For Young Girls to Read: Men’s Love

ယောက်ျားတို့ရဲ့ အချစ်

———————————————————–

နိဒါန်း

လစ်ဟာနေသော ကွက်လပ်တစ်ခုကို ဖြည့်သည့်အနေဖြင့် လူမှုရေး ကိစ္စများအတွက် အခမဲ့ အတိုင်ပင်ခံအဖြစ် သရဖူမဂ္ဂဇင်းမှတစ်ဆင့် ကမ်းလှမ်း ဆောင်ရွက်ပေးနေခဲ့သည်မှာ တစ်နှစ်ပင်ကျော်ခဲ့ပါပြီ။

ထိုတစ်နှစ်အတွင်း ရောက်ရှိလာသူအများစုမှာ အိမ်ထောင်ရေး ဒုက္ခသည်များသာ ဖြစ်လေသည်။ မိဘနှင့် အဆင်မပြေသဖြင့် ကျွန်တော့်ထံ လာရောက်ဆွေးနွေးသည့် လူငယ်လူရွယ်ဟူ၍ မှတ်မှတ်ရရ နှစ်ဦး သာ ကြုံဖူးပါသေးသည်။ ထိုနည်းတူစွာ လာရောက် ဆွေးနွေးသူများထဲတွင် အမျိုးသားအရေအတွက်ကလည်း နှစ်ဦးမျှသာ ရှိပါသေးသည်။ အမျိုးသမီးအရေအတွက်ကမူ ဆိုခဲ့သည့် တစ်နှစ်တာအတွင်းတွင် ၆၀ ကျော်၊ ၇၀နားသို့ ရောက်ခဲ့ပါလေပြီ။

ထိုအရေအတွက်အားလုံးမှာ ဆိုခဲ့သည့်အတိုင်း အိမ်ထောင်ရေး ဒုက္ခသည်များသာဖြစ်လေသည်။ ထို့ထက်ပိုပြီး အသေးစိတ်စိတ်နှင့် ကဗျာဆန်ဆန် ပြောရသော် “ချစ်ဒုက္ခသည်”များဟုပင် ကင်ပွန်းတပ်ချင်လှပါသည်။

ကျွန်တော့်အားလာရောက်ဆွေးနွေးသူများမှာ အသက်၂၀ဝန်းကျင် မှ ၅၀ကျော်အရွယ်အထိ အရွယ်စုံ ပါဝင်ပြီး အလွှာပေါင်းစုံမှ လူတန်းစား ပေါင်းစုံလည်း ပါဝင်နေပါသည်။ အရွယ် အဘယ်မျှ ခြားခြား၊ အလွှာ အဘယ်မျှ ပြားပြား၊ အားလုံးမှာ တူညီလှသောအချက်ကတော့ ယောက်ျားတို့၏ အချစ်ကို ဘယ်လိုမှ နားမလည်ကြခြင်းသာဖြစ်ပါလေသည်။

ထို့ကြောင့် ယခုတစ်ပတ်တွင်တော့ ယောက်ျားတို့၏ အချစ်ကို ကျကျနန ဝိတ္တာရ ချဲ့ပြရန် စိတ်ကူးလိုက်မိပါသည်။

ကျွန်တော်သိတဲ့ အချစ်

————————-

ဘာကိုမှမပြောခင် အချစ်နှင့် ပတ်သက်ပြီး ကျွန်တော့် ရှုမြင်သုံးသပ်ပုံကို အရင်ဦးဆုံး တင်ပြလိုပါသည်။

ထို “အချစ်”ဆိုသောအရာကို မည်သူမျှ ခိုင်လုံ တိကျသော အနက် မဖွင့်ဆိုနိုင်သေးတာက သေချာလှပါသည်။ ဆင်ဆိုသည်မှာ နံရံကြီးပါတကားဟု ဆိုသလိုပင် အချစ်ဆိုတာ စွန့်လွှတ်အနစ်နာခံခြင်းပါဟုဆိုသူ က ဆို၊ ရယူပိုင်ဆိုင်ခြင်းဟု ပြောသူက ပြော၊ ခွင့်လွှတ်ခြင်းဟု ဖွင့်သူက ဖွင့်နေကြသည် မှန်သော်လည်း အများ သဘောတူ တစ်ညီတစ်ညွှတ်တည်း ဖွင့်ဆိုထားသော အနက်မျိုးကို ဘယ်မှာမှ မတွေ့နိုင်သည်မှာလည်း အမှန်ဖြစ်ပါသည်။

သို့သော် ထို“အချစ်”သည် အလွန် စီးပွားဖြစ်သည်မှာကား သေချာ လှပါသည်။ ခေတ်အဆက်ဆက်တွင် အောင်မြင်သော စာပေ၊ ဝတ္ထု၊ ကဗျာ၊ သီချင်း၊ ဇာတ်၊ ရုပ်ရှင်၊  ဗီဒီယိုအားလုံးသည်  အဆိုပါဘယ်သူမှ ကျကျနနမသိလှသော “ရွှေအချစ်”ကို ခုတုံး လုပ်ထားကြသည်များသာ ဖြစ်လေသည်။ ထိုသို့ ခုတုံးလုပ်ကြရာတွင်လည်း အနုပညာ မမြောက် မြောက်အောင် အလင်္ကာတန်ဆာများကိုလည်း နင်းခွပြီး ဆင်ပေးလိုက်ကြပြန်ရာ ဘာမှ မသိသေးသူ လူငယ်လူရွယ်များအဖို့ ဝတ္ထုတွေ၊ ရုပ်ရှင်တွေ၊ သီချင်းတွေထဲကလိုမှ မချစ်ပြတတ်လျှင် ယခုပင် ဆန့်ငင်ဆန့်ငင်နှင့် သေပွဲဝင်ရတော့မလောက် အောက်မေ့ကုန်ကြလေတော့သည်။

တစ်ခေတ်ဆီက အောင်မြင်ထင်ရှားခဲ့သော “ချစ်သူ့နယ်မြေသည်သာ ငြိမ်းချမ်းနယ်မြေ”ဆိုသော သီချင်းကြောင့် အရွယ်မတိုင်ခင် လင်နောက် လိုက်ပြေးသူ မိန်းကလေးပေါင်း အများအပြား ရှိခဲ့ပါသည်ဟု  တစ်နေရာတွင် ဖတ်ခဲ့ဖူးပါသည်။

ကျွန်တော်တို့ကိုယ်တိုင်ပင်လျှင် ဝင်းဦး၊ တက္ကသိုလ်ဘုန်းနိုင်၊ မောင်မောင်မြင့်လွင်၊ ငြိမ်းကျော်၊ ကာတွန်းမြင့်သိန်းစသူတို့၏ဝတ္ထုများ၊ ရုပ်ပြ ဇာတ်လမ်းများကြောင့် ၁၃-၄နှစ်အရွယ်မှ စတင်ကာ တော်တော်လေး အသက်ရသည်အထိ ထိုအချစ်ဆိုသော ဘာမှန်းမသိသည့် အရာကြီးကို အဟုတ် မှတ်ခဲ့ဖူးပါသည်၊ အထင်ကြီးခဲ့ဖူးပါသည်၊ ကိုးကွယ်ခဲ့ဖူးပါသည်။

အလားတူပင် ရိုမီယိုနှင့်ဂျူလိယက်လို ဇာတ်လမ်းမျိုး၊ ရှင်မွေ့ နွမ်းနှင့်မင်းနန္ဒာလို ဇာတ်လမ်းမျိုးတွေကလည်း ကျွန်တော်တို့တွေမှာ အချစ်အတွက်ဖြင့် အသက်ပင်စွန့်ချင်စိတ်တွေပေါက်အောင် လှုံ့ဆော် နှိုးဆွခဲ့ပြန်သည်။

ထိုသို့ဖြင့် ၄၅နှစ်တာခရီးကို နီးကပ်လာပြီဖြစ်သော ကျွန်တော့်ဘဝသက်တမ်း၏ အစိတ်အပိုင်းအတော်များများ၊ အတိအကျဆိုရလျှင် ၃၂နှစ်နီးပါး အတွင်းတွင် အနှီစာများ၊ တေးသီချင်းများ၊ ကဗျာဝတ္ထုများနှင့် မနီးရိုးစွဲ သည်းသည်းမည်းမည်း ချစ်ခဲ့ဖူးသည့် အကြိမ်အရေအတွက်မှာ ၃၂ကြိမ်ထက် မနည်းပါ။

ထိုအနေအထားတွင် အချစ်ကို မည်သို့ ခံယူ နားလည်ပါသနည်းဟု အကြင်သူတစ်ဦးတစ်ယောက်က ကျွန်တော့်အားမေးလာပါလျှင် အဖြေ အသင့် ရှိပါသည်။
(၁)    အလွန်ရူးလို့ကောင်းသော ခံစားမှု
(၂)    အမှန်အမှား ခွဲခြားနိုင်စွမ်း (ဝါ) ဆင်ခြင်တုံတရား ကင်းသွားစေတတ်သော ခံစားမှု
(၃)    (ကျွန်တော့်အတွက်ဖြင့်) အလွန်ဆုံးမှ တစ်နှစ်လောက်သာ တာရှည်ခံသော ခံစားမှု ဟူ၍ပင် ပြတ်သားတိကျစွာဖြေလိုက်ချင်ပါသည်။

သို့ဖြစ်ပါက အချစ်ကို ယုံကြည်ပါသလားဟု မေးလာပါကလည်း လုံးဝဥဿုံ မယုံကြည်ပါဟုသာ ဖြေလိုက်ပါဦးမည်။

ခံစားမှုတစ်ရပ်အနေနှင့် အလွန် ခံစားလို့ ကောင်းလှသည် မှန်သော်လည်း၊ အနုပညာရှင်တစ်ယောက်သာ ဖြစ်လျှင် အနုပညာပစ္စည်း ထုတ်လုပ် ဖန်တီးရာတွင် အလွန့်အလွန် အသုံးဝင်လှသော ခံစားမှုမျိုးဖြစ်ငြားလည်း လူတစ်ဦးတစ်ယောက်၏ ဘဝကြီးတစ်ခုလုံးအတွက်မူ တစ်စက်ကလေးသော်မှ အသုံးမတည့်၊ အရာမဝင်လှသည့်အပြင် ဘဝကို အချိန်မရွေး နှောင့်ယှက်နိုင်၊ ဖျက်ဆီးပစ်နိုင်သည့် တွန်းအားတစ်ခု အဖြစ်သာ ရိုးသားစွာ မြင်ပါသည်။

ယင်းသို့ ဆိုလိုက်သည့်အတွက် နောင်လွဲနောင်ခါ ထိုသို့မချစ်ဘဲ နေဖြစ်တော့မည်လား၊ အချစ်အား ဝေးဝေး ရှောင်တော့မည်လားဟု မေးလာကြဦးမည် ဆိုလျှင်လည်း ဟင့်အင်းဟုသာ တုံးတိတိ ဖြေမိရပါလေဦးမည်။

အကြောင်းသော်ကား တွေ့ကြုံဆုံကွဲ ဖြစ်မြဲသံသရာတွင် အဖိုနှင့် အမတို့ တွေ့ရ၊ ကြုံရ၊ ဆုံရ၊ ကွဲရတာတွေနှင့် ကြုံဖူးဖန် များလွန်းမက များခဲ့ပြီ ဖြစ်သောကြောင့် ဖွဲတစ်ဆုပ်မက ဆန်အိတ်ပင် ထမ်းနိုင်နေဆဲ ပုထုဇဉ် လူယောက်ျားတစ်ဦးအနေဖြင့် အနာဂတ်အတွက် ကတိပဋိဉာဉ်  မပြုရဲသောကြောင့်ပင်။

သို့သော်… ယခုအနေအထားတွင်ရှိနေသော စိတ်အခြေအနေနှင့်ပင် အနာဂတ်အတွက် ခိုင်ခိုင်မာမာပြောရဲသည်ကား အချစ်ကို ခံစားမိကောင်း ခံစားဖြစ်ဦးမည် ဖြစ်သည့်တိုင် ကျွန်တော့် စီးပွားရေးဘဝ၊ လူမှုရေးဘဝနှင့် အိမ်ထောင်ရေးဘဝကို အပွန်းအပဲ့မခံရလေအောင်တော့ အတတ်နိုင်ဆုံး ကြိုးစားမိမည့်အချက်ကိုပင် ဖြစ်လေသည်။

ယောက်ျားတစ်ယောက်ရဲ့အချစ်

——————————–
ကျွန်တော်သည် ယောကျာ်းတစ်ယောက်သာ ဖြစ်သဖြင့် ယောကျာ်း တစ်ယောက်အနေနှင့် ခံစားရသော အချစ်အကြောင်းကိုသာ ပိုင်ပိုင်နိုင်နိုင် ပြောနိုင်ပါသည်၊ ပြောတတ်ပါသည်၊ ပြောရဲပါသည်။

မိန်းမသားတို့၏အချစ်ကိုမူ နားလည်း မလည်ပါ၊ ပြောလည်း မပြောနိုင်ပါ၊ ပြောလည်း မပြောရဲပါ။

ပညာရပ်သဘောအရ ကျားနှင့်မတို့သည် ဦးနှောက်၏ဝဲခြမ်း၊ ယာခြမ်းကို စိုက်ထုတ် သုံးစွဲပုံချင်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါသည်။ ယင်းသို့ ဆန့်ကျင်နေသည့်အတွက် အရာရာတွင်လည်း မိန်းမသားတို့၏ ရှုမြင် သုံးသပ်ပုံ၊ ကိုင်တွယ် ဖြေရှင်းပုံများမှာလည်း ကွဲပြားနေတတ်ပါသည်။ ထိုအရာရာတွင် အချစ်လည်းပါပါသည်။

အထက်တွင် တင်ပြခဲ့သည့်အတိုင်း မိန်းမသားများစွာနှင့် ရင်းနှီးခဲ့ဖူးသူတစ်ယောက်ပင် ဖြစ်လင့်ကစား ကျွန်တော်ကား မိန်းမသားများ ၏နှလုံးသားကို မည်သို့မျှ နားလည်နိုင်စွမ်း မရှိပါကြောင်း တင်ကြို ဝန်ခံထားလိုပါသည်။

ဆက်လက်တင်ပြသွားမည့် အချစ်အကြောင်းမှာ ယောက်ျားတစ်ယောက်၏ အမြင်၊ ယောက်ျားတစ်ယောက်၏  ခံစားမှု သက်သက်သာ ဖြစ်ပြီး ယောက်ျား အများစုတွင် ဖြစ်ပေါ်တတ်မြဲ အချစ်ကို ကိုယ်စားပြုနိုင်ပါလိမ့်မည်။ သို့ရာတွင် ယင်းအချစ်သည် မိန်းမသားတို့၏ နှလုံးအိမ်တွင် ခိုဝင်ရစ်ဝဲ နှောင်တဲ ပေါ်ဖြစ်တတ်သော အချစ်နှင့် လားလားမျှ မဆိုင်ဟု စာဖတ်သူများ နားလည်ထားစေလိုပါသည်။ တစ်ဖန်၊ မိန်းမသားတို့၏ အချစ်ကို မိန်းမသားတစ်ဦးဦးက ရေးမှသာလည်း သဘာဝကျနိုင်၊ အဆီအငေါ် တည့်နိုင်ပါလိမ့်မည်။

တင်ပြရခြင်းအကြောင်းရင်းမှာမူ နိဒါန်းတွင် ဖော်ပြခဲ့သည့်အတိုင်း မိန်းမသားများက ယောကျာ်းများ၏ အချစ်ကို သူတို့၏ အချစ်နှင့် နှိုင်းဆကာ အထင်ကြီးမိ၊ ယုံစားမိ၊ ပုံအပ်မိတတ်ကြသော သဘောကို မျက်ဝါး ထင်ထင် မြင်လာရသောအခါ ကျားတို့၏ အချစ်ကား သည်သို့ပါလားဟု ရှင်းရှင်း ပြတ်ပြတ်မြင်စေ့ချင်သော စေတနာက နိုးလာသောကြောင့်ပင် ဖြစ်ပါသည်။

ကိုင်း… တစ်ချက်ချင်း အမှတ်စဉ်ထိုးပြီး ပြောပါတော့မည်။

၁။    ယောကျာ်းတို့၏အချစ်သည် အချိန်ကာလကို ကျော်လွှားနိုင်ခြင်း မရှိပါ။

ဆိုလိုသည်မှာ ယောကျာ်းတို့၏အချစ်သည် ရေရှည်မခံပါ။ ရှိတ်စပီးယားက ပြောဖူးပါသည်။ “လူတစ်ယောက်ကို တစ်သက်လုံး ချစ်တယ်လို့ ဆိုတာဟာ ဖယောင်းတိုင် တစ်တိုင်တည်းက ထာဝရ တောက်လောင်နေမယ်လို့ ပြောတာနဲ့အတူတူပါပဲ”ဟူလို။

မည်သည့်ဖယောင်းတိုင်မျှ ထာဝရ တောက်လောင်နိုင်စွမ်း မရှိသည်ကိုသိလျှင် လူတစ်ယောက်က လူတစ်ယောက်ကို တစ်သက်လုံးချစ်သည် ဆိုသော အချက်ကလည်း မဖြစ်နိုင်မှန်း လူတိုင်းသိသင့်ကြပါသည်။

သည်နေရာတွင် ကျွန်တော် ပြောနေသောအချစ်မှာ “ကိလေသာချစ်” ဟုခေါ်သော “ဖိုမချစ်”ကိုသာ ဆိုလိုပါသည်။ အိမ်ထောင်သက် နှစ်ပေါင်း ၅၀မကသော အဘိုးကြီးနှင့် အြွားကြီး တစ်ဦးကို တစ်ဦး ကြင်ကြင်နာနာ၊ ယုယုယယနှင့် ဖေးဖေးမမ ချစ်ခင်ကြသည့်အချစ်မျိုးမှာ ကျွန်တော် ပြောနေသော ကိလေသာချစ်နှင့် လားလားမျှ မဆိုင်ပါ။

