အမှတ်တရမှာ အောက်ပါ စာသားလေး ပြန်ပေါ်လာပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်တိတိက Facebook မှာ ကျနော် တင်ခဲ့တာပါ။
To put the world in order, we must first put the nation in order; to put the nation in order, we must put the family in order; to put the family in order, we must cultivate our personal life; and to cultivate our personal life, we must first set our hearts right.
(ဘာသာပြန်) လောကကြီးကို နေသားတကျ ဖြစ်နေစေချင်ရင် နိုင်ငံကို နေသားတကျဖြစ်အောင် အရင်ဆုံး လုပ်ရလိမ့်မယ်။ နိုင်ငံကို နေသားတကျ ဖြစ်နေစေချင်ရင် မိသားစုကို နေသားတကျဖြစ်နေအောင် အရင်ဆုံး လုပ်ရလိမ့်မယ်။ မိသားစုကို နေသားတကျ ဖြစ်နေစေချင်ရင် ကျနော်တို့ရဲ့ပုဂ္ဂလိက ဘဝတွေကို နေသားတကျ ဖြစ်အောင် အရင်ဆုံး ပျိုးထောင်ကြရလိမ့်မယ်။ ကျနော်တို့ရဲ့ နှလုံးသားတွေကို မှန်ကန်မျှတအောင် အရင်ဆုံး လုပ်ရမယ်။ (ဘာသာပြန်အဆုံး)
မဟတ္တမ ဂန္ဓီဆိုတာကို တကမ္ဘာလုံးက တကယ့်ကို မြင့်မြတ်တဲ့ အကြမ်းမဖက်ရေး ဝါဒကို ကိုင်စွဲသူအဖြစ် ရှုမြင်ကြတယ်။ “မဟတ္တမ”ဆိုတာ “အကြီးကျယ် အမြင့်မြတ်ဆုံး”ဆိုတဲ့ ဘွဲ့ထူးလေ။
ဒါပေမယ့် ၂၀၀၇ ခုနှစ်မယ် ဘောလိဝု(ဒ်)က ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ “ကျနော့်အဖေ ဂန္ဓီ”ဆိုတဲ့ ဓာတ်ရှင်ကို ကြည့်အပြီးမယ် ဂန္ဓီလည်း လူပါပဲဆိုတဲ့ အမြင်အပြင် တကယ်ကော သူဟာ “မဟတ္တမ”ရဲ့လားဆိုတဲ့ မေးခွန်းက ကျနော့်ဆီမှာ ပေါ်လာခဲ့ပါတယ်။
ဂန္ဓီ့သားအကြီးဆုံး “ဟာရီလား(လ်) ဂန္ဓီ”ဟာ အစ္စလာမ်ဘာသာကို ပြောင်းခဲ့တယ်။ ပြီးတော့မှ တခါ သူ့ မိဘတွေနဲ့ ဂိုဏ်းမတူတဲ့ ဟိန္ဒူဘာသာကို ပြန်ပြောင်းခဲ့ပါတယ်။ ပြီးတော့ အရက်သမားကြီး လုံးလုံး ဖြစ်သွား၊ လမ်းဘေးမှာ ခွေးသေဝက်သေ သေသွားခဲ့ရတဲ့ အဖြစ်ကို ဘောလိဝု(ဒ်)က ရိုက်ပြတော့မှ သိရတာ။
ကွန်ဖြူးရှပ်ရဲ့စကားနဲ့ဆိုရင်တော့ ဂန္ဓီဟာ လောကကြီးအတွက်၊ သူ့နိုင်ငံအတွက် နေသသားတကျ ဖြစ်အောင် အားထုတ်ခဲ့တာ မှန်သည့်တိုင် သူ့မိသားစုဘဝ၊ သူ့ပုဂ္ဂလိက ဘဝကို နေသားတကျ ဖြစ်အောင် မစီစဉ်နိုင်ခဲ့တာတော့ အသအချာပါပဲ။ သူ့နှလုံးသား မမှန်ကန် မမျှတတာကလည်း သူ့သားကြီးနဲ့ သူနဲ့ကြားက ကွဲလွဲမှုမှာ အတိအကျ ပြဆိုနေပါတယ်။
သူ့သားကြီးက သူ့ဖခင်လို နိုင်ငံခြားမှာ ဥပဒေပညာသင်ပြီး ဝတ်လုံတော်ရ ဖြစ်ချင်ခဲ့တာ။ ဂန္ဓီက သူ့သားကို သူ့လိုပဲ အိန္ဒိယနိုင်ငံအရေးအတွက် တိုက်ပွဲဝင်စေချင်ခဲ့တာ။ သူ့စံတွေအတိုင်း လိုက်နာစေချင်ခဲ့တာ။ သားကြီးရဲ့ ဆန္ဒကို လစ်လျူရှုခဲ့တယ်။ ခွင့်မပြုခဲ့ဘူး။
လူငယ်တယောက်ကို ဇွတ်အတင်း ပုံသွင်းချင်တဲ့ ဂန္ဓီ့ရဲ့ နှလုံးသား မမှန်ကန် မမျှတလှတာ သည်တချက်နဲ့တင် ရှင်းနေတယ်လို့ မြင်မိရပါတယ်။
ဒါ့အပြင် သူ့ရဲ့ ဝါရိတ္တ (ရှောင်ကြဉ်ခြင်းသီလ) ကျင့်စဉ်အတွက် သူ့ဘဝ နေဝင်ခါနီး ကာလတွေမယ် ဆယ်ကျော်သက် မိန်းကလေးတွေနဲ့ သူနဲ့အတူတူ ညတိုင်း (ကလေးမလေးတွေရော သူပါ) ကိုယ်လုံးတီး အိပ်ခဲ့တယ်ဆိုတဲ့ အချက်ကြီးကလည်း ကျနော့်ကို မှောင့်တယ်။ ဒါဟာ အရွယ်မရောက်သေးတဲ့ ကလေးမလေးတွေအပေါ် သားသမီးချင်း မစာနာတဲ့ အပြုအမူပဲလို့ မြင်မိတာကိုးဗျာ။
ကျနော်တို့ အားလုံးရဲ့ နှလုံးသားတွေသာ မှန်ကန်မျှတမယ်ဆိုရင် လောကကြီးက နေချင့်စဖွယ် ဖြစ်နေပါလိမ့်မယ်။
ဒါက စင်းလုံးချောတဲ့၊ စံပြုထိုက်တဲ့ လောကကြီးကို ပြောတာပါ။
ခက်တာက ကျနော်တို့ဟာ စင်းလုံးလည်း မချော၊ စံရယ်လို့လည်း မရှိတဲ့ လောကကြီးထဲမှာ နေနေကြရတာပါပဲ။ အဲတော့လည်း…
အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ…
အတ္တကျော်
(၃၀၀၉၁၉)
ကိုကြီးကျော်ကတော့ဗျာ နှိုက်နှိုက်ချွတ်ကို ကျမ်းကိုးတွေ ရှာမှရှာတွေ့တတ်ပလေ တယ်။မဟတ္ထမကြီး နေဝင်ချိန်မှာ ဆယ်ကျော်သက်တွေနဲ့အတူ ဝစ်လစ်စလစ်အိပ်တယ်ဆိုတာ ဘယ်စာအုပ်ထဲကများတွေ့ပါလိမ့်။တလက်စတည်းဗျာ နှလုံးလှတဲ့ မာသာထရီဇာကြီးအကြောင်း လည်းဖော်ထုတ်ရေးသားပေးပါဦးလို့ တောင်းဆိုပါရစေလားဗျာ။
The facts are that after his wife, Kasturba, died in 1944, Gandhi began the habit of sharing his bed with naked young women: his personal doctor, Sushila Nayar, and his grandnieces Abha and Manu, who were then in their late teens and about 60 years younger than him.
https://www.theguardian.com/commentisfree/2018/oct/01/gandhi-celibacy-test-naked-women
မာသာထရီဇာတော့ ကျနော် သိပ်မသိလှဘူးဗျ။ ရေးစရာ အကြောင်းပေါ်ရင်တော့ အိမ်စာလုပ်ပြီး ရေးဖြစ်မယ်လို့ ရေးတေးတေး မျှော်လင့်ရတာပေါ့။ ခုထက်ထိတော့ တခါဆို တခါမှ မာသာထရီဇာနဲ့ ပတ်သက်လို့ စိတ်ဝင်တစား ရေးပြစရာ မတွေ့မိသေးဘူး။
ဘိုလိုရေးထားတာတွေကို အဆင်သင့်ဖတ်နိုင်အောင်တင်ပေးလိုက်လို့ ကျေးဇူးတင်ပါတယ် ကိုကြီးကျော် ခင်ဗျား။ ထော့ကျိုးထော့ကျိုး မတောက်တခေါက်အင်္ဂလိပ်စာစွမ်းရည်လေးနဲ့ ကြိုးစားပြီး ဖတ်ကြည့်ပါ အုံးမယ်။