Image Distorted

ပုံရိပ်ပျက်

ArtOfParentingအဖေနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ တော်တော့်ကို အစာမကြေဖြစ်ခဲ့တဲ့ အကြောင်း ကျွန်တော့်စာကို တော်တော်ဖတ်ဖူးတဲ့ ပရိသတ်များအားလုံး အသိဖြစ်ပါလိမ့်မယ်။

ကျွန်တော့်အတွက် အဖေဆိုတဲ့ ရုပ်ပုံလွှာဟာ ထိတ်လန့်စရာ၊ ကြောက်ရွံ့စရာ၊ စက်ဆုပ်စရာအတိနဲ့ ပြီးနေခဲ့ပါတယ်။ အမေ့ကို တရားလွန် ရိုက်နှက် နှိပ်စက်တာ၊ ကျွန်တော့်ကိုလည်း သံမဏိစည်းကမ်းနဲ့ အုပ်ချုပ်ပြီး ထစ်ခနဲရှိ ရိုက်တတ်တာများက အဖေနဲ့ ကျွန်တော့်ကြားက စည်းနှောင်အားကို အကြီးအကျယ် လျော့ရဲစေခဲ့ပါတယ်။

၁၉၇၆ခုနှစ် စက်တင်ဘာလအတွင်းမှာ အဖေပျောက်သွားတယ်။ သေသည်၊ ရှင်သည် မသေချာပေမယ့် ကျွန်တော့်ဘဝထဲမှာ အဖေ မရှိတော့ဘူး ဆိုတဲ့အသိနဲ့ အဲဒီ့အချိန်က ၁၉ နှစ် ပြည့်ခါနီး ကျွန်တော်ဟာ အပျော်ကြီး ပျော်ခဲ့ဖူးတယ်။ ဘေးလူတွေကဆိုရင် အပျော်လွန်နေတဲ့ ကျွန်တော့် မျက်ခွက်ကိုကြည့်ပြီး သွားလေသူဟာ ကျွန်တော့်အဖေအရင်းမှ ဟုတ်ပါစလို့ မေမေ့ကို တိုးတိုး ကပ်မေးယူရတဲ့အထိပါပဲ။

ကနေ့ဆိုရင် အဖေ မရှိတော့တာ နှစ်အစိတ်ကျော်လို့ ၂၆နှစ်အတွင်းကို ခြင်းနင်း ဝင်ရောက်လာခဲ့ပါပြီ။ မနေ့တစ်နေ့ဆီကအထိ ကျွန်တော့်ဆီမှာ ရှိနေတဲ့ ဖအေနဲ့ ပတ်သက်လို့ ခံစားချက်များဟာ အစိုင်အခဲတစ်ခုလို ခိုင်မာနေခဲ့ဆဲပါပဲ။ ကျွန်တော့်ဘဝမှာ အဖေ့ရဲ့အရိပ်တွေ ပြယ်လွင့်မသွားသေးသလို ဘယ်တော့မှလည်း ပြယ်လွင့်သွားမှာ မဟုတ်ဘဲ သေသည်အထိ ကျန်ရှိနေမှာလည်း အသေအချာပါပဲ။

ကျွန်တော့်ကို တော်တယ်လို့ သတ်မှတ်မယ်ဆိုရင် ကျွန်တော် အဲသလို တော်နေတာဟာ အဖေ့ကြောင့်ပါ။ ကျွန်တော့်ကို ညံ့တယ်လို့ သတ်မှတ်မယ်ဆိုရင်လည်း အဲသလို ညံ့တာဟာ အဖေ့ကြောင့်ပဲဖြစ်ပါ တယ်။ စာဖတ်သူများ မျက်မှောင်ကုပ်သွားသလား မသိဘူး။

ကျွန်တော် ပြောပြပါရစေ…

ကျွန်တော့်အဖေဟာ အရက်မသောက်၊ ဖဲမရိုက်၊ မိန်းမမှုမပွေပါဘူး။ သူ့ဘဝသူ အတတ်နိုင်ဆုံး ဖြူစင် ကောင်းမွန်အောင် ထူထောင်ခဲ့တဲ့သူပါ။

သူ့ရဲ့တစ်ဦးတည်းသောသား ကျွန်တော့်ကိုလည်း စာရိတ္တဘက်မှာ ခိုင်နေအောင် ပျိုးထောင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အကြမ်းဖက်တဲ့နည်းနဲ့ အုပ်ချုပ်မှုဟာ ပြောင်းပြန် အကျိုးသက်ရောက်မှုတွေကိုသာ ဖြစ်စေခဲ့တဲ့အတွက် ကျွန်တော့်ကျတော့ အရက်လည်း ကောင်းကောင်း သောက်တတ်တယ်၊ ဖဲလည်း တစ်ဖက်ကမ်းခတ် ရိုက်တတ်တယ်၊ မိန်းမမှုကိုလည်း အလွန့်အလွန်ကို ဝါသနာကြီးလှပါတယ်။

နောက်တစ်ချက်က အဖေက ပညာ ကောင်းကောင်း သင်ခွင့် မရခဲ့သူပါ။ အဲတော့ သူက ပညာကို အလေးအနက် တန်ဖိုးထားပါတယ်။ ကျွန်တော့်ကိုလည်း သိပ် ပညာတတ်စေချင်ပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ ဖြစ်စေချင်ပါတယ်။ သည်အတွက်လည်း ကျွန်တော့်ကို အကြမ်းဖက်တဲ့ နည်းနဲ့ ဇွတ်လုပ်ယူခဲ့ပြန်တယ်။ ယုတ်စွအဆုံး ကျောင်းစာမဟုတ်တဲ့ အပြင်စာကို ဖတ်တာမျိုးကအစ အားမပေးပါဘူး။

အကျိုးဆက်အဖြစ်ကတော့ ကျွန်တော်ဟာ အဖေဖြစ်စေချင်သလို ဆရာဝန်၊ အင်ဂျင်နီယာတစ်ယောက် ဖြစ်မလာဘူး။ ကျွန်တော့်ဘဝကို သူ ဖြစ်စေချင်သလို မဖြစ်စေဘဲ ကျွန်တော့်ဘာသာ ဖြစ်ချင်သလို ဖြစ်အောင် ထူထောင်ခဲ့ပါတယ်။ သည်အတွက် ကျွန်တော့်နည်းနဲ့ ကျွန်တော် အဖေ မဖြစ်စေချင်တဲ့ဘက်မှာ ထက်နေအောင်၊ တော်နေအောင် ကြိုးစားယူခဲ့တဲ့အတွက် ကျွန်တော် တော်တယ်ဆိုရင်လည်း အဖေ့ကြောင့်လို့ ပြောရတာ ဖြစ်ပါတယ်။

အဲသလို တော်တဲ့ကြားကပဲ မဟုတ်တာတွေ လုပ်ဖို့ ဝန်မလေးတာ၊ အမှုစုံ ပွေတာဟာလည်း အဖေ့ရဲ့အကြမ်းဖက်မှုနဲ့ သင်ကြားတဲ့ စာရိတ္တနဲ့ ထက်မြက်မှု အဆက်အစပ်ကို ကျွန်တော့်နည်းနဲ့ ကျွန်တော် တွန်းလှန် ရိုက်ချိုးတဲ့သဘောဖြစ်ကြောင်း အခုအခါမှာ တော်တော်လေး သဘောပေါက်လာခဲ့ပါပြီ။

အတိုဆုံး ပြောရရင်တော့ ကျွန်တော့်ဘဝမှာ ကျွန်တော်ပြုနေသမျှ ကာယာကံ၊ ဝစီကံ၊ မနောကံ ကံသုံးပါးစလုံးဟာ မရှိတော့တာ ၂၆ နှစ် နီးပါး ရှိခဲ့ပြီဖြစ်တဲ့ အဖေ့ရဲ့ရိုက်ခတ်မှုတွေပါပဲ။ ကျွန်တော့် မသိစိတ်မှာ ကိန်းနေတဲ့ အဖေ့အပေါ် မကျေနပ်မှု၊ အဖေ မှားတယ်လို့ သက်သေပြလိုမှုများနဲ့ ကျွန်တော်ဟာ ဘဝကို ပင်ပန်းဆင်းရဲခြင်းကြီးစွာ ဖြတ်ကျော်ရင်း အခုဆို လူလတ်ပိုင်းကို ကောင်းကောင်းကြီး ဖြတ်သန်းလာခဲ့ပြီ။ အဖေ မရှိတော့တာ သိပ်ကို ကြာလှပြီဖြစ်သည့်တိုင် အဖေ့ကို ကျွန်တော် သက်သေပြလို့ မဆုံးသေးဘူး။

“အရက်သောက်ရင် ဘဝပျက်မယ်လို့ အဖေ ထင်တယ် မဟုတ်လား။ ဟောဒီ့မှာ အဖေ့သား ကျွန်တော် လူမှန်းသူမှန်း မသိအောင် သောက်နေတယ်လေဗျာ၊ ဘယ်မှာ ဘဝပျက်လို့တုန်း…”

“တစ်ကိုယ်ရေ စိတ်ဖြေတာကို လူညွန့် တုံးသွားမယ်၊ လူစဉ်မမီ ဖြစ်သွားမယ်လို့ အဖေ ရိုက်ဆုံးမခဲ့တယ် မဟုတ်လား။ ရည်းစားထားရင်လည်း ဘဝကို ထိခိုက်လိမ့်မယ်လို့ ဆုံးမခဲ့သေး မဟုတ်လား။ ဟောဒီ့ မှာ အဖေ့သား ကျွန်တော် မိန်းမတကာနဲ့ ထည်လဲ တွဲပြီး နေချင်သလို နေနေတယ်လေဗျာ။ ဘယ်မှာ လူညွန့်တုံးလို့တုန်း…၊ လူစဉ်ကလည်း မီလွန်းလို့ ဝီဝီဝီဝီနဲ့တောင် မြည်နေသေးသဗျ…”

“ဆရာဝန်၊ အင်ဂျင်နီယာဖြစ်မှ လူတန်းစေ့မယ်လို့ အဖေ ယူဆပြီး ကျွန်တော့်ကို တုတ်မိုးလို့ စာကျက်ခိုင်းခဲ့တယ် မဟုတ်လား။ ဟောဒီ့မှာလေ အဖေ့သား ကျွန်တော် ဆရာဝန်လည်း မဟုတ်၊ အင်ဂျင်နီယာလည်း မဖြစ်ပေမယ့် သူတို့တွေထက် အပုံကြီးသာတဲ့ ဝင်ငွေနဲ့ အပုံကြီး သုံးနိုင်၊ စွဲနိုင်တယ်လေဗျာ…”

“အပြင်စာတွေ အဖတ်များရင် ကျောင်းစာကို ထိခိုက်တယ်ဆိုဗျ။ ဟောဒီ့မှာ အဖေ့သားကျွန်တော် ဘွဲ့တွေလည်း တစ်သီကြီး ရထားပါသဗျား။ စာတွေလည်း တတ်ပါ့ဗျား။ ဒါပေမယ့် အပြင်စာ ဖတ်တာလည်း တစ်စက်မှ မလျှော့ခဲ့တဲ့အတွက် ဟော… အခုဆို စာပေနယ်မှာ နေရာသေးသေးလေး တစ်နေရာ ရထားတဲ့ စာရေးသူတစ်ယောက်တောင် ဖြစ်လာတာ တွေ့ပြီလားဗျ…”

“မင့်သားသမီးတွေ မွေးလာတဲ့အခါကျ ငါ့ဝဋ်တွေ လည်လိမ့်မယ်လို့ အဖေပြောခဲ့တယ် မဟုတ်လား။ ဟား… ဝေးပါသေးရဲ့ဗျာ။ ကျွန်တော့် သားသမီးတွေကို တုတ်တစ်ချက် မသုံးဘဲနဲ့ လိမ်မာအောင် ကျွန်တော် သွန်သင်ထားသဗျ။ သူတို့နဲ့ ကျွန်တော့်ကြားက ချစ်ခြင်းမေတ္တာကို အရင်းတည်တဲ့ စည်းနှောင်အားက အဖေနဲ့ ကျွန်တော့်ကြားက အကြောက်တရားကို အားပြုထားတဲ့ စည်းနှောင်အားထက် အဆပေါင်း ထောင်သောင်းမက သာလှပါသဗျား…”

သည်စကားတွေကို အသံထွက်ပြီး တစ်ခါမှ ကျွန်တော် မပြောခဲ့ပါ ဘူး။ ဒါပေမယ့် ကနေ့ကာလ၊ စိတ်ပညာကို အတော်အတန် ငုံမိလာတဲ့အခါမှာတော့ သည်စကားတွေကို ကျွန်တော့်အသိစိတ်နဲ့ တစ်လုံး တစ်ပါဒမျှ မပြောမိခဲ့ပေမယ့်လည်း ကျွန်တော့်မသိစိတ်ကတော့ အခါမလပ် အသံကုန် ဟစ်နေမှန်း ရိပ်စားမိခဲ့ပါပြီ။

ဒါကြောင့်လည်း အစမှာ ရေးခဲ့သလို ကျွန်တော် တော်တာ၊ ညံ့တာ၊ ထက်မြက်တာ၊ သိမ်ဖျင်းတာ အားလုံးအတွက် အဖေ့မှာ တိုက်ရိုက် မဟုတ်တောင် သွယ်ဝိုက်သောနည်းနဲ့ တာဝန်ရှိနေပါလိမ့်မယ်။

အစမှာ ရေးခဲ့တဲ့အတိုင်းပါပဲ။ မနေ့တစ်နေ့ကအထိ အဖေနဲ့ ပတ်သက်တဲ့အစိုင်အခဲဟာ ကျွန်တော့်ရင်ထဲမှာ ထုနဲ့ထည်နဲ့၊ အုံနဲ့ကျင်းနဲ့ တင်ကျန်နေဆဲပါ။
တစ်နည်းပြောရရင် အဖေ့ကို ကျွန်တော် ခွင့်လွှတ်လို့ မရခဲ့ဘူး။

အဖေမရှိတဲ့နောက် ၁၂ နှစ်နီးပါး ကြာတဲ့အထိ အမေနဲ့ နေလိုက်ရတဲ့အခါ အဖေ ဘာကြောင့် တစ်ချိန်လုံး ပေါက်ကွဲနေသလဲဆိုတာကို ရေးတေးတေးလေး သဘောပေါက်လာခဲ့ပါတယ်။ အဖေ့ကိုလည်း အထိုက်အလျောက် နားလည်ခဲ့တယ်။ ဒါပေမယ့်လည်း ခွင့်လွှတ်လို့တော့ မရခဲ့တာလည်း အမှန်ပါ။

တစ်နေ့ကတော့ ကျွန်တော့်အစွဲတွေကို ခြေဖျက်ပေးတဲ့သူ တစ်ယောက် ပေါ်လာခဲ့ပါတယ်။

သူကတော့ အမေ့ကိုယ်ပွားလို့တောင် ဆိုနိုင်ပါတယ်။ အမေ့ ကိုယ်ပွားလို့ ဆိုလိုက်လို့ အမေနဲ့ ဘာတော်သလဲ မေးရင် ဘာမှမတော်ပါဘူး။ သူက အမေ့လိုပဲ မိန်းမသားတစ်ယောက် ဖြစ်နေတာ တစ်ခုပါပဲ။

သူ့နာမည်ကို “မခိုင်”လို့ပဲ အလွယ်ပြောကြပါစို့ရဲ့။

အဲဒီ့ မခိုင်ကို ကျွန်တော် သိခဲ့တာလည်း နှစ်ပေါင်း၂၀ ကျော်ပါပြီ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ဇနီးအဖြစ် သိကျွမ်းခဲ့တာပါ။

သူတို့လင်မယားနဲ့ ကျွန်တော်ဟာ တစ်ချိန်က နှစ်အိမ့်တစ်အိမ် ကူးလူး ရင်းနှီးခဲ့ကြပါတယ်။ ဒါပေမယ့် တွေ့ဆုံကြုံကွဲဆိုတဲ့ လောကတံထွာအတိုင်း ကျွန်တော် အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်းမှာ မိတ်ဆွေသူငယ်ချင်းပေါင်း များစွာကို ကွာရှင်း ပြတ်စဲလိုက်သလို ဖြစ်သွားခဲ့တာမို့ မတွေ့တာလည်း ဆယ်စုနှစ်တစ်ခုကို ကျော်သွားခဲ့ပါတယ်။

တလောဆီကတော့ ပြန်ဆုံဖြစ်ကြတယ်။ ကျွန်တော့်ဘဝလည်း အတန်အသင့် အနည်ထိုင်လာပြီမို့ မိတ်ဆွေဟောင်းတွေနဲ့ ပြန်ပေါင်းထုပ်နေတဲ့ ကာလပါ။
မခိုင်ရဲ့ သားသမီးတွေကလည်း ကျွန်တော့်ကလေးတွေနဲ့ မတိမ်းမယိမ်းလေးတွေ ဖြစ်တော့ ကလေးချင်းလည်း ခဏချင်း ရင်းနှီးသွားပြီး အတူ ဆော့ကစားတတ်ကြပါတယ်။ သည်မှာတင် မခိုင်က သူတို့ အိမ်ထောင်ရေးကို နတ်သံနှောတော့တာပါ။

ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း၂၀ ကအတိုင်း တစ်စက်ကလေးမှ မပြောင်းလဲသေးတဲ့ မခိုင်ကို ကြည့်ပြီး ကျွန်တော် သံဝေဂရနေမိပါတယ်။ “ကျွန်မ ဘာတစ်ခုမှ မမှားဘူး” ဆိုတဲ့ အယူအဆကို ဖက်တွယ် ဆုပ်ကိုင်ထားတဲ့ မခိုင်ဟာ ကျွန်တော့် မျက်လုံးထဲမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀ က အသက် ၂၀ အရွယ် မိန်းကလေးတစ်ယောက်ပါပဲ။ နှစ် ၂၀ ဆိုတဲ့ ဇရာက တိုက်စား ဝါးမျိုသွားလို့ ရုပ်ပိုင်းသာ တိတိပပ ပြောင်းလဲလာခဲ့ပေမယ့် သူ့စိတ်ကိုတော့ ဇရာက သွန်သင်ပေးနိုင်စွမ်း မရှိသေးတာ မြင်လိုက်ရတဲ့အခါ တအံ့တဩ ဖြစ်မိရပါတယ်။

“ကျွန်မ ပိုက်ဆံတွေနဲ့ အခုလို စီးပွားဖြစ်လာတာ…”

“သူ ကျွန်မကို ယူတုန်းက သူ့မှာ ဘယ်နှပြား ပါလာလို့တုန်း…”

“ကျွန်မ မိဘလက်ထက်မှာ ဘယ်လို နေခဲ့ရတယ်ဆိုတာ ရှင် အသိဆုံးနော်၊ ကျွန်မက သူဌေးသမီးပဲ၊ ကောင်းကောင်း နေတတ်၊ စားတတ်တာပေါ့။
သူ့သောက်မျိုးတွေနဲ့ ဘယ်ယှဉ်လို့ရမလဲ…”

“အလကား ဘာအစွမ်းအစမှ မရှိတဲ့ သိုက်သမား…”

အဲဒါ မခိုင်ရဲ့စကားတွေထဲက ကောက်နုတ်ထားတာ တချို့ပါ။ သူ ပြောနေတဲ့သူက သူ နှစ်၂ ၀ ကျော် ပေါင်းသင်းခဲ့တဲ့၊ လက်ရှိလည်း ပေါင်းသင်းနေဆဲ သူ့ခင်ပွန်း…။

တကယ်တော့ သူ့ခင်ပွန်း၊ ကျွန်တော့်သူငယ်ချင်းဟာ အခုအခါမှာ ကျိကျိတက်နေတဲ့သူ တစ်ယောက်ပါ။ စီးပွားရေးမှတပါး ဘာကိုမှ အာရုံ မရှိသူမျိုးလည်း ဖြစ်ပါတယ်။ အရက်ဆိုလည်း တစ်စက်မှ မသောက်တတ်ပါဘူး။ ဖဲလည်း မရိုက်ပါဘူး။ မိန်းမမှုဆိုလည်း ကင်းလိုက်တာ ရှင်းလို့။ ယုတ်စွအဆုံး၊ သူ အင်မတန်ကြိုက်တဲ့ စီးကရက်ကို ဖြတ်ထားတာ တောင် ၁၄-၅နှစ်ရှိပါပြီ။ အဲသလို လူပါ။

ဒါပေမယ့် နှစ်၂၀တိုင်ခဲ့တဲ့ သူတို့အိမ်ထောင်ရေးကတော့ တစ်စက်ကလေးမှ မသာယာပါဘူး။ သည်လောက် ကျိကျိတက်နေတဲ့ကြားက စိတ်ဆင်းရဲနေတဲ့ လင်မယား နှစ်ယောက် ရှိပါတယ်ဆိုရင် ဘယ်သူက ယုံမှာလဲ။

ဒါပေမယ့် အဲဒါ အမှန်ပါ။

မခိုင်ဟာ ကျွန်တော့်ဆီကို လေးရက်ဆက်တိုက် ရောက်လာပါတယ်။  တစ်ခါလာရင် အနည်းဆုံး ၆ နာရီ ကြာပါတယ်။ အဲဒီ့ ၆ နာရီ လုံးလုံးမှာ သူပြောချင်တာတွေကို တရစပ် ပြောတော့တာပါ။ မျက်ရည် ထွက်တဲ့အခါ ထွက်၊ ဒေါသ ထွက်တဲ့အခါ ထွက်၊ မျက်နှာနေ မျက်နှာထား အမျိုးမျိုး၊ ဟန်ပန် အမူအရာ အမျိုးမျိုးနဲ့ ပြောသွားတာပါ။

ကျွန်တော် သူ့ကို ကြည့်ရင်း မောလွန်းမက မောနေမိတယ်။ ကျွန်တော်က အိမ်ထောင်ရေး၊ လူမှုရေးပြဿနာတွေကို ကိုယ့်ထမင်းကိုယ်စားပြီး အခမဲ့ ဖြေရှင်းပေးနေတာမို့လည်း ဒါကို စိတ်ရှည်လက်ရှည် နားထောင်ပေးနေမိတာပါ။

ကျွန်တော့်ဘက်က ပြန်ဆွေးနွေးတာတွေကတော့ သူ့နားထဲ တစ်လုံးမှ ဝင်ပုံမရပါဘူး။ ရွှေပြည်အေးတရား ဟောရင်လည်း ကျွန်တော်သာ ဟောရင်း ပျံတော်မူသွားနိုင်တာကို ရိပ်စားမိလာတာနဲ့ သူ့ကို အသာလေး ကြည့်နေလိုက်ရပါတယ်။

တစ်ဆက်တည်းမှာပဲ၊ ကျွန်တော့်သူငယ်ချင်း၊ သူ့ခင်ပွန်းကို အတော့်ကို သနားလာမိတယ်။ အဲဒါကိုပြောမိတော့ သူက ကျွန်တော့်ကို ဒေါသတကြီးနဲ့… “ရှင်က ကျွန်မကိုကျတော့ မသနားဘူးပေါ့”လို့ ချက်ချင်း ပြန်ပြောလေရဲ့။

“ကိုယ့်စိတ်ကို မညစ်နွမ်း ညစ်နွမ်းအောင်၊ မပင်ပန်း ပင်ပန်းအောင် အတင်းကို လုပ်နေတဲ့ ခင်ဗျားကိုလည်း သနားတာပါပဲဗျာ…”လို့ ကျွန်တော် ပြန်ဖြေတော့ သူ သဘောပေါက်ပုံ မရဘူး။

အသက်တွေ ကြီးလာပေမယ့် အသိက အလိုက်သင့် ကြီးမလာတဲ့ သူ့ကို ကြည့်ရင်းနဲ့ ကျွန်တော်ဟာ မေမေ့ကို ဖျတ်ခနဲ သတိရလိုက်မိပါတယ်။

မေမေနဲ့ မခိုင်နဲ့ ကြားမှာ တူတာတွေ အတော်များတာကို သတိထားမိတယ်။ မေမေလည်း မခိုင်လိုပဲ ချမ်းသာတဲ့ မိဘက ပေါက်ဖွားလာခဲ့တာပါ။ ဒါပေမယ့် အိမ်ထောင်ကျတဲ့အခါကျတော့ မခိုင်လိုပဲ၊ ဘာကိုမှ စူးစမ်းတွက်ချက်ချိန် မရလိုက်ဘဲ ချစ်ခြင်း(လို့ ထင်ထားတာလေးတစ်ခု) ကိုသာ အားပြုပြီး သူ့မိဘရဲ့ ကြွယ်ဝမှုကို မယှဉ်သာသူနဲ့မှ ညားဖြစ်သွားတာလည်း အတူတူပါပဲ။

