ရာသီစာ
ဝါလ ကင်းလွတ် သီတင်းကျွတ်ပြန်ပါပြီ။ မြန်မာတို့ရဲ့ ထုံးဓလေ့မှာ သီတင်းကျွတ် အခါသမယကျတော့မှ စုလျားရစ်ပတ် လက်ထပ်မင်္ဂလာတွေ ကျင်းပလေ့ ရှိတတ်ကြပါတယ်။ သည်အတွက် Yangon City FM ရေဒီယိုအစီအစဉ်က တမြန်မနှစ်က သီတင်းကျွတ်အခါသမယမှာ မင်္ဂလာမောင်နှံများနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို တွေ့ဆုံ မေးမြန်းကာ အသံလွှင့်ခဲ့ဖူးပါတယ်။ အဲဒါလေးကို အခု သီတင်းကျွတ်ကာလမှာ အမှတ်တရ ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျား။ နားဆင်တော်မူကြည့်နိုင်ကြကြောင်းပါ။
သြော်…ရာသီစာ ဆိုတော့ စားစရာများလားလို့….။ အခုတော့…. စားစရာတော့ စားစရာ ပါပဲ… ဦးနှောက်အာဟာရလေးပေါ့…။ စားလို့ကောင်းပါတယ်…။
နားထောင်လို့ကောင်းတယ်နော်…အညာသားနွားဝယ်တဲ့ ..မှတ်ထားမယ်ဆရာ
တစ်မျိုးမဟုတ်တစ်မျိုးနဲ့ ခံစားခဲ့ရပြီး မျက်ရည်ပေါင်းများစွာ ကျစေတဲ့ချစ်သူကို ကိုယ့်သဘောနဲ့ ကိုယ် ရင်ကွဲခံပြီး ချန်ခဲ့ကာ ကျွန်မသဘောနဲ့ ကျွန်မ ရွေးချယ်ပြီး ဦးနှောက်နဲ့ 95% နှလုံးသားနဲ့ 5 % နှုန်းနဲ့ လက်ထပ်ခဲ့တာ အိမ်ထောင်သက် 3 နှစ်ကျော်ကြာလာတဲ့အခါမှာ အဖြေထွက်ခဲ့တာက ကျွန်မအတွက် အဲ့ဒီ့လို ဆုံးဖြတ်ခဲ့တာ 100% မှန်ခဲ့တယ် ဆိုတာပါ။ ဆရာပြောသလို ကိုယ်က ဘာမှ ပြန်မရနိုင်တဲ့ ကြောင်ကလေးတောင် တစ်အိမ်ထဲနေတဲ့အခါ သံယောစဉ် တွယ်သလိုပါဘဲ အခုတော့ ကိုယ့်အပေါ်သိပ်ကောင်းတဲ့ ခင်ပွန်းရဲ့ မေတ်တာကြောင့် တစုံတခုအကြောင်းတရား ကြုံလာခဲ့ရင်တောင် ကျွန်မရဲ့ အသက်ကို စွန့် နိုင်တဲ့အထိ ပေးဆပ်ဖို့ အသင့်ရှိနေပါပြီ။ တခါတခါ ခင်ပွန်းအပေါ် သဘောထားမတိုက်ဆိုင်တဲ့အတွက် စိတ်တိုင်းမကျလို့ ဒေါသထွက်တဲ့အခါ ” စိတ်လျှော့ စိတ်လျှော့၊ ဟိုတစ်ယောက်ကိုသာ ယူရင် အခုဆို မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေ လောက်ပြီ။ ” ဆိုပြီး ကိုယ့်ဘာသာသတိပေးပြီး စိတ်ကို ထိန်းနိုင်နေပါပြီ။ ဆိုလိုချင်တာကတော့ ဆရာပြောသလို ဦးနှောက်နဲ့ လက်ထပ်မဲ့သူ ကို ရွေးချယ်တာဟာ မမှားနိုင်ဘူး ဆိုတာပါဘဲ ဆရာ။ ကျွန်မချစ်သူကြောင့့် သောကတွေ ရောက်ခဲ့ရချိန်တုန်းက ဆရာ့ဆီ ဆက်သွယ်ပြီး အကြံတောင်းဖို့ တောင် အကြိမ်ကြိမ် စဉ်းစားမိပါသေးတယ်ဆရာ။ အဲ့ဒီ့တုန်းက ဆရာ့ ကိုပြောရမှာ ရှက်လို့ မလာဖြစ်တာပါ။