New Book Launched

ယနေ့ ဖြန့်ချိလိုက်တဲ့ စာအုပ်သစ်

စာမြည်း

ပညာတတ်နာ

အတန်ကြာမှ ပဲ့နင်းရောက်လာကာ လှေထွက်ရန်ပြင်သည်။ လှေသမားငယ် တစ်ဦးက ရေစုပ်ပိုက်ဖြင့် လှေဝမ်းထဲမှ ရေများကို စုတ်ထုတ်ရန် ကြိုးစားသည်။ ပိုက်က ဘာဖြစ်နေသည်မသိ၊ ရေကောင်းကောင်း မထွက်။

အင်ဂျင်စက်ကို ထိုလူငယ်ကပင် နှိုးသည်။ မနိုး။

ပဲ့နင်းကိုယ်တိုင် ရောက်လာပြီး နှိုးတော့မှ နိုးလာသည်။ သို့သော် စက်သံက မမှန်။ ခဏအကြာတွင် ဖုတ်ခနဲ ရပ်သွားသည်။ လှေသမားငယ်က ရေထုတ်ပိုက်ကို ပြင်ဆင်ရန်အားထုတ်နေသည်။ ပဲ့နင်းက စက်ပြန်နှိုး သည်။ နိုးလာပြန်သည်။ သို့သော် ခဏအကြာတွင် ပြန်ရပ်သွားသည်။

ပဲ့နင်း၏ပါးစပ်မှ ညစ်ညမ်းသော စကားလုံးများထွက်လာသည်။ သူ့ လှေသမားကို တရစပ် ဆဲဆိုကြိမ်းမောင်းလျက်။

ဆဲဆိုရင်း ရေထုတ်ပိုက်ကို သူကိုယ်တိုင် ပြုပြင်သည်။ ကျွန်တော့် စိတ်ထင် တစ်ကမ္ဘာလောက်ကြာတော့မှ အဆင်ပြေသွားသည်။ ရေတွေ စုပ်လို့ရသွားသည်။ တစ်ချက်နှစ်ချက် စုပ်ပြီးသွားသောအခါ လှေသမားငယ်ကို ရေစုပ်ခိုင်းသည်။ အဆဲအဆိုကတော့ မရပ်။ လှေသမားငယ် ဆယ်တန်းအောင်ထားတာလည်းပါသည်။ ဆယ်တန်းအောင်သော်လည်း ဘာမှ အသုံးမကျဆိုသော စကားမျိုးဖြစ်သည်။

အင်း… ပညာတတ်နာ ရောဂါက သည်နေရာမှာလည်း ရှိနေပါလား ဟရို့။

မြို့ပေါ်မှာသာမက စာပေနယ်၊ အနုပညာနယ်တွင်လည်း ထိုရောဂါကို မကြာခဏ တွေ့ရသည်။ ပညာတတ်များကို အသားလွတ် မျက်မုန်းကျိုးနေသာ ရောဂါကို ဆိုလိုပါသည်။

တစ်ခါကဆိုလျှင် ကျွန်တော်နှင့် ရင်းရင်းနှီးနှီး မဆက်ဆံဖူးသော နာမည်ကျော် ပန်းချီဆရာတစ်ယောက်က မူးမူးဖြင့် ကျွန်တော့်အား အယုတ္တ အနတ္တစုံအောင် ဆဲတာကို ကျွန်တော်ကိုယ်တိုင်ခံဖူးသည်။ ဧည့်ခံပွဲအလယ်တွင် ဖြစ်သည်။ ထူးဆန်းစွာပင်၊ ထိုစဉ်က ကျွန်တော် သူ့ကို ဒေါသမဖြစ်ခဲ့ပါ။ ပထမတော့ အံ့ဩသည်။ နောက်တော့ သူ့ကို သနားသွားမိရပါသည်။ သူ့အဆဲအဆိုများထဲတွင် သူ့ပညာတတ်နာကို ပြက်ပြက်ထင်ထင်ကြီး လှမ်းတွေ့လိုက်ရသောကြောင့်ပင်ဖြစ်ပါသည်။

အမှန်မှာတော့ လူတိုင်းတွင် ရှိသော်လည်း ငုပ်နေတတ်မြဲ သိမ်ငယ်စိတ်ပင် ဖြစ်ပါသည်။ ဥစ္စာချို့တဲ့သည့် ဘဝလမ်းကို ဖြတ်သန်းခဲ့ရသူက မည်မျှပင် ကြွယ်ဝလာစေကာမူ ဥစ္စာနှင့်ပတ်သက်သော သိမ်ငယ်စိတ်ရှိသည်။ အသိုင်းအဝိုင်း ချို့တဲ့သည့် ဘဝလမ်းကို ဖြတ်သန်းခဲ့ရသူက မည်မျှပင် အခြွေအရံပေါစေကာမူ အသိုင်းအဝိုင်းနှင့် ပတ်သက်သော သိမ်ငယ်စိတ် ရှိသည်။ ပညာနှင့်ပတ်သက်လျှင်လည်း ထို့အတူ ရှိပါသည်။

ကျွန်တော့်မှာလည်း အသိုင်းအဝိုင်းနှင့်ပတ်သက်သော သိမ်ငယ်စိတ် ရှိပါသည်။ ယနေ့ထက်တိုင် ထိုသိမ်ငယ်စိတ်က စွတ်ကယ်စွတ်ကယ်  ပေါ်နေဆဲလည်း ဖြစ်သည်။ ထိုသိမ်ငယ်စိတ်ကြောင့် အသိုင်းအဝိုင်းကြီးမားသဖြင့် ထယ်ဝါနေသူများကို အသားလွတ် မျက်မုန်းကျိုးသော အသိုင်းအဝိုင်းနာ ရောဂါအခံလည်း ကျွန်တော့်မှာ ရှိသည်။

ယခု ပဲ့နင်းမှာလည်း ပညာတတ်နာ ရှိနေပုံပင်။ သူကလည်း ကျွန်တော့်ကို အသားလွတ် ထဆဲသော ပန်းချီဆရာနှယ်ပင်၊ သေရည်မူးမူးဖြင့် သူ့ လှေသမားကို အော်ဟစ်ဆဲဆိုနေလေမှန်း ရိပ်စားမိလာသောအခါ အတော်ကြီး စိတ်ပျက်လက်ပျက် ဖြစ်သွားရပါသည်။ သို့သော် ကျွန်တော့် မျက်နှာကမူ မပျက်ပါ။

ထိုပဲ့နင်းကို “တော်ပါတော့ဗျာ”ဟု ခပ်ပြုံးပြုံးပင် တားလိုက်ပါ သည်။ ပဲ့နင်းက ကျွန်တော့်ကို ရယ်ပြပြီး စက်ကိုနှိုးပြန်သည်။ စက်က သည်တစ်ချီမှာတော့ ကောင်းစွာ နိုးသွားပြီ။ ထိုအခါကျမှ ပဲ့နင်းလည်း ပဲ့ပိုင်းသို့ သွားကာ လှေကို စတင်မောင်းပါတော့သည်။

စက်သံနှင့်အတူ သူ့လှေသမားငယ်အား မြည်တွန်တောက်တီးနေခြင်းများကလည်း တရစပ်၊ အမျှင်မပြတ်။

သည်းထိတ်ရင်ဖို

သူ့ကျွမ်းကျင်မှုကတော့ မူးနေသည့်ကြားမှပင် အမှားအယွင်းမရှိ။ ရေတက် ဖြစ်သဖြင့် ကျွန်တော်တို့စီးနင်းလာသည့် ဝန်ပိလှေထက်မြင့်လှသော လှိုင်းတံပိုးများက လှေဆီသို့ တစ်လုံးပြီးတစ်လုံး တိုးဝင်လာသည်။ ကျွန်တော်တို့ လှေလေးက ထိုလှိုင်းလုံးများကို ထိပ်တိုက်ရင်ဆိုင်ကာ ကျော်ဖြတ်သွားနေသည်။

ကျွန်တော်တို့နှင့် မျက်နှာချင်းဆိုင်၊ လှေဦးကို မျက်နှာမူကာ ထိုင်နေသာ ကလေးငယ်နှင့်လင်မယားက မျက်စိစုံမှိတ်ရင်း ဘုရားစာတွေ ပြိုင်တူ ရွတ်နေကြသည်။ မယားလုပ်သူ၏ ရင်ခွင်ထဲမှ သမီးငယ်လေးက ငါးနှစ် ခြောက်နှစ်မျှသာ ရှိဦးမည်။ မျက်လုံးဝိုင်းဝိုင်း၊ မျက်ခုံးကောင်းကောင်းနှင့် ချစ်စရာ ကလေးငယ်လေး။ မအေလုပ်သူက သမီးငယ်ကို တင်းတင်းပွေ့ထားရင်းက ဘုရားစာတွေ ရွတ်နေလေသည်။ သူတို့လင်မယား တအား ကြောက်နေကြပြီမှန်း သိသာလွန်းလှသည်။

ကျွန်တော်လည်း အနည်းနှင့်အများတော့ ကြောက်သလိုလို ရှိပါသည်။ သို့သော် ရှေ့တွင်ရေးခဲ့သည့်အတိုင်း ကျွန်တော့်စိတ်က တစ်ခါတရံများတွင် ဘာကိုမှ မမှုတော့သော မထူးစိတ်အဖြစ်သို့ ပြောင်းသွားတတ်သည်။ အထူးသဖြင့် ယခုလို မိုးထဲရေထဲတွင် ထိုမထူးစိတ်က ဦးဆောင်နေသည်မို့ သိပ် မထိတ်ပျာမိတော့ပါ။ သေသွားတော့ရော ဘာဖြစ်သေးတုံး။ ဇာတ်ဆရာတွေ ပြောသလို စောစော သေ၊ စောစော အိပ်ရတာပ။

အခုနေ ကျွန်တော်တို့ သားအဖနှစ်ယောက် သေသွားလျှင် သမီးနှင့် ဇနီးတို့သာ ကျန်ရစ်ပေလိမ့်မည်။ ပထမတော့ သူတို့လည်း ကြေကွဲကြလိမ့်မည်။ သို့သော် ကျွန်တော်တို့ သေသည်နှင့် သူတို့လည်း လိုက်သေကြမည် မဟုတ်တာကတော့ သိပ်သေချာသည်။ ထို့ထက် ပိုသေချာသည်ကတော့ နောက် ၄-၅-၁၀ နှစ်ကြာလျှင် ကျွန်တော်တို့ကို မေ့သွားကြမည်သာဖြစ် သည်။ သူတို့ဘဝအမောတွေနှင့် သူတို့ လူးလာ ရုန်းကန်ရင်း သတိရချင်သည့်အခါ ဖျတ်ခနဲ သတိရတာမျိုးလောက်သာ ရှိပေတော့မည်။

ဒါက လောကတံထွာ ဓမ္မတာပင် ဖြစ်ပါသည်။

သေခြင်းကို ကျွန်တော် စဉ်းစားဖြစ်နေသည်မှာ နှစ်တွေပင် အတန်ကြာခဲ့ပြီ။ ၁၉၉၄ခုနှစ်မှာ ယာဉ်တိုက်မှုအကြီးအကျယ်ဖြစ်စဉ်က အသက်မသေဘဲ ရှိနေခဲ့သည့်အတွက် ယခု နေရသမျှမှာ သည်ဘဝတာအတွက် အမြတ်ဟု ပင် အောက်မေ့ထားပါသည်။ ထို့ကြောင့်လည်း ယခုနောက်ပိုင်းတွင် သေရ မှာကို သိပ်မကြောက်တော့ပါ။ သေနေ့စေ့တဲ့အခါ ပျော်ပျော်ပါးပါးကြီး သေလိုက်ရုံပေါ့ဟုသာ အောက်မေ့ထားလိုက်ပါသည်။

ထို့ကြောင့်လည်း ယခုအခါမှာ ကျွန်တော် ကြောက်မနေမိပါ။ စိတ်ထဲမှာကလည်း သင်္ဘောဆီသို့ ဘေးမသီရန်မခ ပြန်ရောက်ကိုရောက်ရမည်ဟု အလိုလို သိနေပါသည်။

ပင်လယ်ကြီးကတော့ ညို့ညို့ကြီး မဲမှောင်နေပါသည်။

ခရီးအတန်ပေါက်သောအခါ ပဲ့နင်းက ကျွန်တော့်ကို လက်မထောင်ပြပါသည်။ ကျွန်တော့်လည်း ရယ်ပြုံးလျက်ပင် သူ့ကို လက်မ ပြန်ထောင်ပြလိုက်သည်။ သူက တစ်ယောက် တစ်ရာပေးရန် တောင်းဆိုကြေညာသည်။ ငွေအတွက် မပူပါနှင့်ဟု ကြောက်ရွံ့တုန်ယင်လျက်ရှိသော လင်မယားက ပြိုင်တူ လောလော ပြောသည်။ ပြီးတော့ ပါးစပ်တွေ တလှုပ်လှုပ် နှင့် ဘုရားစာတွေ ဆက်ရွတ်နေကြသည်။

ကြားဖူးနားဝနှင့်ပြောရလျှင် ထိုအကြင်လင်မယားကား ရာသက်ပန်မြဲမည့် အိမ်ထောင်ဖက်များပင်ဖြစ်လောက်ပေသည်။ သူတို့၏မျက်နှာများမှာ မောင်နှမများနှယ်ပင် အလွန်ဆင်လှသဖြင့် ထိုသို့ ပြောလိုက်ရခြင်းပင် ဖြစ်သည်။ ကလေးလေးကတော့ ဘာမှ မသိလှသဖြင့် ကြောက်ရွံ့ဟန် အလျဉ်းမရှိချေ။

သြော်… လူတွေ။ လူတွေ

ရေထုတ်ပိုက်မှာ ထုတ်ရင်းက ပြန်ပျက်သွားပြန်သည်။     

အဆဲဆိုခံလှေသမား လူငယ်လေးက ပြုပြင်ပြန်လေသည်။ သင်္ဘောနားသို့ ကပ်လာပြီကား ဖြစ်ပါသည်။ ထိုအချိန်မှာ ပဲ့နင်းက စက်ကို သတ်လိုက်သည်။
ထို့နောက် သူ့အဆဲအဆိုများဖြင့် ရေထုတ်ပိုက်ကို ကိုယ်တိုင် ပြုပြင်နေလေတော့သည်။ အဆဲဆိုခံ လူငယ်လေးကမူ သွားဖြူဖြူများပေါ်အောင် ရယ်၍သာနေတော့သည်။

ဓာတ်ပဲ ကူးသွားတာလားတော့မသိ။ သား၏ နံဘေးမှာ ထိုင်နေသော စားသောက်ဆိုင်မှ လူငယ်ကလည်း လှေနံရံတွင် မှေးထိုင်နေသော သူ့တပည့်လူငယ်လေးကို ဟိန်းဟောက်မာန်မဲနေပြန်သည်။ ထိုသို့ အမျိုးစုံ ရွတ်ဖတ် မောင်းမဲနေခြင်းဖြင့် တစ်ဖက်သားအတွက် မည်သို့မျှ အကျိုးမရှိသည်ကို ထိုသူများ သိနိုင်ကြလိမ့်မည်မဟုတ်ပေ။

စက်သတ်ထားသော လှေငယ်လေးကာ လှိုင်းများကြားတွင် တလူးလူး တလိမ့်လိမ့်။ ကျွန်တော်တို့ နောက်မှ ထွက်လာသော လှေကပင် သင်္ဘောနှင့် ကပ်သွားပေပြီ။

ကျွန်တော်တို့ တစ်လှေလုံး စိတ်နှလုံး ညှိုးခြုံးနေကြလေပြီ။ သူမှ ကပ်မပေးလျှင်လည်း ကျွန်တော်တို့ သင်္ဘောပေါ် ပြန်ရောက်တော့မည် မဟုတ်သည်မို့ အမူးသမား ကိုရွှေပဲ့နင်းကို ဘာတစ်ခွန်းမှ မပြောသာဘဲ အသာကြည့်နေကြရပါသည်။

လက်ဖြစ် ရေထုတ်ပိုက်က ဝါရှာပြားတစ်ခုမှာ အဆဲခံ လှေသမား လူငယ်လေး၏ လက်ထဲမှ လှေဝမ်းထဲမှ ရေတွေထဲသို့ ပြုတ်ကျသွားသည်။ ပြန်ရှာလို့ မရတော့။ အဲဒါကိုပဲ သည်းကြီးမည်းကြီးရှာရင်းက ကိုရွှေပဲ့နင်းသည် မနားတမ်း ဆိုဆဲလျက်။

ကျွန်တော်တို့နောက်မှ ထွက်ကာ ကျွန်တော်တို့အရင် သင်္ဘောနှင့် ကပ်သွားသော လှေပင်လျှင် ပြန်ထွက်လေပြီ။ ကျွန်တော်တို့ကတော့ ရေလယ်လှိုင်းလုံးများ ကြားမှာ နိမ့်တုံမြင့်တုံ၊ သည်းလှိုက်လှိုက်ခုန်။

ဘာဖြစ်တာလဲဟု အော်ဟစ်ပြီး ထိုလှေက လှမ်းမေးသေးသည်။ ပဲ့နင်းက ထိုလှေသမားတွေကို လက်ခါပြလိုက်သည်။

“ကဲပါ… ခင်ဗျာ့ပိုက်ကို နောက်မှ ပြင်။ ကျုပ်တို့လှေကို အရင် ကပ်ပေးဦး”ဟု ကျွန်တော်ကပဲ ပြောလိုက်ပါသည်။ ဟိုလင်မယားကလည်း ထိုအခါမှ လှေကို အရင်ကပ်ပါဟု သံပြိုင်ပြောကြသည်။

