Skip to content

A Jumble of English Words and Phrases

21 October 2010

Facebook ကို သုံးရင်းက Facebook ထဲမှာ လူငယ်တွေ အတော်များများရှိနေကြတယ်၊ ရှိနေကြတဲ့ လူငယ်တွေကလည်း အင်္ဂလိပ်စာတွေကို အဆင်ပြေသလို သုံးနေကြတာကို သတိထားမိလာတဲ့အခါ သူတို့တွေအတွက် တစ်ခုခု လုပ်ပေးချင်စိတ် ပေါက်သွားပါတယ်။ ဒါနဲ့ ၂၀၁၀ ပြည့်နှစ် ဇွန်လ ၂၈ ရက်နေ့က စတင်ပြီး ကျွန်တော်လည်း တစ်နေ့ကို အင်္ဂလိပ်ဝေါဟာရ တစ်လုံးဖြစ်စေ၊ စကားစု တစ်စုဖြစ်စေ တင်ပေးနေမယ်ဆိုရင်ဖြင့် တစ်နည်းနည်း အကျိုးရှိလောက်တယ်ဆိုတဲ့ အတွေးနဲ့ စတင် တင်ပေးဖြစ်ခဲ့ပါတယ်။

အဲဒါတွေကို တစ်လပြည့်တဲ့အခါ ပြန်စုပြီး Note အဖြစ် ပြန်ထုတ်ပေးမိရင်းက မဂ္ဂဇင်းမှာပါ စုစည်း ဖော်ပြပေးမယ်ဆိုရင် အင်တာနက်ကို လက်လှမ်းမမီကြတဲ့ လူငယ်တွေအတွက်လည်း အသုံးဝင်ကောင်း ၀င်နိုင်မယ်လို့ တွေးမိရပြန်တယ်။ ဒါနဲ့ Beauty M@x မဂ္ဂဇင်းမှာ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလက စပြီး လစဉ် ဖော်ပြပေးနေပါပြီ။ တစ်ဆက်တည်းမှာပဲ၊ ကျွန်တော့် ဘလော့(ဂ်) ပရိသတ်တချို့ကလည်း Facebook မသုံးကြတာမို့ အဲဒီ့ ပရိသတ်တွေလည်း ဖတ်ရအောင်၊ မှတ်တမ်းလေးလည်း ဖြစ်နေအောင် ပြန်လည် တင်ဆက်လိုက်ရပါတယ်။

စုံစီနဖာ အင်္ဂလိပ်စာ

by Atta Kyaw on Monday, 26 July 2010 at 23:59
၂၈၀၆၁၀ Everyday က adjective ဖြစ်တာမို့ သူ့နောက်မှာ နာမ်နဲ့ တွဲပြီး သုံးပါတယ်။ မြန်မာလိုဆိုရင်တော့ ပုံမှန်၊ ပြုမြဲ၊ ဖြစ်ရိုးဖြစ်စဉ်၊ ဘိုလို ordinary, typical, usual ဆိုတဲ့ အနက်နဲ့ပါ။ everyday life (နေ့စဉ်ဘ၀)၊ everyday chores (နေ့စဉ်ဗာဟီယ) အစရှိသဖြင့်ပေါ့။ Every day က ကျတော့ adverbial phrase ဖြစ်ပါတယ်။ သူကတော့ နေ့စဉ် မှန်မှန်ကြီး ဆိုတဲ့ အနက်နဲ့ပါ။ regularly ဆိုတဲ့ သဘောပါ။ FB ကို နေ့စဉ် ၀င်တယ်ဆိုရင် အဲဒီ့နေ့စဉ်က ၀င်တယ်ဆိုတဲ့ ကြိယာကို အထူးပြုတဲ့ ၀ိသေသနပုဒ်ဖြစ်သွားပါတယ်။ သည်အခါမှာ I log on to FB every day. လို့ ရေးရပါတယ်ခင်ဗျာ။ 

၂၉၀၆၁၀ Limp wristed (adj) သာခွေယိုင်၊ မိန်းမလို မိန်းမရနိုင်သော၊ ပျော့ညံ့သော။ သူနဲ့ ကြောင်းတူ သံကွဲ စကားလုံးက effeminate (adj) ဖြစ်ပါတယ်။ limp wristed (effeminate) manner/voice/walk အစရှိသဖြင့် သုံးတာကို တွေ့ရတယ်။

တစ်ယောက်က လက်ကြောမတင်းတာလို့ ပြောတယ်လို့ ထင်ခဲ့သတဲ့။ အဲလိုရော သုံးလို့မရဘူးလားလို့ မေးလာတဲ့အတွက် သည်လို ပြန်ဖြေပေးခဲ့ပါတယ်။ limp-wristed = (1) describes a man who does not behave in the strong and determined way traditionally expected in men (2) (offensive) describes a man who seems, by his manner, to be homosexual လို့ အဘိဓာန်တစ်ခုက ဖွင့်ဆိုထားပါတယ်။ နောက် အဘိဓာန်တစ်ခုကတော့ (1) effeminate (2) weak လို့ ဖွင့်ဆိုပါတယ်။ ဒါ့ကြောင့် လက်ကြော မတင်းဘူး ဆိုတာထက် ပျော့ညံ့တာ၊ ကနွဲ့ကလျနိုင်တာနဲ့သာ သုံးကြပါတယ်။ လက်ကြော မတင်းတာ၊ တော်ရိလျော်ရိနိုင်တာ၊ လပေါ်သရေနိုင်တာကို lackadaisical (adj) လို့ သုံးရမယ် ထင်ပါတယ်။

သည်နေ့ပဲ လူငယ်လေးတစ်ယောက်က သူ့နာမည်ကို FB က sexy လို့ သတ်မှတ်တဲ့အတွက် “အကျိုးနည်း”လို့ မှတ်ချက်ချထားတာ တွေ့ရတယ်။ ဒါ့ကြောင့် သူ့ဆီမှာ အောက်ပါအတိုင်း comment ရေးပေးခဲ့ပါတယ်။


Sexy ကို လိင်ကိစ္စတစ်ခုတည်းနဲ့ မစဉ်းစားစေချင်ပါ။ မြန်မာလိုဆိုရင် “ညှို့ဓာတ်ရှိတဲ့၊ ညှို့ဓာတ်ပါတဲ့” ဆိုတဲ့ သဘောနဲ့ အကောင်းဘက်ကလည်း သုံးပါတယ်။ သူ့ရဲ့ “အနက်ပွားက အလွန် ဆွဲဆောင်မှု ရှိသော”ဆိုတာဖြစ်တယ်။ It describes something that attracts a lot of interest and attention. နမူနာ ၀ါကျ For most people, grammar isn’t a very sexy subject. ကို ကြည့်မယ်ဆိုရင် sexy ဟာ မကောင်းတဲ့ သဘော မဆောင်ပါဘူး။ ၃၀၀၆၁၀ မနေ့က limp-wristed ဟာ လက်ကြောမတင်းတာပါ မဟုတ်ဘူးလားလို့ မေးလာတော့ ရုတ်တရက် ခေါင်းထဲ မပေါ်တာနဲ့ lackadaisical ဆိုတဲ့ ဝေါဟာရကို ပြန်ဖြေခဲ့ပါတယ်။ တကယ်က လက်ကြောမတင်းသူ၊ လူပျင်းက layabout (n) ပါ။ အလကား အချိန်ဖြုန်းနေတဲ့သူ၊ လတ်လျား လတ်လျား လုပ်နေသူဆိုရင်တော့ loafer (n) လို့ ပြောပါတယ်။ နမူနာ – When I was in my late teens, everybody thought that I was an idle loafer but in fact I had never been a layabout. 

တစ်ယောက်က သည်ဝေါဟာရတွေနဲ့ လူပေါ်ကြော့ကို သုံးရင်ရော မရဘူးလားလို့ မေးလာပြန်တာမို့ အောက်ပါအတိုင်း ဖြေရပြန်ပါတယ်။

ပေါ်ကြော့နေဖို့အတွက်က ပိုက်ဆံလေးလည်း ရှိမှဖြစ်မယ်ခင်ဗျ။ လက်ကြော မတင်းတာ၊ လတ်လျားလတ်လျား လုပ်နေတာကျတော့ ပိုက်ဆံမရှိဘဲလည်း အပျင်းထူလို့ရတာမျိုးကိုး။ ဒါ့ကြောင့် ပေါ်ကြော့ကိုတော့ playboy လို့ ပြောကြပါတယ်။ မိန်းကလေးပေါ်ကြော့ကျတော့ playgirl လို့ သုံးကြတယ်။ ကံအားလျော်စွာ မြန်မာစာအဖွဲ့ထုတ် မြန်မာအဘိဓာန်မှာလည်း playboy ကို “ပေါ်ကြော့၊ လူချမ်းသာ”လို့ ဖွင့်ဆိုထားတာ တွေ့ရကြောင်းပါ ခင်ဗျား။ သို့သော် နောက်အဘိဓာန်တစ်ခုမှာတော့ ချမ်းသာတာကို သိပ်ဇောင်းမပေးဘဲ ဘ၀မှာ သာယာမှုကလွဲရင် ဘာကိုမှ စိတ်မ၀င်စားတဲ့သူလို့ဆိုထားတာမို့ ပေါ်ကြော့ သက်သက်အတွက်လည်း playboy/playgirl က အဆင်ပြေပါလိမ့်မယ်။

၀၂၀၇၁၀ ရွှေအတော်များများက used to ကို မှားယွင်းသုံးစွဲတတ်ကြတယ်။ တကယ်က used to ဟာ အခု မလုပ်တော့တဲ့အတိတ်တုန်းက လုပ်ခဲ့ဖူးတဲ့ အကျင့်ကို ပြောတာပါ။ အောက်မှာ နမူနာ ၀ါကျတွေ ပြပေးထားပါတယ်။ ရွှေတွေပြောချင်တဲ့ အကျင့်ဖြစ်နေ၊ ကျင့်သားရနေ၊ ယဉ်ပါးနေပြီဆိုရင် be used to (am/is/are/was/were/been used to + V-ing) နဲ့ သုံးရပါမယ်။