ကိလေသာချစ်မှာမူ အလွန် ကောက်ရိုးမီး ဆန်ပါသည်။ ဟုန်းခနဲ ထတောက်ပြီး အလျှံငြီးငြီးနှင့် တစ်သက်လုံး မပြီးနိုင် မစီးနိုင်ဘဲ လောင်နေတော့မလို ထင်တတ်ကြပါသည်။ လက်တွေ့တွင်မူ ခဏနှင့် ငြိမ်းသွားတတ်ပါသည်။

တစ်ခါတစ်ရံ ထိုခဏသည် လနှင့် ချီတတ်ပြီး တစ်ခါတစ်ရံများတွင် နှစ်နှင့်ချီတတ်ပါသည်။ သိုးဆောင်းဘာသာစကားမှာတော့ ထိုစိတ်အနေကို infatuation ဟုခေါ်ပါသည်။ ကျွန်တော်ကတော့ “မွှန်စိတ်” ဟု ဘာသာပြန်ထားပါသည်။ မည်မျှပင် မွှန်မွှန် ထိုမွှန်စိတ်သည် ကြာရှည်တော့ မခံသည်လည်းအမှန်ပင် ဖြစ်ပါသည်။

ကျွန်တော့်အတွေ့အကြုံအရ ပြောရလျှင်မူ အနည်းဆုံး ၃-၄လ၊ အများဆုံး ၁၈လ၊ လ၂၀လောက်သာခံပါသည်။

၂။ ယောက်ျားတို့၏အချစ်သည် အဆိပ်တက်နေခိုက်တွင် အလွန် အရှိန်ပြင်းလှပါသည်။
ထိုသို့ မွှန်နေချိန်မျိုးတွင်တော့ အချစ်အတွက်ပင် အသက်ဖြင့် သေသေဟုလည်း အော်ကောင်းအော်နေပါမည်၊ ခင့်ကိုမှ မရလျှင်ဖြင့် မောင့်ဘဝကြီး တစ်ခုလုံး ပျက်စီးပါတော့မယ်ခင်ရဲ့ဟုလည်း အလေးအနက် ပြောကောင်း ပြောနေပါလိမ့်မည်။ အချစ်နဲ့စစ်မှာ အားလုံး တရားတယ်ဟုဆိုကာ ခိုးပြေးဖို့၊ ကားတင်ဖို့ ဝန်မလေးသည့် စိတ်အနေအထားမျိုးကိုလည်း ရောက်ကောင်း ရောက်နေပါလိမ့်မည်။
သေချာသည်မှာ ထိုအနေအထားတွင် ထိုသို့ ခံစားနေရသည်မှာ အမှန်လည်း ဖြစ်ပါသည်။ မိန်းမသားများ ယုံကြည်လာစေရန် သက်သက်မဲ့ လုပ်ကြံ လီဆယ်နေသည်မျိုး လုံးလုံးမဟုတ်ပါ။ သို့ရာတွင် ထိုအနေအထားသည် အချိန်ကာလ တစ်ခုသို့ ရောက်လျှင် ဟုတ်ခနဲ ငြိမ်းသွားပြီး ဘယ်လိုမှ ပြန်နိုးထလာလေ့ မရှိတော့မှာလည်း မှန်မှန် မှန်မှန်နှင့် အဖန်ဖန် မြည်နေအောင်ကို မှန်နေပြန်ပါသည်။
အချစ်နှင့်ပတ်သက်လာလျှင် မိန်းမတွေမှာ နှာခေါင်း မပါဟု ဆိုကြသကဲ့သို့ပင် ထိုသို့မွှန်နေခိုက်တွင် ယောက်ျားတို့မှာလည်း နှာခေါင်း မရှိတော့ပါ။ နှာခေါင်းတင်မဟုတ်၊ ဦးနှောက်လည်း မရှိတော့ပါ။ ထိုအချိန်မျိုးမှာ အသိဉာဏ် ဘယ်လောက် ကြီးကြီး၊ ပညာ ဘယ်လောက် တတ်တတ် ထင်ရာစိုင်းဖို့ ဝန်မလေးအောင် ဖြစ်နေတတ်ကြပါသည်။ သို့သော် သေချာသည်ထက် သေချာအောင် ထပ်ပြောလိုပါသည်။
ဟုတ်ကဲ့… မည်မျှပင် ပြင်းပြင်း၊ မည်မျှပင် သန်သန် ထိုအရှိန်ကား ကောက်ရိုးမီးသာ ဖြစ်ပါသည်။

၃။    ယောက်ျား အတော်များများသည် ရမ္မက်နှင့် အချစ်ကို ရောထွေး ခံစားတတ်ကြပါသည်။

“ခင့်ကိုဖြင့် မောင်တပ်မက်လိုက်တာကွယ်”ဟု အဘယ် ယောကျာ်းသား၏ နှုတ်ကမှ ထွက်လာမည်မဟုတ်ပါ။ သို့မဟုတ် “ခင်နဲ့ဖြင့် ကိုယ်လက် နှီးနှော ချင်လိုက်တာကွယ်”ဟုလည်း ဘယ်သူကမှ ပြောဖြစ်မည် မဟုတ်ပါ။ ထိုသို့ ပြောပါကလည်း ပါးချခံရကိန်း ရှိမှန်း အတောင် နှစ်ဆယ်ဝတ်တွေ အားလုံး ကောင်းကောင်း သိကြပါသည်။ ထိုရောအခါ ကျွန်တော်တို့ ယောကျာ်းများသည် “ချစ်တယ်”ဟူသော စကားအလှကို ခုတုံးလုပ် သုံးတတ်ကြပါသည်။

“ခင့်ကိုမှ မရရင် သေရပါတော့မယ်”ဟု အတည်ပေါက် ပြောနေသည့်အခါများတွင်လည်း ခင့်ခန္ဓာကိုယ်ကိုမှ မရရင် သေရပါတော့မယ် ဟူသော အနက်က ပိုထွက်နေပါသည်။ ခင့်ခန္ဓာကိုယ်ကို ရပြီးသည့် နောက်တွင်တော့ အားလုံး လျောက်လျားတွေ ဖြစ်ကုန်မည်ကို ခင်တို့ အားလုံး ကြိုမတွေးမိကြခြင်းကြောင့်သာ အိမ်ထောင်ရေးဘဝမှာ မိန်းမသားတချို့  ဒူးနှင့် မျက်ရည်သုတ်နေရခြင်းသာ ဖြစ်လေသည်။
ကိုကိုသစ္စာများ

—————-

အထက်ပါ အချက်သုံးချက်သည် ယောက်ျားတို့၏ ရင်၌ ဖြစ်ပေါ်တတ်မြဲ အချစ်၏ သရုပ်သကန်ကို ပေါ်လွင် ထင်ရှားစေလောက်သည်ဟု ယုံကြည်ပါသည်။

သည်နေရာတွင် တစ်သက်လုံး တစ်ယောက်တည်းကိုသာ ချစ်သွားသောသူများ မရှိတော့ဘူးလားဟုဆိုလျှင် ရှိတော့ ရှိပါသည်။ သို့သော် အလွန် ရှားလှပါသည်ဟု ဆိုချင်ပါသည်။
ကျွန်တော့်ပတ်ဝန်းကျင်တွင် မြင်တွေ့ဆက်ဆံဖူးသမျှ လူပေါင်းများစွာကို လေ့လာ အကဲခတ်ကြည့်သောအခါ ထိုသို့တစ်ယောက်တည်းကို တစ်သက်လုံး ချစ်နေသည်ဆိုသည့် လူစားမျိုးများမှာ အများလက်ခံထားသော လိင်စိတ်မျိုးနှင့် မဟုတ်ကြသည်ကို တွေ့ရပါသည်။
သေချာသည်မှာကတော့ အိမ်ထောင်သည် ယောက်ျားများထဲတွင် ထိုသို့ တစ်သက်လုံး တစ်ယောက်တည်း ချစ်သွားသူများကို တစ်ယောက်ဆို တစ်ယောက်မှ မတွေ့ဖူးခြင်းပင်ဖြစ်လေသည်။ လူပျိုကြီး တစ်ကိုယ်တည်းသမားများအတွင်းမှာသာ ထိုထိုသော ကိုကိုသစ္စာများကို ရံဖန်ရံခါ တွေ့ရတတ်လေသည်။
လူပျိုကြီး၊ လူပျိုကြီးနှင့်၊ လစ်လျှင်လစ်သလို ဟိုဟိုသည်သည် ရမ်းကားတတ်သော လူပျိုသိုးကြီးများ ရှိသလို ဆိုခဲ့သည့် ကိုကိုသစ္စာများလည်း ရှိသည်။ သို့သော် ထိုကိုကိုသစ္စာများ မူမမှန်သည်ကိုလည်း မျက်ဝါးထင်ထင် မြင်ရပါသည်။ ဆိုလိုသည်မှာ အနှီကိုကိုသစ္စာများ သည် ယောက်ျားစိတ်ချည်း ရာခိုင်နှုန်းပြည့် ရှိမနေခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ယောက်ျားတစ်ယောက်တွင် ရှိတတ်မြဲ လိင်စိတ်များ အားနည်း ချို့ယွင်းနေတတ်သည်ကို တွေ့ရပါသည်။

သို့ဖြစ်သောကြောင့် ပြောင်းပြန် ပြန်ပြောရလျှင် အဖိုလိင်စိတ်ရှိသော လူယောကျာ်းတစ်ယောက်၏အချစ်ဟူသည်ကား အထက်တွင် ပြဆိုခဲ့သည့် အချက်သုံးချက် ရောယှက်ပါဝင်နေသည်ဟူလို။
နောက်တစ်မျိုးမှာ ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်စည်းကမ်းများကို ခါးဝတ် ပုဆိုးကဲ့သို့ မြဲမြဲမြံမြံနှင့် သေတစ်ပန် သက်တစ်ဆုံး လုံးလုံးကြီး စောင့်ထိန်းတတ်သူများလည်း ရှိနိုင်ပါသည်။ ထိုထိုသောသူများမှာ ရင်၌ တစ်ကြိမ်တစ်ခါဖြစ်ပေါ် ပေါက်ကွဲဖူးသော အချစ်ခံစားမှုဖြင့် အိမ်ထောင် တစ်ခုကိုထူထောင်၊ ထို့နောက် ထိုအချစ်ခံစားမှု ပျက်သုဉ်း ပျောက်ကွယ်သွားသည့်အခါမှာလည်း မိမိအိမ်ထောင်ကို သစ္စာရှိရှိနှင့် ဆက်လက် ထိန်းသိမ်းနေပါလိမ့်မည်။ ထပ်မံဖြစ်ပေါ်လာသော အာရုံခံစားမှုများကိုလည်း သတိကြီးကြီး၊ လုံ့လကောင်းကောင်းနှင့် ထိန်းသိမ်းပြီး နေထိုင် သွားပါလိမ့်မည်။
ထိုထိုသော စာရိတ္တနှင့် အကျင့်စာဂ ကောင်းမြတ်သော ယောက်ျား များလည်း မရှိဘူးဟု ယတိပြတ်ပြော၍မရ၊ ရှိနိုင်လောက်ပါသည်။ သို့သော် တစ်ရာမှာ တစ်ယောက်၊ တစ်ထောင်မှာတစ်ယောက်၊ တစ်သောင်းမှာတစ်ယောက်ဟု ဆိုနိုင်လောက်အောင် ရှားပါးသောအရေအတွက်မျှသာ ဖြစ်သည်ကို ဒေါ်ဒေါ်၊ မမများ သိထားကြစေချင်ပါသည်။

မိန်းမသားများ သတိထားဖွယ်

———————————-

သို့ဖြစ်လျှင် မိန်းမသားတို့အနေဖြင့် အစ်ကိုပုရိသတို့အား ဝေရာမဏိ၊ ဝေးစွာ ရှောင်ရတော့မည်လောဟု မေးစရာ အကြောင်းရှိပါသည်။
ထိုသို့ ရှောင်ကြဉ်စေလိုသော သဘော စေတနာဖြင့် ယောက်ျားတို့၏ ချစ်ခြင်းသရုပ်ကို ဖွင့်ထုတ် အန်ချခြင်း မဟုတ်ပါ။
အဓိကပြောလိုသည်မှာ ယောကျာ်းတို့၏ သဘောကို ယခုကဲ့သို့ တင်တင်ကြိုကြို သိထားကြမည်ဆိုလျှင်ဖြင့် ပြောတိုင်းယုံ၊ ကြုံတိုင်း  သနား၊ ကြားတိုင်း အမှန်မှတ် နေရသည့်ဘဝမှ လွတ်မြောက် ကျော်လွှားနိုင်ကြမည်ဟု ယုံကြည်မိသောကြောင့် ဖြစ်ပါသည်။
အမှန်ကတော့ ကျွန်တော် အထက်က ပြောခဲ့သောစကားများကို အမိအဖများက မိမိတို့၏ သမီးငယ်များ ကြီးကောင်ဝင်သည်နှင့် စတင် ပို့ချသင်ကြား ပေးနိုင်က အလွန်ပင် လျော်ကန်သင့်မြတ်ပါလိမ့်မည်။

ကျွန်တော့်ထံ ရောက်လာသူ မိန်းမသားတချို့မှာ မိဘများက ထိုသို့ သွန်သင် ညွှန်ကြားထားခြင်း အလျဉ်း မရှိသည့်အပြင် ရည်းစားရှိပြီဆိုသည်နှင့် ဖိဆူ၊ ဖိရိုက်ခံရတာမျိုးများကိုသာ ကြုံရပြီး အသားနာခံနေရ၊ စိတ်ညစ်ခံနေရသောအနေအထားမှ ယာယီ လွတ်မြောက်လိုစိတ်နှင့် ဇွတ်မှိတ်မိကြရာမှ ဘဝကြီး တစ်ခုလုံး ကမောက်ကမ ဖြစ်ကုန်ရသူတွေက များနေပါသည်။ ထိုထိုသော အမျိုးသမီးများကို တွေ့ရသောအခါ ကျွန်တော့်မှာ ရင်ထုမနာ ဖြစ်ရသလို ဆင်ခြင်ဉာဏ် ကင်းမဲ့လှသော သူတို့၏ အမိအဘများကိုလည်း ကရုဏာသက်မိရပါသေးသည်။
ထိုအတွက် မိန်းမသားတို့ သတိချပ်ရန်ကို အထက်ကနှယ်ပင် အမှတ်စဉ်ထိုးပြီး ပြောလိုပါသည်။

၁။    ယောကျာ်းတစ်ယောက်က မိမိအား မရလျှင် မနေနိုင်အောင်ချစ် နေပါပြီ၊ မရလျှင်သေရပါတော့မည်ဟု ပြောလာသည့်အခါတွင် သတိကြီးကြီး ထားသင့်ပါသည်။

ထိုစကားမျိုးကို မယုံကြပါနှင့်ဟု မပြောလိုပါ။ အထက်တွင် ရှင်းခဲ့ပြီးဖြစ်သည့်အတိုင်း ပြောသူက ထိုသို့ ပြောနေသည်မှာ လီဆယ်နေခြင်း မဟုတ်သောကြောင့် ယုံမည်ဆိုက ယုံနိုင်ပါသည်။
သို့ရာတွင် မမေ့လျော့သင့်သည်မှာကား မရလျှင် သေရပါတော့မည်ဆိုသည့် အကြင်ယောက်ျား၏ အခြေအနေသည် ထိုခဏအတွက်သာ အာမခံနိုင်ခြင်းကို မမေ့လျော့သင့်ပါ။

၂။    မရခင်ဖျာလိုလိပ် ထိပ်ပေါ်တင်၊ ရပြီးတော့ ဖျာလိုခင်းပြီး နင်းခြေတတ်သော မောင်တို့ယောက်ျားတွေ ဆိုသော စကားမှာ ခြွင်းချက် မရှိအောင် မှန်ကန်ပါသည်။

မရခင်ဆိုသည့်စကားမှာ မိမိခန္ဓာကိုယ်ကို မပိုင်ဆိုင်ရခင်ဟူပြီး နားလည်ထားကြစေလိုပါသည်။ မိမိခန္ဓာကိုယ်ကို ပိုင်ဆိုင် ရယူပြီးသည့်နောက်တွင် ယောကျာ်းအတော်များများ၊ ယောကျာ်းတစ်ရာတွင် ၉၈ယောက်လောက်ကတော့ အချိုးပြောင်းသွားကြသည်ချည်းသာ ဖြစ်ပါသည်။
ထို့ထက်ဆိုးသည်မှာကား “ယောကျာ်းရသည်၊” “မိန်းမရသည်” ဟု ပြောလေ့ ရှိကြသော အိမ်ထောင်ကျပြီးသည့် နောက်ပိုင်းတွင်လည်း ဖျာလို ခင်းကာ အနင်းခံရတတ်သည့်အချက်ကိုလည်း မမေ့လျော့သင့် ပါ။ အိမ်ထောင်မကျခင်တုန်းက ခင့်မျက်နှာ တစ်ချက် အညိုမခံခဲ့ဖူးသူပေမင့် အိမ်ထောင်သည် ဘဝကျတော့ မျက်နှာညိုရုံမကလို့ မတ်တတ်က လဲပြီး သေပွဲဝင်တော့မတတ် ဖြစ်နေသည့်တိုင် ထင်ရာ လုပ်တတ်သော ယောက်ျားသားများလည်း ဤဒွန္နယာမှာ အသင်္ချာ အသင်္ချေ ရှိနေပါလေသည်။