တကယ့်တကယ် အိမ်ထောင်ရေး လမ်းခရီးကို ရောက်တဲ့အခါကျတော့လည်း မိဘလက်ထဲမှာတုန်းက ရွှေထီးဆောင်းခဲ့တာတွေကို မမေ့နိုင်၊ လင်လုပ်သူရဲ့ အစွမ်းအစကို အသိအမှတ်ပြုဖို့ ဝေးနေပြီး “ငါ့ပစ္စည်းတွေနဲ့ သင်း လူမွေးလူတောင် ပြောင်နေတာ”ဆိုတဲ့ အတွေးကို ပိုးမွေးသလို မွေးထားတဲ့ နေရာမှာလည်း မခိုင်နဲ့ ကျွန်တော့်မေမေဟာ တစ်ထပ်တည်းပါပဲ။

ဒါကို တွေးမိတဲ့အခါ မခိုင်ရဲ့အစွဲကို ချွတ်ဖို့ အင်မတိ အင်မတန် ခဲယဉ်းလှတာကို ကျွန်တော် ရိပ်စားမိလာပါတယ်။ သူတို့ အိမ်ထောင်ရေးရဲ့ ပြေလည်မှုလမ်းစကို သူ့ဆီကဖြင့် ဘယ်လိုမှ ရှာလို့ မရနိုင်ဘူးဆိုတာလို့လည်း ကောက်ချက်ချလိုက်ရတယ်။ သူ့ခင်ပွန်း၊ ကျွန်တော့်သူငယ်ချင်းကိုသာ သဘောထားကြီးကြီး၊ ဉာဏ်ကြီးကြီးနဲ့ အိမ်ထောင်ရေးကို အဖတ်ဆည်ခိုင်းရမှာလို့ မြင်လာတယ်။

ကနေ့အခါမှာ အသက် ၇၄နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်တဲ့ ကျွန်တော့် အမေမှာတောင် ငါ့ပိုက်ဆံ၊ ငါ့ပစ္စည်း၊ ငါ့မိဘချမ်းသာတာဆိုတဲ့အစွဲတွေ မပျောက်သေးတာ၊ မေမေ့ထက် အနှစ်၃၀ကျော် ငယ်ရွယ်တဲ့ မခိုင်မှာ သည်အစွဲတွေ ရှိနေဦးမှာလည်း သဘာဝပဲလို့ တွေးမိလာရတယ်။

စိတ်မကောင်းတာကတော့ မခိုင်ရဲ့ သားသမီးလေးတွေ အတွက်ပါ။ ကလေးတွေဟာ ကျွန်တော့်ရဲ့အဓိက စိတ်ဝင်စားမှုဖြစ်ပါတယ်။ ဒါ မခိုင်ရဲ့ ကလေးတွေမှ မဟုတ်ပါဘူး။ ဘယ်ကလေးကိုပဲဖြစ်ဖြစ်၊ ကျွန်တော် စိတ်ဝင်စားတယ်။ ကလေးတွေအတွက် ရင်းနှီးမြှုပ်နှံတာဟာ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ခြင်း မည်ပါတယ်။ အာရှမှာ ပထမဦးဆုံး ပေါ်လာတဲ့ ကျားလေးကောင်ဆိုတဲ့ နိုင်ငံ လေးနိုင်ငံမှာ စီးပွားရေး အရှိန်အဟုန် တစ်ဟုန်ထိုးမြင့်တက်လာခဲ့တာ၊ သူတို့နောက်က ကပ်လိုက်လာတဲ့ တခြားအာရှနိုင်ငံတွေလည်း စီးပွားရေး အင်အား ခိုင်မာ တောင့်တင်းလာခဲ့တာဟာ ၁၉၅၀ပြည့်လွန်နှစ်များက ကလေးတွေအတွက် ဖိဖိစီးစီး ရင်းနှီးမြှုပ်နှံခဲ့လို့သာ ဖြစ်ရတာလို့ ကမ္ဘာ့စီးပွားရေးပညာရှင် အားလုံးက တစ်ညီတစ်ညွှတ်တည်း အဖြေထုတ်ပေးခဲ့ကြပါတယ်။
ကျွန်တော်ဟာ ဖခင်တစ်ယောက်နေရာကို ရောက်ရှိလာတဲ့အခါမှာ  ကလေးကိစ္စကို စတင်စိတ်ဝင်စားခဲ့ပါတယ်။ ဖခင်ဘဝကို မရောက်ခင် စာရေးသူဘဝ အစအဦးမှာ နိုင်ငံကျော်မင်းသား ဝင်းဦး ကွယ်လွန် တိမ်းပါးသွားတဲ့အခါ ဝင်းဦးနဲ့ ပတ်သက်ခဲ့ဖူးသူတွေကို တွေ့ဆုံမေးမြန်းပြီး မင်းသားကြီးရဲ့အတိတ်ကို ခြေရာခံခဲ့ဖူးတာကိုလည်း စာဖတ်သူတချို့ မှတ်မိကောင်း မှတ်မိနေဦးမယ် ထင်ပါတယ်။ သည်အခါမှာ ဝင်းဦးဆိုတဲ့ တစ်ခေတ်တစ်ယောက်သမားကြီး ထူးထူးခြားခြား ပေါ်ထွက်လာဖို့ (ကျွန်တော့်မာန်နဲ့ ကျွန်တော် အဲတုန်းက ရေးလက်စကို တိခနဲ ရပ်ချလိုက်တာမို့ စာဖတ်သူများကို ပြည့်စုံအောင် တင်ပြနိုင်ခဲ့ခြင်း မရှိပေမယ့်) ဝင်းဦးရဲ့ငယ်ဘဝက ဘယ့်ကလောက် ရိုက်ခတ် လွှမ်းမိုးနေသလဲဆိုတာ တော်တော့်ကို အတွင်းကျကျ သိလိုက်ရပါတယ်။

လူတွေရဲ့ငယ်ဘဝနဲ့ သူတို့ရဲ့ လူကြီးဘဝ ဖြစ်တည်မှု အဆက်အစပ်ကို စတင်သတိထားမိတာလို့ ဆိုနိုင်ပါတယ်။ သည်မှာတင် ကိုယ့်ကိုယ်ကိုယ်လည်း ပြန်သုံးသပ်၊ တခြားသူတွေကိုလည်း တစေ့တစောင်း အကဲခတ်၊ ဖတ်စရာရှိတာတွေကိုလည်း လက်လမ်းမီသလောက် နင်းကန် ဖတ်ရင်းကနေ၊ ကလေးသူငယ်စိတ်ပညာဆိုတဲ့ ဘာသာရပ်ကို တော်တော်လေး ခေါက်မိလာပါတော့တယ်။

ဒါကြောင့် ဘယ်မိသားစုပြဿနာကိုပဲ စဉ်းစားစဉ်းစား၊ ကလေးတွေကို ဦးစားပေးပြီး ကြည့်မိတာချည်းပါပဲ။

အခုလည်း မခိုင်ရဲ့ သားသမီးလေးတွေကို ဂရုထား ကြည့်လိုက်တဲ့အခါ ထင်တဲ့အတိုင်း ကလေးတွေမှာလည်း စိတ်အနာတရလေးတွေ ကိုယ်ငနဲ့ မူမမှန်လှတာကို တွေ့ရပါတယ်။ သူတို့အဖေနဲ့ ပတ်သက်တဲ့ ခံစားချက်ကို မေးစမ်းကြည့်တဲ့အခါမှာတော့ သူတို့ဟာ ဖအေကို လုံးလုံး မချစ်ဘူး ဆိုတာကို အထိတ်တလန့် ကြားလိုက်ရတယ်။ အမေသည်သာ သူတို့ဘဝ၊ သူတို့ကမ္ဘာဆိုတာကိုလည်း နားလည်လိုက်တယ်။ သည့်ထက် ဆိုးတာက အမေ ရိုက်သွင်းထားတဲ့အသိကြောင့် တစ်နေ့နေ့မှာ အဖေ့ စိတ်ကို ထိခိုက်အနာတရဖြစ်အောင် မလွဲမသွေ လုပ်ရမယ်ဆိုတဲ့ အသိကြီးကလည်း ကလေးတွေရဲ့ ရင်ထဲမယ် စွဲနေတယ်။

ဘုရား… ဘုရား…

ဘယ်လို အမေတုန်း။ ကျွန်တော် မခိုင်ကို အလန့်တကြားနဲ့ မေးခွန်းထုတ်လိုက်မိတယ်။

“ဒါတော့ ပါးကိုက်ရင် နားကိုက်ရမှာပဲရှင့်။ သူ ကျွန်မ ခံစားရအောင် တစ်သက်လုံး လုပ်ခဲ့တယ်။ အဲတော့ တစ်နေ့ကျ သူလည်း ကျမ ခံစားရသလို ပြန်ခံစားရအောင် ကျွန်မ ထောင့်စေ့စေ့နဲ့ အကွက်ချပြီးကို ကြိုတင် ပြင်ဆင်နေတာ။ သူ ကျဆုံးတဲ့နေ့မှာ သူ အင်မတန်ချစ်တဲ့ သူ့သားသမီးတွေက သူ့ကို တစ်စက်ကလေးမှ မချစ်ဘူး၊ ဂရုမစိုက်ဘူး၊ မကြည့်ဘူးဆိုရင် သူ ဘယ်လောက် ကျိုးသွားမလဲ၊ မချိမဆံ့ ဖြစ်သွားမလဲ။ အဲသလို ဖြစ်အောင်ကို ကျွန်မ သေချာစီစဉ်နေတာ၊ ကလေးတွေကို သွန်သင်နေတာ…”

ကျွန်တော် ကြက်သီးတွေ ဖျန်းခနဲ ထသွားတယ်။ စူဠသုဘဒ္ဓာကိုလည်း သတိရလိုက်တယ်။

“ရှင် ကျွန်မကို တရားပြ နားချဖို့ မကြိုးစားနဲ့။ ကျွန်မကို မုဆိုးတစ်ပိုင်း မိန်းမရိုင်းလို့ ရှင်ထင်လည်း ကျွန်မဂရုမစိုက်ဘူး။ ကျွန်မအခု သူနဲ့ ရန်မဖြစ်တော့ဘူး။ သူ့ကို ပြဿနာလည်း မရှာတော့ဘူး။ ကျွန်မစိတ်ကို ကျွန်မလည်း မညှဉ်းဆဲတော့ဘူး။ ကျွန်မ စိတ်ကို ကျွန်မ ညှဉ်းဆဲ ရင် ကျွန်မပဲ အသက်တိုမယ်။ ကျွန်မ အသက်တိုရင် သည်ကလေးတွေ ဘဝမှာ ထိခိုက်မယ်။ ကျွန်မ အကြံအစီတွေ အထမြောက်တဲ့အထိ အေးအေးဆေးဆေး အချိန်ယူပြီး လုပ်စရာတွေ ကျွန်မမှာ အများကြီး ကျန်သေးတယ်၊ ကျွန်မ ရှင်နေမှ ဖြစ်မယ်။ သူ ခံစားရတာကို ဟောသလို မြိန့်မြိန့်ကြီး ပြုံးပြီး လက်ပိုက်ကြည့်နေချင်သေးတယ်ရှင့်…”

ကျွန်တော် အတော်ကြီးကို ဖျားသွားတယ်။

အခုမှ ၁၂ နှစ်သာသာ ရှိသေးတဲ့ သူ့သမီးနဲ့ ၆ နှစ်သာ ရှိသေးတဲ့ သူ့သားလေးတို့ရဲ့ မျက်နှာလေးကို ကြည့်လိုက်တယ်။ ၆ နှစ်သားလေးမှာတော့ ကလေးတစ်ယောက်လို ပကတိ ရိုးသားဖြူစင်နေတာလေးကို တွေ့နေရသေးတယ်။ ဒါပေမယ့် သူ့မျက်လုံးလေးတွေထဲမှာ စိုးရွံ့ထိတ်လန့်မှုလေးတွေကို မြင်နေရတယ်။ နုနယ်လှသေးပေမယ့် အလိုက်အထိုက် နေရမယ် ဆိုတဲ့ ဘဝပေးအသိနဲ့ နေတတ်တဲ့ စရိုက်ကလေးကိုလည်း ကျွန်တော် သတိထားမိနေတယ်။
၁၂နှစ်သမီးရဲ့ မျက်နှာကတော့ မဖြူစင်တော့ဘူး။ အနိုင်လိုချင်တဲ့ စိတ်တွေ၊ သွေးအေးအေးနဲ့ ကြမ်းကြုတ်မယ့် အရိပ်အရောင်တွေကို သူ့မျက်လုံးလေးတွေထဲမှာ မြင်နေရပြီ။ သမီးတစ်ယောက်အနေနဲ့ ဖအေကို ချစ်တာ သဘာဝပေမယ့် သူက ဖေဖေ့ကို နည်းနည်းလေးမှ မချစ်ဘူးလို့ အတိအလင်း ဆိုနေခဲ့ပြီ။
အဲဒီ့နေ့ ညနေက သူတို့တွေ တော်တော်ကြီးကို ညဥ့်နက်မှ ကျွန်တော့်အိမ်က ပြန်သွားကြတယ်။

ကျွန်တော် တော်တော်နဲ့ အိပ်လို့ မပျော်တော့ဘူး။

မခိုင်ရဲ့စကားတွေက ကျွန်တော့်ကို နှောင့်ယှက်နေတုန်းပဲ။ သူတို့ လင်မယား ပြဿနာထဲမှာ ကလေးတွေကို ဆွဲထည့်ပြီး တည်ကြက် လုပ်နေတာကြီးက မဟုတ်သေးဘူးလို့ တွေးမိရတယ်။

လက်ဦးဆရာမှာ အမိက အဘရဲ့ ရှေ့က အရင်လာတယ်။ ကလေးဆိုတာ မအေနဲ့ အနီးကပ်ဆုံး၊ အရင်းနှီးဆုံး၊ အကျွမ်းအဝင်ဆုံး။ အဲဒီ့ မအေက ကလေးတွေရဲ့ ဖအေအပေါ် ထားရှိတဲ့စိတ်ကို သူ လိုချင်သလို ဝါဒဖြန့်လို့ ရ၊ စည်းရုံးလို့ ရနေတယ်။ ဒါကို မခိုင်က အပိုင်ကွက်အနေနဲ့ အသုံးချပြီး…

ကျွန်တော် ဆတ်ခနဲ ဖြစ်သွားတယ်။

ဟင်…

ဒါဆို ဖေဖေနဲ့ပတ်သက်တဲ့ ကျွန်တော့်ခံစားချက်တွေကိုတော့ရော၊ မေမေက သိစိတ်နဲ့ဖြစ်စေ၊ မသိစိတ်နဲ့ဖြစ်စေ၊ မခိုင်လို တမင်ကလာ ဖြစ်စေ၊  မရည်ရွယ်ဘဲ စိတ်မှတ်မဲ့ဖြစ်စေ အရောင်ဆိုးပေးခဲ့တာရော မဖြစ်နိုင်ဘူးလား။

ကျွန်တော် မခိုင်ရဲ့သမီးလေးအရွယ်တုန်းက မေမေ့ကို ပြောခဲ့ဖူးတယ်။

“မေမေရယ်၊ သည်လူကြီးကို ကွာလိုက်ပါလားဗျာ၊ ကျွန်တော် မေမေ့ကို ရှာကျွေးပါ့မယ်”လို့။

သေချာတာတစ်ခုကတော့ မခိုင်ရဲ့ ခင်ပွန်းဟာ ကျွန်တော့်အဖေလို အကြမ်းသမား မဟုတ်ဘူး၊ အနုသမား။ စကားပြောတာကအစ တိုးတိုး သက်သက်နဲ့ ညင်ညင်သာသာ။ စကားလုံး အသုံးအနှုန်းတွေကလည်း ချေငံဖွယ်ရာ လွန်းတယ်။ ဒါကိုတောင် ကလေးတွေရဲ့ရင်ထဲမှာ ဖအေအပေါ် မုန်းတီးစိတ်ဝင်အောင် မခိုင်တစ်ယောက် အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့သေးတာ…

ကျွန်တော့်အဖေက တစ်ချိန်လုံး ပေါက်ကွဲနေတဲ့သူ။ မသိမ်မွေ့တဲ့သူ။ စရိုက်ကြမ်းတဲ့သူ။ ကျွန်တော့်အမြင်မှာတင် ဖေဖေဟာ ဘီလူးသဘက်တမျှ ကြောက်စရာ ကောင်းနေခဲ့တယ်။ ဒါကို မေမေက ဘေးတီး ပုံဖျက်ပေးတဲ့အခါမှာ ကျွန်တော့်ရင်ထဲမှ ဖအေနဲ့ ပတ်သက်တဲ့ ခံစားချက် မှန်သမျှဟာ အလုံးစုံ ခါးသီးနေတာရော မဖြစ်နိုင်ဘူးလား…

ဟား…

ကျွန်တော် သိပ်ကို တုန်လှုပ်သွားတယ်။

ဆိုခဲ့သလို ဖေဖေ မရှိတော့တာ နှစ်ပေါင်းအစိတ်ကို တိတိပပ ကျော်လွန်လို့ ၂၆ နှစ်ထဲကိုတောင် ရောက်လာခဲ့ပြီ။

ပထမဆုံးအကြိမ်အဖြစ် ဖေဖေနဲ့ပတ်သက်လို့ ကျွန်တော် အရမ်း ထိခိုက် ကြေကွဲသွားရပါတယ်။ တစ်ဆက်တည်းမှာပဲ၊ ကျွန်တော် သိပ်မှားခဲ့ပြီမှန်းလည်း သိလိုက်တယ်။

အားလုံးဟာ နှောင်းသွားခဲ့ပြီလေ…

ဖေဖေ့ကို ရည်စူးပြီး ကျွန်တော် ဦးခိုက်လိုက်မိတယ်။

တစ်ဆက်တည်းမှာပဲ၊ ကျွန်တော့်အကြွေးကို ဖြစ်တဲ့နည်းနဲ့ ရတတ်သလောက် ဆပ်ချင်တဲ့စိတ်လည်း ပေါ်လာပါတယ်။

စာဖတ်သူလူကြီးမင်းများခင်ဗျား…

စာဖတ်သူလူကြီးမင်းများဟာ သားသမီးတွေ ဖြစ်ကြမှာပါ။ တစ်ချိန်တည်းမှာ မိဘ ဖြစ်နေသူတွေ၊ မိဘ ဖြစ်အံ့မူးမူးတွေ၊ တစ်ချိန်မှာ မိဘ ဖြစ်လာမယ့်သူတွေလည်း ပါနေဦးမှာပါ။

စာဖတ်သူဟာ သားသမီးတစ်ယောက်အနေနဲ့ အမိအဘ တစ်ပါးပါး အပေါ်မှာ ကျွန်တော့်နှင်နှင် နာကျည်းစိတ်များ ဖြစ်ပေါ်နေတယ်ဆိုပါရင် သေချာ ပြန် ဆန်းစစ်ကြည့်ကြစေချင်ပါတယ်။

(၁) သူ မွေးဖွားကြီးပြင်းရတဲ့ ငယ်ဘဝ
(၂) သူ့ပညာအရည်အချင်း
(၃) သူ့စာဖတ်အားနဲ့ အသိဉာဏ် ရင့်ကျက်မှု
(၄) လတ်တလော သူ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ ဘဝအမော
(၅) သူ့အလုပ်ခွင်က မွန်းကြပ်မှုတွေ၊ သူ့ဇောတွေ
(၆) သူ့အိမ်ထောင်ရေး ဗျာပါဒတွေ

ဒါတွေကို ထည့်သွင်း စဉ်းစားပြီး သူ့ရဲ့ပေါက်ကွဲနေတတ်မှုကို နားလည်ပေးစေချင်ပါတယ်။ ကိုယ်ဟာ အလကားနေရင်း ဓားစာခံဖြစ်ဖို့၊ သူ့မွန်းကြပ်မှုပေါင်းစုံအတွက် ကိုယ့်ကိုသာ ယမယ်ရှာဖို့ ဖြစ်နေတာကို သတိထားမိရင် ဆိုးရွားတဲ့ ကိုယ့်ကြမ္မာကိုသာ ရိုးမယ်ဖွဲ့ပြီး သူ့ကို ခွင့်လွှတ်လိုက်စေချင်ပါတယ်။

တစ်ဆက်တည်းမှာ ကိုယ့်ဘက်က သူ့အပေါ် တူးတူးခါးခါး မုန်းတီးတဲ့စိတ်ကို ပိုလေးပင်အောင် ပင်းပေးတဲ့ ဘေးပယောဂတွေကိုလည်း ထည့်သွင်း တွက်ချက်ကြည့်ကြစေချင်ပါတယ်။

စာဖတ်သူဟာ မိဘတစ်ပါးဖြစ်နေရင်လည်း သည်အချက်တွေကြောင့် ဆုံးမတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မိမိကိုယ်ကို တရားချင်ယောင်ဆောင်ပြီး သားသမီးတွေကို အသားလွတ် နှိပ်ကွပ်ရင်း ပေါက်ကွဲနေမိသလားဆိုတာကို ဆင်ခြင်ကြည့်ကြစေချင်ပါတယ်။ ကိုယ်စိုက်တဲ့ အပင်က သီးတဲ့အသီးကို ကိုယ်စားသုံးရမှာပါ။ ကိုယ်နှိပ်ကွပ်ထားတဲ့ သားသမီးက ကိုယ့်ကို တစ်နေ့ကျ နားလည်လာလိမ့်မယ်၊ ချစ်ခင် မြတ်နိုးလာမယ်လို့ ဘယ်တော့မှ မမျှော်လင့်ပါနဲ့။ သူတို့တွေ မိဘဘဝ ရောက်လာတဲ့အခါကျ နားလည်လာမှာပါလို့ တွေးရင် အဲဒီ့အတွေးဟာ တက်တက်စင်အောင် မှားပါကြောင်း ကျွန်တော့်အဖြစ်က သက်သေခံနေပါတယ်။ တကယ်လို့ အထက်က အချက် ၆ ချက်ထဲက တစ်ချက်ချက်ကြောင့် ပျက်ယွင်းနေတဲ့ အနေအထားကို သည်ကနေ့ သည်အချိန်က စပြီး သတိလေးနဲ့ ပြုပြင်ထိန်းသိမ်းသွားမယ်၊ ကိုယ်ထိလက်ရောက် နှိပ်ကွပ်မိသမျှကို ဆင်ခြင်ထိန်းသိမ်းနိုင်မယ်ဆိုရင် အချိန်မီနိုင်ပါသေးတယ်။

စာဖတ်သူဟာ မိခင်တစ်ယောက် ဖြစ်နေတယ်ဆိုပါရင်တော့ ကိုယ့်ရဲ့ လင်သားအပေါ် မကျေနပ်မှု၊ အနိုင်ယူလိုမှု၊ လက်စားချေလိုမှုများအတွက် အပြစ်မဲ့လှတဲ့ ကလေးတွေရဲ့စိတ်ကို အရောင်ဆိုးပြီး ဖအေ့ရဲ့ ပုံရိပ်ကို တိမ်း ပါးပျက်ယွင်းစေတဲ့ ဝါဒဖြန့်စည်းရုံးမှုများကို မလုပ်စေချင်ပါဘူး။ မိဘကို မနောကံနဲ့ ပြစ်မှားခြင်းဟာ ကံကြီးထိုက်တဲ့ အကုသိုလ် အမှုတစ်ခုရယ်လို့ ဗုဒ္ဓဘာသာဝင်တိုင်း ယုံမှတ်လက်ခံထားကြပါတယ်။ ကိုယ့်ရဲ့ အာဃာတ၊ အညိုးအတေးကြောင့် ကိုယ့်သားသမီးတွေကို ငရဲတွင်းထဲ ပို့တဲ့ မိခင်မျိုးဟာ မရှိထိုက်ပါဘူး။ ဒါပေမယ့် အထက်က ကျွန်တော့် မိတ်ဆွေ မခိုင်ဟာ အဲသလို အမေမျိုးဖြစ်နေတာတော့ သေချာနေပါပြီ။

စာဖတ်သူဟာ မိခင်ဖြစ်နေရင် သည်အချက်ကို လေးလေးပင်ပင် စဉ်းစားစေချင်ပါတယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
ဆူဒိုနင်

သည်စာစုနဲ့ ၁၉၇၆ခုနှစ်၊ စက်တင်ဘာလအတွင်းက ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးပေါ်မှာ ပျောက်ဆုံးသွားခဲ့တဲ့ ကျွန်တော့်ဖေဖေဦးစိန်မောင်ကို ရိုကျိုးစွာ ရှိခိုးကန်တော့အပ်ပါတယ်။

ကျွန်တော့်ကို ဆင်ခြင်ဖြစ်ခဲ့စေတဲ့ မခိုင်လို့ အမည်လွှဲထားသူ တစ်ဦးကိုလည်း ကျေးဇူးတင်ပါတယ်။

——————————————–

၂၀၀၂ခုနှစ်က သရဖူ မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး ၂၀၀၄ ခုနှစ် သြဂုတ်လမှာ လက်တွဲဖော်စာအုပ်တိုက်က စာမူခွင့်ပြုချက်အမှတ် ၁၂၀၅/၂၀၀၃(၁၂)နဲ့ ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ “သားငယ်သမီးငယ်များ ပဲ့ပြင် ထိန်းကျောင်းခြင်း အနုပညာ”စာအုပ်ပါ စာတစ်ပုဒ်ကို ကောက်နုတ်တင်ဆက်လိုက်တာပါ။

နောက်ဆက်တွဲအနေနဲ့ ဖြည့်စွက်ပြောရရင်တော့ အဲဒီ့ဆောင်းပါးထဲက မခိုင်လို့ အမည်လွှဲထားသူရဲ့ အိမ်ထောင်ရေးဟာ ၂၀၀၈ခုနှစ် အတွင်းမှာ ဆုံးခန်းတိုင်သွားပါတယ်။ သူတို့ လင်မယား ကွဲသွားကြပါတယ်။ ဒါ မဆန်းပေမယ့် ပစ္စည်းခန်းမှာ တအားအလျှော့ပေးနေလေတဲ့ သူ့ခင်ပွန်းကို မခိုင်ရဲ့ သမီးကြီးက သူတောင်းဆိုတာ မရလို့ ပါးရိုက်ဖို့ ရပ်ကွက်လူကြီးများ ရှေ့မှောက်မှာ အားထုတ်ခဲ့တာလေးကတော့ တော်တော် သင်းပါတယ်။ ဖအေအရင်းခေါက်ခေါက်ကို သမီးအရင်းက ကာယကံမြောက် စော်ကားဖြစ်သွားရလေအောင် ၀ါဒအဖြန့် မှိုင်းအတိုက်ကောင်းတဲ့ မခိုင်ရဲ့ မိခင်စိတ်ကတော့…

Wow! A Limo!