I used to live in Mandalay. (ကျွန်တော် မန္တလေးမှာ နေခဲ့ဖူးပါတယ်။ အခု မနေတော့ပါဘူး။) She used to love cats but one attacked her and she doesn’t like them anymore. (အရင်ကတော့ သူ ကြောင်ချစ်တတ်ပါတယ်။ ဒါပေမယ့် ကြောင်တစ်ကောင် သူ့ကို ကိုက်လိုက်ပြီးကတည်းက သူ ကြောင်ဆို မချစ်တော့ဘူး။) ဒါတွေက အရင်က လုပ်ခဲ့ဖူး၊ လုပ်နေကျတဲ့ သဘောကို ပြောတဲ့ used to သက်သက်အတွက် နမူနာ ၀ါကျများပါ။

We’re used to tourists here – we get thousands every year. (ကျုပ်တို့ ဆီကို ခရီးသွားတွေ နှစ်စဉ် ထောင်နဲ့ချီပြီး လာနေကျမို့ ခရီးသွားဆိုရင် ကျုပ်တို့ အဖို့ ရိုးနေပါပြီ။) Eventually you’ll become used to getting up at 4:00 am. (မနက် လေးနာရီ ထရတာကို မင်း တဖြည်းဖြည်းနဲ့ ကျင့်သား ရသွားမှာပါကွာ)။ ဒါတွေကကျတော့ အခု လတ်တလော ကျင့်သားရနေတာ၊ ရိုးနေတာ၊ အကျင့်ဖြစ်နေတာကို ပြောတာပါ။

သည် နှစ်ခု မတူတာကို သတိပြုသင့်ပါတယ်။

အဲ… used to ချည်းသက်သက်ဆိုရင် infinitive verb (V1) နဲ့ တွဲပါတယ်။ am/is/are/was/were/been/get/become used to ဆိုရင်တော့ နာမ် သို့မဟုတ် နာမ်အတုဖြစ်တဲ့ gerund (V-ing) နဲ့ တွဲတာကိုလည်း မမေ့ကြပါနဲ့ ခင်ဗျား။

use to ဆိုတဲ့ အသုံးက used to (အတိတ်ကာလ) အတွက် negative sentences နဲ့ questions တွေမှာသာ ရှိပါတယ်။ Did he use to be a medical practitioner before he became a monk? (ဘုန်းကြီး မ၀တ်ခင်တုန်းက သူ ဆေးဆရာ အလုပ် လုပ်စားခဲ့ဖူးတယ် မဟုတ်လား)ဆိုတာမျိုး၊ We didn’t use to watch much television in the 80’s… See more. (၁၉၈၀ ပြည့်လွန်နှစ်များတုန်းက ကျုပ်တို့ ရုပ်သံ သိပ်အများကြီး ကြည့်လေ့မရှိခဲ့ကြဘူးဗျ) ဆိုတာမျိုးမှာသာ သုံးပါတယ်။ ရှင်းအောင် ပြောရင် use to ဆိုတဲ့ အသုံးက Present Tense မှာ လုံးလုံးကို မရှိပါ။

“အသုံးပြုတယ်”ဆိုတဲ့ အနက်နဲ့ သုံးတဲ့အခါမှာတော့ to နဲ့ သုံးလို့ရတယ်။ Please use scissors to cut the envelopes open. (စာအိတ်ဖောက်တဲ့အခါ ကတ်ကြေးကို တဆိတ် သုံးပေးပါ။)ဆိုတာမျိုးမှာပေါ့။ ဒါတောင် to ဖြုတ်ပြီး for ခံကာ V-ing နဲ့ သုံးလို့ ရသေးတယ်။ Please use scissors for cutting the envelopes open.

050710 အင်္ဂလိပ်စကားကို ရိုးရိုးစင်းစင်းနဲ့ လှအောင် သုံးချင်ရင် ကြိယာလုံးတွဲတွေ (phrasal verbs) များများ သိထားတာက တော်တော် အသုံးတည့်ပါတယ်။ ဥပမာ blow ဆိုတာကိုပဲ လေမှုတ်တယ်၊ ဖျက်ဆီးတယ်၊ မလိုအပ်တဲ့နေရာမှာ ဖြုန်းတီးပစ်တယ်ဆိုတဲ့ အနက်များအပြင် နောက်က ၀ိဘတ်တွေ (prepositions) အမျိုးမျိုးတွဲပြီး တခြားအဓိပ္ပာယ်ပေါင်းစုံနဲ့ သုံးလို့ ရနေပြန်တယ်။

The wind was blowing harder every minute.
The letter blew away and I had to run after it.
I blew the dust off the books.
She wished you wouldn’t blew smoke in her face.
He scored the winning goal just before the whistle blew.

ဒါတွေက လေတိုက်တာ၊ လေမှုတ်တာဆိုတာကို သုံးပုံပါ။ သည်မှာလည်း ၀ိဘတ်တွေက ပါနေပါသေးတယ်။ blow away, blow something off, blow something in, စသဖြင့်ပေါ့။ ဒါပေမယ့် အနက် မပြောင်းသေးပါဘူး။ သည်အနက်နဲ့ပဲ blow your nose (နှပ်ညှစ်တာ) ကို သုံးသလို blow somebody a kiss [မြန်မာတွေပြောတဲ့ ဖလိုင်းခစ်(စ်) ပေးတာ] ကိုလည်း သုံးလို့ရပါတယ်။ အဲလို ပေးတဲ့အခါ ကိုယ့်လက်ဝါးပေါ်ကို ကိုယ့်ဘာသာ အနမ်းခြွေ၊ ပြီးတာနဲ့ ကိုယ်အနမ်းပေးချင်တဲ့သူဘက်ကို လက်ဖျားလေးတွေ ဦးတည်ကာ လက်ဖြန့်ပြီး လက်ဝါးပေါ်မှာ တင်ကျန်နေဆဲလို့ ယူဆရတဲ့ ကိုယ့်အနမ်းကို ဖူးဆိုမှုတ်ပြီး ပို့ရပါတယ်။ ဒါ့ကြောင့် blow somebody a kiss (blow a kiss to/at somebody) လို့ သုံးတာပါပဲ။ 

၀၈၀၇၁၀ blow somebody away လို့ ပြောရင် စိတ်အထာကျသွားစေတယ်၊ ဒါမှမဟုတ် အံ့သြသွားစေတယ်၊ အငိုက်မိသွားစေတယ် ဆိုတဲ့ အနက်နဲ့ ဖြစ်သွားပါတယ်။ The ending of the story has blown my spouse away.(ဇာတ်သိမ်းက ကျုပ်အိမ်ထောင်ဖက်ကို အငိုက်မိသွားစေပါတယ်) ဆိုတာမျိုးပေါ့။

နှိပ်ကွပ်တယ်ဆိုတဲ့ အနက်နဲ့ရော သုံးသလားလို့ တစ်ယောက်က မေးလာတော့ ရှိပါသဗျာလို့ ဖြေပေးခဲ့ပါတယ်။ သို့ပေမယ့် အားကစားပြိုင်ပွဲမျိုးအတွက်သာ သုံးပါတယ်။ သူကျတော့ blow somebody/something away လို့ သုံးပါတယ်။ တစ်စုံတစ်ယောက်/တစ်ခုခုကို အပြတ်အသတ်အနိုင်ယူလိုက်တယ်ဆိုတဲ့ အနက်နဲ့ပါ။ The Spain team blew the Germans away in the second half of the match. ဆိုရင် မနေ့က ကမ္ဘာ့ဖလားပွဲအတွက် သုံးလို့ရတာပေါ့။ ဂျာမန်တွေ ခေါင်းမထောင်နိုင်တော့အောင် စပိန်သင်းက တွယ်ထည့်လိုက်တယ် လို့ ပြောလိုက်တာပါ။

Tin Mie: Could you pls explain me about the meaning(s) and usages of “what a shame” ??

Atta Kyaw: When they say, “What a shame?” or “That’s a shame,” they express something is in an “unlucky” situation. The following example will clarify if.
“Michael is having to miss the concert because he’s very ill.”
“Oh, what a shame! / that’s a shame.”

“Shame on you” is used to tell someone that they should feel sorry for something they did.
e.g. “Shame on you for being so unkind.”
However it can also be used humorously.
e.g. “You mean you were in town and you didn’t come to see us – shame on you.”

မြန်မာလို ပြောရင်တော့ shame ကို အထက်က အသုံးတွေမှာ “အရှက်”ဆိုတဲ့ အနက်နဲ့ မဟုတ်ဘဲ ပထမ တစ်ခုမှာက “ကံနည်းလိုက်တာ၊ ကံမကောင်းလိုက်တာ” ဆိုတဲ့ အနက်မျိုးနဲ့ သုံးပါတယ်။ ဒုတိယတစ်ခုမှာကတော့ တစ်စုံတစ်ယောက် လုပ်လိုက်တဲ့အရာတစ်ခုအတွက် နောင်တရသင့်တယ်လို့ ပြောတာပါ။ သို့သော် အဲဒီ့ Shame on you ကို အဲဒီ့အဓိပ္ပာယ်နဲ့ပေမယ့် အပျော်အပြက်လည်း ပြောတတ်ကြပါတယ်။ “ညည်း ပြန်ရောက်နေလျက်သားနဲ့ တို့ဆီ လာမလည်ဘူး၊ ဟုတ်လား၊ ညည်း အတော် မိုက်ပါ့အေ…”လို့ ပြောသလိုမျိုပါ။

And one more thing: when you use the verb “explain” it has to be followed by a direct object. In your request, you should say either “Could you please explain the meaning and usages of ‘What a shame’? (to me)” or “Could you please explain to me the meanings and usages of ‘What a shame’?”

Remember:explain to somebody something or explain something to somebody. There’s no other preposition to be followed.

The only exception is in a phrasal verb of “explain away,” which is used to avoid blame for something that has happened by making it seem not important or not your fault . (မြန်မာလိုဆိုရင် ဆင်ခြေပေးတာပေါ့။)

e.g. I don’t know how you’re going to explain away that dent you made in dad’s car. (အဖေ့ကားကို ချိုင့်သွားအောင် တိုက်လာတာအတွက် မင်း ဘယ်လိုများ ဆင်ခြေပေးမလဲ မသိဘူးနော်။) Reply: Thank you very much for the answers my dear Saya .. I will take a great care in grammars too.. Good to learn from you.. 

Atta Kyaw: Pleass don’t think about grammar, but learn a language with their usages. In Burmese language you say ရေတစ်ခွက် သောက်ချင်တယ်၊ as well as ရေတစ်ခွက်ကို သောက်ချင်တယ်။ Grammatically the latter is correct, but the former very usual and most common.

