On Homosexuality

လိင်တူချ​င်း တပ်မက်​မှု​နှ​င့် စပ်လျဉ်း၍

“လောကအလှ” အင်တာနက် မဂ္ဂဇင်း စာမျက်နှာက “လိင်တူချင်းတပ်မက်မှု”နဲ့ ပတ်သက်ပြီး ကျွန်တော့်ကို မေးမြန်းခဲ့ဖူးပါတယ်။ အဲဒါကို http://lawka-ahla.com/news.php?item.1167 မှာ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က တင်ထားတာ တွေ့ရပါတယ်။ အဲဒါလေးကို သူ့စာမျက်နှာကပဲ ကူးယူပြီး ကျွန်တော့် ပရိသတ်အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။


မေး
။   ။အမျိုးသားတစ်ဦးက သူ့ကိုယ်သူ လိင်တူချင်းကို နှစ်သက်တဲ့သူဆိုတာကို အသက်ငယ်စဉ်မှာ တင်သိနိုင်သလား ဆရာ။  အသက်ငယ်စဉ်မှာကတည်းက ကိုယ့်ကိုယ်ကို သိနိုင်တာပဲ။ သက်လတ်ပိုင်းအရွယ်ကျမှ လိုင်းပြောင်းသွားတာမျိုးဆိုတာ ဖြစ်နိုင်ပါသလား။

အတ္တကျော်
 ။   ။ ကျွန်တော့်ဆီမှာ ကလေးရပြီး၊ ကလေးတော်တော် အရွယ်ရောက်ပြီးမှ အဲဒီ့လိုင်းကို အပြီး ပြောင်းသွားပြီး သူ့ကိုယ်သူ စက်ဆုပ်နေသူရဲ့ လက်ရေးနဲ့ ရေးထားတဲ့ စာရှိပါတယ်။ အလားတူ စာတွေလည်း ရှိနေတဲ့အပြင် တစ်နေ့က Burnet Institute မှာ Sexuality အကြောင်း ဟောပြောတော့  တက်လာတဲ့ မေးခွန်းတွေထဲမှာ အိမ်ထောင်သည် ဖြစ်ပြီးမှ သည်လိုတွေ လိုင်းပြောင်းကုန်ကြတာ ဘာ့ကြောင့်လဲ ဆိုတဲ့ မေးခွန်းက ငေါငေါကြီး တက်လာပါတယ်။ လိုင်းပြောင်းတာ မဟုတ်ဘူး၊ အပုန်းတွေ ပွင့်လာတာလို့သာ ကျွန်တော် ဖြေခဲ့ပါတယ်။ (အဆိုပါ ဟောပြောချက်ကို Talking about sexualityတွင် နားဆင်နိုင်ပါသည်။) လောကကြီးဟာ တချို့တွေ တွေးသလောက် မဖြောင့်ပါဘူး။ အတွင်းစိတ်ထဲမှာ ငုပ်နေတဲ့ ခုခံမှု ယန္တယားရဲ့ အလုပ်လုပ်ပုံကလည်း အလွန် ပွေလီလှပါတယ်။

မေး။   ။ အိမ်ထောင်ပြုပြီးမှ လိုင်းပြောင်းသွားတတ်သူတွေ ရှိတယ်ဆိုရင် အိမ်ထောင်မပြုခင်က သူတို့ကိုယ် သူတို့ မသိနိုင်ဘူးလား ဆရာ။

အတ္တကျော် ။ လိင်တူချင်း တပ်မက်သူက စုစုပေါင်း ၆ မျိုး ရှိပါတယ်။ (၁) အပွင့် (receiver)၊ (၂) အပုန်း (receiver)၊ (၃) ဂလန် (၀ါ) နှစ်ဖက်ချွန် (၀ါ) Bi (both receiver and provider and finds pleasure in both sexes) ၊ (၄) သ…ူငယ် (provider) (၅) Offer (provider) နဲ့ (၆) အခြောက်တို့ ဖြစ်ပါတယ်။ တချို့ ပြောတဲ့ လိုင်းပေါင်းစုံ “မထသ”က အမှတ်စဉ် ၃ ဂလန်နဲ့ ၄၊ ၅ တို့သာဖြစ်ပါတယ်။ ၄ နဲ့ ၅ ကကျတော့ အပုန်းတွေ၊ အပွင့်တွေ၊ ဂလန်တွေဆီက ချူစားနေသူမို့ ပိုပြီး “မထသ”ဖြစ်ဖို့ များတယ်။ အမှတ်စဉ် ၆ က ရှုပ်ထွေးတယ်။ သူက လူက နွဲ့နေ၊ နုနေ၊ အလှကြိုက်နေ၊ သန့်နေတတ်ပေမယ့် လိင်ကိုင်းညွတ်မှု ရှိချင်မှလည်း ရှိမယ်၊ ရှိချင်လည်း ရှိမယ်။ အပုန်းတွေဟာ တစ်ခါတစ်ရံ သူတို့ရင်ထဲက ကိစ္စကို သူတို့ကိုယ်တိုင်တောင် မသိပါဘူး။ နာမည်နဲ့ မပြောကောင်းလို့သာပါ၊ မြန်မာပြည်မှာ အထင်ကရ တစ်ယောက် ရှိဖူးပါတယ်။ သူဟာ အသက် ၃၅ နှစ်လောက်အထိ မိန်းမပွေသူပါ။ သူ့ကိုယ်သူလည်း မသိပါဘူး။ ခုခံမှု ယန္တယားရဲ့ စေ့ဆော်မှုကြောင့် သူဟာ တကယ့် ကျားကျားလျားလျား ယောက်ျားတစ်ယောက်လိုပဲ နေနေခဲ့ပါတယ်။ ဒါပေမယ့် သည်သဘာဝကို နားလည်တဲ့ offer တစ်ယောက်နဲ့ ၃၅ ကျော်မှ တွေ့ပြီး သေသည်အထိ အဲဒီ့ဘ၀ကို ခံယူသွားပါတယ်။ သေခါနီးမှာ သူ့အကြောင်းနဲ့သူ မိန်းမ ယူပြသွားလိုက်ရသေးတယ်ဗျို့။ အဲဒါဟာ ခုခံမှု ယန္တယားရဲ့ ပွေလီပုံပါပဲ ခင်ဗျား။

မေး။       ။အိမ်နီးချင်းနိုင်ငံတစ်ခုနဲ့ စာရင် မြန်မာပြည်မှာက ဒီလို လိင်တူချင်းနှစ်သက် အတူနေထိုင်သူတွေကို မြင်ရတာ နည်းပါးပါတယ် ဆရာ။  မြန်မာပြည်မှာ လိင်တူချင်းအတူနေထိုင်သူ ပမာဏအင်မတန်နည်းပါးပါတယ်လို့ ယူဆလို့ရပါသလား။

အတ္တကျော် ။   ။ မြင်ရနည်းတာနဲ့ ရှိခြင်း၊ မရှိခြင်းက ဆက်စပ်ရ ခက်မယ် ထင်ပါတယ်။ ဒါတွေက ဘုရားလက်ထက်တော်ကတည်းက ရှိခဲ့တာ ကျမ်းဂန်တွေမှာ အထင်အရှားပဲလေ။ မြန်မာ့လူ့ဘောင်ကလည်း လူတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့ဘောင်မို့ တခြားလူ့ဘောင်တွေနည်းတူ ရှိနေတာပါ။ တစ်ခုပဲ၊ ပတ်ဝန်းကျင်က မတူသလို မတန်သလို ဆက်ဆံခံရမှာကြောက်၊ ဒါကြီးကို လွဲမှားနေတယ်ဆိုတဲ့“အစွဲမှားကြီး”နဲ့ လွဲနေတာများကြောင့် အပွင့်ထက် အပုန်းက များနေလို့သာ ကျွန်တော်တို့ဆီမှာ အမြင်ရ နည်းချင်သလိုလို ဖြစ်နေတာပါ။

ကျွန်တော်တို့ တခြားတဖက်က ဆင်ခြင်ကြည့်ရအောင်လား။ ပညတ်ချက်တွေ၊ ပတ်ဝန်းကျင် လူအများရဲ့ ငြင်းပယ်မှုတွေကြောင့် အပုန်းတွေ ဖြစ်နေကြတယ်ဆိုတဲ့အချက်က ယုတ္တိတန်လိမ့်မယ် ထင်ပါတယ်။ အဲလို ပုန်းနေခြင်းကြောင့် အရွယ်မရောက်သေးတဲ့ ဆယ်ကျော်သက်တွေဟာ အပုန်းတွေရဲ့ သားကောင်တွေ ဖြစ်ကုန်ကြရတယ်၊ ခုနကပြောတဲ့ အတွင်းစိတ်ထဲမှာ ငုပ်နေတဲ့ ခုခံမှု ယန္တယားကြောင့် ဆန့်ကျင်ဘက်လိင်နဲ့ သူတို့ လက်ထပ်ပြီး အိမ်ထောင်ပြုထားကြတယ်။ အဲဒီ အမျိုးသမီးတွေ ဓားစာခံ ဖြစ်ရတယ်၊ တကယ်လို့သာ သူတို့ရဲ့ ခုခံမှု ယန္တယားကြောင့် ကလေးသားမြေး မွေးတဲ့အထိ ဖုံးပြထားပေမယ့် တချိန်မှာ ဆန္ဒအလိုကို မျက်စိမှိတ်လိုက်ရင်း ဖုံးမရ ဖမိရဖြစ်လာတဲ့အခါ အဲဒီ့ ကလေး သားမြေးတွေမှာ အရှက်ကွဲ၊ အကျိုးနည်းကြရပြန်တယ်။အဲလို ဖအေက မွေးလာပြီး လုပ်မိလုပ်ရာ လုပ်ရာက မူးယစ်ဆေးမှုနဲ့ ထောင်ဒဏ် နှစ် ၃၀ ကျော်ကျနေရင်း ထောင်ထဲမှာပဲ တိမ်းပါးသွားသူ တစ်ယောက် အကြောင်း ကြားလိုက်ရတာ မကြာသေးပါဘူး။ ခမျာမယ် သူ့ဖအေ ဘယ်သူဆိုတာ လူကြားထဲ ထုတ်မပြောရဲတဲ့ ဘ၀နဲ့ နေခဲ့ရတာပါ။ မပြောရဲဆို သူ့အဖေက နာမည်ကျော် အပွင့်ကြီး ဖြစ်သွားတာကိုး။

အဲတော့ သူတို့ ဖုံးနေ၊ ပုန်းနေတာဟာ သူတို့ကိုယ်သူတို့သာမက တခြား အပြစ်မဲ့ လူသားတွေကိုပါ ထိခိုက်နေတာ အသေအချာပါ။

သူတို့ကိုသာ ပွင့်လင်းခွင့်ပေးလိုက်မယ်ဆိုရင် သူတို့လည်း ဘယ်ဖုံးနေ ပုန်းနေတော့မလဲ။ အဲဒါဆိုရင် သူတို့ရဲ့ ကြိတ်ပုန်း သားကောင် ဖြစ်ရရှာလေမယ့် ဆယ်ကျော်သက်လေးတွေ၊ ဓားစာခံ ဖြစ်လေမယ့် အမျိုးသမီးတွေနဲ့ လူတော မတိုးရဲမယ့် လူသားတွေ လျော့ပါးသွားနိုင်မလားဆိုတာ စဉ်းစားနေမိပါတယ်။ သည်အတွက် ကျွန်တော်ကတော့ သူတို့ကို ပွင့်လာစေချင်တယ်။ အဲဒါကို “အားပေး အားမြှောက်”လို့ တံဆိပ်ကပ်မယ်ဆိုရင်လည်း ကျွန်တော် ခံလိုက်ပါတော့မယ်။ ကျွန်တော့်စေတနာက သားကောင်တွေနဲ့ ဓားစာခံတွေ မနစ်နာစေချင်တာလေ။ လူတို့ရဲ့ လိင်စိတ်နဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေကို အနည်းအပါး လေ့လာကြည့်မယ်ဆိုရင်တော့ ဒါဟာ သိပ်ကြီးကျယ်လှတဲ့ ပြဿနာ မဟုတ်ပါဘူး။ ညိုညို ကြိုက်တဲ့သူ၊ ဖြူဖြူကြိုက်တဲ့သူ၊ ထောင်ထောင်မောင်းမောင်း ထွားထွား ကြိုင်းကြိုင်း ကြိုက်တဲ့သူ၊ ပိန်ပိန်သွယ်သွယ် ကြိုက်တဲ့သူများနည်းတူ သူတို့သည်လည်း သူတို့ ကြိုက်ချင်ရာ ကြိုက်ကြတာဖြစ်သလို ဘယ်သန် ညာသန်များနည်းတူ အများနဲ့ မတူတဲ့ တစ်ဖက်မှာ သန်နေတာမို့ မူမှန်တယ်လို့သာ ပြောနိုင်ပါလိမ့်မယ်ခင်ဗျား။အိမ်နီးချင်းနိုင်ငံမှာ အပွင့်တွေ နေရာတကာမှာ တစ်နေ့တခြား သိသိသာသာ ပိုများလာတယ်ထင်ရင် တောင်ပြုန်းပွဲကို တစ်ခေါက်လောက် သွားကြည့်လိုက်စေချင်ပါတယ်။ ဘယ်နိုင်ငံက ပိုများလဲဆိုတာ မျက်စိနဲ့ တပ်အပ် မြင်စေချင်လို့ပါ။ တချို့က ပွဲတွေ၊ ပြိုင်ပွဲတွေ၊ အစီအစဉ်တွေ၊ လှုပ်ရှားမှုတွေ လိုတာထက် များနေလို့ အဲဒီ့စိတ် မရှိတဲ့သူက အလကားနေရင်း အဲဒီ့စိတ် ပေါက်ကုန်တာလို့ ထင်ကြတယ်။ သည်စိတ်ဟာ အဲသလို လှုံ့ဆော်ယူလို့ ရတာမျိုး မဟုတ်တဲ့အချက်ကို အင်မတန်မှ သတိထားသင့်ပါတယ်။

အဲဒီ့နိုင်ငံမှာ သိသိသာသာ ပိုများနေတာနဲ့ ပတ်သက်တဲ့ တချို့သူတွေရဲ့ အဆိုကြမ်းတစ်ခုကတော့ လွန်ခဲ့တဲ့ နှစ် ၃-၄၀ အတွင်းမှာ အဲဒီ့နိုင်ငံသူတွေ ပဋိသန္ဓေတားဆေးများကို ပဲလှော်ဝါးသလို ၀ါးခဲ့ကြတာရဲ့ အကျိုးဆက်လည်း ဖြစ်နိုင်တယ်လို့ ဖတ်ဖူးပါတယ်။ အတည်ပြုလို့ မရတဲ့ အဆိုကြမ်းပါပဲ။
ကျား-မ၊ အသားအရောင်၊ ကိုယ်အင်္ဂါပြည့်စုံမှု-ချို့ယွင်းမှု၊ ကိုးကွယ်ယုံကြည်မှု၊ ဇာတိမျိုးနွယ်၊ အသက်အရွယ်များကြောင့် လူနဲ့ လူချင်း မတူသလို မတန်သလို ဆက်ဆံတာ (discrimination) ကို လက်မခံဘူး၊ ကျားဖြစ်ဖြစ် မဖြစ်ဖြစ်၊ ဘယ် ဇာတိကဖြစ်ဖြစ်၊ ဘာဘာသာပဲ ကိုးကွယ်ကိုးကွယ်၊ ကျိုးကျိုး ကန်းကန်း လူကို လူလိုသာ မြင်ရေးကို ဦးစားပေးချင်တယ် ဆိုကြပါရင် သည်ကိစ္စမှာလည်း လိုတာထက် များတာတွေ၊ နည်းတာတွေ၊ သိသိသာသာ ပိုများတာတွေကို ကြောင့်ကြစိုက်မနေတော့ဘဲ ကိုယ်နဲ့ တန်းတူ လူသားများအဖြစ် ရှုမြင်ပေးသင့်နေပါပြီ။ ဒါဆိုရင်တော့ ကျွန်တော်တို့ နေထိုင်တဲ့ လောကကြီးဟာ သိပ်ကို မင်္ဂလာရှိနေမှာပါခင်ဗျား။

ပုန်းပုန်းပွင့်ပွင့်၊ ဘိုင်၊ ဂလန် ကြိုက်တာဖြစ်၊ သူတို့သည်လည်း ၃၁ ဘုံမှာ ကျင်လည်နေတဲ့ ဝေနေယျသတ္တ၀ါအပေါင်းထဲမှာ ပါဝင်တဲ့ ကျွန်တော်တို့နဲ့ အတူတူ လူသားတွေပဲ မဟုတ်ပါလားခင်ဗျာ။

မေး။     ။ ခုနက ဆရာပြောသွားတာက အရွယ်မရောက်သေးတဲ့ ဆယ်ကျော်သက်တွေ၊ ကလေးအရွယ်တွေက အပုန်းတွေရဲ့ သားကောင်ဖြစ်ရတယ်ဆိုတာကို နည်းနည်းလောက် ရှင်းပြပါ ဆရာ။

အတ္တကျော် ။   ။ ဆယ်ကျော်သက်အရွယ် ကြီးကောင်ဝင်စမှာ လိင်ကိစ္စကို စိတ်ဝင်စားတတ်တာ သဘာဝပါ။ သည်အရွယ် သည်အချိန်မှာ ဘာဆို ဘာမှ ကောင်းကောင်းကန်းကန်း မသိသေးဘူး။ သည်အချက်ကို အပုန်းတွေက အခွင့်ကောင်းယူပြီး သူတို့ရဲ့ အာလျကို ဖြည့်ဆည်းပေးမယ့်သူများအဖြစ် စည်းရုံး သိမ်းသွင်းကြပါတယ်။ စည်းရုံးတယ်ဆိုပေမယ့် receiver အဖြစ် စည်းရုံးတာ မဟုတ်ဘဲ သူတို့လိုအင်ကို ဖြည့်ပေးမယ့် provider အဖြစ် စည်းရုံးတတ်တာပါ။ အရွယ်မရောက်သူတွေကို receiver အဖြစ် abuse လုပ်တာကတော့ heterosexual တွေလည်း လုပ်တတ်ကြတယ်။ အမျိုးသမီးတွေလည်း heterosexual acts အတွက် အရွယ်မရောက်သေးသူတွေကို ကျူးလွန်တတ်ကြတယ်။ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေလည်း သည်ဒဏ်ကို ခံကြရတယ်။ သို့သော် ရှက်လို့၊ ဖုံးဖိထားကြလို့၊ ကြောက်လို့ မပြောကြတာတွေ အများကြီးပါ။ ယောက်ျားများ လွှမ်းမိုးတဲ့ နေရာတွေဖြစ်တဲ့ အကျဉ်းထောင်တွေ၊ တူညီဝတ်စုံဝတ် အဖွဲ့တွေ၊ ဘုန်းကြီးကျောင်းတွေမှာ အဖြစ်များပါတယ်။ သို့သော် ဒါကိုလည်း လူ့ဘောင်ကပါ မသိစိတ်နဲ့ အလိုတူ အလိုပါ လုပ်ပြီး ဖုံးဖိပေးထားသလို ဖြစ်နေတယ်။ဒါနဲ့ ပတ်သက်လာရင် child sex offender တွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ လိုပြန်သလို awareness raising လည်း လိုပါတယ်။ အဲဒီ့ မဖွယ်ရာမှုကို ကျူးလွန်သူတွေက ပြင်ပက သူစိမ်းတွေ အင်မတန်မှ နည်းလှပါတယ်။ သုတေသနတွေအရ ကလေးတွေနဲ့ အတူနေပြီး ရင်းနှီးနေကြတဲ့ ဆွေမျိုးသားချင်းတွေ၊ ဆရာ/ဆရာမတွေ ကျူးလွန်တဲ့ အမှုက ရာခိုင်နှုန်းပိုများကြောင်းပါ။

