တောင်ငူစာပေဟောပြောပွဲ အသံဖိုင်
အခုနှစ် မေလ ၇ ရက်နေ့ ညပိုင်းက ဆရာ လယ်တွင်းသား စောချစ်နဲ့အတူ တောင်ငူမှာ တစ်ပွဲ ဟောခွင့် ကြုံခဲ့ပါတယ်။ အဲဒါလေးကို အခုမှ အသံဖိုင် ရလို့ တင်ပေးလိုက်ကြောင်းပါခင်ဗျား။ ကျွန်တော်ကသာ အခုမှ အသံဖိုင် ရတယ်၊ ပရိသတ်ကတော့ ဗီဒီယိုနဲ့တောင် ကြည့်ရှုနားဆင်ပြီးပြီလို့ ဆိုပါတယ်။ အတော်များများလည်း နားဆင်ပြီး ဖြစ်ကြမှာပါ။ နားမဆင်ရသေးသူများအတွက်လည်း ဖြစ်၊ ကျွန်တော့် ဘလော့(ဂ်)မှာလည်း အမှတ်တရ ထားရှိရာလည်း ဖြစ်အောင် တင်ထားလိုက်တာပါပဲ ခင်ဗျား။
ဒါတင်ထားတာ နှစ်ရက်ကြာပြီဖြစ်သည့်တိုင် မည်သူ တစ်ဦးတစ်ယောက်မှ မကွန်မန့်သေးတာမို့ Facebook မှာ ပေးထားတဲ့ သည်လင့်(ခ်)မှာ လာရေးသွားတဲ့ ကွန်မန့်တွေကိုပဲ ကူးယူ မှတ်တမ်းတင်ထားလိုက်ပါတယ်။
Saw Yu: I phone ဖြင့် နားဆင်လို့ မရပါရှင် …..:(
Yesterday at 07:10 · Like
Htar Honey: လစာကြီးကြီးစားတဲ့ ကျွန်အကြီးစားမဖြစ်အောင် စာဖတ်ရမယ်ဆိုတဲ့ ဆရာ့ စကားက အရမ်းကို heart ထိပါတယ်ဆရာ။ ကျွန်တော်တို့ရဲ့ စိတ်မျက်လုံးတွေကို ဖွင့်ပေးတဲ့ ဆရာတို့ကို အရမ်း ကျေးဇူးတင်ပါတယ်။ ဆရာတို့ ကျန်းမာသက်ရှည်သုခဝေကြပါစေလို့ ဆန္ဒပြုပါတယ်ဆရာ။
Yesterday at 09:23 · Like · 1 person
Sai Maung Maung Zaw: ဆရာပေးတဲ့ message ကို တော်တော်သဘောကျပါတယ်။ ဗဟုသုတ ဆိုတာ ရှာလို့လွယ်တယ်။ စိတ်မျက်စိကို ဖွင့်ထား။ ရသာစာပေဟာ လူဘောင်လောကမှာ ဘယ်လောက် အရေးပါတယ်ဆိုတာ။ ကျေးဇူးပဲဆရာ…
Yesterday at 09:25 · Like
Thar Gyi: ဆရာကျော့်အသံကိုတော့ လွှတ်ကြိုက်တယ်ဗျာ.. ပီတယ် သြတယ် အဖြတ်အတောက်နဲ့ အနိမ့်အမြင့်လဲမှန်တယ် ရင်ခေါင်းထဲကလာတဲ့ အသံမျိုး.. အော်ဒဂျင်နယ်လား လေ့ကျင့်ထားတာလားဆရာ
Yesterday at 11:15 · Like
Atta Kyaw: အသံကတော့ အော်ဒဂျင်နယ်ပါ Ko Thar Gyi ရယ်။ အမေနဲ့ အဖေက သည်ရုပ်ကလေးနဲ့ သည်အသံကလေးပဲ ကျကျနန ပေးထားခဲ့တာပါ။ 😛 အဖြတ် အတောက် အနိမ့်အမြင့်ကတော့ လေ့ကျင့်ထားတာပါ။ ကျွန်တော် ငယ်ငယ်က စွယ်စုံရူးခဲ့ဖူးပါတယ်။ အဲဒီ့ထဲမှာ သရုပ်ဆောင်ရူးက အတော်ကဲတယ်။ နောက် တစ်ချက်က ကျွန်တော်တို့ ခေတ်က ရေဒီယိုကိုပဲ ဖက်ပြီး ကြီးရတာလေ။ (ကျွန်တော်တို့ အသက် ၂၃-၄ နှစ်မှ ရုပ်သံဆိုတာက မြန်မာပြည်ကို ရောက်လာတာ။) ရေဒီယို နားထောင်တာများပြီး ဟိုခေတ်က ရေဒီယိုက ပုဂ္ဂိုလ်တွေရဲ့ ပြောပုံဆိုလက် လေယူလေသိမ်းတွေကလည်း ငြိစရာ သိပ်ကောင်းတော့ စွဲနေပြီး ကိုယ်တိုင် ပြောတဲ့အခါလည်း အဲဒါတွေ ချသုံးဖြစ်သွာတာပါပဲ။
21 hours ago · Like · 3 people
Wai Wai Lynn Kyi: သရုပ်ဆောင်ဝင်းဦးလိုပေါ့နော်..ဆရာ.. 🙂
21 hours ago · Unlike · 1 person
Myo Tha Htet: Thank you. Cheers!
19 hours ago · Like
Excellent Sayar!
ဆရာ…မင်္ဂလာပါရှင့်။ သမီးက ဆရာ့စာတွေအမြဲဖတ်ပါတယ်။ ကောမန့်တွေတော့ တခါမှ မရေးမိပါဘူး။
တမျိုးမထင်ပါနဲ့ရှင်။ကောမန့်တွေက ဆရာအတွက်အားဖြစ်စေမယ်ဆိုရင် သမီးလိုမျိုး ဆရာ့စာတွေမလွတ်တမ်းဖတ်နေပေမယ့် ကောမန့်မရေးဖြစ်ခဲ့တဲ့သူတွေကိုယ်စား တောင်းပန်ပါတယ်။
ဆရာ့ကို စာဖတ်ပရိတ်သတ်က အမြဲအားပေးလျက်ရှိပါတယ်။ ဆရာကျန်းမာပျော်ရွှင်ပါစေ။