090710 Please explain to us these phrases, “take it for granted.” and “don’t take it for granted.” and their usages. thanks!
Take somebody/something for granted ဆိုရင် “လွယ်လွယ်ရနေလို့ တန်ဖိုး မထားဘူး၊ သတိမထားမိဘူး”ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ In the past I failed to praise my wife: I just took her for granted. (အရင်တုန်းက ကျုပ်မိန်းမကို ချီးကျူးရကောင်းမှန်း မသိခဲ့မိဘူး။ သူ့ကို ပေါ့ပေါ့ပဲ တွေးခဲ့တာ။) In US people take freedom of speech for granted. (အမေရိကန်နိုင်ငံမှာ ဆိုရင် လွတ်လပ်စွာ ဖွင့်ဟခွင့်ကို လူတွေက အလွယ်ရနေကြတော့ တန်ဖိုး မထားကြဘူး။)

အခု မေးလာတဲ့ အနက်နဲ့ကျတော့ မှန်တယ်လို့ မှတ်ယူတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်သွားပါတယ်။ I didn’t realise that she hadn’t been abroad – I suppose I just took it for granted. (သူနိုင်ငံခြား မရောက်ဖူးမှန်း ကျုပ် မသိခဲ့ဘူး။ ရောက်ဖူးတယ်လို့ပဲ မှတ်တာ။) I take it for granted that you’ve seen this film. (သည်ကားကို မင်းကြည့်ပြီးပြီ မှတ်တယ်။)

ဆိုတော့ (Don’t) Take it for granted! လို့ ပြောလိုက်ရင် စကားစပ် (စကား အသွားအလာ)ကို ကြည့်ဖို့ လိုလိမ့်မယ်။ မသိချင်ယောင် ဆောင်ခိုင်းတာလား၊ ယုံခိုင်းတာလား၊ ပေါ့ပေါ့မတွေးနဲ့လို့ ပြောတာလား၊ မယုံနဲ့လို့ ပြောတာလား ဆိုတာ ရှေ့စကား နောက်စကား အဆက်အစပ်ပေါ်မှာ မူတည်ပါတယ်။

နောက်တစ်ယောက်က “ain’t ရဲ့ usage ကို ရှင်းပြပေးပါ။ please..”တဲ့။

ဟောသလို ဖြေလိုက်တယ်။ “ဖြစ်နိုင်ရင် မသုံးစေချင်ပါဘူး။ နဂိုကမှ မတတ်ရတဲ့အထဲ အလွဲကိုပါ ခေါင်းထဲ ထည့်ထားရင် ပိုရှုပ်ကုန်ပါလိမ့်မယ်။ အဓိပ္ပာယ်က am not, is not, are not, has not, or have not ဆိုတာပါပဲ။ ”

100710 Blow away မှာ တစ်ခုကျန်နေသေးတယ်။ သေနတ်နဲ့ပစ်သတ်တာကိုလည်း အမေရိကန်တွေက blow somebody away လို့ ပြောကြပါတယ်။ ကြိုတင်စီစဉ်ထားပြီးမှ၊ ကြိုချိန်းထားပြီး နီးမှ ကပ်ဖျက်ကာ တစ်ဖက်သားကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တာ၊ လွယ်လွယ်ပြောရင် ကပ်ဖြုတ်တာ၊ ဒေါက်ဖြုတ်တာကိုကျတော့ blow somebody out နဲ့ ပြောပါတယ်။

My girlfriend was supposed to go to that party with me, but she blew me out. (ကျုပ်ဟာမက အစတုန်းကတော့ ကျုပ်နဲ့အတူ အဲဒီ့ပွဲသွားဖို့ပဲဗျ။ ဒါပေမယ့် ကျုပ်ကို ကပ်ဖြုတ်သွားတယ်ဗျာ။)

လေတိုက်လို့ မီးငြိမ်းတာ၊ မှုတ်ပြီး မီးသတ်တာကိုကျတော့ blow something out ပေါ့။ ဥပမာ… The sudden breeze made the candles blow out. She made a wish before she blew out the birthday candles.

တစ်ယောက်က မေးလာပြန်တယ်။ How about “she blew me off” ? Is it the same as “she blew me out” ? ဆိုလို့ ဖြေပေးလိုက်ရပြန်ပါတယ်။

မတူပါဘူး။ blow sb/sth off ဆိုလို့ ရှိရင် အလေးမထားဘူး၊ အရေးမပေးဘူး၊ ခေါက်ထားတယ်၊ ချောင်ထိုးထားတယ်ဆိုတဲ့ အနက်နဲ့ ဖြစ်သွားပါတယ်။ အဲတော့ She blew me off. ဆိုရင် “သူ ကျုပ်ကို အလေးအနက်မထားဘူး၊ ချောင်ထိုးထားတယ်”ဆိုတာ ဖြစ်သွားပါလိမ့်မယ်။ Just blow off my comments, I’m only joking. (ကျုပ်ပြောတာတွေကို အလေးအနက် မထားစမ်းပါနဲ့ဗျာ၊ နောက်တာပါ)

အင်္ဂလိပ်စကားမှာ spoon-feeding က ၏သည်မလွဲ အလွတ်ကျက်ပြီး ပြန်ဖြေခိုင်းတာ မဟုတ်ပါဘူး။ အဲလိုမျိုးဆိုရင် learning lessons by rote လို့သာ ပြောပါတယ်။ Learning something in order to be able to repeat it from memory, rather than in order to understand it. ပေါ့။ နားလည်သဘောပေါက်ဖို့ထက် သည်၏မလွဲ ပြန်ရွတ်ဖို့ ရည်ရွယ်ချက်နဲ့ တစ်ခုခုကို အသေကျက်မှတ်တာပေါ့။

Spoon-feed means “to give someone so much help or information that they do not need to try themselves.” ပါ။ တစ်စုံတစ်ယောက်ကို ဇွန်းနဲ့ခွန့်ပေးသလို လုပ်တယ်ဆိုတာကျတော့ အဲဒီ့လူအနေနဲ့ ကိုယ့်ဟာကိုယ် ဘာမှ လုပ်စရာ မလိုတော့အောင်ကို အကူအညီတွေ၊ အချက်အလက်တွေ ပေးလိုက်တာပါ။ ဥပမာ ဆိုကြပါစို့၊ သင်္ချာတစ်ပုဒ်ကို အဖြေရတဲ့အထိတော့ တွက်မပြပေမယ့် အဖြေရခါနီးအထိ တစ်ဆင့်စီ အသေးစိတ်ကို ဆရာလုပ်တဲ့သူက နှုတ်နဲ့ ပြောပြော ပေးသွားတာမျိုးကို spoon-feed လို့ ဆိုလိုတာပါ။

သင်ယူမှုနဲ့ ပတ်သက်လာရင် Socratic learning/Socratic Method က အကောင်းဆုံးပဲလို့ အခုခေတ်မှာ အများက လက်ခံထားကြပါတယ်။ Socratic method ရဲ့ ဖွင့်ဆိုချက်ကတော့ A pedagogical technique in which a teacher does not give information directly but instead asks a series of questions, with the result that the student comes either to the desired knowledge by answering the questions or to a deeper awareness of the limits of knowledge. ပါတဲ့။ ဆော့ခရတ္ထစ် သင်ယူမှု၊ ဆော့ခရတ္ထစ်နည်းဆိုတာက အသိပညာကို ဆရာက တိုက်ရိုက် သင်ပြ ပို့ချမပေးဘဲ မေးခွန်းတွေ တစ်သီကြီး မေးသွားရင်းလိုက်တော့ စာသင်သားက ဖြေရင်း ဖြေရင်းကနေ သူ့ဘာသာ သူ သိသင့်တာ သိလာတာမျိုး၊ ဒါမှမဟုတ် အသိပညာနယ်ပယ်ထဲက သိသင့်သိထိုက်တာတွေကို နက်နက်နဲနဲ နားလည်သဘောပေါက်လာတာမျိုးဖြစ်အောင် သင်ကြားတဲ့ နည်းစနစ် ဖြစ်ပါတယ်။

120710 Blow up ကကျတော့ အနက်ပွားတွေ များတယ်။ ပေါက်ကွဲတာ၊ ဖောက်ခွဲတာက အနက်ရင်း၊ လေမှုတ်သွင်းတာလည်း အနက်ရင်းလို့ ပြောလို့ရတယ်။ ဓာတ်ပုံကို ပုံကြီးချဲ့တာ၊ မုန်တိုင်း စကျတာ၊ ထောင်းခနဲ ဒေါသထွက်တာတွေကျတော့ အနက်ပွားတွေပါ။

နမူနာတွေ…

The extremists threatened to blow up the plane. (ဒါက ဖောက်ခွဲတာ)
Will you help me blow up these balloons? (ဒါက မှုတ်တာ)
I want to see the face of the person with a red scarf in that photo. Could you please blow it up? (ဒါက ပုံကြီးချဲ့တာ)
Her dad blew up (at her) when he saw the phone bill. (ဖုန်းကြေးစာရွက်လည်း မြင်ရော အဖေလည်း သူ့သမီးကို ဒေါသူပုန် ထပါလေရော။)

အပေါ်က ဟာတွေမှာ blow sb/sth up လို့ သုံးလို့ရတယ်။ ဒေါဖောင်းသွားတာကျတော့ ဘယ်သူ့ကို ဖောင်းတယ်လို့ ပြောချင်ရင် blow up at sb လို့ သုံးပါတယ်။ နောက်ကို sb ဆို somebody, sth ဆို something လို့သာ သုံးသွားတော့မယ်နော်။

နောက်တစ်ခုက ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းတာကိုလည်း blow up နဲ့ပဲ ပြောပါတယ်။ He got blown up by his boss for being late. (ရုံးနောက်ကျလို့ သူ့ အထက်လူကြီးက သူ့ကို ကောင်းကောင်းဆူတယ်) ဆိုတာမျိုးပေါ့။

ပုံကြီးချဲ့တာကိုလည်း အနက်ပွားနဲ့ သုံးလို့ရတယ်။ Her abilities as an actress has been greatly blown up by the popular press. (အင်မတန် တော်တဲ့ မင်းသမီးပဲလို့ လူကြိုက်များတဲ့ သတင်းစာတွေက အကြီးအကျယ် ချဲ့ကားပြောဆိုထားကြလေရဲ့။)