မေး။  ။ စိတ်မှာ လိင်တူနှစ်သက်သူဖြစ်နေပေမယ့် အကြောင်းကြောင်းကြောင့် ပွင့်ပွင့်လင်းလင်း မဖြစ်ရတဲ့အခါ ကာယကံရှင်ကိုယ်တိုင်ကို ဘယ်လိုထိခိုက်နိုင်တာတွေ ရှိနိုင်သလဲဆရာ။

အတ္တကျော် ။   ။ အဖြေက ရှင်းပါတယ်။ ဆာလောင်မွတ်သိပ်နေသူ အစာမစားရဘဲ ငတ်လွန်းမက ငတ်လာတဲ့အခါ ဘယ်လို ဖြစ်လာမလဲ။ သည်လိုပါပဲ။ သိပ်ကို တောင့်တ တပ်မက်တာတစ်ခုကို လူမသိအောင် ဖုံးဖိထားရသူရဲ့ စိတ်အခြေအနေဟာ အကဲဆတ်နေတော့မှာ ဖြစ်ပါတယ်။

မေး ။   ။ လိင်တူချင်းနှစ်သက်တာဟာ စိတ်ရောဂါတစ်ခုပါလား ဆရာ။

အတ္တကျော် ။   ။ မဟုတ်ပါဘူး။ အရင်က စိတ်ပညာစာအုပ်တွေမှာတော့ အဲဒါကို စိတ်ရောဂါစာရင်းမှာ ထည့်ထားခဲ့ကြဖူးတယ်။ ခုနှစ်တော့ မမှတ်မိဘူး၊ ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လိင်တူချင်း တပ်မက်မှုကို စိတ်ရောဂါ စာရင်းက တရားဝင် ပယ်ဖျက်ပေးခဲ့တာ နှစ်နဲ့ ချီနေပါပြီ။

မေး ။   ။  တရားသဘောနဲ့ ပြောမယ်ဆိုရင် အတိတ်ကံလို့ ပြောလို့ရပါသလား ဆရာ။

အတ္တကျော် ။   ။ အဲဒါက ကျွန်တော် သိပ်လက်လှမ်းမမီတဲ့ နယ်ပယ်ပါ။ ကျွန်တော့် ဗုဒ္ဓဘာသာ အသိလေး တစ်ထွာတစ်မိုက်နဲ့ဆိုရင်တော့ ဟုတ်ပါတယ်လို့ ဖြေလိုက်ရမယ် ထင်ပါရဲ့

မေး ။   ။  အခြေအနေတွေကတော့ ဖြစ်လာခဲ့ပြီ။ ဒါပေမဲ့ အကောင်းဆုံးဖြစ်အောင် ဘာတွေ လိုအပ်ပါမလဲ ဆရာ။

ဆရာအတ္တကျော် ။   ။ Awareness raising, acceptance, non-discrimination ပါပဲ။ အများစု အနေနဲ့ ဒါဟာ ရှောင်လွှဲလို့ မရတဲ့ အရာ၊ ဘုရားဟောခဲ့သလို လူတိုင်း တစ်မျိုးမဟုတ် တစ်မျိုး ရူးနေကြတာမို့ သူတို့ကို မူမမှန်ဘူးလို့ သတ်မှတ်မယ်ဆိုရင် ကိုယ်လည်း မူမမှန်သူဖြစ်တာကို နှစ်နှစ်ကာကာ လက်ခံပြီး သူတို့တွေကို တန်းတူ ရည်တူ လူသားများအဖြစ် ဆက်ဆံပြီး သူတို့ကြိုက်တာ သူတို့ ကြိုက်ခွင့်ပေးလိုက်နိုင်ရင် အကောင်းဆုံးပါပဲ။

စကားစပ်လို့ ပြောရရင် လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်က ကျွန်တော့်ကို တစ်ယောက်က မေးဖူးတယ်။ အဲတုန်းက ကျွန်တော့်သားအသက်က ၈နှစ်လောက်ပဲ ရှိသေးတယ်။ သူ့ လိင်စိတ်ကို တိတိကျကျ မသိရသေးတဲ့ အရွယ်ပေါ့။ အဲဒီ့လူက မေးတယ်၊ လိင်တူချင်း စုံမက်သူတွေကို ဘယ်လို သဘောထားလဲတဲ့။ လူတွေလိုပဲ သဘောထားတယ်လို့ ကျွန်တော်ဖြေတော့ သူက သိပ်ဘ၀င်မကျဘူး။ ဒါနဲ့ ဆက်မေးတယ် “ခင်ဗျားသားသာ လိင်တူချင်း တပ်မက်မယ်ဆိုရင် ခင်ဗျား ဘယ်လိုနေမလဲ”တဲ့။ ကျွန်တော် မဆိုင်းမတွပဲ ဖြေလိုက်ပါတယ်။ ဘယ်လိုမှ မနေပါဘူး၊ သူက ကျွန်တော့်သားပဲ။ ကျွန်တော် သဘောမတူတဲ့ မိန်းမနဲ့ အိမ်ထောင်ပြုသလောက်ပဲ ကျွန်တော် ခံစားရမှာပါလို့။

အဲဒီ့အတွေးအမြင်မျိုး မွေးနိုင်ကြမယ်ဆိုရင်တော့ လောကကြီးက နေလို့ ကောင်းနေမှာပါ။ မမေ့သင့်တဲ့အချက် နောက်တစ်ချက်က လိင်တူချင်း စုံမက်သူတွေထဲမှာလည်း သိပ်ကို ထူးချွန် ထက်မြက်သူတွေ ရှိနေတာပါပဲ။ မြန်မာပြည်မှာ အထင်ကရ ရှိဖူးသလို ရှိနေသလို ကမ္ဘာမှာလည်း မနည်းပါဘူး။ အထင်ရှားဆုံးကတော့ အမေရိကန် သမိုင်းရဲ့ ပြောစမှတ်အတွင်ဆုံး သမ္မတကြီး (လင်ကွန်း လင်ကွန်းလို့ မြန်မာတွေ ခေါ်ကြတဲ့) အေဘရာဟင်(မ်) လင်းခန်း(န်)ပါပဲ။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ဆရာ။

Advertisements

63 thoughts on “On Homosexuality

  1. Facebook ပေါ်က ဆွေးနွေးချက်များ

    Phoe Galon – လူငယ်တွေ လမ်းလွဲကုန်ရင် ခက်မ​ယ်နော်၊၊ ဘယ်လိုပဲ ဇြစ်နေပါစေ ကျွန်တော်ကတော့ကြက်ခြေခတ်ပါ​ပဲ။ တစ်နှစ်ထက်တစ်နှစ် တောင်ပြုံးပွဲမှာ၊ ကျုံးဘေးမှာ များပြားလာတဲ့ အရေအတွက်က ကြောက်စရာကောင်းတော့ ပိုများလာပြီး ပိုပြီးပေါ်တင် အတင့်ရဲလာမှာကမှ စိုးရိမ်စရာလို့ မြင်ပါတယ်​။

    Atta Kyaw – စာများများ ဖတ်ပါ ဆရာဖိုးဂဠုန်။ လူငယ်တွေ လမ်းလွဲကုန်ရအောင် သည်စိတ်က ဇွတ်လုပ်လို့ရတဲ့ စိတ်မျိုး၊ ဇာတ်သွင်းလို့ ရတဲ့ စိတ်မျိုး၊ လှုံ့ဆော်လို့ ရတဲ့ စိတ်မျိုး မဟုတ်တာလောက်ကို သဘောပေါက်အောင် အရင် သေချာ နှံ့စပ်အောင် ဖတ်ရှုတော်မူပါဦး။

    အကျဉ်းထောင်တွေကို ရောက်ရှိသွားတဲ့ ငယ်ရွယ်နုနယ်သူ ယောက်ျားသားတချို့ဟာ သူတို့ အလို မတူဘဲ ထောင်ထဲမှာ အဓမ္မပြုကျင့် ဇာတ်သွင်းခံခဲ့ရတဲ့ ဇာတ်လမ်းတွေ ရှိပါတယ်။ ကြောက်လို့၊ အားချင်းမမျှလို့ နှစ်နဲ့ချီပြီး အဲဒီ့ ဒဏ်ကို ခံခဲ့ရပေမယ့် အပြင်ကို ပြန်ရောက်လာတဲ့အခါ လိင်တူချင်း တပ်မက်သူ ဖြစ်မလာကြဘဲ လိင်ကွဲကိုမှ တပ်မက်သူများအဖြစ် ပြန်လည် ရပ်တည်နေသူတွေ အများအပြားပါ။

    အမြင်ကို တတ်နိုင်သမျှ စုံအောင် ချဲ့ထွင်နိုင်ဖို့အတွက် စာများများ ဖတ်ပေးပါလို့ပဲ ထပ်မံပြီး အလေးအနက် မေတ္တာရပ်ခံလိုက်ပါရစေခင်ဗျား။

    Phoe Galon – ဆရာခင်ဗျား၊ ကျွန်တော်တို့ MDY မှာ ၁၀နှစ်အတွင်း homosex တွေများလာပါသည်။ ဆရာပြောသလို ခွင့်ပြုလိုက်ဖို.ဒီနိုင်ငံ​နှင့်မဖြစ်နိုင်ပါ။အဖော်သုံးဖို.
    ကြော်ငြာဘုတ်တွေမှာ ၊ CSW(commercial sex worker)တွေကို အိမ်တိုင်ယာရောက် လိုက်ပြီး ကျန်းမာရေး ပညာပေးတာတွေလုပ်တော့ “ဟောရင်းသာပြန်လွန်တော်မူသွားတယ် ပရိတ်သတ်က ဒုံရင်း” ပါပဲ။ သူတို့ (CSW)တွေတောင် မလွယ်တာ​ ဆရာ့ရဲ့။ သူတို့ဆိုရင် ဘယ်လိုမှတောင် ပြောရမှာ မဟုတ်ဘူး။ ပြီးတော့ လိင်ကူးဆက်ရောဂါ(STD)တွေ ၊ HIVဆေး သောက်ဖို.ပြောရမှာတွေ၊ သွေးစစ်လို့ positive ဆိုတာကို ဘယ်လို တုံ့ပြန်မလဲဆိုတာတွေ၊ ရိုးရိုး ဆရာဝန်တွေက ဆေးတွေ ရမ်းပေးလို့ ဆေးမတိုးေ​တာ့ရင်၊ ပတ်ဝန်းကျင်က အခြောက် ဆိုတာနဲ့ HIV ရောဂါသည် ဘယ်ဟာကိုပိုနှာခေါင်းရှုံ့မ​လဲ။ MDY မှာ ည ၉ နာရီကျော်လောက် ကျုံးဘေးမှာ တစ်ယောက်တည်း ဆိုင်ကယ်စီးသွားရင် ဘယ်လိုလဲဆိုတာ MDY က ကိုကိုကာလသားတွေ သိပါတယ်။ ဆရာ စံဇာဏီဘိုရဲ့စာအုပ်တစ်အုပ်​ထဲမှာ ရန်ကုန်က ပိုက်ဆံရှိတဲ့ သူဌေး အသိုင်းအဝန်းမှာတောင် ရှိတယ်ဆိုတာဖတ်ဖူးပါတယ်။ သူတို့ကိုခွင့်ပြုပြီးတော့ သူတို့အတွက် ဘာလုပ်ပေးမှာလဲ။
    ဥပမာ။ ။ ART(HIV ဆေး) အလကားပေးမှာလား။ ယခု လက်ရှိ ရောဂါရှိသူတွေ(Register လုပ်ပြီးသူတွေ)တောင် (၁လစာ=၅၀၀၀၀အောက်ထစ်) သူများအကူညီနဲ့ ဆေးပေးနေ ရတာဘယ်သူပေးမှာလဲ။ လဲပေါင်းများစွာနဲ့ လားပေါင်း များစွာအတွက် ဘယ်သူ တာဝန်ယူမလဲ ထည့်တွေးရင်း ဆရာအဓိပါယ်ရှိတဲ့ (ဥပမာ။ ယောကျာင်္းမိန်းမတန်းတူအခွင့်​အရေး ရရေး) အလုပ်တွေကို တွေးဆ ဆင်ခြင်နိုင်ပါစေ။

    Atta Kyaw – အေးဗျာ… ပုန်းနေတာနဲ့ ပွင့်နေတာနဲ့ ဘယ်ဟာက ပိုပြီး အလုပ်လုပ်လို့ လွယ်သလဲဆိုတာလောက်လေးပဲ ဆင်ခြင်တော်မူပါဦး ခင်ဗျား။ ကျန်တဲ့ လားတွေ လဲတွေက ဝေးပါတယ်။ ပုန်းပြီး ၁၃ – ၄ နှစ်သားလေးတွေ လူမသိ သူမသိ အကြံ ခံနေရတာ ကောင်းသလား၊ ပွင့်ပြီး ၁၃- ၄ နှစ်သားလေးတွေ ရှောင်နိုင်ရင် ကောင်းသလား ဆိုတာလောက်လေးပဲ တွေးကြည့်တော်မူပေးပါခင်ဗျာ​။

    Aungkahing Mawtun
    – ကျွန်တော်ကတော့ ခွင့်မပြုသင့်​ဘူးလို့ ထင်ပါတယ်။ ဆေးပညာရှု​ထောင့်ကကြည့်ပြီး မဟိုမုန်းများသွားလို့ ခြောက်တယ်ဘဲပြောပြော စိတ်ပညာရှုထောင့်က ကြည့်ပြီး စိတ်ကြောင့် ခြောက်တယ်ဘဲပြောပြော ခြောက်ပြီးသား လူတွေကတော့ ခြောက်လက်စနဲ့ ခြောက်ပါစေ။ သူတို့​ကို တရားဝင်ခွင့် ပေးလိုက်ရင်မသိနားမလည်သေးတဲ့သူတွေကို သူတို့လိုင်းထဲကို သွင်းတော့မှာလေ။ နီးစပ်မှုကြောင့်ဘဲဖြစ်ဖြစ်၊ ဖျားယောင်းမှုကြောင့်​ဘဲဖြစ်ဖြစ် သူတို့အုပ်စုထဲကို ရာက်သွား​ပြီး ဒါကို သူတို့အသိုင်းအ၀ို​င်းကို ကျယ်ပြန့်သထက် ကျယ်ပြန့်အောင် လုပ်ကြတော့မှာ။ပြီးေ​တာ့ သူတို့က ယောက်ကျားအားနဲ့မိန်းမဥာဏ်ပိုင်ရှင်တွေလေ။

    Khin Hpone Yin: i read all comments and i just want to know how thai people manage for that problem? In Thailand their shows are also tourist attractions.

    Atta Kyaw
    : In my view, the majority of Thai people are very tolerant of anything, and hence they do not see it as a “problem,” but as an “unavoidable nature.” I believe their development is far ahead of us just because of their great tolerance towards contrary points of view. On the other hand, we, Shwes, are prone to kick up a tremendous fuss about EVERYTHING !!! 😦

    San Tin: Some want to come out of the closet or some still want to be in closet.It doesn’t bother me at all. BUT SOME PEOPLE ARE WATCHING THOSE TYPE OF PEOPLE(GAY OR LESBIAN OR HOMO OR FAGGOT WHATEVER YOU NAME IT) AND GET MISERABEL.IT’S YOUR CHOICE.Life is too short and move on. Everyone has on its own life. We have our own life ahead of us.

    Win Kyu – ဆရာရေ.ဒီမှာ(US).ခုခေတ်စားေ​နတယ် ခေါ်မလား၊ တလောကဖတ်လိုက်ရတာက မွေးလာတဲ့ကလေးရဲ့ sex ကို မိဘနဲ့မွေးပေးတဲ့ဆရာဝန် ဆရာမကလွှဲရင် မသိအောင် လျှို့ဝှက်ထားတယ်ဆိုဘဲ။ ကလေးသိတတ်တဲ့အရွယ်ရောက်မှ သူ့စိတ်ကြိုက် ရွေးစေမဲ့ သဘောပေါ့။ ကျမဖြင့်နားမလည်နိုင်ပါဘူး။ ဆရာ့သဘောထားလေး သိပါရစေရှင့်။

    Atta Kyaw: Daw Win Kyu ခင်ဗျ။ အဲဒီ့ ဇာတ်လမ်းတွေက အတော်ရှုပ်သားလား ခင်ဗျ။ ကျွန်တော်ဖြင့် ဘာမှကို သဘောထား မပေးရဲအောင်ပါပဲခင်ဗျာ။ တကယ်တော့ အဲဒီ့ စိတ်တွေနဲ့ ရွေးချယ်ခွင့်ဟာ… အင်း… တကယ်တော့ တစ်ဦးချင်းစီရဲ့ မွေးရာပါ အခွင့်အရေးပါပဲ။ ကိုယ့်စိတ်နဲ့ ကိုယ့်ရုပ်တောင် ကိုယ်မှ မပိုင်ကြတဲ့ သူချင်းအတူတူ သူများတွေကို ဘာဖြစ်စေ၊ ဘာမဖြစ်စေနဲ့ ပြောမိရင် တရားမဲ့သူကြီးများ ဖြစ်နေမလားပဲနော်။ ကျွန်တော့်သဘောကတော့ အဲဒီ့ အတိုင်းပါပဲ ခင်ဗျား။

    • အပေါ်က comment ကို နည်းနည်းလေး ဆွေးနွေးချင်ပါတယ်…..အမှားပါရင် ခွင့်လွှတ်ပါ… HIV ဟာ MSM တွေကြောင့်လို့ တထစ်ချပြော လို့ မရပါဘူး…MSM တွေကြားမှာ အဖြစ်များတယ်… High Risk ဆိုတာ မှန်ပါတယ်… လိင်တူ လုံးဝစိတ်မ၀င် စား ပါဘူး ဆိုတဲ့သူ တွေမှာ လည်း ဒုနဲ့ဒေး ပါ…အဓိက က မျိုးဆက်ပွားကျန်းမာရေး ကို နားလည်သဘောပေါက်ကြဖို့ပါ…ကျုံးဘေးက ဆိုတာကိုလဲ.. စဉ်းစားပေးပါ…အခြောက်တစ်ယောက်.. အပွင့်ဆိုပါစို့.. မိန်းမ တစ်ယောက်လို ၀တ်စားပြီး သူ့လမ်းသူသွားနေတယ်.. အဲ့ဒါ ကို ဘယ်သူတွေဝိုင်းနောက်မလဲ…ယောက်ျားစစ်စစ်ဆိုတဲ့သူတွေပဲ ၀ိုင်းနော်ကျမယ်.. ယေဘူယျသဘောက်ုပြောတာနော်… ဆိုလိုတာ က .. မီးများမီးနိုင် ရေများရေနိုင်လို့ပဲ ထင်ပါတယ်….