14Limo copyအတူပါသူ ရုံးက မိတ်ဆွေက အရင်ကတည်းက ရောက်ဖူးထားသူဖြစ်တော့ သူ့ဦးဆောင်မှုနောက်ကို ထော့ကျိုးထော့ကျိုးနဲ့ အသာလိုက်ရုံရှိတာပဲ။ သူက ခပ်တည်တည်ပဲ “လင်မဇီး(န်)” ငှားမယ်တဲ့။ လင်မဇီး(န်)ဆိုတာလောက်တော့ ကျွန်တော် သိတာပေါ့။ စာတွေ သည်လောက်ဖတ်၊ ရုပ်ရှင်တွေ သည်လောက်ကြည့်နေတာပဲ။ ဇိမ်ခံမှန်လုံကားကို ခေါ်တာ။ အတိုကောက် ကတော့ “လင်မို”တဲ့။ လင်ဖုန်းမို၊ ရွှင်ပြုံးချိုစွာနော်ဗျာ ဆိုတဲ့ ရှေးတုန်းက သီချင်း တစ်ပိုင်းတစ်စကို အောက်မေ့ချင်စရာပဲနော်။ စာလုံးပေါင်းက L-I-M-O-U-S-I-N-E ပါ။ အသံထွက်ကတော့ “လင်မဇီး(န်)”တဲ့။ လင် မစီးဘဲ မယားချည့် အိုက်တင်ခံပြီး စီးစီးနေတဲ့ကားလို့ မှတ်ထားမယ် ဆိုလည်း ဖြစ်မယ်ထင်တယ်နော်။

ငှားပေါ့။ လင်မဇီး(န်)မကလို့ “ချော့ပါ”ပဲ ငှားငှား။ ကျုပ်တို့ ပေးရတာမှ မဟုတ်တာ။ ကျသမျှ ရုံးက ပေးမှာပဲဟာ၊ ကြိတ်လိုက်ပေါ့။ သို့သော် ကျွန်တော် မျှော်လင့်ထားတဲ့ လင်မဇီး(န်)ဆိုတာက ဟို တံခါးခြောက်ပေါက်နဲ့ မှန်လုံကားအရှည်ကြီးဗျ။ အခုဟာက မဟုတ်ပေါင်။ သူတို့ လင်မဇီး(န်)လို့ ခေါ်တာက မာစီးဒီးကား ခပ်ကြီးကြီးအရွယ်ရှိတဲ့ တိုယိုတာ သရဖူအမှတ်တံဆိပ်ကားပေကပဲ။ ခေါင်မိုးပေါ်မှာတော့ အငှားယာဉ်ဆိုတဲ့ အမှတ်အသားပါတယ်။ ဒါနဲ့ ကျွန်တော်တို့ နှစ်ယောက်လည်း ပစ္စည်းတွေကို နောက်က အံဖုံးထဲ ထိုး သိပ်ထည့်၊ ပြီးတော့ နောက်ခန်းမှာ စတိုင်အပြည့်နဲ့ ဝင်ထိုင်လိုက်ကြပါတော့တယ်။ ကားကြီးကလည်း လင်မဇီး(န်)ပီသစွာ ငြိမ့်ခနဲ ထွက်တယ်။
လမ်းကြီးက ကျယ်လိုက်တာပြောလို့ ဆိုသလိုပဲ ဖြောင့်လိုက်တာလည်း ဖြူးလို့။ ကားမောင်းသူရဲ့နောက်မှာ ကျွန်တော်က ထိုင်နေတာမို့ သူ့အမြန်နှုန်း ပြဒိုင်ခွက်ကို ကျွန်တော်ကြည့်လိုက်တယ်။ အားပါး၊ တစ်နာရီကို ကီလို ၁၂၀နှုန်းလောက်နဲ့ တင်နေတာ။ တစ်နာရီကို ၇၅မိုင်နှုန်းပေါ့။ သို့သော် ဘာမှ စိတ်လှုပ်ရှားစရာ မကောင်းတာကတော့ အမှန်ပဲ။ ဝါသနာပါရင် မှတ်စု စာအုပ်တစ်အုပ်ထုတ်၊ ပေါင်ပေါ်တင်ပြီး ရေးချင်တာ ချရေးနေရင်တောင် လက်ရေးလှလှ ဝိုင်းဝိုင်းညီညီလေးတွေ ထွက်လာလောက်အောင် ကားက ငြိမ်နေတယ်။

လမ်းဘေးဝဲယာမှာကလည်း ဘာဆိုဘာမှ မရှိဘူး။ အဲ… အဲသလို ပြောရင် နည်းနည်းတော့ မှားသဗျ။ စိတ်ထင် တစ်မိုင်ခြား တစ်ခါလောက်မှာ အများသုံး တယ်လီဖုန်းတိုင်လေးတွေတော့ စွတ်ကယ်စွတ်ကယ်နဲ့ မနားတမ်း မြင်ခဲ့ရပါသဗျ။ ကြည့်ရတာ သည်တိုင်းပြည်မှာ ညနေတိုင်ကျ စည်ကားနေတတ်တဲ့ ရန်ကုန်ရွှေဘုံသာလမ်းနဲ့ အနော်ရထာလမ်းထောင့် တစ်ဝိုက်ဆီက လျှပ်စစ်ပစ္စည်းစုံ အစုတ်အပြတ်ရော၊ ကောင်းတာရော၊ သူခိုး လက်ခံရော အကုန်အစုံရောင်းနေတဲ့ တိုလီမိုလီဈေးလိုဟာမျိုး မရှိဘူး ထင်တယ်။

ကျွန်တော်လည်း စိတ်ကူးထဲမှာ ရန်ကုန်-မန္တလေးလမ်းမှာ အများသုံး တယ်လီဖုန်းလေးတွေ တစ်မိုင်ခြား တစ်လုံးလောက် တပ်ဆင်ကြည့်မိလိုက် ရပြန်သေးတယ်။ အံမယ်မင်း… မဖြစ်နိုင်ဘူးခင်ဗျ။ ကျွန်တော်တို့အများသုံး ဖုန်းဆိုတာက သူ့ချည့်ထားလို့မှမရတာနော်။ ဖုန်းတစ်လုံးမှာ လူတစ်ယောက်တော့ အစောင့်ချထားပေးမှ ဖြစ်မှာလေ။ တစ်မိုင်ခြား တစ်လုံးဆို မိုင်ပေါင်း ၄၀ဝကျော်၊ လူပေါင်း ၄၀ဝကျော် ခန့်မှ ဖြစ်မှာ။ မဖြစ်သေးပါဘူးလေ။

အဲ… အဲဒီ့ တယ်လီဖုန်းလေးတွေကလွဲရင် လမ်းဘေး ဝဲယာမှာလည်း ဘာမှ ကြည့်စရာမရှိ၊ လမ်းကလည်းဖြူးနေတော့ အတော်ပျင်းခြောက် လာရပါတယ်။ အတူပါတဲ့ မိတ်ဆွေကြီးကလည်း အင်မတန် နှုတ်နည်းတဲ့သူ။ သူ့နှုတ်က ထွက်ရင်လည်း ဘုခွကန့်လန့်က ခပ်များများဆိုတော့ သူ့လည်း စကားသွား မဖောင်ရဲဘူး။ အဲလိုနဲ့ တစ်နာရီကျော် စီးရတဲ့ ခရီးကို လင်မဇီး(န်)ကြီးနဲ့ ငြီးစော်နံစွာ စီးနင်းလိုက်ပါခဲ့ရပါတယ်။

So What ???

13SoWhat copyလေဆိပ်ထဲမှာတင် ရထားလေးတစ်စီးက ရပ်နေတယ်။ နောက်ထပ် ရထားလမ်းတစ်ခုမှာ ကျွန်တော်တို့ စောင့်နေရတယ်။ ကျွန်တော့်မိတ်ဆွေက သည်ခရီးကို အရင်က နှစ်ခေါက်၊ သုံးခေါက်ရောက်ဖူးတော့ ကျွန်တော်လည်း တောင်တောင်အီအီ သိပ်စဉ်းစားစရာမလိုဘဲ သူ ဦးဆောင်တဲ့နောက် အသာလေး လိုက်နေလိုက်တော့တာပါ။

ခဏအကြာမှာတော့ ချစ်စရာ ရထားလေး ရောက်လာပါတော့တယ်။ အဲဒီ့ရထားလေးပေါ်ကို တက်လိုက်ကြပြီးတဲ့နောက် များမကြာခင်မှာ ရထား တံခါးတွေက အလိုအလျောက်ပိတ်သွားပြီး ရထားလည်း ထွက်ခွာပြန်ပါတော့တယ်။သိပ်တောင် မစီးလိုက်ရဘူး၊ တစ်နေရာမှာ ရပ်သွားပြီး တံခါးတွေ ပြန်ပွင့်လာတာမို့ တခြား ခရီးသည်များနည်းတူ ကျွန်တော်တို့လည်း အပြင် ထွက်လိုက်ကြတယ်။ လေဆိပ်ထဲမှာပဲ ရှိသေးမှန်း အမှတ်အသားတွေ၊ စာတန်းတွေအရ သိသာလို့နေတယ်။ ကျွန်တော်တို့က အခုမှ ဆိုက်ရောက် ဆောင်ထဲ ရောက်လာတာလေ။

ကျွန်တော်ယူလာတဲ့ အဝတ်အစားသေတ္တာက နည်းနည်းကြီးနေတဲ့ အတွက် ရန်ကုန်ကထွက်ကတည်းက လေဆိပ်မှာ တန်ဆာလုပ်ပြီး အပ်ခဲ့ရ တာ ဆိုတော့ လေဆိပ်ခန်းမဆောင်ထဲမှာ ကျွန်တော့်သေတ္တာကို ပြန်ရွေးဖို့ စောင့်နေရသေးတယ်။ အဲဒါကျတော့ ကျွန်တော့်မိတ်ဆွေက သိပ်စိတ်ရှည်ပုံ မရဘူး။

“ကျုပ်က ခရီးသွားရင် ဝန်ကျဉ်းကျဉ်းနဲ့ ကိုယ်နဲ့ တစ်ပါတည်း သယ်လို့ အိတ်အရွယ်အစားကို တမင်ရွေးထားတာဗျ။ အခုလို စောင့်မနေရ အောင်ပေါ့” လို့ ပြောနေပေသေးတယ်။

မစောင့်ချင်လည်း စောင့်ရမှာပဲ ကိုယ့်ဆရာ။ ကျွန်တော်လည်း အဲလို စောင့်ရတာကို သိပ်တော့ မကြိုက်လှဘူး။ သို့ပေမယ့် တစ်ပတ်ကြီးများတောင် နေရမှာဆိုတော့ အဝတ်အစားက အနည်းဆုံးတော့ ခုနစ်စုံလိုတယ်လေ။ ပြီးတော့ ရောက်တုန်းရောက်ခိုက် ဝယ်ချင်တာလေးတွေ ဝယ် ဖြစ်ခဲ့ရင်လည်း ထည့်ရသိုရအောင် အိတ်ကို တမင်ကြီးကြီးသယ်ခဲ့ရတာ ကလား။

သို့ပေမယ့် သိပ်ကြာကြာ မစောင့်လိုက်ရပါဘူး။ လည်ပတ်နေတဲ့ စောင်းလျှော သားရေပတ်ပြင်ကြီးတစ်ခုပေါ်မှာ ကျွန်တော့်သေတ္တာကို တွေ့လိုက်ရ ပါတယ်။ (တံတားဦးလေဆိပ်မှာ အဲဒါမျိုး အခုရှိနေပါပြီ။ တန်ဆာ လုပ်ပြီး တင်လာတဲ့ ခရီးသည်တွေရဲ့ ဝန်စည်စလယ်ကို လေယာဉ်ပေါ်က ချလာ၊ ပြီးတော့ စက်ထဲ တစ်ခုစီထည့်ပေးလိုက်ရင် စက်ကနေ ပစ္စည်း ရွေးတဲ့နေရာဆီကို တွန်းတင်ပေးလိုက်ပါတယ်။ အဲဒီ့ပစ္စည်းတွေကို လည် ပတ်နေတဲ့ စောင်းလျှော သားရေပတ်ပြင်ညီကြီးတစ်ခုပေါ်မှာ ကိုယ့်ပစ္စည်း ကိုယ့်ဘာသာ ရွေးချယ်ပြီးကောက် ယူသွားရတာမျိုးပါ။) အဲဒါပြီးတော့ လူဝင်မှု ကြီးကြပ်ရေးကောင်တာကို ဝင်ရပါတယ်။

ကျွန်တော် ဝင်လိုက်တဲ့ လူဝင်မှုကောင်တာမှာတော့ တာဝန်ကျက အမျိုးသမီးဖြစ်နေတယ်။ကျွန်တော်လည်း ကျွန်တော့်ရဲ့ နိုင်ငံကူးလက်မှတ်ကို ထုတ်ပေးလိုက်တယ်။ကျွန်တော် နိုင်ငံခြားခရီးကို ပထမဆုံး သွားခွင့်ရတော့မယ်ဆိုတာ သိထားသူ၊ ကျွန်တော် ငယ်သူငယ်ချင်းလို့ ပြောလို့ရတဲ့ အမေရိကန် မိတ်ဆွေက ကျွန်တော့်ကို နိုင်ငံကူးလက်မှတ်ထည့်လို့ရတဲ့ သားရေဖုံးအစွပ်ကလေး တစ်ခု လက်ဆောင်ပေးထားတယ်။ အဲဒါနဲ့ ကျွန်တော့်နိုင်ငံကူး လက်မှတ်လေးဟာ သားရေဖုံးလေးနဲ့ သပ်သပ်ရပ်ရပ်ပေါ့။

ဖြစ်ချင်တော့ အဲသလို အဖုံးနဲ့ဆိုတော့ ဟို လူဝင်မှုကြီးကြပ်ရေးက ဆရာမကြီးခမျာ ကျွန်တော် ဘယ်နိုင်ငံက လာမှန်းတန်းမသိနိုင်ဘူးဖြစ်နေ ရှာတယ်။ သူက ကျွန်တော့်နိုင်ငံကူးလက်မှတ်ကို အမြီးပြန်ခေါင်းပြန် ကြည့်နေတယ်။ မလေးရှားနိုင်ငံ ပြည်ဝင်ခွင့်ကိုတော့ ရန်ကုန်က မလေးရှား သံရုံးမှာကတည်းက တံဆိပ်တုံးရိုက်လာခဲ့တာမို့ သူတွေ့တယ်။ သို့ပေမယ့် ကျွန်တော် ဘာကောင်လဲဆိုတာ သူ ရုတ်တရက်မသိဘူး။
သို့ပေမယ့် သိဖို့က သိပ်မခက်ပါဘူး။ နိုင်ငံကူးလက်မှတ်ရဲ့ ရှေ့ပိုင်း စာမျက်နှာတွေကို လှန်ကြည့်လိုက်ရင် တန်းတွေ့နိုင်ပါတယ်။
ကျွန်တော့်ဓာတ်ပုံပါ စာမျက်နှာမှာတော့ ကျွန်တော် ဘာလူမျိုးဆိုတာ တောင် အတိအလင်းရေးထားပါတယ်။ အဲဒီ့မှာတင် မမရဲ့ နှုတ်က တစ်ခွန်းထွက်လာတယ်။

“အိုး… မိုင်အဲ(န်)မား”
မြန်မာကို myanmar လို့ ကျွန်တော်တို့က စာလုံးပေါင်းထားပြီး ကျွန်တော်တို့ဘာသာ ဖတ်တဲ့အခါ မြန်မာလို့ အသံထွက်ပေမယ့် မြန်မာ စကားမတတ်တဲ့ သူ ဖတ်တဲ့အခါ မိုင်အဲ(န်)မားလို့ပဲ ထွက်ကြပါတယ်။ ဝင်းဦးကို “ဝင်းနူး”လို့ ဖတ်ကြသလို၊ သန်းကျော်ကို “သှယ်(န်) ခိုင်အော်”လို့ ဖတ်ကြသလိုပါပဲ။

သူက အဲသလို မပီမသ ရွတ်လိုက်ပေမယ့် သူပြောချင်တဲ့ စကားရဲ့ အနက်အဓိပ္ပာယ်ကို ကျွန်တော် တန်းသိလိုက်ပါတယ်။ သူ့စကားအသွားအလာက “လာပြန်ပြီ တစ်ယောက်” ဆိုတဲ့ အဓိပ္ပာယ်ပါ။ ကျွန်တော့်ပါးစပ်ကလည်း အဲဒါမျိုးကျ ငြိမ်မနေတတ်ဘူး။

“ဆိုး ဝပ်(ထ်)” ဆိုပြီး ခပ်တင်းတင်းပဲ ပြောလိုက်မိရပါတယ်။ အဲတော့ ဘာဖြစ်သေးတုံးဆိုတဲ့အနက်မျိုးနဲ့ သူ့ကို အထက်စီးက ပြောချလိုက်တာပါ။

အဲတော့မှ မမက တံဆိပ်တုံးကို ထုလိုက်ပြီး သူ့အလုပ်သူ ရိုရိုသေသေ ဆက်လုပ်ပါတော့တယ်။ ကျွန်တော့်နားထဲမှာတော့ သူ့ရဲ့ “အိုး… မိုင်အဲ(န်)မား” ဆိုတာကြီးက အတော့်ကို အနှောင့်အယှက်ပေးနေတုန်းပဲ။ မိန်းမနဲ့ ယောကျာ်းဖြစ်နေလို့ တစ်ကြောင်း၊ ကိုယ်တစ်ခါမှ မရောက်ဖူးသေးတဲ့ သူ့တိုင်းပြည်မှာ ရောက်နေတာမို့တစ်ကြောင်းသာ အောင့်နေရတယ်။ မဟုတ်ရင် ကျွန်တော် အဲဒီ့နားမှာတင် သူ့ကို ပြဿနာရှာမိသွားမလား မသိဘူး။

မိုင်အဲ(န်)မားကြီး ကျွန်တော်တစ်ယောက်တော့ မလေးလေဆိပ်က လူဝင်မှုကြီးကြပ်ရေးကောင်တာကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့ပါပြီ။

olu tJovdk ryDro &Gwfvdkufayr,fh olajymcsifwJh pum;&JU teuft”dyÜm,fudk uRefawmf wef;odvdkufygw,f/
olYpum;toGm;tvmu ]vmjyefNyD wpfa,muf}qdkwJh t”dyÜm,f yg/
uRefawmfhyg;pyfuvnf; tJ’grsdK;us Nidrfraewwfbl;/
]qdk; 0yf(xf)}qdkNyD; cyfwif;wif;yJ ajymvdkufrd&ygw,f/ tJawmh bmjzpfao;wHk;qdkwJhteufrsdK;eJY olYudk txufpD;u ajymcsvdkufwmyg/
tJawmhrS rru wHqdyfwHk;udk xkvdkufNyD; olYtvkyfol ½dk½dkaoao qufvkyfygawmhw,f/
uRefawmfhem;xJrSmawmh olY&JU ]tdk;… rdkiftJ(ef)rm;µ}qdkwmBuD;u tawmfhudk taESmifht,Sufay;aewkef;yJ/ rdef;reJY a,mufsm;jzpfaevdkY wpfaMumif;? udk,fwpfcgrS ra&mufzl;ao;wJh olYwdkif;jynfrSm a&muf aewmrdkYwpfaMumif;om atmifhae&w,f/ r[kwf&if uRefawmf tJ’Dh em;rSmwif olYudk jyóem&SmrdoGm;rvm; rodbl;/
rdkiftJ(ef)rm;BuD; uRefawmfwpfa,mufawmh rav;avqdyfu vl0ifrIBuD;Muyfa&;aumifwmudk atmifjrifpGm ausmfjzwfcJhygNyD/

Was that Because of Us???

