သမီး သူ့ကို အရမ်းချစ်ပါတယ်။ နှစ်နှစ်ပြည့်ခါနီးမှာတော့ နေ့တိုင်းနီးပါး ရန်ဖြစ်ကြပါတယ်။ သူ့ကို စိတ်ထဲက မပါဘဲနဲ့ ပြတ်ပြီလို့လည်း သမီးက ခဏခဏ ပြောပါတယ်။ ဒါပေမယ့် သူ အဲဒါတွေ သည်းခံခဲ့ပါတယ်။ အဲဒါတွေကြောင့် သမီး သူ့ကို ပိုချစ်ခဲ့ပါတယ်။
သမီး အဲလို လုပ်တာတွေက လွဲရင် သူ့ကို ဂရုလည်း စိုက်ပါတယ်။ သစ္စာလည်း ရှိပါတယ်။ သမီး ဘဝမှာ သူတစ်ယောက်တည်းပဲ ရှိတယ်လို့ သတ်မှတ်ထားတာပါ။ ဒါပေမယ့် သူက သမီးကို နားမလည်ဘူး၊ သမီး ဆိုးတယ်လို့ပဲ ပြောနေတယ်။ နောက်ဆုံး ရန်ဖြစ်တဲ့ နေ့က သူ့ပါးကို ရိုက်လိုက်မိပါတယ်။ သူ အရမ်း နာကျည်းသွားတယ်။ နောက်နေ့ကျတော့ သူ ဖုန်းဆက်ပြီး သမီးကို ပြောတယ် သူတစ်ယောက်တည်းပဲ နေချင်ပြီတဲ့။ သူ့ကို စိတ်ဒဏ်ရာတွေ ခဏခဏ ပေးတယ်တဲ့။ ခဏ လောက် ခွဲနေကြရအောင်တဲ့။ သူက အဲလိုပြောတော့ သမီး သိပ်ကို ချောက်ချားသွားပါတယ်။ အဲဒါနဲ့ သူ့ကို ချိန်းပြီးတော့ သူ့ကို တောင်းပန်ပါတယ်။ ဒါပေမယ့် ဘယ်လိုမှ မရတော့ပါဘူး။ နောက်နေ့လည်း ငိုပြီးတော့ သမီး အားလုံး ပြုပြင်ပါ့မယ်၊ နောက် မဆိုးတော့ပါဘူး။ မကြိုက်တာတွေလည်း မလုပ်တော့ပါဘူး၊ သူ စိတ်ချမ်းသာစေရပါမယ်လို့ ပြောပေမယ့် မရတော့ပါဘူး။
သမီး သူ့ကို နည်းမျိုးစုံနဲ့ ခခယယ တောင်းပန်ပါတယ်။ သမီး ဘဝကိုလည်း အားလုံး ပေးထားပြီးပြီ၊ သမီးကို မစွန့်လွှတ် သွားပါနဲ့လို့ ပြောတော့ သူက အရမ်းကို စိတ်ပင်ပန်းနေပြီ အားလုံးကို ဂရုမစိုက်ဘဲ ထွက်သွားချင်နေပြီလို့ ပြောပါတယ်။ သမီးကို စိတ်ပျက်စိတ်ကုန်သွားပြီတဲ့။ အရင်လို သမီးကို ချစ်နိုင်မှာ မဟုတ်တော့ဘူးတဲ့။ သူ့ကို မေ့လိုက်ပါတဲ့။ သမီးတို့ကိစ္စ ဘယ်လိုလုပ်မလဲလို့ မေးတော့ သူက သည်ကိစ္စကြောင့် သူ့ကို အခုလို ပြောနေတာပါ အဲလို မဟုတ်ရင် သူ့ကို အရေးတောင် စိုက်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ သူ သမီးကို နားမလည်ဘူး။