140710 blow sb’s brains out ဆိုရင်တော့ ခေါင်းကို သေနတ်နဲ့ ပစ်သတ်တဲ့ အဓိပ္ပာယ်နဲ့ ပြောတဲ့ “ဗန်းစကား” (slang) ဖြစ်ပါတယ်။ blow sb’s cover ဆိုရင်တော့ အဲဒီ့လူ အရေခြုံထားတာကို ခွာချလိုက်တဲ့ သဘောပါ။ဆိုလိုတာက မိန်းကလေးတစ်ယောက်ကို ချဉ်းကပ်တဲ့အခါ သူဌေးသား အယောင်ဆောင်ထားတယ်။ သူက တကယ်တမ်းမှာ သူဌေးသားတော့ မဟုတ်ဘူး။ အဲဒါကို တစ်စုံ တစ်ယောက်က ဖော်ထုတ်လိုက်ပြီး သူ့ဇာတိရုပ်ကို ပေါ်အောင် ဖော်လိုက်တာကို blow his cover လို့ ပြောလိုက်နိုင်ပါတယ်။ ဥပမာ Someone has blown his cover and now the girl he’s pursuing for months has turned him off. (သူ့ဇာတိရုပ်ပေါ်သွားတာမို့ သူလိုက်နေတဲ့ ကောင်မလေးက အခု သူ့ကို ခေါက်လိုက်ပြီ။)

Spelling Rules: FB Comment တစ်ခုမှာ တစ်ယောက်က eatting လို့ ပေါင်းထားတာ တွေ့တဲ့အတွက် “သီတာပြုံးလေး ဘဂျီးမောင်နဲ့ ရ”ဆိုတဲ့ အင်္ဂလပ်စာလုံးပေါင်း စည်းကမ်းလေးကို မျှဝေပေးချင်ပါတယ်။ TDPLBGMNR က “သီတာပြုံးလေး ဘဂျီးမောင်နဲ့ ရ”ကို မှတ်ဖို့ပါ။

ဝေါဟာရ တစ်ခုရဲ့ (၁) အဆုံးစာလုံးက အဲဒီ့ TDPLBGMNR ထဲက တစ်ခုခုဖြစ်နေမယ် (၂) အသံက နှစ်သံထက် မပိုဘူး (၃) ဒုတိယနောက်ဆုံးအက္ခရာက vowel (a,e,i,o,u) တစ်ခုခုဖြစ်မယ်ဆိုရင် အဲဒီ့ ဝေါဟာရကို -ing, -er, -est, -ed, -or, -en အစရှိတာတွေ ထည့်တဲ့အခါ TDPLBGMNR ကို နှစ်လုံးဆင့်ရပါတယ်။

အသံနှစ်သံထက် မပိုဘူးဆိုတာက beautiful ဆိုရင် ဗျူး၊ ထစ်၊ ဖွှတ်(လ်)ဆိုပြီး သုံးသံ ထွက်ရတယ်လေ။ အဲဒါဆိုရင် နှစ်သံထက် ပိုပြီပေါ့။

sit ဆိုရင် တစ်သံပဲ။ အဆုံးက T (သီ)။ ဒုတိယနောက်ဆုံးက i ။ ဒါ့ကြောင့် sitting, sitter စသဖြင့်သုံးပါတယ်။ အလားတူပဲ၊ bid, bidding, bidder, chip, chipped စတာတွေမျိုးပေါ့။ သည်နေရာမှာ သတိထားသင့်တာက အသံ တစ်သံတည်းဖြစ်လင့်ကစား အဲဒီ့ TDPLBGMNR ရှေ့မှာ vowel နှစ်လုံးဆင့်နေရင်တော့ အဲဒီ့စာလုံးတွေကို တစ်လုံးတည်းသာ သုံးရပါတယ်။ ဥပမာ feel ပေါ့။ l ကတော့ ဟုတ်ပေမယ့် အဲဒီ့ L ရှေ့မှာ vowel e နှစ်လုံးဆင့် နေတာမို့ feeling, feeler လို့ပဲ ရေးရပါတယ်။ eat လည်း အလားတူပါပဲ။ eating, eater လို့သာ ရေးရပါတယ်။

မှားတတ်တာက write ပါ။ write က မူမမှန်ကြိယာမို့ V3 က written ဖြစ်ပေမယ့် -ing ထည့်ရင်တော့ e ကို ဖြုတ်ပြီး writing လို့သာ ရေးရပါတယ်။ မူရင်း ကြိယာ write ရဲ့ အဆုံးက e ဖြစ်တာမို့ “သီတာပြုံးလေး ဘဂျီးမောင်နဲ့ ရ“စာရင်းထဲကို မ၀င်တာ သတိချင်ကြစေချင်ပါတယ်ခင်ဗျား။

150710 လူငယ်လေးတွေ အမှတ်တမဲ့နဲ့ မှားလွန်းနေတာ တွေ့လို့ ပြောရတာပါ။ ကျေးဇူးတင်တဲ့အခါ တစ်ခုခု အတွက် တင်တာဖြစ်ပါတယ်။ ကော်ဖီအတွက်၊ ဖိတ်စာအတွက်၊ စာနာမှု ကျေးဇူးတင်တယ်စသဖြင့် နာမ်အတွက်
ကျေးဇူးတင်တာပါ။ ကြိယာနဲ့ ပြောတဲ့အခါကျ နာမ်အတု ဖြစ်တာမို့ ဘိုလိုပြောချင်ရင် ပြောချင်တဲ့ ကြိယာကို ING ထည့်ရပါတယ်။ Thanks for come လို့ ပြောလို့ မရပါဘူး။ Thanks for coming မှသာ မှန်ပါလိမ့်မယ်။

အဲဒါကို တင်လိုက်တော့ တစ်ယောက်က ဖြည့်လာပါတယ်။ Thank you ကို Thanks you လို့ ပြောနေတာရယ်။ Thanks ကိုကျတော့ Thank ဆိုပြီး ‘s’ မပါဘဲ ပြောနေကြတာရယ်ကိုပါ။

မှန်ပါတယ်။ ကျေးဇူးတင်ပါတယ်လို့ ကျကျနန ပြောရင် thank you လို့ ပြောပါတယ်။ ကျေးဇူးပဲလို့ ပြောချင်ရင် thanks လို့ ပြောပါတယ်။ အလားတူ S ထည့်ပြီး ပြောမှမှန်တဲ့ စကားက congratulations ပါပဲ။ အဲဒီ့မှာလည်း တစ်ယောက်ယောက်ကို ဂုဏ်ပြုတဲ့ အာလုပ်စကား ပြောရာ ရေးရာမှာ S ပါမှ မှန်ပါတယ်။ မြန်မာအများစုက အဲဒီ့ ဝေါဟာရကိုလည်း S ထည့်ပြောရမှန်း မသိကြပါဘူး။

Thank God/goodness/heaven(s) ဆိုရင် အဆိုးတစ်ခုခု မဖြစ်လာတာ၊ ဒါမှမဟုတ် အဲဒီ့အဆိုး ပြီးဆုံးသွားတာကို ၀မ်းသာအားရ ပြောတဲ့အခါမှာ သုံးပါတယ်။ မြန်မာလိုဆိုရင် တော်သေးတာပေါ့နဲ့ ဆင်မလား မသိဘူး။ Thank God you found the key. (သော့ကို မင်းရှာတွေ့တာ တော်သေးတာပေါ့။) I managed to catch the bus, thank goodness. [တော်သေးတယ် ဘတ်(စ်)ကား မီလိုက်လို့။] Thank heavens nobody was hurt in the accident. (ယဉ်တိုက်မှုမှ တစ်ယောက်မှာ ဒဏ်ရာ မရတာ တော်သေးတာပေါ့။) စသဖြင့် ပြောလေ့ရှိပါတယ်။

တစ်ယောက်က ဆက်မေးလာတယ်။ without နောက်မှာဆို၇င်လည်း ing ထည့်ရတယ်လို့ မှတ်ဖူးပါတယ်။ မှန်မမှန် ရှင်းပြပေးပါတဲ့။

မှန်ပါတယ်။ သည်မှာလည်း စဉ်းစားရင် အဖြေတူပါတယ်။ “မရှိဘဲ/ပါဘဲနဲ့”ဆိုတဲ့ စကားရဲ့ ရှေ့မှာ ဘာရှိနိုင်မလဲ။ မင်းမရှိဘဲ မနေနိုင်ဘူးဆိုရင် မင်းက နာမ်လေ။ အလားတူပဲ ထီးမပါဘဲ မသွားနဲ့ဆိုရင်လည်း ထီးက နာမ်။ အဲတော့ အိမ်စာ မလုပ်ဘဲ မပြီးးဘဲနဲ့ဆိုရင်လည်း အဲဒီ့ “ပြီး”ကို နာမ်အတုဖြစ်အောင် ING ထည့်ပေးလိုက်ရတော့တာပါ။ I can’t live without you. Don’t go out without an umbrella – it’s raining. Don’t go out without finishing your homework. အစရှိသဖြင့်ပေါ့။

170710: Have sb to thank လို့ ပြောရင်တော့ တစ်ခုခုအတွက် အဲဒီ့လူမှာ တာဝန်ရှိတယ်၊ အပြစ်ရှိတယ်လို့ ပြောချင်တဲ့အခါမှာ သုံးပါတယ်။ I have my wife to thank for being late. (အခုလို နောက်ကျသွားတာ ကျေးဇူးရှင် ကျုပ်မိန်းမကြောင့်ဗျ။) သည်နေရာမှာ ကျေးဇူးတင်တဲ့စကားလုံးကို သုံးပေမယ့် မြန်မာစကားရဲ့ ငေါ့ပြောတဲ့ “ကျေးဇူးရှင်”နဲ့ သဘောချင်း အတော်ဆင်လှပါသဗျား။

I’ll thank you to do sth ဆိုရင် Formal English နဲ့ ကိုယ့်စိတ်ထဲမှာ အနှောင့်အယှက်ဖြစ်တာကို ပြသလို့ ရပါတယ်။ I’ll thank you to leave my private papers alone. လို့ ပြောလိုက်မယ်ဆိုရင် ကျုပ်ရဲ့ ကိုယ်ရေးကိုယ်တာ စာရွက်စာတမ်းတွေကို မထိဘူးဆိုရင် ခင်ဗျားကို ကျုပ် ကျေးဇူးတင်ရလိမ့်မယ်လို့ ယဉ်ယဉ်ကျေးကျေးနဲ့ စိတ်အလိုမကျကြောင်း ထုတ်ဖော်လို့ ရပါတယ်။

