A letter from a gullible girl

လွန်ခဲ့တဲ့ တစ်နာရီလောက်ကပဲ ကျွန်တော့်ဆီကို ဓာတ်ချောစာ တစ်စောင် ၀င်လာပါတယ်။ ဖတ်ပြီးတော့ ခံစားမှု ပေါင်းစုံဖြစ်ပါတယ်။ ကရုဏာလည်း သက်ရတယ်၊ ဒေါသလည်း ဖြစ်ရတယ်။ စိတ်မကောင်းလည်း ဖြစ်ရတယ်။ ရွံလည်း ရွံရှာ စက်ဆုပ် အော့နှလုံး နာမိပါတယ်။ ယောက်ျားဆိုတဲ့ သတ္တ၀ါတွေဟာ အသက်ကြီးလေ ပိုယုတ်ကန်းလေလားလို့တောင် တွေးမိလာရတဲ့ အထိပါပဲ။ တစ်ဆက်တည်းမှာ ဆင်ခြင်ဉာဏ်နည်းလွန်းတဲ့ မိန်းမငယ်လေးတွေကိုလည်း ကိုင်ဆောင့်ချင်စိတ် ပေါက်သွားပါတယ်။ ဒါမျိုးတွေ ကြုံတွေ့နေရတဲ့ မိန်းကလေးတွေ ကျွန်တော်တို့ဆီမှာ ဘယ်လောက်တောင် များနေပြီလဲဆိုတာ မတွေးရဲစရာပါ။ ကလေးမလေးဆီကိုတော့ လိုအပ်သလို အကြောင်းပြန်ပြီးပါပြီ။ အယုံလွယ်တတ်တဲ့ မိန်းမငယ်၊ မိန်းမရွယ်တွေ သတိထားနိုင်အောင် သူ့စာကို အောက်က လင့်(ခ်)မှာ ပြန်ဖော်ပြထားပါတယ်။

http://nookycontent.wordpress.com/2010/09/14/012/

Advertisements

The Trouble of Being a Woman 2 – Part III

နွေဆိုတဲ့ အမျိုးသမီး ရေးလာတဲ့ စာနဲ့ ပတ်သက်လို့ မဂ္ဂဇင်းက တစ်ဆင့် ပြန်လည်ဖော်ပြဖို့ ကျွန်တော် ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ရှေ့က ဖော်ပြခဲ့တဲ့ အပိုင်း(က) နဲ့ အပိုင်း (ခ) က မဂ္ဂဇင်းမှာ ဖော်ပြဖို့အတွက် ကျွန်တော် ရေးထားခဲ့တာတွေပါ။ မအောင်မြင်တဲ့အတွက် ဆက်မရေးဖြစ်ခဲ့ပါဘူး။ အခု အပိုင်း(ဂ)မှာတော့ မနွေဆီ ကျွန်တော် ပြန်ကြားခဲ့တဲ့စာရဲ့ မိတ္တူကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံးက မနွေက မနွေရဲ့ ခင်ပွန်းကို မိန်းမကျမ်းကျေသူလို့ ရေးထားပါတယ်။ မနွေရဲ့ စာအရ သူဟာ မိန်းမကျမ်းကျေသူတစ်ဦး မဟုတ်တာတော့ တအား သေချာပါတယ်။ သူဟာ သူလိုငါလို ယောက်ျားတစ်ယောက်သက်သက်ပါ။ သူလိုငါလို ယောက်ျားမို့လို့သာ ချစ်တင်းနှောရင်းနဲ့,,,

ဆက်ဖတ်လိုက သည်ကို ကြွ >>> http://nookycontent.wordpress.com/2010/08/17/01/

မိန်းမဖြစ်ရတဲ့ ဒုက္ခ (၂) – အပိုင်း (ခ)