သူ့ကိုလည်း မခွဲနိုင်ဘူး သမီးဘဝပေးထားတဲ့ကိစ္စကိုလည်း စိုးရိမ်တယ်။ အခု သူ သမီးကို ထားသွားပါပြီ။
သည်စာလေးကို အကြောင်းပြုပြီး မန္တလေး FM မှာ မနှစ်က ဆွေးနွေးထားတာလေးကို ပြန်တင်ပေးထားပါတယ်။ နားဆင်တော်မူကြည့်နိုင်ကြကြောင်းပါ။
Perfect advice. I like it
ညီမလေးရေ တရားနဲ့ ဖြေလို့ ပဲ ပြောလိုပါတယ် တရားနာကြည့်ပါ မ..စိတ်ကောင်းပါဘူး မ..ညီမလေးကို နားလည်ပါတယ် ဒါပေမဲ့ အတိတ်ကိုမတွေးပဲ သင်ခန်းစာယူပြီး အနာဂတ်ကို ပိုကောင်းအောင် နေသွားရင်ပိုကောင်းဘူးလားကွယ် မ ကိုယ်ချင်းစာလို့ ပြောတာပါ မတောင်လုပ်နိုင်ရင် ညီမလေးလည်း လုပ်နိုင်မှာပါ ဆရာပြောတာလေးကို ခေါင်းအေးသွားတဲ့ အချိန်မှာ သေချာစဉ်းစားစေချင်ပါတယ် ညီမလေးပျော်ရွှင်နိုင်ပါစေ
ဆရာက ဖေ့(စ်)ဘွတ်(ခ်)တင် မဟုတ်ဘဲ ဘလော့(ဂ်)ကိုပါ ပစ်သွားတာပဲ။ 🙂 ခုမှ ပြန်ပေါ်လာတော့တယ်။
ဆရာရေ ယောက်ျားလေးတွေက မိန်းမကလေးတွေကို ဂျီကျလို့ စိတ်ကုန်ပြီး ပစ်သွား၊ မိန်းကလေးတွေကတော့ အပြစ်ရှာ အပြစ်မြင်တတ်လွန်းတဲ့ ယောက်ျားလေးတွေကို စိတ်ကုန်လို့ ပစ်သွားကြနဲ့၊ မုန့်လုံးစက္ကူကပ်နေကြတာပါပဲလားနော် ကောင်မလေးက ကောင်လေးကို စိတ်ကုန်လို့ ပစ်သွားတဲ့ ဇတ်လမ်းလေးများရှိရင် ဖတ်ချင်ပါသေးတယ်ဆရာ။
အင်း.. အဲဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲ.. ကောင်မလေးက သနားပါတယ်.. သူက ဘ၀ပေးခဲ့တာလေ.. ကောင်လေးက အသစ်တွေ့နေလို့ ၂နှစ်လောက် ချစ်လာတဲ့ ကောင်မလေးကို ထားခဲ့တာ ဖြစ်မှာပေါ့.. ကောင်မလေးလည်း… အားလုံးကို မေ့ပစ်လိုက်ပါ.. ကိုယ့်တိုးတက်ရာတိုးတက်ကြောင်းကိုပဲ လုပ်ပီး ကိုယ့်ကိုကိုယ် တန်ဖိုးရှိအောင်နေပါလို့ အကြံပေးချင်ပါတယ်.. နောက်တချိန် အချစ်ဆိုတာ ထပ်ရှိလာမှာပါ.. သူ့ထက် ကိုယ့်ကို ပိုချစ်နိုင်တဲ့သူ အများကြီး ရှိပါတယ်.. အဲဒီအချိန်ကြရင် အရင်က မှားခဲ့တာကို သင်ခန်းစာယူပီး.. ပိုမိုပျော်ရွှင်တဲ့အချစ်ကို ပိုင်ဆိုင်နိုင်မှာပါ.. အဲဒါ တကယ်ပါ..