ကျွန်တော်က ပိုက်ဆံအိတ်ထဲမှ တစ်ထောင်တန်တစ်ချပ်ကို ဆွဲထုတ် လိုက်ပြီး ယောကျာ်းဖြစ်သူထံ လှမ်းပေးလိုက်သည်။ ခင်ဗျားတို့လည်း တစ်ထောင်ပေးလိုက်ကြဟုလည်း အော်ပြောလိုက်ပါသည်။ ထိုသူက အိပ်ကပ်ကို နှိုက်လိုက်သည်။ နှစ်ရာတန်၊ တစ်ရာတန် အြွေကများ ထွက်လာသည်။ ငါးရာတန်ပင်မပါ။ စုစုပေါင်း လေး၊ ငါးရာခန့်သာ ရှိမည်ဟု တွက်ဆရသည်။ ဒါပဲရှိတယ်ဟု ပြောကာ ပဲ့နင်းကို ကျွန်တော့်တစ်ထောင်တန်နှင့် စုပေါင်းပြီး ပေးလိုက်တော့ ပဲ့နင်းက လှေဦးမှ သူ့လှေသမားကို ပေးဖို့ မေးထိုးပြသည်။ စားသောက်ဆိုင်အဖွဲ့က လှမ်းယူပြီး ငွေတစ်ထောင် ထပ်ဖြည့်ကာ လှေဦးမှ လှေသမားအား ပေးလိုက်သည်။

လူ့စရိုက်သဘာဝတွေကို ဖျတ်ခနဲ တွေ့လိုက်ရခြင်းပင်ဖြစ်သည်။ ထို လင်မယားမှာ ဆင်းတောင့်ဆင်းရဲဟန်ပန် လုံးဝမရှိပါ။ သူတို့ဝတ်ဆင်ထားသော အဝတ်အစား၊ သူတို့ မျက်နှာသွင်ပြင်၊ ကလေးငယ်၏အပြင်အဆင်နှင့် အသွင်အပြင်အရ ငွေကြေးချို့ငဲ့သည့်ပုံလည်း တစ်စက်မှ မပေါ်။ ပြီးတော့ ပဲ့နင်း ပိုက်ဆံတောင်းတုန်းကလည်း ပိုက်ဆံအတွက် မပူနှင့်ဟု သူတို့ပင် သံပြိုင်ပြောခဲ့ကြသေးသည်။ ထို့အပြင် လင်မယား နှစ်ယောက်စလုံး သည်မျှ ထိတ်လန့်နေသည့်ကြား၊ စိတ်ပျက်စရာကောင်းလှသည့်ကြားမှပင် အကြွေများကို နှိုက်ထုတ်လျက် “ဒါပဲရှိတယ်”ဟု ပြောထွက်သော ထိုယောက်ျား၏ ပါးစပ်မှာ ရွှေချထားဖို့ပင် ကောင်းလွန်းလှသည်။

လောလောလတ်လတ် ဖတ်ထားတဲ့ စာဖတ်ပရိသတ်တစ်ဦးရဲ့ အသံ

“ပီကင်းအကြောင်းကို ပိုကြိုက်​တယ်။ ခပ်သောသောလေး ဖြစ်နေလို့။ ကိုကိုးကျွန်းမှာ တစ်ကျွန်းသမားတွေ ထားသေးတယ်လို့ပဲ ထင်ထားခဲ့တာ။ မရောက်ဖူးတဲ့သူတွေအတွက် ဒေသန္တရ ဗဟုသုတရတဲ့ စာအုပ်ကလေးပါ။ စာမျက်နှာ ၂၅၆ နဲ့ ၂၅၇ မှာ ကြိုးတွဲလောင်းရထားစီးနေရတဲ့​အချိန် ဆရာအမြင့်မှာ အသည်းတယားယားဖြစ်နေတဲ့ပုံကို ရေးထားတာ ရယ်လိုက်ရတာ…”

On a Thai Train

ဇင်းမယ်-ဘန်ကောက်-ဇင်းမယ်သွား ရထားပေါ်ဝယ်

ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့မှာ တစ်ချိန်က ဇင်းမယ်လို့ ခေါ်ပြီး အခုတော့ ‘ချင်းမိုင်‘လို့ လူသိများတဲ့ ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော်ကို ရောက်သွားပါတယ်။ မနှစ်က ပထမဆုံးအကြိမ် စရောက်ခဲ့ရပြီးကတည်းက သည်မြို့လေးကို ကျွန်တော် ချစ်နေမိတယ်။ မန္တလေးနဲ့ ဆင်သလိုလို ဘာလိုလိုမို့လားတော့ မသိဘူး။ သူ့မှာလည်း သူ့ပုံစံ ကျုံးနဲ့၊ မြို့ရိုး အပြိုအပျက်တွေနဲ့မို့လည်းပါရဲ့။ ဘန်ကောက်လို မွန်းကျပ်ရှုပ်ထွေးမှု မရှိဘဲ အေးအေးသက်သာရှိတဲ့ ၀န်းကျင်မို့လည်းပါရဲ့။

ကျွန်တော့်သဘောနဲ့ ကျွန်တော်သာ ဆိုရင်တော့ ဘယ်မှ ဆက်မသွားဘဲ ချင်းမိုင်မှာပဲ စတည်းချမိမှာ သေချာပါတယ်။ အခုတော့ နိုင်ငံရပ်ခြားကို တစ်ခါမှ မရောက်ဖူးသေးလေသူ ကျွန်တော့်သမီးတော် ငါးကျည်းကြော်ရဲ့ အလိုဆန္ဒကို လိုက်လျောပြီး ဘန်ကောက်ကို သွားဖို့ ခရီးစဉ် ထည့်ဆွဲခဲ့ပါတယ်။ ချင်းမိုင်ကနေ ဘန်ကောက်ကို သွားဖို့တော့ လေယာဉ် စီးမနေတော့ဘဲ ရထားစီးဖို့တော့ ကျွန်တော်ကပဲ ဆုံးဖြတ် ရွေးချယ်ထားနှင့်ခဲ့တယ်။

ခက်တာက ချင်းမိုင်မှာ ကျွန်တော်နဲ့ ကိုယ်ရင့်တတူ ရင်းနှီးတဲ့သူ မရှိဘူး။ အသိအကျွမ်းလည်း ကောင်းကောင်းကန်းကန်း ရှိလှတာ မဟုတ်ဘူး။ မနှစ်က တစ်ခေါက်သွားတုန်းက သိခဲ့တဲ့သူ တစ်ယောက် ရှိတယ်။ ကျွန်တော့် ငယ်သူငယ်ချင်းတစ်ယောက်ရဲ့ ချစ်သူရည်းစားအဖြစ် ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က သိကျွမ်းခင်မင်ခဲ့ဖူးသူ တစ်ယောက် ရှိတယ်။ သို့သော် သူတို့တွေမှာကလည်း သူတို့အလုပ်နဲ့သူတို့ ဖြစ်နေသလို သိပ်လည်း အရင်းကြီး မဟုတ်တော့ ရထား လက်မှတ်ကို ကြိုဝယ် ခိုင်းထားလို့ မရဘူး။

အို. . . ဖြစ်ချင်ရာဖြစ် ဆိုပြီး ညနေငါးနာရီလောက်မှာ ချင်းမိုင်မြို့ထဲ ရောက်ပြီး ချက်ချင်းလိုပဲ ဘူတာရုံကို ပြေးသွားခဲ့ပါတယ်။ ဟိုကျတော့ လက်မှတ်ရုံမှာက ကျီးနဲ့ ဖုတ်ဖုတ်။ တာဝန်ကျ အရောင်းစာရေးလေး တစ်ယောက်ပဲ ရှိရှာတယ်။ သို့သော် သူက လေအေးစက် တပ်ဆင်ထားတဲ့ အခန်းထဲမှာ သန့်လို့ ပြန့်လို့ရယ်။ သူ့ရှေ့မှာလည်း ကွန်ပျူတာနဲ့။

ကျွန်တော်က နက်ဖြန်ညရထားနဲ့ ဘန်ကောက်ကို သွားလိုကြောင်း ပြောတော့ သူက ကွန်ပျူတာမှာ နှိပ်ကြည့်ပြီး ထိုင်ခုံနဲ့ သွားရမယ့် ရထား ရှိကြောင်း ပြောပါတယ်။ အိပ်စင်ရထားတော့ မရနိုင်တော့ဘူးတဲ့။ ဘာဖြစ်ဖြစ် သွားတာပေါ့။ ရထားခ ဘတ်ငွေ ၆၆၁ ဘတ် ကျသင့်ပါမယ်တဲ့။

ဒါဆို လေးစောင်ယူပါမယ်လို့ ကျွန်တော် ပြောလိုက်တယ်။ သူက ကျွန်တော့် နာမည်ကို စာလုံးပေါင်းခိုင်းတာနဲ့ ကျွန်တော်လည်း သတ်ပုံခေါ်သလို တစ်လုံးချင်း ပြောပြလိုက်ပါတယ်။ ဒါလေးတစ်ခုပဲ သူ မေးတယ်။ ကျွန်တော် ပိုက်ဆံပေးတယ်။ တစ်မိနစ်လောက်အတွင်းမှာ ကွန်ပျူတာနဲ့ ပုံနှိပ်ထားတဲ့ ရထားလက်မှတ်တွေ ထွက်လာပါတယ်။ အရောင်းစာရေးလေးက ကျွန်တော့်ကို လက်မှတ်ဖြန့်ပြပြီး ကျွန်တော့်နာမည် စာလုံးပေါင်း မှန်မမှန် စစ်ခိုင်းပါတယ်။ ပြီးတော့ တွဲနံပါတ်နဲ့ ထိုင်ခုံနံပါတ်တွေကို တစ်စောင်ချင်း ထောက်ပြပေးပါတယ်။ လေးစောင်စလုံးမှာ ကျွန်တော့်နာမည်နဲ့ပါပဲ။

လွယ်ချင်တော့လည်း ကျွန်တော့်ဘ၀ သက်တမ်း ၅၄ နှစ်နီးပါး အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရထားလက်မှတ် လေးစောင်ကို လွယ်လွယ်ကူကူ ၀ယ်ယူ ရရှိခဲ့ဖူးတဲ့ အဖြစ်လို့ မှတ်တမ်းတင်ရတော့မလို ဖြစ်သွားပါတော့တယ်။ ဒါနဲ့ကျွန်တော်လည်း ဘူတာထဲက ပြန်ထွက်ခဲ့ပါတယ်။ ဒုတိယမြို့တော်ရဲ့ ဘူတာ ဆိုပေမယ့် မခမ်းနားဘူး။ မကြီးကျယ်လှဘူး။ မန္တလေးဘူတာကြီးနဲ့ ယှဉ်မယ်ဆိုရင် ကျယ်ပုံ၊ ကြီးပုံက ဆင်နဲ့ ဆိတ်လောက် ကွာခြားလှပေတယ်။ မန္တလေးဘူတာက ဆင်ဆိုရင် ချင်းမိုင်ဘူတာက ဆိတ်ပေါ့ခင်ဗျာ။

သည်လိုနဲ့ နောက်တစ်ရက် ညဦးပိုင်းမှာ ဘူတာကို ဆင်းခဲ့ကြတယ်။ ဘူတာရောက်တော့မှ မနေ့က တစ်ခါတည်း လုပ်ရမယ့် အလုပ်ကို အခုမှ သတိရပြီး လုပ်မိရပြန်တယ်။ အဲဒါကတော့ အပြန်လက်မှတ် စုံစမ်းဖို့ပါ။ ဒါနဲ့ မနေ့က လက်မှတ်ဝယ်တဲ့ နေရာကိုပဲ ပြန်သွားလိုက်တယ်။ စုံစမ်းလိုက်တယ်။

အိပ်စင်ရထား နှစ်စီး ရှိတယ်။ တစ်စီးက ၆ နာရီခွဲ၊ နောက်တစ်စီးက ၇ နာရီခွဲပါတဲ့။ မနေ့က လက်မှတ်ရောင်းပေးတဲ့သူကပဲ ပြောပြတာပါ။ သူ့မျက်နှာက အေးအေးချမ်းချမ်းပါပဲ။ ခက်ထန်တဲ့ မျက်နှာလည်း မဟုတ်သလို အလွန်အမင်း ဖော်ရွေပုံလည်း မပြပေမယ့် သူ့မျက်နှာကြောင့် တစ်စက်မှ စိတ်အနှောင့်အယှက် မဖြစ်ရပါဘူး။ ၆ နာရီခွဲ ထွက်တဲ့ ရထားက ချင်းမိုင်ကို ၈ နာရီခွဲ ၀င်မယ်၊ ၇ နာရီခွဲက ၉ နာရီခွဲ ၀င်မယ် ဆိုတာကိုပါ ကျွန်တော်မေးစရာ မလိုဘဲ သူက ပြည့်ပြည့်စုံစုံ ပြောပြလိုက်ပါတယ်။ လက်မှတ်ခကတော့ ၈၈၂ ဘတ် ကျပါမယ်တဲ့။ ဒါကျတော့ အိပ်စင်ကိုး။

ကျွန်တော်လည်း ၀ယ်ချလိုက်ပြန်တယ်။ မနေ့က နည်းအတိုင်းပဲ၊ ကျွန်တော့် နာမည် စာလုံး ပေါင်းပြလိုက်တာ တစ်ခုက လွဲလို့ ဘာမှလုပ်စရာ မလိုဘဲ ငွေချေလိုက်တာနဲ့ လက်ထဲကို လက်မှတ်လေးစောင်က ချက်ချင်း ရောက်လာပါတယ်။

ကျွန်တော်တို့ စီးရမယ့် ရထားက စင်္ကြံ အမှတ် ၂ မှာ ဆိုက်မယ်လို့ သူ့ဆီက သိရတာနဲ့ ကျွန်တော်တို့လည်း စောင့်နေလိုက်ကြပါတယ်။ ရထားက နာရီဝက်လောက် နောက်ကျပြီးမှ ဆိုက်လာတယ်။ ခရီးသည်က သိပ် များများစားစား မရှိပါဘူး။ ရထားကလည်း စုစုပေါင်းမှ သုံးတွဲလေးပဲ ပါတယ် ခင်ဗျ။

ဘန်ကောက်က လာတာလို့ ယူဆရတဲ့ ခရီးသည်တွေ ဆင်းလာကြတယ်။ ဆင်းလာသူတွေ ကုန်သွားတော့ ကျွန်တော်တို့ တက်ရမယ် မှတ်တာ၊ မတက်ရသေးဘူး။ ရထားတွဲစောင့်တွေက တားထားတယ်။

ဘယ်ဟုတ်မတုန်း၊ သူတို့က ရထားကို “ရေချိုးပေး” ကြသေးတာကိုး။ ရထားကို ရေဆေးတာ မဟုတ်ဘူးနော်။ ဆပ်ပြာတွေကို ရထားအပြင်ဘက် ကိုယ်ထည် နေရာအနှံ့ ရှေ့က စက်နဲ့ ဖျန်းသွား၊ နောက်က တစ်ယောက်က ရေမြှုပ်ကြီးကြီး ထိပ်မှာ တပ်ထားတဲ့ တံမြက်စည်းဆန်ဆန် တုတ်ရှည်နဲ့ လိုက်ပွတ်၊ နောက်က လူက ရေပန်းနဲ့ အဲဒီ့ဆပ်ပြာတွေ စင်အောင် ဖျန်းသွားတာမို့ ရထားကို ရေဆေးတာ မဟုတ်ဘဲ “ရေချိုးပေးတာ”လို့ ရေးလိုက်မိရတာပါပဲ ခင်ဗျား။

ကျွန်တော်ကလည်း ဒါမျိုးကို ၀ါသနာပါတတ်သူမို့ သူတို့ လုပ်ပုံကိုင်ပုံကို ကြည့်မိတယ်။ ၀တ်ကျေတန်းကျေ ပြီးကပစ် မဟုတ်ဘူး။ ဓာတ်ပုံတွေကို ကြည့်လိုက်မယ် ဆိုရင် ပြောင်စင်ဖိတ်လက်နေတဲ့ ရထားတွဲတွေကို တွေ့ကြရမှာမို့ သူတို့ရဲ့ အလုပ်ကို အလုပ်နဲ့တူအောင် လုပ်တတ်ပုံကို မျက်ဝါးထင်ထင် မြင်ကြရမှာပါ။

ရထားတစ်စင်းလုံး ဟိုဘက်သည်ဘက် အကျအန ဆေးကြောသန့်စင် ပြီးတော့မှ ကျွန်တော်တို့ ရထားပေါ် တက်ရပါတယ်။ ရထားပေါ်မှာတော့ လေအေးစက်က အေးလို့ စိမ့်လို့ရယ်။ ထိုင်ခုံတွေက ဆိုဖာပေါ်မှာ သားရေတု အုပ်ထားတဲ့ ထိုင်ခုံတွေပါပဲ။

ကျွန်တော်တို့လည်း ၀န်စည်စလယ်တွေကို ခေါင်းပေါ်က တန်းတွေပေါ် ထိုးသိပ်တင်ပြီး ၀င်ထိုင်လိုက်ကြတယ်။ သက်သောင့်သက်သာ ရှိပါတယ်။

ခဏနေတော့ ခေါင်းလောင်းသံ ကြားရပြီး ရထားလည်း ထွက်ပါတော့တယ်။ အပြင်ဘက်မှာ မှောင်နေပြီမို့ ဘာမှ သိပ် သတိထား ကြည့်မနေမိတော့ဘူး။

ခဏနေတော့ လက်မှတ်စစ် ပေါ်လာတယ်။ လက်မှတ်စစ်ရဲ့ မျက်နှာက ကျွန်တော်တို့ အညာလေ အလင်္ကာနဲ့ တန်ဆာဆင်ရရင် “ခွေး တက်လျက်ချင်စရာ ကောင်းအောင်”ကို ချိုနေတာကို သတိထားမိတယ်။ သူက ကျွန်တော့်အိမ်သူ ထုတ်ပေးတဲ့ လက်မှတ်လေးစောင်ကို ကြည့်တယ်ဆိုရုံ တစ်ချက် ဖြန့်ကြည့်လိုက်ရင်း စစ်ဆေးပြီး ဖြစ်ကြောင်း အထိမ်းအမှတ်နဲ့ သူ့လက်ထဲက ပလိုင်ယာလို ကိရိယာလေးနဲ့ အပေါက်ဖောက်သွားတယ်။

