 2 others like this.
-
-
Atta Kyawဆရာ Shan Gyi (S Htet Aung) ရဲ့ Facebook Post မှာ အသက် ၇၁ နှစ်ရှိပြီ ဖြစ်တဲ့ ဆရာဝန် စာရေးဆရာကြီး ဒေါက်တာ မောင်မောင်ညို ရေးထားတဲ့ မှတ်ချက်ကို ကူးယူ ဖော်ပြလိုက်တာပါ။ ဆရာ ရှမ်းကြီးက “ဆရာဝန်တွေကို အပြစ် မမြင်သင့်၊ စနစ်ကိုသာ ပြင်”ဆိုပြီး တင်လိုက်တဲ့အခါ ဆရာ မောင်မောင်ညိုက “အဲဒါ တစ်စိတ်တစ်ပိုင်းပဲ မှန်တယ်။ စနစ်ကို ပြင်ရမယ် ဆိုတာကို လက်ခံပါတယ်။ ဆရာဝန်တွေရဲ့ စိတ်တွေကိုလည်း ပြင်ရမယ်။ ဆေးပညာဟာ ၀န်ဆောင်မှုပေးဖို့ ဖြစ်တယ်၊ ပိုက်ဆံတို့၊ သြဇာတို့ ထူထောင်ဖို့ မဟုတ်ဘူး။ တချို့မြန်မာတွေက ပိုက်ဆံအတွက် ဆေးပညာ သင်ကြတယ်။ အဲဒါမှားတယ်။ ဆေးပညာဆိုတာ ကရုဏာအလုပ်ပါ။ စီးပွားရေးလုပ်ငန်း မဟုတ်ဘူး”လို့ ဆရာကြီး ဒေါက်တာ မောင်မောင်ညိုက ပြောလိုက်တာပါ။11 hours ago · · 10 people
-
Nyi Ma Lay ဟာ… တကယ်လေးစားပါတယ် ဒေါက်တာမောင်မောင်ညိုကို ။ ပို့စ်ကို တင်ပေးတဲ့ ဆရာ့ကိုလည်း လေးစားပါတယ် ဆရာ ။ဆရာ တင်ပေးမှ သိရတာပါ။4 hours ago · ·
-
Nyi Aung Chan ” ဆေးပညာဆိုတာ ကရုဏာအလုပ်ပါ။ စီးပွားရေးလုပ်ငန်း မဟုတ်ဘူး” ဒေါက်တာမောင်မောင်ညိုရဲ့ စကားကို ကိုးကားပြီးမေးကြည့်မယ်နော်… private hospital တွေကို ဘယ်လိုမြင်ကြလဲမသိဘူး… အမြင်လေးတွေ သိချင်လို့ပါ….about an hour ago · ·
-
Atta Kyawကျန်းမာရေး ခရီးသွားလုပ်ငန်း (health tourism industry)ဆိုတာတောင် အာရှမှာ တအား ထွန်းကားနေပြီမို့ ဆေးပညာနဲ့ စီးပွားရှာတာ မဆန်းပါဘူး။ စီးပွားရေးသမားက စီးပွားရေး အလုပ်လုပ်မှာပေါ့။ သန်း ကုဋေပေါင်းများစွာ ရင်းနှီးပြီး လုပ်နေတဲ့ ဆေးရုံကြီးတွေ အာရှမှာ အများအပြား ရှိပါတယ်။ တစ်ခုပဲ၊ သူတို့က customer care, customer service, customer focus စတာတွေကို ဒိုးလိုမွှေ ရေလိုနှောက်ပြီး ကျိုသောက်ထားကြတယ်။ သန့်ရှင်းရေး ၀န်ထမ်းက အစ ပါရဂူ ဆရာဝန်ကြီး အဆုံး အားလုံးသော ၀န်ထမ်းများရဲ့ မျက်နှာတွေက ချိုကြတယ်။ လာတဲ့ လူနာကို customer အဖြစ် ဆက်ဆံတယ်။ ပေးရတဲ့ ပိုက်ဆံ တန်တယ်ထင်အောင်၊ ပေးချင်အောင် လုပ်ကြတယ်။ service ရဲ့ သဘောကို နားလည်တယ်။ သူ့ထက်ငါ အပြိုင်အဆိုင် လုပ်နေရတဲ့ အချိန်မှာ ပုဂ္ဂလိက ဆေးရုံများဟာ နာမည်တစ်လုံးကို အသေထိန်းကြတယ်။ နာမည်ပျက် မခံရစေရေးအတွက် အမှားအယွင်း အတိမ်းအစောင်း နည်းနိုင်သမျှ နည်းအောင် လုပ်ကြတယ်။ မှားခဲ့ရင်လည်း customer ကျေနပ်အောင် အင်တိုက်အားတိုက် ဖိဖိစီးစီး လုပ်ပေးကြပါတယ်။ အဲလို ဆေးရုံတွေက ပါရဂူ ဆရာဝန်ကြီးတွေဟာ ကျင့်ဝတ်နဲ့ မညီညွတ်တဲ့ hypermedicalisation ကို ရှောင်ကြတယ်။ ဆိုလိုတာက ဓာတ်ခွဲခန်းက ဝေစုပေးမယ့် ပိုက်ဆံကို မျှော်ကိုးပြီး လူနာကို လိုလို မလိုလို အကုန် လျှောက်စစ်ခိုင်းတာမျိုး မလုပ်ကြပါဘူး။ (hypermedicalisation ဆိုတဲ့ ဝေါဟာရကို သတိပြုကြစေလိုပါတယ်။ ဆေးပညာ ဘောင်ဝင်အောင် ပြောကြစတမ်းဆိုရင် အကုန်လုံး ဘောင်ဝင်ပါတယ်။ ယာဉ်ထိန်းရဲလိုပေါ့။ ယဉ်ထိန်းရဲတွေသာ စာအုပ်ကြီးအတိုင်း လုပ်ရင် လမ်းပေါ်မှာ သွားနေသမျှ ကားတွေ အကုန်လုံး အပြစ်တစ်ခုမဟုတ် တစ်ခုနဲ့ ဖမ်းလို့ရပါတယ်။) အာရှရဲ့ ထိပ်တန်း ဆေးရုံ ၁၀၀ စာရင်း (http://hospitals.webometrics.info/top100_continent.asp?cont=asia) မှာ ရွှေအမြုတေ ဦးဝင်းငြိမ်း သွားသွား ကုနေတဲ့ ပုဂ္ဂလိက ဆေးရုံ Bumrungrad Internacional Hospital က အဆင့် ၄၅ မှာ ရှိနေပါတယ်။ ကမ္ဘာ့အဆင့်အနေနဲ့ အဲဒီ့ဆေးရုံဟာ အမှတ်စဉ် ၅၀၁ မှာ ရှိတယ်။ အဲဒီ့စာရင်းမှာ ဗီယက်နမ်က ဆေးရုံတစ်ရုံဟာ အမှတ်စဉ် ၉၅ မှာ ရှိနေတယ်။ အဲဒီ့ site မှာ ကမ္ဘာ့အဆင့် ၂၀၀၀ အထိ တန်းဝင်တဲ့ ဆေးရုံတွေကို ဖော်ပြထားပါတယ်။ ကျွန်တော်တို့ အခြေအနေက ဘယ်နားမှာလဲ။ ဘာတွေကို ကျွန်တော်တို့က ရေးကြီးခွင့်ကျယ် လုပ်သင့်သလဲ။ ယနေ့ ဆေးကျောင်းဆင်းတွေရဲ့ အခြေအနေကရော နိုင်ငံတကာ စံနဲ့ဆိုရင် ဘယ် အခြေအနေမှာ ရှိသလဲ။ အားလုံး သိပါတယ်။
သေချာတာတစ်ခုကတော့ ကျွန်တော်တို့ချင်း ရန်ဖြစ်နေ၊ အငြင်းပွားနေ၊ စကားများနေရမယ့် အချိန် မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ အားလုံး ကိုယ်နိုင်တဲ့ နည်းလမ်းနဲ့ ကိုယ်လုပ်နိုင်တာကို ကြိုးကြိုးကုပ်ကုပ် လုပ်ရမယ့် အချိန်ပါ။ ငါ့ပညာ အဆင့်မမီဘူး၊ အဲဒီ့အတွက် ဟိုဟာ၊ သည်ဟာကို လက်ညှိုးထိုး ဆင်ခြေပေးမယ့်အစား အဆင့်မီလာအောင် ငါ့ဘက်က ဘာလုပ်နိုင်မလဲ ဆိုတာကို တွေးပြီး အလုပ်လုပ်ကြသင့်တယ်လို့သာ မြင်ပါတယ်။
about an hour ago · · 4 people Chaw Chaw Po, Nyi Ma Lay and 2 others like this. ·
-