“ဆိုးတာ၊ နွဲ့တာကိုတော့ ကြိုက်ပါတယ်။ ဂျီကျတာ၊ ဂျစ်တိုက်တာသိပ်များလာရင်တော့…” ဆိုးတာ၊ နွဲ့တာနဲ့ ဂျီကျ ဂျစ်တိုက်တာကို ဘယ်လို သရုပ်ခွဲလို့ ရမလဲတော့ မသိဘူး။ ညီအရင်း၊ တူမလေးတွေက ကိုယ့်အပေါ်မှာ အရမ်းကို ဆိုးနွဲ့ပြီး ဂျီကျ၊ ဂျစ်တိုက်လာရင်တော့ စိတ်ထဲမှာ အတော်လေးကို ခံစားရ ခက်လှပါတယ်။
တကယ်မချစ်၊ မနှစ်သက်တော့လို့ ခွဲခွာသွားတာတော့ နှစ်ဦးစလုံးအတွက် ကောင်းတယ်လို့ မြင်မိတယ်…။ မကောင်းဘူးလို့ မြင်မိတာကတော့ ဒီလိုအခြေအနေလေးမှာ “ဘဝကို အားလုံးပေးထားပြီးပြီ” ဆိုတာပါပဲ..။
ကိုယ်ချစ်တဲ့လူကိုစိတ်နာအောင် လုပ်မိသလိုဖြစ်သွားတယ် ။
ဂျီကျခံနိုင်တဲ့သူရှာပေါ့ .. ခက်တာလိုက်လို့။ 😀
ဘယ်လိုရှာမှာလည်း တစ်ယောက်ချင်းစီကို လက်တွေ့လိုက်စမ်းသပ်ပြီးရှာမှာလား။
သိပ်ကိုကောင်းတဲ့ Topic လေးတစ်ခုပါ….
နောင်အတွက် သင်ခန်းစာလို့ဘဲမတ်ထားပေါ့။အချစ်တွေထက်တွေနိုင်ပါတယ်။
ကိုယ်ထိလက်ရောက်မလုပ်ဖို့ကြိုးစားပေးပါ။
U give sth to learn 🙂
thz
ဆရာဖြေသွားတာ အရမ်းကောင်းပါတယ် ခင်ဗျာ…ကျေးဇူးအထူးတင်ပါတယ်
ကိုယ်ချင်းစာပါတယ်…. ယောက်ျားဆိုတာတွေက တကယ်ခက်တယ် … ချစ်တော့လဲ သူတို့…. စိတ်ကုန်တော့ လဲ သူတို့…. ပြော၂ချင်ဘူး … အားလုံးပေးထားပြီးပြီဆိုတော့ လိုချင်တာရပြီလေ အဲဒီတော့ စိတ်ကုန်ပြီပေါ့ (စိတ်မဆိုးကြေးနော် မိန်းကလေးဆိုတော့ ကိုယ့်ဘက် ကိုယ်ပဲကြည့်ပြောတာပါ …) ထိန်း၂သိမ်း၂ တာနေခဲ့မယ်ဆိုရင် သူပစ်လဲဘာအရေးလဲနော် …. ခုတော့သနားလိုက်တာ …
မှန်လိုက်တာညီမလေးရယ်။
ယိင်းကျတော့ ဂျီကျတာမကောင်းဘူးလို့ခံယူထားလို့ တစ်ခါမှကိုယ့်ရည်းစားအပေါ်ဂျီမကျခဲ့ဖူးဘူး…အဲ့ဒီလိုကျပြန်တော့ ပျင်းစရာကောင်းတယ်တဲ့..လူ့အလိုနတ်မလိုက်နိုင်ဘူးနော်…။ 😦
ဆရာဖြေထားတာ အရမ်းကောင်းပါတယ်..