တော်ကြာနေတော့ ပလတ်စတစ်အိတ်နဲ့ ထုတ်ထားတဲ့ မျက်နှာသုတ်ပ၀ါလို အသားမျိုး ခြုံစောင်တွေ လာပေးတယ်။ ပလတ်စတစ်အိတ်နဲ့ အလုံ ထုတ်ပိုးထားတယ်။ အိတ်ပေါ်မှာတော့ လျှော်ဖွပ်လုပ်ငန်းရဲ့ တံဆိပ်ကို ထိုင်း၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ရိုက်နှိပ်ထားလေရဲ့။

သူတို့က ခြုံစောင် လာပေးနေပြီ ဆိုမှတော့ ကျွန်တော်လည်း အိပ်တော့တာပေါ့။ ရထားကတော့ သုံးတွဲထဲမို့လား မသိဘူး၊ အသံ တော်တော်မြည်သလို ရမ်းခါနေတယ်။ အထက်အောက်တော့ မခုန်ဘူး။ ဘယ်ညာ တအား ရမ်းခါနေတာပါ။

ခဏနေလို့ ကျွန်တော် တစ်ရေးနိုးလာတော့ ရထားက လာပေးသွားတဲ့ ထမင်းဘူးနဲ့ ရေခဲရေတစ်ခွက်ကို ကျွန်တော့်လက်ထဲ ကျွန်တော့်အိမ်သူက ထည့်ပေးတယ်။ ကျွန်တော့် အစာအိမ်က သိပ်ကောင်းလှတာ မဟုတ်လို့ “စားလိုက်ဦး”လို့ တိုက်တွန်းတာနဲ့ ကျွန်တော်လည်း ပလတ်စတစ် ထမင်းဘူးကို ဖွင့်စားလိုက်တယ်။ အမယ်… ကြက်သားဟင်းနဲ့ ခင်ဗျ။ ထိုင်းပုံစံ၊ အုန်းနို့လေးနဲ့ ချိုချို ဆိမ့်ဆိမ့် စပ်စပ်လေး ချက်ထားတာ။ မှိုနဲ့ ပန်းငရုတ်သီးလေးတွေတောင် ပါသေး။ ဟင်းလေးက မွှေးလို့ရယ်။ ဟင်းရံက သင်္ဘောသီးသုတ်လေး။ ဆန်ကတော့ ထိုင်းဆန်ပီပီ နည်းနည်းစေးတယ်။ ကျွန်တော်တို့ဆီက ဆန်သစ်ပေါ်စမှာ စားရတာမျိုးရယ်။

စားပြီးတော့ ပြန်အိပ်တာပေါ့ဗျာ။ ဘာရမလဲ။ တော်တော်လည်း အိပ်လို့ ကောင်းနေတယ်။ မနက်လင်းပြန်တော့ ကော်ဖီတစ်ခွက်နဲ့ မုန့်တစ်ခုစီ ရပြန်တယ်။ တွယ်ပေါ့။ ပြီးတော့ ပြန်အိပ်တာပဲ။ ဘာဖြစ်နေမှန်း မသိဘူး၊ အိပ်လို့က လွှတ်ကောင်းနေတယ်။

တစ်ပိုတစ်ပါး ထသွားတော့ ရထားတွဲထဲက အိမ်သာရဲ့ သန့်ရှင်းမှုကို သတိထားမိသွားခဲ့ရပါသေးတယ်။

ဘန်ကောက် ၀င်လုနီးမှ ပြန်ထလိုက်တယ်။ ဘန်ကောက် တရုတ်တန်းနဲ့ ကပ်နေတဲ့ ဟွာလန်းပေါင်း ဘူတာမှာ ဆိုက်ပါတယ်။ အဲဒီ့ကနေ အငှားကားနဲ့ တည်းခိုရာ ဟိုတယ်ကို သွားတာပေါ့။

ရထားအကြောင်းပဲ အဓိကထား ပြောချင်တာမို့ အပြန်ခရီးစဉ်ဆီပဲ တန်းသွားလိုက်ပါရစေ ခင်ဗျား။

အပြန်ကျတော့လည်း အဲဒီ့ ဟွာလမ်းပေါင်းမှာပဲ သွားစီးရတယ်။ သည်တစ်ခါကျတော့ တွဲတွေ အတော်များသား ခင်ဗျ။ စိတ်ထင် ဆယ်တွဲလောက်ရှိမယ် မှတ်တယ်။

သူတို့ အိပ်စင်တွဲက အိပ်ခန်းတော့ မဟုတ်ဘူး။ သို့သော် လေးယောက်ခန်းများသဖွယ် ကန့်ထားပါတယ်။ အပေါ်၊ အောက် အိပ်စင်တစ်စုံစီနဲ့ပေါ့။ နှစ်ယောက်အိပ်စင် နှစ်ကန့်လား ပါတယ်။ အိပ်စင်မှာကတော့ ဆိုဖာခင်းထားတယ်။

အဲဒီ့အထက်မှာမှ မွေ့ယာအပါးလို ဖြန့်ခင်းလို့ ရတဲ့ ထိုင်ဖုံလိုဟာမျိုး သုံးခုဆက် ရှိတယ်။ ရထား ထွက်ပြီးတော့ အိပ်ရာခင်းနဲ့ စောင်တွေ လိုက်ဝေပါတယ်။

ထူးခြားတာက သည်ရထားရဲ့ လေအေးစက်က ခိုက်ခိုက်တုန်အောင် အေးတာပါပဲ။ သို့ပေမယ့် အိပ်တဲ့အခါ အိပ်စင်ပတ်လည်ကို ကာထားလို့ ရတဲ့ ကန့်လန့်ကာ နှစ်စကို ဆွဲစေ့လိုက်တဲ့အခါမှာတော့ အအေးသက်သာသွားပြီး သက်သောင့်သက်သာ အိပ်လို့ရသွားပါတယ်။

နောက်တစ်ချက်က သည်ရထားမှာ ညစာမကျွေးဘူး။ စားသောက်တွဲက တာဝန်ကျ ၀တ်စုံဝတ် အမျိုးသမီးကြီးက စာအုပ်တစ်အုပ်နဲ့ ဘာစားချင်လဲဆိုတာ လိုက်မေးတယ်။ ဈေးနှုန်း ဖော်ပြထားတဲ့ စားစရာ စာရင်းကတ်ပြားကိုလည်း ပြတယ်။ ညစာအတွက်သာမက မနက်စာအတွက်ပါ ကြိုတင် မှာကြားနိုင်ကြောင်းလည်း ပြောပါတယ်။

အဲဒီ့အတွက်တော့ ပိုက်ဆံပေးရတယ်။ ကိုယ်စားရင် စားသလောက် ကုန်တာပေါ့။ ရထားက အလာတုန်းကလို ဒလကြမ်း လှုပ်ခါမနေတော့ဘူး။ ငြိမ့်ငြိမ့်ငြောင်းငြောင်း ရှိတယ်။ အဲတော့ ကျွန်တော့်မှာ အိပ်လို့ကောင်းရပြန်တယ်ပေါ့။

သည်ရထားရဲ့ နောက်ထူးခြားချက် တစ်ခုက (ကန်တော့ပါရဲ့) အလွန် သေးစော်နံတာပါပဲ။ ဒါနဲ့ တွဲထိပ်က ရေအိမ်တွေကို သွားကြည့်တော့ သန့်တော့ သန့်ပြန့်တာ အမှန်ပဲ။ သေးစော်ကတော့ အလွန်နံနေတယ်။ ဒါနဲ့ ကျွန်တော်လည်း ရေအိမ် နှစ်လုံးစလုံးရဲ့ တံခါးတွေကို စေ့နေအောင် ပိတ်ထားလိုက်ပြီး ပြန်လာခဲ့ပါတယ်။ အဲတော့လည်း အနံ သက်သာသွားပြန်တယ်။

ကျွန်တော့်ဇနီးကတော့ တစ်ညတာ အတွင်းမှာ အလားတူပဲ အိမ်သာ တံခါးကို သုံးကြိမ်တိတိ ထပိတ်လိုက်ရကြောင်း မနက်ကျတော့ ပြောပြပါတယ်။ ကျွန်တော်ကတော့ အိပ်လိုက်ရင် တုံးမို့ မိုးလင်းမှ တစ်ရေးပဲ။

လင်းတော့ လမ်းဘေးဝဲယာကို ကြည့်မိရပြန်တယ်။ အိမ်နီးချင်းနိုင်ငံပီပီ ကျွန်တော်တို့ ရေမြေနဲ့ သိပ်မကွာဘူး။ စိုစိုစိမ်းစိမ်း ရှိတယ်။

ဘူတာငယ်လေးတွေကို ဖြတ်တယ်။ ချင်းမိုင်ဘူတာလိုပဲ လူသူ ကျဲကျဲပါးပါး၊ ဆိတ်ဆိတ်ငြိမ်ငြိမ်။ သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း။ ဘူတာအိုလေးတွေမှန်း သိသာပေမယ့် သူ့ဟာလေးနဲ့သူ စိုစိုလွင်လွင်။ တမင် စိုက်ပျိုးထားတဲ့ သစ်ပင်ပန်းပင်တွေနဲ့ စိမ်းစိမ်းစိုစို။ ဘူတာစင်္ကြံဆိုလည်း သန့်ရှင်းလို့။

ကြားဘူတာ တချို့မှာရပ်တဲ့အခါလည်း ရပ်။ အဲဒီ့ဘူတာတွေလည်း အလားတူ၊ သန့်သန့်ရှင်းရှင်း၊ စိုစိုပြည်ပြည်။ လူသူ ကျဲကျဲပါးပါး။

ရထားလမ်းနဲ့ ပြိုင်နေတဲ့ ကားလမ်းတွေကို မြင်ရတယ်။ လမ်းမကျယ်ကြီးတွေ မဟုတ်ပေမယ့် ဖြူးနေအောင် ချောတဲ့ လေးလမ်းသွား အဝေးပြေးလမ်းတွေပါ။ လမ်းမှာ ဆက်ရာ မရှိ၊ ဖာထေးရာ မရှိ၊ ချိုင့်ခွက် မရှိ၊ လှိုင်းတွန့် မရှိတာကို ကားသမားပီပီ ကောင်းကောင်းကြီး သတိထားမိနေရပြန်သေးတယ်။ ရထားကို ရွေးချယ်ခဲ့မိတဲ့ ကျွန်တော့်စိတ်ကူးကို ကျွန်တော့်ဘာသာ သဘောကျနေမိတယ်။ သူတို့ရဲ့ ကျေးလက်ကို ဖျတ်ခနဲ လှမ်းမြင်ခွင့် ရလိုက်တာပေါ့။

ရွာသိမ်ရွာငယ်လေးတွေကို မြင်ရတယ်။ အားလုံး သပ်သပ်ရပ်ရပ်၊ စိုစိုလွင်လွင်။

သည်လိုနဲ့ ချင်းမိုင်ဘူတာကို မနက်ဆယ်နာရီကျော်စမှာ ပြန်ရောက်လာတယ်။ ကျွန်တော်တို့မှာက ၀န်စည်စလယ်တွေ အများသား။ ဘန်ကောက်မှာ ဈေးဝယ်လို့ ကောင်းလာခဲ့ကြတာကိုး။ အဲတော့လည်း ၀န်စည်စလယ် အကြီးစားကိုက ငါးအိတ်၊ အသေးက ငါးအိတ်၊ စုစုပေါင်း အိတ်ဆယ်အိတ်နဲ့မို့ နောက်ဆုံး ချန်ရစ်ပြီးမှ ရထားပေါ်က ဆင်းလိုက်ကြတယ်။

ကျွန်တော်တို့ရော ၀န်စည်စလယ်အားလုံးပါ ဘူတာစင်္ကြံပေါ် ရောက်သွားချိန်မှာတော့ ၀န်ထမ်းတွေက ရထားကို ရေ စ ချိုးပေးနေကြပြန်ပါပြီ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော် (ရန်ကုန် – ၂၈၀၄၁၁)

ယနေ့ (၁၉-၀၅-၁၁) ထုတ် Bi Weekly Eleven Journal မှာ ဖော်ပြပါရှိတဲ့ စာကို ပြန်လည် တင်ဆက်ထားတာပါ။ 

စမလုံးချင်ဘု လုံးလုံးကြီး စိတ်နာ (၉)

စီးပွားရေးလုပ်ငန်းနဲ့ အားပေးသူအပေါ် အလေးပေးမှု

ညနေစောင်းစပြုလာတော့ တော်တော်လေး ညောင်းလာပြီမို့ အဝင်ဝနားက ထိုင်ခုံတန်းမှာ ထိုင်ရင်း လူစောင့်ကြပါတယ်။

စင်္ကပူရသားတွေရဲ့ အကြံကြီးပုံကို သည်စတူဒီယိုမှာ ထပ်မြင်လိုက်ရပြန်တာပါပဲ။ ရှေ့မှာ ရေးခဲ့တဲ့အတိုင်း သူတို့မှာ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်စရာ ဘာမှ မည်မည်ရရ မရှိတာမို့ ဒါကြီးကိုလည်း ငွေကုန်ကြေးကျခံပြီး ဆောက်လိုက်ပြန်ပေတာပဲဆိုတာ ထင်ရှားနေပါတယ်။
ကျွန်တော်တို့ ထိုင်နေတာ အတော်ကြာတော့ ကလေးမလေးတစ်ယောက် အနားရောက်လာတယ်။ သူက သည်ထဲက ဝန်ထမ်းတွေ ဝတ်ထားတဲ့ တူညီ ဝတ်စုံကလေးနဲ့။ ရေရေမွန်မွန် ယဉ်ယဉ်ကျေးကျေးလေးနဲ့ ကျွန်တော့်ကို မေးခွန်းလေးတွေ မေးပါရစေလို့ ပြောလာပါတယ်။ ဆယ်မိနစ်လောက်တော့ ကြာပါလိမ့်မယ်တဲ့။

အားနေတာပဲ… မေးပါဆိုတော့ ဘယ်ဟုတ်မတုံး၊ သူက စစ်တမ်း ကောက်တာကိုးခင်ဗျ။ သူ့မှာ လက်တစ်ဝါးစာသာသာလောက် ရှိတဲ့ စစ်တမ်းကောက်ရာမှာ သုံးတဲ့ ကွန်ပျူတာပေါက်စလေး ပါလာတယ်။

မေးခွန်းတွေက ကျွန်တော့်စိတ်ထင် ၅၀-၆၀ လောက် ရှိမယ်။ သူတို့ စတူဒီယိုရဲ့ ဝန်ဆောင်မှု၊ လိုအပ်ချက်စတာတွေကို ပိုက်စိပ်တိုက် မေးတော့တာကလား။

ကျွန်တော် သဘောကျနေတယ်။ အလုပ်ဆိုတာ အဲလို လုပ်ကြမှာပေါ့။ ပရိသတ်ဆီက တုံ့ပြန်ချက်ကို ချက်ချင်းရနိုင်တဲ့ နည်းတွေ ရှိနေတာပဲဟာ။

နောက်တစ်ခေါက်လာချင်စိတ် ရှိသေးလားဆိုတဲ့ မေးခွန်းမျိုး၊ မိသားစုကို ခေါ်လာမှာလားဆိုတဲ့ မေးခွန်းမျိုးတွေလည်း ပါတယ်။ တော်တော် စနစ်တကျ စီစဉ်ထားတဲ့ စစ်တမ်းမေးခွန်းတွေပါပဲ။ ကျွန်တော်လည်း စိတ်ရှည်လက်ရှည်နဲ့ ကြည်ကြည်ဖြူဖြူ ဖြေပေးလိုက်ပါတယ်။ အမြော်အမြင်နဲ့ လုပ်ရပ်ကို သဘောကျမိလို့ပါ။

အမှန်တော့လည်း သူတို့နိုင်ငံတွေအတွက်က ဒါမျိုးက အဆန်းမဟုတ်ပါဘူး။ စီးပွားရေးပညာ၊ လူမှုရေးပညာတွေကို ဘွဲ့လက်မှတ်စက္ကူဆိုတာထက် လက်တွေ့ဘဝမှာ ပီပီပြင်ပြင် ချသုံးနေကြတဲ့ အလေ့က ထုံလွန်းနေပြီမို့ ဒါတွေကို သူတို့ ကောင်းကောင်း လုပ်တတ်ပါတယ်။

ကျွန်တော့်ဘဝမှာတော့ ၅၃ နှစ်မှ ရုပ်လုံးကြွရုပ်ရှင်ကို အခုကျတော့မှ ပထမဆုံး ကြည့်ဖူးခဲ့ရသလို စီးပွားရေးလုပ်ငန်းကြီးတစ်ခုက စစ်တမ်းကို လူကိုယ်တိုင် ဖြေရတာမျိုးကိုလည်း အခုကျတော့မှပဲ လုပ်လိုက်ရပါတော့တယ်။ မြန်မာတိုင်း(မ်) ဂျာနယ်က အဲသလို စစ်တမ်းမျိုး အခါအားလျော်စွာ လုပ်တတ်သလို ကျွန်တော့်စာအုပ်တိုက်ကလည်း အဲသလို စစ်တမ်းငယ်မျိုး လေးကြိမ်လုပ်ခဲ့ဖူးပါတယ်။ လူကိုယ်တိုင်တော့ ဘယ်သူ့ကိုမှ မမေးဖူးသေးပါဘူး။

မေးလို့ အားရသွားတဲ့အခါ ကျွန်တော်တို့ လက်ထဲကို ရေသန့်ဘူး တစ်ဘူးစီ လာပေးပါတယ်။ ရေသန့်ဘူးဆိုလို့ အထင်မသေးနဲ့ခင်ဗျ။ သောက်ရေကိုတောင်မှ နိုင်ငံခြားက တင်သွင်းရတဲ့ နိုင်ငံမို့လားတော့ မသိဘူး၊ စင်္ကာပူမှာ ရေသန့်ဘူးက အချိုရည်ဘူးထက် နည်းနည်း ပိုဈေးကြီးပါတယ်။