အမျိုးသမီးများအတွက် နောက်ပိုင်းဇာတ်က ပဓာန မဟုတ်ပါ။ အလွယ်ဆုံး ပြောရလျှင် မိန်းမသားများအတွက် ချစ်တင်းနှောခြင်းကို လိုချင် တောင့်တကြသည် မှန်သော်လည်း ယင်းမှာ ယောက်ျားသားများ ကဲ့သို့ အဲဒါမှ မရလျှင် သေရမလောက် ကိစ္စမျိုးကြီး ဖြစ်မနေပါ။

အမျိုးသမီးတွေအတွက် အလိုအပ်ဆုံးမှာ ကြင်နာယုယမှုနှင့် နွေးထွေးမှုပင်ဖြစ်ပါသည်။ အလွယ်ဆုံး ပြောရလျှင် ချစ်တင်းနှောခြင်းကို ယောက်ျားသားတွေက ကိုယ်ခန္ဓာဖြင့် ခံစားကြသည် မှန်သော်လည်း အမျိုးသမီးများကမူ “နှလုံးသားဖြင့်” ခံစားလိုကြပါသည်။ အဲဒါကို ကို ရွှေယောက်ျားတိုင်း နားလည်ထားသင့်ပါသည်။

စသဖြင့် ပါဝင်သော မိန်းမဖြစ်ရတဲ့ ဒုက္ခ (၂) – အပိုင်း (ခ) ကို ဆက်လက် တင်ဆက်ထားပါတယ်။ စိတ်ပါဝင်စားသူများ http://nookycontent.wordpress.com မှာ သွားရောက် ဖတ်ရှုတော်မူကြပါကုန်။

The Trouble of Being a Woman 2: Part One

“အခု နှစ်ပိုင်းတွေကျတော့ ဘာဖြစ်တယ်မသိဘူး။ သူ ဇာတ်သိမ်းတာ အလွန်စောပါတယ်။ သူက ကျွန်မထက် ခြောက်နှစ်လောက်ကြီးတော့ သူ့အသက်က လေးဆယ်ကျော်စပေါ့။ ကျန်းမာရေးဆောင်းပါးထဲတွေ့ရတဲ့ ပန်းသေပန်းညှိုးရောဂါက သည်အသက်အရွယ်မှာ စဖြစ်ပြီလား ဆရာ။ တစ်ဦးနဲ့ တစ်ဦးတော့ ဘယ်လိုမှ မတူနိုင်ဘူးပေါ့လေ။ ဒါပေမယ့် သူ တကယ်ကို မစွမ်းတော့တာပါ။ သူ့အလုပ်က အလုပ်ခွင်မှာ ပင်ပန်းပေမဲ့ လစာပြည့် နားချိန်နဲ့မို့ နားချိန်မှာ ဘာမှ ပင်ပန်းစရာ၊ စိတ်ညစ်စရာ မရှိပါဘူး။ အရင်က စတုတ္ထံပိနိုင်သူက အခုကျတော့ တစ်ကြိမ်တောင် အနိုင်နိုင်ဖြစ်လာတယ်”

အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ရဲ့ ရင်ဖွင့်စာလေးကို http://nookycontent.wordpress.com/2010/08/13/18/ မှာ တင်ပေးထားပါတယ်။ စိတ်ပါဝင်စားသူများ သွားရောက် ဖတ်ရှုတော်မူကြပါကုန်။

About Foreplay

အပျိုးရဲ့ အချိန်အတိုင်းအဆနဲ့ အမျိုးအစား

ဆန့်ကျင်ဘက်လိင်ကို စိတ်လှုပ်ရှားလာအောင် ဆောင်ရွက်ရာမှာ သူငယ်ချင်း အပေါင်းအသင်းတွေ၊ ရုပ်ရှင် ဗှီဒီယိုတွေ၊ စာအုပ်စာတမ်းတွေဆီက ဘယ်လောက်ပဲ သိထား၊ မှတ်ထားထား အိမ်ထောင်ရေးမှာ နှစ်ဦးနှစ်ဖက် ကျေနပ်မှု၊ စိတ်ချမ်းသာမှု ရဖို့အတွက်ကျတော့ တစ်ဦးချင်းစီရဲ့ ဘယ်သူနဲ့မှ မတူတဲ့ အပျိုးကာလ အမူအကျင့်တွေကို သိထားဖို့က ပိုလိုအပ်ပါတယ်။  တစ်နည်းပြောရရင်တော့ ကိုယ့်အိမ်ထောင်ဖက်ရဲ့ သီးခြား လိုအင်ဆန္ဒတွေကို စူးစမ်းဖော်ထုတ်ပြီး သိအောင် လုပ်ရတော့မှာပါ။