12KLAirport copy2အဲလိုနဲ့ လေယာဉ်ကြီးဟာ သူ့သတ်မှတ်နေရာမှာ အတိအကျ ရပ်လိုက်ပါတော့တယ်။ သည်အခါမှာ လေယာဉ်မယ်က ထုံးစံရှိတဲ့အတိုင်း ကျေးဇူးတင်စကားတွေ၊ ထသွားပြန်ကြည့်၊ ကျန်ရှိပစ္စည်းတာဝန်မယူ ဆိုတဲ့စကားတွေပြောပါတယ်။ (အဲသလိုတော့ ဘယ်ဟုတ်ပါ့မလဲဗျာ၊ စကားအဖြစ် ပြောတာနော်၊ အဲဒီ့အတိုင်း အတိအကျတွေ လျှောက်မစဉ်းစားကြပါနဲ့နော်)

ကျွန်တော်နဲ့ အတူပါသူ မိတ်ဆွေကြီးက မထသေးတော့ ကျွန်တော်လည်း ဆက်ထိုင်နေပါတယ်။ လူတော်တော်ရှင်းတော့မှ ကျွန်တော်တို့ ထကြတယ်။ ကိုယ့်အိတ်ကလေးတွေ ကိုယ်ဆွဲလို့ လေယာဉ်တံခါးပေါက်ကနေ လေဆိပ်ဆီ ဒုတ်ဒုတ်ထိဆက်သွယ်ထားတဲ့ စင်္ကြံအရှင်ကနေ ထွက်လိုက်ကြပါတယ်။

အဝမှာ ကျွန်တော် ကြည့်လို့မဝသေးတဲ့ လေယာဉ်မယ်လှလှလေးက အပြုံးချိုချိုလေးနဲ့ နှုတ်ဆက်နေလေရဲ့။ နေခဲ့တော့ မမရေ… ကံမကုန်ရင် ပြန်ဆုံကြသေးတာပေါ့လို့တော့ မပြောချင်ပါဘူး။ ပြန်ဆုံစရာအကြောင်းက လုံးလုံးမှ မရှိတော့သလောက် သေချာနေမင့်ဟာပဲ။ ဟုတ်တယ်လေ… အခုတောင် လေးဆယ်ကျော်မှ ကံပေါ်ပြီး နိုင်ငံခြားလေး တစ်ခေါက်ထွက်ရတာ။ နောက်တစ်ခေါက် ထပ်ထွက်ဖြစ်ဖို့ဆိုတာ တယ်လွယ်တာမျိုးမှ မဟုတ်ဘဲ။ ကျွန်တော်က နိုင်ငံရပ်ခြားနဲ့ဆက်သွယ်ပြီး စီးပွားရေး လုပ်ငန်းတွေ ဘာတွေလုပ်ကိုင်နေတာလည်း မဟုတ်၊ အလကားနေရင်း နိုင်ငံရပ်ခြား အလည်သွားရအောင်ကလည်း ကျွန်တော်က အဲသလောက် မကြွယ်ဝဘူးလေ။ အဲတော့ သူနဲ့ ကျွန်တော်နဲ့ ပြန်ဆုံဖြစ်ဖို့ဆိုတာက မျှော်လင့်စရာ တယ်မရှိလှဘူး။ ပြည်တွင်းမှာတောင် အသွားတုန်းက တွေ့ခဲ့တဲ့လေယာဉ် မယ်နဲ့ အပြန်မှာ ပြန်ဆုံဖို့ဆိုတာ အင်မတန် ဖြစ်ခဲပါဘိခြင်း။ မှတ်မှတ်ရရ၊ သည်တစ်သက်လုံးမှာမှ လေယာဉ်မယ်တစ်ဦးတည်းကို အဲသလို အသွား ရော အပြန်ပါ ဆုံရတာမျိုး တစ်ခါပဲကြုံဖူးတယ်။

အဲဒါတောင် ပြီးခဲ့တဲ့ ၂၀ဝ၅ခုနှစ် အောက်တိုဘာလက မန္တလေးကို မန္တလေး လေကြောင်း စီးပြီးသွားခဲ့တုန်းက ကြုံခဲ့ရဖူးတာဖြစ်ပါတယ်။ မန္တလေးနဲ့ ရန်ကုန်ကို အိမ်ဦးနဲ့ကြမ်းပြင်လို သဘောထားပြီး ဥဒဟိုသွား နေရင်တော့ တစ်မျိုးဖြစ်ချင်ဖြစ်မယ်၊ ကျွန်တော့်လို မေ့လောက်မှ တစ်ခါ သွားတဲ့သူအဖို့တော့ ပြည်တွင်းမှာတောင် လေယာဉ်မယ်တစ်ယောက်တည်းကို အသွားရော၊ အပြန်ပါ ဆုံဖြစ်ဖို့ဆိုတာ အင်မတန် ခဲယဉ်းလှပါဘိ တောင်း။

အဲတော့ လေယာဉ်မယ် လှတပတလေးကို လေယာဉ်ပေါက်မှာဆုံခိုက် တစ်ဝကြီး ထပ်ငမ်းလိုက်ပြီးသကာလ ကျွန်တော်လည်း စင်္ကြံလမ်းအတိုင်း ထော့ကျိုးထော့ကျိုးနဲ့ လျှောက်လှမ်းလိုက်ရပါတော့တယ်။

လေဆိပ်အဆောက်အအုံထဲအရောက်မှာတော့ ခေတ်မီ လေဆိပ်ကြီးက အလင်းရောင် မစို့မပို့နဲ့ဖြစ်နေတာ တွေ့ရတယ်။ လင်းလင်းချင်းချင်း မရှိလှဘူး။ သည်လောက်ခေတ်မီတဲ့ လေဆိပ်ကြီးမှာ ဘာဖြစ်နေတာလဲ မသိဘူးလို့ စဉ်းစားရင်းနဲ့ ရှည်ဝေးလှတဲ့ ထွက်ပေါက်လမ်းအတိုင်း လျှောက်ထွက်လာခဲ့မိရပါတယ်။ မှန်တွေနဲ့ အများဆုံးအားပြုကာရံထားတာမို့ အပြင်က သဘာဝ အလင်းရောင်နဲ့ပဲ အတွင်းက ခေတ်မီ လေဆိပ်ကြီးကို မြင်နေရတယ်။

`မီးပျက်နေတယ်ဗျ´

ကျွန်တော့်ထော့ကျိုးကိုစိတ်ရှည်လက်ရှည်စောင့်ပြီး ဖြည်းဖြည်းလျှောက်ပေးနေရရှာလေတဲ့ ကျွန်တော့်မိတ်ဆွေကြီးက မြန်မာလို ပြောပါတယ်။ အဲတော့မှ ကျွန်တော်လည်း သဘောပေါက်သွားတယ်။ ဟုတ်သားပါလား။ မီးပျက်နေတာဖြစ်မှာလို့ ကျွန်တော် ဘာလို့ မတွေးမိခဲ့တာပါလိမ့်။

`အဲဒါ ကျွန်တော်တို့နှစ်ယောက် ရောက်လာလို့ ဓာတ်သက်ပါသွားတာ နေမှာဗျ…´

ကျွန်တော့်မိတ်ဆွေက ဆက်ပြောတော့ ခြေထောက်နာနေတဲ့ကြားကပဲ ရယ်လိုက်မိရပါတယ်။ သူပြောတာ ဟုတ်လောက်တယ်လို့ ခပ်မြူးမြူးလေး တွေးမိသွားရတာကိုး။
သူ့စကားက ဆုံးဆုံးချင်းမှာပဲ လေဆိပ်တွင်းမှာ တပ်ဆင်ထားတဲ့ အသံချဲ့စက်များဆီကနေ မိန်းမသံတစ်သံထွက်လာတယ်။ အင်္ဂလိပ်ဘာသာနဲ့ ပြောနေတာမို့ သေချာ နားစိုက်ထောင်လိုက်မိတော့ လေဆိပ်မှာ မမျှော်လင့်ဘဲ လျှပ်စစ်ဓာတ်အားချို့ယွင်းနေပါကြောင်း၊ သည်အတွက် ခရီးသည်များမှာ အနှောင့်အယှက်ဖြစ်ရတယ်ဆိုပါရင် သူတို့လေဆိပ်အနေနဲ့ အနူးအညွတ် တောင်းပန်ပါကြောင်း ပြောတဲ့စကားဖြစ်နေပါတယ်။

ကျွန်တော့်နားထဲမှာ အတော့်ကို ဆန်းကြယ်နေပါတော့တယ်။

အဲလိုနဲ့ လေယာဉ်ကနေ လေဆိပ်ထဲက ရထားရှိရာဆီကို အလာခရီး၊ ငါးမိနစ်စာလောက် လမ်းလျှောက်ရတဲ့ ခရီးတာအတွင်းမှာ အဲဒီ့ တောင်းပန်သံကို အထပ်ထပ်ကြားရပါတယ်။ မြို့ပြယဉ်ကျေးမှုပဲ ဆိုရမလား၊ နိုင်ငံကြီးသား ပီသတယ်လို့ပဲ ပြောရမလားပဲ။ ဒါမှမဟုတ်လည်း ကိုယ့်ဆီကို ရောက်လာတဲ့ ဧည့်သည်မှာ ကသိကအောက်ဖြစ်ရလို့ စိတ်ကွက်ချင်ဦး တောင်မှ အဲလို ခဏခဏနဲ့ အနူးအညွတ်တောင်းပန်ပေးနေတဲ့အတွက် အတော့်ကို အကွက်ရ ခက်သွားစေအောင် ရည်ရွယ်တာလားတော့ မသိပါဘူး။

Chapter 11

ကျွန်တော့်ဘလော့(ဂ်)ကို လာရောက်လည်ပတ်ကြတဲ့ ချစ်စွာသော မိတ်ဆွေများခင်ဗျား။ptt-welcome

ကနေ့ ၂၀၀၉ အောက်တိုဘာ ၁၃ ရက်နေ့ ညပိုင်းမှာ ကျွန်တော် ရန်ကုန်မြို့က ခဏ ခွာပြီး ဧရာဝတီတိုင်းက မုန်တိုင်းသင့် ကျေးရွာတစ်ခုက ရပ်သူရွာသားများကို စွမ်းရည် မြှင့်တင်ရေး သင်တန်းတစ်ခု သွားရောက် ပို့ချရမှာ ဖြစ်ပါတယ်။ သင်တန်းကာလက ဆယ်ရက် ကြာမြင့်မှာပါ။ ဒါ့ကြောင့် ကျွန်တော်နဲ့ အိမ်သာအမည်းကြီး (အင်တာနက်)နဲ့လည်း ယာယီ ခွဲခွာနေရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့် ဘလော့(ဂ်)မှာ သည်ကာလအတွင်း အသစ်တင်ပေးနိုင်ဦးမှာ မဟုတ်သေးပါဘူး။ အောက်တိုဘာ ၂၇ ရက်လောက်မှ အသစ်တင်ပေးနိုင်မယ်လို့ တွက်ဆထားရပါတယ်။

သည်အတွက် ချစ်ခင်လေးစားရတဲ့ မိတ်ဆွေများကို သည်းခံတော်မူပေးကြဖို့ ပန်ကြားလိုတဲ့အပြင် သည်ကြားထဲမှာ မိတ်ဆွေများက ရေးသွားတဲ့ မှတ်ချက် (comment) အထွေထွေကိုလည်းပဲ ကျွန်တော်ပြန်လာမှသာ အတည်ပြု moderate လုပ်ပေးနိုင်မှာမို့ အဲဒါကိုလည်း နားလည်ခွင့်လွှတ်တော်မူပေးကြပါရန် လေးစားစွာ ပန်ကြားပါရစေလား ခင်ဗျား။

အားလုံးကို ကျေးဇူးတင် ခင်မင် လေးစားစွာ

အတ္တကျော်

၂၀၀၉ အောက်တိုဘာ ၁၃

————————-

11-TVonPlaneကျွန်တော့်ကိုယ်ကျွန်တော်တော့ အရက်နဲ့ ပတ်သက်လို့ အတော့်ကို စုံလှ လည်လှပြီလို့ ထင်ခဲ့တာပါ။ တကယ်တမ်းကျတော့ ကျွန်တော် သိထားတယ် ဆိုတာ ဘာဆို ဘာမှ မပြည့်စုံသေးမှန်း အဲဒီ့တစ်ချီတည်းနဲ့တင် အတော် သိသွားပါတယ်။

စကားစပ်လို့ ပြောရရင် ဝစ္စကီဆိုလည်း ကျွန်တော်တို့က စကော့ဝစ္စကီတွေပဲ သိတာများပါတယ်။ အမေရိကန်ဝစ္စကီ (ဘာဘန်) လောက် ပိုသိရင်ကို အတော် ဟုတ်နေပြီ။ အဲဒီ့မှာမှ စကော့ဝစ္စကီထဲက မုယောစပါး တစ်မျိုးတည်းနဲ့ ချက်လုပ်ထားတဲ့ တန်ဖိုးကြီး ဝစ္စကီတွေကို သိရင် ပိုလို့တောင် ဆရာကြီး လုပ်လို့ ရပါတယ်။ ကျွန်တော်က အဲသလောက်အထိတော့ သိပါ တယ်။ ဒါပေမယ့် ဟိုးတစ်ခါတုန်းက ဖြန့်ထွက်တွေးဆရာ ဦးလေးတာ (ဆရာ ကိုတာ) တိုက်လို့ အိုင်းရစ်(ရှ်) ဝစ္စကီဆိုတာကို သောက်ဖူးသွားတယ်။ အမယ်… သူကလည်း အတော် နိပ်သဗျ။ အဲတုန်းကလည်း အင်း… လောကကြီးမှာ ကိုယ်မသိသေးတဲ့ ဝစ္စကီတွေ သည်ကမ္ဘာပေါ်မှာ အများအပြား ကျန်နိုင်ပါသေးလားလို့ တွေးမိခဲ့ရပြန်ပါသေးတယ်။

နိုင်ငံခြားအရက်ဝေးစွ၊ မြန်မာနိုင်ငံထဲက တိုင်းရင်းသားတွေ ချက်တဲ့ အရက်တောင် စုံအောင် မသောက်ဖူးပါဘူး။ လီရှောအရက် ကောင်းမှန်းတောင် မနှစ်က မိုးကုတ်ကို ရောက်တော့မှ၊ ဆရာမောင်ထွန်းဦး(မိုးကုတ်)ရဲ့ ကတော် လီရှော အမျိုးသမီး ကိုယ်တိုင် ချက်လုပ်ထားတာကို သောက်ဖူးပြီးမှ ကောင်းကောင်း သဘောပေါက်သွားပါတယ်။

ယူတတ်ရင်တော့ သင်ခန်းစာပါ။
အလုံးစုံကို ထိုးထွင်းသိမြင်တော်မူတဲ့ သဗ္ဗဉုတ ဘုရားရှင်ကိုယ်တော်တိုင်မှတစ်ပါး တခြား ဘယ် ပုထုဇဉ်၊ ဘယ် လူသားမှ အရာရာကို စုံအောင် မသိနိုင်ဘူးဆိုတာကို သဘောပေါက်သွားစေတဲ့ ဖြစ်ရပ်ကလေးပါပဲ။

အဲ… ကျွန်တော့် ပြောလက်စတောင် ဘယ်ရောက်သွားပါလိမ့်။

မလေးရှားလေကြောင်းက လေယာဉ်ကြီးပေါ်မှာ စားလို့ သောက်လို့ ကောင်းနေတဲ့အကြောင်း ပြောလက်စပေါ့။

အဲဒီ့ကနေ ချော်တောငေါ့သွားလိုက်တာ အခုမှပဲ လေယာဉ်ပေါ် ပြန်ရောက်တော့တယ်။ အစားအသောက် ကိစ္စပြီးတော့ အားလုံးဂနာ ငြိမ်သွားပြီ။ ပထမတော့ တောင်ကြည့်၊ မြောက်ကြည့်ပေါ့။ အမှန်ကတော့ စာဖတ်နေရမှာ။ ဒါပေမယ့် ပထမဆုံး နိုင်ငံခြားခရီး ထွက်တာမို့ တောင်ကြည့်၊ မြောက်ကြည့်ပေါ့။ စာဖတ်ချင်စိတ်က လုံးလုံးပျောက်နေတယ်။

ခက်တာက ကြည့်စရာကလည်း လေယာဉ်အတွင်းခန်းရယ်၊ အပြင်ဘက်ကို ကြည့်လိုက်ရင် တိမ်တိုက်တွေ တစ်စတစ်ပြူလောက် တွေ့ရတဲ့ မိုးသားကောင်းကင်ကြီးရယ်ပဲ ရှိတယ်။ ကြာတော့လည်း အဲဒါတွေက ကြည့်စရာ မဟုတ်တော့ဘူး။ ဒါနဲ့ ထိုင်ခုံလက်တန်းထဲမှာ ခေါက်ထည့်ထားတဲ့ ရုပ်မြင်သံကြားပေါက်စနလေးကို ဆွဲထုတ်လိုက်ပါတယ်။

ဟုတ်တယ်လေ၊ ကျွန်တော်တို့နဲ့ တူရူမှာ ရှိတဲ့ ရုပ်မြင်သံကြား ဖန်သား ပြင်မှာက မလေး လေကြောင်းတံဆိပ်ကြီးကိုပဲ အသေပြထားတာကိုး။ ဒါဆိုရင် တစ်ဦးချင်းစီအတွက် ပေးထားတဲ့ ထိုင်ခုံလက်ရမ်းထဲက ရုပ်မြင်သံကြားစက်မှာသာ ဖွင့်ကြည့်ရမယ်လို့ ရွှေဉာဏ်တော် စူးရောက်လိုက်မိသွားတာပါ။

အဲဒီ့ ရုပ်မြင်သံကြားစက်မှာက မီးအဖွင့်အပိတ် ခလုတ်ပဲ ပါတယ်။ အဲဒါနဲ့  ဖွင့်လိုက်တော့လည်း အဲဒီ့ ထောင့်တန်း ရှစ်လက်မလောက်သာ ရှိတဲ့ ဖန်သားပြင်ပေါက်စနလေးမှာက မလေးလေကြောင်းရဲ့ တံဆိပ်ကြီးပဲ အပြူးသား ပေါ်နေတယ်။ အဲဒီ့မှာ ကျွန်တော့် ရွှေဉာဏ်တော်က ဆက်လက် စူးရောက်သွားပြန်တယ်။

ရုပ်သံစက်မှာ ဘာခလုတ်မှ မပါဘူး။ တန်တော့… ဒါ ဟို အဝေးထိန်း ခလုတ်ကလေးနဲ့ ဖွင့်မှ ရမယ့်ဟာပေါ့။ ဒါနဲ့ တစ်ဖက်လက်တန်းမှာ ထည့်ထားတဲ့ ကြိုးတန်းလန်းနဲ့ အဝေးထိန်းခလုတ်ကလေးကို ဆွဲထုတ်လိုက်မိရပြန်ပါတယ်။ အဲဒီ့အဝေးထိန်းခလုတ်ကလေးကိုကြည့်တော့ ဘာ စာမှ ရေးမထားဘူး။ ခလုတ်ကလေးတွေပေါ်မှာ ပုံကလေးတွေနဲ့။ အသေးစိတ်တော့ မမှတ်မိတော့ဘူးဗျာ။ သည်လောက်ကြာမှ ပြန်ရေးတာကိုး။
မှတ်မိတာကတော့ ကျွန်တော့်ဉာဏ် လွဲချော်ပုံကိုပါ။

အဲဒီ့ခလုတ်ကလေးပေါ်မှာ ရုပ်မြင်သံကြားနဲ့သက်ဆိုင်ပုံရတဲ့ ရုပ်ပုံရယ်လို့ တစ်ခုဆို တစ်ခုမှ မတွေ့ရဘူး။ တော်တော်လည်း စိတ်ပျက်စရာ ကောင်းလှသဗျ။ အနီးစပ်ဆုံး သင်္ကေတက လူပုံ။ လူပုံဆိုရင် ဒါ ရုပ်မြင်သံကြားမှာ လူရုပ်ပေါ်အောင် နှိပ်ရတဲ့ ခလုတ်ပဲဖြစ်မယ်။ ဟုတ်တယ်လေ၊ ရုပ်မြင်သံကြားမှာ သတင်းပဲ ကြည့်ကြည့်၊ ရုပ်ရှင်ပဲကြည့်ကြည့် လူရုပ် ပေါ်တာကသာ အများဆုံး မဟုတ်လား။

အဲတော့ အဲဒီ့အတွေးနဲ့ လူရုပ်ပုံပါတဲ့ ခလုတ်ကို နှိပ်လိုက်တယ်။ ကျွန်တော့်မျက်စိအောက်မှာ ဖွင့်ထားတဲ့ ရုပ်သံပေါက်စနလေးကို လှမ်းကြည့်ပေမယ့် ဘာမှ အပြောင်းအလဲမရှိဘူး။ မလေး လေကြောင်းလိုင်း တံဆိပ်ကြီးပဲ အကွင်းသား ဆက်ပေါ်နေတယ်။

မဟုတ်သေးဘူး။

ကျွန်တော် နှိပ်တာများ နေရာမကျလို့များလားဆိုပြီး သေသေချာချာ ထပ်နှိပ်လိုက်ပြန်တယ်။

ထူးမခြားနား။

ဟား… သူတို့ဟာက အလှတပ်ထားတဲ့ဟာ နေမှာ။ လူအထင်ကြီးအောင် လျှောက်ထည့်ထားတာ ဖြစ်မှာ။ တကယ်က အပျက်ကြီးများလား မသိ။ အဲသလို ပေါက်တတ်ကရတွေ လျှောက်တွေးလိုက်ပြီး စိတ်ပျက်လက်ပျက်နဲ့ အဝေးထိန်းခလုတ်ကလေးကို သူ့နေရာ သူပြန်ထည့်လိုက်တယ်။ ရုပ်သံစက် ပေါက်စနလေးကိုလည်း ခလုတ်ပိတ်၊ သူ့အတိုင်း ပြန်ခွေခေါက်ပြီး လက်ရမ်းထဲက သူ့အံထဲ ပြန်ထိုးသွင်းလိုက်တယ်။


အားလုံးနေသားကျသွားချိန်မှာ ဟို… ဘယ်လိုမှ ကြည့်လို့မလှတဲ့ လေယာဉ်မယ်လေးက ကျွန်တော့်အနားကို ရောက်လာပြီး ပြုံးချိုနေတဲ့ မျက်နှာနဲ့ “ဘာများ အလိုရှိပါသလဲရှင်”လို့ ကျွန်တော့်ကို မေးပါတယ်။

သူတို့ရဲ့ ရုပ်သံကို မကြည့်ရလို့ စိတ်ချဉ်ပေါက်တောက်တောက် ဖြစ်နေတဲ့ ကျွန်တော်လည်း အဲသလို အလကားနေရင်း လာမေးတာကို ကျေးဇူး မတင်တဲ့အပြင် စိတ်တောင် နည်းနည်း ကွက်ချင်သလိုဖြစ်သွားတယ်။ ဒါပေမယ့် ယဉ်ကျေးမှုအရ “ဟင့်အင်း… ဘာမှ မလိုပါဘူး၊ ကျေးဇူးတင်ပါတယ်” လို့ပဲ ချေချေငံငံ ပြန်ဖြေလိုက်တယ်။ သည်အခါမှာ လေယာဉ်မယ်ရဲ့ နဖူးလေးက မသိမသာလေး တွန့်သွားတယ်။ ဒါပေမယ့် သူ့မျက်နှာ က ပြုံးပြုံးလေးပါပဲ။ ပြီးတော့ ကျွန်တော့် ခေါင်းပေါ်က ခလုတ်တစ်ခုကို လက်လှမ်းလိုက်တာမို့ ကျွန်တော်လည်း သူ့လက် သွားရာကို အလိုလို မော်ကြည့်မိတယ်။

သူက မီးလင်းနေတဲ့ ခလုတ်ကလေးတစ်ခုကို ပိတ်လိုက်တာပါ။ သူ့လက် ပြန်အရုပ်လိုက်မှာ အဲဒီ့ခလုတ်ကို အတိအကျ မြင်လိုက်ပါတယ်။

သေဟဲ့… နန္ဒိယ

ဟုတ်ကဲ့ခင်ဗျာ… အဲဒီ့ခလုတ်ကလေးပေါ်မှာလည်း စောစောက အဝေးထိန်းခလုတ်မှာ ကျွန်တော် နှိပ်ခဲ့တဲ့ ခလုတ်ပေါ်က ရုပ်ပုံအတိုင်း လူရုပ်ကလေးကို ရေးထားပါရောလားခင်ဗျာ။

သိလိုက်ပါပြီ။ ဦးနှောက်ကလည်း ချက်ချင်း အလုပ်လုပ်သွားပါတယ်။

ဟုတ်သားပဲ၊ လေယာဉ်ပေါ်က ခရီးသည် ထိုင်ခုံတွေရဲ့အထက်၊ ပစ္စည်းထားသိုရာ အလုံပိတ်စင်လေးများရဲ့အောက်ဘက်ပိုင်းမှာ ခလုတ်ကလေးတွေနဲ့ လေဝင်ပေါက်လေးတွေ ရှိပါတယ်။ စာကြည့်မီးလေးတွေလည်း ရှိပါတယ်။ အဲဒီ့ထဲက ခလုတ်တွေမှာ မီးဖွင့်လို့ရတဲ့ ခလုတ်လည်းပါတယ်။ အဲဒီ့ခလုတ်ကိုကျတော့ မီးသီးလေး လင်းနေပုံနဲ့ ပြထားတယ်။ အဲဒီ့ခလုတ်နဲ့ ယှဉ်လျက်က လူရုပ်လေးနဲ့။
အဲဒါ လေယာဉ်မောင်၊ လေယာဉ်မယ်ထဲက တစ်ယောက်ယောက်ကို လှမ်းခေါ်တဲ့ ခလုတ်ခင်ဗျ။


သွားပြီပေါ့။ ကျွန်တော်က ရုပ်မြင်သံကြားမှာ ပေါ်မယ့် လူရုပ် မှတ်လို့ နှစ်ခါတိတိကြီးများတောင် နှိပ်ချလိုက်တာ၊ တကယ်တော့ အဲဒါ ရုပ်မြင်သံကြားမှာ ပေါ်လာမယ့် လူရုပ်ကို ခေါ်ဖို့ ခလုတ်မဟုတ်ဘဲ လေယာဉ်ပေါ် က တာဝန်ကျဝန်ထမ်း အကောင်လိုက်ကြီးကို လှမ်းခေါ်တဲ့ ခလုတ်ဖြစ်နေပါလား ဟရို့။

လွဲချက်ကတော့ လွန်ရောပဲ။

လေယာဉ်မယ်ရဲ့ မျက်မှောင်လေး မသိမသာ တွန့်သွားခြင်းရဲ့အဓိပ္ပာယ်ကိုလည်း သဘောပေါက်လိုက်တယ်။

ဝမ်းနည်းပါတယ် လေယာဉ်မယ်လို့ ပြောချင်ပေမယ့် သူက အနားမှာ မရှိတော့ပါဘူး။ လှစ်ခနဲ ထွက်သွားပါပြီ။

အိမ်း… မှားတဲ့အခါလည်း မှားပေမပေါ့လို့ ကျွန်တော်တို့ ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ကာတွန်းဦးအောင်ရှိန်ရဲ့ ဇာတ်လိုက်ကျော် ဦးရှံစား ညည်းသလိုသာ ညည်းရုံ ရှိပေတော့တာပါပဲ။

သည်လိုနဲ့ ကျွန်တော်လည်း လေယာဉ်ပေါ်မှာ တောင်တောင်အီအီ တွေးရင်း ဆက်လက် စီးနင်းခဲ့ရပါတော့တယ်။

အချိန်တန်တော့ မလေးလေဆိပ်ကို ဆိုက်ရောက်တော့မယ့်အကြောင်း ကြေညာသံကြားရတယ်။

အင်း… ရောက်ပြီပေါ့။

လေယာဉ်ကြီးက တအိအိ ဆင်းနေချိန်မှာ အောက်ကို လှမ်းကြည့်မိသေးပေမယ့် ဘာမှ ထူးထူးခြားခြား မတွေ့ရပါဘူး။

လေယာဉ်ဆင်းပါပြီ။

လေယာဉ်က အရှိန်သေသွားပြီး သူ့နေရာသူ တအိအိ သွားနေချိန်မှာတော့ ကြီးမားခမ်းနားလှတဲ့ လေဆိပ်ကြီးကို လှမ်းမြင်လိုက်ရတယ်။ ကြည့်ဖူးတဲ့ နိုင်ငံခြား စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်တွေထဲက အတိုင်းပဲ၊ မှန်တွေ၊ ပြောင်ပြောင်လက်လက်တွေနဲ့ ခေတ်လွန် အဆောက်အအုံကြီးပါ။


အားပါးပါး…

ကျွန်တော် ရင်သပ်ရှုမောနေဆဲမှာ လေယာဉ်က ချိုးကွေ့လိုက်တဲ့အတွက် အဆောက်အအုံကို မမြင်ရတော့ပြန်ဘူး။ လေယာဉ်ကွင်းကျယ်ကြီးကိုပဲ မြင်ရတယ်။

What would you like to have?