သည်လိုနဲ့ တော်တော်ကြာကြာ စောင့်ပြီးတော့မှ လူစုံတယ်။ အဲဒါနဲ့ အပြင်ကို ပြန်ထွက်ကြတဲ့အခါ ဝင်ပေါက်ကနေ ကျွန်တော်တို့ကို လက်ဆောင်လေးတွေ ပေးလိုက်ပါသေးတယ်။ ဘာမှတော့ သိပ်တန်ဖိုး မရှိပေမယ့် ယူနီဗာဆယ် စတူဒီယိုတံဆိပ်နဲ့ လည်ပင်းမှာဆွဲလို့ ရတဲ့ နာမည်ကတ်ပြားချိတ်တဲ့ ကော်ပြား အိမ်လေး တစ်ခုရယ်၊ နာမည်ကျော် ဇာတ်ကားတစ်ကားထဲက ဇာတ်ဝင်ပစ္စည်း အသေးစား နမူနာပုံစံနဲ့ ရင်ထိုးလေးတစ်ခုပါ။ ဘာပဲဖြစ်ဖြစ်၊ ဘာမှ မဝယ်ဖြစ်ခဲ့ သူဆိုရင်တောင်မှ အမှတ်တရလေးတစ်ခုခုကို အခုလို လက်ဆောင်လေး ထည့်ပေးလိုက်ကြတဲ့ စိတ်ကူးကို သဘောကျနေမိပါတယ်။

သည်နေရာမှာ အားပေးသူအပေါ်ပေးတဲ့ ဝန်ဆောင်မှု (customer service) ကို ကျော်လွန်သွားပြီး အားပေးသူအပေါ် အလေးပေးမှု (customer focus)ဆီကို ရောက်သွားတာ သတိထားမိလိုက်ပါတယ်။ အခုခေတ် နိုင်ငံတကာ လုပ်ငန်းနယ်ပယ်မှာ “ဝန်ဆောင်မှု” ဆိုတာထက် “အလေးပေးမှု”ကို ပို ကျယ်ကျယ်လောင်လောင် ပြောလာပါပြီ။

“ဝန်ဆောင်မှု”မကောင်းရင် အားပေးသူက တန်းသိပါတယ်။ အဲဒါဟာ လုပ်ငန်းတစ်ရပ်ကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေနိုင်အောင်၊ ခွက်ခွက်လန်သွားအောင် လုပ်ပစ်နိုင်တဲ့ အားနည်းချက်မို့ အပြိုင်အဆိုင်တွေ ပေါများလှတဲ့ ဖွံ့ဖြိုး ပြီးနိုင်ငံများက စီးပွားရေးလုပ်ငန်းတိုင်းဟာ သည်အချက်ကို အသေဂရုစိုက်ကြပါတယ်။

ဖြစ်ချင်တော့ လုပ်ငန်းတိုင်းက အဲဒါကို သိပ်ဂရုစိုက်ကြတဲ့အခါ ဝန်ဆောင်မှုဆိုတာက အားပေးသူအတွက် အလိုလို ရနေတဲ့ အရာတစ်ခုလိုဖြစ်လာပြီး သိပ်အမှု မထားမိတတ်ကြတော့ဘူး။

“ဝန်ဆောင်မှု”က ဘာနဲ့ တူသလဲဆိုတော့ အိမ်မှုကိစ္စနဲ့ ခပ်ဆင်ဆင်ပါပဲ။ အိမ်ရှင်မတစ်ယောက် နိစ္စဓူဝ လုပ်နေရတဲ့ အိမ်အလုပ်က သာမန်ကာလျှံကာ ကြည့်ရင် ဘာမှ အပန်းမကြီးသလိုပါပဲ။ အိမ်ရှင်မတစ်ယောက် အိမ်မှုကိစ္စတွေကို နိုင်နိုင်နင်းနင်းနဲ့ လုပ်ထား ကိုင်ထားရင် ဘယ်သူမှ သတိမထားမိတတ်ကြပါဘူး။ သည်အိမ်ရှင်မနှယ် တော်လိုက်တာလို့လည်း ချီးကျူးဖို့ မေ့နေတတ်ကြတယ်။ အဲ… အဲဒီ့အိမ်ရှင်မခမျာ မနိုင်မနင်းဖြစ်နေလို့ပဲဖြစ်ဖြစ်၊ အိမ်မှုကိစ္စကို မလုပ်တတ်တဲ့ အိမ်ရှင်မ ဖြစ်နေလို့ပဲဖြစ်ဖြစ် အိမ်အလုပ်တွေ လစ်ဟာနေပြီဆို ရင်တော့ ဘယ်သူမဆို တန်းသိတော့တာပဲ။

အားပေးသူအပေါ် ပေးနေတဲ့ ဝန်ဆောင်မှုကလည်း အလားတူပဲ။ ဝန်ဆောင်မှု ကောင်းနေရင် သတိမထားမိတတ်ကြဘူး။ (ကျွန်တော်တို့ ရွှေတွေရဲ့ လုပ်ငန်း အတော်များများမှာကတော့ ဝန်ဆောင်မှုတွေက ချာတူးလန်ကြမြဲဆိုတော့ ကောင်းနေရင် အမှတ်ထင်ထင် သတိထားမိတတ်ကြပါတယ်။) စောစောက ပြောသလို သည်နိုင်ငံတွေမှာက အပြိုင်အဆိုင်တွေ သိပ်များတော့ ဝန်ဆောင်မှုကောင်းအောင် သူ့ထက်ငါ ကြိုးစားကြတဲ့အခါ ဝန်ဆောင်မှုကောင်းတာက သိပ်မသိသာသလို ဖြစ်လာတယ်။


သည်အခါ စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ “အားပေးသူအပေါ် အလေးပေးမှု”ဆိုတာကို ရှာဖွေ တွေ့ရှိလာကြပါတယ်။ အဲဒါကို ခွဲခြားတာကတော့ ရှင်းရှင်းလေးပါ။ အားပေးသူအနေနဲ့ ရလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ ဆက်ဆံပုံ၊ မျက်နှာထားများ အပါအဝင် လုပ်ငန်းနဲ့ ပတ်သက်တာများ အားလုံး ရရှိနေသမျှ အဲဒါ ဝန်ဆောင်မှုသာ ဖြစ်ပါတယ်။ ဆိုကြပါစို့၊ ဘာမဟုတ်တဲ့ လမ်းဘေးက မုန့်ဟင်းခါးဆိုင်တစ်ဆိုင်ကိုပဲ နမူနာပြပါ့မယ်။

ပန်းကန်ခွက်ယောက် သန့်ရှင်းမယ်၊ ဈေးသည် မျက်နှာထား ချိုမယ်၊ ငရုတ်သီးမှုန့်၊ နံနံပင်၊ ငံပြာရည်၊ သံပရာသီး/ရှောက်သီးစတာတွေလည်း အဆင်သင့် ရှိနေတဲ့အပြင် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ပြင်ဆင်ထားမယ်၊ ဟင်းရည် အဆစ်တောင်းတဲ့အခါလည်း ကြည်ကြည်ဖြူဖြူနဲ့ အလောတော်ထည့်ပေးမယ်လို့ အားပေးသူ (သည်နေရာမှာတော့ စားသုံးသူ)က မျှော်လင့်ထားပါလိမ့်မယ်။

အဲဒါတွေထဲက တစ်ခုခု ယုတ်လျော့နေရင် အဲဒါ ဝန်ဆောင်မှု မကောင်းတာပေါ့။ ဈေးသည်က မျက်နှာကြီး ပုပ်လို့၊ ဒါမှမဟုတ် မသန့်ရှင်းလို့၊ ဟင်းရည် အဆစ် တောင်းတော့ ပန်းကန်ဖင်ကပ် ပါလေရုံလေး ထည့်ပေးလို့၊ နံနံပင်နေရာမှာ ပဲသီးတောင့်တွေပဲ ချပေးထားလို့၊ ငံပြာရည်ပုလင်းလေးက ညစ်ပတ်လို့ စသဖြင့် တစ်ခုခုညံ့နေတဲ့အခါ သတိထားမိတတ်ကြပါတယ်။ အဲဒါတွေ အားလုံး ကောင်းနေရင် ဝန်ဆောင်မှုကောင်းတယ်ပေါ့။ သို့သော် တန်ရုံလူက အဲဒါကို သတိ မထားမိတတ်သလို ကနေ့နိုင်ငံတကာ စီးပွားရေး နယ်ပယ်မှာကို ဒါကို စာသိပ်မဖွဲ့ကြတော့ဘူး။

အားပေးသူအပေါ် အာရုံစိုက်မှုကကျတော့ အားပေးသူ မမျှော်လင့်ထားတာကို ရသွားတာဖြစ်ပါတယ်။ အဲဒါက ပိုတန်ဖိုးရှိတယ်လို့ ယနေ့  ၂၁ ရာစု စီမံရေးရာ/ စီးပွားရေးနယ်ပယ်မှာ သတိထားမိလာကြပါပြီ။ စောစောက လမ်းဘေး မုန့်ဟင်းခါးဆိုင်ကိုပဲ နမူနာ ဆက်ပြပါ့မယ်။ အဲဒီ့ဆိုင်လေးက ဝန်ဆောင်မှု တအား ကောင်းတယ်။ ဘာမှ အပြစ်ပြောစရာ မရှိဘူး။ သည်အထိက ဝန်ဆောင်မှုပဲ ရှိသေးတယ်။ အားပေးသူ (စားသုံးသူ)တွေကလည်း သဘောကျတယ်။ သည်ဆိုင်မှာပဲ စားကြတယ်။ ဒါပေမယ့် သူ့လိုပဲ ဝန်ဆောင်မှု ကောင်းတဲ့ နောက်ထပ် လမ်းဘေးဆိုင်တစ်ဆိုင်က မလှမ်းမကမ်းမှာ ပေါ်လာမယ်ဆိုရင် ပြဿနာက နည်းနည်း ရှိလာပါပြီ။

သည်အခါမှာ သူက အားပေးသူအပေါ် အလေးပေးမှုကို စဉ်းစားရပါတော့မယ်။ ဆိုကြပါစို့၊ သူက ဟင်းရည် အဆစ်တောင်းတဲ့အခါမှာ ဟင်းရည်သာမကဘဲ ကြက်သွန်ဖြူ ဆီချက်ကလေး လက်ဖက်ရည် ဇွန်းတစ်ဝက်လောက်ကိုပါ အဆစ်ပေးတဲ့ ဟင်းရည်ပေါ် ဖြူးပေးလိုက်မယ်ဆိုရင် အားပေးသူ မျှော်လင့်မထားတာလေး တစ်ခုကို ရသွားပါပြီ။ အဲဒါကိုကျတော့မှ အားပေးသူအပေါ် အလေးထားမှု ဖြစ်လာပါတော့တယ်။

စီမံရေးရာ/လုပ်ငန်းခန့်ခွဲမှုကို ပို့ချနေတာ မဟုတ်တဲ့အတွက် သည်လောက်နဲ့ပဲ ရပ်ပါ့မယ်။ သို့ပေမယ့် ကျွန်တော့် ဥပမာက အပြိုင်အဆိုင်တွေများလာတဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်း နယ်ပယ်မှာ ဝန်ဆောင်မှုထက် အလေးပေးမှုကို ပိုလို့ ဂရုထားလာကြပြီဆိုတာကို အမြွက်လောက်တော့ မြင်သာလိမ့်မယ် ထင်ပါတယ်။

တစ်နည်းအားဖြင့် အရပ်သုံးစကားနဲ့ ပြောရင် အားပေးသူက သူ့ကို နောက်ထပ် ပုံမှန်အားပေးချင်လာအောင် “ချူဆီ”လေး ထည့်ပေးတာကို အားပေးသူအပေါ် အလေးထားမှုလို့ ဆိုလိုတာပါ။

အခုလည်း စင်္ကာပူက ယူနီဗာဆယ် စတူဒီယိုသစ်ကြီးက ကျွန်တော်တို့ မျှော်လင့်မထားတဲ့ လက်ဆောင်လေးကို ပေးလိုက်ခြင်းအားဖြင့် သူတို့ရဲ့ စီးပွားရေးအရ ပါးနပ်မှုကို ပြလိုက်ပါတယ်။ သည်မောင်တွေက ရွှေကျိုးနည်း ပါးနပ်ကြပေတာပဲ။ တောက်… သင်းတို့နိုင်ငံကတော့ ချမ်းသာပြီးရင်း ချမ်းသာနေတော့မှာပဲ။

အဓိကက ဘာလဲလို့ စဉ်းစားလိုက်တဲ့အခါ ပညာရေးက ခေါင်းထဲ ပေါ်လာပါတယ်။ ရှေ့က စင်္ကာပူနိုင်ငံရဲ့ သမိုင်းကို အမြွက်လောက် ဖော်ပြခဲ့စဉ်တုန်းကလည်း ပါပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်များ၊ ကိုလိုနီနိုင်ငံအဖြစ်က လွတ်မြောက်ခါစ အချိန် စင်္ကာပူကို ပြန်လည်ထူထောင်မယ်ဆိုတော့ စက်မှုလုပ်ငန်း၊ ပညာရေးနဲ့ မြို့ပြ စီမံကိန်းများကို အခြေခံတဲ့ ဒတ်(ခ်ျ)နိုင်ငံသား စီးပွားရေး ပညာရှင်ရဲ့ အစီအစဉ်တွေအတိုင်း ဖော်ဆောင်ခဲ့တာပါ။ အခု နှစ်ငါးဆယ် အကြာမှာတော့ စင်္ကာပူ ပညာရေးဟာ နိုင်ငံတကာအဆင့်မီ ပညာရေး ဖြစ်နေခဲ့ပြီ။ စင်္ကာပူနိုင်ငံသားတွေဟာလည်းပဲ နိုင်ငံတကာအဆင့်မီ ပညာရေးကို တတ်ကျွမ်းထားကြသူက အများစု ဖြစ်နေကြပါပြီ။

ဒါကတော့ စင်္ကာပူတစ်ခုတည်း မဟုတ်ပါဘူး။ ကနေ့ အာရှကျားတွေ အကုန်လုံးလည်း သည်လမ်းစဉ်အတိုင်းပဲ သွားကြတာပါ။ ၁၉၆၀ ပြည့်လွန်နှစ်များမှာ ပညာရေးကို ပုံအောပြီး ရင်းနှီးမြှုပ်နှံခဲ့ကြတဲ့ အကျိုးကျေးဇူးကို သူတို့တွေ ခံစား၊ စံစားနေကြတာမို့ တစ်ဖက်က တွေးရင် အံ့ဩစရာတော့ သိပ်မကောင်းလှဘူးလို့ ဆိုနိုင်ပါလိမ့်မယ်။

“ပညာဟာ ပီတိကို ဖြစ်စေတယ်၊ အဆင်တန်ဆာလည်းဖြစ်တယ်၊ အစွမ်းအစလည်းဖြစ်တယ်”ဆိုပြီး ဖရန်ဆစ်(စ်)ဘေခန် ပြောခဲ့ဖူးတာလေးကို သွား သတိရမိပါတော့တယ်။ အကျယ်ရှင်းတော့ တစ်ကိုယ်တည်းနေချိန်၊ အနားယူနေချိန်မှာ ပညာကြောင့် ပီတိဖြစ်ရတယ်၊ ပြောဆိုရေးသားရာမှာလည်း ပညာက အဆင်တန်ဆာ ဖြစ်လာတယ် (မြန်မာလိုတော့ ပညာရဲရင့် ပွဲလယ်တင့်ပေါ့။)  ဆုံးဖြတ်ရာနဲ့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာမှာကျတော့ ပညာဟာ အရည်အချင်း အစွမ်းအစ ဖြစ်နေပါတယ်လို့ ၁၅၆၁ ခုနှစ်ဖွား အက်ဆေးဆရာကြီးက ပြောခဲ့တာပါ။ သွေးထွက်အောင် မှန်တဲ့ စကားပဲဆိုတာ အာရှကျားတွေက သက်သေခံနေလေရဲ့။

 

(ကနေ့ ၂၂-၁၂-၁၀ ထုတ် ဒေ၀ီဂျာနယ်မှာ ဖော်ပြပါရှိတဲ့ အတိုင်းပါ။)

စမလုံးချင်ဘု လုံးလုံးကြီး စိတ်နာ (၈)

စင်္ကာပူက ယူနီဗာဆယ်

အထဲကို ဝင်ခါစမှာပဲ သဘောပေါက်လိုက်တယ်။ ပိုက်ဆံတော့ သောက်သောက်လဲ ကုန်တော့မယ်ဆိုတာ။ အမှတ်တရ ပစ္စည်းဆိုင်တွေကို မြင်လိုက်တော့တာကိုး။ ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး ငွေသွားလဲဖို့ ကြံရတယ်။ ဝင်ခွင့်လက်မှတ်က ဖြတ်ပြီးနေပြီ။ အပေါက်ကို ပြောတော့ အပေါက်က ရတယ်တဲ့။ ကျွန်တော့် လက်ဖျံ အတွင်းပိုင်း တံတောင်ဆစ်နားမှာ တံဆိပ်တစ်ခု ရိုက်ပေးလိုက်တယ်။ ဘာမှလည်း မထင်ဘူး။ ဟင်… ထင်လည်း မထင်ဘူးဆိုတော့ မပူပါနဲ့၊ သူတို့ ဓာတ်မီးနဲ့ ထိုးကြည့်ရင် ထင်ပါတယ်ဆိုပြီး ဓာတ်မီးနဲ့ ထိုးပြတော့ ဟုတ်သဗျ၊ ထင်တယ်။ ဂဏန်းနံပါတ်တွေ ပေါ်လာတယ်။

ဒါနဲ့ ကျွန်တော်ရယ်၊ အင်ဒိုးနီးရှားက စာနယ်ဇင်းဆရာလေးရယ် နှစ်ယောက်သား ငွေလဲမယ့် ဘဏ်ခွဲကို သွားရှာရတယ်။ တောင်မေး၊ မြောက်မေး မေးလိုက်တော့မှ ဟိုလူက လမ်းညွှန်၊ သည်လူက လမ်းညွှန်၊ အပေါ်တက်၊ အောက်ဆင်းနဲ့ ဗျာများလိုက်တော့ ငွေလဲမယ့် ဘဏ်ခွဲလေးဆီကို ဒုတ်ဒုတ်ထိ ရောက်ပါတော့တယ်။ ဟိုကျတော့ စာရေးမက ဖုန်းပြောတော်မူနေသေးလို့ စိတ်မရှည်ချင်စရာ ကောင်းစွာ စောင့်နေရသေးတယ်။