သည်မှာလည်း တစ်ယောက်နဲ့ တစ်ယောက် စကားပေါက်ဖို့က လိုလာရပြန်ပါတယ်။ အမှန်တကယ် ချစ်တင်းနှောတဲ့အချိန်မတိုင်ခင် အပျိုးကာလကို ဘယ်လောက်ကြာကြာ အချိန်ယူရမယ်ဆိုတာ၊ ဘယ်လို အပျိုးမျိုးကို လိုလားတယ်ဆိုတာ၊ ချစ်တင်းနှောနေစရာမလိုဘဲ အပျိုးနဲ့တင် ဇာတ်သိမ်းရောက်တာဟာ လက်ခံနိုင်ဖွယ်ရှိ၊ မရှိနဲ့ အဲဒါမျိုးကို ပိုပြီး လိုလားတယ်၊ မလိုလားဘူးဆိုတာများကို သိနေဖို့အတွက်က တစ်ယောက်နဲ့တစ်ယောက် စကားပေါက်မှကို ဖြစ်မှာလည်း အသေအချာပါပဲ။

ဆက်ဖတ်လိုက သည်ကိုကြွ > > > http://nookycontent.wordpress.com/2010/08/06/74/

True Story: The Guy In Trouble

ကြီးဆေး ထိုးပြီး ဒုက္ခများသွားရသူ တစ်ယောက်ရဲ့ ငိုအားထက် ရယ်အားသန် ဖြစ်ရပ်ကလေးကို https://nookycontent.wordpress.com/2010/08/03/enlarged-but/ မှာ တင်ဆက်ထားပါတယ်။ သဘာဝက ဖန်တီးပေးထားသလောက်ကို အားမလို အားမရ ဖြစ်လို့ကောင်းနေကြတဲ့ အစ်ကိုပုရိသများ မလွဲမသွေ ဖတ်သင့်ကြသလို ကိုယ့်ပတ်ဝန်းကျင်က ယောက်ျားသား အရွယ်စုံကိုလည်း သည်အသိပညာလေးတွေ မျှဝေပေးဖို့ လိုမယ် ထင်ပါသဗျား။

Limp wristed

မန်ကျည်းကိုးပင်ကို နှောက်ပါလို့ရယ်

ကျွန်တော်သည် စာမတော်လှသော်လည်း စာညံ့သည့်အထဲတွင်တော့ ဘယ်သောအခါမှ မပါခဲ့ဖူးပါ။ ထို့ကြောင့် တန်းစဉ် တစ်လျှောက်လုံး၌ အေတန်း (ခေါ်) စာတော်သူ ကျောင်းသားများ စုဝေးရာ တန်းခွဲ(က)တွင်သာ အစဉ်တစိုက် နေခဲ့ရပါသည်။ ကျွန်တော်တို့ အတန်းမှ မြန်မာပြည်တစ်ပြည်လုံး ပထမရသူအထိ ထွက်ပါသည်။ ဘယ်နှထပ်ကွမ်းမှန်း မသိသော လူရည်ချွန်လည်း ကျွန်တော်တို့ အတန်းမှပင် ထွက်ပါသည်။

ကျွန်တော်တို့ ကျောင်းက ယောကျာ်းလေးများချည်းသာ ထားသော ကျောင်းဖြစ်သည်ကိုလည်း ဤနေရာတွင် ထည့်ပြောချင်ပါသေးသည်။