ဒါပေမယ့် “ဘဝကို အားလုံးပေးထားပြီးပြီ” ဆိုတာကို ပြောတော့.. နည်းနည်းတော့ တာဝန်ယူသင့်တယ်ထင်တာပဲ … (ကိုယ်လည်း မိန်းကလေးဆိုတော့..အဲ့ဒီနေရာလေးမှာတော့ သနားချင်တယ်)
အဲ့ကောင်မလေးလည်း အဲ့လောက်ဆို နောင်တရနေလောက်ပါပြီပဲလေ …
စိတ်ဆိုးတာတော့ ဆိုးတာပေါ့လေ ဒါပေမယ့် ပါးတောင်ရိုက်လိုက်တယ်ဆိုတော့ ကျွန်တော်ကတော့ လွန်သွားတယ်လို့ထင်ပါတယ်
လူဆိုတာလူပဲမို့ သည်းခံနိုင်တယ်ဆိုတာလည်း လူတိုင်းအကန့်အသတ်နဲ့ပဲရှိမယ်ထင်ပါတယ်
စိတ်ကြည်နေရင် အပြစ်လို့မမြင်နိုင်သလို သည်းခံနိုင်ပါလိမ့်မယ်
စိတ်ညစ်နေရင်တော့ သည်းခံနိုင်မှုနည်းပါးပါလိမ့်မယ်
အဲ စိတ်ကုန်သွားပြီဆိုတော့ မတတ်နိုင်တော့ဘူးပေါ့ဗျာ
အစကတည်းကဝေးရမှာကြောက်ရင် မဝေးရအောင် ထိန်းသိမ်းခဲ့ပါတော့လားဟယ်။
ဘာပဲဖြစ်ဖြစ် လဲကျနေတဲ့အတိုင်းတော့ မနေစေချင်ဘူး ညီမလေးရေ၊
ကြိုးစားပြီးပြန်ထတော့နော်။ ဘ၀ကအရှည်ကြီးလျှောက်ရဦးမှာလေ။
ပြီးခဲ့တာတွေကို ရှေ့ဆက်လျှောက်မယ့်လမ်းအတွက်သင်ခန်းစာယူနိုင်ပါစေကွာ။
ယောက်ျားအများစုက ဂျီကျတာနဲ့ပတ်သက်ရင် သိပ်သည်းမခံချင်ကြဘူး။ သတိထားကြပါလို့ပဲပြောချင်ပါတယ်
ကောင်မလေးက ကောင်လေးကိုစိတ်ကုန်လို့ထာသွားတာကိုသိချင်တယ်ဆိုလို့ ကျွန်တော်ရဲ့အကြောင်းကိုပြောပြလိုက်ပါတယ်….ပြောရရင်တော့အရှေကြီးပါပဲ ချစ်သူသက်တန်ကတော့သုံးနှစ်နီးပါးလောက်ရှိမယ်…သူ့အပေါ်မှာသစ်စာအရှိဆုံးနေခဲ့ပါတယ်…အကောင်းဆုံးပေးဆက်ခဲ့ပါတယ်…သူ့ရဲ့တန်ဖိုးကြီးတဲ့အပျိုစင်ဘ၀ကိုလဲထိမ်သိမ်းပေးခဲ့ပါတယ်…လုံးဝမယူရက်ခဲ့ပါဘူး… အကြိမ်ကြိမ်အခွင့်အရေးရခဲ့ပါတယ်…သူ့မျက်နှာလေးတစ်ချက်ပျက်သွားတာနဲ့ ကျွန်နော်ရဲ့စိတ်တွေထိမ်းပြီးသားဖြစ်သွားတယ်… သူရဲ့ခန်နာကိုယ်တစ်ခုလုံးကိုမြင်ဘူးပါတယ်… အကြိမ်ကြိမ်အခါခါပါပဲ… သူစိတ်ကျေနပ်မှုရအောင်အမျိုးမျိုးကြိုးစာလုပ်ပေးခဲ့ပါတယ်… ဒါတွေဟာသူ့ကိုအရမ်းချစ်လို့ဖြစ်ခဲ့တာတွေပါ… နောက်ဆုံးပြောရရင် oral sex