ကျွန်တော်က ကျွန်တော့်မှာ ပါလာတဲ့ အမေရိကန် ဒေါ်လာကို လဲပါတယ်။  အဲဒါတော့ ကျွန်တော့်ကိုယ်ပိုင် ပိုက်ဆံပါ။ ကျွန်တော့်လက် ကျွန်တော်သိနေလို့ လိုလိုမယ်မယ် သုံးရာဖိုး လဲပစ်လိုက်တယ်။ အင်ဒိုနီးရှားက သူ့အင်ဒိုနီးရှားနိုင်ငံသုံး ပိုက်ဆံ “ရူပီယာ”ကို လဲတယ်။ ငွေလဲနှုန်းက စင်္ကာပူ ဒေါ်လာ တစ်ဒေါ်လာကို အင်ဒိုနီးရှား “ရူပီယာ” ၆၅၅၀ ရှိသဗျ။ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ဆိုရင်တော့ဗျာ ရူပီယာ ၉ဝ၀ဝ ခင်ဗျ။ အံမယ်မင်း… ဒေါ်လာ တစ်ရာ လောက်များ လဲထားလိုက်ရင် လက်ထဲမှာ အင်ဒို ပိုက်ဆံ ကိုးသိန်းကြီးများတောင် ကိုင်သုံးရမှာ။

ငွေလဲတာကတော့ ဘာမှ မခက်ပါဘူး။ အဲဒီ့ မယ်မင်းကြီးမ ဖုန်းထဲမှာ အကြောရှည်နေတာ စောင့်ရတာလေး တစ်ခုပါပဲ။ ဘဏ်ဖြစ်နေလေတော့ကာ နိုင်ငံကူး လက်မှတ် စာအုပ်လေး ဘာလေးတော့ ထုတ်ပြရတာပေါ့။ ပြီးတော့ သူပေးတဲ့ ပုံစံစာရွက်မှာ နာမည်နဲ့ နိုင်ငံကူးလက်မှတ် နံပါတ်ဖြည့်၊ လက်မှတ် ထိုးပေးလိုက်တော့ စင်္ကာပူဒေါ်လာတွေ လက်ထဲရောက်လာတယ်။

နှစ်ယောက်သား အထဲ ပြန်ဝင်ကြတယ်။ အပေါက်ဝမှာ လက်ဖျံလေး လှန်ပြ၊ မီးနဲ့ထိုးကြည့်၊ ဝင်စေ။ ဘာမှ မခက်ဘူး။ တယ်နိပ်တာပဲ။ အထဲရောက်တော့ အဖွဲ့က မစုံတော့ဘူး။ တာဝန်ခံပြီး လိုက်ပို့ပေးတဲ့ ကုမ္ပဏီက တရုတ်ကလေးကိုလည်း မတွေ့ဘူး။ အဲဒီ့ တရုတ်ကလေးက “ဘဟာစာ”ဆိုတဲ့ အင်ဒို နီးရှန်းစကား တတ်တယ်။ သူက ကျွန်တော့်ကို မေ့မေ့ပြီး ဘဟာစာ စကားနဲ့ ပြောမိနေတတ်တယ်။ သူ့စိတ်ထဲမှာ ကျွန်တော့်ကို အင်ဒိုနီးရှားနဲ့ ရောရော သွားတာကိုး။ မျက်နှာပေါက်တွေက ခပ်ဆင်ဆင်ဆိုတော့ မှားတဲ့အခါလည်း မှားပေမပေါ့။

အထဲကို ဆက်ဝင်သွားတော့မှ ဓာတ်ပုံရိုက်နေတဲ့ အင်ဒိုနီးရှား လူငယ်လေး နှစ်ယောက်ကို တွေ့တယ်။ ဒါနဲ့ ၁၂ နာရီတိတိမှာ သည်နေရာမှာ ပြန်ဆုံကြမယ်၊ တွေ့တဲ့သူကို ပြောလိုက်လို့ မှာရပါတယ်။

ပြီးတော့ ဟိုလျှောက် သည်လျှောက်နဲ့၊ ဓာတ်ပုံ တဖျတ်ဖျတ်ရိုက်ပေတော့ပေါ့။ အမှန်တော့ စင်္ကာပူမှာ ဟောလီးဝု(ထ်)အတုကလေးတစ်ခု ဖန်တီးထားတာပါပဲ။ အတုပေမယ့် ဘယ်လောက်အထိ အစစ်နဲ့ တူသလဲဆိုရင် အဲဒီ့က ပြန်လာပြီး နောက်တစ်ရက် အင်တာနက်က Facebook ဆိုတဲ့ မိတ်ဆွေများ ဆုံစည်းကြရာ စာမျက်နှာမှာ အဲဒီ့တုန်းက ရိုက်ခဲ့တဲ့ ပုံတွေ တင်လိုက်တော့ အမေရိကန်နိုင်ငံမှာ ရောက်နေတဲ့ မိတ်ဆွေတစ်ယောက်က “အနောက်ဘက် ကမ်းခြေကို ရောက်လာတာလား”လို့ လှမ်းမေးပါတယ်။ “မဟုတ်ဘူးဗျို့၊ အဲဒါ စင်္ကာပူ”လို့ ပြန်ဖြေလိုက်ရပါတယ်။ [အနောက်ဘက် ကမ်းခြေဆိုတာက ဟောလီးဝု(ထ်)ရှိရာ လော့ဆဲ(န်)ဂျလိ(စ်)မြို့ ပါဝင်တဲ့ ဒေသကို ခေါ်တာပါ။]

မာရီလင် မွန်ရိုးအတုကိုလည်း တွေ့တာနဲ့ ဓာတ်ပုံတွဲရိုက်လိုက်သေးတယ်။  မွန်ရိုးအစစ်က ရှိလည်း မရှိရှာတော့ပါဘူး။ ရှိလည်း ကျွန်တော့်အမေ အရွယ်လောက် နေမှာပါ။ အခု မွန်ရိုးအတုကတော့ ကျွန်တော့်သမီးအရွယ်လေးပဲ။ သူကလည်း ဂိုက်က ခပ်ပေးပေး၊ ကျွန်တော်ကလည်း ဂိုက်ပေး ခပ်ကြမ်းကြမ်း ဆိုတော့ ဟန့်ကို ကျလို့။

တကယ်တော့ ကျွန်တော်လည်း ဓာတ်ပုံတွေ နင်းကန် ရိုက်ခဲ့တာကလား။ အခုခေတ် ကင်မရာဆိုတာ ဖလင်ဖိုးကလည်း မကုန်တော့ အားမနာ လျှာမကျိုး ရိုက်ချင်တိုင်း ရိုက်လို့ ကောင်းနေပေတာကိုး။ ပြီးတော့ သိပ်ရိုက်တတ်စရာလည်း မလိုဘူး။ ကင်မရာက သူ့ဟာနဲ့သူ တော်သလို ကြည့်လုပ်ပေးသွားတာဆိုတော့ နိပ်မှ နိပ်။

သို့သော် ချစ်စွာသော စာဖတ်သူတွေကိုတော့ ကျွန်တော့်ပုံတွေနဲ့ မနှိပ်စက် တော့ပါဘူး။ စာရေးသူတချို့ဆို ခရီးသွားဆောင်းပါးတွေ ရေး၊ ပြီးရင် သူတို့ပုံတွေ နင်းကန်ထည့်ကြ။ အဲဒါကို ကြည့်ပြီး ကျွန်တော်ကိုယ်တိုင်လည်း ဟားခဲ့ဖူးတာမို့ ဝဋ်လည်မှာ စိုးလို့ပါခင်ဗျ။ သက်ဆိုင်ရာ နေရာဌာနနဲ့ ပတ်သက်ပြီး ကျွန်တော် အလျဉ်းမပါတဲ့ ပုံများကိုသာ ဖော်ပြပေးလိုက်ပါတယ်။ (သည်စာတွေကို စုပြီး လုံးချင်း ထုတ်ဖြစ်ရင်တော့လည်း ကျွန်တော့်ပုံတွေ ထည့်မှာပေါ့ဗျာ။ အဲဒါကျတော့ ကျွန်တော့်စာအုပ်၊ ကျွန်တော့်ပရိသတ်စစ်စစ်က ဖတ်မယ့်စာအုပ်ဖြစ်တဲ့ အတွက် သိပ်အားနာစရာ မလိုဘူး။ မဂ္ဂဇင်း/ဂျာနယ်မှာကျတော့ သူ့ပရိသတ်၊ ကိုယ့်ပရိသတ်က ရောနေတာ။ ကိုယ့်ပရိသတ် မဟုတ်သူများ ခမျာမယ် အရေး မကောင်းလှတဲ့ စာကို အောင့်ဖတ်နေရတဲ့ ကြားထဲက ပုံနဲ့ပါ အနှိပ်စက်ခံရမယ်ဆို ဘယ်တော်ပါ့မလဲနော်။) [အဟဲ… သည် ဘလော့(ဂ်)မှာတော့ ကိုယ့်ပရိသတ်နဲ့ ကိုယ်ပဲ အားမနာတော့ပါဘူး။ ကျွန်တော် ဂိုက်ပေးကြမ်းနေတာတွေပါ တင်ပစ်လိုက်စမ်းမယ်။ ကိုးနတ်ရှင်က မျက်နှာသာပေးသလောက်ပေါ့။ 😛 ]

၁၉၉၉ တုန်းက ရောက်ခဲ့တဲ့ ဩစတြေးလျက မြေခွေးစတူဒီယိုက တကယ် ရုပ်ရှင်ရိုက်တဲ့ စတူဒီယိုလုပ်ထားပြီး အဲဒါကိုမှ အပန်းဖြေ လာရောက် ကြည့်ရှုလိုသူများလည်း ကြည့်လို့ရအောင် စီစဉ်ထားတာဖြစ်ပါတယ်။ စင်္ကပူရက ယူနီဗာဆယ် စတူဒီယိုကတော့ အပန်းဖြေသက်သက်ပါ။ ဒစ္စနီဥယျာဉ်ဆန်ဆန်ပေါ့။
နာမည်ကျော် ဝက်ဝက်ကွဲ အောင်မြင်တဲ့ ဇာတ်ကားတွေရဲ့ ဇာတ်ဝင် အခမ်းအနားပေါင်းစုံနဲ့ ဆင်ယင်ထားပါတယ်။ ကျွန်တော်လည်း ဟိုလျှောက် သည်လျှောက် ဟိုကြည့်သည်ကြည့်နဲ့။

မှတ်မှတ်ရရ အသက် ၅၃ နှစ်ထဲ ရောက်မှ “သရီးဒီ”လို့ ခေါ်တဲ့ ရုပ်လုံးကြွ ရုပ်ရှင်ကြည့်ဖူးတော့တာကို မှတ်တမ်းတင်ရပါလိမ့်မယ်။ အမယ်… နိပ်သဗျ။ သရီးဒီမှ ရိုးရိုး မဟုတ်ဘူး။ အထဲက ဇာတ်လိုက်က နှာချေရင် ကျွန်တော်တို့ မျက်နှာကို ရေစက်ကလေးတွေ လာစင်တယ်၊ အထဲက လမ်းကြမ်းမှာ လှည်းစီးသွားရင် ကျွန်တော်တို့ ထိုင်နေတဲ့ ခုန်တွေကပါ တဝုန်းဝုန်း ထလှုပ်တယ်။ ဆယ့်ငါးမိနစ်စာ ကာတွန်း ကားတိုလေးပေမယ့် ကြည့်ရတာ အတော်နိပ်သား။

ဘယ်လို လုပ်ထားတာလဲ သိချင်လို့ “သရီးဒီ”ကြည့် မျက်မှန်ကို ဖယ်ကြည့်တော့ ပိတ်ကားပေါ်က အရုပ်တွေက ဝါးတားတားဖြစ်နေသဗျ။ မျက်မှန်တပ်လိုက်တော့မှ ရုပ်လုံးတွေက ကြွလာတာ။ တော်တော်တော့ ပျော်စရာ ကောင်းပေတာပဲ။

နောက်တစ်ခုက ကဇာတ်ရုံထဲမှာ ကကြိုးကကွက်၊ မီးပေးပုံ ဆန်းဆန်းနဲ့ တင်ဆက်တာ။ အဲဒါတော့ အဲဒီ့ရုံထဲ ဝင်အိပ်တာ သက်သက်ပါ။ မနေ့ညက ကောင်းကောင်း အိပ်မထားရတော့ အဲဒီ့ရုံထဲမှာ ကဇာတ်ကို ကြည့်သလိုလိုနဲ့ အိပ်ပစ်လိုက်တာ။ မိနစ် ၂၀ လောက် ကောင်းကောင်း အိပ်လိုက်ရတော့ လူက တော်တော် လန်းသွားတယ်။

မနက်စာကိုတော့ အဲဒီ့ထဲမှာပဲ အသားညှပ်ပေါင်မုန့်၊ ကိုကာကိုလာတို့နဲ့ ပြီးလိုက်ရတယ်။ ဆေးလိပ်သောက်လို့ရတဲ့ ချောင်ကလေးတွေ လုပ်ပေးထားတာမို့ ဆေးလိပ်လည်း သောက်နိုင်နေပါတယ်။

မိုးက သည်းသည်းမည်းမည်း ထရွာပြန်သေးတယ်။ စင်္ကာပူက အချိန်အခါ မရွေး မိုးရွာတတ်တဲ့ ပုံပဲ။ မုတ်သုံဒေသရဲ့ ပင်လယ်ကမ်းစပ်က မြို့ပေကိုး။ အမှတ်တရ ပစ္စည်းတွေလည်း တော်တော် ဝယ်ဖြစ်ပါတယ်။ အရင့်အရင်က နိုင်ငံခြားရောက်ရင် ပိုက်ဆံတွက်ပြီး သိပ်မဝယ်ဖြစ်သလောက် အခုတစ်ခေါက်မှာတော့ တော်တော်လေး ဝယ်ဖြစ်ပါတော့တယ်။ ကျွန်တော့် ဘဏ္ဍာရေးအခြေ အနေလေးက နည်းနည်းဟုတ်နေတာကိုး။

ဒါတောင်မှ ကပ်စေးနည်းတဲ့ ဉာဉ်က သွေးထဲမှာ ရှိနေသေးတော့ နေရာတကာ ဆတ ဆတ လုပ်နေမိတာချည်းပါပဲ။ ဒါက သမီးအတွက်၊ ဒါက သားအတွက်၊ ဒါက မိန်းမအတွက် စသဖြင့်ပေါ့။ ယူနီဗာဆယ်စတူဒီယို အမှတ်တံဆိပ်လေးတွေနဲ့မို့ တကယ့်အမှတ်တရတွေပါပဲ။ စွပ်ကျယ် (တီရှပ်)၊ သော့တွဲ၊ ဆေးလိပ်ခွက်၊ ကျောပိုးအိတ်၊ ကော်ဖီသောက်တဲ့ မတ်ခွက်စသဖြင့် စုံစီနဖာလျှောက် ဝယ်လိုက်တာ အိတ်ကြီးတစ်အိတ် ရရောပဲ။

ကျွန်တော်တို့ အဖွဲ့ကတော့ ကွဲချင်တိုင်း ကွဲနေကြတာပဲ။ ကျွန်တော်နဲ့ အတူ ရှိနေတာကသည်နေရာကို စရောက်ပြီး ငွေလဲကတည်းက ကျွန်တော်နဲ့ အတူ ပါခဲ့တဲ့ အင်ဒိုနီးရှား လူငယ်လေးပါပဲ။

(ကနေ့ ၁၅-၁၂-၁၀ ထုတ် ဒေ၀ီဂျာနယ် အမှတ်၉ မှာ သည်လောက်အထိ ဖော်ပြထားပါတယ်။ ကိုးနတ်ရှင်ကို စိတ်မချလို့ ဂျာနယ် မထွက်သေးခင် လွန်ခဲ့တဲ ၁၃ နာရီလောက်က တင်လိုက်ပေမယ့် ပရိသတ်က ဖတ်လို့ မရဘူး၊ Page not found ပဲ ပေါ်နေတယ်လို့ အော်နေကြတာမို့ ဒုတိယအကြိမ် ထင်တင်လိုက်တာပါပဲ။ အောင်မြင်ပါစေဟု တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဝ ဆုတောင်းလိုက်ပါ၏။ 😛 )

စမလုံးချင်ဘု လုံးလုံးကြီး စိတ်နာ (၇)

လေဟာပြင်က ဆေးလိပ်မသောက်ရတဲ့ စားသောက်ဆိုင်တန်း

သို့သော် မဆုံးသေးဘူးခင်ဗျ။ တစ်နာရီလောက်နေတော့ သူငယ်ချင်းက ဖုန်း လှမ်းဆက်တယ်။ သောက်ကြမလားတဲ့။ အိုး… လုပ်လိုက်လေ၊ ကြာသလားလို့ပေါ့။

ဟိုတယ်ကနေ တက္ကစီတစ်စီးနဲ့ ချီကြပါတယ်။ သူငယ်ချင်းက စင်္ကာပူကို ကျွမ်းကျင်သူမို့ သူသွားလိုရာ လေဟာပြင် စားသောက်ဆိုင်ကို ဒုတ်ဒုတ်ထိ ရောက်သွားတယ်။ မီတာမှာ ပြတာက တစ်ခု၊ တောင်းတဲ့ ပိုက်ဆံက အဲဒီ့ထက် ပိုနေတယ်။ သို့ပေမယ့် တောင်းသလို ပေးလိုက်ရတာပ။ ဘာမှန်းမှ မသိတာ။ မီတာမှာကလည်း ဂဏန်းက အကြီးတစ်ခု၊ အသေးတစ်ခု ပြနေတာကိုး။ အဲဒီ့ နှစ်ရပ်ပေါင်းဆိုရင်တော့ သူတောင်းတဲ့ ပိုက်ဆံက ဟုတ်တုတ်တုတ်ပဲလေ။