      • ကျေးဇူးတင်ပါတယ် ဆရာမြတ်ဖြိုးကျော်။

      • ဟုတ်ပါတယ်… လူဆိုတာကိုယ်.အကြိုက်နဲံကိုယ်ပါ.. ကျွန်တောလဲ လိင်တူစိတ်ဝင်စားသူ တစ်ယောက်ပါ… အခြောက်တော့မဟုတ်ပေမဲ့ လိင်တူချင်းကို စိတ်ဝင်စားပါတယ်… daviddavid079@gmail.com က ကျွန်တော် ရဲံအီးမေးလ်လိပ်စာပါ။

  2. အခြောက်တွေကို လူလို သူလို မဆက်ဆံတာကိုတော့ လက်မခံပါဘူး…
    လူတိုင်းကိုယ်စိတ်နဲ့ ကိုယ် လုပ်ချင်တာလုပ်ခွင့်ရှိတာပဲ…
    ကျွန်တော့် သူငယ်ချင်းတွေထဲမှာ တိတ်တိတ်ပုန်းတွေရှိပါတယ်…
    အကြောင်းသိတဲ့ သူငယ်ချင်းတွေက နှိမ်ပြီးဆက်ဆံကြလို့  အင်မတန်သနားစရာကောင်းပါတယ်…
    သူတို့ လဲ လူတွေပဲဗျာ…လူလူသူသူဆက်ဆံကြတာပေါ့…
    ခင်ဗျားတို့ က မိန်းမတွေကျတော့ ယောင်္ကျားတန်းတူအခွင့်အရေးဘာညာ နဲ့ လူကြားကောင်းအောင်လျှောက်အောင်ပြီး အခြောက်တွေကျတော့ လူလိုမှ သဘောမထားကြတာ…

  3. ဆရာခင်ဗျ ခုတလောပြောနေကျတာလေးကတော့ ယောကျာ်းလေးတွေက မိန်းကလေးတွေ အလှပိုပြင်လာကြတယ်ဆိုတာပါပဲ…. ကျွန်တော် လေ့လာကြည့်တော့ ဟုတ်သလောက်ကို ဖြစ်နေပါတယ် ယောကျာ်းလေးတွေဟာ အရင်ကထက် ပိုပြီး အလှပြင်လာကြတာကို တွေ့ပါတယ်…… အဓိက ကျွန်တော် ဆွေးနွေးချင်တာက အဲ့ဒီလို ယောကျာ်းလေးတွေ အလှပိုပြင်လာကြတာဟာ နောက်ပိုင်းကြာလာရင် မိန်းမရှာတွေ များလာမယ်လို့ ကြားပါတယ်….အဲ့ဒီလိုဖြစ်တာက ဗုဒ္ဓဘာသာရဲ့ အယူဆတဲ့ အရင်က အခြောက် အဲ့ဒီလောက် ဘယ်မှာပေါလဲတဲ့…… နောက်ပိုင်း ဒီထက် ပိုပေါနေဦးမယ်တဲ့ အဲ့ဒါဟာ အရင်ဘ၀က သူများ သားမယားတွေကို စော်ကားခဲ့လို့ ဒီဘ၀မှာ ပြန်ခံရတာလို့လဲ ကြားမိပါတယ်….. ဒီလို အဖြစ်ပျက်တွေက တစ်ဖြည်းဖြည်းနဲ့ များလာတာလဲ ကြားသိရပါတယ်…..ဆရာ့ရဲ့ အမြင်လေးကို သိပါရစေ။။

    • မေးတဲ့နေရာ မှားနေတယ် ထင်ပါတယ်။ လောကီကိစ္စတွေကို ဘာသာရေးနဲ့ မေးရမယ့် နေရာ မဟုတ်ဘူးဗျ။ 😦

      လောကမှာ သူများ မယားကို ကျူးလွန်တဲ့ ကြာကူလီထက်စာရင် သူများလင်ကို ခိုးတဲ့ မယားငယ်တွေ၊ အမြှောင်မယားတွေ၊ တိတ်တိတ်ပုန်းမိန်းမတွေက ပိုမများဘူးလားဗျာ။ ခင်ဗျား ကြားဖူးတဲ့ သီအိုရီအရဆိုရင် ယောက်ျားလျာတွေပဲ ပိုပေါမနေသင့်ဘူးလား 😦

      ယောက်ျားတွေဖြစ်တဲ့အတွက် မျက်နှာမှာ အမာရွတ်တွေ ဖြစ်လာအောင် ဓားနဲ့ မွှန်းပေးရမယ်၊ မျက်နှာ မသစ်၊ သွားမတိုက်ရဘူး၊ ၀က်ခြံဗရပျစ်နဲ့ နေရမယ်လို့တော့ ကြားဖူးပေါင်ဗျာ။ ယောက်ျားလည်း အသားနဲ့ အရေနဲ့ပဲ။ လှချင်မှာပေါ့။ အဲဒါနဲ့ပဲ မိန်းမလျာ ဖြစ်ရမယ်ဆိုတာကြီးလည်း နိပ်ဘူးဗျ။ ဘယ်က အတွေးအခေါ်တွေ တင်သွင်းပြီး လာမေးနေမှန်း သိပေါင်ဗျာ။ အလွန် စိတ်လေမိပါရဲ့။ 😦

      • အမှန်ကိုသိခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ

      • ဆရာ………..မြန်မာ နိုင်ငံက မိဘတွေက အခြောက်စိတ်ကို ပြင်လို.ရတယ်လို. ယူဆထားကြပါတယ်…..ပြင်လို.မရဘူးဆိုတာကို ဘယ်လို ရှင်းပြရမလည်း ဆရာ……
        မနွဲ.ရင် ယေက်ျား၊ နွဲ.ပြီး မိန်းမလို ၀တ်မှ အခြောက်လို. လူကြီးတွေက ထင်ကြပါတယ် ဆ၇ာ ……

  4. တစ်ချို့ပြောနေတဲ့ ဆွဲဆောင်ဖျားယောင်းတယ်ဆိုတဲ့စကားနဲ့ပတ်သက်ပြီး နဲနဲဆွေးနွေးချင်တာလေးကို ရေးလိုက်ရပါတယ် အမှားပါရင်ခွင့်လွှတ်ပေးပါနော်။ တကယ်တော့ လိင်တူချင်းဆက်ဆံရေးမှာမှ မဟုတ်ပါဘူး ဘယ်လိုကိစ္စမျိုးမှာမဆို ဆွဲဆောင်ဖျားယောင်းမှုတွေရှိနေမှာပါ။ ဒါပေမဲ့ ကိုယ်တိုင်က အသိပညာနဲ့ ဗဟုသုတကြွယ်ဝပြီး စာဖတ်အားရှိထားမယ်ဆိုရင် ဘယ်သူ့ဘယ်သူ ဘယ်နေရာကမှ ဆွဲဆောင်ဖျားယောင်းလို့မရနိုင်ပါဘူး။ မိမိအသိဥာဏ်နဲ့ချိန်ထိုးပြီးစဉ်းစားဆင်ခြင် ဆုံးဖြတ်နိုင်မှာပါ။
    အဲ့ဒီအချိန်မှာမှ လိင်တူချင်းပဲသဘောကျကျ ဆန့်ကျင်ဘက်ကိုပဲသဘောကျကျ အဓိကကိုယ်ရော သူပါထိခိုက်မှုမရှိအောင်နေတတ်လိမ့်မယ်လို့ယူဆပါတယ်ရှင်။

  5. ကျနော် ဆယ်ကျော်သက်အရွယ် (၁၂-၁၃) လောက်တုန်းက အခြောက်ရဲ့ အခွင့်ကောင်းယူမှုကို ခံရဖူးပါတယ်။ တကယ်တော့ လူပျိုတောင် မဖြစ်သေးတဲ့ အရွယ်ပါ။ ကျနော် တော်တော်ကို စိတ်လေသွားတယ်။ ဒါကြောင့် အခြောက်ဆို အခုအချိန်ထိ ရွံနေမိတယ်။

    ၁၆ နှစ် (၉ တန်းလောက်မှာ) လည်း အတန်းဖော်သူငယ်ချင်းတယောက်ရဲ့ သူ့ဆန္ဒပြေပျောက်ဖို့အတွက် (ယောင်္ကျားလို) ပြုကျင့်ဖို့ ကြံတာကို ခံခဲ့ရဖူးပါတယ်။

    ဆိုလိုတာကတော့ ဘယ်လိုစိတ်မျိုးရှိသူဖြစ်ဖြစ် နည်းမှန်လမ်းမှန်း မဟုတ်တဲ့နည်းနဲ့ ကိုယ့်အာသာဆန္ဒကို ဖြေဖျောက်ဖို့ ကြိုးစားတယ်ဆိုရင်တော့ ဒါဟာ မကောင်းတဲ့ အပြုအမူဖြစ်ပြီး နောက်ဆက်တွဲ ပြဿနာတွေ ရှိလာနိုင်ပါတယ်။

    ဘာရယ်တော့ မဟုတ်ပါဘူး၊ ကျနော်ကြုံတွေ့ရတာကို တိုက်ဆိုင်လို့ မျှဝေတာပါ။ ပွင့်လင်းခွင့် ပေးသင့်/မပေးသင့်ဆိုတာတော့ ကျနော် ဥာဏ်မမှီလို့ မဆွေးနွေးချင်တော့ပါ။