10Liqueurတစ်ခွက် ကုန်လုနီးမှာ စားကြစို့ရဲ့လို့ ဆိုလိုက်တဲ့အတွက် လက်ကျန်ကို အပြတ်ရှင်းပြီး သံအမတ်ကြီး ဦးဆောင်ရာ နောက်ကိုလိုက်ခဲ့ပါတယ်။ သူ့ခြံကျယ်ကြီးရဲ့ မြက်ခင်းအလယ်မှာ အဆွယ်ထုတ်ထားတဲ့ သုံးဘက်မြင် အဆောင်လေးမှာပါ။ ခြင်လုံ သံဆန်ကာ အပြည့်ကာထားပေမယ့် ပတ်ဝန်းကျင် သစ်ပင်ပန်းပင်တွေ၊ မြက်ခင်းစိမ်းစိုတွေကို မြင်ရတယ်။ အင်မတန် သာယာပါတယ်။

ထမင်းစားပွဲကျတော့ သံအမတ်ကြီးကပဲ နေရာချတယ်။ ကျွန်တော့်ကို သူ့ဘယ်ဘက်မှာ ထားတယ်။ ပြီးတော့မှ ကျန်တဲ့သူတွေကို နေရာချတယ်။ ထားပါတော့ဗျာ၊ အသေးစိတ်တွေ လျှောက်ရေးနေရင် ရှည်ပါတယ်။

စားကြ၊ သောက်ကြတာကတော့ သိပ်စာဖွဲ့စရာ မရှိပါဘူး။ အစားအသောက်ကလည်း ကောင်းပါတယ်။ သံအမတ်ကြီးက ဒါက ဘာ၊ ဘယ်ဒေသက ထွက်တာ၊ ဘယ်လို ချက်တာ၊ ဘာအတွက် ကောင်းတာစသဖြင့် တတွတ်တွတ် ပြောရင်း ကျွေးနေတော့ ပိုတောင် အရသာရှိသေးတယ်။

အဲ… ဆန်းသွားတာ တစ်ခုက ဝိုင်ပုလင်းဖွင့်တဲ့ ကိစ္စမှာပါပဲ။ စားပွဲထိုးက ရောက်လာတယ်။ ဝိုင်ပုလင်းအသစ်ကို ကျွန်တော်တို့ ရှေ့မှာ ဖွင့်တယ်၊ ပြီးတော့ အိမ်ရှင်ဖြစ်တဲ့ သံအမတ်ကြီးရဲ့ ရှေ့က ဝိုင်ခွက် ပေါက်စနလေးထဲကို တစ်ငုံစာ ငှဲ့ပေးတယ်။ သံအမတ်ကြီးက စွတ်ခနဲ ကောက်မော့တယ်။ ငုံတယ်၊ အရသာ ခံတယ်။ ပြီးတော့ ခေါင်းညိတ်ပြလေတော့မှ စားပွဲထိုးက ကျွန်တော့်ရှေ့က ပုံမှန် ဝိုင်ခွက်ကို စဖြည့်ပေးတယ်။ ပြီးတော့ ကျန်တဲ့ ဧည့်သည်တွေ၊ နောက်ဆုံးကျမှ အိမ်ရှင့်ဖန်ခွက်ထဲကို ဖြည့်ပါတယ်။ အဲဒါဟာ နောက်ထပ် ဝိုင်ပုလင်းတွေ ထပ်ထပ် ဖောက်တဲ့အခါတိုင်းမှာ အဲသလိုပဲ လုပ်တယ်။ ဝိုင်ပုလင်းကို အများရှေ့မှာ ဖွင့်တယ်။ အိမ်ရှင်က အရင်မြည်းတယ်။ အိမ်ရှင်က ခွင့်ပြုတော့မှ ဂုဏ်ထူးဆောင် ဧည့်သည်မှ အစချီကာ ကျန်ဧည့်သည်များကို လိုက်ငှဲ့ပေးတယ်။ နောက်ဆုံးမှ အိမ်ရှင့်ခွက်ထဲကို ဖြည့်ပါတယ်။

ဒါကတော့ ဝိုင်ဆိုတာ ပျက်စီးချင်လည်း ပျက်စီးနေတတ်တာမို့ ဧည့်သည်များ စိတ်အနှောင့်အယှက် မဖြစ်ရလေအောင် အိမ်ရှင်က အရင်မြည်းတယ်လို့လည်း ဖတ်ဖူးတယ်။ ရှေးအခါကတော့ အဲဒီ့ဝိုင်ထဲမှာ အဆိပ်ခတ် မထားပါကြောင်း ခိုင်လုံအောင် သက်သေထူတဲ့အနေနဲ့ အိမ်ရှင်က အရင် သောက်ပြတာလို့လည်း ဖတ်ဖူးပါတယ်။

အားလုံး စားလို့ သောက်လို့ ပြီးပြီပေါ့။ အချိုတဲပြီပေါ့။

အဲဒီ့မှာ ဖြစ်တာလေးကို ပြောချင်လို့ သည်လောက် အစချီနေရတာပါ။

အဲဒီ့အချိန်မှာ စားပွဲထိုးက အရက်ပုလင်း အမျိုးပေါင်း သုံးဆယ်ကျော်လောက် ပါတဲ့ လှည်းလေး တစ်စီးကို တွန်းလာတယ်။ ကျွန်တော်နဲ့ သံအမတ်ကြီးကြားမှာ အဲဒီ့လှည်းက ရပ်သွားတယ်။

“ကဲ… ဘာသောက်မလဲ”

ကျွန်တော် သိတယ်။ ဒါ အစာပိတ် သောက်တဲ့ အရက်တွေ။ တချို့ဟာတွေကို ကျွန်တော် မြင်ဖူးတယ်။ တချို့ဆိုတာက အဲဒီ့ အမျိုးပေါင်း သုံးဆယ်ကျော်ထဲက လေး၊ ငါး၊ ခြောက်ပုလင်းလောက်ပေါ့။ ကျန်တာတွေက မြင်ကို မမြင်ဖူးဘူး။ ဘာတွေမှန်းလဲ မသိဘူး။ တော်တော်တော့ ခေါင်း နောက်စရာ ကောင်းနေတယ်။ ဒါပေမယ့် သိကလည်း သိချင်တယ်။

အဲတော့ ကျွန်တော် ဘာ ပြန်ပြောလိုက်တယ် မှတ်သလဲ။ ဟုတ်ကဲ့…

“အစာပိတ်သောက်တဲ့အရက်တွေ သည်လောက် အများကြီး ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူးဗျာ။ အဲတော့ ကျွန်တော့်ကို ခင်ဗျားကပဲ ဘယ်ဟာက ဘာ ကောင်းတယ်ဆိုတာ တစ်ဆိတ်လောက် ရှင်းပြပါလား”ပေါ့။

သံအမတ်ကြီးကလည်း သဘောမနောကောင်းစွာပဲ ပြုံးပါတယ်။ ပြီးတော့ အရက်ပုလင်းတွေကို သူ့လက်နဲ့ ကိုင်ပြီး နေရာတွေ တဂွပ်ဂွပ် ရွှေ့တယ်။ အုပ်စု နှစ်စု ခွဲလိုက်တာပါ။ သူ့စိတ်တိုင်းကျတော့မှ သူက စကား စတယ်။

“အကြမ်းပြောရင် အစာပိတ် သောက်တဲ့ အရက်က နှစ်မျိုးရှိတယ်။ အချိုတဲတဲ့ အရက်နဲ့ အစာကြေအောင် သောက်တဲ့အရက်။ သည်အုပ်စုက အချို၊ သည်အုပ်စုက အစာကြေဖို့။ ဟုတ်ပြီလား”

“ဟုတ်ကဲ့…”

ကျွန်တော်တို့ မြန်မာတွေ အလွန်သိသလို ဆရာသော်တာဆွေတောင် ဝတ္ထုရေးခဲ့ဖူးတဲ့ “ဘရန်ဒီ”ဆိုတာဟာ အဲသလို အစာပိတ်သောက်တဲ့ အရက်ပါ။ အစာကြေအောင် သောက်တာပါ။ ကော့ညက်လို့လည်း ခေါ်ပါတယ်။

ပြီးတော့မှ တစ်ပုလင်းချင်းကို ကိုင်ပြီး သံအမတ်ကြီးက ရှင်းပြပါတော့တယ်။ အရက်သားကြည်ကြည်ထဲမှာ ရွှေဆိုင်းလို ရွှေရောင် အဖတ် အဖတ် ကလေးတွေ လှုပ်ရှားနေတာလည်း ပါတယ်။ အဲဒါက အသားအရေ လှစေတယ်ဆိုပဲ။  (လှချင်တဲ့ ကျွန်တော်လည်း အပြင်မှာ အဲဒါ လိုက်ရှာကြည့်သေးတယ်ဗျ။ တစ်ခါမှ မတွေ့ပေါင်ဗျာ။ အဲတုန်းက တောင်းခဲ့မိရင် အကောင်းသားနော်။ နိုင်ငံခြားရောက်တဲ့အခါကျတော့ဖြင့် မရှာမိတော့ဘူး။ အိတ်ကပ်ထဲက ပိုက်ဆံလေး နှမျောတဲ့စိတ်က ပြင်းထန်နေလို့။) တချို့ဟာကဖြင့် ယောက်ျားနဲ့ တည့်တယ်၊ ဟိုဟာ ကောင်းတယ်၊ ဘာ၊ ညာပေါ့။ ဒါကတော့ မိန်းမတွေ ကြိုက်တယ်။ ဒါက ပူရှိန်း အရသာ၊ ဒါက ကော်ဖီ အရသာ၊ ဒါက ချောကလက် အရသာ စသဖြင့် သံအမတ်ကြီးက တစ်ပုလင်းချင်း စိတ်ရှည်လက်ရှည် ရှင်းပြပါတယ်။

သူ့စကားလည်း ဆုံးရော ကျွန်တော်လည်း အီစလံဝေနေပြီ။ ခေါင်းလည်း တော်တော် နောက်သွားပြီ။ စကားဆုံးသွားတဲ့အခါ သံအမတ်ကြီးက ပြုံးပြီးတော့ ကျွန်တော့်ကို ထပ်မေးတယ်။

“ကဲ… ဘာသောက်မလဲ”တဲ့။

သူ မေးနေပြန်ပြီ။ ကျွန်တော်လည်း အတော် မူးသွားပြီ။ သူ မေးနေပုံက ကိုင်း… ကိုရင့်ကိုတော့ အကုန်လုံး ခရေစေ့တွင်းကျ ရှင်းပြပြီးပြီ၊ ကိုရင် သောက်ချင်တာ ကိုရင့်ဘာသာ ရွေးပြီး ပြောပေတော့ဆိုတာမျိုးပါ။ သူ စိတ်ရှည်ရှည် ရှင်းပြထားတာကို ထောက်ထားသောအားဖြင့် ကျွန်တော်မျိုးလေးခမျာမှာ ဖြေရပေတော့မယ်။

သို့သော် ကျွန်တော် မရွေးတတ်တာလည်း အမှန်ပဲ။ ဟိုဟာလည်း၊ သောက်ကြည့်ချင်၊ သည်ဟာလည်း မြည်းကြည့်ချင် ဖြစ်နေတယ်။ အဲဒါကတော့ နည်းနည်းမှ မသင့်လျော်မှန်း သိနေတယ်။

ကျွန်တော် ချောက်ကျနေတယ်။

သို့သော် အဲဒီ့အချိန်မှာ ကျွန်တော့်မှာ ဉာဏ်အလင်းတစ်ချက် လက်ခနဲ ထွက်လာတယ်။ ဒါနဲ့ ပြန်ပြောလိုက်ပါတယ်။

“သံအမတ်ကြီးကရော ဘယ်ဟာ သောက်ပါမလဲခင်ဗျား”

သံအမတ်ကြီး မျက်မှောင်ကုပ်သွားတယ်။ တစ်ချက် စဉ်းစားတယ်။ ပြီးတော့ ပုလင်းတစ်လုံးကို ဆွဲမြှောက်လိုက်ပြီ။ “ဒါ သောက်မှာပါ”လို့ ပြန်ဖြေတယ်။

“ဟုတ်ကဲ့… အဲဒါဆိုရင် ကျွန်တော်လည်း အဲဒါပဲ သောက်ပါ့မယ် ခင်ဗျား”ပေါ့။

ဒါလေးများ။

————————————————————–

“(ဆူဒိုနင် ပြောကြားတဲ့) တောသားလည်း ဟုတ်နိုင်ပေါင်ခင်ရယ် ရဲ့ ဒဿမ အခန်းဖြစ်ပါတယ်။ သရုပ်ဖော်ပုံကို ဆရာ ဖေသစ်တည် က ရေးဆွဲပေးပါတယ်။

Just Can’t Be a Bumpkin, My Darling! (Chapters 8 and 9)

08Mealအဲလိုနဲ့ လေယာဉ်ကြီး ထွက်၊ လေယာဉ်မယ်တွေက ဘေးအန္တရာယ် ကင်းရှင်းရေး အစီအမံတွေနဲ့ သရုပ်ပြ ရှင်းလင်း တင်ဆက်၊ ကျွန်တော်က လေယာဉ်မယ် ချောချောလေးကို ငေးစတဲ့ တောင်စဉ်ရေမရတွေကို ကျော်လွှားလိုက်ပြီးသကာလ အစားအသောက် ကျွေးတဲ့ အပိုင်းကို ရောက်လာပါတော့တယ်။

ဟား… သည်မှာလည်း အလုပ်ကြီး အကိုင်ကြီးတန်းက အနိပ်စားပါကလားခင်ဗျ။ သောက်ချင်တဲ့ အရက် သောက်လို့ ရတယ်။ သို့သော် အဲဒီ့အချိန်က ကျွန်တော်တစ်ယောက် အရုးထပြီး အရက်မသောက်တဲ့အချိန် ဖြစ်နေတယ်။ သွေးမတောင်းလို့ မသောက်တာပါ။ အဲတော့ ပေါ့ပေါ့ပါးပါး ဖြစ်မယ့် ဝိုင်တစ်ခွက်ပဲ မှာလိုက်ပါတယ်။


ကနေ့ကျွေးမယ့် စားစရာ စာရင်းကို ဖတ်ကြည့်တော့လည်း ရေ သတ္တဝါ ပင်လယ်စာတွေ ရွေးလို့ ရနေတာမို့ ဝိုင်အဖြူကိုသာ ရွေးချယ်လိုက်တယ်။
အစားအသောက်က ဟိုတယ်အတိုင်းပဲ။ ခံတွင်းနူးစာ ငါးအစိမ်းသုပ်လေးကိုက ဘယ်လိုနိပ်မှန်းမသိဘူး။ ကျွန်တော့်မိတ်ဆွေ လူပျိုကြီးက အမဲသားတင် မစားတာ မဟုတ်ဘူး။ ငါးစိမ်းလည်း မစားတော့ ကျွန်တော်က ဖိုးကျိုင်းတုတ်ပေါ့။ ဆော်လမွန် ပင်လယ်ငါး အစိမ်းကို မကျက်တကျက်လေး ကျပ်တိုက်ပြီး သုပ်ထားတဲ့ ခံတွင်းနူးစာက ကျွန်တော့်လို အစားသရဲအတွက် မဝတဝ ရှိနေတုန်း သူက မစားဘူးဆိုတော့ သူ့ဟာပါ တွယ်ထည့်လိုက်တယ်။

ဝိုင်နဲ့ ပင်လယ်ပုစွန်ကင်၊ အာလူးပြုတ်နဲ့ ထောပတ်နဲ့ နယ်ပြီးမွှေထားတာ၊ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တို့ ပါဝင်တဲ့ အဓိက ဟင်းလျာနဲ့။ တကယ့်ကို နိပ်လှပါတယ်။ ကျွန်တော်က ကုလားစာ၊ တရုတ်စာ၊ မြန်မာ ထမင်းဟင်းများသာမက ဥရောပ အစားအစာတွေကိုလည်း မက်မက်စက်စက် စားလေ့ ရှိပါတယ်။ တစ်နည်းပြောရရင် အစားလောဘ ကြီးလှတယ်။ အစာစုံကိုလည်း စားတတ်တယ်။ သည်တော့ အဲဒီ့ မလေးလေကြောင်းက တည်ခင်းတဲ့ ဥရောပပုံစံ နေ့လည်စာဟာ ကမ္ဘာ့ပထမတန်းစားလို့ မဆိုနိုင်ရင်တောင်မှ ဒုတိယတန်းစားထက် မနိမ့်ဘူးဆိုတာကို သတိထားလိုက်မိတယ်။

အစားအသောက်နဲ့ ပတ်သက်ပြီးရေးတဲ့အခါမှာ ကျွန်တော် ဗျာများခဲ့ရပုံလေး တစ်ကွက်ကို သတိရလို့ မဆီမဆိုင် လှည့်ပြောလိုက်ချင်ပါတယ်။

09Luncheon၁၉၈၈ ခုနှစ် ဇူလိုင်လမှာ ကျွန်တော်ဟာ အီးယူလို့ ခေါ်တဲ့ ဥရောပသမဂ္ဂရဲ့ ဘာသာပြန်အလုပ်ကို ရခဲ့ပါတယ်။ အဲဒီ့ရာထူးနေရာကို ကျွန်တော်နဲ့ စခဲ့တာ ပါ။ ကျွန်တော်က ၂၀ဝ၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အဲဒီ့ရာထူးမှာ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ကျွန်တော့်နောက်မှာ ဦးကျော်ဇံသာက နှစ်နှစ်၊ သုံးနှစ်လောက် တာဝန်ယူတယ်။ သူ့နောက်မှာ မကြာသေးခင်က ကွယ်လွန် တိမ်းပါးသွားတဲ့ မြန်မာ့အသံ အင်္ဂလိပ်ပိုင်း အစီအစဉ်က သတင်းကြေညာသူဟောင်း ဦးအုံးခိုင် (ခေါ်) Kendley Smith က ဆက်လုပ်ခဲ့ ပါတယ်။ ဦးအုန်းခိုင် ကွယ်လွန်ပြီးတဲ့နောက်မှာတော့ အဲဒီ့ရာထူးနေရာလည်း မထားတော့ပါဘူး။


အဲ… ရုံးခန်းကိုတော့ ဥရောပသမဂ္ဂဝင် နိုင်ငံတွေထဲက သံရုံး ပရိဝုဏ် အကျယ်ပြန့်ဆုံး ရှိလေတဲ့ ကမ်းနားလမ်း ဗြိတိသျှသံရုံးမှာ ပေးထားပါတယ်။ သို့သော် ကျွန်တော့်အလုပ်ရှင်တွေက ဗြိတိသျှတွေချည်း မဟုတ်ဘူး။ မြန်မာနိုင်ငံမှာသံရုံးရှိတဲ့ ဥရောပသမဂ္ဂဝင် နိုင်ငံတွေ ဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီနဲ့ အီတလီတို့လည်း ပါဝင်ပါတယ်။ အသေချာဆုံးကတော့ ကျွန်တော့်လခကို လေးပုံ ပုံပြီး အဲဒီ့ သံရုံး လေးရုံးက တစ်ပုံစီ ခွဲပေးကြတာပါ။

ကျွန်တော့်ကို ခန့်တုန်းက တစ်လမှ မြန်မာငွေ ကျပ်၂၀ဝ၀ နဲ့ ခန့်ခဲ့ တာပါ။ အဲတုန်းကတော့ တခြား သံရုံးတွေက ဗြိတိသျှသံရုံးကို ပိုက်ဆံပေး၊ ဗြိတိသျှသံရုံးက လကုန်ရင် သူ့ရုံးက တိုင်းရင်းသား ဝန်ထမ်းများနဲ့အတူတူ ကျွန်တော့်ကို လခ ထုတ်ပေးခဲ့ပါသေးတယ်။ သို့သော် လစာက ဒေါ်လာ ဖြစ်သွားချိန်မှာ ကျွန်တော့်အတွက် နစ်နာသလို ဖြစ်နေတာမို့ ကျွန်တော်ပဲ ဆတ်ဆော့လိုက်တဲ့အတွက်၊ ဒါမှမဟုတ် အရေးဆိုလိုက်တဲ့အတွက် နောက်ပိုင်းမှာ သံရုံး လေးရုံးကနေ သူတို့ ကျသင့်တဲ့ ကျွန်တော့်လစာရဲ့ လေးပုံ တစ်ပုံစီကို မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်က ကျွန်တော့် နိုင်ငံခြားငွေ စာရင်းထဲကို သီးခြားစီ ထည့်ပေးခဲ့ကြပါတော့တယ်။ (သည်အကြောင်း အသေးစိတ်ကိုတော့ နောင် အလျဉ်းသင့်တော့မှပဲ ရေးပါတော့မယ်။)


အခုပြောချင်တာက အစားအသောက် ကိစ္စပါ။ ကျွန်တော့် အလုပ်ရှင်များ အနက်မှာ ဗြိတိသျှတွေနဲ့ကတော့ တစ်မိုးတည်းအောက် နေ့စဉ် တွေ့နေကြတာမို့ အထူးပြောစရာမလိုပါဘူး။ ရင်းနှီးတာပေါ့။ အဲတုန်းက ကျွန်တော့်ကို စခန့်ခဲ့တဲ့ ဗြိတိသျှသံအမတ်ကြီးဆိုရင် ကျောင်းဆရာဟောင်းပီပီ သူ အားတာနဲ့ ကျွန်တော့်ကို အင်္ဂလိပ်စာ ခေါ်ခေါ် သင်ပေးတဲ့ အထိပါပဲ။ အဲဒီ့ လူကြီးက အရပ်ကြီး ရှည်သလောက် စိတ်က လက်တစ်ဆစ်ရယ်။ အတော် သံတမန်မဆန်ဘဲ အရပ်သား ဆန်ဆန်၊ ဟောဟောဒိုင်းဒိုင်းနဲ့ ချစ်စရာ ကောင်းလှတဲ့ ဘိုးတော်ကြီးအဖြစ် မှတ်မိနေပါသေးတယ်။


ကျန်တဲ့ဟာတွေကတော့ ကျွန်တော့်ကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့မှ အောက်မေ့ရဲလား မသိဘူး။ လစဉ် ကျွန်တော့်လခ ပေးဖော်ရတာလေးတစ်ခုနဲ့တင် ကျေးဇူးတင်ရမလို ဖြစ်နေတယ်။ ကျွန်တော့်အလုပ်က စာရွက်စာတမ်းတွေ ဘာသာပြန်၊ ပြီးရင် မိတ္တူပွား၊ ရုံးတစ်ရုံးစီက အကြီးအကဲတွေဆီကို လိပ်မူပြီး စာအိတ် တစ်အိတ်စီနဲ့ ပို့ချလိုက်ရတာပါပဲ။ ဘယ်သူကမှလည်း ရရှိကြောင်းတွေ ဘာတွေ အကြောင်းပြန်မနေဘူး။