ကျွန်တော်တို့လည်း လေဟာပြင် စားသောက်ဆိုင်ဝင်းကြီးထဲက နေရာလွတ် ကျောက်စားပွဲတစ်ခုမှာ ဝင်ထိုင်လိုက်ကြတယ်။ သူငယ်ချင်းက သူ စားချင်တဲ့ ကမာနဲ့ ကြက်ဥကြော်မှာတယ်။ ပြီးတော့ ဂုံးခရု အခွံမနွှာရသေးတာလေးတွေ မှာတယ်။ သူက သည်နေရာကို လာနေကျဆိုတော့ သူ့ကိုပဲ ဆရာ တင်ရတာပေါ့။ ကျွန်တော့်ရဲ့ အနက်ပတ် နှစ်ထပ်ကွမ်းကြီးလည်း ပါလာတာမို့ ပုလင်းကို ဖွင့်လိုက်ကြတယ်။

စားသောက်ဆိုင် ဝိုင်းထဲမှာတော့ လူတွေ ကြက်ပျံမကျ။ ကျွန်တော်လည်း စီးကရက်တစ်လိပ် ထုတ်ဖွာလိုက်တယ်။ အနက်ပတ် နှစ်ထပ်ကွမ်းကြီးကိုတော့ ဆိုင်က ချပေးတဲ့ တစ်ခါသုံး ပလတ်စတစ်ခွက်ထဲ သွန်ထည့်၊ ရေခဲထည့်၊ ရေလေး ရောပြီး ချကြပါတယ်။

အနက်ပတ်က အနက်ပတ်ပါပဲ။ ရောမွှေ ဝစ္စကီအကောင်းစားရဲ့ အရသာ အတိုင်း ချိုမြပါတယ်။ ဝစ္စကီ ညံ့ပြီး အဝင်မကောင်းရင်တော့ ဆိုဒါနဲ့ ရောပြီး သောက်ပေမယ့် အခုလို ဝစ္စကီ အကောင်းစားကျတော့ မူလ အရသာကို ဖျက် ဆီးလေမယ့် ဆိုဒါကို မလိုလားအပ်ဘူးလို့ ယူဆတာမို့ ရေလေးနဲ့ ရောပြီး ကျိတ်တာပါ။ လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့လေ။ ကျွန်တော် သောက်ပုံကမှ မှန်တယ်။ ဆိုဒါနဲ့ ရောတဲ့သူက မှားတယ်လို့ ဆိုလိုတာ မဟုတ်ဘူးနော်။

ကျွန်တော် အရက်မသောက်တာ ကြာပါပြီ။ ဘာရယ် မဟုတ်ဘူး။ ရာသီဥတုက ပူတော့ သောက်ပြီး ရင်ပူတာ၊ ချွေးစေးပြန်တာ၊ ညတစ်ဝက်ကြီး ရေငတ်တာတွေကို မခံချင်လို့ မသောက်တာပါ။ ဘီယာကတော့ ခဏခဏ သောက်ဖြစ်တတ်တယ်။ သို့သော်လည်း သုံးလေးခွက်နဲ့ ပြီးလိုက်တာပါပဲ။ သည်သူငယ်ချင်းနဲ့ကကျတော့ ပြောခဲ့တဲ့အတိုင်း သောက်ဖြစ်တတ်တယ်။ သူနဲ့ ကိုယ်နဲ့က ငယ်သူငယ်ချင်းဆိုပေမယ့် အလုပ်ချင်းလည်း မဆက်စပ်၊ ဘဝချင်းလည်း တခြားစီ ဆိုတော့ သည်လို သောက်မှပဲ ဆုံကြတာလေ။

အခုကျတော့ မတိုင်ပင်ထားပဲနဲ့ တစ်လေယာဉ်တည်းစီး၊ တစ်ဟိုတယ်တည်း အပ်ကျမတ်ကျ ဆုံဖြစ်တဲ့အထိမ်းအမှတ်နဲ့ ပျော်ပျော်ရွှင်ရွှင် သောက်ကြတာ။ ရောက်တတ်ရာရာ စကားဖွာရင်းပေါ့။

သူ မှာလိုက်တာက ကမာနဲ့ ကြက်ဥကြော်ဖြစ်ပေမယ့် လာချတာက ပုစွန်နဲ့ ကြက်ဥကြော်ဖြစ်နေတယ်။ သူငယ်ချင်းက စားပွဲထိုးကို ပြန်ခေါ်ပြီး ပြောယူရတယ်။

တော်နေကြာတော့ ကျွန်တော်တို့ ထိုင်နေတဲ့ နေရာကို မျက်နှာဖြူ စုံတွဲက လာပေါင်းထိုင်ပါရစေ လုပ်တယ်။ ထိုင်ပေါ့။ သို့သော် ကျွန်တော်တို့က ဆေးလိပ် သောက်တယ်လို့ ပြောလိုက်တော့ အမျိုးသမီးက ဆေးလိပ်မသောက်ရလို့ ရေးထားတယ်လေတဲ့။

ဟင်…

ဒါနဲ့ ပတ်ဝန်းကျင်ကို မျက်စိကစားလိုက်တော့ ဟုတ်သဗျ။ ဆေးလိပ် မသောက်ရ စာတန်းတွေ တွေ့ရပါသော်ကော။ ဘုရား… ဘုရား…

ကျွန်တော်တို့နှစ်ယောက်စလုံး စိတ်ပိန်သွားတယ်။ အရက်ကလေး သောက်တဲ့အချိန် စီးကရက်လေးတော့ ဖွာချင်သေးတာပ။ မဟုတ်သေးပါဘူး စင်္ကာပူရယ်။ ဒါ အလုံပိတ် အခန်းလည်း မဟုတ်တဲ့ တကယ့် လေဟာပြင်ကြီးထဲမှာ။

စားပွဲထိုးကို အကူအညီတောင်းရပြန်တယ်။ ဟုတ်တယ်။ ဆေးလိပ်မသောက်ရတဲ့ နေရာတဲ့။ သို့သော် သောက်ချင်ရင် ဟိုးဘက်ထိပ်က စားပွဲကို ရွှေ့ပေးမယ်တဲ့။

ရွှေ့ကြရတော့တာပေါ့။ အများသုံး အိမ်သာနဲ့ လူသွားစင်္ကြံလေးပဲ ခြားတဲ့ စားပွဲတစ်လုံးမှာ ဝင်ထိုင်ကြတယ်။ အနားက စွပ်ကျယ်နဲ့၊ ဘောင်းဘီတိုနဲ့၊ ဆိုင်က အလုပ်သမားလား၊ ဆိုင်ရှင်လားတော့ မသိဘူး၊ တရုတ်တစ်ယောက်ကလည်း စီးကရက်ကို ထောင်းထောင်းထအောင် သောက်နေတယ်။

“အမှန်က သည်နေရာက ဆေးလိပ် လုံးလုံး မသောက်ရတဲ့ နေရာဗျ။ ဒါ ပေမယ့် မပူနဲ့၊ ချသာ ချပါ။ ဖမ်းတဲ့ကောင်တွေလာရင် လေချွန်လိုက်မယ်။ အဲဒီ့ အခါကျ လက်ထဲက စီးကရက်ကို အမြန်ဆုံးသာ လွှင့်ပစ်လိုက်”လို့ အဲဒီ့တရုတ်ကြီးက စီးကရက် အဖွာမပျက်ဘဲ ကျွန်တော်တို့ကို အားပေးပါတယ်။

စင်္ကာပူ ညချမ်းက အိုက်စပ်စပ်ပါပဲ။ ကျွန်တော်တို့လည်း စကားတပြောပြောနဲ့ သောက်လိုက်ကြတာ တစ်လီတာဝင် ပုလင်းသစ်ကြီး တစ်ဝက် ကျိုးသွားတယ်။ သူငယ်ချင်းက နက်ဖြန်ပြန်မှာ။ ကျွန်တော်က သန်ဘက်ခါမှ ပြန်မှာ။

နာရီပြန် တစ်ချက်ထိုးလောက်ကျတော့မှ ဝိုင်းသိမ်းလိုက်ကြပြီး အငှားယာဉ် တစ်စီးနဲ့ ဟိုတယ်ကို ပြန်ခဲ့ကြပါတယ်။ စီးကရက်ကိုလည်း အဝသောက်ခဲ့ကြတာပေါ့။ ဖမ်းတဲ့ကောင်တွေလည်း ပေါ်တော့ မလာရှာကြပါဘူး။

မသောက်တာ ကြာလို့လား မသိဘူး။ သောက်လို့ ကောင်းလိုက်တာ။ အချိန်ကြောင့်သာ ရပ်လိုက်ရတယ်၊ ဆက်သောက်မယ်ဆိုရင် နောက်ထပ် သုံး၊ လေးခွက် ရှောခနဲ ဝင်သွားနိုင်တဲ့အနေအထား။ မူးတာတော့ မူးနေမှန်း သိတယ်။ ဒါပေမယ့် သတိလက်လွတ် ချို့ယွင်းသည်အထိတော့ မဟုတ်သေးဘူး။ “ပမာဒ ဋ္ဌာန”ဆိုတဲ့ မေ့လျော့ခြင်းရဲ့ အကြောင်းကို ဖြစ်စေသော “မစ္ဆာ” ယစ်ခြင်းကို မရောက်သေးဘူးပေါ့ခင်ဗျာ။

ဟိုတယ်ပြန်ရောက်တော့ ခေါင်းချလိုက်တာနဲ့ တုံးပဲ။ မနက် စောစော ထရဦးမှာမို့ ဟိုတယ်က ပေးထားတဲ့ နာရီကို နှိုးစက်ပေးပြီး အိပ်ချလိုက်တာပါ။

နောက်ဘဝနဲ့ ဟောလီးဝု(ထ်)

နောက်တစ်ရက်မနက်ကျတော့ အခြေအနေ ကောင်းတယ်။ မနေ့ညက နည်းနည်း များသွားလို့ နည်းနည်း ပျို့တို့တို့လေးဖြစ်ချင်နေတာကလွဲရင် မဆိုးဘူး။ ဟိုတယ်က ကျွေးတဲ့ မနက်စာတော့ စားမနေတော့ဘူး။ လူက ပျို့တို့တို့ ဖြစ်နေတာကိုး။

ကနေ့တော့ အခမ်းအနားနဲ့ ဖွင့်မယ့် ယူနီဗာဆယ် စတူဒီယိုကို သွားကြမှာတဲ့။ သွားပေါ့။

ထုံးစံအတိုင်း စောင့်ကြရပြန်တယ်။ သည်တစ်ခါကျတော့ ယောကျာ်းချင်း စောင့်ရတာခင်ဗျ။ မိန်းမတွေက ကနေ့ ပြန်ကြမှာမို့ ယောကျာ်းချည်းသက်သက်ပဲ ပါတော့တယ်။ အဲဒါလည်း စောင့်လိုက်ရတာ စိတ်ပျက်စရာကောင်းအောင်ပဲ။ စာနယ်ဇင်းဆရာပေါက်စလေးတွေ လုပ်နေပြီး အချိန်ကို အဲသလို မလေးစားတာ တော်တော်တော့ အမြင်ကတ်စရာ ကောင်းနေတယ်။ ပါးစပ်နဲ့တစ်လုံး ပိတ်ပြောလိုက်ချင်ပေမယ့် ကျွန်တော်ပြောတဲ့ အင်္ဂလိပ်စကားကို သင်းတို့ နားလည်နိုင်လောက်တဲ့ ဘာသာစကား တတ်မြောက်မှုက မရှိတာမို့ နှုတ်ကို စောင့်စည်းထားလိုက်ရတယ်။

ဖိတ်တဲ့ ကုမ္ပဏီက တာဝန်ခံကိုတော့ ပြောဖြစ်အောင် ပြောလိုက်တယ်။ သူလည်း အတော် စိတ်ပိန်နေတာမို့ “ဟုတ်တယ်ဗျာ၊ နောက်တစ်ခါ ဖိတ်ရင် အချိန်တိကျတဲ့ စာနယ်ဇင်းဆရာကိုသာ လွှတ်ပေးပါလို့ သေချာ မှာရတော့မယ်”လို့ ပြောရှာပါတယ်။

သတ်မှတ်ချိန်ထက် ၄၅ မိနစ်တိတိ နောက်ကျပြီးတော့မှ လူစုံတယ်။ အဲဒီ့ မလေးတောသား စာနယ်ဇင်းဆရာလေးတွေကို နားရင်းက အုပ်ချင်နေပြီ။ ကျွန်တော်တို့မှာ ဖွင့်ပွဲ အခမ်းအနားကို ဘယ်လိုမှ မမှီနိုင်တော့ဘူး။ သည် ခွေးသူတောင်းစားလေးတွေကြောင့်။

အများနဲ့ သွားနေတာ၊ သည်းခံ၊ သည်းခံလို့ ကိုယ့်ကိုယ်ကိုယ် မဲတင်းရင်း ကျွန်တော်လည်း “ဆယ်(န်)ထိုဇာ”ကို သွားတဲ့ ဘတ်(စ်)ကားကြီးပေါ်မှာ လိုက်ပါလာခဲ့ပါတယ်။ စင်္ကာပူက ပျော်စရာ မကောင်းလှတဲ့အထဲ သည်မောင်တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတာက ပိုသေးလို့ တွေးနေမိတယ်။

“ဆယ်(န်)ထိုဇာ”ဆိုတာက မလေးစကားနဲ့ ငြိမ်းချမ်းငြိမ်သက်မှုတဲ့။ အဲဒီ့ ကျွန်းကလေးမှာ အပန်းဖြေရာနေရာအဖြစ် စင်္ကပူရသားတွေက ဖန်တီးထားလိုက်ကြပြန်တာပါ။ နှစ်ကီလိုမီတာလောက် ရှည်လျားတဲ့ ကမ်းခြေရှိတယ်။ ဂေါက်ကွင်း နှစ်ကွင်းရှိတယ်။ ကြယ်ငါးပွင့်ဟိုတယ် နှစ်လုံး ရှိတယ်။ ပြီးတော့ “အပန်းဖြေကမ္ဘာ ဆယ်(န်)ထိုဇာ”ဆိုတာ ရှိပါတယ်။ ကျွန်တော်တို့ သွားတာက  အဲဒီ့ အပန်းဖြေကမ္ဘာကိုပါ။

စကားစပ်လို့ ပြောရရင် အဲဒီ့ ဆယ်(န်)ထိုဇာလို့ နာမည်ပေးတာက ၁၉၇၂ ခုနှစ်ကျမှ ဖြစ်ပါတယ်။ မူလက ဗြိတိသျှတို့ရဲ့ ခံတပ်ရှိတဲ့ ကျွန်း၊ နောက်တော့ ဂျပန်က မဟာမိတ် စစ်သုံ့ပန်းတွေကို ထားတဲ့ ကျွန်း။ ဒုတိယ ကမ္ဘာစစ်ပြီးတော့  ဗြိတိသျှ စစ်စခန်း။ ၁၉၆၇ ခုနှစ်ကျမှ လွတ်လပ်ရေးရခါစ စင်္ကာပူ အစိုးရလက်ထဲကို ဗြိတိသျှက ပြန်လွှဲပေးတာ။ အဲတော့ စင်္ကာပူ ရေတပ်စခန်းကို အဲဒီ့မှာ ဖွင့်ခဲ့သေးတယ်။ နောက် ရေကြောင်းပညာသင်ကျောင်း ဖွင့်တယ်။

၁၉၇၀ ပြည့်လွန်နှစ်လောက်ကျတော့ စင်္ကာပူသားတွေအတွက်ရော ကမ္ဘာလှည့် ခရီသွားတွေအတွက်ပါ အဲဒီ့ကျွန်းကလေးကို အားလပ်ရက် အပန်းဖြေစခန်းအဖြစ် ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ စင်္ကပူရသားတွေ လျင်ပုံကို ပြောပါတယ်။

အခုတော့ အဲဒီ့ ဆယ်(န်)ထိုဇာဟာ အမည်သစ်နဲ့ တအားကို စည်ပင်နေပြီပေါ့။ ကျွန်တော်တို့လည်း ယူနီဗာဆယ် စတူဒီယိုကို ရောက်လာကြပါတော့တယ်။ အဲဒီ့နေ့က “အပျော့ဖွင့်ပွဲ”နေ့ပါ။ ၂၀၁၀ ပြည့်နှစ် မတ်လ ၁၈ ရက်နေ့ပေါ့။

“အပျော့ဖွင့်ပွဲ” (Soft Opening) ဆိုတာက လူသူ သိပ်အသိမပေးသေးဘဲ စဖွင့်တာကို ဆိုလိုတာပါ။ သည်အခါမှာ သက်ဆိုင်ရာ နေရာဌာနက ဝန်ထမ်းတွေအတွက် တကယ့် လူထုပရိသတ်နဲ့ တိုက်ရိုက်ဆက်ဆံခွင့်၊ လုပ်ငန်းတွေကို စမ်းသပ် လုပ်ကိုင်ကြည့်ခွင့်တွေ ရစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ အစမ်း ဖွင့်ကြည့်တာလို့ ဆိုနိုင်မယ် ထင်ပါတယ်။ အဲဒါပြီးတော့မှ “တခမ်းတနား ဖွင့်ပွဲ” (Grand Opening)ဆိုတာ လာပါတယ်။ အဲတော့မှ တကယ်ကြီးကို ဖွင့်တော့တာပါ။

ကျွန်တော့် ကံကြမ္မာက ဘယ်လိုမှန်းတော့ မသိဘူး။ ၁၉၉၉ ခုနှစ် နိုဝင်ဘာလက ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို ရောက်ခိုက်မှာ ၂၀ရာစု မြေခွေး ကုမ္ပဏီ စတူဒီယို ဖွင့်တာနဲ့ တိုက်ဆိုင်ပြီး အဲဒီ့ကို သွားလည်ခွင့်ရခဲ့ဖူးတယ်။ အခုလည်း စင်္ကာပူက ယူနီဗာဆယ် စတူဒီယို ဖွင့်ဖွင့်ချင်း ဗွေဆော်ဦး ရောက်ရပြန်ပြီ။ အင်း…. ဧကန္တ နောက်ဘဝကျရင် ဟောလီးဝု(ထ်)မှာ လူပြန်ဖြစ်မယ့် နိမိတ် ထင်တာပဲလို့ ခပ်သောသောလေး တွေးလိုက်မိရပါတယ်။ [သည်ဘဝတော့ ဟောလီးဝု(ထ်)ကို ရောက်ဖို့ အလားအလာက တော်တော် နည်းနေပြီလဲ။ အသက်တောင် တော်တော်ရလာမင့်ဟာ။]