    • ကိုယ်လည်းကြုံ ဘူးပါတယ် ဒါပေမယ့်အားမနာတတ်တော့ ခါးမပါခဲ့ဘူးဗျ

    • စိတ်မကောင်းပါဘူး…အဲလိုအဖြစ်မျိုးကနေ လူတိုင်းကင်းဝေးနိုင်ပါစေ

  6. အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ topic လေးပါပဲ။ ကျွန်တော့်အမြင်ကိုလည်း နည်းနည်းလောက် ၀င်ဆွေးနွေးပါရစေ။ ကျွန်တော့်အမြင်သက်သက်မျှသာဖြစ်တဲ့အတွက် အမှန် ဖြစ်တယ်လို့လည်း မခံယူမိပါဘူး။ ကျွန်တော်ဟာ သာမာန် စာဖတ်သူမျှသာဖြစ်ပါတယ်။ စာဖတ်ပါးလည်း မ၀ပါဘူး။ ဒါပေမယ့် ဖတ်ဖူး၊ ကြားဖူး၊ မြင်ဖူးတဲ့အရာတွေကိုတော့ ဥာဏ် မီသလောက် လိုက်စဉ်းစားကြည့်မိ တတ်ပါတယ်။ အဲဒီအတွက် မှားတာ၊ အဆင်မပြေတာတွေ ပါရင်လည်း သည်းခံပေး ဖို့ မေတ္တာ ရပ်ခံပါတယ်။
    ပထမဆုံးအနေနဲ့ ယနေ့ခေတ် လူအများစု ငါးပါးသီလနဲ့ပတ်သက်လို့ ယုံကြည်ပုံ၊ ခံယူပုံကို အနည်း ငယ် ပြောချင်ပါတယ်။ ပြီးတော့ အားနည်းသူ (လူနည်းစု)ပေါ်ကို discriminate ဖြစ်စေမယ့် ယုံကြည် မှုမျိုးကို မထားမိစေဖို့လည်း စာဖတ်သူတွေကို တောင်းဆိုပါတယ်။ ကျွန်တော်က ငါးပါးသီလ အကြောင်းစပြောမယ် ဆိုတော့ နေရာမှားပြီးလာရေး တယ်လို့ မထင်စေချင်ပါဘူးခင်ဗျာ။ အာရုံစေစား ရာကို အရေအတွက်အရရော အရည်အချင်းအရပါ မခြွင်းမချန် သိ တော်မူတဲ့ သဗ္ဗညုတဥာဏ်တော် ကြီးနဲ့ ဗုဒ္ဓမိန့်သွားတဲ့ အဆုံးအမတွေဟာ လောကီရေးနဲ့ မဆိုင်ဘူးလို့လည်း ကျွန်တော်မယုံကြည်ပါဘူး။ ကျွန်တော်သိသလောက် သမိုင်းကြောင်းကိုပြန်ကောက်ရရင် ဗုဒ္ဓ ငါးပါးသီလကို ဟောခဲ့တာဟာ ရသ သူဌေးသားကို အကြောင်းပြုပြီး ဟောကြားခဲ့တာပါ။ သူက ဗုဒ္ဓကို မေးလျှောက်ပါတယ်။ လောကမှာ တချို့တွေက အသက်တိုကြ တယ်။ တချို့ကတော့ အသက်ရှည်ကြတယ်။ အဲဒါဘာကြောင့်ပါလဲ။ စသဖြင့် မေးပါတယ်။ အဲဒီမှာ ဗုဒ္ဓက သူတစ်ပါး အသက်ကို သက်ခြင်း၊ သူတစ်ပါးကို နှိပ်စက်ခြင်းဟာ အသက်တိုခြင်း၊….. စသည်တို့ရဲ့ အကြောင်းအရင်းပဲလို့ ဟော တော်မူပါတယ်။ တခြားသီလတွေကို လည်း အဲလိုပဲ ဟောတော်မူပါတယ်။ အဲဒီမှာ ဗုဒ္ဓဆိုလိုရင်းက လက်ရှိဘ၀မှာ ဒီ သီလတွေ ကို စောင့်ထိန်းရမယ်။ မစောင့်ထိန်းရင်တော့ ဒီလိုဒီလို အကျိုးတွေ ခံစားရမယ် လို့ ဟောလိုရင်းပါ။ ဒါပေမယ့် အခုလူတွေလက်ခံထားတာကတော့ ဟိုလူ ပိုလီယိုဖြစ်နေတာ အရင်ဘ၀က သူတစ်ပါး ကို နှိပ်စက်ညှင်းဆဲခဲ့လို့ ပေါ့ ဆိုတဲ့ မဆီမဆိုင် အတိတ်ဘ၀က အမူအကျင့်ပေါ်မှာ အပြစ်တင်သလို လို ဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့ ဒီလိုစဉ်းစားကြည့်ရအောင်။ ကျွန်တော်တို့တွေ နှစ်ခြိုက်စွာ ကျင်လည်နေကြတဲ့ ဒီသံသရာကြီးဟာ အစမထင်ဘူးလို့ ပြောစမှတ်ပြုကြပါတယ်။ အဲဒီလို အစမထင် တဲ့ ကမ္ဘာအသင်္ချေ ဆုတ်ကပ်အနန္တ သံသရာကြီးရဲ့ ဘ၀ဟောင်းပေါင်း များစွာမှာ ကျွန်တော်တို့ မလုပ် ဖူးတဲ့ မကောင်းမှုဆိုတာလည်း မရှိသလောက်ပဲလို့ တွေးယူနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုတောင် မယုံနိုင်လောက်အောင် ရက်စက်တဲ့ အကုသိုလ်တွေကိုလည်း လုပ်ခဲ့ဖူးကြမှာပါ။ ဒါပေမယ့် ကျွန်တော်တို့က ကိုယ်လုပ်ခဲ့တဲ့ အဲဒီအရာတွေကို မေ့ထားပြီး၊ အခုဘ၀မှာလည်း ခြောက်ပစ်ကင်း မနေနိုင်ဘဲ သူတစ်ပါးကိုတော့ ဒီကောင် အရင်ဘ၀က မုဒိမ်းကောင်မို့လို့ ဒီဘ၀ဒီလိုခြောက်နေတာပဲလို့ အလွယ်တကူပဲ တံဆိပ်ကပ်မိတတ်ကြပါတယ်။ လောကလူသားတို့အတွက် မဟာဂရုဏာတော်ကြီးနဲ့ ဘ၀ပေါင်းများစွာ ကျွန်တော်တို့တွေးလို့တောင် မကြည့်ဝံ့တဲ့ ပေးဆပ်ခြင်းတွေနဲ့ပါရမီဖြည့်သွားတဲ့ ဗုဒ္ဓရဲ့ အဆုံးအမတစ်ခုဟာ လူနည်းစုတွေကို အဖိအနှိပ်ခံဘ၀မျိုး ရောက်သွားစေတယ်ဆိုတာ မသင့်လျော်လှသလို ၀မ်းနည်းဖို့လည်းကောင်းလှပါတယ်။
    ဆရာ Sexuality အကြောင်းပြောခဲ့တဲ့ training မှာပဲ MSM (Men who have Sex with Men) တစ်ယောက်ရင်ဖွင့် တာကို နားထောင်ခဲ့ရပါတယ်။ အမှန်အတိုင်းပြောရရင် MSM တွေရဲ့ဘ၀ကို အဲဒီရောက်မှ သေချာနားလည်စာနာမိတာပါ။ ဒီလိုဖြစ်ပါတယ်ဆိုတာကို သူ့ကိုယ်သူ ငြင်းပယ်ရင်း (Deny လုပ်ရင်း)၊ သူ့အဖေနဲ့အဆင်မပြေရင်းနဲ့ပဲ သူ့ကိုယ်သူ MSM ပါလို့ နောက်ဆုံးမှာလက်ခံ လိုက်တယ်။ အပွင့် အဖြစ်နေလိုက်တယ်။ ဒီလိုဖြစ်နေတာကို အခုထိ တစ်ခါတစ်ခါ သူ့ကိုယ်သူ မကြိုက်ဖူးလို့လည်း ကြားခဲ့ရပါတယ်။ ပြီးတော့ ကျွန်တော် sexuality နဲ့ ပတ်သက် တဲ့ ဆွေးနွေးပွဲအချို့လည်း သွားတက်ဖူးပါတယ်။ နောက်ပိုင်းမှာ ကျွန်တော် တစ်သံတည်းကြားလာမိ တာက ဆရာပြော သလိုပဲ ဒီကိစ္စက ဇာတ်သွင်းလို့မရဘူးလို့ ပြောကြတာကိုပါပဲ။ တစ်ခါ လူငယ်တွေ ကိုပေးတဲ့ သင်တန်းတစ်ခုနဲ့ တိုက်နေလို့ အဲဒီဆွေးနွေးပွဲကို လူငယ်တွေလည်း ပါဝင်ဆွေးနွေးခဲ့ပါ တယ်။ အဲဒီမှာ အများစုမေးကြတာက ဟိုးအရင် က ကျွန်တော်တို့ကြားနေကျ ထောင်တွေမှာ၊ ရှေ့တန်း က စစ်သည်တွေကြားမှာ စသဖြင့် အဲဒီနေရာတွေမှာ ဇာတ် သွင်းခံလိုက်ရလို့ ခြောက်သွားတာတွေ ကျတော့ရော လို့ မေးကြထောက်ကြပါတယ်။ အဲဒီမှာ ပြန်ဖြေတဲ့ MSM တွေ က အဲဒီလိုသက်သေမျိုး၊ ဒါမှမဟုတ် ကိုယ့်အနီးနားက ကြားဖူးနားဝမျိုးပြောပေးပါ ဆိုတော့ မေးတဲ့ထောက်တဲ့သူတွေ မပြောနိုင်ကြပါဘူး။ တကယ်လို့ အဲလိုခြောက်သွားတယ်ဆိုရင်တောင်မှ အဲဒါအပုန်းကနေ ပွင့်လာတာပဲဖြစ်ပါတယ်လို့ ဖြေပါတယ်။ အဲဒီမှာတင် ကျွန်တော် လျှောက်စဉ်းစားမိပါတော့တယ်။ တကယ်လို့ အဲဒီလိုဇာတ်သွင်းခံလိုက်ရတယ် ဆိုရင်ကော သူ့ကိုယ်သူ ကျွန်မ ဇာတ်သွင်းခံရ လို့ ခြောက်သွားပါတယ် လို့ ပြောပါ့မလား။ ပြီးတော့ သူငယ်တွေကို အင်္ဂလန်ပြန်ပို့တယ် ဆိုတဲ့ စကားကလည်း စဉ်းစားစရာပါ။ ကျွန်တော်ဒါတွေကို ပြောနေရတာက တမင်တကာ လိုက် ငြင်းနေတာ မဟုတ်ပါဘူး။ ဗီဇနဲ့ပတ်ဝန်းကျင်မှာ ပတ်ဝန်းကျင်ကို လုံးဝလျစ်လျူရှုခြင်းဟာ တစ်ဘက်စွန်း များရောက်နေ မလားလို့ပါ။ လောကမှာ ခြွင်းချက်မရှိ 100% ဆိုတာမျိုးတွေက မရှိသလောက်ကို ရှားလှပါတယ်။ အလွန်တိကျပါ တယ်ဆိုတဲ့ သင်္ချာမှာတောင် ခြွင်းချက်တွေရှိနေပါတယ်။ ယနေ့ခေတ် လူငယ်တွေမှာ HIV ကူးစက်ခံရနှုန်းများနေတာ တွေ၊ ကာလသားရောဂါအဖြစ်များနေတာတွေက ကျန်းမာရေးဗဟုသုတနည်းပါးမှု၊ ငယ်တုန်းရွယ်တုန်းစိတ်ပါဝင်စားမှု စတာတွေအပြင် peer pressure ဆိုတဲ့ အလွန်အားကြီးတဲ့ ပတ်ဝန်းကျင်အကြောင်းကလည်း အရေးကြီးတဲ့နေရာက ပါနေပါတယ်။ ဗီဇတစ်ခုထဲကြောင့်ပါပဲ လို့ ပြောတာဟာ အရင်ဘ၀တွေက ပြုခဲ့တဲ့ မကောင်းမှုရဲ့အကျိုးပဲ၊ အတိတ်ကံ ကြောင့်ပဲလို့ လက်ခံလိုက်ပုံနဲ့ သဘောချင်းဆင်တူနေပါတယ်။ ကျွန်တော်တို့လူ သားတွေဟာ ကံရဲ့အပြဋ္ဌာန်းခံ မဟုတ်ပါဘူး။ ကံကိုပြုလုပ်တဲ့သူတွေပါ။ အတိတ်ကံထက် ယခုလက်ရှိပစ္စုပ္ပန်ကံက ပိုပြီးအားကြီးပါတယ်။ အတိတ်ကံပဲ လို့ အလွယ်တကူလက်ခံလိုက်တာဟာ လူ့ရဲ့ ၀ီရိယအားကို အများကြီး လျော့နည်းစေပါတယ်။
    ကျွန်တော် ကိုယ့်ကိုယ်ကိုလည်း စဉ်းစားမိတယ်။ ငါသာ အဲဒီလို ခြောက်နေရင်၊ ယောက်ျားချင်းကိုပဲ စိတ်ဝင်စားနေရင် ဘယ်လိုနေမလဲလို့။ ကျွန်တော့်ရဲ့ သွေးသားဆန္ဒကို အတင်းကြိတ်မှတ်မြိုသိပ် ထားနိုင်မယ် ဆိုရင်တောင် ပတ်ဝန်း ကျင်လောကကြီးရဲ့ အခြေအနေ၊ အချိန်အခါပေးမှုတွေ၊ peer pressure တွေကြောင့် တစ်ချိန်မဟုတ်တစ်ချိန်တော့ ဒီ ဆားငန်ရေထဲကို ဆင်းသက်ရမှာပါပဲ။ ကိုယ့်သွေးသားဆန္ဒကို မမြိုသိပ်ဘဲနေမိရင်တော့ အများနည်းတူ ဒီဆားငန်ရေ တွေကို သောက်ရင်း ငတ်ရင်းပဲ ဖြစ်နေမှာပါပဲ။ အဲဒီတော့ ကျွန်တော်သာ လိင်တူချင်း စိတ်ဝင်စားမိရင် ပထမအဆင့် ကြိုးစားမှုအနေနဲ့ ဒီဆားငန်ရေတွေကိုတော့ သောက်မယ်။ ဒါပေမယ့် တဖက်သားထိ ခိုက်အောင်တော့ မလုပ်မိဖို့ အတတ်နိုင်ဆုံးစောင့်ထိန်းမယ်။ ဒုတိယအဆင့်အနေနဲ့ အခြေအနေအချိန်အခါတွေရဲ့ မျက်နှာသာပေးမှုကလွဲလို့ ဒီ စိတ်တွေကို တတ်နိုင်သလောက်စောင့်ထိန်းမယ်။ ဒီ့ထက်တတ်နိုင်ရင် တတိယအဆင့်အနေနဲ့ ဒီကိစ္စတွေကို လုံးဝ ရှောင်ကြဉ်မယ် (abstinence လုပ်မယ်)၊ ကျွန်တော်ဘာလို့ ဒီလိုကြိုးစားလဲဆိုတော့ ကျွန်တော့မှာ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိပါတယ်။ အတိတ်ကံကြောင့် ပဲလေလို့ အလွယ်တကူလက်ခံလိုက်ရင် နောက်နောင်ဘ၀တွေမှာ လည်း ဒီအထုံဓလေ့တွေက ကိုယ့်နောက်မှာ တောက်လျှောက်လိုက်နေဦးမှာပါ။ ဒီလိုဖြစ်နေတာကို ကိုယ့်ကိုယ်ကိုမှ မနှစ်သက်နေ တာ။ နောက်နောင်ဘ၀တွေ ဒီလို ကိုယ့်ကိုယ်ကို မကြိုက်ဘဲ ဆက်ဖြစ်နေမှာထက်စာရင် တစ်ဘ၀စာ တတ်နိုင်သလောက် ချုပ်တည်းလိုက်တာကမှ ကောင်းဦးမယ်လို့ ယူဆလို့ပါ။ ကံရဲ့အပြဋ္ဌာန်းခံဖြစ်မယ့် အစား ကံ ကိုကြိုးစားပြီးပြုလုပ်ကြည့်ခြင်းပါ။ ကိုယ့်ကိုကိုယ် ဒီလိုဖြစ်နေတာကို မကြိုက်ပါဘူးဆိုတဲ့ သူတွေကို ကျွန်တော် တိုက်တွန်းပါရစေ။ အနည်းဆုံး ပထမအဆင့်အနေနဲ့ ကိုယ့်ဆန္ဒအတွက်နဲ့ တစ်ဖက်သားကို မထိခိုက်အောင် စောင့်ထိန်းကြည့်ပါလို့။ အဲဒါမှလည်း အရွယ်မရောက်သေးတဲ့ ဆယ်ကျော်သက်တွေ၊ အပုန်းတွေရဲ့ မိန်းမတွေ စတာတွေ ဓားစာခံဖြစ်မှု လျော့နည်းသွားဖို့ ပိုပြီးအခြေခံကျတယ်လို့ ယူဆမိပါတယ်။
    ကျွန်တော် နောက်တစ်ခုမေးမိတာက အပုန်းတွေပွင့်လာရင် တကယ်ပဲ အဲဒီဓားစာခံဖြစ်မှုတွေလျော့ နည်းသွားမှာလား။ ပြီးတော့ MSM တွေကြားမှာ “ရွှေသွေးမဂ္ဂဇင်းဖတ်ချင်တယ်” တို့၊ “တေဇမဂ္ဂဇင်းဖတ်ချင်တယ်” တို့ (ဆယ်ကျော်သက် တွေနဲ့နေချင်တယ် လို့ဆိုလိုပါတယ်) ဆိုတဲ့ ဘန်းစကားတွေကလည်း အပွင့်မတွေဆီက စကားတွေပဲ ဖြစ်ဖို့များပါ တယ်။ အဲလိုတွေလျော့နည်း သွားပါမယ်လို့ အာမခံနိုင်ဖို့ကလည်း ခဲယဉ်းလှပါတယ်။
    ဟိုတလောကပဲ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ စာပေဟောပြောပွဲထဲမှာ ဟောထားတာလေး နားထောင်လိုက်ရတယ်။ ဗြဟ္မဏတွေ အမျိုးမြတ်ဖို့ စောင့်ထိန်းရတဲ့ အချက် ၅ ချက်ကို ဗြဟ္မဏ ပုဏ္ဏားကြီးတစ်ယောက်က ဗုဒ္ဓကို လျှောက်တယ်။ ၁) ဆွေမျိုး ၇ ဆက် မျိုးသန့်ရမယ်၊ ၂) ရုပ် ရည်ချောမောရမယ်၊ ၃) ဗေဒင်မန္တာန်တွေ အလွတ်ရရမယ်၊ ၄) အမှားအမှန်ခွဲခြားနိုင်တဲ့ပညာရှိရမယ်၊ ၅) ကိုယ်ကျင့်တရားကောင်းရမယ်၊ တဲ့။ အဲဒီတော့ ဗုဒ္ဓက တကယ်လို့များ တစ်ယောက်ယောက်က အဲဒီထဲက တစ်ချက်လျှော့ဆိုရင် ဘယ်ဟာကိုလျှော့မလဲဆိုတော့ မဆိုင်းမတွဘဲ ၂ ကိုလျှော့ လိုက်တယ် တဲ့။ နောက်တစ်ချက်ဆိုရင်ရောဆိုတော့ ၃ ကိုလည်း မဆိုင်းမတွဘဲ လျှော့လိုက်တယ်တဲ့။ နောက်တစ် ချက်ဆိုရင်ရောဆိုတော့ သေချာစဉ်းစားပြီး ၁ ကိုလျှော့လိုက်တယ်တဲ့။ အဲဒီမှာ ကျန်တဲ့ပုဏ္ဏားတွေက အဲဒီ ၁ ကိုတော့ လျှော့လို့မဖြစ်ဘူး။ ကျန်တဲ့နှစ်ချက်ထဲက တစ်ချက်လျှော့ဆိုတော့ သူက ၁ကိုပဲလျှော့ တယ်။ အဲဒီမှာ ဗုဒ္ဓက ဘာမိန့် လဲဆိုတော့ လောကမှာ ကိုယ်ကျင့်တရား(သီလ)နဲ့ ပညာဟာ လက်နှစ် ဖက်လိုပဲတဲ့။ တစ်ဖက်မှာ အညစ်အကြေးပေ နေရင် နောက်တစ်ဖက်နဲ့ ဖျက်လို့ရတယ်တဲ့။ တစ်ဖက်မ ရှိတော့ရင်တော့ ဖျက်ဖို့က ခဲယဉ်းသွားပြီတဲ့။ ဒီအဆုံးအမကို ကျွန်တော် အလွန်နှစ်သက်ပါတယ်။ ဗုဒ္ဓလို ပညာရှိတစ်ယောက်ကမိန့်သွားတာမို့ ပုဂ္ဂိုလ်ခင်လို့ တရားမင်ခြင်းသက်သက်ထက် လောကီနေ့ စဉ်ဘ၀မှာ လိုက်နာကျင့်သုံးအပ်တယ်လို့ စဉ်းစားမိလို့၊ လိုက်နာကျင့်သုံးလိုက်လို့လည်း ကျင့်သုံးသူ ကိုရော ပတ်ဝန်းကျင်ကိုပါ အကျိုးမယုတ်စေဘဲ လူ့ပတ်ဝန်းကျင်ကို အဆင်ပြေအကျိုးများစေမယ်လို့ ယုံကြည်မိလို့ပါ။
    ကျွန်တော် ဒီစာကိုရေးရခြင်းရဲ့ ပထမရည်ရွယ်ချက်က လူလူချင်း နှိမ်ချ တွေးတော၊ ပြောဆို၊ ဆောင် ရွက်နေကြတာ တွေ နည်းသွားဖို့ပါ။ ဗီဇအရပဲဆိုဆို၊ အားကြီးတဲ့အတိတ်ကံကြောင့်လို့ပဲပြောပြော ရွေး ချယ်ခွင့်မရှိဘဲ ဘ၀နဲ့ချီပြီး လက်ခံလိုက်ရခြင်းဟာ အခံရခက်လှပါတယ်။ အဲဒီအပေါ်မှာမှ ကျွန်တော် တို့က ထပ်ဆင့်ပြီး နှိမ်ကြဦးမယ်ဆိုရင် ကျွန်တော်တို့တရားပါရဲ့လား။ ဒုတိယရည်ရွယ်ချက် ကတော့ စောင့်ထိန်းခြင်းဆိုတာကို သတိထားမိစေချင်တာပါ။ ခုနောက်ပိုင်း MSM တွေနဲ့ပတ်သက်လို့ ကျယ်ကျယ်လောင်လောင် ပြောလာ၊ရေးလာကြပေမယ့် အဲဒီစောင့်ထိန်း ခြင်းဆိုတာကို ရိုးတိုးရိပ်တိတ် မျှ မတွေ့ရလေတော့၊ စောင့်ထိန်းခြင်းဘောင်လွတ်စွာ ငြင်းကြခုံကြတာကို တွေ့နေ ရလေတော့ ကျွန်တော် စိတ်မကောင်းစွာ ရေးလိုက်ရခြင်းပါ။ အလွန်ဆုံး စိန္တာမယပညာနဲ့ပဲ သိနိုင်တဲ့ အနောက် တိုင်း ပညာရှင်တွေရဲ့ အယူအဆတွေကို တစ်ထစ်ချအမှန်လို့ထင်ပြီး တကောက်ကောက် လိုက်နေခြင်းထက် အဲဒီအယူ အဆတွေရယ်၊ ဗုဒ္ဓရဲ့ ကိုယ်ကျင့်တရားပညာရယ် စတာတွေ ကို ပေါင်းစပ် ပြောဆို ရေးသားခြင်းဟာ ခံယူမယ့် ပရိတ်သတ်အတွက် ပိုပြီး အကျိုးများစေမယ်လို့ ယူဆမိကြောင်းပါ။

    • သင့်တင့်မျှတပါ၏။ ကိုယ့်အချင်းချင်းမို့လို့ လာထောက်ခံဖြစ်တာမဟုတ်ပါဘူး…
      လက်ခံနိုင်ဖွယ်အကြောင်းတရားရှိလို့ပါ… ကျွန်တော်ကဒီလောက်အမြင်မသန်ပါဘူး…
      ကျွှန်တော့်အမြင်ပြောရရင် စိတ်ဆိုတာလွှတ်ပေးတာထက်စာရင် ထိန်းရတာပိုခက်တယ်ဆိုတာကို
      လူတိုင်းလက်ခံမှာပါ… ခက်ခဲပေမယ့်ကြိုးစားပြီးလုပ်ကြပါမှ အောင်မြင်ကြတယ်ဆိုတာလည်း
      လူတိုင်းလက်ခံမှာပါ… မြတ်စွာဘုရားရှိစဉ်အခါကတည်းက ရှိတယ်ဆိုကြပေမယ့်လည်း…

      ကျွန်တော်မဆိုင်ပေမယ့် အကြောင်းအရာတစ်ခုကို တင်ပြချင်ပါတယ်…
      အဲဒါကတော့.. အများသိနေကြတဲ့ living together တို့ ကိုယ့်ရည်းစားကိုပေးတာကမ်းတာတို့…
      သူတစ်ပါးသားမယားကိုပစ်မှားခြင်း(ပါဌိ ရိုက်လို့မရလို့ပါ) ဆိုတဲ့ကံကို အတွင်းကျကျနဲ့ မဆက်ဆံကောင်းတဲ့ မိန်းမနှစ်ဆယ်တို့ဘာတို့ကို သေသေချာချာလေးသိတယ်ဆိုရင် ဒါတွေမဖြစ်တော့ပါဘူး..
      ဒါဆိုဒီကံကိုမကျူးလွန်ဘူးလို့ဆုံးဖြတ်ထားတဲ့သူဟာ မကျူးလွန်တော့ပါဘူး… မသိလို့အဖြစ်များတာလို့ပဲ တွေးမိပါတယ်.. ဒါလိုလေးတွေမကျူးလွန်ကြတော့ဘူးဆိုရင်ဖြင့် ဒီကံကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက် ဖြစ်တဲ့….အပေါ်ကဆရာက ဆရာတွေ တင်ပြသွားတဲ့ အမျိုးအစားများလှတဲ့ အပုံးတို့ အပွင့်တို့ဟာဖြင့်ရင် နည်းကောင်း နည်းသွားနိုင်ပါတယ်… (အထင်သက်သက်ပါ လွတ်လပ်စွာကွဲလွဲခွင့်ရှိပါတယ်..)

      မြတ်စွာဘုရားအကြောင်းကို ဒီလိုမျိုးပို့စ်တွေမှာလာပြောရင် ဘာသာရေးဆိုဒ်မဟုတ်ဘူးဘာညာနဲ့ပြောတက်ကြပါတယ်.. တစ်ကယ်တမ်း သေချာမလေ့လာကြည့်ပဲ ဆရာအောင်သင်းရေးတဲ့ ပိဋကတ် မိတ်ဆက်၊ ဆရာဦးသုခရေးတဲ့ မင်္ဂလ သုတ်ဆိုတာတွေလောက် ကိုပဲဖတ်မိတဲ့ ကျွှန်တော်ဟာ မြတ်စွာဘုရားဟာ လောကီအကြောင်းအရာတွေမှာကအစ ဟိုဟာလေးကို ဘယ်လိုလုပ်ရတယ် ဒီဟာလေးကိုဘယ်လိုလုပ်ရတယ် ယုတ်စွအဆုံး (မရိုသေ့စကား) အခင်းကြီးသွားတာကအစ ဘယ်လိုလေးဆိုပြီးသေချာဟောခဲ့ပါတယ်.. မြတ်စွာဘုရားဟာ မသိတာဘာမှမရှိဘူးလို့လက်ခံရင်ဖြင့် မြတ်စွာဘုရားရဲ့တရားတော်တွေဟာ လောကီနဲ့ဆက်ဆိုင်တဲ့ လူသားတွေကို ဟောတာဖြစ်တဲ့အတွက် လောကီအကျိုးတရားတွေ၊ အကြောင်းတွေပါနေမယ်ဆိုတာကိုတော့ဖြင့် လက်ခံစေချင်ပါတယ်.. ကျွန်တော်လည်းပဲ ဘာမှမသိသေးသူ တစ်ယောက်သာဖြစ်တာမို့ သင်ပေးမယ်ဆိုရင်ဖြင့် ဆရာများရဲ့သင်ပေးမှုကို ဦးနှိမ်ခံယူပါ့မယ်…

      ခင်မင်လျက်။

    • အတော်လေးကို ပြည့်စုံသလောက်ရှိတဲ့ comment လေးပါဗျား။ လေးစားပါတယ်။

    • ကိုမြတ်သူစံရေ ခင်ဗျားနဲ့ကျွန်တော်အခါအခွင့်သင့်ရင်ဆွေးနွေးချင်တယ်ဗျာ။ ခင်ဗျားရဲ့အယူအဆလေးတွေကိုလေးစားလို့။ ကျွန်တော်ဘက်ကတော့ လှိက်လှဲစွာကြိုဆိုလျက်ပါ။ ဒီခေတ်ကြီးမှာ အင်တာနက်ကို g talk လောက်သာသုံးရကောင်းမှန်းသိတဲ့သူတွေကြားက ခင်ဗျားတို့လို အတွေးအခေါ်ကောင်းတဲ့သူလေးတွေတွေ့ရတော့ ၀မ်းသာတယ်ဗျာ။ ကျွန်တော့်ကိုဆက်သွယ်ချင်ရင်တော့ inforwynnko@gmail.com ဆီဆက်သွယ်လိုက်ပါဗျား။

    • ကျွန်တော့်အမြင်ကို လက်ခံပေးကြလို့ကျေးဇူးပါ။ ကျွန်တော်ရေးတင်စက ရေးသာရေးလိုက်ရတယ်။ သူများတွေအတွက် စာဆန်နေမလားလို့ မ၀ံ့မရဲဖြစ်မိတာ အမှန်ပါ။ ဒါပေမယ့် တစ်ယောက်၊ နှစ်ယောက်လောက်ပဲဖြစ်ဖြစ် အတွေးစရသွားရင်လဲ အမြတ်ပဲ ဆိုပြီး တင်ဖြစ်လိုက်တာပါ။ ပြီးတော့ ကျွန်တော့်ဥာဏ် တစ်ထွာတစ်မိုက်နဲ့ ရေးထားတဲ့အပေါ် ဆရာရဲ့ အမြင်ကိုလည်း သိချင်ပါတယ်။ ဆရာ့မှာ ဗဟုသုတဘဏ်တိုက်ရော၊ အတွေ့အကြုံပါ ပြည့်စုံလှတဲ့အတွက် ဆရာရဲ့အမြင်ကိုလည်း တလေးတစားနဲ့ သိချင်မိပါတယ်။ ကျေးဇူးပြုပြီး ဖြေကြားပေးပါ ခင်ဗျာ။