အဲ… သည်အထဲကမှ ဂျာမန်သံအမတ်ကြီးကကျတော့ ကျွန်တော့်ကို ဂရုတစိုက်ရှိတယ်။ သူတို့နိုင်ငံ အမျိုးသားနေ့ ဧည့်ခံပွဲတွေ ဘာတွေ ဖိတ်ဖော်ရသလို သူ့ရုံးက တိုင်းရင်းသားဝန်ထမ်းတွေနဲ့ ကျွန်တော်နဲ့ကိုလည်း ထိတွေ့ ဆက်ဆံစေတယ်။ ကျွန်တော့်ကိုလည်း ဆယ်ခါ့ရံတစ်ခါ ခေါ်ခက်ပြီး စကားစမြည် ပြောတယ်။ တစ်ချီမှာတော့ သူက ကျွန်တော့်ကို နေ့လည်စာ ကျွေးဖို့ စီစဉ်သဗျ။ ပြောချင်တာက အဲဒီ့ကိစ္စ။ (ခုမှပဲ ရောက်တော့တယ်နော်၊ ဝှူး… မောလိုက်တာ)


ကျွန်တော့်ကို ဘယ်သူ ဘယ်ဝါတွေကိုလည်း တစ်ဝိုင်းတည်း စားဖို့ ဖိတ်ကြားချင်ပါတယ်၊ ကျွန်တော် သဘောတူပါသလားလို့ အရင်လှမ်းမေးပါတယ်။

နေဦး… အဲဒီ့မတိုင်ခင် ကျွန်တော့်ကို ဘယ်နေ့ဘယ်ရက်မှာ နေ့လည်စာ ကျွေးချင်ပါတယ်။ ဂုဏ်ထူးဆောင်ဧည့်သည်(Guest of Honour) အဖြစ် ကျွေးမှာပါတဲ့။ အဲလို လှမ်းပြောတာ ၁၅ ရက်လောက် ကြိုပြောတာ။

အဲဒါ သူတို့ ဓလေ့ပါ။ ကျွန်တော်တို့လို နေ့ခင်းမှာ တက်ရမယ့် ပွဲကို မနက် ၉ နာရီမှ လှမ်းအကြောင်းကြားတာ မဟုတ်ဘူး။  (သည်စာကြောင်းကို ရေးနေတဲ့ ၁၆-၁၁-ဝ၅ နေ့မှာပဲ အဲဒါမျိုး ခံထား ရပါတယ်။ ဖိတ်စာက ကျွန်တော့်ဆီ တိုက်ရိုက်ရောက်မလာဘူး။ ကျွန်တော် ပင်တိုင် ရေးနေတဲ့ စာစောင်တစ်ခုကို ရောက်နေတာ။ အဲဒါ တစ်ဆင့်ဖိတ်ပေးတဲ့သူက ကနေ့ နေ့ခင်းတစ်နာရီမှာ ကျင်းပမယ့်ပွဲကို တက်ဖို့ ကျွန်တော့်ကို မနက်၉နာရီမှာ ဖုန်းဆက်ပြီး လှမ်းအကြောင်းကြားသဗျ။ မသင်းဘူးလား။ ဒါ သည်တစ်ပွဲတည်း မဟုတ်ဘူး။ အပွဲပွဲအလီလီ၊ အချီချီ ကြုံပြီးပြီ။ အမယ်… သူတို့ဘက်ကသာ ကြိုကြိုတင်တင် မပြောဘဲ နီးမှ ကပ်ဖိတ်တာ ရှိရမယ်၊ သည်ကကောင်က ကြိုသိမထားလို့၊ ကြိုပြောထားတဲ့ တခြားကိစ္စ တစ်ခုခုကြောင့် သူတို့ဆီ မသွားဖြစ်ရင် စိတ်က ဆိုးချင်ကြသေးတယ်ခင်ဗျ။ တော်တော် တရားကျစရာကောင်းတယ်။ အမှန်မှာတော့ သူ့အရပ်နဲ့ သူ့ဇာတ်လို့ ဆိုရမယ်ထင်တယ်။ ကျွန်တော်တို့တွေ ဘယ်လောက် အားနေ၊ ယားနေသလဲဆိုတာ အဲသလို ကပ်ဖိတ်လို့ ရတာလေး တစ်ခုတည်းနဲ့တင် ခိုင်လုံနေသလိုမျိုးပဲ။)


ထားပါတော့… ဆိုခဲ့တဲ့အတိုင်း ဂျာမန်သံအမတ်ကြီးရဲ့ အတွင်းရေးမှူး က ကျွန်တော့်ကို ထမင်းကျွေးမယ့်ကိစ္စ၊ ကျွန်တော် အားမယ့်ရက်နဲ့ အိမ်ရှင် အားမယ့်ရက်ကို ၁၅ ရက်လောက် ကြိုညှိတယ်။ ပြီးတော့ သူ ဖိတ်ချင်တဲ့သူတွေကို ကျွန်တော် သဘောတူမတူလည်း ကြိုညှိတယ်။

သဘောက နှစ်ဦးနှစ်ဖက် သိကျွမ်းသူများကို ဖိတ်မယ်ပေါ့။ သို့သော် အဲဒီ့လူတွေက ကျွန်တော်နဲ့ စကားပြောရတာ အပေါက်အလမ်းတည့်မယ့် သူတွေဆိုတာ သေချာရဲ့လားလို့ သွယ်ဝိုက်ပြီး မေးတဲ့သဘောပါ။ ဟုတ်တယ်လေ၊ တစ်ဝိုင်းတည်း ထိုင်စားတဲ့သူတွေချင်း တစောင်းစေးနဲ့ မျက်ချေး ဖြစ်နေရင် ဘယ် မျိုလို့ကျပါ့မလဲ။ အဲဒါဟာ သူတို့ အနောက်တိုင်း ဓလေ့ပါ။ အင်မတန် ချစ်စရာ ကောင်းပါတယ်။ အတုလည်း ခိုးသင့်တယ်လို့ ထင်တယ်။

အဲ… အတုခိုးကောင်းလို့ မိတ်ပျက်ဖူးတာလည်း ရှိတယ်။ တစ်ချီသားမှာ နယ်ကလာတဲ့ မိတ်ဆွေတစ်ယောက်ကို ထမင်းစားဖိတ်တယ်။ သူက သူနဲ့အတူ လူတစ်ယောက်ကို ခေါ်ခဲ့ချင်တယ်။ အဲဒီ့လူကို ဘာကြောင့်မှန်း မသိဘူး၊ ကျွန်တော် မြင်မြင်ချင်း ခံတွင်းမတွေ့ဘူး။ သူ ကောင်းတာတွေ၊ ဆိုးတာတွေ ကျွန်တော် မသိပါဘူး။ သို့သော် သူ့ရဲ့ တမင်လုပ်ထားတဲ့ ယဉ်ကျေးဖွယ်ရာမှုကြီးက ကျွန်တော့်စိတ်ကို အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေတယ်။ ပင်ကို ယဉ်ကျေးနေတာ မဟုတ်ဘဲ အပေါ်ယံကြီးဆိုတာ သိပ်သိသာနေသလိုပဲ။ ကျွန်တော့်စိတ်ကလည်း အဲသလို အပေါ်ယံဆိုရင် တစ်စက်ကလေးမှ ခံစားလို့ မရဘူး။ အဲဒါနဲ့ အဲဒီ့လူကို ဘာ ရန်ငြိုး ရန်စမှ မရှိဘဲ ခပ်ဝေးဝေးကပဲ ရှောင်နေခဲ့တာပါ။ တစ်ယောက်နဲ့ တစ်ယောက် သူ ဘယ်သူ၊ ကိုယ် ဘယ်သူဆိုတာ အပြန်အလှန် သိတယ်။ တွေ့ရင် ထမင်းစားပြီးပြီလား၊ နေကောင်းလားလောက် ပြောတယ်၊ ပြုံးပြတယ်။ သည်လောက်ပဲ။ ဘာတစ်ခွန်းမှ မပိုဘူး။ အဲသလို လူမျိုးကို ကျွန်တော်က ရင်းနှီး ခင်မင်စွာ ဖိတ်ကျွေးတဲ့ ထမင်းစားပွဲမှာ ခေါ်လာမယ်ဆိုတော့ ကျွန်တော်က မခေါ်ခဲ့ပါနဲ့လို့ ပြောမိသွားတယ်။ အမှန်ကတော့ အနောက်တိုင်း ဓလေ့ကို ကူးချလိုက်တာပါ။ အဲတော့ဗျာ… နောက်ပိုင်း အဲဒီ့မိတ်ဆွေ နယ်က လာတဲ့အခါ ကျွန်တော့်ကို အကြောင်းတောင် မကြားတော့ဘူးခင်ဗျ။ သူ ချစ်တဲ့သူ ခင်တဲ့သူကို ကျွန်တော်က အောင့်ပြီး မနမ်းနိုင်တဲ့ကိစ္စကို အပြစ်တစ်ခုလို့ ကောက်ယူသွားပုံ ရပါတယ်။ မိတ်ကို ပျက်ရော။


သူတို့တွေမှာတော့ အဲဒါမျိုးမရှိဘူး။ လူကို လူလို အတည့်ပဲမြင်တော့ ကိုယ်နဲ့မတူတိုင်း ကိုယ့်ရန်သူလို့ မသတ်မှတ်ဘူး။ လူဆိုတာ အကြိုက်တွေ၊ စရိုက်တွေ ကွဲပြားနေမှာပေါ့။ ကိုယ်ချစ်တဲ့သူကို လိုက်ချစ်မှ၊ ခင်မှဆိုရင် အမလေး… မတွေးရဲစရာကြီးခင်ဗျ။ ကျွန်တော်ချစ်တဲ့သူကိုတော့ ဘယ်သူမှ လိုက်မချစ်စေချင်ဘူး။ (မချစ်ကြပါနဲ့နော်၊ ကြောက်လွန်းလို့ပါ။)

ဆိုခဲ့သလို ကျွန်တော့်ကို တစ်စားပွဲထဲ အတူစားဖို့ ဖိတ်ကြားမယ့်သူတွေကို သဘောတူ၊ မတူ မေးပါတယ်။ သူ့ရုံးက တိုင်းရင်းသားဝန်ထမ်းတွေ၊ ကျွန်တော်နဲ့ အလုပ်သဘောအရ ဆက်စပ်နေသူတွေပါပဲ။ ကျွန်တော်ကလည်း ဖိတ်ပါလို့ ပြောလိုက်ပါတယ်။

ပြီးတော့ သူက ဘာစာ စားချင်သလဲလို့ မေးပါတယ်။ မြန်မာထမင်းဟင်း၊ တရုတ်စာ၊ အိန္ဒိယအစားအစာ၊ ဥရောပစာ အကုန်ဖြစ်နိုင်တယ်တဲ့။ အဲတော့ ကျွန်တော်ကလည်း ခပ်တည်တည်ပဲ၊ ဂျာမန်စာ စားချင်ပါတယ်လို့ ပြောလိုက်ပါတော့တယ်။ ကျွန်တော်က စုံချင်တဲ့ကောင်လေ။ အဲတော့လည်း ဂျာမန်စာပေါ့။ နည်းနည်းမှ မလျှော့ဘူး။

အမှန်တော့ ကျွန်တော့်ကိုသတ်သတ်ဖိတ်ကျွေးတဲ့ပွဲ၊ တစ်နည်းပြောရရင် ကျွန်တော့်ကို ဂုဏ်ထူးဆောင် ဧည့်သည်အဖြစ် ဖိတ်ကျွေးတဲ့ ပွဲဖြစ်တာမို့ ဘယ်သူတွေကို ဖိတ်မယ်၊ ဘာအစားအစာ စားမယ်ဆိုတာတွေ ကျွန်တော်နဲ့ ကြိုညှိတာပါပဲ။ မှတ်မှတ်ရရ၊ အဲဒီ့တစ်ခါပဲ ကျွန်တော်လည်း အဲသလို ဂုဏ်ထူးဆောင် ဧည့်သည် လုပ်ဖူးတယ်။ အလုပ်သဘောအရ စားရသောက်ရတဲ့ တခြား ထမင်းစားပွဲပေါင်းစုံ တက်ဖူးပေမယ့် ဧည့်မြှောင်အဖြစ်နဲ့သာ တက်ဖူးတာပါ။ တစ်ဘဝလုံးမှာ အဲဒီ့ တစ်ခါပဲ ဂုဏ်ထူးဆောင် ဧည့်သည် လုပ်ဖူးတယ်။ သည်အတွက် အဲဒီ့ သံအမတ်ကြီးကို ကျေးဇူးတင်ရပါမယ်။

အဲသလိုနဲ့ လိုတိုရှင်း ပြောရရင် စားပွဲနေ့က ရောက်လာပါတော့တယ်။ နေ့လည်စာဆိုတော့ နေ့ခင်း တစ်နာရီပေါ့။ သူ့အိမ် ရောက်တော့ တခြား ဖိတ်ကြားထားသူတွေလည်း ရောက်နှင့်နေကြပြီ။ ကျွန်တော့်ကို ဘာသောက်မလဲလို့ မေးလိုက်တော့ နေ့ခင်း နေပူပူမို့ ဘီယာပဲ သောက်လိုက်ပါတယ်။

သည်နေရာမှာလည်း အရက် ရွေးတတ်ဖို့ လိုတယ်။ ထမင်းမစားခင် သောက်ရတဲ့ အရက်၊ ထမင်းစားပြီးမှ သောက်ရတဲ့ အရက်တွေ ရှိသလို ထမင်း စားပွဲမှာ အရက်မသောက်ရတာအထိ ကျွန်တော်က ကောင်းကောင်း သိထားတယ်။ သည်ဝန်ထမ်းအလုပ်ကို မလုပ်ခင် ပဝေသဏီကတည်းက နိုင်ငံခြားသားတွေ ကျင်လည်တဲ့ အသိုင်းအဝိုင်းမှာ ငမျောက်ငချောက်အနေနဲ့ ကျွန်တော်က ကျင်လည်ဖူးပြီးသား၊ ပွဲအလီလီ တိုးဖူးပြီးသားဆိုတော့ သည်လောက်ကတော့ နောဧက နောပေါ့။

သည်တော့ ဘီယာပဲ သောက်လိုက်ပါတယ်။ ဂျာမန်ဘီယာခင်ဗျ။ နိပ်တယ်။ နိပ်ပေမယ့် တစ်ခွက်ပါပဲ။ ဧည့်ခန်းထဲမှာ ထမင်းမစားခင် စကားစမြည် ပြောရင်း သောက်ကြတာပေါ့။ မြည်းစရာ သစ်စေ့ပန်းကန်လေးတွေလည်း ရှိတယ်။ သံအမတ်ကြီးက လာတည်တော့ တစ်စေ့နှစ်စေ့ ကောက်ဝါးပေါ့။

—————————————————–

“(ဆူဒိုနင် ပြောကြားတဲ့) တောသားလည်း ဟုတ်နိုင်ပေါင် ခင်ရယ်ရဲ့ အဋ္ဌမနဲ့ န၀မ အခန်းစဉ်များဖြစ်ပါတယ်။

သည်အခန်းစဉ်များအတွက် သရုပ်ဖော်ပုံများကို ရေးဆွဲပေးခဲ့သူကတော့ ဆရာ ဖေသစ်တည် ဖြစ်ကြောင်းပါ။

tJ… twkcdk;aumif;vdkY rdwfysufzl;wmvnf;&dSw,f/ wpfcsDom; rSm e,fuvmwJh rdwfaqGwpfa,mufudk xrif;pm;zdwfw,f/ olu oleJYtwl vlwpfa,mufudk ac:cJhcsifw,f/ tJ’Dhvludk bmaMumifhrSef; rodbl;? uRefawmf jrifjrifcsif; cHwGif;rawGUbl;/ ol aumif;wmawG? qdk;wmawG uRefawmf rodygbl;/ odkYaomf olY&JU wrifvkyfxm;wJh ,Ofaus;zG,f&mrIBuD;u uRefawmfhpdwfudk tBuD;tus,ftaESmifh t,Suf jzpfapw,f/ yifudk ,Ofaus;aewmr[kwfbJ tay:,HBuD; qdkwm odyfodomaeovdkyJ/ uRefawmfhpdwfuvnf; tJovdktay:,H qdk&if wpfpufuav;rS cHpm;vdkYr&bl;/ tJ’geJY tJ’Dhvludk bm &efNidK; &efprS r&dSbJ cyfa0;a0;uyJ a&SmifaecJhwmyg/ wpfa,mufeJY wpf a,muf olb,fol? udk,fb,folqdkwm tjyeftvSef odw,f/ awGU&if xrif;pm;NyD;NyDvm;? aeaumif;vm;avmuf ajymw,f? ûyH;jyw,f/ onfavmufyJ/ bmwpfcGef;rS rydkbl;/ tJovdk vlrsdK;udk uRefawmfu &if;ESD;cifrifpGm zdwfauR;wJh xrif;pm;yGJrSm ac:vmr,fqdkawmh uRef awmfu rac:cJhygeJYvdkY ajymrdoGm;w,f/ trSefuawmh taemufwdkif; “avhudk ul;csvdkufwmyg/ tJawmhAsm… aemufydkif; tJ’DhrdwfaqG e,fuvmwJhtcg uRefawmfhudk taMumif;awmif rMum;awmhbl;cifAs/ olcspfwJhol cifwJholudk uRefawmfu atmifhNyD; rerf;EdkifwJhudpöudk tjypfwpfckvdkY aumuf,loGm;yHk&ygw,f/ rdwfudk ysufa&m/
olwdkYawGrSmawmh tJ’grsdK;r&dSbl;/ vludk vlvdk twnfhyJjrifawmh udk,feJYrwlwdkif; udk,fh&efolvdkY rowfrSwfbl;/ vlqdkwm tBudKufawG? p½dkufawG uGJjym;aerSmaygh/ udk,fcspfwJholudk vdkufcspfrS? cifrSqdk&if trav;… rawG;&Jp&mBuD;cifAs/ uRefawmfcspfwJholudkawmh b,f olrS vdkufrcspfapcsifbl;/ (rcspfMuygeJYaemf? aMumufvGef;vdkYyg/)
qdkcJhovdk uRefawmfhudk wpfpm;yGJxJ twlpm;zdkY zdwfMum;r,fholawG udk oabmwl? rwl ar;ygw,f/ olY½Hk;u wdkif;&if;om;0efxrf;awG? uRefawmfeJY tvkyfoabmt& qufpyfaeolawGygyJ/ uRefawmfu vnf; zdwfygvdkY ajymvdkufygw,f/
NyD;awmh olu bmpmpm;csifovJvdkY ar;ygw,f/ jrefrmxrif; [if;? w½kwfpm? tdE´d,tpm;tpm? Oa&mypm tukefjzpfEdkifw,fwJh/ tJawmh uRefawmfuvnf; cyfwnfwnfyJ? *smrefpm pm;csifygw,f vdkY ajymvdkufygawmhw,f/ uRefawmfu pHkcsifwJhaumifav/ tJawmh vnf; *smrefpmaygh/ enf;enf;rS ravQmhbl;/
trSefawmh uRefawmfhudkowfowfzdwfauR;wJhyGJ? wpfenf;ajym&&if uRefawmfhudk *kPfxl;aqmif{nfhonftjzpf zdwfauR;wJh yJGjzpfwmrdkY b,folawGudk zdwfr,f? bmtpm;tpm pm;r,fqdkwmawG uRefawmfeJY BudKnd§wmygyJ/ rSwfrSwf&&? tJ’DhwpfcgyJ uRefawmfvnf; tJovdk *kPfxl;aqmif{nfhonfvkyfzl;w,f/ tvkyfoabmt& pm;&aomuf& wJh wjcm; xrif;pm;yGJaygif;pHkwufzl;ayr,fh {nfhajr§miftjzpfeJYom wufzl;wmyg/ wpfb0vHk;rSm tJ’DhwpfcgyJ *kPfxl;aqmif{nfhonf vkyfzl;w,f/ onftwGuf tJ’Dh oHtrwfBuD;udk aus;Zl;wif&ygr,f/
tJovdkeJY vdkwdk&Sif;ajym&&if pm;yGJaeYu a&mufvmygawmhw,f/ aeYvnfpmqdkawmh aeYcif; wpfem&Daygh/ olYtdrfa&mufawmh wjcm; zdwfMum;xm;olawGvnf; a&mufESifhaeMuNyD/ uRefawmfhudk bmaomuf rvJvdkY ar;vdkufawmh aeYcif; aeylylrdkY bD,myJ aomufvdkufygw,f/
onfae&mrSmvnf; t&ufa&G;wwfzdkY vdkw,f/ xrif;rpm;cif aomuf&wJht&uf? xrif;pm;NyD;rS aomuf&wJht&ufawG&dSovdk xrif; pm;yGJrSm t&ufraomuf&wmtxd uRefawmfu aumif;aumif;odxm; w,f/ onf0efxrf;tvkyfudk rvkyfcif ya0oPDuwnf;u EdkifiHjcm; om;awG usifvnfwJhtodkif;t0dkif;rSm iarsmufiacsmuftaeeJY uRef awmfu usifvnfzl;NyD;om;? yGJtvDvD wdk;zl;NyD;om;qdkawmh onf avmufuawmh aem{u aemaygh/
onfawmh bD,myJ aomufvdkufygw,f/ *smrefbD,mcifAs/ edyfw,f/ edyfayr,fh wpfcGufygyJ/ {nfhcef;xJrSm xrif;rpm;cif pum;pjrnf ajym&if; aomufMuwmaygh/ jrnf;p&m opfaphyef;uef av;awGvnf; &dSw,f/ oHtrwfBuD;u vmwnfawmh wpfaphESpfaph aumuf0g;aygh/

Just can’t be a bumpkin, my darling (Chapters 6 and 7)

06Wowထားပါတော့ဗျာ။


နောက်ပိုင်းကျတော့ ကျွန်တော်လည်း သတင်းစာဖတ်နေလိုက်တာပေါ့။ စားစရာတွေက အများကြီးပေမယ့် အသားညှပ်ပေါင်မုန့် ပေါက်စလေး နှစ်ခုလောက်ပဲ ကြိတ်လိုက်ပြီး ကော်ဖီပဲ သောက်ခဲ့ပါတယ်။ အစားအသောက် စားချင်စိတ်လည်း ပျောက်နေတယ်။


အမှန်တော့ တစ်ခါမှ မသွားဖူးတဲ့ ခရီးစဉ်ကို ထွက်လာတာမို့ စိတ်လှုပ်ရှားနေတာ ဖြစ်ပါလိမ့်မယ်။

သည်လိုနဲ့ အချိန်တန်တော့ လေယာဉ်ပေါ်ရောက်ရော ဆိုပါစို့။

အလဲ့ကွဲ့…

လေယာဉ်ပေါ်တက်ရတာကလည်း ကျွန်တော့်အတွက်တော့ အဆန်းခင်ဗျ။

ကျွန်တော်က လူမှန်း မသိခင်ကတည်းက လေယာဉ်ပျံကို ဥဒဟို စီးခဲ့ရသူပါ။ ကျွန်တော့်အဖေက ဟိုး ကယားပြည်နယ်၊ လောပိတ ရေအား လျှပ်စစ် စီမံကိန်းမှာ အလုပ်လုပ်တာဆိုတော့ အဲဒီ့အချိန်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါးတုန်းက လေယာဉ်နဲ့ သွားမှ အဆင်ပြေခဲ့လေသပေါ့။

အဲတော့ဗျာ။ လေယာဉ်ပျံပေါ်ကို လှေကားကပဲ တက်ခဲ့ဖူးပါတယ်။ လေဆိပ် နားနေဆောင်က လေယာဉ်ဆီကိုတော့ ခြေလျင်လျှောက်ရသပေါ့ဗျာ။ အခုကာလ ရန်ကုန်နဲ့ မန္တလေးက လေဆိပ်တွေမှာတော့ ကိုက် သုံး လေးရာ သာသာလောက် ခရီးကို ဘတ်(စ်)ကားကြီးတွေနဲ့ သယ်ပို့ပေးနေပါတယ်။