(ဆက်လက်ဖော်ပြသွားပါမယ်)

(ကနေ့ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၈ ရက်နေ့ထုတ် ဒေ၀ီဂျာနယ် အတွဲ ၁ အမှတ် ၈ မှာ ဖော်ပြပါရှိတဲ့အတိုင်းပါပဲ။ အရောင်ပြောင်းဖော်ပြထားတဲ့ ၀ါကျ တစ်ကြောင်းက လွဲရင်ပေါ့ဗျာ။)

av[mjyifu aq;vdyfraomuf&wJh pm;aomufqdkifwef;
odkYaomf rqHk;ao;bl;cifAs/ wpfem&Davmufaeawmh oli,fcsif;u zkef; vSrf;qufw,f/ aomufMurvm;wJh/ tdk;… vkyfvdkufav? Mumovm; vdkYaygh/
[dkw,fuae wuúpDwpfpD;eJY csDMuygw,f/ oli,fcsif;u puFmyludk uRrf;usifolrdkY oloGm;vdk&m av[mjyif pm;aomufqdkifudk ‘kwf’kwfxd a&mufoGm;w,f/ rDwmrSm jywmu wpfck? awmif;wJh ydkufqHu tJ’Dhxuf ydkaew,f/ odkYayr,fh awmif;ovdk ay;vdkuf&wmy/ bmrSef;rS rodwm/ rDwmrSmuvnf; *Pef;u tBuD;wpfck? tao;wpfck jyaewmudk;/ tJ’Dh ESpf&yfaygif;qdk&ifawmh olawmif;wJh ydkufqHu [kwfwkwfwkwfyJav/
uRefawmfwdkYvnf; av[mjyif pm;aomufqdkif0if;BuD;xJu ae&m vGwf ausmufpm;yGJwpfckrSm 0ifxdkifvdkuf Muw,f/ oli,fcsif;u ol pm;csifwJh urmeJY MuufOaMumfrSmw,f/ NyD;awmh *Hk;c½k tcGHrETm&ao;wm av;awGrSmw,f/ olu onfae&mudk vmaeusqdkawmh olYudkyJ q&m wif&wmaygh/ uRefawmfh&JU teufywf ESpfxyfuGrf;BuD;vnf; ygvmwmrdkY ykvif;udk zGifhvdkufMuw,f/
pm;aomufqdkif 0dkif;xJrSmawmh vlawG MuufysHrus/ uRefawmfvnf; pD;u&ufwpfvdyf xkwfzGmvdkufw,f/ teufywf ESpfxyfuGrf;BuD;udkawmh qdkifu csay;wJh wpfcgoHk; yvwfpwpfcGufxJ oGefxnfh? a&cJxnfh? a&av; a&mNyD; csMuygw,f/
teufywfu teufywfygyJ/ a&marT 0pöuDtaumif;pm;&JU t&om twdkif; csdKjrygw,f/ 0pöuD nHhNyD; t0ifraumif;&ifawmh qdk’geJY a&mNyD; aomufayr,fh tckvdk 0pöuD taumif;pm;usawmh rlv t&omudk zsuf qD;avr,fh qdk’gudk rvdkvm;tyfbl;vdkY ,lqwmrdkY a&av;eJY a&mNyD; usdwf wmyg/ vlwpfudk,f tBudKufwpfrsdK;ayghav/ uRefawmf aomufyHkurS rSef w,f/ qdk’geJY a&mwJholu rSm;w,fvdkY qdkvdkwm r[kwfbl;aemf/
uRefawmf t&ufraomufwm MumygNyD/ bm&,f r[kwfbl;/ &moD Owku ylawmh aomufNyD; &ifylwm? acR;ap;jyefwm? nwpf0ufBuD; a&iwf wmawGudk rcHcsifvdkY raomufwmyg/ bD,muawmh cPcP aomufjzpf wwfw,f/ odkYaomfvnf; oHk;av;cGufeJYNyD;vdkufwmygyJ/ onfoli,fcsif;eJY uusawmh ajymcJhwJhtwdkif; aomufjzpfwwfw,f/ oleJY udk,feJYu i,f oli,fcsif;qdkayr,fh tvkyfcsif;vnf; rqufpyf? b0csif;vnf; wjcm;pD qdkawmh onfvdk aomufrSyJ qHkMuwmav/
tckusawmh rwdkifyifxm;yJeJY wpfav,mOfwnf;pD;? wpf[dkw,f wnf; tyfusrwfus qHkjzpfwJhtxdrf;trSwfeJY aysmfaysmf&Tif&Tif aomufMu wm/ a&mufwwf&m&m pum;zGm&if;aygh/
olrSmvdkufwmu urmeJY MuufOaMumfjzpfayr,fh vmcswmu ykpGefeJY MuufOaMumfjzpfaew,f/ oli,fcsif;u pm;yGJxdk;udk jyefac:NyD; ajym,l& w,f/
awmfaeMumawmh uRefawmfwdkY xdkifaewJh ae&mudk rsufESmjzL pHkwGJ u vmaygif;xdkifyg&ap vkyfw,f/ xdkifaygh/ odkYaomf uRefawmfwdkYu aq; vdyfaomufw,fvdkY ajymvdkufawmh trsdK;orD;u aq;vdyfraomuf&vdkY a&;xm;w,favwJh/
[if…
‘geJY ywf0ef;usifudk rsufpdupm;vdkufawmh [kwfoAs/ aq;vdyf raomuf& pmwef;awG awGU&ygaomfaum/ bk&m;… bk&m;…
uRefawmfwdkYESpfa,mufpvHk; pdwfydefoGm;w,f/ t&ufuav; aomuf wJhtcsdef pD;u&ufav;awmh zGmcsifao;wmy/ r[kwfao;ygbl; puFmyl &,f/ ‘g tvHkydwftcef;vnf; r[kwfwJh wu,fh av[mjyifBuD;xJrSm/
pm;yGJxdk;udk tultnDawmif;&jyefw,f/ [kwfw,f/ aq;vdyf raomuf&wJh ae&mwJh/ odkYaomf aomufcsif&if [dk;bufxdyfu pm;yGJudk a&TUay;r,fwJh/
a&TUMu&awmhwmaygh/ trsm;oHk; tdrfomeJY vloGm;pBuøav;yJ jcm;wJh pm;yGJwpfvHk;rSm 0ifxdkifMuw,f/ tem;u pGyfus,feJY? abmif;bDwdkeJY? qdkif u tvkyform;vm;? qdkif&Sifvm;awmh rodbl;? w½kwfwpfa,mufuvnf; pD;u&ufudk axmif;axmif;xatmif aomufaew,f/
]]trSefu onfae&mu aq;vdyf vHk;vHk; raomuf&wJh ae&mAs/ ‘g ayr,fh ryleJY? csom csyg/ zrf;wJhaumifawGvm&if avcRefvdkufr,f/ tJ’Dh tcgus vufxJu pD;u&ufudk tjrefqHk;om vTifhypfvdkuf}}vdkY tJ’Dhw½kwf BuD;u pD;u&uftzGmrysufbJ uRefawmfwdkYudk tm;ay;ygw,f/
puFmyl ncsrf;u tdkufpyfpyfygyJ/ uRefawmfwdkYvnf; pum; wajymajymeJY aomufvdkufMuwm wpfvDwm0ifykvif;opfBuD; wpf0uf usdK;oGm;w,f/ oli,fcsif;u eufjzefjyefrSm/ uRefawmfu oefbufcgrS jyefrSm/
em&Djyefwpfcsufxdk;avmufusawmhrS 0dkif;odrf;vdkufMuNyD; tiSm;,mOf wpfpD;eJY [dkw,fudk jyefcJhMuygw,f/ pD;u&ufudkvnf; t0aomufcJhMuwm aygh/ zrf;wJhaumifawGvnf; ay:awmh rvm&SmMuygbl;/
raomufwm MumvdkYvm; rodbl;/ aomufvdkY aumif;vdkufwm/ tcsdefaMumifhom &yfvdkuf&w,f? qufaomufr,fqdk&if aemufxyf oHk;? av;cGuf a&SmceJ 0ifoGm;EdkifwJhtaetxm;/ rl;wmawmh rl;aerSef; od w,f/ ‘gayr,fh owdvufvGwf csdKU,Gif;onftxdawmh r[kwfao;bl;/ ]]yrm’ |me}}qdkwJh arhavsmhjcif;&JU taMumif;udk jzpfapaom ]]rpäm}} ,pfjcif; udk ra&mufao;bl;ayghcifAsm/
[dkw,fjyefa&mufawmh acgif;csvdkufwmeJY wHk;yJ/ reuf apmapm x&OD;rSmrdkY [dkw,fu ay;xm;wJh em&Dudk EdI;pufay;NyD; tdyfcsvdkufwmyg/ 

aemufb0eJY a[mvD;0k(xf)
aemufwpf&ufreufusawmh tajctae aumif;w,f/ raeYnu enf;enf; rsm;oGm;vdkY enf;enf; ysdKUwdkYwdkYav;jzpfcsifaewmuvGJ&if rqdk; bl;/ [dkw,fu auR;wJh reufpmawmh pm;raeawmhbl;/ vlu ysdKUwdkYwdkY jzpfaewmudk;/
uaeYawmh tcrf;tem;eJY zGifhr,fh ,leDAmq,f pwl’D,dkudk oGm;MurSm wJh/ oGm;aygh/
xHk;pHtwdkif; apmifhMu&jyefw,f/ onfwpfcgusawmh a,mufsm;csif; apmifh&wmcifAs/ rdef;rawGu uaeYjyefMurSmrdkY a,mufsm;csnf;oufouf yJ ygawmhw,f/ tJ’gvnf; apmifhvdkuf&wm pdwfysufp&maumif;atmifyJ/ pme,fZif;q&maygufpav;awG vkyfaeNyD; tcsdefudk tJovdk rav;pm; wm awmfawmfawmh tjrifuwfp&m aumif;aew,f/ yg;pyfeJYwpfvHk; ydwfajymvdkufcsifayr,fh uRefawmfajymwJh t*Fvdyfpum;udk oif;wdkY em; vnfEdkifavmufwJh bmompum; wwfajrmufrIu r&dSwmrdkY EIwfudk apmifh pnf;xm;vdkuf&w,f/
zdwfwJh ukrÜPDu wm0efcHudkawmh ajymjzpfatmif ajymvdkufw,f/ olvnf; tawmf pdwfydefaewmrdkY ]][kwfw,fAsm? aemufwpfcg zdwf&if tcsdefwduswJh pme,fZif;q&mudkom vTwfay;ygvdkY aocsm rSm&awmhr,f}} vdkY ajym&Smygw,f/
owfrSwfcsdefxuf 45 rdepfwdwd aemufusNyD;awmhrS vlpHkw,f/ tJ’Dh rav;awmom; pme,fZif;q&mav;awGudk em;&if;u tkyfcsifaeNyD/ uRefawmfwdkYrSm zGifhyGJ tcrf;tem;udk b,fvdkrS rrSDEdkifawmhbl;/ onf acG;olawmif;pm;av;awGaMumifh/
trsm;eJY oGm;aewm? onf;cH? onf;cHvdkY udk,fhudk,fudk,f rJwif;&if; uRefawmfvnf; ]]q,f(ef)xdkZm}}udk oGm;wJh bwf(pf)um;BuD;ay:rSm vdkuf ygvmcJhygw,f/ puFmylu aysmfp&m raumif;vSwJhtxJ onfarmifawG aMumifh pdwftaESmifht,Sufjzpf&wmu ydkao;vdkY awG;aerdw,f/
]]q,f(ef)xdkZm}}qdkwmu rav;pum;eJY Nidrf;csrf;NidrfoufrIwJh/ tJ’Dh uRef;uav;rSm tyef;ajz&mae&mtjzpf puFyl&om;awGu zefwD;xm; vdkufMujyefwmyg/ ESpfuDvdkrDwmavmuf &Snfvsm;wJh urf;ajc&dSw,f/ a*gufuGif; ESpfuGif;&dSw,f/ Mu,fig;yGifh[dkw,f ESpfvHk; &dSw,f/ NyD;awmh ]]tyef;ajzurÇm q,f(ef)xdkZm}}qdkwm &dSygw,f/ uRefawmfwdkY oGm;wmu  tJ’Dh tyef;ajzurÇmudkyg/
pum;pyfvdkY ajym&&if tJ’Dh q,f(ef)xdkZmvdkY emrnfay;wmu 1972 ckESpfusrSjzpfygw,f/ rlvu NAdwdoQwdkY&JU cHwyf&dSwJh uRef;? aemufawmh *syefu r[mrdwfppfoHkYyef;awGudk xm;wJh uRef;/ ‘kwd,urÇmppfNyD;awmh  NAdwdoQ ppfpcef;/ 1967 ckESpfusrS vGwfvyfa&;&cgp puFmyl tpdk;&vuf xJudk NAdwdoQu jyefvTJay;wm/ tJawmh puFmyl a&wyfpcef;udk tJ’DhrSm zGifhcJhao;w,f/ aemuf a&aMumif;ynmoifausmif; zGifhw,f/
1970jynfhvGefESpfavmufusawmh puFmylom;awGtwGufa&m urÇm vSnfhc&D;oGm;awGtwGufyg tJ’DhuRef;uav;udk tm;vyf&uf tyef;ajz pcef;tjzpf jyKjyifajymif;vJzdkY qHk;jzwfvdkufygawmhw,f/ puFyl&om;awG vsifyHkudk ajymygw,f/
tckawmh tJ’Dh q,f(ef)xdkZm[m trnfopfeJY wtm;udk pnfyifaeNyD aygh/ uRefawmfwdkYvnf; ,leDAmq,f pwl’D,dkudk a&mufvmMuygawmhw,f/ tJ’DhaeYu ]]taysmhzGifhyGJ}} aeYyg/ 2010 jynfhESpf rwfv 18 &ufaeYaygh/
]]taysmhzGifhyGJ}} (Soft-opening)qdkwmu vlol odyftodray;ao;bJ pzGifhwmudk qdkvdkwmyg/ onftcgrSm oufqdkif&m ae&mXmeu 0efxrf; awGtwGuf wu,fh vlxk y&dowfeJY wdkuf½dkufqufqHcGifh? vkyfief;awGudk prf;oyfvkyfudkifMunfhcGifhawG &apcsifwJh &nf&G,fcsufeJYaygh/ tprf;zGifh MunfhwmvdkY qdkEdkifr,f xifygw,f/ tJ’gNyD;awmhrS ]]wcrf;wem; zGifhyGJ}} (Grand Opening)qdkwm vmygw,f/ tJawmhrS wu,fBuD;udk zGifhawmh wmyg/
uRefawmfh uHMur®mu b,fvdkrSef;awmh rodbl;/ 1999 ckESpf Edk0ifbm vu MopaMw;vsEdkifiH qpf’eDNrdKUudk a&mufcdkufrSm 20&mpk ajracG; ukrÜPD pwl’D,dk zGifhwmeJY wdkufqdkifNyD; tJ’Dhudk oGm;vnfcGifh&cJhzl;w,f/ tckvnf; puFmylu ,leDAmq,f pwl’D,dk zGifhzGifhcsif; aAGaqmfOD; a&muf&jyefNyD/ tif;…. {uEÅ aemufb0us&if a[mvD;0k(xf)rSm vljyefjzpfr,fh edrdwf xifwmyJvdkY cyfaomaomav; awG;vdkufrd&ygw,f/ «onfb0awmh a[mvD;0k(xf)udk a&mufzdkY tvm;tvmu awmfawmf enf;aeNyDvJ/ toufawmif awmfawmf&vmrifh[m/»
tm;vHk;awG;q qifjcifMunfhEdkifMuygap
twåausmf
(240310)
((qufvufazmfjyoGm;ygr,f)
usrf;udk;     http://en.wikipedia.org/

စမလုံးချင်ဘု လုံးလုံးကြီး စိတ်နာ (၆)

တဖြည်းဖြည်း မြင့်လာတဲ့အခါမှာတော့ မလေးရှားက စာနယ်ဇင်းဆရာမ အဘွားကြီးက အလယ်က ခုံလေးမှာ သွားထိုင်နေပါတော့တယ်။ (ပါသမျှ အမျိုးသမီးတွေထဲမှာ သူက အသက်အကြီးဆုံးမို့ အဘွားကြီးလို့သာ ပြောလိုက်ရတာ၊ တကယ်က သူက ကျွန်တော့်ထက် ၁၀ နှစ်လောက် ငယ်မယ် ထင်တယ်။ ဟီး… ဟီး…) ဘယ်လို ခေါ်ခေါ် မရတော့ဘူး။ သူ့မှာ အမြင့်ကြောက်တဲ့ ရောဂါရှိပုံပဲ။


ကျွန်တော်လည်း အမြင့်ကြောက်ရောဂါရှိတယ်လို့ အတိအကျ မပြောနိုင်ပေမယ့် အမြင့်ကနေ အောက်ကို ငုံ့ကြည့်ရင် ပေါင်တွေ ယားလာတတ်တယ်။ လေးထပ်၊ ငါးထပ်အမြင့်လောက်ကနေ အောက်ငုံ့ကြည့်ရင်တောင် ဖြစ်တတ်တာမျိုး။ အခုကျတော့ ဖြစ်ဘူးဗျ။ အဆန်းပဲ။
ဓာတ်ပုံတွေ တောင်ရိုက် မြောက်ရိုက် ရိုက်ရတာပ။
အဲဒီ့မှာ “ဖော်ယူထားတဲ့ မြေ” (reclaimed land) ဆိုတဲ့စကားကို စ ကြားဖူးတာပဲ။ အခု ကျွန်တော်တို့ စီးနေတဲ့ ဧရာမ ချားရဟတ်ကြီးကလည်း “ဖော်ယူထားတဲ့ မြေ”ပေါ်မှာ ဆောက်ထားတာခင်ဗျ။ ပင်လယ်ပြင်ကိုဖြစ်စေ၊ မြစ်ပြင်ကို ဖြစ်စေ မြေဖို့ယူပြီး ရေကနေ မြေဖြစ်အောင် လုပ်ထားတာကို “ဖော်ယူထားတဲ့မြေ”လို့ ခေါ်ပါတယ်။ ကမ္ဘာအရပ်ရပ်မှာ အဲသလို ဖော်ယူထားတဲ့ မြေတွေ ရှိပါတယ်။ နယ်သာလန်၊ အမေရိက၊ ဂျပန်၊ ကနေဒါ၊ ဟောင်ကောင်၊ မကာအို၊ ဖိလစ်ပိုင် စတာတွေက နမူနာတွေပေါ့ဗျာ။ သို့ပေမယ့် စင်္ကပူရကတော့ နဂိုကမှ မြေလေးက မဖြစ်ညစ်ကျယ်လေး ရှိရှာတဲ့ မြို့နိုင်ငံလေး ဖြစ်တာမို့ မြေဖော်ယူရာမှာ အလွန် ကျော်ကြားပေသပေါ့။