မှတ်မှတ်ရရ ခုနစ်တန်းနှစ်အတွင်း တစ်ရက်တွင် ကျွန်တော် နေမကောင်း၍ ကျောင်းပျက်ပါသည်။ ကျောင်းပြန်တက်သောအခါ သင်္ချာ သင်ခန်းစာတစ်ခုကို မလိုက်နိုင်တော့ပါ။ ထို့ကြောင့် အတန်းထဲမှ အတော်ဆုံး ပုဂ္ဂိုလ်ထံ ချဉ်းကပ်လိုက်ပြီး စာမေးပါသည်။

သူ ဘာဖြေသည် ထင်ပါသနည်း?

“ငါလည်း မတွက်တတ်ဘူးကွ”ဟူသတည်း။ မျက်နှာသေနှင့် သူ့မျက်ခွက်ကို ပိတ်ထိုးလိုက်ချင်စိတ် ပေါက်သွားခဲ့ဖူးပါသည်။ သူသည် ထိုအချိန်တွင် ခုနစ်တန်း သင်္ချာတင်မက တက္ကသိုလ်အဆင့်များ သုံးနေသည့် “ကဲကုလ”သင်္ချာကို တွက်နိုင်နေပြီဖြစ်ကြောင်း တစ်ကျောင်းလုံးသိပါသည်။ သင်္ချာအရာတွင် ပါရမီထူးသူအဖြစ် သူ့ကို ဆရာများအားလုံးရော၊ ကျောင်းသားများ အားလုံးပါ နားလည်လက်ခံထားကြသည်။ ထိုပုဂ္ဂိုလ်က “ငါလည်း မတွက်တတ်ဘူးကွ”ဟုဆိုသောအခါ ကျွန်တော် သူ့ကို ထိုးချင်သွားသည်မှာ မလွန်ဘူးထင်ပါသည်။ သူက ဆက်ပြောလိုက်ပါသေးသည်။ “မောင်မောင်ဇော်က ငါ့ထက် တော်တယ်၊ သူ့သွား မေးပါလားကွ”တဲ့။

ကျွန်တော်ကလည်း မအူမလည်နှင့် သူ လက်ညိုးထိုးသော မောင်မောင်ဇော်ဆိုသူထံ ရောက်သွားရပြန်သည်။ မောင်မောင်ဇော်ဆိုတာကလည်း ကျွန်တော်တို့အတန်းမှာ စောစောက ပုဂ္ဂိုလ်နှင့် ပထမနေရာ လုနေသူပင်ဖြစ်သည်။ သူကလည်း ထူးချွန်ကျောင်းသား။

တကယ်တမ်း သွားမေးသောအခါတွင် အနှီ မောင်မောင်ဇော်ကလည်း ငါ မတွက်တတ်ဘူးဟု ပြောလွှတ်ပြန်သည်။ ကျွန်တော် အတော် စိတ်နာလာသည်။ သူက နောက်တစ်ယောက်ကို လက်ညိုးထိုးပြန်သည်။ သည်လိုနှင့် ကျွန်တော့်အတန်းထဲမှာပင် တောင်ပြေးမြောက်ပြေး၊ ရွာဆော်ကြီးခွေးဘဝသို့ ရောက်နေခဲ့ပါသည်။

နောက်ဆုံးတွင် ဝင်းနိုင်ဆိုသည့် အတန်းထဲမှာ အလယ်အလတ်ဆင့်သာ ရှိသည့် သူငယ်ချင်းက ကျွန်တော့်ကို ကူညီပါသည်။ သေချာ တွက်ပြပေးပါသည်။