ဟိုမှာကျတော့ အဲသလို မဟုတ်ဘူးခင်ဗျ။ လေအေးပေးစနစ်ကြောင့် အေးစိမ့်နေတဲ့ လေဆိပ်ထဲမှာတင် အေးအေးလူလူ (ကျွန်တော့်အတွက်တော့ ထော့ကျိုးထော့ကျိုးပေါ့) လမ်းလျှောက်သွားရတယ်။ ပြီးတော့ လုံခြုံရေး စစ်ဆေးတဲ့ နေရာကို ကျော်ဖြတ်ရတယ်။ ပြီးတော့ မှန်လုံခန်းကြီးထဲက အောက်တစ်ထပ်ကို ဆင်းရတယ်။

ပြီးတဲ့အခါကျတော့ မှန်လုံခန်းကနေ ကော်ဇောခင်းထားတဲ့ အခန်းကူး စင်္ကြံကနေ အခန်းကူးလိုက်တာနဲ့ လေယာဉ်ပေါ် ရောက်သွားပါရောလား။


ဒွန်မောင်းလေဆိပ်ကို အဝင်တုန်းက အဲသလို မဟုတ်ဘူး။ လှေကားက ဆင်း၊ ဘတ်(စ်)ကားပေါ် တက်စီးပြီးမှ လေဆိပ်ထဲ ရောက်ခဲ့တာ။ အခုကျတော့မှ  လေဆိပ်ထဲက ကိုက် ၂၀လောက် လျှောက်လိုက်တာနဲ့ လေယာဉ်ပေါ် တန်းရောက်သွားတော့တာ ဖြစ်နေပါတယ်။

ဒါလည်း နည်းပညာပါပဲ။ အခုဖွင့်ထားတဲ့ တံတားဦးက မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးမှာလည်း အဲဒါတွေ မျက်စိနဲ့ မြင်နိုင်ပါတယ်။ လေဆိပ်အဆောက်အအုံကနေ လေယာဉ်တံခါးဝကို တန်းချိတ်ပေးတဲ့ စင်္ကြံလမ်း အရှင်တွေပါ။

တစ်ခုပါပဲ။ အဲဒါတွေက လေယာဉ်ပျံမြင့်မြင့်ကြီးတွေအတွက်သာ ဖြစ်တာမို့ ကျွန်တော်တို့ဆီက လေယာဉ်ပျံစင် မမီလှတဲ့ ဂျက်လေယာဉ် အသေးစားတွေ၊ ပန်ကာတပ် လေယာဉ်တွေနဲ့ကျတော့ အံမကျဘူး။ ဘိုးအင်း လေယာဉ်ကြီးတွေလို လေယာဉ်ကြီးတွေနဲ့မှ အံဝင်တာပါ။ အဲတော့လည်း ပြည်တွင်း ခရီးသွားတဲ့အခါ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်သည့်တိုင် အဲဒီ့အပေါ်မှာ လမ်းလျှောက်ခွင့်ကိုတော့ ဘယ်တော့မှ ရစရာ အကြောင်းမရှိပါဘူး။ ပြည်တွင်း ခရီးစဉ်ဆိုတာကလည်း ဘိုးအင်းကြီးတွေနဲ့ ဘယ်လိုမှ သွားလို့ မဖြစ်ဘူးလေ။  အိမ်တစ်အိမ်ရဲ့ ထမင်းစားခန်းကနေ ဧည့်ခန်းရှိရာကို မော်တော်ဆိုင်ကယ်နဲ့ သွားလို့ မဖြစ်သလိုပေါ့။


အဲသလို အခန်းကူးလိုက်ရုံနဲ့ လေယာဉ်ပေါ် တန်းရောက်သွားတဲ့ အရသာကို ပထမဆုံး ခံစားဖူးတဲ့အခါ နည်းနည်းတော့ ဘဝင်မြင့်ချင်သလို ဖြစ်သွားပါတယ်။ ပိုမြင့်ချင်စရာကောင်းတာက အလုပ်ကြီးအကိုင်ကြီးတန်း စီးတဲ့လူတွေက အရင်ဆုံး သွားရတာပဲ။ ချွေတာရေးတန်းသမားတွေက တန်းစီပြီး စောင့်နေရပေမယ့် အလုပ်ကြီးအကိုင်ကြီးတန်းက လူတွေကတော့ အေးအေးလူလူပဲ။

အခန်းကူးစင်္ကြံကလည်း စိတ်ထင် ဆယ်ပေ၊ ဆယ့်ငါးပေတော့ ကျယ်မယ် ထင်တယ်။ အဲဒီ့စင်္ကြံအဆုံး လေယာဉ်တံခါးဝမှာတော့ လေယာဉ်မယ်လေးတွေက အပြုံးချိုချိုလေးတွေနဲ့ ဆီးကြိုနေကြပါတယ်။

အဲသလို တစ်ခါမှ လေယာဉ်ပေါ်မတက်ဖူးခဲ့လေတဲ့ ကျွန်တော့်အတွက် နည်းနည်းတော့ ကြောင်သွားတယ်။ လေယာဉ်ဆီကို ရောက်ပါပေါ့လားဆိုတဲ့ အသိက စက္ကန့်ပိုင်းလောက် နောက်ကျလို့နေတယ်။


တကယ်ပါ။ လေယာဉ်ပျံပေါ်ကို လှေကားနဲ့သာ တစ်သက်လုံး တက်လာခဲ့တဲ့သူအတွက် အခန်းကူးလိုက်ရုံနဲ့ အဆောင်ထဲကနေ လေယာဉ်ထဲ တန်း ရောက်သွားခြင်းဟာ တော်တော့်ကို မျက်စိလည်စရာကြီး ဖြစ်သွားပါ တယ်။

ဟား… လောယာဉ်ကြီးကလည်း အကျယ်ကြီးပါလား။ ဘေးတိုက် ယှဉ်ချထားတဲ့ ထိုင်ခုံတန်းက သုံးတန်းပါတယ်။ ကြားက လျှောက်လမ်းက ကျွန်တော်တို့ စီးနေကျတွေလို အလယ်မှာ တစ်လမ်းတည်း မဟုတ်ဘူး။ အလယ်မှာက ငါးယောက်ထိုင်(လို့မှတ်တာပဲ) ခုံတန်း ရှိတယ်။ သူ့ဘေး တစ်ဖက်တစ်ချက်မှာ လျှောက်လမ်း တစ်လမ်းစီ။ ပြီးရင် ပြတင်းနဲ့ ကပ်လျက်မှာက နှစ်ယောက်ထိုင် ထိုင်ခုံတန်း။ စုစုပေါင်း တစ်တန်းမှာ လူ ကိုးယောက် (လို့မှတ်တာပဲ)တော့ ကျယ်ကျယ်လွင့်လွင့် ထိုင်လို့ရသဗျ။

အလုပ်ကြီးအကိုင်ကြီးတန်းအတွက်က ထုံးစံအတိုင်း လေယာဉ်ဦးပိုင်းမှာ နေရာပေးထားတာမို့ ကျွန်တော်တို့ နှစ်ယောက်လည်း လေယာဉ်ရဲ့ ညာဘက်အစွန်က နှစ်ယောက်ထိုင်ခုံတန်းမှာ ဝင်ထိုင်လိုက်ကြပါတယ်။ ကျွန်တော်က လျှောက်လမ်းနဲ့ ကပ်လျက်၊ ကျွန်တော့်မိတ်ဆွေက ပြတင်းနဲ့ ကပ်လျက်။

လေယာဉ်ကြီးရဲ့ ကြီးကျယ်မှုကို ကြည့်ပြီး ရင်သပ်ရပြန်တယ်။ လေယာဉ်နဲ့တောင် မတူဘူး။ ဓာတ်ရှင်ရုံ အသေးစားလေးကျလို့။ ဟုတ်တယ်လေ။ ကျွန်တော်တို့ မျက်နှာမူရာဘက်မှာက ရုပ်မြင်သံကြား ပိတ်ကားပြား အကြီးကြီးကို အခန်းဆီး နံရံမှာ တပ်ထားတယ်။

ဘာမှတော့ ပြမထားပါဘူး။ မလေးရှား လေကြောင်းအမှတ်တံဆိပ်နဲ့ စာတန်းကိုပဲ အသေထိုးပြထားပါတယ်။

07Hostessပထမဆုံး စသတိထားမိတာကတော့ အတော့်ကို ချောမောလှပတဲ့ မလေး လေယာဉ်မယ်လေးပါပဲ။ အခုသည်စာရေးတဲ့အချိန်မှာ အဲဒီ့ခရီးကို သွားခဲ့တာ ခြောက်နှစ်ကျော်လို့ ခုနစ်နှစ်အတွင်းကို ကောင်းကောင်းကြီး ချင်းနင်း ဝင်ရောက်ခဲ့ပါပြီ။ သို့သော်လည်းပေါ့လေ… သည်စာရေးနေချိန်မှာတောင် အဲဒီ့ လေယာဉ်မယ်လေးရဲ့မျက်နှာကို ပြက်ပြက်ထင်ထင်ကြီးကို မြင်ယောင်နေမိဆဲ ဖြစ်ရတဲ့အထိ သူ့အလှက မျက်စိထဲမှာ စွဲနေပါတယ်။

ဟုတ်ကဲ့… ကျွန်တော် ဘယ့်ကလောက်များ ငမ်းခဲ့သလဲဆိုတာ အဲဒါနဲ့တင် အတော် ထင်ရှားသွားလောက်ပါပြီ။ တကယ်ပါဗျာ၊ သူချောပုံက ကျွန်တော့်စိတ်ထဲမှာ ဘရူနိုင်းဘုရင် ဖြစ်ချင်တဲ့စိတ်တောင် ပေါက်လာ တယ်။ ဟုတ်တယ်လေ၊ ဒါမှ သူ့ကို တော်ကောက်လို့ ရမှာကိုး။ အခုတော့ ရုံးစရိတ်နဲ့ အလုပ်ကြီး အကိုင်ကြီးတန်းမှာ ဂိုက်အပြည့်နဲ့သာ တက်ထိုင်နေရတယ်၊ အိတ်ထဲမှာ ကိုယ်ပိုင် ပိုက်ဆံက ဒေါ်လာ သုံးရာလားပဲ ပါတဲ့ အကောင်။ ရုံးက ပေးလိုက်တဲ့ နေ့တွက်တွေ၊ ဟိုတယ်ခတွေ ထည့်ပေါင်းတောင်မှ တစ်ထောင်ကျော်လေးပါတာ။ ဘယ်လိုလုပ်ပြီး အဲဒီ့လေယာဉ်မယ် ချောချောလေးကို ချိတ်လို့ရပါ့မလဲ။

တကယ်ပါဗျာ။ အိတ်ထဲမယ် သုံးထောင်လောက်သာပါလာ၊ သူ့ကို စကားရော ဖောရော လုပ်၊ အဆင်သင့်ရင် တစ်ခုခုစားဖို့ ဖိတ်၊ လိပ်စာ တောင်း၊ ဘာညာ လုပ်မိသွားမယ်ထင်တယ်။ အဟဲ… စိတ်မရှိပါနဲ့ခင်ဗျာ။ ကျွန်တော်က ဘုန်းကြီးလည်း မဟုတ်၊ မိန်းမလျာလည်း မဟုတ်လေတော့ ကျန်တဲ့ တစ်မျိုးပေါ့ခင်ဗျ။

လေယာဉ်မယ်နှစ်ယောက်မှာ ကျန်တစ်ယောက်ကကျတော့ အသက် ၃၅နှစ်လောက် ရှိမယ့် တရုတ်အမျိုးသမီးပါ။ သူကတော့ ကြည့်ပျော်တဲ့ ရုပ်လောက်ပဲ ရှိပါတယ်။ ဟိုဟာလေးကတော့ ကုလားဆင်လေး၊ အသား ညိုဝင်းဝင်းလေးနဲ့  အသက်အစိတ် ပတ်ဝန်းကျင်လောက်သာ ရှိလေဦးမယ့် တကယ့်အချောစားလေး ခင်ဗျ။ ခုတွေး ခုပြန်မြင်တယ်။

ကျွန်တော့်ဘေးက ခရီးက မိတ်ဆွေက လူပျိုကြီး။ အသက်က ကျွန်တော့်ထက် ကြီးလေတော့ ငါးဆယ်တန်းကို ရောက်နေပြီ။ ကျွန်တော်က အဲဒီ့အချိန်မှာ ၄၂ နှစ်ထဲ ဝင်ခါစ။ (ထလို့ ကောင်းတဲ့ အရွယ်ပေါ့ ခင်ဗျာ။) မိတ်ဆွေ လူပျိုကြီးက မိန်းကလေးတွေကို စိတ်ဝင်စားပုံ မရဘူး။ မိန်းကလေးတွေကို စိတ်မဝင်စားလို့ ယောက်ျားလေးတွေကို  စိတ်ဝင်စားတယ်လို့ ဆိုလိုတာမဟုတ်ဘူးနော်။ သူ့ခမျာ အမဲသားမစားဖူးတဲ့သူလို ဖြစ်နေတာပါ။ ကျွန်တော်ကတော့ အမဲသားကို နည်းမျိုးစုံနဲ့ စားဖူးတော့ နွားမြင်တိုင်း လက်ညိုးထိုးမိနေတာပေါ့။

ဒါပေမယ့် အဲဒီ့နွားလေး… အဲလေ… အဲဒီ့လေယာဉ်မယ်လေးက ကျွန်တော့်ရှေ့မှာတော့ ဘယ် တစ်ချိန်လုံး အလှပြနေပါ့မလဲ။ သူ့အလုပ်သူ လုပ်ရင်း လေယာဉ်ရဲ့ ရှေ့ပိုင်း နောက်ပိုင်းမှာ ပျားပန်းခပ်နေရရှာသပေါ့။ အဲတော့ သူ့အရိပ်ကလေး ပျောက်သွားချိန်မှာ ကျွန်တော့်ရှေ့က ထိုင်ခုံရဲ့ နောက်မှီမှာ ကပ်ချုပ်ထားတဲ့ အိတ်ရှုံ့လေးထဲ ထိုးထည့်ထားတဲ့ လေယာဉ်နဲ့ ပတ်သက်တဲ့ အချက်အလက်စာစောင်ရယ်၊ လေကြောင်းလိုင်းက ထုတ်ဝေတဲ့ မဂ္ဂဇင်းလေးရယ်ကို ဆွဲယူ လှန်လှောလိုက်ပါတော့တယ်။

ဟား… ကျွန်တော့် ထိုင်ခုံလက်တန်းတစ်ဖက်တစ်ချက်မှာ အံလေး တစ်ခုစီပါတယ်။ အဲဒီ့အံလေးထဲမှာ ခေါက်စားပွဲလေးက တစ်ခု။ ပြီးတော့ ခေါက်ထားတဲ့ ရုပ်မြင်သံကြား ပေါက်စလေး တစ်ခု ပါတယ်ခင်ဗျ။ အင်း… အသားကျတော့မှ ထုတ်ကြည့်ဦးမယ်ဆိုပြီး တေးထားလိုက်ပါတယ်။ အမယ်… ပြီးတော့ နောက်လက်တန်းတစ်ဖက်မှာက ကြိုးတန်းလန်းနဲ့ အဝေးထိန်းခလုတ် (remote control)လည်း ပါသေးတယ်။ အဲဒီ့ဟာလေးကိုတော့ ဖြုတ်ကြည့်လိုက်တယ်။

အလဲ့ကွဲ့… တယ်လည်း နိပ်ပါလား။ ကျောဘက်မှာက ခလုတ် ပေါင်းစုံ ပါတယ်။ စာတန်းတော့မပါဘူး။ ခလုတ်တစ်ခုစီပေါ်မှာ ပုံလေးတွေ ထိုးပြထားတယ်။ နိုင်ငံတကာ ဘာသာစကားပေါ့။ ဂီတသင်္ကေတ ပြထားတာက နားကြပ်နဲ့ သီချင်းနားထောင်ဖို့၊ မီးလုံးလေး ပွင့်နေတဲ့ပုံက စာကြည့်မီးဖွင့်ဖို့ အစရှိသဖြင့်ပေါ့။ အဲဒီ့ တစ်မိုက်သာသာအလျား၊ နှစ်လက်မ သာသာ အနံနဲ့ထု တစ်လက်မ မရှိတရှိလောက် အဝေးထိန်း ခလုတ်လေးကို မျက်နှာစာဘက် လှန်လိုက်ရင်တော့ တယ်လီဖုန်းလေး ဖြစ်သွားတယ်ခင်ဗျ။

လမ်းညွှန်စာအုပ်ရဲ့အလိုအရ အဲဒီ့တယ်လီဖုန်းနဲ့ ကမ္ဘာအရပ်ရပ်ကို ဆက်သွယ်လို့ ရတယ်ဆိုပဲ။ အခကြေးငွေကိုတော့ ခရက်ဒစ်(ထ်)ခါ့(ထ်)လို့ ခေါ်တဲ့ ကြွေးဝယ်ကတ်နဲ့ ပေးလို့ရပါသတဲ့။ ကြွေးဝယ်ကတ်လေး ညှပ်လိုက်စရာ နေရာ ကွဲကြောင်းလေးပါ အဲဒီ့ခလုတ်လေးထဲမှာ အရံသင့် ပါပြီးသား။ နိုင်ငံတကာသုံး ကြွေးဝယ်ကတ်တွေဖြစ်တဲ့ “အမေရိကန်အမြန်”တို့၊ “ပြည်ဝင်ခွင့်”တို့လို ကတ်မျိုးနဲ့မှ ဖြစ်မယ်လို့လည်း ဆိုထားတယ်။

တောက်… နာသကွာ… အဲသလိုကတ်မျိုးကို နိုင်ငံခြားသားတွေ ကိုင်ထားတာ အဝေးကသာ လှမ်းမြင်ဖူးတာ။ လက်နဲ့တောင် တစ်ခါမှ ထိမကြည့်ဖူးဘူး။ အပိုင်ရှိဖို့ကတော့ ဝေလာဝေး။

ရှိများရှိလို့ကတော့ အိမ်က မိန်းမကို ချက်ချင်း လှမ်းဆက်ပြီး လေယာဉ်မယ်လေး ချောလှတဲ့အကြောင်း၊ ကြည့်လို့ကို မဝပါကြောင်း၊ သို့ပေမယ့် သူ့ဟာသူ ဘယ်လောက် လှလှ၊ ကိုယ်မှ မရနိုင်တဲ့အတူတူ၊ ကိုယ့်လက်ထဲမှာ ချောင်ပိတ်မိနေရှာတဲ့ ခင့်ကိုသာ တသသ သတိရနေပါကြောင်း စသဖြင့် လှမ်းချွဲမိသွားနိုင်ပါတယ်။

အခုတော့… အခုတော့ပေါ့။

လက်ထဲမှာ တယ်လီဖုန်းဆိုတဲ့အရာကြီး ကိုင်ပင် ကိုင်ထားသော်ငြား၊ အဲဒါကြီးနဲ့ တစ်ကမ္ဘာလုံး ဘယ်နေရာကိုမဆို လှမ်းဆက်လို့ရတယ်ဆိုတာလည်း အတိအလင်း သိပင်သိသော်ငြား၊ ကျွန်တော့်လက်ထဲမှာ အဲဒီ့ တယ်လီဖုန်းခလောက်ကိုတော့ အသာလေး ပေးနိုင်တဲ့ ငွေကြေး အလုံအလောက် ပါပင်ပါငြား၊ အဲဒီ့အခကြေးငွေ ပေးရမယ့် “နည်းစနစ်”ပိုင်းမှာ မတတ်နိုင်တဲ့အတွက် လက်ထဲက အဝေးထိန်းခလုတ်တစ်ဖြစ်လဲ တယ်လီဖုန်းကြီးက ကျွန်တော့်အတွက် ဘယ်လိုမှ သုံးလို့ မရတော့ပါဘူး။

“ဘယ်သူ့လက်ထဲ ပတ္တမြားရောက်”ဆိုတဲ့ စကားရဲ့ အလျားအတာကို အဲတော့ကျမှ ပတ်ပတ်နပ်နပ် သဘောပေါက်သွားပါတော့တယ်။ တစ်ဆက်တည်းမှာပဲ၊ “နည်းစနစ်/နည်းပညာ”ရဲ့အရေးပါပုံကိုပါ ဆင်ခြင်မိရပြန်တယ်။

သို့သော်လည်းပေါ့လေ… ယောနိသော မနသီကာရ ဆိုပြီး အသင့်အတင့် နှလုံးသွင်းရေး ပုံစံခွက်ထဲကို အဖန်ဖန် ရိုက်အသွင်းခံထားရလို့ ထုသားပေသား ရနေပြီး ဖြစ်လေတော့လည်း ကြိတ်လိုက်မိတဲ့ အံကို အသာ ပြန်လျှော့လိုက်ရင်း အဲဒါလေးကို လက်ကိုင်ထဲက သူ့နေရာလေးမှာသူ ပြန်ထားလိုက်မိရပါတော့တယ်။

