တည့်အောင်ပေါင်း ကျောင်းကို ထုတ် ဥပုသ်ရက်ရှည် စောင့်ခိုင်းပါ
လွန်ခဲ့တဲ့ တစ်နှစ်နီးပါးက Mandalay FM မှာ ကျွန်တော့်အစီအစဉ် စတင် ထုတ်လွှင့်ခါစက တင်ဆက်ခဲ့တဲ့ အသံ file ဖြစ်ပါတယ်။ ယောက္ခမ၊ ယောက္ခထီး၊ ယောက်ဖ၊ ယောက်မနဲ့ မကင်းနိုင်ကြတဲ့ လူသားများအားလုံးအတွက် တွေးစရာ တစ်စုံတစ်ခု ရသွားလိမ့်မယ်လို့ ထင်မိပါတယ်ဗျာ။ နားဆင်တော်မူကြည့်ကြပါဦး။
Like this:
Like Loading...
Related
Author: lettwebaw
A prolific Burmese writer whose main work is non-fiction with many articles and books on psycho-social and health issues including sex education for teenagers, proper etiquette, child rearing practices and marriage counselling tips. Another nom de plume is "Pseudonym."
View all posts by lettwebaw
ကောင်းလိုက်တဲ့ ဖြစ်ခြင်းဗျာ…။ အရမ်းကို မှတ်သားလောက်ပါ ပေတယ်….။ အခုတော့ မှတ်သား ထားလိုက်ဦးမယ်ဗျာ…။ နောက် အချိန်တန်တဲ့အခါ အသုံးချရအောင်လို့ပေါ့…..။
မင်္ဂလာပါ ဆရာ။
ဆရာ့အသံ ဒါပထမဆုံး နားထောင်ဖူးတာပါ။ စကားပြောတဲ့အသံ ၀ါကျအထားအသို အဖြတ်အတောက် အတော့်ကိုနားထောင်လို့ကောင်းပါတယ်ဆရာ။ အကြောင်းအရာလည်းမှတ်သားသွားပါတယ်။
ဆရာ့လို စကားပြောတတ်ချင်မိပါတယ်။
ဆရာ လက်တန်းပြောတာလား။ စာရွက်ထဲမှာရေးပြီးမှ ပြန်ဖတ်ပြောရင်း အသံသွင်းတာလား။ ဆရာကြုံရင် အချိန်လေးများရခဲ့ရင် စကားပြောနည်းလဲ သမီးတို့ကို မျှဝေပေးပါဦး။
ရေးထားပြီးမှ ပြန်ဖတ်တာပါ။ အချိန် ဘာညာ ထည့်တွက်ရတာမို့ လက်တန်းပြောဖို့ မဖြစ်နိုင်ပါဘူး။ စကားပြောတတ်ချင်ရင် အပြောကျင့်ဖို့ လိုပါလိမ့်မယ်။ ဆရာ ငယ်ငယ်တုန်းက မြန်မာ့အသံ အင်္ဂလိပ်ပိုင်း အစီအစဉ်မှာ အစီအစဉ် ကြေညာသူ သိပ်ဖြစ်ချင်ခဲ့ပါတယ်။ ဒါ့ကြောင့် အရူးအမူး ကျင့်ခဲ့ဖူးပါတယ်။ မြန်မာလို ပြောတဲ့အခါမှာလည်း အဲသလိုပဲ တအား လေ့ကျင့်ခဲ့တာပါပဲ။ သူများ ပြောပုံကို စူးစိုက်နားထောင်ပြီး မှတ်သားထား၊ အတုခိုးထားပြီး ကိုယ်တိုင်ပြောတဲ့အခါမှာ အဲဒါတွေကို ချသုံးခဲ့တာပါ။ စကားကောင်းကောင်း ပြောတတ်ချင်ရင် စာများများ ဖတ်ဖို့လည်း လိုပါလိမ့်မယ်။
အသံအရမ်းနားထောင်းကောင်းတာ လက်ခံပါတယ်. တော်တော်ကို နားထောင်ကောင်းတာပါ
ဒေါင်းလုပ်လင့် ကလေးထည့်ပေးနိုင်ရင်ကောင်မယ်
megaupload .. တို့လိုမျိုးပေါ့
ကျေးဇူးပါဘဲ
Good share ,… kyut tel … 😀 I noted already sayar…. very good voice. this is the first time i listen.