    • (၁) ဇာတ်သွင်းလို့ မရဘူးလို့ ကျွန်တော်ကတော့ အခိုင်အမာ ယုံကြည်ပါတယ်။ အကျဉ်းထောင်တွေမှာ တချို့ လူချောချော နုနုတွေ ခမျာ နှစ်ကြီးတွေက အနိုင်ကျင့်ပြီး အဓမ္မပြုကျင့်ကြတဲ့အတွက် ပြစ်ဒဏ်က မလွတ်မချင်း ကိုယ်ရော စိတ်ပါ ဒုက္ခရောက်ခဲ့ကြသူတွေ ရှိပါတယ်။ ပြစ်ဒဏ်စေ့လို့ အပြင် ပြန်ရောက်လာတဲ့အခါ သူတို့ဟာ လိင်ကွဲကို တပ်မက်သူအဖြစ်နဲ့သာ နေပြီး အဲဒီ့လမ်းကြောင်းပေါ်ကို လုံးဝ ပြန်မရောက်သူတွေလည်း တစ်ပုံတစ်ပင်ပါ။ ကျွန်တော်တို့ဆီမှာ သုတေသန အားနည်းလို့ ကိန်းဂဏန်းနဲ့ မပြောနိုင်တာပဲ ရှိပါတယ်။

      (၂) နောက်တစ်ခုက ကျွန်တော့်ကိုယ်တွေ့ပါ။ ကျွန်တော်ကိုယ်တိုင် လိင်တူချင်းတပ်မက်သူတွေနဲ့ တရင်းတနှီး နေဖူးပါတယ်။ အစကတည်းကလည်း လိင်ကိစ္စအတွက် သူတို့ကို ကျွန်တော် မကြိုက်ပါဘူး။ တရင်းတနှီး နေချိန်မှာ လူပျို၊ သွေးသားတက်ကြွတဲ့ အရွယ်မို့လို့ အထမြောက်သည့်တိုင် သာယာမှုတော့ မရပါဘူး။ မနှိုင်းကောင်း နှိုင်းကောင်း နှိုင်းရရင် လိင်အလုပ်သမရဲ့ ပါးကို နမ်းရမှာ ရွံ့နေပေမယ့် ဟိုကိစ္စကျတော့ အထမြောက်သွားတတ်ကြသူများလိုပေါ့။ ကျွန်တော် တကယ် စွဲလန်း သာယာ နှစ်သက်တာက မိန်းမသားတွေပါ။ ၀န်ခံရရင် လွန်လွန်ကျူးကျူးကို နှစ်သက်ပါတယ်။ ဒါပေမယ့် တချို့ ယောက်ျားတွေ လုပ်တတ်သလို မိန်းမတွေကိုလည်း ယောက်ျားတွေကို ဆက်ဆံသလို ဓမ္မတာ မဟုတ်တဲ့ နည်းနဲ့ ဆက်ဆံတာမျိုးကို ကျွန်တော် မကြိုက်ပါဘူး။ မဆက်ဆံဖူးလို့လား မေးရင် ဆက်ဆံဖူးပါတယ်။ တစ်ကြိမ်မကပါဘူး။ ဒါပေမယ့် မကြိုက်တာ မကြိုက်ပါဘူး။ ကိုယ့်စိတ်ကိုယ် ရှင်းရှင်းလင်းလင်း သိလာတဲ့ တစ်နေ့မှာ အဲဒီ့လို ဓမ္မတာ မဟုတ်တဲ့နည်းကို လုံးဝ ရှောင်လိုက်တာ အခုဆို နှစ်ပေါင်း အစိတ်ကျော်ပါပြီ။ ဆိုလိုတာက ကျွန်တော် ပြောနေတဲ့ ဘယ်သန်၊ ညာသန်လို preference ကိစ္စဖြစ်ပါတယ်။ ဘယ်သန်ဟာ ညာလက်နဲ့ အလုပ် လုပ်လို့ မရဘူးလားဆိုတော့ ရတယ်။ ဒါပေမယ့် တကယ်တန်းကျ ဘယ်ဘက်က ပိုသန်နေတာပဲ။ ညာသန်ဆိုလည်း အတူတူပဲ ဘယ်နဲ့ လုပ်သင့်တာ လုပ်နေပေမယ့် တကယ်တမ်း အရေးအကြောင်းဆိုရင် ညာလက်ကိုသာ အားပြုတော့မှာပဲ။ သည်ကိစ္စမှာလည်း ဘယ်ဘက်ကို ပိုကိုင်းညွတ်သွားသလဲဆိုတာက အဓိက ဖြစ်တယ်လို့ နားလည်ပါတယ်။ (ဘယ်သန် ညာသန်ဟာ ဗီဇလား၊ ပတ်ဝန်းကျင်လားဆိုတာတော့ မိမိတို့ဘာသာ ဆက်လက် စဉ်းစားတော်မူပေးကြစေလိုပါတယ်။)

      (၃) စောင့်စည်းထိန်းသိမ်းမှုတွေအကြောင်း ပြောတာ (၀ါ) ဆုံးမစာတွေ ရေးတာ ကျွန်တော် ၀ါသနာ မပါဘူးခင်ဗျ။ ယုံလည်း မယုံကြည်ပါဘူး။ ဆုံးမစာတွေက သမိုင်းအစကတည်းက ရှိနေခဲ့တာပဲလေ။ ဆုံးမစာတွေသာ ထိရောက်ရိုးမှန်ရင် သည်လောကမှာ စစ်ပွဲတွေလည်း ရှိမှာ မဟုတ်ဘူး၊ အရက်ဆိုင်တွေ၊ ဇိမ်ခန်းတွေ၊ အနှိပ်ခန်းတွေ၊ ကာရာအိုကေခန်းတွေ၊ ဘိန်းပင်တွေ၊ ဘိန်းချက်စက်ရုံတွေ၊ ဘိန်းဖြူတွေလည်း ရှိမှာ မဟုတ်ဘူး၊ ဗေဒင်ဆရာများ ခမျာမှာလည်း လင်ပူမိနေတဲ့ ဖောက်သည်အများစု ပျောက်ဆုံးသွားတော့မှာမို့ ထမင်းတွေတောင် ငတ်ကုန်နိုင်ပါတယ်။

      တစ်ဖက်သားကို ဆုံးမတာ သန်တဲ့သူတွေ ဆုံးမကြပါလိမ့်မယ်။ ကျွန်တော်ကတော့ အရှိတရားကို အရှိတရား အတိုင်း လက်ခံတယ်။ ဘုရားရှင်တောင်မှ ချွတ်လို့ ရမယ့်သူကိုမှ ချေချွတ်ပေးတော်မူခဲ့တာ အထင်အရှားပဲလေ။ လက်ချောင်းတွေ အတိုအရှည် မညီသလို လူတွေလည်း အမျိုးမျိုး ရှိနေတာကို အတည့်အတိုင်းပဲ မြင်မိပါတယ်။ အဲတော့ ဆုံးမတာထက် လူလူချင်း ရိုင်းပင်းတတ်တဲ့ စိတ်ကလေးတွေ ပွားများလာအောင်၊ ဘေးဖြစ်မယ့် အနေအထိုင်တွေ လျော့ပါးသွားအောင် အတတ်နိုင်ဆုံး လျှောက်လဲနေမိတာပါပဲ။ “လျှောက်လဲ” (advocate) နော်၊ ဆုံးမတာ (preach) မဟုတ်ဘူးခင်ဗျ။

      ဆုံးမတာ ၀ါသနာပါတဲ့သူတွေ ဆက်လက် ဆုံးမတော်မူကြပါခင်ဗျာ။ ကျွန်တော်ကတော့ ကျွန်တော့်ကိုယ် ကျွန်တော်တောင် ဆုံးမလို့ မရသေးတဲ့အတွက် အဲဒါကို ၀ါသနာမပါလို့၊ မယုံကြည်လို့ ခွင့်လွှတ်ပေးတော်မူကြပါ။ ကျွန်တော်က စာလေးပေလေး ရေးနေတဲ့ သာမန် လူ့အန္ဓ ပုထုဇဉ်တစ်ယောက်သာ ဖြစ်ကြောင်းပါခင်ဗျား။

  7. ဆရာရေ …ဒီစာကို ဖေ့ဘွက်မှာဖတ်ဖူးထဲက ဆွေးနွေးချင်နေပေမယ့် မရေးမိခဲ့ပါ။အခုဆရာဆိုက်မှာ ထပ်ဖတ်ပြီး ကောမန့်တွေကိုပါစိတ်ဝင်စားစွာဖတ်မိပါတယ်။နည်းနည်းပြောချင်လာပါတယ်။ သမီးလည်း ငယ်ငယ်က အခြောက်တွေဆို နှိမ်ချင်။စချင်တတ်တဲ့လူပါ။ အခု ခင်တဲ့အကို၂ယောက်ကို တွေ့မိမှ သဘောထားပြောင်းလာမိပါတယ်။ သမီးတို့က လက်ရှိဂျပန်မှာအလုပ်လုပ်နေတဲ့ မြန်မာအင်ဂျင်နီယာတွေပါ။
    ၁၀ယောက်ရှိတဲ့ သမီးတို့သူငယ်ချင်း အုပ်စုထဲမှာ အကိုတယောက်က အခြောက်ပါ။သမီးတို့အုပ်စုထဲမှာ ဂျပန်စာကော။ အင်္ဂလိပ်စာကော အတော်ဆုံးပါ။ (အလုပ်ရဲ့လိုအပ်ချက်အရကော သမီးတို့ရဲ့လောဘအရပါ
    ဂျပန်စာကော။ အင်္ဂလိပ်စာကိုရော ဆက်ကြိုးစားရပါတယ်) အဲဒီအခြောက်အကိုက စိတ်ထားအရမ်းကောင်းလှတယ်လို့ပြောလို့မရပေမယ့် သူတတ်နိုင်တဲ့ကိစ္စဆိုကူညီဖို့ဝန်မလေးသူပါ။ ဘယ်သူ့ကိုမှဒုက္ခမပေးတတ်။ချောက်မတွန်းတတ်ပါဘူး။ ယောကျာ်းအစစ်ဖြစ်ချင်း။မဖြစ်ချင်းနှင့် လူပီသတဲ့စိတ်ဓါတ်ရှိချင်း။မရှိချင်း မဆိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ အခြောက်အကိုနှင့်ကုပ္မဏီတခုထဲမှာ အလုပ်လုပ်တဲ့ အကိုတယောက်ရှိပါတယ်။ သက်မှတ်ချက်တွေအတိုင်းဆို ယောကျာ်းစစ်စစ်ကြီးပေါ့။ ရည်းစားတွေဘာတွေနှင့်ဆိုတော့။ ဒါပေမယ့် စိတ်ထားမပြည့်ဝပါ။ အခြောက်အကို ကို အမြဲမနာလိုဖြစ်တတ်ပါတယ်။ မင်းကအခြောက်ပဲ ဆိုတဲ့ပုံစံမျိုးနဲ့ စိတ်ဓါတ်ရေးရာ အနိုင်ကျင့်တဲ့ပုံစံမျိုးလည်း
    လုပ်ချင်တယ်။ ခြောက်တွန်းတာကလည်း ခဏခဏပါ။ သူတို့၂ယောက်ကိုကြည့်ပြီး သမီးသဘောထား
    ပြောင်းသွားခဲ့ပါတယ်။ အခြောက်ပဲဖြစ်ဖြစ်။ယောကျာ်းအစစ်ပဲဖြစ်ဖြစ် အဓိကက လူပီသတဲ့ စိတ်ဓါတ်ရှိဖို့ပါပဲ။
    ဆရာပေးချင်တဲ့ messageနှင့်တော့ ဆိုင်ချင်မှဆိုင်မှာပါ။ သမီးရဲ့အမြင်ပါဆရာ။ အမျိုးသားတွေ အသားအရည်ထိန်းသိမ်းတဲ့ lotionတွေလိမ်းတာဟာလည်း ကျန်းမာရေးအမြင်အရ ကောင်းတဲ့လက္ခဏာလို့မြင်ပါတယ်။ မတူညီတဲ့ အမြင်တွေကို ဖတ်ရတာလည်း အတော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပို့စ်အတွက်ဆရာ့ကိုကျေးဇူးတင်ပါတယ်။

    သမီးတို့ရဲ့ လောဘအရပါဂျပန်

  8. ဆေးသိပ္ပံ ဗဟုသုတ အတော်လေးရတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ။
    လူအများက သဘာဝနဲ့ ဆန့်ကျင်နေလို့ ဒီလိုလူတွေကို မုန်းနေကြပါတယ်။
    ကျွန်တော့်အမြင်ကတော့ သူတို့ကိုလက်ခံပေးသင့်ပါတယ်။ ဗုဒ္ဓဘာသာ ကျမ်းဂန်များမှာလည်း ဒီလိုလူမျိုးတွေဟာ အတိတ်အကုသိုလ်ကြောင့်လို့ဆိုပါတယ်။ သူတို့ဟာ ယောင်္ကျားစိတ်ရှိလို့ မိန်းမယူ အိမ်ထောင်ပြုချင်တာတောင်မှ ယောင်္ကျားချင်း စပ်ယှက် ပြီးမှ သူတို့မိန်းမနဲ့ နေခွင့်ရတာမျိုး ဇာတ်နိပါတ် တွေမှာဖတ်ဖူးပါတယ်။ ဒီလိုမှ မစပ်ယှက်ရရင် သူတို့အတွက် အခက်သားကိုး။ ဒီတော့ သူတို့ကို သနားတတ်ဘို့လိုမယ်လို့ထင်ပါတယ်။

  9. မသိလို့တခုလောက်မေးပါရစေ…သူငယ်ချင်း ယောကျာ်းလျှာလေးတယောက်နဲ့ နောက်သူငယ်ချင်းမလေးတယောက် ချစ်ကြိုက်နေကြပါတယ်.. ဒါပေမဲ့ ယောက်ျားလျှာလေးကို ကောင်မလေးက ယောက်ျားလေးတယောက်လို ချစ်တာပါ.. ယောက်ျားလျှာလေးကလဲ ကောင်မလေးကို သာမန်ကောင်လေးတယောက်က ကောင်မလေးတယောက်အပေါ် ချစ်တဲ့ပုံစံမျိုးနဲ့ ချစ်တာပါ..ဒါမျိုးကိုhomosexuality လို့ ပြောလို့ ရပါသလား။ ဘာလို့လဲဆိုတော့ သူတို့က တယောက်နဲ့တယောက် ဆန့်ကျင်ဘက်လိင်ပုံစံမျိုးနဲ့ ချစ်ကြတာဆိုတော့လေ.. ဆရာ့အမြင်လေးကို သိချင်လို့ပါ..ကျေးဇူးတင်ပါတယ်.. 🙂

    • Homosexuality ဆိုတဲ့ စကားလုံးမှာ sex ပါနေတဲ့အတွက် လိင်မှုကိစ္စကိုပါ ထည့်သွင်း စဉ်းစားကြစမြဲ ဖြစ်ပေမယ့် sexuality ဆိုတာ လိင်စိတ်ကို ဆိုလိုပါတယ်။ လိင်စိတ်ဆိုရာမှာလည်း လိင်ကိစ္စ အပြင် ချစ်ခင်နှစ်သက်လိုလားမှု၊ ကိုယ့်ကိုလည်း ချစ်ခင်နှစ်သက်လိုလားတာ ခံယူလိုမှု၊ ယုယကြင်နာမှု၊ ယုယကြင်နာတာ ခံယူလိုမှု၊ အားကိုးအားထား/အဖော်သဟဲ ပြုလိုမှုများလည်း ပါဝင်နေပြန်သေးတာမို့ လိင်တူချင်း တစ်ယောက်နဲ့တစ်ယောက် အဲသလို ချစ်ခင်ခြင်းကို homosexuality လို့ ပြောလို့ရပါတယ်။ လိင်ကိစ္စမပါဘဲ လိင်တူချင်း တစ်ယောက်ကို တစ်ယောက် ကိလေသာစိတ်နဲ့ ချစ်ခင်စွဲလန်းတာကိုလည်း homosexual လို့ပဲ ခေါ်ပါတယ်လို့ ဆိုလိုရင်းပါ။

      • Saya atta kyaw!
        Please can you help me to solve the problem I have right now. I want to introduce about myself first. I think I am a close gay. I am 27 years old right now. I hate myself. I don’t want to be a gay. But I don’t know how to do. But now I am trying to get marriage a lady who I don’t really love. But she loves me very much. I want a family life. I want a warm family. But I can’t love any girl. I just like same sex. What should I do? Should I marriage her? What is the good things and bad things if I marriage her? I really hate my life. People know as I am a good teacher. I am really shy to people know that I am a gay. What should I do? Thank you very much and please reply me.

      • ကိုယ့်ကိုယ်ကိုယ် ဘာကြိုက်မှန်း သိနေမှတော့ အဲဒါကို ပြင်ဖို့ မကြိုးစားစေချင်တော့ပါဘူး။ ပြင်လို့လည်း မရလို့ပါ။ လိင်တူ/လိင်ကွဲ ကြိုက်ခြင်းဟာ ဘယ်သန်နဲ့ ညာသန်လိုပါပဲ။ မွေးရာပါ သန်တာမျိုးမို့ ပြင်လို့ မရဘူးလို့ပဲ ယတိပြတ်ပြောပါရစေ။ သည်ကိစ္စကို မနှစ်သက်ရင် လုပ်စရာ တစ်နည်းပဲ ရှိပါတယ်။ လူဝတ်ကြောင်ကို လုံးဝ စွန့်လွှတ်ပြီး ရဟန်းဝတ်ကာ နိဗ္ဗာန်ရောက်ကြောင်းတရားကို အားထုတ်ရတော့မှာပါ။ ရှစ်ပါး သီလကို လုံအောင် ထိန်း၊ ၀ိနည်းကို လေးစားလိုက်နာမယ်ဆိုရင် လိင်မှုကိစ္စနဲ့ ကင်းဝေးနေပါလိမ့်မယ်။ ပြီးရင် သံဃာတော်တွေများပြားတဲ့ ကျောင်းမျိုးမှာ သီတင်းမသုံးဘဲ တောရကျောင်းလို ကျောင်းထိုင်အိုကြီးတွေ တစ်ပါး၊ နှစ်ပါးမျှသာ ရှိတဲ့ ကျောင်းမှာ အားထုတ်သွားနိုင်ရင် အကောင်းဆုံးပါပဲ။

        လူဘ၀မှာ နေနေရင်တော့ အပုန်းဘ၀ကနေ အပွင့်ဖြစ်လာအောင်သာ လုပ်ပါလို့ ပြောချင်ပါတယ်။ အိမ်ထောင်ပြုတာကို အားမပေးပါဘူး။ တစ်ဖက် အမျိုးသမီးကို ဒုက္ခပေးရာ မလွဲမသွေ ရောက်နေတော့မှာပါ။ သည်ကမှ ကလေးသားမြေးရလာရင်လည်း အဲဒီ့ကလေးတွေခမျာ သူ့အဖေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရမယ်၊ စိတ်ဒဏ်ရာရသွားမယ်ဆိုရင် တရားပါ့မလား။ ကိုယ့်အတွက်လည်း စိတ်ဆင်းရဲစရာကြီးပါ။ ဘယ်သူ့ ဘယ်သူအတွက်မှ မကောင်းတာမို့ အိမ်ထောင်ပြုချင်တဲ့ စိတ်ကူးကိုတော့ အပြင်းအထန် ကန့်ကွက်ချင်ပါတယ်။

        အိမ်ထောင်ပြုတယ်ဆိုတာ တစ်ဘ၀လုံးကိစ္စပါ။ အခုခဏ ပြေလည်မှု ရှာတာ မဟုတ်ပါဘူး။ လိင်တူချင်း တပ်မက်မှုဆိုတာလည်း တစ်ဘ၀လုံး အသက်ရှင်နေသမျှ ကိုယ်ထဲမှာ စွဲနေမယ့် အရာပါ။ အဲဒါကို မရှက် မကြောက်စေချင်ပါဘူး။ ပြောင်ပြောင်ပေါ့။ ကိုယ်ကြိုက်တာ ကိုယ်ကြိုက်တာပဲပေါ့။ မကြိုက်တာ မကြိုက်တာပဲပေါ့။ အဲသလိုသာ ဖြစ်သင့်ပါလိမ့်မယ်။

        တွေးဆ ဆင်ခြင်ကြည့်နိုင်ပါစေ

      • Just reply me in Myanmar saya. I have problem to type in Myanmar . That’s why I just typed my question in English. Actually my english is not good. I worry I don’t understand if you reply me in English. Thanks.