၂၁၀၇၁၀ Shame နဲ့ ပတ်သက်လို့ “ရှက်တယ်၊ အရှက်”ဆိုတဲ့ အနက်မျိုးနဲ့ မဟုတ်ဘဲ သုံးတာကို ရှေ့မှာ တင်ပြခဲ့ပြီးပါပြီ။ Put somebody or something to shame ဆိုရင် တိုက်ရိုက် ပြန်ဆိုတဲ့အခါမှာတော့ တစ်ယောက်ယောက်/တစ်ခုခုကို အရှက်ရစေတယ်လို့ အနက်ထွက်ပေမယ့် တခြားတစ်ယောက်ယောက်၊ တစ်ခုခုနဲ့ ယှဉ်လိုက်တဲ့အခါ ကျန်တဲ့တစ်ယောက်၊ တစ်ခုက …စိတ်ပျက်စရာ ကောင်းအောင် ချာနေတာကို ပြောတာမျိုးဖြစ်နေတတ်သလို It puts me to shame ဆိုရင် အားနာစရာကောင်းတယ်လို့ ပြောတာမျိုး သွားတတ်ပါတယ်။

Your beautiful handwriting puts my untidy scrawl to shame. ဆိုရင် “မင့်လက်ရေးနဲ့ ယှဉ်လိုက်တဲ့အခါ မသပ်ရပ်တဲ့ ငါ့လက်ရေး ရှုပ်ရှုပ်ထွေးထွေးက စိတ်ပျက်စရာကြီးနော်”လို့ ပြောလိုက်တာမျိုး ဖြစ်သွားပါတယ်။

It puts me to shame that I still haven’t replied to Khin Khin’s letter. ဆိုရင်လည်း “အခုထက်ထိ ခင်ခင့်စာကို မပြန်ဖြစ်သေးတာ ငါ့မှာ အားနာစရာ ကောင်းနေတယ်”ဆိုတဲ့ အနက်မျိုးကောက်ယူနိုင်ပါတယ်။

တချို့က အင်္ဂလိပ်စကားမှာ အားနာတယ်ဆိုတဲ့ စကားလုံး သတ်သတ် မရှိဘူး။ မြန်မာမှာပဲ ရှိတာလို့ ပြောဆိုတတ်ကြပါတယ်။ မှန်ပါတယ်။ အားနာပါတယ်လို့ တိုက်ရိုက်ပြန်ဆိုလို့ ရတဲ့ စကားလုံး အတိအကျတော့ မရှိပါဘူး။ သို့ပေမယ့် အထက်က နမူနာ ပြတဲ့ ဝါကျမှာ တော့ “ရှက်”ဆိုတဲ့ စကားလုံးနဲ့ မြန်မာလို ဘာသာပြန်လိုက်မယ်ဆိုရင် အီလည်လည်ကြီးဖြစ်နေနိုင်ပြီး “အားနာ”ဆိုတဲ့ စကားလုံးနဲ့ကျတော့မှ ပိုလို့ အဆင်ပြေနေတာကို သတိထားမိကြလိမ့်မယ် ထင်ပါတယ်။

230710 To my shame ဆိုရင်လည်း “အားနာတယ်”ဆိုတဲ့ အနက်မျိုးပဲ ထွက်လာပါတယ်။ To my shame, I never wrote and thanked Aunty Moe for her present. (ဒေါ်လေးမိုး ပို့လိုက်တဲ့ လက်ဆောင်အတွက် ကျေးဇူးတင်စကား မပြောဖြစ်ခဲ့တာ ငါ့မှာ အားနာစရာကောင်းနေပြီ။) ရှက်စရာ ကောင်းနေပြီလို့ ဘာသာပြန်ရင် မှားတယ်လို့ မဆိုနိုင်ပေမယ့် အူလည်လည်နိုင်နေပါလိမ့်မယ်။

တစ်ယောက်က မေးလာပါတယ်။ It’s a shameလို့သုံးတာကကော ဆရာ။ ခဏခဏကြားဖူးနေလို့ ရှက်ဖွယ်လို့ အဓိပ္ဗါယ်မရမှန်းတော့ သိတယ်။ ဥပမာ It’s a shame that you are not coming for the party tonight. အဲလိုမျိုးပေါ့။ အဲဒါကို မြန်မာလို ဘယ်လို အဓိပ္ပာယ်ကောက်မရမလဲ။ “နာလိုက်တာကွာ” ဆိုတာမျိုး အားမလိုအားမရဖြစ်တဲ့ သဘောမျိုး အဓိပ္ပာယ်ကောက်ရမလား တဲ့။

အဲဒါကို အခုလို ပြန်ဖြေပေးခဲ့ပါတယ်။

“It’s a (great) shame” is used to express an unlucky situation. ညည်း မြန်မာပြန်တာ သိပ်ကောင်းတာပဲ။ “နာသကွာ”ဆိုတာနဲ့ ဂွပ်ခနဲကို အံကျသွားတယ်။

တစ်ဆက်တည်း ပြောရရင် It’s a crying shame ဆိုရင်တော့ ကိုယ့်စိတ်ထဲမှာ တစ်ယောက်ယောက်က မလုပ်သင့်တာတစ်ခုကို လုပ်လိုက်တယ်လို့ ယူဆတဲ့ အခါမှာ ပြောတာမျိုးပါ။ It was a crying shame that you had a proper breakfast this morning to prove you were determined. “ညည်းနှယ် မတော်တရော်အေ… ညည်းကိုယ်ညည်း စိတ်ခိုင်တယ်ဆိုတာကို ပြဖို့ ကနေ့မနက် မနက်စာကို ကျကျနန စားလိုက်တယ်ပေါ့။”

နောက်တစ်ယောက်က “အားနာတယ်ဆိုတာကိုသုံးလို့ လွယ်နားလည်လွယ်တဲ့ စကားလုံးတွေ ရှိသေးလား။ ဥပမာ… ကိုယ်ကသူများကိုလက်ဆောင်းပေးတာတို့ တစ်ခုခု ကျွေးမွေးတာတို့မှာ အားမနာပါနဲ့ စားပါ၊ ယူပါ၊ အဲဒါမျိုးကိုဘယ်လို ပြောရမလဲ။ ပြီးတော့ .. ကိုယ်ကပြောရင်ရော ငါအားနာလို့ မလိုက်တော့ပါဘူး။ မယူတော့ပါဘူး။ အဲ့လိုမျိုးလေးတွေ သိချင်ပါတယ်ဆရာ။ afraid of ကရော အားနာတယ်လို့ ပြောတာဘဲလား”တဲ့။

ဖြေရပြန်ပါတယ်။

အင်္ဂလိပ်က အစားအသောက်မှာ အားနာလေ့ မရှိပါဘူး။ အဲဒါကျ လူမျိုးစရိုက်နဲ့ ဆိုင်တယ်။ ကျုပ်တို့တွေက ကိုယ်စားတုံး သောက်တုံး ဧည့်လာရင် “စားပါဦး” ဆိုပြီး “အားနာပါးနာ”ခေါ်တာ။ တကယ် ၀င်စားသွားတော့မှ ချောက်ကျကုန်တတ်တာမျိုး။ အနောက်တိုင်းမှာက အဲလို ဘယ်တော့မှ မလုပ်ဘူး။ ကျွေးရင်လည်း တကယ် ကျွေးနိုင်လို့ ကျွေးတာ။ အဲလိုဆို စားတဲ့သူက စားချင် စားတာပဲ။ အားရပါးရစားတာ။ ကျုပ်တို့လို ပဲများမနေဘူး။ လက်ဆောင် ပေးတယ်ဆိုရင်လည်း ယူတာပဲ။ ပေးတဲ့သူက ပေးနိုင်လို့ ပေးမှတော့ ယူရတာ သူတို့ ယဉ်ကျေးမှု။ ယူပြီး ထုပ်ပိုးထားရင် ချက်ချင်းဖွင့်ကြည့်၊ ပြီးရင် ကိုယ် သဘောမကျဦးတောင် တအားသဘောကျပြ၊ ကျေးဇူးတင်ပြတာ သူတို့ ယဉ်ကျေးမှုပဲ။ ခေါ်ရင်လည်း သူတို့က အားနာ ပါးနာ မခေါ်ဘူး။ မလိုက်တဲ့သူကလည်း သူ့ဟာနဲ့သူ အကြောင်းရှိလို့သာ မလိုက်တာ၊ အားနာလို့ဆိုတာမျိုးတွေ မရှိဘူးခင်ဗျ။

ဘာသာစကားတစ်ခုကို လေ့လာတဲ့အခါ အဲဒီ့ဘာသာစကားကို ပြောဆို သုံးစွဲသူတွေရဲ့ ဓလေ့စရိုက်နဲ့ ယဉ်ကျေးမှုကိုပါ လေ့လာနိုင်ရင် အကောင်းဆုံးပါပဲ။

afraid of ဆိုရင် တစ်ခုခုကို စိုးရိမ်ကြောင့်ကြတာ၊ ကြောက်တာကို ပြောတာပါ။ My wife’s always been afraid of geckos. (ကျုပ်မိန်းမ အိမ်မြှောင် ကြောက်တတ်တယ်။) Don’t be afraid to say what you think. (မင်း စိတ်ထဲရှိတာ ပြောရမှ မကြောက်ပါနဲ့။) စသဖြင့်ပေါ့။

အားနာတာကျတော့ I’m afraid… နဲ့ ပြောတယ်။ This is your room – it’s rather small, I’m afraid. (ဒါ မင်းနေရမယ့် အခန်းပဲ။ အားတော့ နာသကွာ နည်းနည်းတော့ ကျဉ်းသဟေ့။) I don’t agree at all, I’m afraid. (ပြောရတာ အားနာတယ်၊ ဒါပေမယ့် ကျုပ် လုံးလုံး သဘောမတူဘူး။) I’m afraid you’ve completely misunderstood the question. (ပြောရတာ သိပ်တော့ မကောင်းပေမယ့် ပြောရဦးမယ်။ ကိုယ့်လူက မေးခွန်းကို လုံးလုံး နားမလည်ဘဲကိုး။) စသဖြင့်ပေါ့။

Cho Win Thant: သမီးလေးကို ဘီစီ စကားပြော ကလပ်ကနေ မနေ့ကပဲ သင်လိုက်တာ မြန်မာလို အားနာတယ်ဆိုတာကို timid တဲ့။