ကျွန်တော်ကား ဘယ်တုန်းကမှ အမှတ်သည်းချေ ရှိသူမျိုးမဟုတ်ပါ။ ထို့ကြောင့် နောင်နှစ်၊ နောင်နှစ်များတွင်လည်း စာနှင့်ပတ်သက်လာလျှင် ထိုအချွန်စားများကို တစ်ခါ၊ နှစ်ခါလောက်တော့ သွားသွား ဆရာတင်မိသည်။ ဘယ်တော့ပဲဖြစ်ဖြစ်၊ သူတို့၏ အဖြေကား တစ်သမတ်တည်းသာ ဖြစ်သည်။ သူတို့ မကူညီနိုင်၊ တခြားတစ်ယောက်ကို လက်ညိုးထိုးမည်။ ယင်းသည်သာ သူတို့၏ အဖြေဖြစ်သည်။

တက္ကသိုလ်ရောက်တော့ အဲသလို မဟုတ်တော့။

တက္ကသိုလ်မှာလည်း ကျွန်တော်သည် တန်းခွဲ(၁)တွင်ပင် တက်ရသည်။ ကျွန်တော်တို့အတန်းထဲတွင် သိပ္ပံပညာချွန်ဆုရသူတွေပင်ရှိသည်။ သို့သော် ထိုအတော်စား အားလုံးက မိန်းကလေးတွေချည်း ဖြစ်နေသည်။

ကျွန်တော်ကား တက္ကသိုလ်ကျောင်းသား တစ်ပိုင်း၊ အငှားယာဉ်သမား တစ်ပိုင်းမို့ ကျောင်းစာမှာ အတော်လစ်ဟင်းသည်။ ထိုအခါ အမှတ်သည်းချေ မရှိလှသော ကျွန်တော်က ထိုထူးချွန်မိန်းကလေးများကို ချဉ်းကပ်မိရပြန်သည်။ သူတို့နှင့် ကျွန်တော်နှင့်က နင်တစ်ခွန်း ငါတစ်ခွန်း ခင်မင်ရင်းနှီးသည့် အတွက်လားတော့ မပြောတတ်ပါ။ ကျွန်တော့်အတွက် အပင်ပန်းခံကာ စာလည်း ကူးပေးရှာကြသည်။ စာလည်း ပြန်ပြပေးတတ်ကြသည်မှာ ကံ့ကော်မြေတွင် နေခဲ့သည့် လေးနှစ်တာလုံးလုံး ဖြစ်ပါသည်။

ဘွဲ့လွန်သင်တန်းတက်သောအခါတွင်မူ ကျွန်တော်က အတန်းထဲမှ လူတော် စာရင်းတွင် ဘယ်က ဘယ်လို ဝင်သွားမှန်းမသိ။ သေချာသည်ကတော့ အတန်းထဲမှာ စာတော်သည်ဟု အသတ်မှတ်ခံရသူများ အားလုံးမှာ ယောက်ျားလေးတွေချည်း ဖြစ်နေခြင်းပင်။

ပညာသင်နှစ် ကုန်လုနီးတွင် လူတစ်ယောက် ကျွန်တော့်ထံ ရောက်လာသည်။ ထိုသူကို ကျွန်တော် မမြင်ဖူး။ သူက ကျွန်တော်တို့အတန်းထဲမှ ခုံနံပါတ်တစ် ဖြစ်နေပြီး အူရောင်ငန်းဖျားရောဂါကြောင့် ကျောင်းပျက်ခဲ့ရသည်ဟု ဆိုပါသည်။ သူ့ကို စာပြန်ပြပေးရန် ကျွန်တော့်ကို ပြောလာခြင်း ဖြစ်သည်။

ကျွန်တော်က အလွယ်တကူ ခေါင်းညိတ်လိုက်သောအခါ ထိုပုဂ္ဂိုလ်မှာ ထခုန်မတတ် ဝမ်းသာသွားသည်။ တစ်ဆက်တည်းမှာပင် ခင်ဗျားက ဘာလို့ ဘောလီဘော မပုတ်တာလဲဟု မေးပါသည်။ ကျွန်တော် နားမလည်ပါ။ အဲတော့မှ သူက ရှင်းပြသည်။ ကျွန်တော့်ဆီ သူ မရောက်ခင်မှာ အတန်းထဲမှ စာတော်သည်ဟု နာမည်ကြီးသူ သုံး၊ လေးဦးထံ သူရောက်ခဲ့ပြီးပြီ။ တစ်ဆင့်ပြီး တစ်ဆင့် ဘောလီဘော ပုတ်လွှတ်လိုက်ကြရင်းမှ ကျွန်တော့်ထံ ရောက်လာခြင်းဖြစ်သည်။ ကျွန်တော်ကလည်း ရှေ့က လူများနှယ် နောက်တစ်ယောက်ထံ နတ်လမ်းညွှန်လိမ့်ဦးမည်ဟု တွက်ထားခဲ့သည်ဟု ဆိုပါသည်။