  10. မြတ်သူစံ ဟန်လင်းထွန်းပြောတာတွေအရမ်းမှန်တာပေါ့ အတွေးအခေါ်တွေအလွန်ကောင်းတယ်ဗျာ
    လူတကာအခေါ်ခံနေရတဲ့ဆရာတယောက်က ဒီ၂ယောက်ပြောသွားတဲ့စကားလောက်တောင်တန်ဖိုးမရှိဘူးလို့မြင်တယ်ဗျာ
    ကျနော်ကလဲပေါ်တင်သမားပဲ ဆရာလို့မခေါ်ထိုက်သေးဘူး ကြိုးစာပါအုံး ဦးအတ္တကျော်

    • ဒီလိုပြောတာလဲ သိပ်သဘာဝမကျသလိုထင်မိပါတယ်။ မြတ်သူစံပြောတာတွေကို ကျွန်တော်လည်းအရမ်း သဘောကျပါတယ်ဗျာ။ ဒါပေမဲ့ ဒီကိစ္စအပေါ်မှာ ဆရာအတ္တကျော်ပြောတာကို လက်မခံနိုင်ဦးတော့။ ကျန်တဲ့ကိစ္စတွေအပေါ်မှာ ဆရာအတ္တကျော်တွေးခေါ်ပြတာလေးတွေက လက်ခံနိုင်စရာများပါတယ်။ ပုထုဇဉ်လူတစ်ယောက်အနေနဲ့ ပြီးပြည့်စုံမှုတော့ ဘယ်ရှိနိုင်မလဲ။ ကိုယ်နဲ့အတွေးအခေါ်မတူတာလေးတစ်ခုကြောင့် ဆရာမခေါ်ထိုက်ဘူးလို့ပြောတာက ရိုင်းစိုင်းတယ်လို့ မြင်ပါတယ်။

  11. နှစ်ယောက်လုံး ပြောသွားတာ ကောင်းပါတယ်။ ဒါပေမယ့် မကိုးကွယ်ချင်နေ မစော်ကားနဲ့ဆိုတဲ့ ဆိုရိုးစကားလေး ရှိတာကြောင့် တဖက်လူကို ဒီလိုတော့ မပြောသင့်ဘူး။ ဒါကြောင့် ဆရာ့ကို ဒီလိုပြောတာကိုတော့ ရိုင်းစိုင်းတယ်လို့ ထင်မိပါတယ်။

  12. လိင်တူဆက်ဆံတာကို လက်မခံနိုင်ဘူး မှားတယ်လို့ထင်မြင်ရင် အနောက်တိုင်း တွေမှာ လိင်တူဆက်ဆံသူတွေ ကို တရားဝင် မင်္ဂလာဆောင်ခွင့်ပြုနေတဲ့ အကြီးအကဲတွေကို ဘယ်လိုပြောမလဲ? အခုဆို နိုင်ငံတော်တော် များများက လက်ခံနေပြီ….. ဒါကိုရော ဘယ်လိုပြောမလဲ… လူ ဆိုတာ ဘယ်လိုပုံဆံ နေတာထက် စိတ်ထားကောင်းဖို့က ဓိကပါ … သူဘယ်လိုနေနေ ပတ်ဝန်းကျင်ကို ထိခိုက်နေတာမှ မဟုတ်တာ……

    • လူရယ်လို. ဖြစ်လာရင် စာရိတ စိတ်ရင်းကောင်းဖို.၊ အရည်အချင်းရှိဖို.က အရေးကြီးဆုံးလို. ထင်မိပါတယ်။
      ယောက်ျားစစ် ခြင်း မစစ်ခြင်း က အဓိက မဟုပ်ဘူးလို. ထင်မိပါတယ်။ ယောက်ျားစစ်ပြီး အရည်အချင်းမရှိ၊ လူမပီသရင်လည်း အလကားပဲလို. မြင်မိပါတယ် ခင်ဗျာ………

  13. • ဆရာ့ရဲ့ post ကို စတင်ကတည်းက ဖတ်ဖြစ်ပါတယ်။ comment တွေဖတ်ပြီး တစ်ခုခုပြောချင်ပေမဲ့ ဘယ်လို​ပြောရမှန်း ဘယ်ကစပြောရမှန်း မသိ ဖြစ်နေတာကြာပြီ။ အခု ကျွန်တော့် အကြောင်းနဲ့ အမြင်ကိုပဲ ပြောပါမယ်။
    • ပထမဆုံးပြောရရင် ကျွန်တော် closet gay တစ်ယောက်ပါ။ အပုန်းပေါ့ဗျာ။ ဘယ်သူ့ကိုမှ မပြောဖူးသလို ဘယ်သူကမှလည်း ရိပ်မိမယ် မထင်ပါဘူး။ အသက် ၂၇ နှစ်၊ ကွန်ပျူတာ ကောလိပ်က ဘွဲ့တစ်ခုရပြီး နယ်စပ်မြို့တစ်မြို့မှာ မိဘနဲ့အတူနေပါတယ်။ ကွန်ပြူတာသင်တန်းတစ်ခုမှာ ဆရာလုပ်ပါတယ်။
    • ငယ်ငယ်လေးကတည်းက ကျွန်တော်က စာအဖတ်များပြီး အားကစားမှာ စိတ်ပါဝင်စားမှုနည်းလို့ သူငယ်ချင်းအများကြီးနဲ့ မပေါင်းဖြစ်ပါဘူး။ ရင်းနှီးတဲ့ သူငယ်ချင်းလည်း အများကြီးမရှိ၊ ဘယ်သူနဲ့မှလည်း sexual experience မရှိခဲ့ဖူးဘူး။ ကောလိပ်ရောက်တော့ game ဆော့တဲ့ဘက်ကို စိတ်ပါလွန်းအားကြီးပြီး ယောက်ျားလေးရော မိန်းကလေးရော ဘယ်သူနဲ့မှ မနီးစပ်ခဲ့ဘူး။ ကျွန်တော်ကံကောင်းတာက လူပျိုပေါက်ကတည်းက ကျွန်တော် gay မှန်း ကိုယ့်ကိုယ်ကို သေသေချာချာ သိခဲ့ပါတယ်။ ကောလိပ်မှာ ကောင်မလေးတစ်ယောက် နှစ်ယောက်က ကျွန်တော့်ကို သဘောကျနေပေမဲ့၊ ကျွန်တော့်စိတ်ထဲမှာ ဘယ်လိုမှကို မနေပါဘူး။ သူတို့ရဲ့ အမူအရာ၊ အထိအတွေ့ (တစ်ယောက်ဆို စာမေးပွဲဖြေပြီးတော့ ကျွန်တော့်ကို ဖက်ငိုဖူးပါတယ်) ကို ကျွန်တော် ထူးထူးထွေထွေ မခံစားရဘူး။
    • ဒီလိုပြောလို့ ယောက်ျားလေးတွေဆိုရင် ငမ်းငမ်းတက်ဖြစ်နေတာလည်း မဟုတ်ဘူး။ ကျန်တဲ့ယောက်ျားအများစုတွေ ကောင်မလေးချောချောလှလှ တောင့်တောင့် ဖြောင့်ဖြောင့် မြင်ရင် ငေးတာလောက်ပါပဲ။ ဒါတောင် ကျွန်တော်က ပေါ်တင်ငေးလို့ ရတာမှမဟုတ်တာ။ အဲဒီလောက်ပါပဲ ဒီထက်ပိုပြီး ဘာဘာညာညာ မလုပ်ဖူးပါဘူး။ ပြီးရင် game ဆော့လိုက်၊ ကျောင်းတက်လိုက်နဲ့ မအားပါဘူး။ သာမန်ယောက်ျားလေး တစ်ယောက်လိုပါပဲ။ ကြည့်လိုက်လို့ gay ထင်ရမှာ မဟုတ်ပါဘူး။ ထူးထူးခြားခြားအပြုအမူလည်း မလုပ်ဖူးပါဘူးဗျာ။ကျွန်တော့် သူငယ်ချင်းတွေမှာလည်း ကျွန်တော်သိသလောက် gay မရှိပါဘူး။ (ကျွန်တော့်လိုဆိုရင်တော့ မသိဘူးပေါ့ဗျာ) အဆောင်မှာက ငှားနေတဲ့ အပွင့်လို့ပြောရမဲ့ အကိုတစ်ယောက်ကလွဲရင် gay အသိုင်းအဝိုင်းနဲ့ ပတ်သက်ဖူးတာလည်း မရှိပါဘူး။
    • ကျွန်တော့်လိင်ဆန္ဒက သာမန်ထက်ကို ပိုတယ်လို့ပြောရမယ်ထင်ပါတယ်။ တနေ့ကို အနည်းဆုံးတစ်ခါလောက်တော့ တစ်ကိုယ်ရေအာသာဖြေ ဖြစ်ပါတယ်။ လူပျိုပေါက်ကတည်းကနေ အခုထိဆိုပါတော့ဗျာ။ အာသာဖြေနေတုန်းမှာ ကျွန်တော့်စိတ်ကူးထဲမှာ သူငယ်ချင်း၊ ရင်းနှီးတဲ့လူတွေမပါပဲ ယေဘုယျတစ်ယောက်ကိုပဲ စိတ်ကူးဖြစ်တယ်။ ကောလိပ်စတက်တုန်းက တစ်ခါဖြစ်ဖူးတယ်၊ အခန်းထဲက ကိုယ်လုံးတောင့်တောင့်နဲ့ ကောင်လေးကို စိတ်ကူးယဉ်ဖူးတယ်။ နောက်သူငယ်ချင်းဖြစ်တော့ စိတ်ကူးထဲ ရောက်ကိုမရောက်တော့တာ။ အရင်စိတ်ကူးယဉ်ဖူးတာ စဉ်းစားကြည့်ရင် ရယ်စရာဖြစ်နေတုန်းပဲ။ သူငယ်ချင်းတွေနဲ့ အတူတူဖက်အိပ်ဖူးတယ်၊ ဘယ်လိုမှမနေတာ။ ခုနကပြောတဲ့ gay အကိုက ကျွန်တော်ကို မသိမသာနဲ့ တစ်ခါ ကမ်းလှမ်းခဲ့ဘူးပါတယ် ကျွန်တော်စိတ်ဝင်စားလို့ မရဘူး။ (ကျွန်တော့် အကြောင်းသိလို့တော့ ဟုတ်ဟန်မတူပါဘူး။ ကျွန်တော်က ခပ်ရိုးရိုးပုံစံနဲ့ မို့လို့ သူ့အတွက် အန္တရာယ်ကင်းလို့ စမ်းကြည့်တာနေမှာပါပဲ။ အဲဒီအချိန်မှာ ကျွန်တော် ၁၈ နှစ်ပြည့်ခါနီးနေပါပြီ)
    • ကျောင်းပြီးတော့ အလုပ်တွေလုပ်၊ နောက်တော့ ကွန်ပျူတာသင်တန်းမှာ စာသင်၊ ကောလိပ်ကသင်တဲ့ သင်ရိုးစာတွေကို ပြန်ကြည့်ရ (ကျောင်းတုန်းက game ကို မီးကုန်ယမ်းကုန် ဆော့ခဲ့တဲ့ အကျိုးနဲ့ အများစုက မေ့ကုန်လို့ပါ)၊ လိုအပ်မယ်ထင်တဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းပညာရပ်တွေကို ထပ်လေ့လာ။ အားတဲ့အချိန် ခဏလေးတွေမှာ စာအုပ်ဖတ်၊ blog တွေ site တွေကြည့်၊ myanmargay.socialgo.com လို site တွေ download လုပ်ထားတဲ့ gay magazine တွေကြည့် (ဒါတွေကို ပေါ်တင်တော့ ဘယ်ဟုတ်မလဲဗျာ၊ andriod tablet နဲ့ မမြင်အောင်ပေါ့) game လည်း နည်းနည်းတော့ ဆော့တုန်းပဲ။ မနက်ပိုင်းမှာတော့ လေ့ကျင့်ခန်းပုံမှန်လုပ်ပါတယ်။ မိုးလင်းမိုးချုပ် ဒီအတိုင်းလည်ပတ်နေသလို ပတ်သက်မှုတစ်ခုခု အတွက် အားထုတ်တာမျိုး မရှိပါဘူး။
    • ပြောရရင်တော့ ကျွန်တော့်ဘဝက အဆင်ပြေသလို ကံကောင်းတယ်လို့ထင်ပါတယ်။ ကျွန်တော့် အလုပ်က ဝါသနာနဲ့ကိုက်ပြီး အဆင်ပြေသလို အိမ်ရဲ့စီးပွားရေးက အဆင်ပြေနေတာမို့ စိတ်ပူစရာမရှိပါဘူး။ ကျွန်တော့်ရဲ့ sexual orientation ကို ပွင့်ပွင့်လင်းမပြောရပေမဲ့ မွန်းကျပ်တာမျိုး မဖြစ်ဘူး။ ငယ်ငယ်ကတည်းက တစ်ယောက်တည်းနေတာများတဲ့အတွက် အထီးကျန်တာမျိုးလည်း မဖြစ်ပါဘူး။ ဘယ်တုန်းကမှလည်း gay ဖြစ်လို့ နောင်တရတာ ဖြစ်မနေဘူး။ ဒါပေမဲ့ အများအမြင်မှာ neutral ဖြစ်နေအောင် နေရတာတစ်ခုပဲ။
    • ပြဿနာက ကျွန်တော် အသက်၂၆ နှစ်ပြည့်တော့ အဖေအမေတို့က မိန်းမယူစေချင်တယ်။ အဖေနဲ့အမေက ဘွဲ့ တစ်ခုရပြီး အလုပ်လုပ်နေတဲ့ ကောင်မလေးကို သဘောကျတယ်။ အလုပ်ထဲမှာပဲ မြုပ်နေပြီးတော့ ဆေးလိပ်မသောက်၊ အရက်မသောက်နဲ့ ဘာသတင်း ညာသတင်း မကြားရတဲ့ ကျွန်တော့်ကို တစ်ဖက်ကလည်း သဘောကျတယ်။ သူတို့က ချမ်းသာတယ်လို့ ပြောလို့ရတယ်။ အဖေ့ကိုလည်း ရင်းနှီးတော့ ရွှေလမ်းငွေလမ်းပေါက်နေရော။ ကျွန်တော့်မှာ တစ်လတစ်ခါလောက် တိုက်တွန်းခံနေရတယ်။ သားကြီး၊ မျိုးဆက်၊ အဖေ့အမေ့အသက် ဘယ်လောက်နေရမယ်မသိ စုံနေတာပဲဗျာ။ ကျွန်တော်က အပြတ်ငြင်းတာကို အဖေတို့က တစ်ထစ်လျော့ပြီး တွေ့ကြည့်ပါ၊ ရင်းနှီးအောင်နေကြည့်ပါ၊ အဆင်ပြေရင် စေ့စပ်ထား နောက်မှလက်ထပ် လုပ်နေတယ်။ ကျွန်တော့်ကို ကျွန်တော် သေချာသိတဲ့အတွက် မျှော်လင့်ချက်ပေးလို့မရဘူး ဆိုတော့ ရူးချင်ယောင်ဆောင်နေရတယ်။ ကျွန်တော်က ခေါင်းမာပြီး ထင်ရာလုပ်တတ်လို့ အတင်းမတိုက်တွန်း တော်သေးတယ်။
    • အဖေအမေက ကျွန်တော့်ကို ချစ်မှာ ယုံသလို ကျွန်တော်ကလည်း အဖေနဲ့အမေကို ချစ်ပါတယ်။ သူတို့ကိုလည်း တစ်ကယ်စိတ်ချမ်းသာ စေချင်ပါတယ်။ ဒါပေမဲ့ သူတို့ဆန္ဒလိုက်လျောလို့ ရတာမျိုး မဟုတ်သလို ကျွန်တော်က ဖွင့်ပြောဖို့လည်း အဆင်သင့် မဖြစ်နိုင်သေးဘူး။ ရိုက်ခတ်သွားမဲ့ ပတ်ဝန်းကျင် ဒဏ်ကို ကျွန်တော်ခံနိုင်ဦးတော့ အဖေနဲ့အမေ ကျတော့ ဘယ်လိုရင်ဆိုင်မလဲ။ တစ်ချိန်ချိန်တော့ ပြောရမှာပါပဲ။ ဘယ်သူကို မှ ပွင့်ပွင့်လင်းလင်း ကြေငြာတာမဟုတ်ရင်တောင် ပတ်ဝန်းကျင်ရဲ့ဖိအားအများကြီးက သူတို့အပေါ်မှာရှိမှာပါ။ကျွန်တော်ကံကောင်းတာက မဖြစ်မနေလုပ်ရမဲ့ အခြေအနေကျွန်တော့်မှာ မရှိပါဘူး။ အပုန်းဆိုပြီးကိုယ့်ကိုယ်ကို မတတ်နိုင်ဘဲနဲ့ လက်ထပ်ရတာ (သိသိကြီးနဲ့ ဇွတ်လက်ထပ်တာ ဖြစ်ရင်ဖြစ်နိုင်တာပေါ့) နောက်မှနောင်တရတာတွေက ပွင့်ပွင့်လင်းလင်းဆို ပြဿနာကတော့ အများကြီးသက်သာသွားမှာ မဟုတ်ဘူးလားဗျာ။