Atta Kyaw: ဟယ်… timid ကို အားနာတယ်လို့ ဘယ်သူကများ သင်လိုက်လည်း မသိ။ သေတော့မှာပဲ။ ကြောက်တတ်၊ ရှက်တတ်တာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတာ၊ တွန့်ဆုတ်တွန့်ဆုတ်လုပ်တတ်တာသာ ဖြစ်ပါတယ်။ ကလေးကို ဘီစီက အမြန်ဆုံး ထုတ်လိုက်။ မဟုတ်တာတွေ သင်ပေးနေတယ်။ ဖြစ်သင့်တာက ဘီစီလို နေရာမျိုးမှာ မြန်မာစကား တစ်လုံးမှ မပြောဘဲ အင်္ဂလိပ်လိုချည်း သင်တယ်ဆို ဟုတ်တုတ်တုတ်။ ဘာတွေလဲဟာ…

Cho Win Thant: ဟုတ်ကဲ့ ဆရာ၊ မနေ့ကပဲ သူ့အဖေလည်း တော်တော်စိတ်ညစ်သွားတယ်။ သူက ရေးလာတာ အားနာ ကျွိုးနွံ တဲ့ timid = shy= nervous တဲ့။ သမီးရဲ့ သင်တန်း ငါးခုအပြီးမှာ ဘီစီက တော်တော် အဆင်မပြေတော့ဘူးလား ထင်မိနေတယ်။ အဲလိုပြောတော့လည်း စာ လုံးဝ ၀ါသနာမပါတဲ့ ကိုယ့်သမီးအကြောင်းကလည်း ကိုယ်ကဘဲအသိဆိုတော့ကာ…

Atta Kyaw: shy, nervous က မှန်ပါတယ်။ အားနာ၊ ကျိုးနွံဆိုတာက သောက်တလွဲ။ အဲဒါပဲဟ… မြန်မာပြည်မှာ အင်္ဂလိပ်စာသင်နေတဲ့သူတွေက အင်္ဂလိပ်စာကိုသာ နင်းကန်အထင်ကြီးပြီး ဗမာစာကျ မတတ်၊ ဗမာစာ သိပ်တတ်တဲ့ သူတွေကကျတော့လည်း အင်္ဂလိပ်စာကို မကျွမ်းကျင်။ ကြားထဲက ကလေးတွေ ဒုက္ခများနေတာ။ နောက်တစ်ခါ မှတ်ထား၊ မြန်မာဆရာတွေ သင်တဲ့ဆီမှာ ကလေးကို အင်္ဂလိပ်စာ သင်ဖို့ မလွှတ်နဲ့တော့။

Cho Win Thant: သူရို့ကလည်း နေးတစ်နေးတစ်ဆိုလို့ပါ ဆရာရယ်။ ခုတော့ တော်တော်ဆုံးကုန်ပြီ ဟိဟိ

——————————

Soe Myat Myo Shwe: Is ‘ on account of ‘ = ‘ on behalf of’ ? and could it be used formally ? Like “those debts are settled on account of someone’s?”

Atta Kyaw: Absolutely not. On account of sth (formal English) = because of sth
Your example sentence will be proper if it is rewritten: Those debts are settled with money out of someone’s account.

Soe Myat Myo Shwe: Wait, what about we settle for that someone? just on behalf of?

Atta Kyaw: You settle the payment someone owes “out of” your account.

Soe Myat Myo Shwe: မဟုတ်ဘူး ဆရာ နည်းနည်းကလေး လွဲနေတယ် ။ တစ်စုံတစ်ယောက်ရဲ့ ကိုယ်စား ပေးချေတာကိုမေးတာပါ။ ဥပမာ ဆရာ့ Bill တွေကို သမီး ရှင်းပေးတာမျိုးကို ဘယ်လိုပြောလဲ .. On behalf of ပဲလား။ အဲဒါမေးတာ 😀

Atta Kyaw: ညည်းက ဇွတ်ပဲ။ အဲဒီ့အတိုင်းပဲ ပြောတယ်ဟ။ နည်းနည်းလေးမှ မလွဲဘူး။ ညည်းက account ကို ထည့်လို့ ရှုပ်နေတယ်။ Will you settle the bill for me? Will you pay it for me? ညည်းရောနေတာက on the house နဲ့ ရောနေတာ။ ဆိုင်ရှင်က အလကား ကျွေးတာကို on the house လို့ ပြောတယ်။ အဲဒါကို သွားပြီး on my account လုပ်လို့ မရဘူး။ on my account လို့ ပြောလိုက်တာနဲ့ because of me ဆိုတာ အလိုလိုဖြစ်သွားပြီ။
When you settle KKM’s payment out of your account, it means you pay the money for KKM, that is, you’re paying the money on his behalf.

Soe Myat Myo Shwe: ok 😛 and Thank you for such patience .. hehe

Atta Kyaw: Oh, go to hell.

Soe Myat Myo Shwe: What? When I said thank you, no sarcasm intended 😦

240710 မျက်စိ နည်းနည်းနောက်လာတဲ့ တစ်လုံးကို ပြောပါရစေဦး။ Sir ဆိုတဲ့ အသုံးပါ။ အဲဒါက ကိုယ်က ၀န်ဆောင်မှုပေးနေတဲ့သူ၊ အထူးသဖြင့် စားသောက်ဆိုင်၊ လေယာဉ်၊ ဘတ်(စ်)ကား စတာတွေက ၀န်ထမ်းတွေကနေ ကိုယ့်ကို လာအားပေးသူ အမျိုးသားကို သုံးတဲ့အသုံမျိုး၊ ဒါမှမဟုတ် အာဏာပိုင် (ဥပမာ မူလတန်း ကျောင်းသားလေး အတွက် မူလတန်းဆရာက အာဏာပိုင်ပါ။ တပ်သားလေးအတွက်လည်း ဗိုလ်အဆင့်ဟာ အာဏာပိုင်ဖြစ်ပါတယ်) အမျိုးသားကို သုံးတဲ့ အသုံးပါ။

ကျန်တဲ့ လူလူချင်း “ဘယ်တော့မှ” မသုံးပါဘူး။ သားအဖချင်းတောင် မသုံးပါဘူး ခင်ဗျာ။ ကိုယ့်အလုပ်ရှင်ကိုလည်း Sir… See more သုံးစရာ “လုံးဝ လုံးဝ လုံးဝ” မလိုပါဘူး။ နိုင်ငံခြားသား၊ အနောက်တိုင်းသားဆိုရင် ပိုလို့တောင် သတိထားတော် မူကြစေလိုပါတယ်။ မြန်မာတွေကို အထင်သေးကုန်တာ အဲလို နေရာတကျ မသုံးတတ်ဘဲ တဆာတည်း ဆာနေကြလို့ပါခင်ဗျား။ ကျွန်တော် သံရုံးတွေမှာ ၁၅ နှစ်လောက်အမှုထမ်းခဲ့ဖူးပါတယ်။ နိုင်ငံကို ကိုယ်စားပြုထားတဲ့ သံအမတ်ကိုတောင်မှ မဆာပါခင်ဗျား။ လေးစားသမှုပြချင်ရင်၊ ကိုယ်ယဉ်ကျေးကြောင်း ပြချင်ရင် မစ္စတာ/မီး(ဇ်) (Mr./Ms.) ခံပြီး သူ့ရဲ့ မိသားစု နာမည် (နောက်ဆုံးနာမည်)ကို ခေါ်ရင် လုံလောက်ပါတယ်။ Brad Pitt ကို လေးလေးစားစားနဲ့ ယဉ်ယဉ်ကျေးကျေး ခေါ်ချင်ရင် Mr. Pitt ပေါ့။ Sandra Bullock ဆိုရင် Ms. Bullock ပေါ့။ သည်လောက်ဆို လုံလောက်ပါတယ်။

နောက်တစ်ခုက အမျိုးသမီးကို မဆာရပါဘူး။ Madam အတိုကောက် Ma’am [မယ်(မ်)]လို့ သုံးရပါတယ်။ ဒါလည်း အထက်ကအတိုင်းပါပဲ၊ ကိုယ်က စားပွဲထိုး၊ အဲဒီ့အမျိုးသမီးက လာစားတဲ့သူ၊ ကိုယ်က မူလတန်းကျောင်းသား၊ သူက ဆရာမ၊ ကိုယ်က တရားခံ၊ သူက တရားသူကြီးမ ဆိုမှသာ သုံးရပါတယ်။ သာမန် အသက်ကြီးသူ၊ တက္ကသိုလ်ကျောင်းသားနဲ့ တက္ကသိုလ်ဆရာမ၊ အလုပ်ရှင်များကို လုံးဝရော ပြားဝရော မသုံးသင့်ကြောင်းပါခင်ဗျား။

ခြွင်းချက်ကတော့ ရုံးသုံးစာ (တရားဝင်စာ) ရေးတဲ့အခါ စာလက်ခံဖတ်မယ့်သူရဲ့ နာမည်ကို မသိဘူးဆိုရင်တော့ Dear Sir/Dear Madam ဆိုပြီး အစချီရကြောင်းပါ။

V J Kyaw Zwa: ဘတ်စကား လက်မှတ်စစ်တဲ့ ကောင်မလေးတွေက ဒါလင်လို. ခေါ်တာတော့ ခံဖူးတယ်ဗျာ။ အဲဒိအသုံးအနှုန်းလေးလဲ လုပ်ပါဦး။ ကိုယ်ထင်ထားသလိုမျိုးဆိုရင် ရင်ခုန်ချင်လို.ပါ။ … 😛

Atta Kyaw: ပြောဘူး။ ငရဲကြီးတတ်တယ်။ သူတစ်ပါး ကိုယ့်အတွေးလေးနဲ့ကိုယ် ရင်ခုန်နေတာ မဖျက်ကောင်းဘူးလို့ အမေက မှာထားတယ်ဗျ။ 😀 😀 😀

