ကိုသစ်မင်း ကြိုက်မှာပါလေ…
သီချင်းရေးဆရာ မောင်သစ်မင်း ကွယ်လွန် တိမ်းပါးသွားတဲ့အခါ ရုပ်မြင်သံကြား အစီအစဉ်တွေ၊ ရေဒီယို အသံလွှင့် အစီအစဉ်တွေကနေ မောင်သစ်မင်း အမှတ်တရ အစီအစဉ်တွေ ထုတ်လွှင့်ကြပါတယ်။ Mandalay FM ရေဒီယိုကလည်း အစီအစဉ်တစ်ခု လုပ်ပါတယ်။ Mandalay FM Talk အစီအစဉ်ရဲ့ Anchor ဖြစ်တဲ့ ဆရာ မျိုးမြတ်သူက မောင်သစ်မင်း အလွမ်းပြေ အစီအစဉ်အနေနဲ့ ကျွန်တော်နဲ့ စတီရီယို သမိုင်းကြောင်း အကြောင်းလေး ပြောဖို့ စီစဉ်ပြီး ကျွန်တော့်ကို ကမ်းလှမ်းလာတဲ့အခါမှာတော့ ကျွန်တော် ၀မ်းသာအားရပြောဖြစ်သွားခဲ့ပါတယ်။ အဲဒါလေးကို ၂၀၁၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့နဲ့ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီမှာ နှစ်ကြိမ် အသံလွှင့်ဖြစ်ခဲ့ပါတယ်။ အဲဒီ့ အသံဖိုင်လေးကို အခု တင်ပေးလိုက်ပါတယ်။ နားဆင်တော်မူကြည့်ကြပါခင်ဗျား။
ဆရာတို့တွေ အရမ်:ဗဟုသုတ ကြွယ်ကြတယ်နော်။
မဟုတ်ပါဘူးဗျာ။ အသက်အရွယ်နဲ့ ၀ါသနာကြောင့်ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ လွန်ခဲ့သော နှစ်ပေါင်း အစိတ် ၃၀ ကျော် အချိန်တုန်းက အခုလိုလည်း ရုပ်မြင်သံကြားတွေ၊ အင်တာနက်တွေ၊ ပါလေရာဖုန်းတွေ မတွင်ကျယ်သေးဘဲ စာအုပ်တွေနဲ့သာ နေခဲ့ကြတာလည်း ပါပါတယ်။ တကယ်တမ်းကျတော့ ကျွန်တော်တို့ မသိသေးတဲ့ အရာတွေလည်း အများကြီး ကျန်ပါသေးတယ်။ အခုအချိန်အထိလည်း လေ့လာ သင်ယူလို့ မဆုံးပါဘူး ခင်ဗျာ။ လူငယ်တွေအနေနဲ့ ကျွန်တော်တို့ကို အများကြီး ကျော်သွားနိုင်ပါတယ်။ အလဟဿအချိန်ကုန်မယ့်အရာတွေကို သိပ်မလုပ်ဘဲ အသိဉာဏ်တိုးတက်ရေးကို ဦးစားပေးသွားကြပါလို့ လေးလေးစားစား တိုက်တွန်းလိုက်ပါရစေလား ခင်ဗျား။
အားပေး သွားပါတယ်ဆ၇ာ…း)