    • ကျွန်တော့်အမြင်အရတော့ Homosexual, Gay, Lesbian, Transgender လို့ပြောလိုက်ရင် အများစုက ခြုံကွယ်အမှောင်မှာ ဖက်ရမ်းနမ်းရှုံနေတာ၊ ဆွေမျိုးသားချင်းမကျန် တွေ့ကရာလူတွေနဲ့ ပတ်ရှုပ်နေတာ၊ မိတ်ကပ်ထူလပျစ်နဲ့ ရင်ကော့ဖင်ကောက်ပြီး ဆတ်စလူးထတာ၊ တစ်ကိုယ်လုံးမှာ သားရေဝတ် အပေါက်မျိုးစုံအောင်ဖောက်တာ၊ တဏှာအတွက် ဘယ်သူသေသေ၊ ကိုယ်တိုင်သေသေ မိုက်ကန်းနေတာ၊ HIV/AIDS, Cancer မျိုးစုံအတွက် လက်သည်တရားခံလို့ မြင်ယောင်နေသလားပဲ။ မြန်မာနိုင်ငံမှ မဟုတ်ပါဘူး၊ လိင်တူလက်ထပ်တာကို ခွင့်ပြုနေတဲ့ အမေရိကန်မှာတောင် မုန်းတီးမှုနဲ့ နှိပ်စက်ခြင်း သတ်ဖြတ်ခြင်းတွေ ရှိနေပါဆဲပဲ။ သနတယ်ဆိုပြီး တစ်စားပွဲတည်း၊ တစ်ခန်းထဲ၊ တစ်စီးထည်း မစီးနိုင်တဲ့ သူတွေက တစ်ပုံတစ်ပင်။ တစ်ခုခုဖြစ်လိုက်လို့ homosexual များပါနေတယ်ဆိုရင် မကောင်းဘူးဆိုတဲ့ halo effect ကလွမ်းမိုးနေတယ်။ Child abuse ချင်းအတူတူ homosexual case ဆိုရင် ပိုဆိုးတယ်ထင်တာ။ Media ကအစ အမှောင်ချင်းအတူတူ တစ်ဖက်ကိုပဲ မီးမောင်းထိုးနေသလိုဖြစ်နေတာ (မြန်မာနိုင်ငံက ဂျာနယ်အချို့မှာလည်း ပညာရှင်တချို့တွေကတောင် ပြောဆိုဖော်ပြနေတာ)။ မေးခွန်တွေမေးကြည့်ပါမယ်။
    • သမီးရည်းစားချင်းလွန်ကျူးတာနဲ့ အရွယ်ရောက်သူချင်း MSM အပြုအမူလုပ်ခဲ့တာ ဘယ်လိုခြားနားသလဲ။ ကျူံးဘေးကအဖြစ်နဲ့ KTV, ဇိမ်ခန်းတွေ၊ လမ်းဘေးက ညဉ့်ငှက်နဲ့ဇာတ်လမ်းတွေ ဘာများကွာခြားပါသလဲ။ Homosexual မှာလို heterosexual မှာရော ဓားစာခံဖြစ်ရတာ ဘဝပျက်စီးရတာမရှိဘူးလား။ မဖွယ်မရာချင်းအတူတူ အရေးယူတာနဲ့ ပြစ်ဒဏ်က ဘာလို့ မတူတာလဲ။ စစ်တမ်းတစ်ချို့အရ လူတစ်ရာမှာ ၅ ယောက်လောက်က လိင်တူစိတ်တိမ်းညွတ်မှုရှိနိုင်တယ်ဆိုပါတယ်။ လွတ်လပ်ပွင့်လင်းစွာ ဖွင့်ထုတ်​ကြေငြာနိုင်တဲ့တစ်နေ့မှာ လမ်းမပေါ်တက်ဖက်နမ်းမယ်လူ ရှိမှာပါ။ ကို့ယို့ကားယားနဲ့ အမြင်မတော်တာလုပ်ရင်လည်း လုပ်ကြမှာပါ။ ဒါပေမဲ့ အဲသည် ၅ ယောက်လုံး ဖြစ်နိုင်ပါ့မလား။ ကျွန်တော်တို့မှာ ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်အလုပ်ရှိတယ်။ မိသားစု၊ သူငယ်ချင်း၊ ပတ်ဝန်းကျင်တွေနဲ့ လူတွေပါပဲ။ ကိုယ်ပိုင် ရည်မှန်းချက်၊ စိတ်ကူးအိမ်မက်၊ တန်ဖိုးထားမှု၊ လုပ်ဆောင်နိုင်စွမ်းတွေ ရှိပါတယ်။ မကောင်းတဲ့လူဆိုတာ ရှိပါမယ်။ မကောင်းတဲ့လူပဲမြင်ကွင်းမှာ ရှိနေလို့ ဒီလိုလူမျိုးတိုင်းမကောင်းဘူး လို့ဆိုနိုင်ပါမလား။ ကျွန်တော်တို့ကို လက်မခံလို့ ဘာများထူးပြီး ကောင်းလာမှာလဲ။ လိင်တူချင်းတိမ်းညွှတ်တဲ့ စိတ်ပျောက်သွားနိုင်လို့လား။ (သမိုင်းဦးကစလို့ လိင်တူတိမ်းညွှတ်စိတ် အထောက် အထားတွေကို တွေ့နိုင်ပါတယ်)။ ပြောခဲ့တဲ့ မကောင်းမှုဆိုတာတွေခဲဖျက်နဲ့ ဖျက်သလိုရှင်းသွားမှာလား။ Homosexual နဲ့ပတ်သက်တဲ့ မကောင်းမှုပျောက်သွားတယ် ဆိုပါစို့၊ ပြဿနာကင်းပြီလို့ဆိုနိုင်သလား။ Heterosexual, Homosexual ဘာပဲဖြစ်ဖြစ် sex ပတ်သက်တဲ့ မကောင်းမှုဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် နှိပ်ကွပ်လိုက်လို့ ပစ်ပယ်လိုက်လို့ ပပျောက်သွားမှာလား။ Homosexual ၅ ယောက်စလုံး အဲဒီလို ပြစ်ချက်တွေများ ကျူးလွန်နေကြတယ်လို့ ထင်သလား။
    • ကျွန်တော်တို့ကိုလက်ခံလိုက်လို့ ခင်ဗျားတို့လည်း စိတ်ပြောင်းမသွားပါဘူး။ ကမ္ဘာကြီးလည်း ပြောင်းပြန်မလည်ပါဘူး။ပွင့်လင်းမြင်သာတဲ့အခါ၊ မတူပေမဲ့ လက်ခံနိုင်တဲ့အခါ၊ ကျွန်တော်တို့ အိမ်မှာ၊ ပတ်ဝန်းကျင်မှာ၊ မြို့မှာ၊ နိုင်ငံမှာ ကျွန်တော်တို့လို လူတွေ အသိအမှတ်ပြုခံနိုင်လို့ လူသားတစ်ယောက်အနေနဲ့ ကိုယ်လိုအင် စိတ်လိုအင် ဖြည့်ဆည်းနိုင်မယ့် ပတ်ဝန်းကျင်ရှိတာ ပြဿနာကို ပိုနည်းစေမယ်လို့ မထင်ကြဘူးလား။ ဟိုဘက်သည်ဘက် စည်းခြားထားတာမရှိဘူးဆိုရင် ဇာတ်သွင်းတယ်ဆိုတာ ရှိနိုင်ပါ့မလား၊ အတူတူပဲဆို စိတ်ထဲမှာအပြစ်လို့ခံစားနေရတာ ကန့်သတ်ခံနေရတာ ရှိပါဦးမလား။ ပြစ်မှုမှာ hetero, homo ရယ်ခွဲဖို့လို ဦးမှာလား။
    • ကျွန်တော့်စိတ်ထဲမှာ နောက်ဆုံးပေါ်လာတာလေး ရေးချင်ပါတယ်။
    • “ကျွန်တော်ဟာ သာမန်လူယောက်ျားတစ်ယောက်ပါပဲ ခင်ဗျားတို့နဲ့အတူပေါ့။ မိန်းမကို မချစ်ဘဲနဲ့ ယောက်ျားကို ချစ်တာကလွဲလို့ပေါ့။ အလုပ်လုပ်တယ်၊ အိပ်တယ်၊ စားတယ်၊ လိင်မှုကို စိတ်ဝင်စားတယ်ပေါ့ဗျာ။ တစ်ကိုယ်ရေသန့်ရှင်းရေး လည်း မဖြစ်မနေလုပ်ရမှာပေါ့။ချစ်ရတဲ့ အဖေအမေရဲ့ သားပါပဲ။ ချစ်ရတဲ့ အကို၊ ညီတစ်ယောက်လည်းဖြစ်တာပေါ့။ တစ်ယောက်ယောက်ရဲ့ သူငယ်ချင်းလည်းဖြစ်သလို၊ မျိုးနွယ်တစ်ခုခုကလူ၊ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသားပါပဲ။ လောဘ၊ ဒေါသ၊ မောဟ ခင်ဗျားတို့နဲ့ကွာလှ နည်းနည်းပေါ့။ စိတ်ကူးတွေ အိပ်မက်တွေရှိမယ်လို့ကော မထင်ဘူးလား။ ခင်ဗျားတို့လို မလုံခြုံမှုတွေ အကြောက်တရားတွေက သေချာပေါက်ရှိပါတယ်။ တစ်ခါတစ်လေစိတ်ရူးပေါက်ပြီး စိတ်ကောင်းဝင်တဲ့အချိန်ရှိတာလည်း အာမခံပါတယ်။ ကျွန်တော်တို့ချင်း အိမ်နီးချင်း၊ အခန်းဖော်၊ သူငယ်ချင်း၊ ဆရာတပည့်၊ အလုပ်ရှင်နဲ့ ဝန်ထမ်း ဘာမဆိုဖြစ်လို့ ရပါတယ်။ ကျွန်တော် ခင်ဗျားကို စိတ်ဝင်စားရင်တောင် မကြောက်ပါနဲ့၊ ခင်ဗျားလည်း မိန်းမတစ်ယောက်ကို တုံပြန်မှုမရှိဘဲ ကြိုက်နိုင်ချစ်နိုင်တာပဲမဟုတ်လား။ ကျွန်တော် တစ်ကယ်ချစ်တတ်တယ် ဆိုတာကိုရော မယုံနိုင်စရာ ပုံပြင်ပမာသဘောထားမှာလားဗျာ။”

    • • ကျွန်တော်ပြောချင်ပေမဲ့ ကျန်ခဲ့တဲ့ အချက်တချို့ပါ။
      • ကျွန်တော်က အပုန်းဆိုပေမဲ့ မိန်းမစိတ်ပေါက်နေတာ မဟုတ်ပါဘူး။ receiver ရယ်လို့လဲမခံယူသလို့ offer ဆိုလည်း သတ်မှတ်ထားတာ မဟုတ်ပါဘူး။ pitcher/catcher ဆိုတာ ကျွန်တော်နဲ့ ကျွန်တော့် partner ကြားက ကိစ္စလို့ပဲ ယုံကြည်ပါတယ်။ ဆရာပြောခဲ့သလို ချစ်ကြသူချင်း တစ်နည်းနည်းနဲ့ ချစ်ကြတာပါ။ အဲသည်အတွက် မြင့်မြတ်တာ၊ နိမ့်ကျတာလို့ မခံစားရပါဘူး။ တစ်ယောက်အတွက် တစ်ယောက်က မိန်းမအဖြစ်အစားထိုးတာ မဟုတ်ပါဘူး။ ယောက်ျားအတိုင်းတိုင်း ချစ်တာပါ။ ယောက်ျားချင်းက သာမန်စုံတွဲတွေထက် ညီမျှမှုပိုရှိနိုင်ပြီး တစ်ယောက်က တစ်ယောက်ရဲ့ အထောက်အပံ့ခံ မဟုတ်ဘူးထင်ပါတယ်။ ချစ်ရတဲ့သူချင်းကတော့ အမြဲတမ်းညှိယူရတာရှိမှာပါပဲ။
      • ကျွန်တော် ပွင့်ပွင့်လင်းလင်း ဖွင့်ပြောဖြစ်ရင် ဘာမှ အမူအကျင့် အတွေးအခေါ် ပြောင်းလဲစရာမရှိပါဘူး။ တခြားလူရဲ့တုံပြန်မှုက ပြဿနာဖြစ်မနေရင် ကျွန်တော်က ကိုယ့်အလုပ်၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ မိသားစု ဆွေမျိုးသားချင်း တွေရဲ့ ဆက်ဆံရေးကလည်း ပြောင်းလဲမှု ရှိမှာမဟုတ်ဘူးလို့ ဆိုချင်ပါတယ်။

      • ထောက်ခံတယ် ဒါနဲ့ကိုTohon ရဲ့ချစ်သူ ကချောလားညီမက သာမန် boy+girl ဇာတ်လမ်းတွေကို မကြိုက်ဘူး အချိန်ရရင် နဲနဲ အကိုတို့ရဲ့ love story လေးပြောပြပါလား

      • အကို Tohon ရဲ့ခံယူချက်နဲ့ လက်ခံထားတဲ့ ဘဝလေးက စိတ်အေးချမ်းလှပါတယ်။လူတွေက ယောက်ျားချင်းကြိုက်ရင်ကို အခြောက်လို့ပဲထင်နေကြတာ။တကယ်တော့ခြောက်ခြောက်မခြောက်ခြောက် အချစ်ဟာအချစ်ပါဘဲ။ယောက်ျားချင်းကြိုက်တော့ သူတို့အလုပ်ပျက်အကိုင်ပျက်ဖြစ်နေလို့လားဗျ။လူလူချင်းကြိုက်တာဘဲဗျာ သူတို့က ဝေဖန်နေရင်ကိုကျေနပ်နေကြတာ သူများကိုဝေဖန်ရင် ကိုယ့်ကိုယ်ကိုညံ့လှပြီဆိုတာမသိကြဘူး။အကို Tohon ပြောသလိုဘဲ ၁၀၀မှာ၁၀၀လုံး မိန်းမ လိုဝတ်စား မိန်မစိတ်ပေါက်နေတာမဟုတ်ဘူး ။လူ့ဘဝကတိုလွန်းပါတယ် အသက်ရှင်တုန်း ကိုယ့်ဘဝကို ပုံဖော်နိုင်တာဘဲ ကိုယ်ချစ်တဲ့သူနဲ့ ဘဲနေမှာပေါ့ လူတိုင်းကိုအနှောက်အယှက်ပေးနေတာမှမဟုတ်တာ။တကယ်တန်းတော့ ဘာအမျိုးအစားကိုဘဲကြိုက်ကြိုက် အဓိက ကအချစ်ပါဘဲ ချစ်နေပြီး တယောက်နဲ့တယောက်အပြန်အလှန်နားလည်ပေးနေရင် ပျော်ရွှင်စရာကောင်းနေမှာပါ(ဘယ်သူဘာပြောပြောပေါ့)အဲ့လိုအချစ်တွေနဲ့ပေါင်းဖက်ထားတဲ့Homo တွေကိုအမြဲအားပေးပါတယ်လက်ခံပါတယ် ဘာလို့လဲဆို သူလဲကိုယ်လိုအသွေးအသားနဲ့လူသားပါဘဲ မိန်းမလိုဝတ်ထားလဲကိစ္စမရှိဘူ သူတို့ကိုလဲဘယ်လိုမှမမုန်းဘူး သူကသူ့ဘဝကိုအဲ့လိုလေးအေးချမ်းအောင်ဖန်သီးထားတာလေ လူကိုလူလို့မြင်ရင်စိတ်မရုတ်ရပါဘူး။ဒါပင်မဲ့ ကိုယ်စိတ်အာသာပြေဖို့အတွက်နဲ့အခွင့်အရေယူ မဒိန်းကျင့်တဲ့သူတွေကိုတော့ဘယ်လိုနည်းနဲ့မှလက်မခံနှိင်ပါဘူး ညီအကိုမောင်နှမချင်း ကိုချင်းမစာကြဘူး

    • အကြောင်းပြန်တာနောက်ကျတဲ့အတွက် တောင်းပန်ပါတယ်။ ဆရာအတ္တကျော်ဘလော့ကို မရောက်တာ ကြာပါပြီ။ ရေးထားတဲ့ comment မှာ သိသာနိုင်တာတွေကို ယေဘုယျ လုပ်ထားတာကလွဲရင် အဖြစ်မှန်ပါပဲ။ အချက်ကျကျ ပြောရမယ်ဆိုရင် အခုချိန်အထိ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောဖြစ်တာသေး မဟုတ်တဲ့အတွက် မှန်နေတုန်းပါပဲ။ ကျွန်တော်က loner တစ်ယောက်ဆိုတော့ ကျွန်တော့်အတွက် sex အပိုင်းကလွဲရင် gay ဟုတ်တာမဟုတ်တာ သက်ရောက်မှု သိပ်မရှိထင်ပါတယ်။ ချစ်တဲ့သူမတွေ့ဘူးဆိုရင် အခြေအနေအရ ပြောဖြစ်ချင်မှ ပြောဖြစ်ပါမယ်။ comment ရေးကတည်းက အများပြည်သူနဲ့ဆိုင်တဲ့ဘလော့မှာ ဖြစ်တဲ့အတွက် အကိုတို့ site မှာ ဖော်ပြဖို့ ကန့်ကွက်စရာ မရှိပါဘူး။

      အရင်ရေးထားတာ ပြန်ဖတ်ကြည့်တော့ ဖြည့်ပြောချင်တာတွေ ရှိပါတယ်။
      LGBT မှာ bisexual ကျနေခဲ့ပါတယ်၊ ကျွန်တော့်အကြောင်းကိုပဲ အဓိကရေးထားတာဆိုတော့ တခြားသူတွေရဲ့ lifestyle ဝေဖန်သလိုဖြစ်သွားရင် တောင်းပန်ပါတယ်။ ဘယ်လိုလိင်စိတ်၊ ဘယ်လိုဘ၀၊ ဘယ်လိုနေရာမှာ၊ ဘယ်လိုနေထိုင်တာပဲ ဖြစ်ဖြစ် သူတပါးကိုထိခိုက်တာ မဟုတ်ရင် လူတစ်ယောက်ဟာ လူ့တန့်ဖိုးပြည့်ပြည့်၀၀ ရှိသလို ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိတယ်လို့လည်း ယုံကြည့်ပါတယ်။ ငယ်ငယ်တုန်းကတည်းက မိန်းမဆန်ဆန်နေတဲ့သူတွေကို တွေ့ဖူးပေမဲ့ မိန်းမဘ၀ မိန်းမအသုံးအဆောင်တွေကို စိတ်မ၀င်စားတဲ့အတွက်၊ ကျွန်တော်ရဲ့ sexuality နဲ့ ဆက်စပ်ပြီးမတွေးမိသလို မိန်းကလေးတွေကို စိတ်မ၀င်စားဘဲ ယောကျာ်းလေးတွေကို အာရုံစိုက်မိတာ ကျွန်တော်တစ်ယောက်ထဲပဲ ဖြစ်တာလို့ထင်ခဲ့ပါတယ်။ gay လို့လည်း မခံယူမိပါဘူး။ စာဂျပိုးဆိုတာ့ peer pressure ကိုလည်း သိပ်တော့မခံစားမိတာ ပါမယ်။ လူပျိုပေါက်တော့ စာတွေဖတ်တဲ့အခါ ဆရာမြသန်းတင့်ရဲ့ အချစ်မိုးကောင်းကင် (Beyond Love) ဆရာမောင်ထွန်းသူ၊ ဆရာမောင်ပေါ်ထွန်းတို့၊ ဦးလှဝင်းတို့ ရဲ့(အိပ်ဇိုးတပ်၊ အကြီးအကဲ၊ ပါပီလွန်) ကနေစပြီး ဘာသာပြန်စာပေတွေကို ဖတ်မိတဲ့အခါ homosexuality အကြောင်းကို တစွန်းတစတွေ့မှ ကျွန်တော်ကိုယ့်ကိုယ်ကို gay မှန်း (ကျွန်တော့်လို gay တွေရှိမှန်း) သိခဲ့ပါတယ်။ ဆင်ဆာနဲ့ကိုက်အောင် တည်းဖြတ်ထားလို့ ထင်ထင်ရှားရှား မပါပေမဲ့ ဖတ်မိတဲ့အတွက် အထီးကျန်မဟုတ်မှန်း သိရတာ ကံကောင်းပါတယ်။ အခုတော့ internet ရှိတဲ့အတွက် ဆက်သွယ်ရေးက ပိုကောင်းလာပေမဲ့ homosexuality အကြောင်းကို တိတိကျကျ မဖတ်မိ၊ မသိရှိရတဲ့ သူတွေများနေတုန်းပါပဲ။ 2013 ခုနှစ်၊ အနောက်နိုင်ငံတွေမှာ homosexuality နဲ့ ပတ်သက်တဲ့ အနိုင်ကျင့်မှု၊ အထီးကျန်ခံစားရမှုတွေကြောင့် သေကြောင်းကြံစည်မှုနှုန်းတွေ တိုးလာပါတယ်။ ကိုယ့်အကြောင်းသိဖို့၊ လက်ခံနိုင်ဖို့၊ ကိုယ့်ဘ၀ကိုယ် ရွေးချယ်ဆုံးဖြတ်နိုင်ဖို့၊ ကာကွယ်နိုင်ဖို့၊ တိကျတဲ့ အသိပညာ၊ အပြုသဘောဆောင်တဲ့ သဘောထားနဲ့ ပွင့်လင်းမြင်သာတဲ့ ပတ်ဝန်းကျင်လိုအပ်နေတုန်းပါပဲ။

      Tohon
      (mail ကိုလည်းပို့ထားပါတယ်)

    • ဟုတ်ကဲ့…
      ကိုTohon ပြောတာအရမ်းသဘာဝကျပါတယ်.ပြီးတော့အခုကျွန်တော်ဖြတ်သန်းနေရတဲ့ဘဝကလည်း
      ကိုTohon ကြုံတွေ့နေရတဲ့အဖြစ်အပျက်လိုပဲ ထပ်တူနီးပါးကျနေပါတယ်.ဖြစ်နိုင်မယ်ဆိုရင်ကိုTohon နဲ့အပြင်မှာ လူချင်းတွေ့ပြီး ကျွန်တော်ရဲ့အခက်အခဲတွေနဲ့ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးချင်ပါတယ်.