Atta Kyaw: တကယ်တော့ အဲဒီ့ ဒါလင်က အတော် အပြောရခက်တဲ့ စကားလုံးဗျ။ အင်္ဂလိပ်စကားကို မိခင်ဘာသာစကားအဖြစ် ပြောနေတဲ့ မိန်းကလေးတွေ (အင်္ဂလိပ်/အမေရိကန်/အော်ဇီမတွေ)ဆိုရင်တော့ အဲဒါ အကောင်းခေါ်တာ မဟုတ်ဘူးလို့ နားလည်ရလိမ့်မယ်။ ကိုယ့်ကို နိုင်ငံခြားသားမှန်းသိလို့ ဒေါက်ဖြုတ်ချင်တဲ့အနေနဲ့ ခေါ်တာ။ ဒါမှမဟုတ်လည်း ကိုယ့်ကို တမင့်ကို သရိုးသရီဖြစ်စေချင်လို့ ခေါ်တာ။ အဲတော့ သူက ကိုယ့်ကို ဒါလင်လို့ ခေါ်ရင် သူ့ကိုလည်း ကိုယ်က ဆွိထာ့(ထ်) (sweetheart) လို့သာ ပြန်ခေါ်ပစ်လိုက်ဗျာ။ အင်္ဂလိပ်စကားမှာ သည်အသုံးက သိပ်ရှေးကျသွားပြီ။ အဘိုးတို့ အဘွားတို့ခေတ်က အသုံးလို့ ခံယူထားကြတယ်။ မြန်မာမှာ အချစ်ရေတို့၊ အသက်ရေတို့ကို အခုခေတ်လူတွေ ဝေးစွ၊ ကျွန်တော်တို့လို ဘိုးတော်တွေတောင်မှ မသုံးတော့တာမျိုးပေါ့။ 

ကပြားတစ်ယောက်တွေ့ဖူးတယ်။ သူက မြင်သမျှ ငယ်ငယ်ချောချော မိန်းကလေးတိုင်းကို ဒါလင်ခေါ်ပြီး ပြောတတ်တာ။ ဒါကကျတော့ အဲဒီ့အပေါ်မှာ သာယာသွားတဲ့သူဆိုလည်း မျှောလိုက်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ဗျ။ ယောက်ျားချင်း အဲလို ခေါ်လာရင်တော့… အင်း… ၅၀-၅၀ သမားကို ထူးပြီး သင်စရာ မလိုဘူးပေါ့လေ။ 😀

Oakker Seithu: ကျေးဇူးပါဆရာ… “ဆရာ” ဆိုတဲ့အသုံးအနှုန်းရော ရှိပါသလား။ အခု ”ကျေးဇူးပါဆရာ”မှာလိုမျိုးပေါ့… သည်မှာတော့ သင်တန်းတွေမှာဆို တီချယ် တီချယ်နဲ့ ပြောနေကြတာများနေလို့ပါ… ‘master’ လို့သုံးရင်ရပါသလား။

Gar Field: I also want to know it !

Atta Kyaw: တီချယ်က မြန်မာတို့ရဲ့ အသုံးပါ။ အင်္ဂလိပ်စကားမှာ မရှိပါဘူး။ သူတို့ ဆက်ဆံရေးက အလျားလိုက် ဆက်ဆံရေးပါ။ ရင်းနှီးမှုကို အခြေခံပါတယ်။ ရိုသေလေးစားမှုကို ပြတဲ့အနေနဲ့ အထက်မှာ ပြောခဲ့သလို Mr./Mrs./Ms. နဲ့ နောက်ဆုံးနာမည်နဲ့ တွဲပြီး ခေါ်တာ အာဏာကုန်ပါပဲ။ ဒါပေမယ့် အခေါ်ခံရသူက ဟန်ကြီးပန်ကြီး မနိုင်ဘူးဆိုရင် တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးနေလျက်နဲ့ အဲလို Mr./Mrs./Ms. နဲ့ တွဲပြီး အခေါ်ခံရရင် မအီမသာဖြစ်လာတတ်ကြတယ်။ စိမ်းတယ်လို့ ခံစားလာရတတ်တယ်။ သည်အခါမှာ သူတို့က ပထမနာမည်နဲ့ပဲ ခေါ်ခိုင်းတတ်ပါတယ်။ အထက်က ပြောခဲ့တဲ့ သံအမတ်တွေထဲမှာ တချို့က သူတို့ရဲ့ ပထမအမည်ကို ခေါ်ခိုင်းပါတယ်။ ပထမအမည်ဆိုတာက Tom Cruise ဆိုရင် Tom ပေါ့။ Julia Roberts ဆိုရင် Julia ပေါ့။ (အဲဒီ့ ပထမအမည်ကို “ဘယ်တော့မှ” Mr./Mrs./Ms. နဲ့ တွဲ မခေါ်ရပါဘူး။ သည်အတိုင်းသာ ခေါ်ရပါတယ်။) ဒါပေမယ့် ဒါလည်း နေရာနဲ့ နေရာပါ။ သူက ခွင့်ပြုထားလို့၊ တောင်းဆိုလို့ ပထမအမည်ကို ကိုယ့်ချင်းကြား၊ တခြား လုပ်ဖော်ကိုင်ဖက်ချင်း ကြားမှာ ခေါ်ဝေါ် သုံးစွဲပေမယ့် အခမ်းအနားတွေ၊ လူစိမ်းတွေ ရှေ့မှာတော့ သူ့ကို ထိုက်သင့်တဲ့ ဂုဏ်နဲ့အညီ ခေါ်ဝေါ် သုံးစွဲရပါတယ်။

ပြဿနာက ထောင်လိုက် ဆက်ဆံရေး ပုံစံခွက်ထဲ ရောက်နေတဲ့ ကျွန်တော်တို့ အရှေ့တိုင်းသားတွေပါပဲ။ အဲဒါနဲ့ မယဉ်ပါးတော့ မခေါ်တတ်၊ မပြောတတ် ဖြစ်နေပါတယ်။ အကောင်းဆုံးကတော့ မြန်မာချင်းဆိုရင် အစ်ကို၊ အစ်မ၊ ဦးလေး၊ ဆရာ ထိုက်သင့်သလို ခေါ်ဝေါ်ပြီး နိုင်ငံခြားသား (အထူးသဖြင့် အနောက်တိုင်း သားတွေ) ကိုကျရင်တော့ သူတို့ယဉ်ကျေးမှု၊ သူတို့ပုံစံအတိုင်း အလိုက်သင့် ခေါ်ဝေါ်သုံးစွဲခြင်းကသာ အဆင်ပြေနိုင်ပါတယ်။ ဆရာကို အင်္ဂလိပ်လို ခေါ်ချင်ရင် အခု အများစု ရေးနေသလို Saya ပဲ လုပ်လိုက်ကြပါတော့ဗျာ။ အဲဒါက အဆင်အပြေဆုံးပါ။

နိုင်ငံခြားသားတွေကိုတော့ သွားမလုပ်ပါနဲ့ဗျာ။ အဲလို အလုပ်ကောင်းလို့ အနှိမ်ခံနေရတဲ့ မြန်မာတွေ မြန်မာပြည်မှာ အရှင်လတ်လတ်ရှိနေပါသေးတယ်။ ပြောလို့လည်း မရပါဘူး။ သူတို့က ဆရာကြီး၊ ဆရာလေး၊ ဆရာမကြီး၊ ဆရာမလေး ဆိုပြီး မျက်နှာဖြူတွေကို ခေါ်တာပေါ့ခင်ဗျာ။ အခုတော့ သူတို့ဘ၀တွေ မလှုပ်သာ မလွန့်သာနဲ့ မ၀ရေစာပေးထားတဲ့ ဒေါ်လာလေးတွေ မက်ရင်း အနှိမ်ခံနေရလေရဲ့။ တကယ့် လက်ရှိဘ၀မှာ လတ်တလော ဖြစ်နေတာနော်။ မကောင်းတတ်လို့ ဘယ်မှာ ဖြစ်နေတယ်ဆိုတာ ထုတ်မပြောတာပါခင်ဗျား။

Hana San: ကျောင်းမှာ ဆရာ၊ ဆရာမတွေကို Mr. / Ms.တပ်ခေါ်ကြတာမှာ family name နဲ့ တွဲခေါ်ကြတယ်။ ဒါပေမဲ့ သာမီးနာမည်ကို သူတို့က အမြဲ family name နဲ့ given name မှားတယ်။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ကြိုက်သလိုခေါ်ဆို ထားလိုက်တယ်။ တစ်ခုရှိတယ်ဗျ… PhD ဆရာကြီးတွေက သူတို့ကို Mr. ခေါ်ရင် ကြိုက်ဘူး။ Dr. ဘယ်သူဆို ခေါ်မှ … 😀

Atta Kyaw: မိသားစုနာမည်နဲ့ အမေပေးတဲ့ နာမည်နဲ့ မှားတာက အာရှမှည့်ပုံကြောင့်ပါ။ ဂျပန်တော့ မသိဘူး။ တရုတ်နဲ့ ကိုရီးယားတွေမှာ ပထမဆုံးနာမည်က မိသားစု နာမည်ဖြစ်ပြီး နောက်ဆုံး နာမည်က အမေပေးတဲ့ နာမည်ဖြစ်နေတာကိုး။ Kim Sae-Hyun ဆိုတဲ့ ကိုရီးယားမိန်းကလေး အမည်မှာ Kim က မိသားစု နာမည်၊ Sae-Hyun က အမေပေးတဲ့ နာမည်လေ။ အနောက်တိုင်းသားတွေက အဲဒါကို ကွဲတဲ့သူ ရှိတယ်။ မကွဲတဲ့ သူတွေ ရှိတယ်။

Ph.D. ဆရာကြီးတွေထဲမှာလည်း ပြည့်တဲ့အိုးနဲ့ မပြည့်တဲ့အိုး ကွာမှာပေါ့။ ဒါပေမယ့် ဟုတ်တယ်၊ Mr./Ms. လို့ ခေါ်တာတော့ မှားတယ်။ သူရို့ကျတော့ Dr. ခေါ်မှ မှန်တာကိုး။

Myo Tha Htet: သမ္မတ အိုဘားမား ၀ါရှင်တန်ကို အီလီနွိုင်းပြည်နယ် ကိုယ်စားပြု လွှတ်တော် အမတ်အဖြစ် ၂၀၀၅ ခုနှစ်က ပထမဆုံး ရောက်လာတော့ သမ္မတဘုရှ်နဲ့ တွေ့တဲ့အခါ သူက ဘုရှ် ပခုံးကို ဖက်ပြီး စကားပြောတယ်တဲ့။ သူ့လက်က ဒါမျိုး အကျင့်ပါနေတယ်လို့ သူ့စာအုပ်မှာ တစ်ခါ ဖတ်ဖူးတယ်။ သူတို့က ဒါမျိုး လုပ်လို့ ရတယ်နော်။