၃။    ယောကျာ်းတစ်ယောက်က မိမိအား အလိုချင်ဆုံးအချိန်တွင် သူ့ ကို မယူမိအောင် ထိန်းသိမ်းသင့်ပါသည်။ ထို့အတူ မိမိက သူ့ကို အချစ်မိဆုံး အချိန်တွင် အိမ်ထောင်ပြုဖို့ အရေးကို လုံးဝ မတွေးသင့်ပါ။

မွှန်သည်ဟု ရှေ့မှာ ရေးပြခဲ့ပါသည်။ မွှန်ခြင်းသည် မည်သည့် နေရာတွင်မှ မကောင်းပါ။ မွှန်စိတ်မှာ ဆင်ခြင်နိုင်စွမ်း လုံးလုံး ကင်းမဲ့သွားစေနိုင်သော အာနိသင် ပြင်းပြင်းကြီး ပါရှိနေပါသည်။

ဒေါသစိတ် မွှန်သောကြောင့် တစ်ဖက်သားကို အနာတရ ဖြစ်စေရုံမျှမက သူတစ်ပါး၏ အသက်ကို ရန်ရှာမိသည်အထိ မှားယွင်းသွားစေနိုင်ပါသည်။ ဒေါသပြေတော့မှ နောင်တ ရမိကြစမြဲလည်း ဖြစ်ပါသည်။

ရှက်စိတ်မွှန်သောအခါ လုပ်မိလုပ်ရာ လုပ်ဖြစ်ရာမှ ကိုယ့်အသက်ကိုပင် ရန်ရှာတတ်သည်အထိလည်း မှားယွင်းစေနိုင်ပြန်ပါသေးသည်။
အလားတူပင်၊ အချစ်စိတ် မွှန်နေချိန်မျိုးတွင် ယောက်ျားသားများရော၊ မိန်းမသားများပါ ဆင်ခြင်ဉာဏ် ကင်းမဲ့နေတတ်ပါသည်။ ထို့ ကြောင့် သူက ကိုယ့်ကို အလိုချင်ဆုံးအချိန်မှာ သူ့ကို မယူဖို့၊ ကိုယ်က သူ့ကို အချစ်မိရဆုံးအချိန်မှာလည်း အိမ်ထောင်မပြုဖြစ်ကြဖို့ အလွန် အရေးကြီးလှပါသည်။ ထိုသို့ အချစ်စိတ် အဆိပ်တက်နေခိုက်တွင်  ချမိသမျှ ဆုံးဖြတ်ချက်များ အားလုံးမှာ နှစ်အနည်းငယ်မျှ ကြာသည်နှင့် နောင်တရစရာတွေ ဖြစ်ကုန်တတ်ပါသည်။
ထိုစကားကိုမယုံလျှင် မိမိပတ်ဝန်းကျင်မှ နီးစပ်ရာ အိမ်ထောင်သည်များကို တစ်ယောက်စီ ကျကျနန မေးစမ်းကြည့်ကြစေလိုပါသည်။

၎။    ခိုင်မာမြဲမြံသော အိမ်ထောင်ရေးတစ်ရပ် တည်ဆောက်လိုပါက အချိန်ကောင်းကောင်း ယူသင့်ပါသည်။

အထက်က အချက်နှင့် တစ်ဆက်တစ်စပ်တည်းစကားပင်ဖြစ်ပါ သည်။

ရှေးခေတ်က သုံးနှစ်သုံးမိုးဟူသော ဆိုရိုးစကားမှာ အကြောင်းမဲ့ မဟုတ်ပါ။ အလားတူပင် လက်မထပ်ဘဲ အတူနေသည်ဟူသော ကျွန်တော်တို့နှင့် ဘယ်လိုမှ မအပ်စပ်သည့် အနောက်တိုင်းဓလေ့မှာလည်း တရားကိုယ်အားဖြင့်မူ အတူတူပင်ဖြစ်ပါသည်။
အကြောင်းသော်ကား လူအကြောင်း ပေါင်းကြည့်မှ သိရမည်မှာ အမှန်ပင်ဖြစ်နေသောကြောင့်တည်း။ ကြာကြာဝါးမှ ခါးမှန်းသိ ဆိုသည်မှာလည်း လူတွေသာ ဖြစ်ပါသည်။ ကိုယ်နှင့် ချစ်နေသူမို့ ထိုသူ့ကို လူစာရင်းထဲမှ နုတ်ပယ်ထား၍ မရစကောင်းပါ။ သူသည်လည်း လူသာ ဖြစ်သဖြင့် ကြာကြာ ဝါးကြည့်လျှင် ခါးချင် ခါးနေနိုင်ပါသည်။

ကျုပ်တို့ခေတ်က သိပ္ပံခေတ်၊ သုံးနှစ်သုံးမိုး စောင့်စရာမလိုဘူးဟု ပြောသောသူများကို အင်းလေ… ကြည့်ကြသေးတာပေါ့ဟုသာ စိတ်ထဲက ကြိတ်ပြောနေလိုက်ပါမည်။ လက်တွေ့တွင် ခိုင်မာမြဲမြံသော အိမ်ထောင်ရေးများ၏  ၇၅ရာခိုင်နှုန်းကျော်မှာ အိမ်ထောင်မပြုမီ အချိန်ယူ ပြင်ဆင်ခဲ့ကြကြောင်းကို အထင်အရှားတွေ့ရပါသည်။

ယောက်ျားတစ်ယောက်၏  မွှန်စိတ်များ ကျကျနန ပျောက်ပြယ်ပြီး တည်ငြိမ်နိုင်သော အနေအထားသို့ ပြန်လည် ရောက်ရှိလာရန် အကြာဆုံး လိုအပ်သောအချိန်မှာ လပေါင်း၂၀ဟုအထက်တွင် တင်ပြခဲ့ပါပြီ။ ထို အတွက် အိမ်ထောင်ပြုရန် ရည်သန် စိတ်ကူးနေသော မိန်းကလေးများအနေနှင့် သမီးရည်းစားသက်အားဖြင့် အနည်းဆုံး လပေါင်း၂၀တော့ အချိန်ယူပြီးမှ စိတ်ကူးသင့်ကြပါသည်။

အချိန်ကြာကြာယူလေ၊ မိမိဘဝ တစ်ခုလုံးအတွက် အရေးကြီးလှသော အိမ်ထောင်ရေးမှာ ရတက်ပွေစရာ နည်းလေလေ ဖြစ်နေသည်မို့ ဖြစ်နိုင်လျှင်တော့ အချိန်ကို ၂၄လ (ဝါ) နှစ်နှစ်တာတော့ အနည်းဆုံး ယူကြပါဟု ပြောချင်ပါသည်။
ကြာလေလေ၊ ခိုင်မြဲလေလေဆိုသည့်အချက်ကို သတိထားမိကြလျှင်ဖြင့် ထို့ထက် အချိန်ယူနိုင်သေးကလည်း ယူသင့်ပါသည်။
၅။ မည်မျှ အချိန်ယူ ပြင်ဆင်ခဲ့လင့်ကစား မိမိ၏ လင်သားသည် တစ်ချိန်မဟုတ် တစ်ချိန်တွင် ဖောက်ပြားနိုင်သေးသည်၊ နောက်တစ်ယောက် အပေါ်တွင် အရူးအမူး ဖြစ်နိုင်သေးသည်ဆိုခြင်းကိုလည်း မမေ့သင့်ပါ။ မိမိလင်သား၏  ဘဝ အဆင့်အတန်း၊ အသိဉာဏ်နှင့် ကျောင်းသင် ပညာများသည် တစ်ချိန်ချိန်တွင် မဖောက်ပြားဟု အာမခံချက် ပေးနိုင်သော အရာများမဟုတ်ကြောင်းကို အစောကြီးကတည်းက နားလည်ခံယူ ထားသင့်ပါသည်။

လူဟူသည်မှာ ပြောင်းလဲနေတတ်သော သဘာဝရှိကြောင်း နားလည် သဘောပေါက်ထားလျှင် ဤအချက်ကို သတိချပ်မိကြပါလိမ့်မည်။

နောက်တစ်ချက်မှာ လွယ်လျှင် သူကြွယ်တောင် မနေဘူး ဆိုသကဲ့သို့ပင် ဖိုမကိစ္စတွင်လည်း အိုးချင်းထား အိုးချင်းထိတတ်သော သဘောက ရှိနှင့်ပြီးလည်း ဖြစ်ပါသည်။

ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ်၊ ပုထုဇဉ် လူသားများအနေဖြင့် အတွေ့ကို ရှောင်နိုင်ရန် ခဲယဉ်းနေတတ်ပါသည်။ မိန်းမသားများအနေဖြင့်က အရှက်တရား၊ အကြောက်တရားနှင့် လူ့စည်းကမ်း လူ့ကျင့်ဝတ်များကြောင့် ယောက်ျားများနှင့် စာလျှင် ထိုအတွေ့ကို မရကုပ်ကပ် ရှောင်ချင် ရှောင်နိုင်ကြပါလိမ့်မည်။

ယောကျာ်းသားတို့အတွက်မူ “ယောကျာ်းကောင်း မောင်းမ တစ်ထောင်”ဟူသော သွေးထိုးစကားများက ရှေ့တွင် ရှိနှင့်နေပြီးဖြစ်သလို ဒါမျိုးကို ရှက်ရကောင်းမှန်းလည်း သိပ် မသိ၊ ဥပဒေမှာကလည်း အဘယ်မိန်းမကမှ နောက်မိန်းမသားတစ်ဦးကို “လင်ခိုးမှု”ဖြင့် အမှုဖွင့် အရေးယူလို့ မရ ဖြစ်နေသည့်အတွက် တကယ့် “အတွေ့”ကို တွေ့ရသည့်အခါ ရှောင်ဖို့ထက် ဇွတ်တိုးဖြစ်ဖို့ အကြောင်းက ပိုများနေတတ်ပါသည်။
ထို့အပြင် ယောကျာ်းတို့၏ “ဘဝင်“ကလည်း တစ်ပြဿနာဖြစ် ပါသည်။

မိန်းကလေးတစ်ယောက် လူတကာနှင့် တွဲလျှင်ပင် လူ့ဘောင်က “မျက်နှာများသည်“ဟု ဆိုကာ သွားပုပ်လေလွင့် ပြောတတ်ကြသော်လည်း ယောက်ျားတစ်ယောက် လူတကာနှင့် တွဲနေလျှင်မူ “ကိုဖိုးစွံ”ဟု ထောမနာပြုတတ်ကြပါသေးသည်။ ထိုရောအခါ အကြင် ယောက်ျားသည် အခြား ယောက်ျားများ အလယ်တွင် မိမိက ခေါင်းတစ်လုံး ပိုသာနေသည်ဟု အခြောက်တိုက် သွေးနားထင် ရောက်သွားတတ်ပါသည်။ ထိုသို့ သွေးနားထင် ရောက်လွယ်သော “ကျားတို့၏ဘဝင်”သည် အိမ်ထောင်သည်ဖြစ်ခါမှ ထိမ်းမရ၊ ဆွဲမနိုင်အောင် ပိုမြင့်ချင် မြင့်သွားတတ်ပါသေးသည်။

ထိုအခါမျိုးများတွင် မိန်းမသားများအနေဖြင့် မိမိ၏ခင်ပွန်းသည်ကို အကြမ်းနည်းဖြင့် ကိုင်တွယ်ရန် လုံးလုံးမစဉ်းစားသင့်ပါ။ ဖြစ်တတ်သော သဘာဝကို ဆင်ခြင်ကာ ဉာဏ်ကို လွှာသုံးပြီး ကိုင်တွယ်တတ်မှသာ ထိုအချိန်အခါကို ကျော်လွှားနိုင်မည်လည်း ဖြစ်ပါသည်။ အခြား မိန်းမသားတစ်ဦးအပေါ်တွင် မွှန်စိတ်ဖြစ်သည်မှာလည်း မိမိအပေါ်တွင် တစ်ချိန်က မွှန်ခဲ့ဖူးသလို ခဏတာသာ ခံမည်ကို သတိထားမိလျှင် အချိန်ယူပြီး ပါးနပ်စွာ ကိုင်တွယ်ရကောင်းမှန်း အလိုလို သတိထားမိနိုင်ကြမည်လည်း ဖြစ်ပါသည်။

နိဂုံး

—–

ယခုကဲ့သို့ ရေးသား တင်ပြလိုက်သည့်အတွက် အစ်ကိုကာလသားများက ကျွန်တော့်အား မျက်မာန်ပွားရန် အကြောင်းရှိပါသည်။ ယောက်ျားစင်စစ် ဧကန်ဖြစ်ပါလျက်ကနှင့် ဘဇာ့ကြောင့် မိန်းမသားများ အကျိုးကို ရည်မျှော်ကာ အကုန်လုံး ဖော်လိုက်ပါသနည်းဟု အမေး ရှိလာပါက ကျွန်တော့်မှာ အဖြေရှိပါသည်။
ကျွန်တော်သည် အမေဟူသော မိန်းမသားက မွေးဖွားလိုက်သူ တစ်ဦးဖြစ်ကာ သမီးဟူသော မိန်းမသားတစ်ဦး၏ ဖခင်လည်း ဖြစ်နေသောကြောင့် မအေချင်း၊ နှမချင်း၊ သမီးချင်း စာနာမိရလေသောကြောင့်ဟု ဖြေပါရစေ။
ထို့အပြင် နိဒါန်းတွင် အစချီခဲ့သည့်အတိုင်း ကျွန်တော့်ထံရောက် ရှိလာသော ချစ်ဒုက္ခသည် မိန်းမသားများဆီမှ တူညီသော အချက်တစ်ခုကို ဘုံထုတ်လိုက်သည့်အခါ ယောက်ျားတို့၏ အချစ်ကို ယုံမှတ်မှားကြခြင်းကိုသာ ထင်းထင်းကြီး တွေ့ရသောကြောင့်လည်း ဖြစ်ပါသည်။ ပိုဆိုးသည်မှာ အချစ်ဆိုသည့်အရာကို အထင်တကြီးနှင့် ရွှေမြင့်မိုရ် တစ်တောင်လုံးကို တုံးမှတ်ပြီး ခုန်လိုက်ကြရာမှ မှောက်လျက်လဲလို လဲ၊ ဒူး ကွဲလိုကွဲ၊ နဖူးပြဲလို ပြဲနှင့် ဖြစ်နေကြတာကို မြင်တွေ့နေရခြင်းလည်း ဖြစ်လေသည်။

ထိုအခါများတွင် အကြင်မိန်းမသားများအား “သူနဲ့ လက်မထပ်ခင်က ရည်းစားသက် ဘယ်လောက်ကြာခဲ့လဲ”ဟု မေးကြည့်သောအခါ အများစုက သုံးလ၊ ခြောက်လစသဖြင့်သာ အဖြေပေးကြပါသည်။ ထိုအခါများတွင် သူတို့တွေ ဒူးနှင့် မျက်ရည်သုတ်နေကြရသည်ကို “နည်းတောင် နည်းသေးတယ်”ဟု ကရုဏာဒေါသောနှင့် ပြောချလိုက်ချင်စိတ်ကို ကျွန်တော့်မှာ မနည်း မျိုသိပ်နေရတတ်ပါသည်။

ယခုတော့ ထိုစိတ်ကို ဘယ်လိုမှ မမျိုသိပ်နိုင်တော့သည်အဆုံး၊ အကုန်လုံး ဖွင့်ချလိုက်မိရပါပြီ။

(အားလုံးတွေးဆဆင်ခြင်ကြည့်နိုင်ကြပါစေ)

————————————————————————–

(၂၀၀၂ခုနှစ် စက်တင်ဘာလက Fashion Image မဂ္ဂဇင်းမှာ ဆူဒိုနင်အမည်နဲ့ ဖော်ပြခဲ့တာလေးကို ပြန်လည်တင်ဆက်လိုက်တာပါ။ Blog မှာ တင်ဖို့ ပြန်စီစဉ်တဲ့အခါ  ဖြည့်စွက်ပြောစရာလေးတွေ ထပ်တွေ့ပေမယ့် မဖြည့်သင့်ဘူးလို့ ယူဆမိတာကြောင့် မူလ ပုံနှိပ်ဖော်ပြစဉ်ကအတိုင်းသာ တင်ဆက်လိုက်ပါတယ်)

3/    a,mufsm;tawmfrsm;rsm;onf &r®ufESifh tcspfudk a&maxG; cHpm;wwfMuygonf/
]cifhudkjzifh armifwyfrufvdkufwmuG,f}[k tb,fa,musfm; om;\EIwfurS xGufvmrnfr[kwfyg/ odkYr[kwf]cifeJYjzifh udk,f vufESD;aESmcsifvdkufwmuG,f}[kvnf; b,folurS ajymjzpfrnf r[kwfyg/ xdkodkYajymyguvnf; yg;cscH&udef;&dSrSef; tawmif ESpfq,f0wfawG tm;vHk;aumif;aumif;odMuygonf/ xdka&mtcg uRefawmfwdkY a,mufsm;rsm;onf ]cspfw,f}[laom pum;tvSudk ckwHk;vkyf oHk;wwfMuygonf/
]cifhudkrS r&&if ao&ygawmhr,f}[k twnfayguf ajymae onfhtcgrsm;wGifvnf; cifhcE¨mudk,fudkrS r&&if ao&ygawmhr,f [laomteufu ydkxGufaeygonf/ cifhcE¨mudk,fudk &NyD;onfh aemuf wGifawmh tm;vHk;avsmufvsm;awGjzpfukefrnfudk cifwdkY tm;vHk; BudKrawG;rdMujcif;aMumifhom tdrfaxmifa&;b0rSm rdef;rom;wcsdKU  ‘l;ESifhrsuf&nfokwfae&jcif;om jzpfavonf/

udkudkopömrsm;
txufyg tcsufoHk;csufonf a,mufsm;wdkY\&ifüjzpfay: wwfjrJ tcspf\ o½kyfouefudkay:vGifxif&Sm;apavmufonf[k ,HkMunfygonf/
onfae&mwGif wpfoufvHk;wpfa,mufwnf;udkom cspfoGm; aomolrsm; r&dSawmhbl;vm;[kqdkvQif &dSawmh &dSygonf/ odkYaomf tvGef&Sm;vSygonf[k qdkcsifygonf/
uRefawmfhywf0ef;usifwGif jrifawGUqufqHzl;orQ vlaygif; rsm;pGmudk avhvmtuJcwfMunfhaomtcg xdkodkYwpfa,mufwnf; udk wpfoufvHk;cspfaeonfqdkonfh vlpm;rsdK;rsm;rSm rlrSefolrsm; r[kwfMuonfudk awGU&ygonf/
aocsmonfrSmuawmh tdrfaxmifonfa,mufsm;rsm;xJwGif xdkodkY wpfoufvHk;wpfa,mufwnf;cspfoGm;olrsm;udk wpfa,muf qdk wpfa,mufrS rawGUzl;jcif;yifjzpfavonf/ vlysdKBuD;wpfudk,f wnf;orm;rsm;twGif;rSmom xdkxdkaom udkudkopömrsm;udk &Hzef &HcgawGU&wwfavonf/
vlysdKBuD;? vlysdKBuD;ESifh? vpfvQifvpfovdk [dk[dkonfonf &rf;um;wwfaom vlysdKodk;BuD;rsm;&dSovdk qdkcJhonfhudkudkopöm rsm;vnf; &dSonf/ odkYaomf xdkudkudkopömrsm; rlrrSefonfudkvnf; rsuf0g;xifxifjrif&ygonf/ qdkvdkonfrSm tESDudkudkopömrsm; onf a,mufsm;pdwfcsnf; &mcdkifEIef;jynfh &dSraejcif;yifjzpfonf/ wpfenf;tm;jzifh rlrSefvlom;wpfa,mufwGif &dSwwfjrJ vdifpdwf rsm; tm;enf;csdKU,Gif;aewwfonfudk awGU&ygonf/
odkYjzpfaomaMumifh ajymif;jyef jyefajym&vQif yHkrSefvdifpdwf &dSaom vla,musfm;wpfa,muf\tcspf[lonfum; txufwGif jyqdkcJhonfh tcsufoHk;csuf a&m,Sufyg0ifaeonf[lvdk/
aemufwpfrsdK;rSm udk,fusifhw&m;ESifhusifh0wfpnf;urf;rsm;udk cg;0wfykqdk;uJhodkY jrJjrJjrHjrHESifh aowpfyefoufwpfqHk; vHk;vHk;BuD; apmifhxdef;wwfolrsm;vnf;&dSEdkifygonf/ xdkxdkaomolrsm;rSm &ifü wpfBudrfwpfcgjzpfay:aygufuGJzl;aomtcspfcHpm;rIjzifh tdrfaxmif wpfckudkxlaxmif? xdkYaemuf xdktcspfcHpm;rIysufokOf;aysmufuG,f oGm;onfhtcgrSmvnf; rdrdtdrfaxmifudk opöm&dS&dSESifh qufvuf xdef;odrf;aeygvdrfhrnf/ xyfrHjzpfay:vmaom tm½HkcHpm;rIrsm;udk vnf; owdBuD;BuD;? vHkYvaumif;aumif;ESifh xdef;odrf;NyD; ae xdkifoGm;ygvdrfhrnf/
xdkxdkaom pm&dwåESifh tusifhpm*aumif;jrwfaom a,mufsm; rsm;vnf; r&dSbl;[k ,wdjywfajymír&? &dSEdkifavmufygonf/ odkYaomf wpf&mrSm wpfa,muf? wpfaxmifrSmwpfa,muf? wpf aomif;rSmwpfa,muf[k qdkEdkifavmufatmif &Sm;yg;aomta& twGufrQomjzpfonfudk a’:a’:? rrrsm; odxm;Muapcsifyg onf/

rdef;rom;rsm; owdxm;zG,f
odkYjzpfvQif rdef;rom;wdkYtaejzifh tpfudkyk&dowdkYtm; a0&m rPd? a0;pGma&Smif&awmhrnfavm[k ar;p&mtaMumif;&dSygonf/
xdkodkY a&SmifMuOfapvdkaom oabmapwemjzifh a,mufsm; wdkY\ cspfjcif;o½kyfudk zGifhxkwftHcsjcif;r[kwfyg/
t”duajymvdkonfrSm a,mufsm;wdkY\oabmudk ,ckuJhodkY wifwifBudKBudKodxm;MurnfqdkvQifjzifh ajymwdkif;,Hk? êuHwdkif;  oem;? Mum;wdkif; trSefrSwfae&onfhb0rS vGwfajrmufausmfvTm; EdkifMurnf[k ,HkMunfrdaomaMumifhjzpfygonf/
trSefuawmh uRefawmf txufu ajymcJhaompum;rsm;udk trdtzrsm;u rdrdwdkY\ orD;i,frsm; BuD;aumif0ifonfESifhpwif ydkYcsoifMum;ay;Edkifu tvGefyif avsmfuefoifhjrwfygvdrfhrnf/
uRefawmfhx a&mufvmol rdef;rom;wcsdKUrSm rdbrsm;uxdkodkY oGefoifñTefMum;xm;jcif;tvsOf;r&dSonfhtjyif &nf;pm;&dSNyDqdk onfESifh zdql? zd½dkufcH&wmrsdK;rsm;udkom êuH&NyD; tom;emcHae&? pdwfnpfcHae&aomtaetxm;rS ,m,DvGwfajrmufvdkpdwfESifh ZGwfrSdwfrdMu&mrS b0BuD;wpfckvHk; uarmufurjzpfukef&olawG u rsm;aeygonf/ xdkxdkaom trsdK;orD;rsm;udk awGU&aomtcg uRefawmfhrSm &ifxkremjzpf&ovdk qifjcifÓPfuif;rJhvSaom olwdkY\trdtbrsm;udkvnf; u½kPmoufrd&ygao;onf/
xdktwGuf rdef;rom;wdkY owdcsyf&efudk txufuES,fyif trSwfpOfxdk;NyD; ajymvdkygonf/

1/    a,mufsm;wpfa,mufu rdrdtm; r&vQif raeEdkifatmifcspf aeygNyD? r&vQifao&ygawmhrnf[k ajymvmonfhtcgwGif owd BuD;BuD; xm;oifhygonf/
xdkpum;rsdK;udk r,HkMuygESifh[k rajymvdkyg/ txufwGif &Sif;cJhNyD;jzpfonfhtwdkif; ajymolu xdkodkY ajymaeonfrSm vDq,f aejcif;r[kwfaomaMumifh ,Hkrnfqdku ,HkEdkifygonf/
odkY&mwGif rarhavsmhoifhonfrSmum; r&vQifao&ygawmh rnfqdkonfh tMuifa,mufsm;\tajctaeonf xdkcPtwGuf om tmrcHEdkifjcif;udk rarhavsmhoifhyg/

2/    r&cifzsmvdkvdyf xdyfay:wif? &NyD;awmh zsmvdkcif;NyD; eif; ajcwwfaom armifwdkYa,mufsm;awGqdkaom pum;rSm >cif;csuf r&dSatmif rSefuefygonf/
r&cifqdkonfhpum;rSm rdrdcE¨mudk,fudk rydkifqdkif&cif[lNyD; em;vnfxm;Muapvdkygonf/ rdrdcE¨mudk,fudk ydkifqdkif&,lNyD; onfhaemufwGif a,mufsm;tawmfrsm;rsm;? a,mufsm;wpf&mwGif 98a,mufavmufuawmh tcsdK;ajymif;oGm;Muonfcsnf;omjzpf ygonf/
xdkYxufqdk;onfrSmum; ]a,mufsm;&onf?} ]rdef;r&onf} [k ajymavh&dSMuaom tdrfaxmifusNyD;onfhaemufydkif;wGifvnf; zsmvdkcif;um teif;cH&wwfonfhtcsufudkvnf; rarhavsmhoifh yg/ tdrfaxmifruscifwkef;u cifhrsufESm wpfcsuftndKrcHcJhzl;ol ayrifh tdrfaxmifonfb0usawmh rsufESmndK½HkruvdkY rwfwwf u vJNyD; aoyGJ0ifawmhrwwfjzpfaeonfhwdkif xif&mvkyfwwf aom a,mufsm;om;rsm;vnf; þ’GEé,mrSm tocsFmtoacFs &dSaeygavonf/

3/    a,mufsm;wpfa,mufu rdrdtm; tvdkcsifqHk;tcsdefwGif olY udk r,lrdatmif xdef;odrf;oifhygonf/ xdkYtwl rdrdu olYudktcspf rdqHk;tcsdefwGif tdrfaxmifûyzdkYta&;udk vHk;0rawG;oifhyg/
rTefonf[k a&SUrSm a&;jycJhygonf/ rTefjcif;onf rnfonfh ae&mwGifrS raumif;yg/ rTefpdwfrSm qifjcifEdkifpGrf; vHk;vHk;uif;rJh oGm;apEdkifaom tmedoif jyif;jyif;BuD; yg&dSaeygonf/
a’gopdwfrTefaomaMumifh wpfzufom;udk temw&jzpfap½Hk rQru olwyg;\toufudk&ef&Smrdonftxd rSm;,Gif;oGm;ap Edkifygonf/ a’goajyawmhrS aemifw&rdMupjrJvnf;jzpfygonf/
&SufpdwfrTefaomtcg vkyfrdvkyf&mvkyfjzpf&mrS udk,fhtouf udkyif &ef&Smwwfonftxdvnf; rSm;,Gif;apEdkifjyefygao;onf/
tvm;wlyif? tcspfpdwfrTefaecsdefrsdK;wGif a,mufsm;om;rsm; a&m? rdef;rom;rsm;yg qifjcifÓPfuif;rJhaewwfygonf/ xdkY aMumifh olu udk,fhudk tvdkcsifqHk;tcsdefrSm olYudk r,lzdkY? udk,fu olYudk tcspfrd&qHk;tcsdefrSmvnf; tdrfaxmifrûyjzpfMuzdkY tvGef ta&;BuD;vSygonf/ xdkodkY tcspfpdwf tqdyfwufaecdkufwGif  csrdorQ qHk;jzwfcsufrsm;tm;vHk;rSm ESpftenf;i,frQMumonfESifh aemifw&p&mawGjzpfukefwwfygonf/
xdkpum;udkr,HkvQif rdrdywf0ef;usifrS eD;pyf&m tdrfaxmif onfrsm;udk wpfa,mufpD ususeear;prf;MunfhMuapvdkygonf/

4/    cdkifrmjrJjrHaom tdrfaxmifa&;wpf&yf wnfaqmufvdkygu tcsdefaumif;aumif; ,loifhygonf/
txufu tcsufESifh wpfqufwpfpyfwnf;pum;yifjzpfyg onf/
a&S;acwfu oHk;ESpfoHk;rdk;[laom qdk½dk;pum;rSm taMumif;rJh r[kwfyg/ tvm;wlyif vufrxyfbJtwlaeonf[laom uRef awmfwdkYESifh b,fvdkrS rtyfpyffonfh taemufwdkif;”avhrSmvnf; w&m;udk,ftm;jzifhrl twlwlyifjzpfygonf/
taMumif;aomfum; vltaMumif; aygif;MunfhrSod&rnfrSm trSefyifjzpfaeaomaMumifhwnf;/ MumMum0g;rS cg;rSef;od qdk onfrSmvnf; vlawGomjzpfygonf/ udk,fESifhcspfaeolrdkY xdkolYudk vlpm&if;xJrSEkwfy,fxm;ír&paumif;yg/ olonfvnf; vlom jzpfojzifh MumMum0g;MunfhvQif cg;csifcg;aeEdkifygonf/
usKyfwdkYacwfu odyÜHacwf? oHk;ESpfoHk;rdk;apmifhp&mrvdkbl;[k ajymaomolrsm;udk tif;av… MunfhMuao;wmaygh[kom pdwf xJu Budwfajymaevdkufygrnf/ vufawGUwGif cdkifrmjrJjrHaom tdrfaxmifa&;rsm;\ 75&mcdkifEIef;ausmfrSm tdrfaxmifrûyrD tcsdef ,l jyifqifcJhMuaMumif;udk txift&Sm;awGU&ygonf/
a,mufsm;wpfa,muf\ rTefpdwfrsm; ususeeaysmufjy,fNyD; wnfNidrfEdkifaomtaetxm;odkY jyefvnfa&muf&dSvm&ef tMumqHk; vdktyfaomtcsdefrSm vaygif;20[ktxufwGif wifjycJhygNyD/ xdk twGuf tdrfaxmifûy&ef &nfoefpdwful;aeaom rdef;uav;rsm; taeESifh orD;&nf;pm;ouftm;jzifh tenf;qHk; vaygif;20awmh tcsdef,lNyD;rS pdwful;oifhMuygonf/
tcsdefMumMum,lav? rdrdb0wpfckvHk;twGuf ta&;BuD;vS aom tdrfaxmifa&;rSm &wufayGp&m enf;avavjzpfaeonfrdkY jzpfEdkifvQifawmh tcsdefudk 24v (0g) ESpfESpfwmawmh tenf;qHk; ,lMuyg[k ajymcsifygonf/
Mumavav? cdkifjrJavavqdkonfhtcsufudk owdxm;rdMu vQifjzifh xdkYxuf tcsdef,lEdkifao;uvnf; ,loifhygonf/

Unpublished Poem

မဟာစည်သွား ရိပ်သာလား

(တောလားလို့ ရေးလို့မတင့်တယ်တာမို့ ရိပ်သာလားလို့ အတတ်ဆန်းထွင်ကြည့်တာပါ။)

—————————————————————————————

မဟာစည်

လာပြီကွဲ့ တစ်ခေါက်…။

စီစဉ်သူ စေတနာများရယ်နဲ့

ကြည်လင်စွာ သဒ္ဓါပွားပါလို့

တရားကိုတဲ့ တွေ့ရအောင်

ပို့ဆောင်ကာ နေရာထားတယ်

ပတ္တမြားဆောင်ရောက်။

ပတ္တမြားဆောင်

ယားရင်တောင် မကုတ်ရဲစေရ

ဂုတ်ဆွဲကာ နတ်ပြည်တင်လေမယ့်

မျက်မှန်ရှင် ကိုယ်တော်မြတ်ရယ်က

ကြပ်မတ်လို့ ခြယ်လှယ်တယ်

အပေါက်ရယ် တကယ်ဆိုး…

ကမ္မဋ္ဌာန်းတရားဆိုတာမျိုးက

ရိုကျိုးစွာ ရှုမှတ်စဉ်

စိတ်ကြည်လင် ဉာဏ်လျှင်ပေါက်နိုင်မှ

ရောက်နိုင်မယ့် ခရီးဟာမို့

ကတီးကတီးမြည်တွန်သူ

သည်လူလွန် ဆရာကိုယ်တော်မြတ်ရယ်ကြောင့်

(ဦးဇင်းတို့ရေ… ကျုပ်တို့မှာ) အာပတ်သာ အထပ်ထပ်တိုး။          ။

——————–

(၁၉၉၁ခုနှစ် ကြမ္မာငင် ၄၈နာရီ အမှတ်တရ အပြီးတွင် မဟာစည်ရိပ်သာ၌ ရဟန်းဝတ်ဖြင့် တရားအားထုတ်ရန် မဖြစ်ညစ်ကျယ် ကြိုးစားခဲ့စဉ်က အတ္တကျော်/ဆူဒိုနင် ရေးသားခဲ့သော ရှားရှားပါးပါး လေးချိုးလေးဖြစ်ပါတယ်။ ကဗျာအနေနဲ့ ပုံနှိပ်ဖော်ပြခဲ့ခြင်း မရှိပေမယ့် ၁၉၉၅ခုနှစ်က ရှေ့ပြေးမဂ္ဂဇင်းမှာ “အိပ်မက်ဟုတ်ဘူး အချစ်ဦးရယ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးခဲ့တဲ့ အခန်းဆက် ၀တ္ထုရှည်မှာတော့ ဇာတ်ဝင် ကဗျာအဖြစ် ပုံနှိပ်ဖော်ပြခဲ့ဖူပါတယ်။ အဲဒီ့ဝတ္ထုရှည်က ရှေ့ပြေးမဂ္ဂဇင်းရပ်သွားတာနဲ့အတူ တစ်ခါတည်း ရပ်သွားခဲ့ပြီး အဆုံးမသတ်ဖြစ်ခဲ့ပါ။ ဘယ်တော့မှလည်း အဆုံးသတ်ဖြစ်တော့မှာ မဟုတ်တဲ့ “တိုးလို့တန်းလန်းမဂ္ဂဇင်းဝတ္ထုရှည်”အဖြစ် မှတ်တမ်းတင်ရပါမယ်။)

Let’s Open Our Mind’s Eye

စိတ်မျက်စိကို ဖွင့်ရအောင်

——————————————–

???????????????????????????????မိတ်ဆွေစာတည်းတစ်ယောက်က ကျွန်တော့်ကို ပြောပြတယ်။ လူငယ် လက်သစ်စာနယ်ဇင်း ဆရာမလေးတစ်ယောက်က  ဆရာလူထုစိန်ဝင်းကို မကျေမနပ်နဲ့ “ကွယ်ရာက” ပြန်ပြောတဲ့စကားတဲ့။ လူငယ်တွေနဲ့ အထိအတွေ့ အလွန်များပြီး လူငယ်တွေအပေါ် စေတနာထားတဲ့ ဆရာဦးစိန်ဝင်းက လူငယ်တွေကို စာများများ ဖတ်ကြဖို့ သူ့စာတွေထဲမှာ အခါအားလျော်စွာ တိုက်တွန်းတတ်တယ်။ အဲဒါကို မကျေနပ်တာတဲ့။ အဲဒီ့ကလေးမက “အင်တာနက်ထဲမှာ ကျွန်မတို့တွေ နေ့စဉ်ဖတ်နေတဲ့ စာတွေကို အဲဒီ့ဆရာ ဖတ်ဖူး၊ မြင်ဖူးလို့လား”လို့  ပြန်ပြောတယ်ဆိုပဲ။

အကြောင်းမသိရင် အဲဒီ့ကလေးမလေး စကားက ဟုတ်သလိုလိုပါ။ အကြောင်း သိရင်တော့ အဲဒီ့စကားက အတော်လေး အံချော်နေတာကို တွေ့ရပါတယ်။ ကျွန်တော့်ကိုသာ အဲဒီ့စကားမျိုး တိုက်ရိုက်လာပြောရင် အဲဒီ့ ကလေးမလေးကို အားနာနာနဲ့ ပထမဆုံး မေးမိမှာက “ညည်း အင်္ဂလိပ်စာ ဘယ်လောက်များ တတ်လို့လဲဟင်…”လို့သာ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း တရုတ်စာ၊ ပြင်သစ်စာ၊ စပိန်စာလို တခြား အများသုံး ဘာသာစကား တစ်ခုခုကိုများ တစ်ဖက်ကမ်းခတ် တတ်ပွန်နေပါသလားလို့ မေးရတော့မှာပါ။

မှန်ပါတယ်။ အင်တာနက်ထဲမှာ “သတင်းအချက်အလက်တွေ” အများကြီး ရှိပါတယ်။ သို့ပေတည့် အဲသလို အောတိုက်နေတဲ့ သတင်း အချက်အလက်တွေ အားလုံးဟာ ကမ္ဘာမှာ လူသုံးများတဲ့ ဘာသာစကားတွေနဲ့ ရေးထားတာတွေပါ။ မြန်မာလို ရေးထားတာတွေ မဟုတ်ပါဘူး။ အဲတော့ ကမ္ဘာ့လူသုံးများ ဘာသာစကားတစ်ခုခုကို တတ်ကျွမ်းမှသာလျှင် အဲဒါတွေကို ဖတ်ရှုနိုင်မှာလည်း သေချာနေပါတယ်။ ဒါက ပထမဆုံး အချက်ပါ။

ဒုတိယအချက်ကတော့ အဲဒီ့အင်တာနက်ထဲမှာ ရှိနေတာက “သတင်း အချက်အလက်”တွေသာ ဖြစ်ပါတယ်။ “ရသစာပေ”တွေ မဟုတ်ပါဘူး။ ရသစာပေတွေ လုံးလုံး မရှိဘူးလို့တော့ မပြောလိုပါဘူး။ ရှိတန်သလောက် ရှိပါတယ်။ သို့ပေမယ့် တကယ့် ရသမြောက် ဝတ္ထုရှည်ကြီးတွေ ကျရင်တော့ အလကား ဖတ်လို့ မရတော့ဘူး။ ပိုက်ဆံပေး ဝယ်ပြီး ဖတ်မှ ရနိုင်တာတွေ ဖြစ်ကုန်ပါတယ်။ ရသမြောက် ဝတ္ထုရှည်အကုန်လုံးလည်း အင်တာနက် ထဲမှာ မရနိုင်ပါဘူး။ ရှိနေတဲ့ ရသစာတွေက အတိုအထွာလေးတွေပါ။ (ကျွန်တော် ကိုယ်တိုင် အဲဒီ့အတိုအထွာတွေထဲက တချို့ကို ဘာသာပြန်ပြလာခဲ့တာ ၁၉၉၉ ခုနှစ်ကတည်းကပါ။)

တတိယအချက်ကတော့ နည်းပညာပေါက်ကွဲမှုခေတ်၊ သတင်းအလျှံပယ်ခေတ်ရဲ့ သဘာဝပဲဖြစ်ပါတယ်။ သည်အချက်က အင်မတန် အရေးကြီးပါတယ်။ သည်အချက်ကြောင့်လည်း သည်စာကို ရေးဖြစ်ရတော့တာပါ။

သတင်းအလျှံပယ်ခေတ်မှာ သတင်းအချက်အလက်(information)နဲ့ အသိပညာ (knowledge)က တကယ့်ကို အလျှံပယ်ဖြစ်သလို လူတိုင်း လက်လှမ်းမီနိုင်တဲ့ အရာဖြစ်လာပါပြီ။ ဆိုကြပါစို့၊ ဂရိနိုင်ငံသမိုင်းကို သိချင်တယ်၊ ဒါမှမဟုတ် နောက်ဆုံးပေါ် ဆေးဝါးတစ်ခုအကြောင်း သိချင်တယ် ဆိုပါစို့။ တစ်ချိန်တုန်းက အဲဒါမျိုး သိချင်ရင် အတော့်ကို ကရိကထ များလှပါတယ်။ သမိုင်းကို သိချင်တဲ့အခါ စာကြည့်တိုက်ကြီးတွေကို အားကိုးရတယ်။ နောက်ဆုံးပေါ် ဆေးဝါးအကြောင်း သိချင်တဲ့အခါ အဲဒီ့ ဆေးဝါးအကြောင်း ပါတဲ့ ဆေးပညာ စာနယ်ဇင်း တစ်ခုခုကို မနည်း လိုက်ရှာရတယ်။ အဆက်အသွယ်လည်းကောင်း၊ အချိန်လည်းပေးနိုင်မှ အဲဒါတွေကို သိနိုင်တယ်။ ကျေးရွာလေးမှာ နေထိုင်သူတစ်ယောက်အနေနဲ့ အဲဒါမျိုးတွေကို သိချင် ဖတ်ချင်နေရင် ဘယ်လိုမှ လွယ်လွယ်ကူကူ မသိနိုင် မဖတ်နိုင်ခဲ့ဘူး။

အခု သတင်းအချက်အလက်အလျှံပယ်ခေတ်မှာကျတော့ အဲလို မဟုတ်တော့ဘူး။ ဟိုး ဇနပုဒ်မှာ နေထိုင်လင့်ကစား အင်တာနက်ကို လက်လှမ်းမီ နေပြီဆိုတာနဲ့ တစ်ပြိုင်နက် ဘာသိချင်သလဲ၊ သက်ဆိုင်ရာ ဘာသာစကားကိုသာ တတ်ကျွမ်းမယ်ဆိုရင် မိနစ်ပိုင်းအတွင်းမှာ လိုချင်တာကို အလွယ်တကူ ရှာဖွေ ဖတ်ရှုနိုင်နေပါပြီ။ သိရနိုင်ပါပြီ။ ဒါဟာ သတင်းအချက်အလက် အလျှံပယ်ခေတ်ရဲ့ အားသာချက်ပါ။

အဲဒီ့ အားသာချက်နဲ့အတူ ဒွန်တွဲနေတာကတော့ သတင်း အချက်အလက်တွေ၊ အသိပညာတွေကို သိရှိထားခြင်းဟာ ဘာမှ အရေးမပါတော့ပါဘူး။ ဆိုလိုတာက ဗဟုသုတ စုံလင်ရုံနဲ့ လူတော မတိုးနိုင်တော့ပါဘူး။ အတွေ့အကြုံရင့်ကျက်ရုံနဲ့လည်း လူလုပ်လို့ မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အတွေ့အကြုံ နုနယ်လှပြီး ဗဟုသုတ နည်းပါးသူတစ်ယောက်အနေနဲ့လည်း သူ သိချင်တာကို မိနစ်ပိုင်းအတွင်းမှာ အလွယ်တကူ ရှာဖွေ သိရှိလာနိုင်နေတဲ့ ခေတ်ကာလကြီး ဖြစ်နေလို့ပါပဲ။ လန်ဒန်က မြို့ကြီးသား တစ်ယောက် သိနိုင်တာကို အာဖဂန်နစ္စတန်နိုင်ငံရဲ့ ကျေးရွာလေးက တောသားလေး တစ်ယောက်လည်း အချိန်မဆိုင်းဘဲ သိနိုင်နေတဲ့ ခေတ်ကြီးပါ။ သည်တော့ တောသားလေးအပေါ်မှာ မြို့ကြီးသားက ငါသိ၊ ငါတတ် သွားလုပ်လို့ မရတော့ဘူး။

အလားတူပဲ၊ ကိုယ့်ဆီ လာပြီး ဈေးဝယ်တဲ့သူ၊ အလုပ်အပ်တဲ့သူကို လှိမ့်လို့၊ ဖြီးလို့ မရတော့ဘူး။ သူက ကိုယ့်ဆီ မလာခင်ကတည်းက သူ ဝယ်မယ့် ပစ္စည်းအကြောင်းတွေ၊ ဈေးနှုန်းတွေကိုဖြစ်စေ၊ ကိုယ့်အလုပ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုဖြစ်စေ အင်တာနက်ထဲမှာ ကြိုတင် ရှာဖွေ သိရှိထားနိုင်ပါပြီ။ ဆိုကြပါစို့၊ စင်္ကာပူနိုင်ငံက ကျောင်းတစ်ကျောင်းမှာ ကျောင်းအပ်ချင်တယ်ဆိုပါစို့။ ဆိုင်ရာ ဘာသာစကားကိုသာ တတ်ကျွမ်းမယ် ဆိုရင် အဲဒီ့ကျောင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အင်တာနက်ထဲကတစ်ဆင့် အပြည့်အစုံ သိနိုင်နေပြီ။ ဒါတင်မကသေးဘဲ၊ အဲဒီ့ကျောင်းကို တိုက်ရိုက်လှမ်းဆက်သွယ် ပြီး စုံစမ်းနိုင်နေပြီ။ ကြားပွဲစား ပြောသမျှကို ယုံနေစရာ မလိုတော့ဘူး။

တစ်နေ့က ကျွန်တော့်အိမ်သူ တာချီလိတ်ကို အလည်သွားတယ်။ ကျွန်တော်က အလုပ် မပြတ်တာနဲ့ ရန်ကုန်မှာ ကျန်ရစ်တယ်။ သူက ကျွန်တော့်ဆီ တာချီလိတ်ကရော၊ မိုင်းလားကရော၊ မယ်ဆိုင်ကပါ ဖုန်းတွေ ပြန်ပြန်ဆက်နေတယ်။ သူ့အသံကို ကြည်ကြည်လင်လင် ကြားနေရတယ်။ တစ်ချိန်တုန်းက၊ ဟိုးလွန်ခဲ့တဲ့ နှစ်၂၀ ကျော်တုန်းကဆို ဘယ်လိုမှ မဖြစ်နိုင်တာကြီးက အခုတော့ လွယ်ကူနေပြီ။

တာချီလိတ်ရဲ့ တာလောဈေးထဲက ပစ္စည်းတစ်မယ်ရဲ့ ရောင်းဈေးကို စက္ကန့်မဆိုင်းဘဲ ရန်ကုန်က သိနိုင်နေသလို ကမ္ဘာတစ်ခုလုံး ကြိုက်တဲ့နေရာကလည်း သိနိုင်နေပြီ။ ခေတ်ကြီးက နည်းပညာရဲ့ စောင်မမှုကြောင့် တအားကို ပြောင်းသွားပြီ။ သိချင်တာ သိရဖို့ သိပ်ကို မြန်ဆန်လွယ်ကူသွားပြီ။
ပြောချင်တာက သတင်းအချက်အလက်နဲ့ အသိပညာဟာ မည်သူမဆို ပေါပေါပဲပဲနဲ့ အလွယ်တကူ ရရှိနိုင်တဲ့ အရာတွေ ဖြစ်လာတာနဲ့အညီ အဲဒီ့ သတင်းအချက်အလက်နဲ့ အသိပညာတို့ရဲ့ တန်ဖိုးကလည်း အဆမတန် ကျဆင်းသွားပါတော့တယ်။

အသိပညာ ပြည့်စုံခြင်းဟာ မကောင်းဘူးလားဆိုတော့ ကောင်းတယ်။ သို့ပေမယ့် အသိတစ်ခုတည်းနဲ့ မလုံလောက်တော့ဘူး၊ ရပ်တည်လို့ မရတော့ဘူး။ ဆိုခဲ့တဲ့အတိုင်း ကိုယ်သိသလို မည်သူမဆို သိနိုင်နေတဲ့ ခေတ်ကြီးထဲမှာ ကိုယ်သိထားသလောက်ဟာ ဘာမှ တန်ဖိုး မရှိတော့ဘူး။

အသိပညာကို လူတိုင်း အလွယ်တကူ ရနိုင်ပေမယ့် လူတိုင်း မရနိုင်တာက “ဉာဏ်ပညာ အမြော်အမြင်”(wisdom)နဲ့ “အတွေးသစ်အမြင်သစ်” (creativity) ပါပဲ။ အဲဒါကိုကျတော့ ဘယ် နည်းပညာ၊ ဘယ် ကွန်ပျူတာကမှ  စီမံပြုပြင်မပေးနိုင်တော့ဘူး။ ဖန်တီး ထုတ်လုပ်မပေးနိုင်တော့ဘူး။

အသိပညာ (knowledge)ကနေ ဉာဏ်ပညာ (wisdom)ဖြစ်လာဖို့အတွက် အဆင့် တစ်ဆင့် လိုတယ်။ အဲဒါက တွေးတောဆင်ခြင်မှု (thinking and reflecting) ပဲ။

အဲဒီ့တွေးတောဆင်ခြင်မှုအတွက်ကျတော့ အလေ့အကျင့်လိုတယ်။ တွေးတောတယ်၊ ဆင်ခြင်တယ်ဆိုတာ စိတ်နဲ့ လုပ်ရတဲ့ အလုပ်။ တွေးကျင့်၊ ဆင်ခြင်ကျင့်လေး အထုံစွဲနေမှ တွေးလို့တတ်တယ်၊ ဆင်ခြင်လို့ တတ်တယ်။  အကျင့်မရှိရင် မတွေးဖြစ်ဘူး။ အဲဒါ စိတ်ရဲ့ သဘာဝပဲ။

နမူနာ ပြောပါရစေ။ ဂဏန်းပေါင်းစက်တွေ တအားပေါလာတဲ့ခေတ်မှာ  ၅၀ဝ ကို ၁၈ နဲ့ မြှောက်မယ်ဆိုရင်တောင် ဂဏန်းပေါင်းစက်ကိုပဲ အားကိုးနေကြပြီ။ အဲလို ဂဏန်းပေါင်းစက်ကို အားကိုးကျင့်က သိပ်များလာတဲ့အခါ အဲဒီ့အတွက်အချက်ကိုပဲ စိတ်တွက် တွက်တဲ့အခါ အချိန်က ပိုကြာနေတတ် ပါတယ်။ ဦးနှောက်က စိတ်တွက် တွက်တဲ့ အလေ့အထမှ မရှိတော့တာကိုး။

နောက်ထပ် နမူနာတစ်ခုက ဖုန်းနံပါတ်ကို စာအုပ်ထဲမှာ ရေးမှတ်တာပါ။ ဒါမှမဟုတ် အခုခေတ် တယ်လီဖုန်းတွေထဲမှာ ဖုန်းနံပါတ်တွေကို အလွယ်တကူ မှတ်သား သိုလှောင်ထားနိုင်တဲ့ စနစ်တွေ တွဲပါနေတာမို့ ဖုန်းထဲမှာ မှတ်ထားတာပါ။ အဲသလို မှတ်တော့ ဘာဖြစ်တုံး။ ဟုတ်ကဲ့… အရေးဆို စာအုပ်ပြန်လှန်ရ၊ ဖုန်းကို ဖွင့်ကြည့်ရနဲ့ အတော် ကရိကထ များကုန်ပါတယ်။

အရင်က ကျွန်တော့်ခေါင်းထဲမှာ ဖုန်းနံပါတ် အတော်များများကို အလွတ် ရနေတယ်။ ဆက်နေကျ လူတွေ၊ ရုံးတွေရဲ့ ဖုန်းတွေဟာ ခေါင်းထဲမှာ အသင့်ရှိနေတယ်။ စာအုပ်ထဲမှာ မှတ်တဲ့အကျင့်၊ ဖုန်းထဲမှာ မှတ်တဲ့အကျင့်က ရှိလာတော့ ခေါင်းက ဘာမှ မမှတ်တော့ဘူး။ ဆက်နေကျ ဖုန်းကိုတောင်  ဆယ်ခါ ဆက်မယ်ဆိုရင် ဆယ်ခါလုံး ပြန်ကြည့်နေရတယ်။ ပိုဆိုးတာက ဖုန်းနဲ့ မှတ်တဲ့ စနစ်မှာ နာမည်နဲ့ နံပါတ်နဲ့ တွဲမှတ်ထားတာပဲ။ အဲတော့ ဖုန်းဆက်ချင်ရင် အဲဒီ့လူရဲ့ နာမည်ကို ရှာပြီး ဆက်လိုက်ရုံပဲ၊ သူ့ ဖုန်းနံပါတ် ဂဏန်းတွေကို နှိပ်နေစရာတောင် မလိုတော့ဘူး။ အဲတော့ ဂဏန်းတွေက ခေါင်းထဲကို ဝင်မလာတော့ဘူး။ ဝင်မလာတော့ မမှတ်မိတော့ဘူး။

ဒါတွေဟာ ဦးနှောက်ရဲ့ “ကျင့်သားရလွယ်ပုံ”တွေကို ထင်ဟပ်စေတဲ့ နမူနာပါပဲ။

အဲတော့ ကျွန်တော်ပြောနေတဲ့ တွေးတောဆင်ခြင်မှုဟာလည်း အကျင့် လိုတယ်ဆိုတာ စာဖတ်သူ လူကြီးမင်း လက်ခံနိုင်လောက်ပြီ ထင်ပါတယ်။ တွေးတောဆင်ခြင်မှုဆိုတာ စိတ်က လုပ်ရတာ။ တတိယမျက်လုံးလို့ ခေါ် တဲ့ အာရုံဝင်စားမှုနဲ့ လုပ်ရတာ။

အဲဒီ့အာရုံဝင်စားမှုအတွက် အကျင့်လိုတယ်။ တတိယ မျက်လုံးကို သုံးတဲ့ အကျင့် ရှိထားလို့ လိုတယ်။

ရုပ်မြင်သံကြား ဇာတ်လမ်းတွဲကို စိတ်ဝင်တစားနဲ့ မလွတ်တမ်း စောင့်ကြည့်နေသူတွေအနေနဲ့ တတိယမျက်လုံးကို သုံးတဲ့အကျင့်က မရှိနိုင်တော့ဘူး။ သတင်းအချက်အလက်တွေကို အင်တာနက်ထဲမှာ အငမ်းမရ ဖတ်ရှုနေသူ တွေလည်း အတူတူပဲ၊ တတိယမျက်လုံးက သေသွားနိုင်တယ်။

ဇာတ်လမ်းတွဲကို ပကတိမျက်လုံးနဲ့ ကြည့်နေတာ၊ အွန်စောဆိုလည်း အွန်စောဆိုတဲ့ ကိုရီးယားရုပ်ကိုပဲ မြင်နေတယ်၊ ချန်ဂင်ဆိုလည်း သူပြတဲ့ အရုပ်ကိုပဲ မြင်နေတယ်။ အဲဒီ့အထဲမှာ မျောပါနေတယ်။ ရသ မြောက်တာကိုး။ အဲဒီ့ရသကို ခံစားနေရင်းနဲ့ တတိယမျက်လုံးက အလိုလို သေသွားတာကို သတိမထားမိကြဘူး။

အဲဒီ့ဇာတ်လမ်းကို ရုပ်မြင်သံကြားဇာတ်လမ်းအနေနဲ့ မဟုတ်ဘဲ ရသ စာတစ်အုပ်အနေနဲ့ ဖတ်မယ်ဆိုပါစို့။ တတိယမျက်လုံးက အလိုလိုပွင့်လာပြီ။  စာထဲမှာ အရုပ် ရှိမနေဘူးလေ။ အဲတော့ စိတ်မျက်စိက အလိုလို အလုပ် လုပ်ရပြီ။ အွန်စောဆိုတာကို စိတ်မျက်လုံးထဲမှာ ရုပ်လုံး ဖော်ကြည့်ရတယ်၊ ရုပ်သံထဲမှာ ပြထားတဲ့ အွန်စောထက် အဆပေါင်း တစ်သိန်း ပိုချောတဲ့သူလည်း ဖြစ်နေနိုင်သလို အွန်စောဟာ ကိုယ်လည်း ဖြစ်နိုင်သွားပြီ။

အဲလိုနဲ့ ရသစာ များများဖတ်သူဟာ စိတ်ကို အလုပ်ပေးတဲ့ အတတ်ကို သင်ယူစရာ မလိုလိုဘဲ အလိုလို ကျွမ်းကျင်လာပါတော့တယ်။ ထစ်ခနဲရှိ တွေးယူတဲ့အကျင့်၊ ဆင်ခြင်တဲ့ အကျင့်ကလည်း အထုံစွဲလာပါတော့တယ်။
ရေးရင်းနဲ့ ဝါရင့်စာရေးဆရာတစ်ဦး အမှတ်တမဲ့ ပြောလိုက်တဲ့စကားက ခေါင်းထဲ ပေါ်လာပြန်တယ်။ သူက ကနေ့ခေတ် လူတွေ စာမဖတ်ဘူးလို့ မပြောပါနဲ့တဲ့။ ည ခုနစ်နာရီနဲ့ ရှစ်နာရီကြားမှာ မြန်မာပြည်က လူအများ စာဖတ်နေကြပါတယ်တဲ့။ ကိုရီးယားကားတွေ ကြည့်ရင်း အောက်က စာတန်း ထိုးတွေကို အမီ လိုက်ဖတ်နေကြတာကို သူက ထောက်ပြတာပါ။

ဒါလည်း အမှတ်တမဲ့ဆိုရင် ဟုတ်သလိုလိုပဲ။ လူတွေ စာဖတ်နေကြတာတော့ မှန်တယ်။ ဒါပေမယ့် ရုပ်သံမှာ ထိုးတဲ့စာတန်းကို အမီ လိုက်ဖတ်ရင်းက အရုပ်ကိုလည်း ကြည့်ရသေးတယ်၊ ဇာတ်လမ်းကြောကို မိအောင်လည်း လိုက်နေရသေးတယ်ဆိုတော့ အဲဒီ့အချိန်မှာ သူတို့စိတ်က မနားဘူး။ စာလုံးတွေ ဝါကျတွေကို ဖတ်နေကြတာမှန်ပေမယ့် ကျွန်တော် ပြောတဲ့ စိတ်မျက်စိ (ဝါ) တတိယမျက်လုံးကို သုံးခွင့် မရတဲ့နည်း၊ တစ်နည်းပြောရရင် စိတ်မျက်စိကို သေစေတဲ့ နည်းနဲ့သာ ဖတ်နေကြတာပါ။

အဲဒါဟာ စာအုပ်စာပေကို ဖတ်ရှုခြင်းနဲ့ ကွာခြားချက်ပဲ။ စာအုပ်စာပေကို ဖတ်တဲ့အခါကျတော့ ကိုယ်ရပ်ချင်တဲ့အချိန်မှာ ရပ်ထားလိုက်လို့ရတယ်၊ ကိုယ်ဖတ်ချင်တာကို နောက်ကြောင်းပြန် ဖတ်လို့ရတယ်။ စိတ်က အလုပ် လုပ်နေရတယ်။ စာအုပ်ပြီးသွားရင်တောင် စိတ်က ဆက်အလုပ်လုပ်လို့ ကောင်းချင် ကောင်းနေတတ်ပြန်သေးတယ်။ စိတ်မျက်စိထဲမှာ မြင်ယောင်လို့ မဆုံး ဖြစ်နေနိုင်ပြန်သေးတယ်။

ချုပ်ရရင်တော့ အဲဒီ့ဝါရင့်စာရေးဆရာ ပြောဖူးတဲ့စကား၊ အစမှာ ရေးပြခဲ့တဲ့ လက်သစ်စာနယ်ဇင်းဆရာမလေးက ဆရာလူထုစိန်ဝင်းကို ကွယ်ရာကနေ ခံပက်တဲ့စကားတွေ အားလုံးဟာ မမှားပေမယ့် အပြည့်မမှန်ဘူးဆိုတာကို ပြောချင်တာပါ။ သူတို့စကားတွေအရ စာတွေကို ဖတ်တော့ ဖတ်နေကြတယ်၊ ဒါပေမယ့် ပကတိမျက်လုံးနဲ့ ဖတ်တိုင်း စာဖတ်တာ မမည်သလို စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးကိုလည်း ဘယ်လိုနည်းနဲ့မှ ရနိုင်မှာ မဟုတ်ပါဘူး။

စာဖတ်တယ်ဆိုတာဟာ စိတ်ကို အလုပ်ပေးဖို့ပါ။ တတိယမျက်လုံး ရှင်သန်လာစေဖို့ပါ။ ဆရာလူထုစိန်ဝင်းက စာများများ ဖတ်ခိုင်းတာဟာ ရသစာပေတွေကို နာနာဖတ်ခိုင်းတာလို့ ကျွန်တော် ယူဆမိပါတယ်။ ဒါမှလည်း တွေးကျင့်၊ ဆင်ခြင်ကျင့်ရလာမယ်လို့ ကျွန်တော် ယုံကြည်သလို ဆရာလူထု စိန်ဝင်းကလည်း ယုံကြည်ထားလို့ ဖြစ်ပါလိမ့်မယ်။

အဲဒီ့ကလေးမလေး ခံပက်တဲ့ စကားမှာကိုက အတွေးမပါ၊ ဆင်ခြင်မှု မပါတာကို ရိပ်ခနဲ တွေ့ရနိုင်ပါတယ်။ အတွေးပါရင်၊ ဆင်ခြင်မှု ရှိနေရင် သည်စကားမျိုးကို အလွယ်တကူ ပြောဖြစ်လိမ့်မယ်မထင်ဘူး။ ဟိုဆရာက ဘာဖြစ်လို့ သည်စကားပြောတာလဲ၊ သူက စေတနာနဲ့ ပြောတာလား၊ သက်သက်မဲ့ နှိပ်ကွပ်နေတာလား၊ ဘယ်သူ့အကျိုးအတွက် ပြောနေတာလဲ စတာတွေကို တွေးဖြစ်ခဲ့မယ်၊ ဆင်ခြင်ကြည့်ဖြစ်ခဲ့မယ်ဆိုရင် သည်လိုစကားမျိုး သူ့ပါးစပ်က လွယ်လွယ် ထွက်မလာနိုင်ပါဘူး။

အဲဒီ့အတွက် အဲဒီ့ကလေးမလေးကို အပြစ်မတင်ချင်ဘူး။ တင်လည်း မတင်ရက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခမျာမယ် တွေးကျင့်၊ ဆင်ခြင်ကျင့်မှ မရှိခဲ့ရှာတာကိုး။ ဘာဖြစ်လို့ တွေးကျင့် ဆင်ခြင်ကျင့် မရှိရတာလဲဆိုရင်တော့ ငယ်ကတည်းက ပြင်ပစာပေ၊ ဒါမှမဟုတ် ရသစာပေ အဖတ်အရှု နည်းခဲ့တာမို့ပဲဆိုတာ မှန်းဆနိုင်ပါတယ်။ အပြင်စာဖတ်ခြင်းကို အားမပေးတဲ့ မိဘအသိုင်းအဝိုင်း၊ ကျောင်းနေဝန်းကျင်များက ကနေ့လူငယ်တွေရဲ့ တတိယမျက်လုံးကို တိမ်ဖုံးနေစေပါတယ်။

အဲတော့ အတော်များများဟာ လူတိုင်း အလွယ်တကူ ပေါပေါပဲပဲ ရနိုင်တဲ့ အသိပညာနဲ့ သတင်းအချက်အလက်တွေကို လက်လှမ်းမီနိုင်၊ သိရှိနိုင်တာကိုပဲ အဟုတ်ကြီးထင်၊ ငါ့ပြင်မရှိ အောက်မေ့နေမိတတ်ကြပါတယ်။ ထပ်ပြောပါရစေ၊ လူတိုင်း အလွယ်တကူ ပေါပေါပဲပဲ ရနိုင်တဲ့ အသိပညာနဲ့ သတင်း အချက်အလက်များဟာ လူတစ်ယောက်အတွက် ဘာမှ တန်ဖိုးမရှိတော့ပါဘူး။ အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ သည် ခေတ်ကြီးမှာ လူတစ်လုံး သူတစ်လုံး ဖြစ်ဖို့ အသိပညာတွေ၊ သတင်းအချက်အလက်တွေနဲ့လည်း ဖေးမထားလို့ မရနိုင်တော့ပါဘူး။ ဉာဏ်ပညာရှိမှ၊ အတွေးသစ်အမြင်သစ်တွေ ဖော်ယူ သုံးစွဲတတ်မှ သူများ နောက်မြီးဆွဲဘဝက လွတ်မြောက်နိုင်၊ သတင်းအချက်အလက် အလျှံပယ်ခေတ်ကြီးမှာ အများနဲ့ ယှဉ်နိုင်မှာပါ။

သည်အတွက် တွေးတောဆင်ခြင်တဲ့ အလေ့အထလေးကို မွေးယူဖို့ လိုပါတယ်။ အဲဒီ့အလေ့လေးရဖို့အတွက် တတိယမျက်လုံး (ဝါ) စိတ်မျက်စိ ကို ရှင်သန်နေအောင် လုပ်ရပါမယ်။ အဲသလို လုပ်ဖို့အတွက် စာအုပ်စာပေကို စိတ်မျက်စိနဲ့ ဖတ်တဲ့အကျင့်လေး စွဲသွားအောင် ဦးဆုံးလုပ်ရပါတော့မယ်။

ကျွန်တော့် ဆွေးနွေးချက်ကို စာဖတ်သူ လူကြီးမင်းရဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်ကြည့်စေချင်ပါတယ်။ စိတ်မျက်စိနဲ့ စာဖတ်ခြင်းဟာ ဘဝအတွက်၊ လူတစ်လုံး သူတစ်လုံး ဖြစ်လာဖို့အတွက် တကယ် အရေးပါတယ်၊ မပါဘူးဆိုတာကိုလည်း သေချာ တွေးကြည့်ဖို့လည်း မေတ္တာရပ်ခံပါရစေ။

ဟုတ်ကဲ့… ကျွန်တော်ပြောတာကို သဘောတူတယ်၊ လက်ခံနိုင်တယ် ဆိုရင်တော့ စာဖတ်သူလူကြီးမင်းရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ကလေးသူငယ်လေးတွေ၊ လူငယ်လူရွယ်လေးတွေ စိတ်မျက်စိနဲ့ စာဖတ်ဖြစ်လာအောင် ကိုယ်စွမ်းသလောက် ဝိုင်းဝန်းဖေးမရင်း လက်တွဲခေါ်လိုက်ကြပါစို့လားခင်ဗျာ။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၁၅၁၂၀၈)

—————————————————————————————————————————————————

(၂၀ဝ၉ခုနှစ်  ဇွန်လထုတ် ကလျာမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးကို အစအဆုံး ပြန်လည် ဖြော်ပလိုက်တာ ဖြစ်ပါတယ်။)

A New Book Published Today!

Bala_Finalမှတ်မိနေသေးတာ တစ်ခုရှိပါသေးတယ်။ ဝတ်မှုန်မဂ္ဂဇင်းဆိုပြီး ကျွန်တော် အယ်ဒီတာလုပ် ထုတ်ဝေခဲ့တုန်းကပါ။ (၁၉၇၀ ဝန်းကျင်)… ။ ကျွန်တော့် မဂ္ဂဇင်းက ဇိုလူးဖတ်လူး (စိုလူးဖတ်လူး) ဆိုတာလို ယိုင်နဲ့နဲ့မို့ အရောင်း မတွင်ကျယ်ပါဘူး။ သည်တော့ ရတတ်သမျှ ကြော်ငြာလေးတွေ လိုက်ရပါတယ်။ ခုနှယ်ခါလို ကြော်ငြာအင်အားကြီးတွေ မရလေတော့ ကိုယ့်လူချင်း အတင်းညှင်းဆဲပြီး ကြော်ငြာတောင်းရာမှာ ဆရာအီကြာကွေးလည်း အဲဒီ ဒဏ်ခံရပါတယ်။

ဘယ်လိုလဲဆိုတော့ “အီကြာကွေး၏ အုတ်ကျင်းကိုသာ လိမ်လို့ရမည်” ဆိုတဲ့ စာမူယူသုံးပြီး စာမူခကို မပေးတော့ဘဲ ဆရာရဲ့ ကလောင်ခွဲဖြစ်တဲ့ “ဓနုဖြူ ကျော်ထွန်း”ရဲ့ ကဗျာစာအုပ် ကြော်ငြာခနဲ့ နှိမ်လိုက်တာပါပဲ။ ပြဿနာက ခဲစာလုံး စာစီရာမှာ ဓနုဖြူကျော်ထွန်းဟာ “ဓနုဖြူ ကျော်ထိန်း” ဖြစ်လိုက် “ဓနုဖြူ ကျော်ထန်း”ဖြစ်လိုက်။ နောက်ဆုံး စာအုပ်ထွက်လာတော့ နာမည်သာ မှန်သွားပြီး ရှေ့က ဂုဏ်ပြုထားတဲ့ မြို့နာမည် မှားသွားတော့ တာပါပဲ။ “ဓဖြူနု” ကျော်ထွန်း ဖြစ်သွားခဲ့ရာမှာ ဆရာအီကြာကွေး မချိသွားဖြဲ ဆဲလိုက် ဆိုလိုက်တာ အလွန်ပျော်စရာ ကောင်းခဲ့ပါရောဗျာ။
စကားအစ ပြန်ကောက်ရရင် မြိတ်တစ်ကြော စာဆိုပွဲကအပြန်မှာလည်း အသွားခရီးတုန်းက ဂျက်လေယာဉ်နဲ့ လေယာဉ်မှူးကြီးပဲ ပြန်တွေ့ဆုံရလို့ ကျွန်တော်တို့ ဝမ်းသာကြရပါတယ်။ မြိတ်အသွားမှာကတည်းက ခင်မင်ပြီးသားမို့ အပြန်ခရီး လေယာဉ်ပေါ်တက်တက်ချင်းပဲ ကျွန်တော်ဟာ လေယာဉ်မောင်းခန်း သွားပြီး ထိုင်လိုက်ပါတော့တယ်။ ကျွန်တော်တို့ ထိုင်ရမယ့် ခုံတန်းကလည်း လေယာဉ်မှူးအခန်းနဲ့ကပ်လျက် ရှေ့ဆုံးတန်းပါ။
လေယာဉ် စတင်ပျံတက်လို့ နည်းနည်းလည်း ငြိမ်သွားရော လေယာဉ်မှူးကြီးက ကျွန်တော့်ကို ကော်ဖီနဲ့ ဧည့်ခံစေပါတယ်။ လေယာဉ်မယ် ချောချောလေးက တာဝန်ယူပါတယ်။

“ဦးသုမောင် ဘာများလိုအပ်ပါသေးသလဲ”ဆိုပြီး ကလေးမက လောကဝတ် ပျူငှာလုပ်လို့ သူ့ကို လှည့်ကြည့်လိုက်တော့ နောက်ကျော ဝင်ပေါက် လိုက်ကာ ဟနေတဲ့ကြားက ရှေ့ဆုံးခုံမှာ ဦးထုပ်စိုက်စိုက် ဆောင်းပြီး ငုတ်တုတ် အိပ်ငိုက်ကောင်းနေတဲ့ ဆရာကွေးကို လှမ်းမြင်ရပါတယ်။ ဒါနဲ့ ကျွန်တော်လည်း ကျီစားချင်စိတ် ပေါက်လာပါတယ်။

“ဦးသုကတော့ ပြည့်စုံပါပြီ သမီးရယ်… အဲ… ဟောဟို ရှေ့ဆုံးခုံမှာ တွေ့လား… ဦးထုပ်နဲ့ ဘဘကြီး၊ အဲဒါ ဦးသုရဲ့ ဦးလေးပဲ၊ သူက မနက် စောစောမှာ လက်ဖက်ရည်နဲ့ “အီကြာကွေး” စားရမှ ကျေနပ်တယ်။ မစားရရင် သိပ်စိတ်ဆိုးတာ။ အဲဒါ သမီးက သွားတောင်းပန်လိုက်ပါကွယ်…” ဆိုပြီး ခပ်တည်တည်နဲ့ ချွန်တွန်းလုပ်လိုက်ရာမှာ လေယာဉ်မယ်ကလေးကလည်း…

“ဘဘကြီး လေယာဉ်ပေါ်မှာ အီကြာကွေး မပါပါဘူး”လို့ သွားပြောပါတော့သတဲ့။ သည်မှာတင် လေယာဉ်ပေါ်မှာ “အီကြာကွေးပါတယ်” “မပါဘူး”ဆိုပြီး အချီအချ ဖြစ်ပါလေရော။ တကယ်က ကလေးမခမျာ စာရေးဆရာကြီး အီကြာကွေးမှန်း သိမှ မသိဘဲကိုး။ နောက်ဆုံးတော့ ထုံးစံ အတိုင်း အားရပါးရ ရယ်မောရင်း ကျွန်တော့်ကို အသံတိတ် ပါးစပ်လှုပ် တစ်တစ်ခွခွ ဆဲပြပါတော့တယ်ခင်ဗျာ။ လေယာဉ်မှူးအခန်း အဝင်က လိုက်ကာ ဟစိစိကြားက မြင်ရတဲ့ ဆရာကြီး အီကြာကွေးရဲ့ မျက်နှာကို ခုထိ မြင်နေတုန်းပါပဲ။

————————————————————

[ကနေ့ သြဂုတ်လ ၁၀ရက်နေ့မှာ စတင်ဖြန့်ချိလိုက်တဲ့ “သုမောင်”ရဲ့ “ဟိုတစ်စ သည်တစ်စ မောင်ဗလ” စာအုပ်ထဲက ကောက်နုတ်ချက်လေးပဲ ဖြစ်ပါတယ်။ ရောင်းဈေးက ကျပ် ၁၅၀၀ပါ။ (ရောင်းဈေးက သနားစရာလေးနော်။  ဒေါ်လာနဲ့ဆိုရင် တစ်ကျပ်ခွဲတောင် မရှိရှာဘူး။)]

ဖက်ခွလုံး

handout

ကျွန်တော့်အား “ဖက်ခွလုံးရှည်”ကလေးနှင့် စတင် မိတ်ဖွဲ့ပေးသူမှာ ကျွန်တော်၏ ချစ်ဇနီး “မိ”သာ ဖြစ်လေသည်။
တချို့က သူ့ကို “ဖက်ခေါင်းအုံး”တဲ့။ တချို့က “ခွခေါင်းအုံး”တဲ့။ တချို့တွေက ကျပြန်တော့ “ခြေတင်ခေါင်းအုံး”ဆိုပဲ။
မည်သို့ပင် ခေါ်ခေါ်၊ ထိုအခေါ်အဝေါ်များ တစ်ခုမှ မမှန်ပေ။

“ခေါင်း”ဆိုသော ဦးခေါင်းနှင့် မည်သို့မျှ မပတ်သက်ဘိသကဲ့သို့ “အုံး”ခြင်း၊ သို့တည်းမဟုတ် မှီခြင်းကိုလည်း မခံရသောကြောင့် “ခေါင်းအုံး” ဟူသော ဝေါဟာရနှင့် တွဲပေးလိုက်သမျှ ဘယ်လိုမှကို မမှန်နိုင်တော့ပေ။

“မိ”ကမူ သူ့ကို “ဖက်လုံး”ဟု ခေါ်သည်။ ဒါကလည်း တစ်ဝက်သာ မှန်သည်။ တကယ်က သူ့ကို ဖက်ရုံတင်မကဘဲ ခွချင်လျှင်လည်း ခွတတ် ကြမြဲဖြစ်သောကြောင့် သူ့အသုံးတည့်ပုံအတိုင်း “ဖက်ခွလုံး” ဟုခေါ်မှသာလျှင် လုံးဝ မှန်ပေလိမ့်မည်။

ထို့ကြောင့် ကျွန်တော်ကတော့ သူ့ကို “ဖက်ခွလုံး”ဟုသာ ခေါ်ပါသည်။

ထိုဖက်ခွလုံးသည် ကျွန်တော့် ဖွားဘက်တော် မဟုတ်ခဲ့သည်ကတော့ အမှန်ပင်ဖြစ်ပါသည်။ သူ ရှိမှန်းသိသည့်တိုင် သူနှင့် ကျွန်တော် အကြောင်း မသင့်သဖြင့် ပတ်သက် ရင်းနှီးခွင့် မကြုံခဲ့သည်မှာ အနှစ်၃၀ကျော် ကြာပါသည်။

ကျွန်တော့်အဖေနှင့် အမေတွင် ဖက်ခွလုံး အသုံးပြုသော ဓလေ့ မရှိကြသည်က စရပါမည်။ သူတို့ သုံးကျင့် မရှိတော့ သူတို့သားဖြစ်သည့် ကျွန်တော်လည်း သုံးခွင့် မကြုံတတ်နိုင်ခဲ့ပါ။

ပိုဆိုးသည်က ကျွန်တော့် မွေးသဖခင် ကျေးဇူးရှင် “ကိုတယူသန်” (ခေါ်) “ဦးတလွဲတွေး”ပင် ဖြစ်ပါသည်။

ဖက်ခွလုံးဝေးစွ၊ မွေ့ရာနှင့် အိပ်ခွင့်ပင် အဖေက ကျွန်တော့်ကို မပေးခဲ့ပါ။ နူးညံ့ အိစက်သော မွေ့ရာသည် အကြင် လူပျိုပေါက်၏ သွေးသားကို ဆူပွက် ဆာလောင်စေသည်ဟူသော အယူအဆကို လက်ကိုင်ထားသော အဖေ့ကြောင့် ကျွန်တော်သည် လူပျိုဖော် မဝင့်တဝင် အရွယ်ကတည်းက မွေ့ရာနှင့် အိပ်စက်ခွင့်ကို (အသားလွတ်ကြီးပင်) ဆုံးရှုံးခဲ့ရပါသည်။

အဖေ မရှိတော့မှ ကျွန်တော့်ခမျာ မွေ့ရာနှင့်၊ ဘာနှင့် ပြန်အိပ်ရပါ သည်။ သို့တိုင်အောင် ဖက်ခွလုံးတော့ မပါပါ။

အမေကတော့ အဖေ မရှိတော့သည့် နောက်ပိုင်းတွင် (အဖေ့ကိုယ်စား လားတော့မသိ) ဖက်ခွလုံး တစ်လုံးကို သူ့အိပ်ရာထဲသို့ ခေါ်လာခဲ့သည်ကို တွေ့ရပါ၏။ သို့တိုင်အောင် ကျွန်တော်ကတော့ ဖက်ခွလုံးကို တတောင့်တတ မရှိခဲ့ဖူးပါ။

မိနှင့် ကျွန်တော် လက်ထပ်ရန် ပြင်ဆင်ကြသောအခါ မိက “ဖက်ခွလုံး”ကို ထည့်လှာပါသည်။ ဖက်ခွလုံးမပါလျှင် လုံးဝ မအိပ်တတ်ပါဟု ဆိုသော မိကို ကျွန်တော် ကောင်းကောင်း ဟားလိုက်ပါသည်။၊ (ဒါလည်း သူ့မိဘနှင့် ဆိုင်သည်။ သူ့ဖအေကို မဆုံဖူးလိုက်သော်လည်း သူ့မအေကြီးကမူ ဖက်ခွလုံး ကို မက်မက်ခြိုက်ခြိုက် ရှိလှသည်မှာ ကျွန်တော့်အမြင်လေ။)

ထို့ကြောင့် မင်္ဂလာဦး အိပ်ရာခမ်းနားဝယ်စဉ်က…

“ဖက်ခွလုံးကို မိလိုချင်ရင်တော့ ထည့်ဝယ်လေ။ ကိုယ့်အတွက်တော့ ထည့်မဝယ်နဲ့၊ ကိုယ် ဝါသနာမပါဘူး…”ဟု မိကို ပြောခဲ့ပါသည်။

ထို့ကြောင့် ကျွန်တော်တို့ မွေ့ရာခမ်းနားတွင် မွေ့ရာတစ်ချပ်၊ ခေါင်းအုံး နှစ်လုံး၊ ခြင်ထောင်တစ်လုံးနှင့် ဖက်ခွလုံးတစ်လုံးသာ ပါခဲ့ပါသည်။

မည်သို့ပင်ဖြစ်စေ၊ မိနှင့် လက်ထပ်လိုက်သည့်အတွက် ဖက်ခွလုံး တစ်လုံးကတော့ ကျွန်တော်(တို့) အိပ်ရာထဲသို့ အလွယ်တကူ ချဉ်းနင်းလာခဲ့ သည်လည်း အမှန်ပင် ဖြစ်ပါသည်။

ညားခါစအိပ်ရာဝင်မှာ အနှီဖက်ခွလုံးသည် ကျွန်တော်တို့ လင်မယား ကြားတွင် အတော် ခလောက်ဆန်နိုင်ခဲ့သည်။ မိက အိပ်ရာထဲရောက်သည်နှင့် တစ်ပြိုင်နက် ဖက်ခွလုံးကိုသာ ဆွဲယူ ပွေ့ဖက်၊ ခွတက်တတ်မြဲဖြစ်သည်။

ဖက်ခွလုံးနှင့် ယှဉ်လာလျှင် ကျွန်တော်သည် မိ၏ လင်ငယ် ဖြစ်ဖြစ်နေတတ်ပါသည်။ ဖက်ခွလုံးကသာ မိ၏ လင်ကြီးဖြစ်သည်ဟု မိကိုလည်း ကျွန်တော် မကြာခဏ စကားနာ ထိုးဖူးသည်။ ကြာတော့ ထိုဖက်ခွလုံးကို ကျွန်တော် မုန်းထား မနာလိုတော့ပါ။

သည်ကြားထဲက ဘယ်လိုက ဘယ်လိုဖြစ်သွားသည်မသိ။

အိမ်ထောင်သက်တစ်နှစ်ကျော်၊ နှစ်နှစ်နီးပါးကြာသောအခါ ကျွန်တော်သည် ညတိုင်ကျလျှင် မိနှင့်ဖက်ခွလုံးလုရသည့် အလုပ်တစ်လုပ်ကို ရလာပါ သည်။

“အစကတော့ ရှင်ပဲ ဖက်လုံးနဲ့ အိပ်တာ ဝါသနာမပါဘူးဆို…”

မိက ထိုသို့ပြောကာ ကျွန်တော့်ရင်ခွင်ထဲ ရောက် ရောက်နေတတ်သော ဖက်ခွလုံးကို အတင်းပြန်လုတတ်ပါသည်။

သူနှင့် ကျွန်တော် လင်မယား အရင်းကြီးပင်ဖြစ်လင့်ကစား ဖက်ခွလုံးကိုတော့ သမဝါယမစနစ်နှင့် မျှဝေခံစားခြင်း မပြုနိုင်သည်လည်း အမှန်ပင် ဖြစ်ပါသည်။

သည်လိုနှင့် နောက်ဆုံးတွင် မိက ကျွန်တော့်အတွက် ဖက်ခွလုံး နောက်တစ်လုံးကို အိပ်ရာထဲသို့ ခေါ်သွင်းလာခဲ့ရပါတော့သည်။

မိ၏ဖက်ခွလုံးရောဂါသည် ကျွန်တော့်ကို ကူးစက်လာခဲ့သလို ကျွန်တော်တို့မှ ဖြစ်လာသော သမီးနှင့်သားတို့မှာလည်း မွေးရာပါရောဂါဟုပင် ထင်ရ လောက်အောင် စွဲကပ်လာသည်ကို တွေ့ရသည်။

မစွဲကပ်ပဲ ခံနိုင်ရိုးလား…

ကလေးများ မွေးဖွားပြီး အိမ်ပြန်ရောက်သည်နှင့် သူတို့ အရပ်ကလေးတွေနှင့် လိုက်ဖက်သော ဖက်ခွလုံးလေးများကို သူတို့၏ အမေနှင့် အဖွားက ဖန်တီးပေးကြပေသကိုး။

ခုတော့လည်း လက်တောက်လောက်သာ ရှိသေးသော သားတော်မောင်ကလည်း သူ့အရွယ် ဖက်ခွလုံး နှစ်လုံး ဘယ်ညာ ခြံရံကာ အိပ်တတ်သည်။ လေးနှစ်သာသာသာ ရှိသေးသော သမီးငယ် “ဘုတ်ဆုံမ”ကလည်း မိ၏ ဖက်ခွလုံးကို လုတတ်လာသည်။

သူ့အရပ်နှင့် လိုက်ဖက်သော ဖက်ခွလုံးကို မိက သီးသန့်ပေးထားသည့်တိုင် သမီးသည် သူ့မအေ၏ ဖက်ခွလုံးကိုသာ တမက်တမော ရှိလှသည်။
ထို့ကြောင့် မိသည် သူ့သမီးအတွက် နောက်ထပ် ဖက်ခွလုံး(လူကြီးဆိုက်) တစ်လုံးကို ထပ်မံ ဝယ်ယူရပြန်တော့သည်။

ပြဿနာက မိအမေ အိမ်လာအိပ်သည့် တစ်ညတွင် စပါသည်။

အဖွားကြီးသည်အိပ်ရာထဲရောက်သည်နှင့် ဖက်ခွလုံးကို တောင့်တ တောင်းဆိုပါတော့သည်။

မိက အိပ်ပျော်နေသော သမီးငယ်၏ ရင်ခွင်ထဲမှ ဖက်ခွလုံးကို ယူပေးလိုက်ရန် ချက်ချင်းကြံပါသည်။ (တော်တော်လည်း ဟုတ်တဲ့ မိန်းမ။ ပေးခြင်း ပေး၊ သူ့ဟာ ပေးလိုက်ပေါ့။)

“မိကလည်းကွာ၊ သမီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို။ မိရဲ့ ဖက်ခွလုံးပဲ အမေ့ကိုပေးလိုက်ပေါ့…”

“ပေးနိုင်ပေါင်တော်… မိမှ ဖက်လုံး မရှိရင် မအိပ်တတ်တဲ့ဟာကို…”

“ပေးလိုက်ပါမိရယ်၊ ကိုယ့်ဖက်ခွလုံးကို သည်တစ်ည မိယူအိပ်ပေါ့၊ ကိုယ်က ဖက်ခွလုံး မရှိလည်း အိပ်တတ်ပါတယ်၊ သွား… မိဟာသာ ပေးလိုက်…”

သူ့အတွက် အစားရဖို့ သေချာသွားတော့မှ မိလည်း သူ့အမေကို ကြည်ဖြူသွားပါသည်။ သူ့ဖက်ခွလုံးကို သူ့အမေအား တစ်ညတာ ကျေကျေနပ်နပ် ငှားလိုက်ပြီး သူကိုယ်တိုင်ကမူ ကျွန်တော့် ဖက်ခွလုံးကို မိမိရရ၊ တစ်တစ်ခွကာ စက်တော်ခေါ်ပါလေတော့သည်။

ဇာတ်ပေါင်းသော် ထိုညက ကျွန်တော် လုံးဝ အိပ်မပျော်နိုင်တော့ချေ။

ကျွန်တော့် ရင်ခွင်ထဲမှာ၊ ကျွန်တော့်ပေါင်အောက်မှာ တစ်ခုခုလစ်ဟာ နေသလို၊ တစ်စုံတစ်ရာ လိုအပ်နေသလို။ ဟိုဘက် စောင်းလိုက်၊ သည်ဘက် လှိမ့်လိုက်၊ မှောက်လိုက်၊ လှန်လိုက်…။

နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြသော သမီးငယ်နှင့် ဇနီးသည်တို့၏ ရင်ခွင်များထဲမှ ဖက်ခွလုံး တစ်လုံးလုံးကို ဆွဲယူလိုက်ချင်စိတ်တွေကို ကြိတ် မှိတ်မျိုသိပ်။ မျက်လုံးတွေကို ဇွတ်မှိတ်။ အိပ်လို့ကတော့ ဘယ်လိုမှ မရ။

ကျွန်တော့်ကိုယ် ကျွန်တော် မကျေနပ်။

“ဘယ့်နှယ့်ကွာ… အနှစ်၃၀လုံးလုံး ဖက်ခွလုံးမဲ့ ဘဝမှာ ကျင့်သားရခဲ့ဖူးပါလျက်ကနဲ့ ခုတော့မှ ပဇာကြောင့် ကျွန်တော် မနေတတ်၊ မအိပ်နိုင်ဖြစ် နေရပါသလဲ…”

“ကြည့်စမ်း၊ နှစ်အနည်းငယ်လောက်သာ ဖက်ဖူး၊ ခွဖူးလိုက်ရုံနှင့် ကျွန်တော် ကောင်းကောင်းကြီး အရသာ သိသွားပါပကောလား၊ ဘုရား… ဘုရား… ”

“ဟင်… ဒါဆို မိလို နှစ်ပေါင်း များစွာ ဖက်ခဲ့၊ ခွခဲ့သူ တစ်ယောက် အဖို့ ဖက်ခွလုံးကို အာသာ ငမ်းငမ်း၊ တတမ်းတတနှင့် အလွတ်မပေးချင် တော့တာဟာ သဘာဝပါကလား၊ မြတ်စွာဘုရား…”

ကျွန်တော်သည် မိ၏ ဖက်ခွလုံးအာသာကို ပထမဆုံး အကြိမ်အဖြစ် ကိုယ်ချင်းစာကာ ထောက်ညှာမိသွားရလေပြီ။  သို့သော်လည်း အိပ်ပျော်ခြင်း သည်ကား ကျွန်တော့်ထံ လုံးဝကို ရောက်မလာနိုင်တတ်သေးပေ။

လင်းလုလုအခိုက်တစ်တံ့တွင် မိသည် ဖက်ခွလုံးမှ ခွာကာ တစ်ဖက်သို့ လှည့်စောင်းသွားသည်ကို တွေ့လိုက်၏။ မိမှ ဟိုတစ်ဘက်သို့ ပြည့်ပြည့် မလှည့်မိသေးခင်တွင်ပင် ကျွန်တော်သည် မိ ယာယီစွန့်ခွာသွားသော ဖက်ခွလုံးကို တမ်းငင် တွယ်မက်စွာဖြင့် ဆွဲယူ ဖက်ခွလိုက်မိရပါတော့သည်။

ယင်းသည်၏ နောက်တွင်ကား နာရီပေါင်းများစွာကတည်းက ကျွန်တော့်အပါးတွင် ရစ်ဝဲနေသော အိပ်ပျော်ခြင်းဟူသည့်အရာသည် ကျွန်တော့် ထံ မြန်မြန်သာသာ ရောက်လို့လာပါတော့သည်။

အကယ်တန္တု…

ကျွန်တော့်အား ဖက်ခွလုံးရှည်ကလေးနှင့် စတင်မိတ်ဖွဲ့ပေးသူမှာ ကျွန်တော်၏ ချစ်ဇနီး “မိ”သာ ဖြစ်လေသည်။

——————————————–

(၁၉၉၆ခုနှစ် ဒီဇင်ဘာလထုတ် သရဖူမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၁၆၁၁/၂၀၀၃(၁၁)ဖြင့်၂၀၀၄ခုနှစ် ဇွန်လမှာ ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ “ခြေရာပြိုးပြောက် လွမ်းပွင့်ကောက်သီ” ခေါင်းစဉ်ပါ ကိုယ်တိုင်ကြုံ ၀တ္ထုတိုများစာအုပ်ထဲမှာ ထည့်သွင်းဖော်ပြထားတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို ပြန်လည်ဖော်ပြထားတာဖြစ်ပါတယ်။)

What’s New?

handout

စာနယ်ဇင်းပညာနဲ့  ပတ်သက်ပြီး အတ္တကျော် (ဆူဒိုနင်)ရဲ့ သဘောထား၊ စင်္ကာပူ၊ မလေးရှားနှင့် သြစတြေးလျနိုင်ငံတို့မှာ ပြဋ္ဌာန်းထားတဲ့ စာနယ်ဇင်း ကျင့်ဝတ်များကို အကျယ်တ၀င့် ဆွေးနွေးထားတာကို ဖတ်ချင်ရင် ညာဘက် အပေါ်ထိပ် Pages ဆိုတဲ့ ခေါင်းစဉ်အောက်က On Journalism ဆိုတဲ့ စာတန်းလေးကို Click လုပ်နိုင်ပါတယ်။

၂၀၀၀ပြည့်နှစ်အတွင်းက “သတင်းစုံ”ဂျာနယ်က လက်ထောက် စာတည်း ကျော်သီဟရဲ့ တွေ့ဆုံမေးမြန်းခန်းကို အဲဒီ့ဂျာနယ်မှာပဲ “ကျော်သီဟအမေး – ဆူဒိုနင်အဖြေ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ရက်သတ္တပတ်ပေါင်းများစွာ ဖော်ပြခဲ့သမျှကို အပြည့်အစုံ ပြန်လည် ဖော်ပြထားတာဖြစ်ပါတယ်။

စာဖတ်ပျင်းရင် မဖတ်ပါနဲ့လို့ တစ်ခါတည်း ကြိုပြောလိုက်ပါရစေနော်။ သိပ်ကို ရှည်လို့ပါ။ စာနယ်ဇင်းပညာကို စိတ်ဝင်စားသူများအတွက်တော့ “ထူးရှယ်”ဖြစ်မယ်လို့ ယူဆပြီး တင်လိုက်တာပါ။ မကြိုက်ရင်လည်း ပြောကြပေါ့။ ပြန်သိမ်းသင့် သိမ်းပေးမှာပေါ့။ (လုပ်ရတာတော့ အတော် လက်ဝင်လှသဗျို့။ ဒါတောင် ၀င်းကနေ ဇော်ဂျီပြောင်းတဲ့နည်းကို အန်တီကြီး ဒေါ်ခင်မင်းဇော်က အဝေးကနေ လှမ်း မစလိုက်ပေလို့။ မဟုတ်ရင် တော်တော်နဲ့ ဖြစ်လာမှာ မဟုတ်ဘူး။)

Excerpts from a new book of Atta Kyaw

handoutတချို့နိုင်ငံတွေက ချမ်းသာပြီး တချို့နိုင်ငံတွေက ဆင်းရဲကြတယ်။ အဲသလို ဖြစ်ရခြင်းအကြောင်းရင်းဟာ အဲဒီ့ နိုင်ငံတွေရဲ့ သက်တမ်းနဲ့ ဘယ်လိုမှ မသက်ဆိုင်ပါဘူး။

သည်အချက်ကို အိန္ဒိယနဲ့ အီဂျစ်ဆိုတဲ့ နှစ်ပေါင်း နှစ်ထောင်ကျော် သက်တမ်း ရှိခဲ့တဲ့ နိုင်ငံတွေက သက်သေထူနေပါတယ်။ နိုင်ငံရဲ့ သမိုင်းကြောင်းတွေက နှစ်ပေါင်း ထောင်ချီနေပြီ ဖြစ်ပေမယ့်  ချမ်းသာတဲ့ အထဲမှာ အဲဒီ့နှစ်နိုင်ငံမှ မပါသေးဘဲကိုး။

ကနေဒါ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေဆို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ လောက်က ဘာမှ စာမဖွဲ့လောက်တဲ့ တိုင်းပြည်တွေပါ။ အခုကျတော့ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေ၊ ချမ်းသာတဲ့ နိုင်ငံတွေ ဖြစ်နေကြပါပြီ။

တစ်ခါ၊ နိုင်ငံတွေရဲ့ ချမ်းသာကြွယ်ဝမှုဟာ အဲဒီ့နိုင်ငံတွေမှာ ရှိတဲ့ သယံဇာတ သဘာဝ အရင်းအမြစ်တွေနဲ့လည်း ဘယ်လိုမှ မပတ်သက်ဘူး။

ဂျပန်နိုင်ငံဆိုရင် သုံးနိုင်တဲ့ မြေက ခပ်ရှားရှား။ ဂျပန်မြေရဲ့ ၈၀% က တောင်ကုန်း ထူထပ်တယ်။ စိုက်ပျိုးဖို့လည်း မသင့်တော်၊ မွေးမြူရေးလည်း လုပ်လို့မရ။ ဒါပေမယ့် အဲဒီ့ ဂျပန်ဟာ ကမ္ဘာ့စီးပွားရေးရဲ့ ဒုတိယ နေရာမှာ ရယူ ပိုင်စိုးထားပါတယ်။ ဂျပန်နိုင်ငံက ရေပေါ် စက်ရုံကြီး တစ်ရုံနဲ့ အလွန် တူတယ်။ တစ်ကမ္ဘာလုံးက ကုန်ကြမ်းတွေကို တင်သွင်းလာပြီး သူတို့ စီမံ ထုတ်လုပ်လိုက်တဲ့ ပစ္စည်းတွေကို ကမ္ဘာအနှံ့ ပြန်တင်ပို့နေတဲ့ စက်ရုံကြီးပဲပေါ့။

နောက် ဥပမာတစ်ခုက ဆွစ်ဇာလန်ပဲ။ အဲဒီ့ တိုင်းပြည်မှာ ကိုကိုးပင်တွေ မစိုက်ပါဘူး။ ဒါပေမယ့် ကမ္ဘာ့ အကောင်းဆုံး ချောကလက်ကကျတော့ ဆွစ်ဇာလန်က ထွက်တာခင်ဗျ။ နိုင်ငံလေးက သေးရတဲ့ အထဲမှာ စိုက်ပျိုး မွေးမြူရေးကို တစ်နှစ်မှ လေးလပဲ လုပ်နိုင်တဲ့ နိုင်ငံ။ သို့ပေမယ့် နို့နဲ့ နို့ထွက်ပစ္စည်းတွေကို အဲဒီ့နိုင်ငံက ထုတ်တဲ့အပြင် အရည်အသွေးကျတော့လည်း ပထမတန်း။ လုံခြံတယ်၊ စနစ်ကျတယ်၊ အလုပ် လုပ်ကြတယ်ဆိုတဲ့ နိုင်ငံရဲ့ ပုံရိပ်ကို ဆွစ်ဇာလန်က ဖော်ကျူးထားပါတယ်။

ဆင်းရဲတဲ့ နိုင်ငံက ထိတ်ထိတ်ကျဲတွေနဲ့ ထိတွေ့ ဆက်ဆံဖူးကြတဲ့ ချမ်းသာတဲ့နိုင်ငံသား ထိတ်ထိတ်ကျဲတွေက ပြောကြတယ်။ ဉာဏ်ရည်ချင်းလည်း ချမ်းသာတဲ့ နိုင်ငံသားနဲ့ ဆင်းရဲတဲ့ နိုင်ငံသား ဘာမှ သိသိသာသာ ကွာခြား မနေပါဘူးတဲ့။

လူမျိုးတွေ၊ အသားအရောင်တွေကလည်း တကယ့် တကယ်ကျတော့ သည်ကိစ္စမှာ သိပ် အရေး မကြီးပါဘူး။ သူတို့ မိခင်နိုင်ငံတွေမှာ လူပျင်းတွေလို့ အသတ်မှတ်ခံထားရတဲ့သူတွေဟာ ချမ်းသာ ကြွယ်ဝတဲ့ ဥရောပနိုင်ငံတွေကို သွားအလုပ်လုပ်ကြတဲ့အခါမှာကျတော့ တကယ့်ကို လုပ်ရည်ကိုင်ရည် ကောင်းတဲ့ လုပ်သား စွမ်းအားစုတွေ ဖြစ်နေကြတယ်။

ဒါဖြင့် ဘာတွေ ကွာခြား နေတာတုံး။

ကွာခြားနေတာက လူတွေရဲ့ ”သဘောထား” ပါပဲ။ လူတွေရဲ့ သဘောထား ဆိုတာကလည်း ပညာရေး၊ ယဉ်ကျေးမှုအရ နှစ်ပေါင်းများစွာ အညှိတွယ်၊ ချိုးတက်နေတဲ့ အကျင့်စရိုက်ကို အခြေခံတာပါ။

ချမ်းသာပြီး ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံက လူတွေရဲ့ အကျင့်စရိုက်ကို ခွဲခြမ်း စိတ်ဖြာ လေ့လာကြည့်လိုက်တဲ့အခါ လူအများစုဟာ သူတို့ရဲ့ နေ့စဉ်ဘ၀မှာ အောက်ဖော်ပြပါ  မူတွေကို စွဲစွဲမြဲမြဲ လိုက်နာ ကျင့်သုံးကြတာ တွေ့ရပါတယ်။

၁။  အခြေခံမူအဖြစ် ကျင့်သုံးကြတဲ့ ကိုယ်ကျင့်တရား

၂။  ဖြောင့်မတ် တည်ကြည်မှု

၃။  တာဝန်ယူတတ်မှု

၎။  ဥပဒေ စည်းမျဉ်းများကို လေးစားမှု

၅။  အခြားနိုင်ငံသားများရဲ့ အခွင့်အရေးကို လေးစားမှု

၆။  အလုပ်ကို ချစ်ခင်မြတ်နိုးမှု

၇။  စုဆောင်းဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့ ကျားကုပ်ကျားခဲ အားထုတ်မှု

၈။  မဖြစ်မနေ ဆောင်ရွက်လိုတဲ့ ဆန္ဒ

၉။  တိကျမှု

ဆင်းရဲတဲ့ နိုင်ငံတွေမှာတော့ သည်မူတွေကို နေ့စဉ်ဘ၀မှာ လိုက်နာကျင့်သုံးနေတဲ့သူက လူနည်းစုသာ ဖြစ်နေပါတယ်။

ကျွန်တော်တို့ ဆင်းရဲနေတာဟာ ကျွန်တော်တို့မှာ သယံဇာတ သဘာဝ အရင်းအမြစ်တွေ မရှိလို့ မဟုတ်သလို သဘာဝတရားကြီးက ကျွန်တော်တို့အပေါ်မှာ ရက်စက်လို့၊ မထောက်ထားလို့လည်း မဟုတ်ပါဘူး။

ကျွန်တော်တို့ ဆင်းရဲနေရတာဟာ ကျွန်တော်တို့ရဲ့ သဘောထားတွေ နုံ့နဲ့လို့သာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဆင်းရဲနေတာဟာ ချမ်းသာပြီး ဖွံ့ဖြိုးတိုးတက်နေတဲ့ လူ့ဘောင်တွေမှာ လက်တွေ့ အလုပ်ဖြစ်နေတဲ့ သည်အခြေခံမူတွေကို နိစဓူဝ စွဲစွဲမြဲမြဲ မလိုက်နာ မိကြလို့၊ အဲဒီ့ အခြေခံမူတွေကို လူတိုင်းရဲ့ ရင်ထဲမှာ စွဲမြဲ ကျင့်သုံးလာအောင် လမ်းမညွှန်မိကြလို့သာ ဖြစ်ပါတယ်။

သည်စာကို တခြားသူတွေဆီ လက်ဆင့်မကမ်း မဖြန့်ဝေဘူးဆိုလည်း ခင်ဗျား ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။ ခင်ဗျားအိမ်က ခွေးတွေ၊ ကြောင်တွေလည်း သေမှာ မဟုတ်၊ ခင်ဗျားလည်း အလုပ်ပြုတ်မှာ မဟုတ်၊ နောက် ခုနစ်နှစ်တာအတွင်း ကံဆိုး မိုးမှောင်ကျမှာလည်း မဟုတ်၊ ဖျားနာမှာလည်း မဟုတ်ပါဘူး။

ကိုယ့်နိုင်ငံ ကိုယ်ချစ်တယ်ဆိုရင်တော့ သည်စာကို လူအများ စဉ်းစားလို့ရအောင် ဖြန့်ဝေ ပေးစေချင်ပါတယ်။ ပြီးရင် ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ အမူအကျင့်တွေ၊ သဘောထားတွေကို ပြောင်းလဲပစ်ပြီး အလုပ်တွေ လုပ်လိုက်ကြပါစို့လားဗျာ။

မိုးထိအောင် လှေကားထောင်နည်း

(၂၀၀၉ခုနှစ် သြဂုတ်လ ၅ရက်နေ့မှာ စတင်ဖြန့်ချိလိုက်တဲ့ အတ္တကျော်ရဲ့ “မိုးထိအောင် လှေကား ထောင်နည်း” စာအုပ်ထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။ အဲဒီ့စာအုပ်ထဲမှာ “တစ်ဒင်္ဂချင်းစီ ဦးဆောင်မှု၊” “လူရည်လည်အောင် နေထိုင်နည်း၊” “လိမ်လည်မှု၊ အလွဲသုံးစားမှုနဲ့ အကျင့်ပျက် ခြစားခြင်းဆိုသည်မှာ၊” “အဝေဖန်ခံနည်း နိသရည်း၊” “မုသားရဲ့ အခြားတစ်ဖက်”နဲ့ “သိမ်းစွန်ငှက်နဲ့ ကျောပိုးအိတ်” အစရှိတဲ့ အောင်မြင်ရေး အတွက် အခြေခံကျကျနဲ့ အရေးတကြီး လိုအပ်ချက်များကို ဆွေးနွေး တင်ပြထားပါတယ်။ တန်ဖိုးက ကျပ် ၃၀၀၀၊ ငါးအုပ်နဲ့ အထက်မှာယူမယ်ဆိုရင်တော့ ၁၅% လျှော့ပေးပါမယ်။)