    • ko Tohon နဲ့အရမ်းခင်ချငါတယ် emailပေးပါလားခင်ဗျာ

  14. I went to a homosexual school… well, in our little society, everybody is okay with the lesbian thing… some girls are dying to date the popular tomboys at the school… i used to be a lesbian… maybe i enjoyed being in love with someone…
    now i finished high school and i have a boyfriend… i don’t miss being a lesbian and i’m not ashamed of it… my friends know and they’re cool with it… so i want other homosexual to get the kind of understanding that i got…
    people are people and why do they want to discriminate?

  15. mom said nothing different i am gay or not . she said it is love and its beautiful too but she just don’t know how to face with my boyfriend 😀
    any idea?? hax hax what wrong with me. nothing was wrong. well its ok to be gay bro

  16. မပြစ်မှားမကျူးလွန်သင့်သော ကာမေသုကံမြောက်သည် မိန်းမများ

    (၁) အမိစောင့်ရှောက်တဲ့မိန်းမ၊

    (၂) အဘစောင့်ရှောက်တဲ့မိန်းမ၊

    (၃) အမိ အဘစောင့်ရှောက်တဲ့မိန်းမ၊

    (၄) မောင်ကြီးမောင်ငယ် စောင့်ရှောက်တဲ့မိန်းမ၊

    (၅) အစ်မ ညီမ စောင့်ရှောက်တဲ့မိန်းမ၊

    (၆) ဆွေမျိုးစောင့်ရှောက်တဲ့ မိန်းမ၊

    (၇) အနွယ်တူစောင့် ရှောက်တဲ့ မိန်းမ၊

    (၈) တရားကျင့်သုံးဖက် စောင့်ရှောက်တဲ့မိန်းမ။

    (ဒီမိန်းမရှစ်မျိုးက ကာမပိုင်မရှိတဲ့ အပျိုစင်မိန်းမများဖြစ်ပါတယ်။)

    (၉) စေ့စပ်ကြောင်းလမ်းပြီးမိန်းမ၊

    (၁၀) လက်မထပ်ရန် မင်းအမိန့်အာဏာဖြင့် တားမြစ်ထားတဲ့မိန်းမ၊

    (၁၁) ဥစ္စာဖြင့်ဝယ်ထားတဲ့ မိန်းမ၊

    (၁၂) ယောင်္ကားတစ်ဦးဦးနဲ့ အလိုတူ၍ အတူနေတဲ့ မိန်းမ၊

    (၁၃) စည်းစိမ်ပေးပြီး မယားပြုလုပ်ထားတဲ့ မိန်းမ၊

    (၁၄) အ၀တ်ပုဆိုးပေးပြီး မယားပြု ထားတဲ့ မိန်းမ၊

    (၁၅) ရွှေခွက်မှာ လက်စုံချပြီး ယောင်္ကျားနဲ့ ထိမ်းမြားလက်ထပ်ထားတဲ့ မိန်းမ၊

    (၁၆) ခေါင်းရွက်လုပ်ကိုင်စားသောက်ရတဲ့ မိန်းမကို ခေါင်းမရွက်စေဘဲ သိမ်းယူထားတဲ့ မိန်းမ၊

    (၁၇) ကျွန်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊

    (၁၈) အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊

    (၁၉) စစ်မြေမှ ဆောင်ခဲ့တဲ့ သုံ့ပန်းမိန်းမ၊

    (၂၀) တစ်ဦးဦးရဲ့ ခေတ္တမယားဖြစ်နေတဲ့ မိန်းမ

    (ဒီမိန်းမ(၁၂)ဦးကတော့ ကာမပိုင်ယောင်္ကျားရှိတဲ့ မိန်းမ များဖြစ်ပါတယ်)

  17. အထက်ပါ မိန်းမတွေကို ကံသုံးပါး တစ်ပါးပါးနဲ့ပစ်မှားရင် နောင်ဘဝ ခြောက်မဟေ့ … ဒါပဲ …..
    စဉ်းစား ဆင်ခြင် သုံးသပ် …. ဘယ်အမ နဲ့ ကိုယ်လွတ်အောင်ရုန်းမလဲ 🙂
    လျောက်ပြောတာမဟုတ်ဘူး အဂမနိယိယ၀တ္ထု မှာပြန်ရှာကြည့် ကျမ်းလာကို ဆိုတာ … ဒီတော့ကာ အငြင်းမပွားရင်သင့်မယ် ….. ကံ … ကံ၏အကျိုးကိုလက်ခံရင် …. အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးကိုလည်း လက်ခံရမှာပဲ .( မိရိုးဖလာကိုယ်းကွယ်ခြင်းမဟုတ်သော ဗုဒ္ဓဘာသာဝင်စစ်စစ်များကိုရည်ညွှန်းပါသည်။ ထိုစစ်စစ်များသည် ကံကံ၏အကျိုးကိုလည်းကောင်း အကြောင်းကြောင့်ဖြစ်သော အကျိုးကိုလည်းကောင်း ဆင်ခြင်နှလုံးသွင်းနိုင်ကြပါသည်)

  18. ကျွန်တော်ရေးတဲ့ comment ကိုဖျက်လိုက်သလားလို့ … 🙂
    အဖြေရချင်ရ မရချင်နေ … ကျွန်တော်မေးချင်တာ ဒါအကုန်ပဲ ….

  19. ဒီစာကို ဖတ်ရတာတော့ ကြာပါပြီ။ တစ်ခုခု ပြောချင်ပေမယ့် ဘာပြောရမလဲ မသိဘူး ဖြစ်နေလို့။ ပြန်တွေးကြည့်လိုက်တော့ သူတို့ကို လွတ်လပ်ခွင့် ပေးလိုက်တာ ကောင်းပါတယ်ဗျာ။ တကယ်တော့ သူတို့ရဲ့ ဘ၀တွေက လူချင်းတူတောင်မှ လမ်းမှာ တွေ့ရင် သူများ နှာခေါင်းရှုံ့တာကို ခံနေရတဲ့သူတွေပါ။ အခြောက်တွေ များလာလို့လည်း ကျွန်တော်တို့တွေ နစ်နာစရာ မရှိသလို တိုးတက်စရာလည်း မရှိပါဘူး။ တကယ့် လက်တွေ့မှာ မြင့်မြတ်လှပါတယ်ဆိုတဲ့ ယောင်္ကျားတွေက အဲဒီနိမ့်ကျတဲ့ အခြောက်တွေမှာ ခြူစား မြှုစားနေတာတွေ အများကြီးပါဗျာ။ အားလုံး ကိုယ့်ဘ၀နဲ့ကိုယ် ကျေနပ်ရင် အရာရာ အဆင်ပြေသွားမှာပါ။

  20. ကျွန်တော်ကိုယ်တိုင်လည်း လိင်တူကြိုက်ပါတယ် ဒါအပြစ်လို့မထင်ပါဘူး

  21. လူ လူချင်းချစ် တာ ရွံစရာမဟုတ်ပါဘူး ငါ ကတော့ မိန်းမတစ်ယောက် ဖြစ်ပေမဲယောက်ကျား ချင်း ချစ် တဲ့ရုပ်ရှင်တွေကြည့်ရတာပိုကြိုက်တယ်အားပေးတယ်

  22. ကို Tohon ပြောသွားတာသဘောကျပါတယ်ဗျာ …ကျနော်လည်းယောက်ျားစစ်စစ်တယောက်ပါ
    မိန်းမတယောက်ဖြစ်ချင်စိတ်လည်းမရှိပါဘူး ဒါပေမယ့် ယောက်ျားလေးတွေကိုပဲရင်ခုန်ပါတယ်

    မိန်းကလေးတွေကိုတော့ အမ ညီမ ထက်မပိုပါဘူး
    ဆရာအတ္တကျော်ကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ
    ဆရာပြောသလိုလူတွေလက်ခံလာရင်တော့ကောင်းတာပေါ့

    ဒါပေမယ့်ကျနော်ကပတ်ဝန်းကျင်ကိုသိပ်ဂရုမစိုက်ပါဘူး သူတို့လှုပ်တိုင်း ကိုယ်

    လှုပ်ရင်ဘာမှကိုလုပ်နိုင်မှာမဟုတ်ပါဘူး
    အမြင့်မြတ်ဆုံးသောဘုရားရှင်တောင်မှအပြစ်ပြောတဲ့လူရှိခဲ့သေးတာပဲ
    ယောက်ျား တယောက်ဖြစ်ပြီး ယုတ်မာကောက်ကျစ် လူမဆန်တဲ့လူများကိုသာအပြစ်တင် ရှုံ့ချရမှာပါ
    gay ဖြစ်ပြီး စိတ်ထားမြင့်မြတ်သူတွေ ဒုနဲ့ဒေးပါ
    ကျနော့်ဒီစာကိုဖတ်မိသော အလားတူ ညီအကိုတို့လည်း ကိုယ့်ကိုကိုယ် စိတ်အားမငယ်ကြပါနဲ့ဗျာ
    ကျနော်အခု ကျနော်ချစ်ရတဲ့သူနဲ့ ပျော်ပျော်ရွှင်ရွှင်နေနေပါတယ်..
    နောက်ဆုံးအနေနဲ့ပြောရရင် ချစ်တာကချစ်တာပါပဲ ယောက်ျားမို့လို့မိန်းမကိုချစ်ရမယ်လို့သတ်မှတ်ချက်မရှိပါဘူး
    ရှိခဲ့ရင်လည်း ကိုယ့်စိတ်ကို ကိုယ်ပဲပိုင်တာပါ ဘယ်သူကမှလာပြုပြင်လို့မရပါဘူး
    ကျေးဇူးတင်ပါတယ်

    TO zinmin – love story သိပ်သိချင်သပဆိုရင် nightingale91092@gmail.com ကို add လိုက်ပါ 😀

    • အကိုInnocence ရဲ့ခံယူချက်တွေက ကျွန်တော်နဲ့တူတယ်ဗျ။

  23. မြန်မာတွေက တော်တော် အပြစ်တင်တတ်ကြတယ်။ လိင်တူချစ်သူတွေလည်း ဘာဖြစ်လဲ။ လူတစ်ယောက်နဲ့ တစ်ယောက် ချစ်တာ အပြစ်မဟုတ်ပါဘူး။ ကျမတူတွေ တူမတွေ အရွယ်ရောက်လို့ gay ဖြစ်မယ်ဆိုရင်တောင် အားပေးလိုက်မယ် သူတို့စိတ်နဲ့ သူတို့ပဲလေ။

  24. ကျွှန်တော်အတွက်တော့ အသိတွေအများကြီး ရသွားပါတယ်… ဒီပို့စ်လေးကိုတင်တဲ့ သူကိုရော ကွန်မန့်ပေးထားတဲ့သူတွေအားလုံးကိုရော ကျေးဇူးတင်ပါတယ်ဗျာ….. ကိုယ့်အကြောင့်ကိုတော့ ခုချိန်ထိ ပြောမပြနိုင်တာကတော့ ကျွှန်တော့်ရဲ့ အားနက်ချက်မို့ ခွင့်လွတ်ပေးစေလိုပါတယ် ( ပြောနိုင်တာတခုကတော့ ကိုယ့်ကြောင့် အခြားသူကိုလုံးဝ မထိခိုက်စေရဘူးဆိုတာပါ )

  25. ကျွန်တော် အနေနဲ့ ပြောချင်တာလေးက တော့ တစ်ဦးကိုတစ်ဦး အသိ လေးအကြောင်း ကိုမျှဝေပေး ကြတဲ့ အကိုတွေ အမတွေ ရင်ထဲးမှာ တရားကိန်းနေတာကို ၀မ်းမြောက်ဝမ်းသာ အာရပါးရကို ဖတ်လိုက်ရတဲ့အတွက် ကိုယ်ချင်းစာတရားရှိနေကြတယ်ဆိုတာကျွန်တော်ကိုယ်တိုင်သဘော်ပေါက်နားလည်ခဲ့ရပါပြိ

    ဒီဘလော့ကိုဖြစ်အောင် စီစဉ်ပေးတဲ့ဆရာနဲ့ဆရာအထက်အားလုံကိုလည်းကျေးဇူးတင်ပါတယ်
    ကျွန်တော်ဟာလည်း gay. ပါ ယောက်ကျား စစ်စစ်တော့မဟုတ် ပေမဲ့ အများကိုအနည်းငယိုထိခိုက့်နစ်နဲာ့စေတဲ့စေတနာမျိုးလည်း တစ်ခါ မှမထားဖူးသေးဘူး ဆရာပြောတဲ့စာနဲ့ အတူ Comment တွေကိုဖတ်ရတဲ့ အခါ gay ဘ၀က အရမ်းကို ခက်ခဲး ရတာတော့မှန်ပေမဲ့ ပိုတိုးလာဖို့ပဲးရှိပါ တယ် ဘာလိုလည်းဆို တော. လောကအမှန်တရားရှင်တော်မြတ်ဘုရားဟော်းကြားဆုံးမတော်မှုတဲ့အတိုင်းပါပဲး သူသားမယားပစ်မှားလာသူကလည်းများလာကြပြီ မွှေးလာတဲ့ကလေးမိန်းကလေးများလာတော့ မယ် ယောက်ကျားလေးအမွှေးနည်းပါတယ်ဆိုယောက်ကျားစစ်စစ်ကရှားလာတော့မယ်ဘာလို.လည်းမိ့ဘ ဘက်က သီိ လ ပျက်ခြင်းကတစ်ကြောင်း မဟုတ်မမှန်ဆိုလေ့ရှိခြင်းရော်းအပါအ၀င် အရေးကြီးတယ်နော် မိန်မဘာလို့ဖြစ်တာလည် ဘုရားတစ်ခွန်တည်ပဲးပြန်ဖြေတယ် သူများသာမယားပစ်မှား ထားမိတာ မိန်းမဖြစ်ရတယ် ပြီးတော့တစ်ခါဆက်သွာလိုက်ဦး လိမ်ပြော်တတ်တဲ့ မိခင်နဲ့ခင်မွန်းမှာ သားယောက်ကျား မဖွားနိုင်ဘူး ဆိုတာမိန့်တော်မူတယ် အကြောင်းအကျိုးတွေတဲ့ဒါကိုသွာငြင်းလို့မရဘူးပေါ့ အဲ.တော့ကျွှန်တော်ပြောချင်တာက အားလုံးပဲးပေါ့နော်သူများကိုမပြောမိနဲ့ပေါ့နော်ကိုယ်ချင်းစာတရားကထားလိုက်ကြည့်ကြပါ gayဆိုတာကိုလည်းရွှန်စရာစက်ဆုပ်စရာကောင်းတယ်လို့ပြောတာကိုကသူ့ဟိုလိုဟာကအရမ်းကိုသန့်ရှင်းတယ်ဖြစ်ပြန်မယ်အတူတူပဲးမဟုတ်ဘူးလားဟုတ်မဟုတ်
    ကျွှန်တော်ကတော့အတူတူကိုအရမ်းစိတ်ဝင်စားတာဗျအဲ့ဒိစိတ်ကလည်းဘယ်တော့မှပြောင်းတော့မယ်မဟုတ်ပါဘာလို့လည်းဆိုတော့သူမကပဲးစိတ်နာအောင်လုပ်သွားခဲ့တယ်နာကြင်ရလွန်းတဲ့ဒဏ်ချက်နဲ့အမြဲးမပျက်နိပ်ဆက်နေတဲ့စောက့်ကောင်မရဲ့အပြုးလေတွေကြောင့် gay ဖြစ်သွားတာ
    gay ဖြစ်ရတာနည်နည်းတော့ခက်တာပေါ့နော်ရှာရတာခက်တာကို အဲ့တော့လေ့လာကြည့်တယ် gay တွေ့ချင်လား how to find gay?အဲ့တော့သူပြောတယ်အချစ်စတ်နည်းနည်းပါတဲ့်မျက်လုံးလေးနဲ့အသာလေးကြည်လိုက်တော့ဘာပြန်ပြောလည်းတစ်အောင့်လေလောက်တော့မျက်လုံးချင်းစကားပြောမယ် ခဏခဏ ကြည့်မယ် ကြည့ကြည့်လိုက်တိုင်းရင်တွေုခုန်ခုန်လာတယ် ဟာဒါဆိုရင်တော့သူလည်အတူတူကိုစိတ်ဝင်စားနေတာပဲးgayပေါ့ဗျနည်ပေးနေတယ်နော်ကြည့်လို့မှပြန်မကြည့်ရင် ဒီကောင်တော်တော်မာနကြီးတဲ့ကောင်ပေါ့ အဲ့လိုအကောင်းမြင်တတ်တာပြောပါတယ် ဒါဆိုသိပြီနော်အဲ့ထက်ပိုသိချင်တယ်ဆိုရင်တော့ gaylovegay.tgi@gmail.comကို အပ်လိုက်ကြgayို အားလုံးကိုလည်းပျော်စေချင်ပါတယ်လေ့လာရတာကတော့gay တွေဟာအပူအပင်ကင်းသူပျော်ပျော်ပဲးကိုယ်တစ်ယောက်တည်းလည်နေတတ်သူ ဟိုဟာတွေနဲ့တော့အရမ်းကွာတယ်မပူနဲ့ဘယ်လောက်စစ်တဲ့ယောက်ကျားပဲးဖြစ်တစ်ချိန်လုံးမူးမယ်စတိုင်အပြည့်နဲ့ စောက်ဖုတ်နံပဲးလိုက်ရူနေတာ ငါတို့gayအဖွဲ့တွေလည်းစတိုင်အသင့်အသင့် အရမ်းမလွန်စေနဲ့ ဒါအရေးကြီးတယ် အ၀တ်ကိုတော့အမြဲးသန့်နေရမယ် ဆံပင်ကအရေကြီးဆုံးနော်မမေ့နဲ့ရုပ်ရှည်နဲ့လိုက်ဖက်နေရမယ်ပြီးရင်မျကက်နာလေးကအရင်လိုမာနမရှိရတော့ဘူပြုံးပြုံးလေးပြုံးပြလိုက်အဲ့တော့ခင်ချင်ကြလိုက်မယ်ကိုယ်တွေ့နော်ဒါဆိုရင်ဘဲကြည့်ခံထွက်လိုရပြီ
    ကျေးဇူးတင်ပါတယ် နောက်နေ့မှထပ်ရေးပါတော့မယ် အားလုံးကိုလည်းခင်ပါတယ် အတူတူကြိုက်တဲ့ဟာတွေကိုပြော်တာနော် ဟိုလိုကြိုက်တဲ့ဟာတွေ စိတ်မ၀င်စားဘူး ကဲတာပဲွး

Leave a Reply to Truth Cancel reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s