ပြောချင်တာက ဒီလိုပါ၊ ရွေးကောက်ပွဲ မဲဆွယ်တုန်းက အမျိုးသမီးတွေနဲ့ တွေ့ရင်ရော သူ့ရုံးခန်းက ၀န်ထမ်း အမျိုးသမီးတွေနဲ့ စကားပြောရင်ကော အိုဘားမားက ဒါလင် ဆိုတဲ့ အသုံးနဲ့ ရင်းရင်းနှီးနှီး ပြောတတ်တယ်..သူက လူချစ်လူချစ်လည်း များတယ်၊ စကားပြောကောင်းတဲ့သူလည်း ဖြစ်တယ်၊ မဲတွေ ရအောင်လည်း ဒီလို ခေါ်တာ ပြောတာ ဖြစ်မှာပေါ့လေ။ ဒါပေမဲ့ အဲဒီလိုခေါ်တာ (နောက်ပြီး ရင်းရင်းနှီးနှီး ပွေ့တာ ဖက်တာ) အိုဘားမား ဝေဖန်ခံရတယ်။ အခုတော့ သိပ်မလုပ်တော့ဘူး ထင်တယ်။ သမ္မတလည်း ဖြစ်လာခဲ့ပြီကိုး။ ဒါလင်ဟာ သတိတော့ ထားရမယ့်ပုံရှိတယ်။ ခေါ်တော့ ခေါ်ချင်သား…။

Atta Kyaw: ခေါ်ချင် ခေါ်လိုက်စမ်းပါဗျာ… ရဲရဲ… အစမ်းလေ့ကျင့်တဲ့အနေနဲ့ ယောက်ျားချင်း အရင်ခေါ်ကြည့်ပါလားဟင်… 😀

————————————

250710 အခေါ်အဝေါ်နဲ့ ပတ်သက်လို့ Mr. ဘယ်သူ ဘယ်ဝါဆိုပြီး နာမည်တပ်ခေါ်တာ ပြဿနာ မရှိပေမယ့် နာမည် မသိသူတစ်ယောက်ကို Mister လို့ ပြောတာဟာ ရိုင်းပါသဗျာ။ ကိုယ်နဲ့ မသိသူ ယောက်ျာသား တစ်ယောက်ကို ကိုယ့်စိတ်ထဲမှာ မကြည်လင်တဲ့အခါမှသာ သုံးရတာမျိုးပါ။ Please, mister, can you sit down? ဆိုရင် “ဟေ့လူ… တဆိတ်လောက် ထိုင်စမ်းပါဗျာ”ဆိုတဲ့ လေသံမျိုး ဖြစ်သွားပါလိမ့်မယ်။

Someone: I think it is not rude but rather girlish. It is not rude when you hear from girls. See “It is not part of the deal Mister!” it sounds cheeky though.

But if it comes from a guy, he may be a fag as in prison jokes story lines, “Please be gentle Mister Smith!.”

Atta Kyaw:

mister (noun)

1. the complete form of the title Mr

2. an informal and ”often ‘rude’ form of address” for a man whose name you do not know

e.g. Listen to me, Mister, I don’t ever wanna see you in this bar again.

(Ref: Cambridge Advanced Learner’s Dictionary 3rd Edition, 2008 Reprint)

Advertisements
11 Comments leave one →
  1. zaw zaw permalink
    21 October 2010 8:31 pm

    တလုံးစ နှစ်လုံးစဆိုပေမဲ့ သိပ်အဖိုးတန်ပါတယ်ခင်ဗျာ။
    ကျေးဇူးတင်ပါတယ်။
    အောင်မြင်ပျော်ရွှင်ပါစေ ဆရာ။

  2. Rays permalink
    22 October 2010 9:17 pm

    Dear လို့ အခေါ်ခံရရင်ရော ဆရာ၊ V J Kyaw Zwa လို ရင်ခုန်ချင်လို့။

    • lettwebaw permalink
      22 October 2010 9:47 pm

      ရင်ခုန်ချင်ရင်တော့ ခုန်ပေါ့ဗျာ။ တားရတာ မှတ်လို့။ သို့သော် မြန်မာလိုဆိုရင်တော့ Sorry, dear. ဆိုရင် “စိတ်မရှိပါနဲ့ အစ်ကိုလေးရယ်” “စိတ်မရှိပါနဲ့ ကိုကိုလေးရယ်” ဆိုတာလောက်ပါပဲ။ သိပ်အကြီးကြီး မဟုတ်ဘူးဗျ။

  3. MDW permalink
    25 October 2010 3:03 pm

    ဆရာရေ
    ကျမသိသလောက် ဘိလပ်မှာတော့ darling တို့ love တို့ကို ရင်းနှီးသမှုနဲ့ လူတကာ သုံးကြတာပဲ။
    များသောအားဖြင့် ဈေးအရောင်းဆိုင်တို့လို အမြဲ လူတွေနဲ့ ဆက်ဆံနေရသူတွေ သုံးကြတာ ကြားမိပါတယ်။
    thank you darling .. take care darling … byebye darling စသဖြင့် ပြောလေ့ရှိတာ နေ့စဉ်နဲ့အမျှ ကြားနေရပါတယ်။ ဥပမာ ဘတ်စကားပေါ်တက်ဖို့ သူတို့ကို အရင်ဦးစားပေးရင် thank you darling လို့ပြောတာမျိုး။ ဈေးဝယ်လို့ ငွေပေးရင် ဈေးသည်က ပြောတာမျိုး အမြဲတမ်းကြုံရလို့ပါ။ ပြောတဲ့သူဘက်ကလဲ သရိုးသရီ ဖြစ်စေတော့ရယ်လို့ ပြောတာဟုတ်ပုံမရသလို ပြောခံရတဲ့သူအနေနဲ့ကလဲ ဘယ်လိုမှ မနေကြပါဘူး။ ဒီလိုသုံးတာဟာ ပိုရင်းနှီးစိတ် ဖြစ်စေပြီး ချစ်စရာ အလေ့အထလို့ မြင်မိပါတယ်။
    ကျမသတိထားမိသလောက်တော့ မြောက်ပိုင်းသားတွေက love ဆိုတဲ့စကားလုံးကို နောက်ဆုံးမှာ ထည့်သုံးကြပြီး အလယ်ပိုင်းသားတွေက darling ထည့်ပြောတယ်။ တခြားနေရာတွေတော့ မသိဘူး။ ကိုယ်နေခဲ့ဖူးတဲ့ ဒေသမှာ သုံးလေ့ရှိတာ ကြုံဖူးလို့ပါ။

    • lettwebaw permalink
      26 October 2010 9:13 pm

      ကျေးဇူးတင်ပါတယ် ဆရာမ။ အင်မတန် ကောင်းတဲ့ ကွန်မန့်ပါ။ မှန်ပါတယ်။ တကယ်တော့ အင်္ဂလိပ်လို ဒါလင်ဟာ အချစ်နဲ့ ဘာမှမဆိုင်ဘဲ ခင်မင်နှစ်လိုစွာ ခေါ်ဝေါ်တဲ့ စကားလုံးပါ။ ဈေးသည်ဆိုတော့ နှုတ်ချိုတာပေါ့။ မြန်မာလို အစ်ကိုတန် အစ်ကို၊ အစ်မတန် အစ်မ၊ အမေတန် အမေ၊ ဦးလေးတန် ဦးလေးခေါ်လိုက်သလိုမျိုးပါပဲ။

      ဒါလင်ကြောင့် ရင်ခုန်လိုသူများအတွက် စိတ်အထာကျနိုင်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ။ 😦

      • hana permalink
        28 October 2010 6:45 pm

        ဘိလပ်သူ ဆံပင်ရွှေရောင်နဲ့ အန်တီကြီးတွေနဲ့များ မဆုံလိုက်နဲ့..ဒါလင် ဒါလင်နဲ့ ဒါလင် ဟိုဟာလေး ဟိုလိုလုပ် ၊ ဒီဟာလေး ဒီလိုလုပ်ဆိုပြီး ဘွားတော်ကြီးတွေက ဒါလင်ချင်းထပ်အောင် လွှတ်ခိုင်းတော့တာပါပဲ ဆရာ။
        တစ်ခါ လေဆိပ်တစ်ခုမှ အန်တီကြီး၂ယောက်နဲ့ ဆုံတာ…သမီးက တစ်ယောက်တည်း ပစ္စည်းကလည်း ကျောပိုးအိတ်သာပဲ ဆိုတော့ ဒါလင်…စိတ်မရှိဘူးဆိုရင် ဒါလေး ကူသယ်ပေးမလားဟင်…ဆိုတာကနေ စတာပါပဲ ဆရာ။ ဒါလင် ဆိုလို့ သတိရသွားလို့ ပြောပြတာပါ။ မကူညီချင်တာ မဟုတ်ပါဘူး။ ကူညီပေးလိုက်ပါတယ် ကုသိုလ်လည်းရတယ်လေ။ 😀 အမေအရွယ်တွေတောင် မကဘဲ။

  4. 13 November 2010 11:35 am

    ဆရာ့FB သိချင်ပါတယ်ရှင့်။

    • lettwebaw permalink
      13 November 2010 12:44 pm

      ခက်ပါ့။ သည်ပို့(စ်)မှာ ပါသလေ။ Atta Kyaw ဆိုတာ FB ပေါ့ကွဲ့ ကလေးမရဲ့။ (ဒုံ… ဂလွမ်… ဂလွမ်… ဂလွမ်) 😀

    • Aung Maun permalink
      19 September 2014 5:11 pm

      အိမ်သာမဲကို သုံးနေပြီးတော့ ကိုကြီးကျော်ဖော်ပြထားတဲ့ “ဖွဘွတ်စာမျက်နှာက သည်မှာပါ “ဆိုတာတောင် မတွေ့ဘူးလား သမီးကြီးဂျေဂျေရယ်။

  5. mohom permalink
    14 April 2011 4:31 pm

    loads of thzs.
    thzs,bar.
    တစ်ခုလောက်မေးချင်ပါ တယ်၊အားမနာပါနဲ့ ဆိုတာကို english လို ဘယ်လိုသုံးရမှာလဲ?ပြောပြပေးပါလား.

    • lettwebaw permalink*
      1 September 2011 2:57 pm

      အဲ… ဒွတ်ခ။ အပေါ်က ပို့(စ်)မှာ အသေအချာ အကျအန ပါနေလျက်သားနဲ့ အခုလိုမျိုးကြီး လာပြန်မေးနေတော့ပေါ့နော်… ဘယ်လို ပြန်ပြောရမှန်းတောင် မသိတော့ပါဘူးပေါ့နော်… 😦

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: