ကြားကြ သိကြစေချင်လွန်းလို့ပါ…
Facebook မှာ ဘူတန်နိုင်ငံရောက် မြန်မာဆရာဝန် ဒေါက်တာစိုးမင်းရေးထားတဲ့ စာတွေအများကြီးထဲက တစ်ပုဒ်က ကျွန်တော့်ရင်ကို လာပြီး ရိုက်ခတ်သွားခဲ့တာမို့ ဆရာ စိုးမင်းဆီက ခွင့်တောင်းကာ မန္တလေး FM ရေဒီယိုရဲ့ ကျွန်တော့်အစီအစဉ်ကတစ်ဆင့် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၃၁ ရက်နေ့မှာ ပြန်လည် ထုတ်လွှင့်တင်ဆက်ခဲ့ပါတယ်။ အဲဒါလေးကို လူအများ ကြားကြ သိကြစေချင်လွန်းတာမို့ သည်ဘလော့(ဂ်)ကနေ ထပ်လောင်း တင်ဆက်ပေးလိုက်ပါတယ်။ အားလုံး တွေးဆ ဆင်ခြင်ကြည့်စေချင်လို့ပဲဆိုတာ အထူးပြောစရာ လိုမယ် မထင်ပါဘူးခင်ဗျား။
သိပ်ကောင်းပါတယ်.. ဆရာစိုးမင်းရဲ့ စာကို facebook မှာ မလွတ်တမ်း ဖတ်ဖြစ်ပါတယ်..
အင်မတန်ကောင်းပါတယ်ဆရာ… ရူးမှထူးတယ်ဆိုတဲ့ စကားလဲ သတိရမိပါတယ်… ဘယ်အလွှာမှာဖြစ်ဖြစ် ကိုယ်လုပ်ချင်တာကို ရူးသွပ်လောက်အောင် တပ်မက်မှလဲ တကယ်အောင်မြင်မှာပါပဲ…ဆရာဖတ်တာကြားပြီးတဲ့နောက်မှာ ကျွန်တော်လဲ ကျွန်တော်ကြိုက်တဲ့စာတွေကို ဖတ်ပြီးတော့ Recording လုပ်ထားဖို့အကြံရလာပါတယ်..
ကျေးဇူးပါဆရာ…
ဟုတ်ကဲ့ ကျေးဇူးပါ . လာပြီးနားထောင်သွားပါတယ်
မြန်မာနိုင်ငံသားအားလုံးရဲ့ တိုးတက်ရေး သော့ချက်ဟာ ဘယ်လိုအရာများ ဖြစ်နေမလဲဆိုတာလည်း တွေးတောနေဆဲပါ … . အတွေးများရှိပြီး ဖြစ်နေရင်လည်း သိချင်ပါတယ် … ဆရာ.။
ဒေါက်တာစိုးမင်းရဲ့ စာက ပါးချင်တဲ့ သတင်းစကားကို ဆရာ Barnay အပြည့်အ၀ ကြားလိုက်တဲ့အတွက် ၀မ်းသာမိပါတယ်။
မြန်မာနိုင်ငံသား အားလုံးရဲ့ တိုးတက်ရေး သော့ချက်ဟာ ၀ိဇ္ဇာဘာသာရပ်များကို ဆည်းပူးလေ့လာ လိုက်စားသူတွေ၊ ၀ိဇ္ဖာဘာသာရပ်များမှာ ထူးချွန်သူတွေ များပြားလာခြင်းပါပဲ။ လွတ်လပ်တဲ့ အချုပ်အချာ အာဏာပိုင် နိုင်ငံ တစ်နိုင်ငံရဲ့ အဓိက မဏ္ဍိုင် သုံးရပ်က “အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ တရားဥပဒေပြုရေး”တို့ ဖြစ်ပါတယ်။ နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက မဏ္ဍိုင်က “စီးပွားရေး”ဖြစ်ပါတယ်။ အဲဒါတွေကို ထိန်းညှိပေးမယ့် စတုတ္ထမဏ္ဍိုင်က “စာနယ်ဇင်း”ဖြစ်ပါတယ်။
အဲဒါ ငါးရပ်စလုံးဟာ သိပ္ပံမဟုတ်ပါဘူး။ ၁၉၆၄ ခုနှစ် ပညာရေး စနစ်သစ်စတင်လိုက်ချိန်ကတည်းက ၀ိဇ္ဇာပညာရပ်တွေ နောက်တန်းကို ရောက်ကုန်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အမှန်းကန်းလမ်းမသိဘဲ သိပ္ပံကိုသာ အဟုတ်မှတ် သင်ယူခဲ့ကြတယ်။ တကယ်တော့ သိပ္ပံမှာ ထူးချွန်သူများဟာ အလွန်ဆုံးမှ လုပ်ခ လစာ အများဆုံးရတဲ့ “ကျွန်” ဒါမှမဟုတ် “အခိုင်းခံ”တွေပဲ ဖြစ်လာတာပါ။ ၀ိဇ္ဇာမှာ ထူးချွန်သူများသာ “သခင်” (၀ါ) ခိုင်းစားသူတွေ ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ကို ဘယ်သူကမှ မပြောပြခဲ့ကြဘူး။ (သတိလည်း မထားမိခဲ့ကြဘူး ထင်ပါရဲ့။)
စင်္ကာပူရဲ့ NUS မှာ ဘယ်သိပ္ပံဘာသာရပ်ကိုမဆို နိုင်ငံခြားသားတွေ တက်ခွင့်ရှိပေမယ့် ၀ိဇ္ဖာ ဘာသာရပ်များကိုတော့ စင်္ကာပူနိုင်ငံသားမှတစ်ပါး ဘယ်နိုင်ငံခြားသားကိုမှ တက်ခွင့် မပေးဘူး။ ဦးနှောက်ကြီးတဲ့ စင်္ကာပူသားတွေဆိုတာ အဲဒီ့အချက်နဲ့လည်း သိသာနေပြန်တယ်။
အဲတော့ မြန်မာနိုင်ငံသားတွေ တိုးတက်ချင်ရင် ထူးချွန်ထက်မြက်သူများအနေနဲ့ ဒဿနိကဗေဒ၊ စိတ်ပညာ၊ သမိုင်း၊ ပထ၀ီ၊ ဥပဒေ၊ စီးပွားရေး အစရှိတဲ့ ၀ိဇ္ဇာဘာသာရပ်များကို နိုင်ငံတကာ အဆင့် မီအောင် အပတ်တကုပ် လေ့လာ ဆည်းပူးကြရပါလိမ့်မယ်။ ၀ိဇ္ဗာပညာရပ်တွေရဲ့ တန်ဖိုးကို နားလည်ကြရပါလိမ့်မယ်။ ပြောရတာတော့ အားနာစရာ ကောင်းပါတယ်။ ယနေ့ မြန်မာ့တက္ကသိုလ်များရဲ့ ၀ိဇ္ဇာဌာနများမှာ ပါမောက္ခတွေ၊ ဌာနမှူးတွေ လုပ်နေသူ အများစုဟာ ဆယ်တန်းကို အမှတ်ပေါင်း ၃၀၀ အောက်နဲ့ ပွတ်ကာ သီကာ အောင်ခဲ့ကြတဲ့ “မရှိသုံး”များသာ ဖြစ်တာက အရှိတရားပါ။ သူတို့နေရာမှာ တကယ် ထူးချွန်တဲ့သူတွေနဲ့ အစားထိုးပြီး ၀ိဇ္ဇာပညာကို ရှေ့တန်း ပြန်ပို့ပေးမယ်ဆိုရင် မြန်မာနိုင်ငံသားအားလုံးဟာ နောက် နှစ်ပေါင်း ၃၀ ကျော်အကြာမှာ တိုးတက်လာပါလိမ့်မယ်။
ဒါ ကျွန်တော့်အတွေး မဟုတ်ပါဘူး။ တိုးတက်ဖွံ့ဖြိုးနေတဲ့ နိုင်ငံအသီးသီးရဲ့ အခြေအနေ၊ အဲဒီ့နိုင်ငံအသီးသီးရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတည်ငြိမ်မှုများက သက်သေပြပြီး အချက်အလက်ဖြစ်သော်လည်း ကျွန်တော်တို့ ရွှေတွေသာ မျက်စိလျှမ်းလို့ ကောင်းနေဆဲ အချက် ဖြစ်ပါတယ် ခင်ဗျား။
မကြာခင်မှာ ဒါကို အကျယ်တ၀င့် ရေးသားဆွေးနွေးဖို့ စိတ်ကူးထားပါတယ်။
အသံဖိုင် ဒေါင်းလုဒ် လုပ်ချင်ပါတယ်။ ဘယ်လို လုပ်ရပါသလဲ။
ပုံမှန်အားဖြင့်တော့ တမင်ပဲ download လုပ်လို့ မရအောင် လုပ်ထားပါတယ်။ ဒါပေမယ့် Internet Download Manager (IDM) software ကို စက်ထဲမှာ ထည့်ထားပြီးသားဆိုရင်တော့ download လုပ်လို့ ရနိုင်ပါကြောင်း။
သိပ္ပံမှာ ထူးချွန်သူများဟာ အလွန်ဆုံးမှ လုပ်ခ လစာ အများဆုံးရတဲ့ “ကျွန်” ဒါမှမဟုတ် “အခိုင်းခံ”တွေပဲ ဖြစ်လာတာပါ။ ၀ိဇ္ဇာမှာ ထူးချွန်သူများသာ “သခင်” (၀ါ) ခိုင်းစားသူတွေ ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ကို ဘယ်သူကမှ မပြောပြခဲ့ကြဘူး။ (သတိလည်း မထားမိခဲ့ကြဘူး ထင်ပါရဲ့။)
သူများနိုင်ငံ ရောက်မှ အဲဒါတွေ သိလာမြင်လာရပါတယ် ဆရာ