xm;ygawmhAsm/
aemufydkif;usawmh uRefawmfvnf; owif;pmzwfaevdkufwmaygh/ pm;p&mawGu trsm;BuD;ayr,fh tom;n§yfaygifrkefY aygufpav; ESpfckavmufyJ BudwfvdkufNyD; aumfzDyJ aomufcJhygw,f/ tpm; taomuf pm;csifpdwfvnf; aysmufaew,f/
trSefawmh wpfcgrS roGm;zl;wJh c&D;pOfudk xGufvmwmrdkY pdwf vIyf&Sm;aewmjzpfygvdrfhr,f/
onfvdkeJY tcsdefwefawmh av,mOfay: a&mufa&mqdkygpdkY/
tvJhuGJU…
av,mOfay:wuf&wmuvnf; uRefawmfhtwGufawmh tqef; cifAs/
uRefawmfu vlrSef;rodcifuwnf;u av,mOfysHudk O'[dk pD;cJh&olyg/ uRefawmfhtazu [dk; u,m;jynfe,f? avmydw a&tm; vQyfppfpDrHudef;rSm tvkyfvkyfwmqdkawmh tJ’Dhtcsdef? vGefcJhwJh ESpfaygif; 50eD;yg;wkef;u av,mOfeJYoGm;rS tqifajycJhavoaygh/
tJawmhAsm/ av,mOfysHay:udk avSum;uyJ wufcJhzl;ygw,f/ avqdyf em;aeaqmifu av,mOfqDudkawmh ajcvsifavQmuf&oaygh Asm/ tckumv &efukefeJY rEÅav;u avqdyfawGrSmawmh udkufoHk;av; &m omomavmuf c&D;udk bwf(pf)um;BuD;awGeJY o,fydkYay;aeyg w,f/
[dkrSmusawmh tJovdk r[kwfbl;cifAs/ avat;ay;pepfaMumifh at;pdrfhaewJh avqdyfxJrSmwif at;at;vlvl (uRefawmfhtwGufawmh axmhusdK;axmhusdK;aygh) vrf;avQmufoGm;&w,f/ NyD;awmh vHkûcHa&; ppfaq;wJh ae&mudk ausmfjzwf&w,f/ NyD;awmh rSefvHkcef;BuD;xJu atmufwpfxyfudk qif;&w,f/
NyD;wJhtcgusawmh rSefvHkcef;uae aumfaZmcif;xm;wJh tcef;ul; pBuøuae tcef;ul; vdkufwmeJY av,mOfay: a&mufoGm;yga&mvm;/
‘Gefarmif;avqdyfudk t0ifwkef;u tJovdk r[kwfbl;/ avSum;u qif;? bwf(pf)um;ay:wufpD;NyD;rS avqdyfxJ a&mufcJhwm/ tckus awmhrS  avqdyfxJu udkuf 20avmufavQmufvdkufwmeJY av,mOf ay: wef;a&mufoGm;awmhwm jzpfaeygw,f/
‘gvnf; enf;ynmygyJ/ tckzGifhxm;wJh wHwm;OD;u rEÅav; tjynfjynfqdkif&m avqdyfopfBuD;rSmvnf; tJ’gawG rsufpdeJY jrifEdkifyg w,f/ avqdyftaqmufttHkuae av,mOfwHcg;0udk wef;csdwfay; wJh pBuøvrf; t&SifawGyg/
wpfckygyJ/ tJ’gawGu av,mOfysHjrifhjrifhBuD;awGtwGufom jzpfwmrdkY uRefawmfwdkYqDu av,mOfysHpif rrDvSwJh *sufav,mOf tao;pm;awG? yefumwyfav,mOfawGeJYusawmh tHrusbl;/ bdk;tif; av,mOfBuD;awGvdk av,mOfBuD;awGeJYrS tH0ifwmyg/ tJawmhvnf; jynfwGif;c&D;oGm;wJhtcg rEÅav;tjynfjynfqdkif&m avqdyfudk a&muf onfhwdkif tJ’Dhtay:rSm vrf;avQmufcGifhudkawmh b,fawmhrS &p&m taMumif;r&dSygbl;/ jynfwGif; c&D;pOfqdkwmuvnf; bdk;tif;BuD;awGeJY b,fvdkrS oGm;vdkY rjzpfbl;av/  tdrfwpftdrf&JU xrif;pm;cef;uae {nfhcef;&dS&mudk armfawmfqdkifu,feJY oGm;vdkY rjzpfovdkaygh/
tJovdk tcef;ul;vdkuf½HkeJY av,mOfay: wef;a&mufoGm;wJh t&omudk yxrqHk; cHpm;zl;wJhtcg enf;enf;awmh b0ifjrifhcsifovdk jzpfoGm;ygw,f/ ydkjrifhcsifp&maumif;wmu tvkyfBuD;tudkifBuD;wef; pD;wJhvlawGu t&ifqHk; oGm;&wmyJ/ acRwma&;wef;orm;awGu wef;pDNyD; apmifhae&ayr,fh tvkyfBuD; tudkifBuD;wef;u vlawGu awmh at;at;vlvlyJ/
tcef;ul;pBuøuvnf; pdwfxif q,fay? q,fhig;ayawmh us,f r,f xifw,f/ tJ’DhpBuøtqHk; av,mOfwHcg;0rSmawmh av,mOfr,f av;awGu tûyH;csdKcsdKav;awGeJY qD;BudKaeMuygw,f/
tJovdk wpfcgrS av,mOfay:rwufzl;cJhavwJh uRefawmfhtwGuf enf;enf;awmh aMumifoGm;w,f/ av,mOfqDudk a&mufygayghvm; qdkwJh todu puúefYydkif;avmuf aemufusvdkYaew,f/
wu,fyg/ av,mOfysHay:udk avSum;eJYom wpfoufvHk; wuf vmcJhwJholtwGuf tcef;ul;vdkuf½HkeJY taqmifxJuae av,mOfxJ wef; a&mufoGm;jcif;[m awmfawmfhudk rsufpdvnfp&mBuD;jzpfoGm;yg w,f/
[m;… avm,mOfBuD;uvnf; tus,fBuD;ygvm;/ ab;wdkuf ,SOfcsxm;wJh xdkifcHkwef;u oHk;wef;ygw,f/ Mum;u avQmufvrf;u uRefawmfwdkY pD;aeusawGvdk tv,frSm wpfvrf;wnf; r[kwfbl;/ tv,frSmu ig;a,mufxdkif(vdkYrSwfwmyJ) cHkwef;&dSw,f/ olYab; wpfzufwpfcsufrSm avQmufvrf; wpfvrf;pD/ NyD;&if jywif;eJY uyf vsufrSmu ESpfa,mufxdkif xdkifcHkwef;/ pkpkaygif; wpfwef;rSm vl udk;a,muf (vdkYrSwfwmyJ)awmh us,fus,fvGifhvGifh xdkifvdkY&oAs/
tvkyfBuD;tudkifBuD;wef;twGufu xHk;pHtwdkif; av,mOfOD;ydkif; rSm ae&may;xm;wmrdkY uRefawmfwdkYESpfa,mufvnf; av,mOf&JU nmbuftpGefu ESpfa,mufxdkifcHkwef;rSm 0ifxdkifvdkufMuygw,f/ uRefawmfu avQmufvrf;eJYuyfvsuf? uRefawmfhrdwfaqGu jywif;eJY uyfvsuf/
av,mOfBuD;&JU BuD;us,frIudk MunfhNyD; &ifoyf&jyefw,f/ av ,mOfeJYawmif rwlbl;/ “mwf&Sif½Hk tao;pm;av;usvdkY/ [kwfw,f av/ uRefawmfwdkY rsufESmrl&mbufrSmu ½kyfjrifoHMum; ydwfum;jym; tBuD;BuD;udk tcef;qD; eH&HrSm wyfxm;w,f/
bmrSawmh jyrxm;ygbl;/ rav;&Sm; avaMumif;trSwfwHqdyfeJY pmwef;udkyJ taoxkd;jyxm;ygw,f/

A Spinster in Trouble

05Linစာဖတ်တဲ့အကြောင်းပြောတော့ သတိရတာလေးတစ်ခု ပြောလိုက်ဦးမယ်။ ကျွန်တော်နဲ့ ခင်နေတဲ့ အပျိုကြီးတစ်ယောက်က ပြောတာပါ။ သူက အနောက်နိုင်ငံ သံရုံးကြီးတစ်ရုံးမှာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတယ်။ မြန်မာတိုင်းရင်းသားပေါ့။


တစ်ချီမှာတော့ သူလည်း ကျွန်တော့်လို ၄၀ ကျော်မှ ကံပေါ်ပြီး နိုင်ငံခြားကို သင်တန်း သွားတက်ဖို့ အကြောင်းဖန်လာတယ်။ တစ်ခါမှ မရောက်ဖူးသေးတဲ့ နိုင်ငံရပ်ခြား တိုင်းတစ်ပါးကို မိန်းမသား တစ်ယောက်တည်း သွားရမှာ။ သို့ပေမယ့် သူ့ကံက ကောင်းချင်တော့ အဲဒီ့နေ့မှာမှ သူနဲ့အတူ လေယာဉ်တစ်စီး တည်းစီးမယ့်သူက သူ့သံအမတ်ကြီး မောင်နှံ ဖြစ်နေတယ်။

အဲဒါဗျာ၊ လေဆိပ်ရောက်ပြီး လေယာဉ်ပေါ် မတက်ခင် ထိုင်စောင့်နေကြတဲ့ အခိုက်အတန့်မှာ သူက သံအမတ်ကြီး စုံတွဲနဲ့ အတူထိုင်နေတယ်။ ထိုင်ပြီးစမှာပဲ ဟိုမောင်နှံက စာအုပ်တစ်အုပ်စီ ထုတ်လိုက်ကြပြီး စာအုပ်နဲ့ မျက်နှာအပ်လိုက်ကြပါတော့တယ်။

အပျိုကြီးမမကတော့ ဘာစာအုပ်မှ ပါမလာလို့ ကျီးကြည့်ကြောင်ကြည့် ဖြစ်နေတာပေါ့။ အဲဒါကို သတိထားမိသွားတဲ့ သံအမတ်ကြီးက သူ့ကို မေးတယ်။

“မင့်မှာ ဖတ်စရာ ဘာစာအုပ်မှ ပါမလာဘူးလား”

“မပါဘူးရှင့်”

သံအမတ်ကြီးမျက်နှာက အလိုမကျဖြစ်သွားတယ်။ ပြီးတော့ သူ့ အိတ်ထဲက စာအုပ်တစ်အုပ် ထုတ်လိုက်တယ်။ ပြီးတော့ အပျိုကြီးကို ပေးတယ်။

“ရော့… သည်စာအုပ်ကို ဖတ်နေ။ နောက်ပြီးတော့ မသေမချင်း မှတ်ထား၊ ခရီးသွားမယ်ဆိုရင် ဘယ်တော့ဖြစ်ဖြစ် စာအုပ် ဆောင်ထား၊ အဲဒါ ဣနြေ္ဒရတယ်”

အပျိုကြီး အီသွားတယ်။ ဟိုအဘိုးကြီးက သူ့ကို သားသမီးလို သဘောထားပြီး သွန်သင်လိုက်တာမှန်းသိလိုက်တဲ့အတွက်လည်း တစ်ဖက်က ကျေနပ်သွားပါတယ်။


သူ ကျွန်တော့်ကို ပြန်ပြောပြခဲ့ဖူးတာပါ။

မှန်ပါတယ်။

တော်ဝင်သစ်ခွ နားနေဆောင်ထဲမှာ ဣနြေ္ဒမရတဲ့သူဆိုလို့ ကျွန်တော် တစ်ယောက်ပဲ ရှိပါလိမ့်မယ်။ ကျွန်တော့်မှာ စာအုပ်လည်း ပါပါတယ်။ စာသမားပဲဗျာ၊ သွားလေရာ စာအုပ် တစ်အုပ်မဟုတ် တစ်အုပ်တော့ ပါသပေါ့။ ပြီးတော့ ချပေးထားတဲ့ သူတို့သတင်းစာဆိုတာကလည်း ဖတ်စရာတွေ တင်းကြမ်းနဲ့ဟာ။ ဖတ်ချင်လို့များတော့ ဖတ်ပါလေ့၊ တစ်နေကုန်။

သို့သော် သည်အချိန်မှာတော့ စာအုပ်ဖတ်ချင်စိတ်၊ စာနဲ့ မျက်နှာ အပ်ချင်စိတ်က နှစ်ပြားဖိုးမှ မရှိဘူး။ ဟုတ်တယ်လေ။ အခုမှ မြို့ရောက်ဖူးတာ။ မမြင်ဖူးတာတွေ မြင်နေရတာ။ ခဏတစ်ဖြုတ်တော့ ရင်သပ် ရှုမောလိုက်ချင်သေးတာပ။

သည်တော့ကာ စာဖတ်နေသူများလို ဘယ်ဣနြေ္ဒရမှာလဲ။ ကျီးကန်း တောင်းမှောက်လိုလို၊ ဂနာမငြိမ်သလိုလို ဖြစ်လို့တော့နေမှာအမှန်ပါပဲ။
ဟိုသံအမတ်ကြီး ပြောတဲ့စကားက အမှန်ပါ။ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် တောင်ကြည့်မြောက်ကြည့်နဲ့ ဂနာမငြိမ် နေနေမယ့်အစား စာအုပ်လေးတစ်အုပ် ဖတ်နေတာက အများကြီး ဣနြေ္ဒရပါတယ်။ လူမြင် တင့်တယ်လှပါတယ်။ နောက်တစ်ချက်က အလုပ်များသူတွေအတွက် စာဖတ်ချိန် သတ်သတ်ထားလို့ မဖြစ်နိုင်ပါဘူး။ သည်အခါမှာ ကိုယ်ဖတ်ချင်တာလေးတွေကို သွားရင်းလာရင်းနဲ့ တက်သုတ်ရိုက် ဖတ်သွားလို့ ရပါသေးတယ်။

ကျွန်တော်တို့ ရွှေတွေမှာက အဲသလို စာဖတ်တဲ့ အလေ့အထက အတော့်ကို ခေါင်းပါးသွားပြီ။ ခရီးသွားရင် သာတောင် မဖတ်ကြသေးတယ်။ ဘူတာရုံမှာဖြစ်ဖြစ်၊ ကားဂိတ်မှာဖြစ်ဖြစ်၊ လှေဆိပ်မှာဖြစ်ဖြစ်၊ လေဆိပ်မှာ ဖြစ်ဖြစ်၊ ရွှေတွေမို့ မမြင်လိုက်ရနဲ့၊ စာဖတ်နေသူက မရှိသလောက် ပါးပါး ရှားရှား၊ တောင်ငေး မြောက်ငေး ငေးနေတဲ့သူတွေက အများသား။

Mischievous Me!

04Meစက်ရဲ့မျက်နှာစာမှာ ခလုတ်က လေးခု။ အဖြူ၊ အစိမ်း၊ အဝါ၊ အနီ။  သည်အထိက ဟုတ်တုတ်တုတ်ပဲ။ မဟုတ်တာက ခလုတ်နဲ့ ပတ်သက်တဲ့ စာတန်း တစ်ခုမှ မတွေ့ရတာပဲ။ ဘာဆို ဘာမှ ရေးမထားဘူး။ ခလုတ်တွေချည်း သက်သက်။ စက်ဘေးမှာ ချထားတဲ့ ကော်ဖီပန်းကန် အလွတ်တစ်လုံးကို ဆွဲယူရင်း ကျွန်တော် ဦးနှောက်ခြောက်နေတယ်။

ဘေးဘီကို လှမ်းကြည့်တော့လည်း ဝန်ထမ်းနဲ့တူသူ ဖြူဖြူလေးတောင် မတွေ့ရဘူး။ ဟိုးအခန်းထောင့် တစ်နေရာမှာ သန့်ရှင်းရေး လုပ်နေတဲ့ ဝန်ထမ်းလေးတစ်ယောက်ပဲ တွေ့ရတယ်။ သူ့မေးလို့ကလည်း သိမယ့်ပုံ မပေါ်ဘူး။ ပိုဆိုးတာက ယပက်လက် ဖြစ်နေတာပဲ။ ယပက်လက်တွေက အင်္ဂလိပ်စကား မတတ်ရှာကြဘူး။ ထမင်းစား ရေသောက်လေးလောက်တောင် အပေါက်တည့်အောင် မပြောတတ်ကြဘူးဆိုတာ ကမ္ဘာအရပ်ရပ်က နိုင်ငံသားပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံလာတာ နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်တဲ့ ကျွန်တော် အသိဆုံး။


စက်ရှေ့မှာ မတ်တတ်ကြီး ရပ်ရင်း ကျွန်တော်လည်း ကြံရာမရ ဖြစ်နေတယ်။ မထူးဘူးကွာ၊ ဖြစ်ချင်ရာ ဖြစ်လို့ အားတင်းလိုက်ပြီး လက်ထဲက ပန်းကန်လွတ်ကို စက်အောက်ခြေမှာ ရှိတဲ့ ဘုံဘိုင်အောက်မှာ ထိုးခံပြီး ချထားလိုက်တယ်။ ခလုတ်တွေကို ကြည့်တော့ အစိမ်းရောင်ခလုတ်က လက်အနှိပ်များလို့ နည်းနည်းတောင် အရောင်လွင့်နေတာ တွေ့ရတယ်။ သည်ခလုတ်ကို လူတွေ နှိပ်ကြတာပဲဖြစ်မယ်။ သို့သော် ကျွန်တော်က သူများ လုပ်တာကို လိုက်မလုပ်ချင်တဲ့ အထုံက ပါပြီးသားဆိုတော့ ကျွန်တော့်လက်က အဲဒီ့အစိမ်းခလုတ်ကို မနှိပ်ဖြစ်တော့ဘဲ သူ့ဘေးက အဝါခလုတ်ကို ဖိချလိုက်တယ်။


“ဝေါ… ဝေါ… ဝေါ… ဝေါ…”

ကျွန်တော် တုန်သွားတယ်။ စက်ကြီးတစ်ခုလုံးကလည်း တုန်နေတယ်။ အသံကြီးကလည်း အကျယ်ကြီး။ လေယာဉ်ပျံ ဂျက်အင်ဂျင်သံလား အောက်မေ့ရတယ်။

သွားပြီ။ ငါတော့ သွားပြီ။ အပ်ကျသံတောင် ကြားရလောက်အောင် တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ကျွန်တော့်ရှေ့က စက်ကြီးရဲ့အသံက ဟိန်းပြီး ထွက်နေတယ်။ ဒုက္ခပဲ။


ဘေးဘီကို မသိမသာလေး မျက်စိ ကစားလိုက်တယ်။ ဘယ်သူမှ ကျွန်တော့်ကို စိတ်မဝင်စားဘူး။ သူတို့ဘာသာ သူတို့ စာအုပ်နဲ့ မျက်နှာ အပ်သူက အပ်၊ စားတဲ့သူက စား။


ဟင်း… တော်ပါသေးရဲ့။

စက်ကြီးကတော့ တုန်ခါပြီး မြည်လို့ကောင်းနေဆဲ။ ကော်ဖီပန်းကန်ထဲလည်း ကော်ဖီက တစ်စက်မှ ကျမလာသေးဘူး။ ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားနေမိတယ်။ အသာ လှည့်ထွက်သွားရင် ကောင်းမလား၊ ဆက်ပြီး ရပ်စောင့်နေရင် ကောင်းမလား။ ဘာလုပ်ရင် ကောင်းမလဲ။


ကျွန်တော် စဉ်းစားနေတုန်းမှာ စက်ကြီး ရပ်သွားတယ်။ အသံလည်း တိတ်သွားတယ်။ တုန်လည်း မတုန်တော့ဘူး။ တစ်ဆက်တည်းမှာပဲ ဘုံဘိုင် ခေါင်းကနေ ကော်ဖီရည် မည်းမည်းတွေ တစွပ်စွပ် ဆင်းချလာတယ်။


ဟင်း… အောင်မြင်ပါပြီ။

ကျွန်တော် သက်ပြင်းချလိုက်တယ်။ သို့သော် အဲဒီ့သက်ပြင်းက ဘဝင် အောက်ကို ကျကျနန မကျသေးခင်မှာ ဟုတ်ဆို ချက်ချင်း ပြန်တက်သွားတယ်။

ဟယ်… အဲဒါမှ ခွပဲ။ ကျနေတဲ့ ကော်ဖီရည်တွေက ဘယ်တော့ ရပ်မှာလဲ။ ခလုတ်တစ်ခုခုကို နှိပ်လိုက်မှ ရပ်မှာလား၊ အဲဒါဆို ဘယ်ခလုတ်ကို နှိပ်ရပံ့။
ကျွန်တော့်ဆံပင်မွေးတွေ ပြန်ထောင်လာတယ်။


ကော်ဖီရည်တွေက ကျလို့ကောင်းနေဆဲ။ ရင်တထိတ်ထိတ်နဲ့ ကြည့်ရင်း အရေးဆို ခလုတ်အနီကို စွတ်နှိပ်ဖို့ စိတ်ကူးလိုက်တယ်။ ဟုတ်တယ်လေ၊ အနီဆိုတာ ရပ်ခိုင်းတဲ့ နိုင်ငံတကာသုံး အရောင်သင်္ကေတ မဟုတ်ပါလား။

အဲ… သို့သော်လည်းပေါ့လေ။ ကော်ဖီပန်းကန် ပြည့်လုနီး လက်တစ်လုံးလောက်အလိုမှာ ကော်ဖီရည်တွေ ကျနေတာ သူ့ဘာသာ ရပ်သွားတယ်။

အမယ်… တယ်ဟုတ်ပါလား။

ကျွန်တော့်သက်ပြင်းက သည်တော့မှ ပီပီပြင်ပြင်လေး ပြန်ကျသွားတယ်။ ကော်ဖီပန်းကန်လေးကို ဘုံဘိုင်အောက်က ဆွဲယူ၊ ကော်ဖီပန်းကန်ပြားထဲ အကျအန ထည့်၊ မုန့်ပန်းကန်လေးကို ကိုင်တဲ့ပြီး ချာခနဲ အလှည့်လိုက်…

“တ… တစ်ဆိတ်လောက်ဗျာ… ကျ… ကျွန်တော့်ကိုလည်း တစ်ခွက် ဖျော်ပေးပါခင်ဗျာ”

အင်မတန် မွန်ရည် ခန့်ညားတဲ့ အင်္ဂလိပ်စကားကို အထစ်ထစ် အငေါ့ငေါ့ ပြောရင်း၊ သူ့လက်ထဲက ကော်ဖီ ပန်းကန်လေးကို လက်နှစ်ဖက်နဲ့ ကျွန်တော့်ကို ရိုရိုသေကမ်းပေးနေတဲ့ ရို့ရို့ကျိုးကျိုး အမျိုးသားတစ်ယောက်။ အိန္ဒိယတိုင်းသားတော့ အိန္ဒိယတိုင်းသားပဲ၊ ပါကစ္စတာနီလား၊ ဘင်္ဂလား ဒေ့(ရှ်)ကပဲလားတော့ မသိဘူး။ ငါးပေနဲ့ လေးလက်မပဲ ရှိရှာတဲ့၊ ယောက်ျား တစ်ယောက်အနေနဲ့ ပုတယ်လို့ သတ်မှတ်နိုင်တဲ့ ကျွန်တော့်ထက်တောင် ပုရှာသေးတဲ့ အိန္ဒိယတိုင်းသားတစ်ယောက်က ကျွန်တော့်ကို အကူအညီ တောင်းနေတာ။ သူ့အသက်က ကျွန်တော်နဲ့ မတိမ်းမယိမ်းပဲ ရှိမယ် ထင်တယ်။ အင်း… သင်းလည်း ငါ့လို အခုမှ သည်အခန်းထဲ စရောက်ဖူးတာနဲ့ တူတယ်လို့ တွေးလိုက်မိတယ်။

ဟင်း.. စိတ်များ ညစ်ပါရဲ့ကွယ်။

ကျွန်တော့်မှာ သည်ရွှေကော်ဖီဖျော်စက်နဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေတာကို ခမျာ မသိရှာဘူး။ သူသိတာက ကျွန်တော် ထင်သလို မြင်သလို လျှောက်လုပ်ရင်းက  အောင်မြင်စွာ တစ်ခွက်ဖျော်ပြီးသွားတာပဲ။ ဒါနဲ့ သူက ကျွန်တော့်ကို ဆရာလာတင်နေပြီ။ ကျွန်တော် သည်စက်ကြီးကို ကြောက်နေတာ သူ မသိရှာဘူး။


အေးလေ… ကျွန်တော့်မှာ စောစောက အတွေ့အကြုံရှိသားပဲ။ ဘာဖြစ်လဲ။ လုပ်ပေးရတာပ။


ကျွန်တော်လည်း သူ့လက်ထဲက ကော်ဖီပန်းကန်ကို ခပ်တည်တည် လှမ်းယူလိုက်ပြီး ဘုံဘိုင်အောက် ထိုးခံလိုက်တယ်။ စောစောကတင် ခလုတ် အဝါကို နှိပ်ခဲ့တာမို့ အဲဒါကိုပဲ ဆက်နှိပ်ရင် ကောင်းမလားလို့ စဉ်းစားရင်းပေါ့။ ဒါပေမယ့် ကော်ဖီခွက် ထိုးအခံလိုက်မှာတင် ဘုံဘိုင်ထဲက ကော်ဖီရည်တွေဟာ ခွက်ထဲကို သွင်သွင်စီးကျလာပြန်ပါတော့တယ်။

အလဲ့… တယ်ဟုတ်ပါလား။

“ရပြီ။ ခွက်ပြည့်သွားရင် ယူလိုက်ရုံပဲနော်။ ကျွန်တော် သွားတော့မယ်”

ကျွန်တော် သူ့ကို ပြောလိုက်ပြီး ထော့ကျိုးထော့ကျိုးနဲ့ပဲ အဲဒီ့နေရာက အမြန်ဆုံး လစ်ခဲ့ရပါတော့တယ်။

သူက မျက်နှာငယ်လေးနဲ့ ကျွန်တော့်ကို ကျေးဇူးအထူးတင်ရှိပါတယ်လို့ ပြောနေလေသေးရဲ့။ ကျွန်တော် ဘာမှ ပြန်မပြောတော့ဘဲ နေရာကနေ ချာခနဲ လစ်ထွက်လာခဲ့မိရပါတယ်။


ဟုတ်တယ်လေ…

ဘုံဘိုင်ထဲကကျနေတဲ့ ကော်ဖီရည်တွေ သူ့ပန်းကန်ထဲကို ကျနေတာ ကျွန်တော့်တုန်းကလို အနေတော်မှာ ရပ်သွားမယ်၊ ရပ်မသွားဘူးဆိုတာ ကျွန်တော်မှ အတတ်မသိတဲ့ဟာ…


တော်ဝင်သစ်ခွ နားနေဆောင်ကြီးထဲမှာ အဲသလို ကော်ဖီလေးသောက်၊ မုန့်လေး စားပြီး နားနားနေနေ နေပြီးအချိန်ဖြုန်းနေလိုက်တယ်။ တစ်ဆောင်လုံးမှာ လူတွေက ကိုယ်သန်ရာ ကိုယ်လုပ်နေကြပါတယ်။ အများစုကတော့ စာဖတ်နေကြတာပါ။ သတင်းစာဖတ်တဲ့သူ၊ စာအုပ်ဖတ်တဲ့သူ စသဖြင့်ပေါ့။ တချို့ကတော့ စိတ်အေးလက်အေး၊ ခြေပစ်လက်ပစ်ကို အိပ်လို့။ တချို့က ကျွန်တော့်လို စားလို့ သောက်လို့။ တချို့က တီးတိုးတီးတိုး ပြောလို့။ တဟီးဟီး တဟားဟားနဲ့ ကျယ်ကျယ်လောင်လောင်တော့ တစ်ယောက်မှ မရှိဘူး။ ရုပ်သံစက်တွေ ဖွင့်ထားပေမယ့်လည်း အသံက ထွက်တယ် ဆိုရုံရယ်။ အဲဒီ့မှာလည်း ကြည့်နေတဲ့သူတွေ တစ်ယောက်စ နှစ်ယောက်စပဲ ရှိတယ်။

—————————————-

“(ဆူဒိုနင် ပြောကြားတဲ့) တောသားလည်း ဟုတ်နိုင်ပေါင်ခင်ရယ်ထဲက စတုတ္ထအခန်းဖြစ်ပါတယ်။