အဲတော့မှ သဘောပေါက်သွားသည်။ အတော်စားတွေက သူများတကာအပေါ်မှာ စေတနာ မထားနိုင်အားကြသော သဘောကိုဖြစ်သည်။ သူတို့မှာက လူတိုင်းကို ပြိုင်ဖက်လို သဘောထားနေကြသည်။ ကိုယ့်ထက် သာသွားမှာ၊ ကြောသွားမှာကို ပူပန်ကြသည်။ ထိုအခါ သူတို့တွေမှာ စိတ်ကောင်း မမွေးနိုင်ရှာကြတော့။
လွဲချက်က ကမ်းကုန်ပင်ဖြစ်ပါသည်။

ကျွန်တော် နားလည်သည်ကတော့ ပြိုင်ဖက်ရှိလျှင် တိုးတက်သည်။ သို့သော် ထိုပြိုင်ဖက်ထက် သာရန်အတွက် မိမိကိုယ်မိမိသာလျှင် တစ်နေ့တခြား ပိုမိုတော်လာရန် အားထုတ်ရမည်သာ ဖြစ်သည်ဟုပင်။ ပြိုင်ဖက်ကို  နှိပ်ကွပ်ခြင်းဖြင့် အနိုင်ရခြင်းမှာ ဘယ်လိုနည်းနှင့်မှ အရသာ မရှိသော အောင်နိုင်မှုပင်ဖြစ်သည်။

သို့တိုင်အောင် ယနေ့ လူကြီးဖြစ်လာသော လက်တွေ့ဘဝတွင်လည်း ပြိုင်ဖက်ထက် အရည်အချင်းအရာတွင် သာအောင် အားထုတ်ပြီး ကျော်လွှားရန် စိတ်မကူးကြဘဲ ပြိုင်ဖက်ကို ခြေထိုးကာ ကျဆုံးအောင် လုပ်ယူချင်သူများနှင့် အကြိမ်ကြိမ်ဆုံခဲ့ရ၊ ဆုံနေရဆဲဖြစ်ပါသည်။ ထိုသို့ ကြုံနေရသူမှာလည်း ကျွန်တော် တစ်ယောက်တည်း မဟုတ်သည်ကို တွေ့ရသောအခါ လောကတံထွာ လူ့ဓမ္မတာဟုပင် ရံခါ ထင်မြင်မိသည်။

တစ်ဖက်တွင်လည်း တက္ကသိုလ်မှာတုန်းက အတန်း၏ ထိပ်ဆုံးမှ မိန်းကလေးတွေက ကျွန်တော့်ကို လိုလိုချင်ချင် ကူညီခဲ့ကြသည်ကို အမှတ်ရသွားသောအခါ ကျွန်တော် မျက်မှောင်ကုပ်သွားရသည်။

ဘဝင်မကျလှသဖြင့် စာတော်သူ ကျွန်တော့်သမီးကို မေးကြည့်မိရသည်။ သမီးကား နှစ်စဉ် ပညာချွန်ဆု တစ်ခုမဟုတ် တစ်ခု ရနေသူ ဖြစ်သည်။ အတန်းထဲမှာလည်း ပထမ ခဏခဏ ရသူဖြစ်သည်။ သူ့ သူငယ်ချင်းလေးတွေမှာလည်း အတော်စားလေးတွေချည်း ဖြစ်သည်ဟု သိထားသည်။ ထို့ကြောင့် မေးမိရပါသည်။

