အဖေများနေ့ အထိမ်းအမှတ်အတွက် ပတ္တမြား FM မှာ ပြောခဲ့တာ
ရန်ကုန် City FM က ရန်ကုန်မြို့နဲ့ အနီးတ၀ိုက်၊ မန္တလေး FM က ရန်ကုန်နဲ့ မန္တလေးတစ်ကြော၊ ပဉ္စ၀တီ FM က မြစ်ဝကျွန်းပေါ်နဲ့ ကမ်းရိုးတန်း ဒေသစသဖြင့် FM ရေဒီယိုများ အလျှိုလျှို ပေါ်ထွက်လာပြီးတဲ့နောက် ပတ္တမြား FM ကလည်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကို လွှင့်ထုတ်နေတယ်လို့ သိရပါတယ်။ အဲဒီ့ ရေဒီယိုအစီအစဉ်က အခုနှစ် စက်တင်ဘာ ၅ ရက်နေ့ “အဖေများနေ့”အထိမ်းအမှတ်အဖြစ် ထုတ်လွှင့်မယ့် အစီအစဉ်လေးမှာ ကျွန်တော့်ကို လာရောက်တွေ့ဆုံ မေးမြန်းသွားခဲ့ပါတယ်။ အဲဒီ့ အသံဖိုင်လေးကို ကနေ့ အဲဒီ့ ရေဒီယိုရဲ့ အသံသွင်း စတူဒီယိုမှာ နောက်ထပ် အစီအစဉ်တစ်ခုအတွက် အသံသွားသွင်းရင်းက ရရှိလာပါတယ်။
နားဆင်တော်မူကြည့်ကြပါဦးခင်ဗျာ။ သိပ်မရှည်လှပါဘူး။ ၅ မိနစ်စာလေးပါ။
ကျေးဇူးတင်ပါတယ်။
very precious talk Sayar. Despite being short, it goes without saying that it is invaluable.
i shared it on my Facebook for the sake of others. Thanks a billion Sayar.
ဒေါင်းလို့လဲမရဘူး 😦
အရမ်းကောင်းပါတယ်ဆရာ။
ပြည့်စုံတဲ့အဖေအတွက်ပေါ့နော။
ကြိုးစားနေဆဲပါဆရာ။
ကျေးဇူးပါ ဆရာ အရာအားလုံးအတွက်။
“ပြည့်စုံတဲ့ အဖေအတွက်ပေါ့နော်…”ဆိုတာကတော့ သိပ် မဟုတ်သေးဘူး ထင်ပါတယ်ခင်ဗျာ။ “ပြည့်စုံတယ်”ဆိုတာ ဘာနဲ့ တိုင်းတာမှာပါလဲ ခင်ဗျာ။ ကျွန်တော် အခုအချိန်မှာ ဘာဈေးမှ မတန်တော့တဲ့ ပြည်တွင်းဖြစ် ဒဂုံဂျစ် စီးနေပါတယ်။ လယ်(န်)ခရူဇာတွေ၊ လက်(ခ်)ဆပ်(စ်)တွေနဲ့မှ ပြည့်စုံမယ်လို့ စဉ်းစားရင် ဘယ်ပြည့်စုံမလဲဗျာ။ “ပြည့်စုံမှု”ဆိုတာဟာ တပ်မက်မှုနဲ့များ တိုက်ရိုက် အချိုးကျနေမလား မသိဘူး။ ဖအေ တစ်ယောက်မှာ ပြည့်စုံဖို့ လိုအပ်တာက သားသမီးအတွက် စိတ်ရောကိုယ်ပါ နှစ်ပေးတဲ့ အချိန်တိုလေးတွေပါပဲ။ တစ်မိုးအောက်တည်းမှာ နာရီပေါင်းများစွာ ရှိနေတာ၊ ရုပ်မြင်သံကြားကို ၂ နာရီ ၃ နာရီ အတူထိုင်ကြည့်တာမျိုး မဟုတ်ဘူးနော်။ သားသမီးနဲ့ ကိုယ်နဲ့ အပြန်အလှန် ပြောဆို၊ စိတ်ဝင်စား၊ အတူ ကစားတဲ့အချိန်မျိုးလေးတွေတော့ ချို့ငဲ့တဲ့ အဖေအတွက်လည်း ဘာမှ အရင်း မစိုက်ရဘူး ထင်ပါတယ်ခင်ဗျာ။ ကျွန်တော့်အမြင်ကို ပြောတာပါ။
pease pass this message to Padamya FM. We can listen Padamya FM in Perth Westren Australia on 88.8 FM. Thanks you very much.