ပါလုပ်ပေးခဲ့ပါတယ်… ဘာလို့သူ့ရဲ့ဘ၀ကိုမယူခဲ့လဲဆိုရင် အကြောင်းကြောင်းကြောက်သူနဲဝေးသွားခဲ့ရင်… သူတစ်ခြားတစ်ယောက်နဲ့ရင်ဆိုင်နိုင်အောင်လို့ပါ… သူ့မှာယောက်ကျားလေးသူငယ်ချင်တွေအများကြီးရှိတယ် ကျွန်နော်သိတာရှိသလိုမသိတာတွေလဲရှိတယ်… သူ့ယောက်ကျားလေသူငယ်ချင်းတွေနဲ့လျှောက်လည်တဲ့အခါတွေဆိုမပြောပြဘူး… သူ့မိန်းကလေးသူငယ်ချင်းတွေလဲပါပါတယ်… ကျွန်နော်သိလို့မေးရင်လဲလိမ်ပြောတယ်… အဲ့ဒီအခါဆိုရန်ဖြစ်ကြပါလေရော… သူမရိုးသားခဲ့ဘူး ဒါကြောက်သူ့ကိုအပြည်အ၀မယုံကြည်ခဲ့ဘူး နောက်တစ်ယောက်နဲ့တွဲတယ်လို့မဆိုလိုဘူးနော်… သူ့အပေါ်မှာဆိုမရိုးမသားဘာတစ်ခုမှမလုပ်ခဲ့ဘူးဘူး… ပြသနာတက်တဲ့အခါမှာသူစိတ်ထိခိုက်မဲ့စကားတွေတော့သုံးခဲ့မိတယ်… သူ့ကိုအဲ့လိုနောက်မလုပ်စေချင်လို့ပါ… သူလဲကျွန်တော်ကိုအရမ်ချစ်ခဲ့တာတော့သိပါတယ်… ဒါပေမဲ့သူကျွန်တော်ကိုထားသွားတယ်… နောက်ဆုံးတွေ့တဲ့နေ့မှာသူ့ဘ၀ကိုပါသူကျွန်တော်ကိုပေးတယ်… ဒါပေမဲ့ကျွန်တော်မယူခဲ့ပါဘူး… အရမ်းကိုရင်နာခဲ့ရပါတယ်… သူ့ဘ၀ပါပေပြီးလမ်းခွဲရအောင်ဘာအရေးတာတွေရှိနေလို့လဲ… ကျွန်တော်ဒီနေ့ထိမသိရသေးပါဘူး… သူကတော့ဒီနေ့ထိတစ်ယောက်ထဲပါပဲ… ဘာလို့လမ်းခွဲခဲ့ရတာလဲ… 2011 တမ်မတော်နေ့ဟာနောက်ဆုံးနှစ်ယောက်တူတူရှိခဲ့တဲ့နေ့လေးပါပဲ… ဘာပဲဖြစ်ဖြစ်တိုက်ဆိုင်မှုတွေတွေ့ရတိုင်သတိရမိပါတယ်…
ခင်ဗျားပြောတဲ့အတိုင်းဆိုရင်တော့ ခင်ဗျားရဲ့ထိန်းသိမ်းနိုင်စွမ်းကိုလေးစားပါတယ်ဗျာ။ ခင်ဗျားဆန္ဒရှိရင် ခင်ဗျားနဲ့ကျွန်တော် မိတ်ဆွေဖွဲ့ရအောင်လား။ ကျွန်တော့်အကောင့်က inforwynnko@gmail.com ပါ။ အချိန်မရွေးဖိတ်ခေါ်လျက်ပါ။
To Lunchgyi,
If u can do really as u said that, I admire to u. As my thoughts, ur girl will feel some diseases or not? One of my fri’s fri also like that case happened. My fri feeling blood cancer. She knowing that her last date ready. That’s why, before she let know her bf about her diseases, she already left him.