ဟုတ်ကဲ့…

သမီးသည်လည်း ထိုသို့ မဟုတ်ပါ။ သူ့သူငယ်ချင်း၊ သူ့ပြိုင်ဖက် မိန်းကလေးများသည်လည်း ထိုသို့ မဟုတ်ပါဟု သိရပါသည်။ အဲ… သူတို့ ပြိုင်ဖက် ယောက်ျားလေးတွေကတော့ စာနှင့် ပတ်သက်လာလျှင် နည်းနည်း လျှိုချင်သည်ဟု ပြောပါသည်။

ဘုရား… ဘုရား….

ကျွန်တော်တို့ ယောက်ျားလေးတွေကပဲ တစ်ယောက်နှင့် တစ်ယောက် ယှဉ်ပြိုင်ရာတွင် မဖြစ်ဖြစ်သည့်နည်းဖြင့် အနိုင်ယူလိုစိတ်တွေ များနေကြသလားဟု တွေးမိသွားသောအခါ ဆတ်ခနဲ ဖြစ်သွားပါသည်။ လက်သီးချင်း ယှဉ်ထိုးနေရင်းမှ မနိုင် နိုင်သဖြင့် ပြိုင်ဖက်၏ နားရွက်ကို ကိုက်ဖြတ်ခဲ့ဖူးသူ ဟဲဗီးဝိတ်လက်ဝှေ့သမား မိုက်(ခ်)တိုက်ဆင်(န်)မှာ မိန်းမတစ်ယောက် မဟုတ်တာကတော့ သေချာပါသည်။ ထို့အတူ “ခါးပတ်အောက် ထိုးသည်” ဟူသော သိုးဆောင်းဆိုရိုးမှာလည်း ယောက်ျားသားများ ကြီးစိုးရာ လက်ဝှေ့ဝိုင်းမှ လာသော စကားဖြစ်နေပါသည်။

ဒါဖြင့်ရင် စိတ်သဘောထား သေးနုပ် သိမ်ဖျင်းသည့်အရာမှာ အတောင် နှစ်ဆယ်ဝတ်ဆိုသည့် မင်းယောက်ျားတွေက ပိုများ သာနေသလားဟု တွေးစရာ ဖြစ်လာပါသည်။

အားလုံး မဟုတ်တောင် စာတော်သည့် ယောကျာ်းသားတွေ စိတ်သဘောထား သေးနုပ်တာကိုတော့ ကိုယ်တွေ့ကြုံခဲ့ဖူးပါသည်။

ဟင်… ဒါတင် ဘယ်ကလို့တုန်း…

ဘဝတစ်လျှောက်တွင် ကျွန်တော့်ကို ခြေထိုးခဲ့သူ၊ ချောက်တွန်းခဲ့သူ၊ အမနာပပြောခဲ့သူ၊ ကွယ်ရာကနေ အပုပ်ချခဲ့သူ အားလုံးကို ပြန်စဉ်းစား ကြည့်သောအခါတွင်လည်း သုံးတောင်ဝတ်တွေ တစ်ယောက်မှ မပါဘဲ ယောကျာ်းတွေထဲကသာ ဖြစ်နေသည်ကို ဆင်ခြင်မိသောအခါ…

ဟုတ်ကဲ့…

ကြက်သီးဖျန်းဖျန်း ထသွားရကြောင်းပါ ခင်ဗျား။    ။

 

(၂၀ဝ၃ ဇူလိုင် ၂၁ ထုတ် ရွှေမန္တလေးဂျာနယ်မှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၈၈၀/၂၀၀၄(၉)နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၄ ဒီဇင်ဘာမှာ ထုတ်ဝေခဲ့တဲ့ အတ္တကျော်ရဲ့ “ဖြေတွေးလေးများ”စာအုပ်ထဲက စာတစ်ပုဒ်ကို ပြန်လည်တင်ဆက်ထားတာပါ။)