အကို Luchawgyi ရေ ကျွန်တော့မှာရီးစားတစ်ယောက်ရှိပါတယ် သူနဲ့ပတ်သက်ပြီးတော့လဲကျွန်တော့ဘ၀မှာမလုပ်ဖူးတဲ့အရာတွေကိုလုပ်ဖူးသွားပါတယ် ။ သူနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်အရှက်လဲကွဲဖူးပါတယ်။ သိက္ခာလဲကျဖူးပါတယ်။ ဒါပေမဲ့ကျွန်တော်အဲဒါတွေကိုစိတ်မဆိုးပဲ သိခံခဲ့ပါတယ်။ ကျွန်တော်သိခံလာတာတော်တော်ကြာပါပြီ ဒါပေမဲ့ အခုကျွန်တော်သိခံနိုင်မူကတော်တော်လျော့လာပါပြီ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်နဲ့သူနဲ ချစ်သူသက်တန်းတစ်လပြည့်တိုင်း အထိန်းအမှတ်ပွဲလေးလုပ်ပါတယ်။ မနေ့ကသူနဲ့ချစ်သူအထိန်းအမှတ်ပွဲလေးသွားလုပ်ဖို့ကျွန်တော်သွားပါ တယ် ။ ကျွန်တော်ကအကြာကြီးလဲစောင့်ခဲ့ပါတယ်။ နောက်တော့သူရောက်လာပါတယ်။ ဒီလဲရောက်ရောကျွန်တော့ကိုသူစကားလုံးဝမပြောပါဘူး။ ဒီအထိန်းမှတ်ပွဲကိုသူလဲသိပါတယ်။ ဒါနဲ့ခနကြာတော့ သူ့အကိုစီကဖုန်းလာပါတယ်။ သူ့အကိုကသူအမေနဲ့တစ်နာရီကျရင်ဖုန်းပြောမယ်တဲ့။ အဲဒါနဲ့ပဲ ကျွန်တော်တို့အထိန်းအမှတ်ပွဲလေးကိုဖြတ်ပြီး သူအိမ်ကိုပြန်သွားပါတယ်။ ကျွန်တော်လဲဘာလုပ်လို့လုပ်ရမှန်းမသိတော့ပါဘူး။ သူ့ကိုစိတ်ဆိုးတာထက် ကျွန်တော်စိတ်မကောင်းပိုဖြစ်မိပါတယ်။ ကျွန်တော် အခုထိသူ့ကိုအမှားတစ်ခုမှမလုပ်ခဲ့ပါတယ်။ ကျွန်တော်သူနဲ့ချိန်းတိုင်းခါးဖက်ရုံ၊ လက်ကိုင်ရုံကလွဲပြီးသူကိုဘာမှမလုပ်ခဲ့ပါဘူး။ ကျွန်တော့သူငယ်ချင်းတွေကပြော မင်းဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက်နဲ့ဆိုပြီးပြောပါတယ်။ ကျွန်တော်သူ့ကိုမရမ်းချစ်လွန်းအားကြီးလို့သူ့ကိုလဲစိတ်မညစ်အောင်ကျွန်တော်ထိန်းထိန်းသိမ်းသိမ်းနေပါတယ်။ ကျွန်တော်ကကျွန်တော့ကြောင့်သူတပါးစိတ်ညစ်အောင်မလုပ်ပါဘူး။ ကျွန်တော်ကြောင့်ပျော်ရွှင်တာကိုပဲကျွန်တော်လိုချင်ပါတယ်။ ကျွန်တော် သူနဲ့တွေ့တိုင်း ကျွန်တော့အလုပ်ကိုတောင်အပျက်ခံပြီးသူနဲ့သွားတွေ ပါတယ်။ ကျွန်တော့ကို ရူးတယ်လို့ပြောချင်ပြောလဲရပါတယ်။ ဒီနေ့ထက်ထိလဲ သူဘက်ကမှားရင်ကျွန်တော့ကိုမတောင်းပန်တက်သေးပါဘူး။ ကျွန်တော်ဘယ်လိုလုပ်ရမှန်းလဲမသိပါဘူး။ ကျွန်တော်သူကြောင့်လဲ ခနခနခံစားခဲ့ရပါတယ်။ ကျွန်တော်ဒီစာကိုရေးတာ ကျွန်တော်တော်တော်လေးမခံစားနိုင်တော့လို့ပါ။ ဒီခံစားမူတွေပျောက်အောင်ကျွန်တော့ကို နည်းလမ်းလေး ပေးကြပါလို့ကျွန်တော်တောင်းဆိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။ ဒီဆိုဒ်ကိုသိခွင့်ရတဲ့ ဆရာကိုလဲကျေးဇူးတင်ပါတယ်။
ခင်ဖျားလူကြီးလူကောင်ပီသားခဲ့ပါတယ် ကိုယ်ကျင့်တရားကိုအောင်မြင်မြင်ထိန်းသိမ်းခဲ့နိုင်ပါတယ် ကောင်မလေးအနေနဲ့လဲ ခင်ဖျာရဲ့သဘောထားကြီးမှုကိုမေ့နိုင်မှာမဟုတ်ပါဘူး
ဂျီကျတယ်ဆို တာ တစ်ခါတစ်လေ လောက်ပဲ ကောင်းတာပါ။ ကိုယ်ချစ်တဲ့ သူတွေကို တစ်ခါတစ်ရံတော့ ဂျီကျလို့ ရပါတယ်။ ဒါပေမယ့် မမောအောင်တော့ ဆင်ခြင်ရမှာပေါ့။
ဂျီကျတိုင်းလည်းမကောင်းပါဘူး။ ပူညံပူညံလုပ်တာဆိုရင် ပိုဆိုးသေးတယ် အဲဒါတွေကလည်းချစ်လို့လုပ်တယ် ဆိုတာကို နားလည်ပါတယ်. ဒါပေမဲ့ ချစ်တဲ့သူက အရမ်းချစ်ပြီး မချစ်တတ်ရင်တော့ အချစ်ခံရတဲ့သူအတွက်တော့ နှိပ်စက်သလို ခံစားရတာပါ ကိုယ်တွေ့မို့ပြောတာပါ။ တစ်ချို့တွေက အရမ်းချစ်တယ် ဒါပေမယ့် နားလည်မှုမပေးဘူး ပြဿနာလိုက်ရှာတတ်တယ် ကြာလာရင် ထွက်ပြေးတော့တာပဲ။ ကျွန်တော်ကိုယ်တိုင်ပေါ့။ အိမ်ထောင်တစ်ခုမှာ အချစ်က အရမ်း အရေးမကြီးတော့ပါဘူး။ အရေးကြီးတာက သံယောဇဉ်နဲ့ နားလည်မှုရှိဖို့ လို့ပဲထင်ပါတယ်၊ မိန်းခလေးတွေက ပြောလေ့ရှိတယ် ကျွန်မရဲ့ အချစ်ကို နားလည်မှုမပေးဘူးတဲ့ သူကိုယ်တိုင် မချစ်တတ်တာ ကိုတော့မသိဘူး ချစ်တာကိုပဲသိတယ်၊ တစ်ချို့ တွေက ဘွဲ့ရတယ်ဆိုပေမဲ့ မစဉ်းစားတတ်ဘူး။ ပြဿနာတစ်ခုကို မဖြေရှင်းတတ်ဘူး သိတဲ့သူတွေကိုလည်းမမေးဘူး သူမှန်တယ်ပေါ့ စိတ်ကုန်လို့ထွက်လည်းပြေးရော ခြေသလုံးဖက်ပြီးတောင်းပန်တော့မယ့်အတိုင်းပဲ။ အခွင့်အရေးဆိုတာ တစ်ကြိမ်ပဲ ရမယ် ကံကောင်းရင် နှစ်ကြိမ်ပေါ့၊သည်းခံတယ်ဆိုတာလည်း အတိုင်းအတာ တစ်ခုအထိပဲရှိတယ် ပုထုဇဉ်လူသားတွေပဲ ကြာရင်သည်းမခံနိုင်တော့ဘူး အဲဒါကိုလည်းနားလည်သင့်တယ် ကိုယ့်ဘဝကို ရှေ့ဆက်ပြီိး အကောင်းဆုံးဖြစ်အောင်ပဲ လုပ်သင့်တယ်လို့ပဲထင်တယ်၊ ဒီလိုဖြစ်ခဲ့တာတွေက သင်ခန်းစာလို့ပဲမှတ်ယူရမှာပေါ့။
ကိုလူချောကြီးရေ ခင်ဗျားရဲ့ စောင့်ထိန်းနိုင်စွမ်း( ယောက်ျားစစ်စစ်ဖြစ်ပါရဲ့နဲ့) ကိုတော့ လုံးဝလေးစားကြည်ညိုမိပါတယ်။ခင်ဗျားနဲ့သူနဲ့က တန်ဖိုးထားမှုချင်း မတူဘူးလို့ထင်တယ်။ ချစ်တတ်လွန်းတဲ့စိတ်ရှိတဲ့လူ ခင်ဗျားကတော့ ရှုံးသွားတာပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ်ခင်ဗျားနဲ့ကျွနိတော် အချိန်မရွေးမိတ်ဆွေဖွဲ့ကြရအောင်ဗျာ။ ကျွန်တော့် အီးမေးလ်က aungmaun68@gmail ပါ။