အဲတော့ ကျွန်တော်တို့ ရဟတ်ကြီးပေါ်က ကြည့်တဲ့အခါ ပင်လယ်ထဲကို ထိုးထွက်နေတဲ့ မြေယာသစ်တွေကို မြင်နေရပါတယ်။ အမှန်တော့ အဲဒီ့ပေါ်က ကြည့်ရင် ဘေးပတ်ဝန်းကျင် ၄၅ ကီလိုမီတာ (၂၈ မိုင်) လောက်အထိ လှမ်းမြင်ရတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားနဲ့ မလေးရှားက ကျွန်းတွေကိုတောင် လှမ်းမြင်ရဆိုပဲ။ ဒါက အခု သည်စာရေးတော့မှ စာဖတ်ပြီး ပြောတာ။ တကယ်တမ်း အဲဒါကြီးပေါ်တုန်းက မသိခဲ့တော့ ကိုယ်မြင်သလောက်ပဲ လှမ်းကြည့်၊ ဓာတ်ပုံတွေ ရိုက်ပေါ့ဗျာ။
စိတ်ထဲမှာတော့ စင်္ကပူရသားတွေရဲ့ အကြံကြီးပုံကို တွေးပြီး ပြုံးနေမိတယ်။ ပြောခဲ့တဲ့အတိုင်း သူတို့မှာက နိုင်ငံဆိုလို့လည်း တခြား ပြစရာ မရှိဘူး။ သည်မြို့ ကျဉ်းကျဉ်းကလေးက နိုင်ငံဖြစ်နေတာ။ လက်ညိုးထိုးပြစရာ သမိုင်းအမွေအနှစ်တွေ၊ ဘာတွေလည်း မည်မည်ရရက မရှိဘူး။

သည်မောင်တွေက ပါးတယ်၊ နပ်တယ်။ စင်္ကပူရ ကိုယ်တိုင်က နိုင်ငံခြားသားတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံလေးဖြစ်နေတာဆိုတော့ သူတို့က နိုင်ငံခြားသားတွေကို “ငွေတွင်း”တွေအဖြစ်သာ မြင်ထားတယ်။ သူတို့ နိုင်ငံထဲကို နိုင်ငံခြားသား များများဝင်လေ၊ နိုင်ငံခြားငွေ ပိုရနိုင်လေဆိုတဲ့ အကွက်ကိုလည်း ချောင်းတယ်။
နိုင်ငံခြားသား၊ အထူးသဖြင့် အနောက်နိုင်ငံက လူတွေကမှ အားအားယားယား ကမ္ဘာလှည့်ပြီး ခရီးသွား သန်ကြတာ။ ပိုက်ဆံ ရှိခြင်း၊ မရှိခြင်းနဲ့ မဆိုင်ဘူး။ ပိုက်ဆံ မရှိတဲ့ အနောက်တိုင်းသားကလည်း ကျောပိုးအိတ် တစ်လုံးလွယ်ပြီး ကစုတ်ကဖတ်နဲ့ ကမ္ဘာပတ်ချင် ပတ်နေတဲ့သူတွေ။ အဲဒီ့လို ကမ္ဘာလှည့်တွေကို မြှူဆွယ်စရာက စင်္ကပူရမှာ ဘာမှ သိပ်ရှိလှတာ မဟုတ်ဘူး။ ဘန်ကောက်တို့၊ ကမ္ဘောဒီးယားတို့၊ မြန်မာတို့မှာက ရှေးဟောင်းအမွေအနှစ်တွေ ရှိသလို သွားကြည့်စရာ တခြား နေရာတွေကလည်း အများသား။ စင်္ကပူရမှာတော့ အဲဒါမျိုး ဘာဆို ဘာတစ်ခုမှ မရှိဘူး။

မရှိ ဘာဖြစ်တုံး။ ကိုယ့်ဟာကိုယ် ဖန်တီးယူမှာပေါ့ဆိုတဲ့ စိတ်နဲ့ သည်မောင်တွေက စင်္ကာပူဒေါ်လာ သန်း ၂၄၀ တန် သည်ချားရဟတ်ကြီးကို ဆောက်ချလိုက်တာပ။ အကြံကတော့ အတော်ကြီးကြပေတာပဲ။

အကြံကြီးတာကတော့ မပြောနဲ့၊ အဲဒီ့ ရဟတ်စီးရင်း ညစာ စားမယ်ဆိုလည်း စားလို့ရသဗျ။ ဈေးကတော့ ခေါင်ကို ခိုက်လို့။ စုံတွဲတစ်တွဲအတွက်ဆို စင်္ကာပူ ဒေါ်လာ ၃၆၀၊ မြန်မာငွေနဲ့ဆို နှစ်သိန်းခွဲကျော်လောက် ကျမှာပါ ခင်ဗျ။ ညစာစားရင်တော့ နာရီဝက်လောက်နဲ့ မပြီးတာမို့ ရဟတ်ကို နှစ်ပတ် စီးရတယ်လို့ သိရပါတယ်။

ကျွန်တော်တို့ စီးတဲ့အချိန်က နေမဝင်သေးလို့လားတော့ မသိဘူး။ အဲသလို ညစာစားဖို့ ခင်းကျင်းထားတဲ့ အိမ်ကလေးတွေမှာ လူမရှိဘူး။ အလွတ်ဖြစ်နေတာ တွေ့ရတယ်။

ပိုက်ဆံပေါတဲ့ အနောက်တိုင်းသားများဆိုတာကလည်း ညစာစားတဲ့အခါ တတ်နိုင်သမျှ ဇာချဲ့ချင်ကြတာက သဘာဝမို့ သူတို့ အကြံက အတော်လေး အထမြောက်မယ့် သဘောရှိတယ်။ ဘယ့်နှယ့်ကွယ်… ရဟတ်စီးရင်း ရှုခင်း ကောင်းကောင်းကို ခံစားရင်း၊ မြေပြင်က ပေ ၅၀ဝ လောက်အမြင့်မှာ ညစာ စားရတဲ့ အရသာဆိုတာလည်း ဘာပဲပြောပြော၊ ထူးတော့ ထူးမှာ အမှန်ပဲ။

သို့သော်လည်းတဲ့ပေါ့လေ… ဈေးကြီးလို့လားတော့ မသိဘူး။ ကျွန်တော်တို့ကိုသာ ရဟတ်ပေါ် တင်ပေးလိုက်ကြပေမယ့် ညစာကိုတော့ အဲဒီ့ ရဟတ် အဆောက်အအုံ အောက်ခြေ ကမ်းနားက ပင်လယ်စာဆိုင်မှာပဲ အကျအန ကျွေးမွေးပါတယ်။

သူတို့ ထုံးစံအတိုင်း အလျှံပယ် ကျွေးတာပါ။ ပင်လယ်စာဆိုတော့ ကျွန်တော့်မှာ အတော် ကသိကအောင့်ဖြစ်ရပြန်တယ်။ အစားသရဲဆိုတော့ ကျွန်တော့်မှာ ကြိုက်ကလည်း ကြိုက်၊ ကိုယ့်ရောဂါနဲ့ ကိုယ်ဆိုတော့ စားကလည်း မစားရဲနဲ့ အတော် ဆင်းရဲပါတယ်။ အင်း… လူစင်စစ်က ပြိတ္တာဖြစ်နေရတဲ့ ဒုက္ခပါပဲ ချစ်မိတ်ဆွေတို့ရယ်။

စင်္ကပူရအပေါ် စင်္ကာပူသူရဲ့ အမြင်

ထမင်းဝိုင်းမှာ ကျွန်တော့်ကို စင်္ကာပူ စရောက်ကတည်းက ကြိုဆိုပြီး အနားမှာ တစ်ချိန်လုံး နီးပါးရှိနေလေတဲ့ စင်္ကာပူသူလေးနဲ့ စကားလက်ဆုံကျနေပါတယ်။ သူ့အသက်က ၃၀ နားလောက်တော့ ကပ်နေပြီ ထင်တယ်။ စင်္ကာပူသူ တရုတ်အမျိုးသမီးလေးပါ။

သူက မြန်မာနိုင်ငံကို သုံး၊ လေးခေါက် ရောက်ဖူးပြီးသားမို့ သူ့နိုင်ငံ စင်္ကာပူအကြောင်း ပြောတဲ့အခါ အတော်လေး နှိမ့်နှိမ့်ချချ ပြောရှာတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက ဘယ်လို ကောင်းတာစသဖြင့်လည်း ပြောတတ်တယ်။ အရောင်း မြှင့်တင်ရေး ကျွမ်းကျင်သူပီပီ မိတ္တဗလဋီကာကို ပြာချ၊ ဖနောင့်နဲ့ သက်စေ့ပေါက်၊ အရည်ကျို၊ အသက်အောင့်ပြီး သောက်ထားတာလည်း ဖြစ်နိုင်ပါတယ်။

ကျွန်တော်လည်း လျှောက်လဲချက်ပေးတဲ့ (အင်္ဂလိပ်လို plead လုပ်တဲ့) အတတ်ကို တတ်ကျွမ်းတဲ့ လျှောက်လဲချက်ပေးသူ ရှေ့နေ ပလီဒါ (pleader) ဘဝက လာတဲ့သူပဲဗျာ၊ ကောင်းကောင်း ပလီတတ်တာပေါ့။ ကျွန်တော်လည်း စင်္ကပူရနိုင်ငံကြီးကို ချီးမွမ်းခန်းဖွင့်တော့တာပေါ့။ (တကယ်လည်း ချီးမွမ်းစရာတွေ အများကြီး ရှိပါတယ်။ အနေကျပ်လို့ မပျော်တာကတော့ တစ်မျိုးပေါ့။)

အဲဒီ့မှာ သူက လေးလေးနက်နက် ပြန်ပြောတဲ့ စကားလေးက တော်တော်လေး စဉ်းစားစရာ ကောင်းလှပါတယ်။

“အင်း… စင်္ကာပူက ငယ်တုန်း ရွယ်တုန်း လုပ်နိုင်ကိုင်နိုင်တုန်းဆိုရင်တော့ ကောင်းပါတယ်။ အသက်ကြီးလို့ အနားယူတဲ့အခါကျရင်တော့ စင်္ကာပူက မနိပ်လှဘူး။ လူနေမှုစရိတ်က ကြီး၊ အားလုံးက သွားသုတ်သုတ်၊ စားသုတ်သုတ်နဲ့ဆိုတော့ကာ အဲဒီ့အရွယ်ကျရင် နေအပ်တဲ့ အရပ်မဟုတ်တာလည်း အမှန်ပဲ”တဲ့ ခင်ဗျ။

မှန်ပါတယ်။ စင်္ကာပူဟာ အခုဆိုရင် ကမ္ဘာ့စရိတ်အကြီးဆုံး မြို့စာရင်းရဲ့ နံပါတ် ၁၀ မှာ ရှိပါတယ်။ အာရှတိုက်မှာဆိုရင်တော့ နံပါတ် သုံးမှာ ရှိပါတယ်။ သူ့ရှေ့မှာ ဂျပန်နိုင်ငံ တိုကျိုနဲ့ အိုဆာကာမြို့တွေပဲ ရှိတော့တယ်။

လူနေမှုဘဝတွေကလည်း သူ ပြောသလို တကယ့် စားသုတ်သုတ်၊ သွားသုတ်သုတ်နိုင်လွန်းတယ်။

အိမ်ထောင်မရှိသေးတဲ့ မိန်းမရွယ်လေးတစ်ယောက်ပေမယ့် သူ့ဘဝအမြင်၊ သူ့နိုင်ငံအပေါ် သူမြင်ပုံလေးက သူ့မှာ အမြော်အမြင် မသေးလှကြောင်း ပြဆိုနေပါတယ်။ အေးလေ… အမြော်အမြင်ကြီးမားသူများ တည်ဆောက်ထားတဲ့ လူ့ဘောင်မှာ လူဖြစ်လာရသူပေပဲကိုး။

ကျွန်တော် ခေါင်းတညိတ်ညိတ်ဖြစ်သွားရပါတယ်။

စားလို့ သောက်လို့ပြီးတော့ ကမ်းနားကို ဆင်း၊ ဆေးလိပ်ဖွာ။ အင်ဒိုနီးရှားက စာနယ်ဇင်းဆရာလေးက လိုက်လာကာ ဆေးလိပ်သောက်ရင်း ဓာတ်ပုံတွေ တဖျတ်ဖျတ်ရိုက်။

ပြီးတော့ လိုက်ပို့သူတွေထဲက တချို့က နှုတ်ဆက်ပါတယ်။

ကျွန်တော်နဲ့ လေပေးဖြောင့်နေတဲ့ စင်္ကာပူသူကလည်း အပြီးနှုတ်ဆက်ပါတယ်။ နောက်တစ်ရက်မနက်မှာ သူ ကျွန်တော့်ကို လိုက်ပို့နိုင်မှာ မဟုတ်တော့ပါဘူးတဲ့။ သို့သော် နက်ဖြန်ညမှာ ညစာစားဖို့ အဖော်မရှိရင်တော့ သူ့ဆီ တယ်လီဖုန်းသာ လှမ်းဆက်လိုက်ပါ။ သူနဲ့ အတူ စားတာပေါ့တဲ့။

ဟုတ်ကဲ့၊ လိုအပ်ရင် ဆက်သွယ်လိုက်ပါ့မယ်။ မြန်မာပြည်ကို လာရင်လည်း ကျွန်တော့်ကို အသိပေးပါ၊ ကျွန်တော် နေ့လည်စာ လိုက်ကျွေးပါ့မယ် ဘာညာပေါ့ဗျာ။
သည်လိုနဲ့ ကျွန်တော်တို့လည်း ဟိုတယ် ပြန်ရောက်ပေါ့။ တစ်ညတာ ဇာတ်လမ်းဆုံးလေပြီလို့ အောက်မေ့ရတော့မှာပ။

ကျမ်းကိုး     http://en.wikipedia.org/

(ဓာတ်ပုံတွေက လွဲရင် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက် [ယနေ့] ထုတ် ဒေ၀ီဂျာနယ်မှာ ဖော်ပြပါရှိတဲ့အတိုင်းလေးပါပဲ။)



စမလုံးချင်ဘု လုံးလုံးကြီး စိတ်နာ (၅)

ဆစ်ပစ်လိုက်မယ်

အချိန် အတော်ကြာကြာ ယူပြီး စားလို့ သောက်လို့ ပြီးကြတဲ့အခါမှာတော့ ကျွန်တော်တို့တွေလည်း အနီးအနားဝန်းကျင်ကို လျှောက်ကြည့်ကြပါတယ်။ အင်ဒိုနီးရှားက သတင်းသမားလေးတွေက ဓာတ်ပုံတွေ ရိုက်နေကြတယ်။ ကျွန်တော်လည်း ရိုက်တာပါပဲ။ သူတို့လောက်သာ မများတာ။

တစ်နေရာမှာတော့ အမှတ်တရ ပစ္စည်းတွေ ရောင်းတဲ့ လမ်းဘေးဆိုင်လေးတစ်ခု တွေ့တယ်။ ငွေရောင် ခေါင်းလောင်းပိစိလေး၊ လက်ကိုင်မှာပါတဲ့ ရွှေရောင် ခြင်္သေ့ရုပ်လေးက လှည့်လို့ ရတယ်။ အသံလေးက ချိုတယ်။ ဒါနဲ့ ဝယ်လိုက်ပါတယ်။ ကျွန်တော့်ဆီမှာ အနောက်နိုင်ငံ (နယ်သာလန်လားမသိ)က လာတဲ့ ခေါင်းလောင်းလေး တစ်ခုလည်း ရှိတော့ အဖော်ရအောင်လို့ပေါ့။ ဈေးတော့ မမှတ်မိတော့ဘူး။ နောက်တစ်ခုက လက်သည်းညှပ်၊ ဇာဂနာ၊ ကပ်ကြေးပေါက်စလေး စတာတွေ ပါဝင်တဲ့ ဘူးကလေးတစ်ခု။ နောက်တစ်ခုက စီးကရက်ဘူး။ စီးကရက်ဆယ်လိပ်ကို ထည့်ထား၊ ခလုတ်ကလေးကို တွန်းလိုက်ရင် စီးကရက် တစ်လိပ်က ထွက်လာတယ်၊ အဲဒီ့ဘူးမှာပဲ ပါတဲ့ ဓာတ်ငွေ့မီးခြစ်နဲ့ ညှိရုံပဲ။ သားတော်မောင်အတွက် လက်ဆောင်ဆိုပြီး ဝယ်လိုက်တယ်။

ဈေးဆစ်တော့ ဈေးသည်က မတင်မကျ။ တစ်နေရာကို သူ့ ပါလေရာဖုန်း နဲ့ လှမ်းဆက်တယ်။ ဟိုတစ်ဖက်က ကျွန်တော်ဆစ်တဲ့ ဈေးနဲ့ ပေးလိုက်ပါလို့ ပြောတော့မှ ဝယ်လို့ ရလာသဗျ။

ကျွန်တော်က ဘာဖြစ်လို့လဲတော့ မသိဘူး။ အင်မတန် ဈေးဆစ်သန်တာ။ ငယ်ငယ်ကတည်းက။ မေမေ့ဆီက ရလိုက်တဲ့ အမွေလားတော့ မသိဘူး။ ဈေးဆစ်လို့ မရရင် အဆစ်က တောင်းတတ်သေးတယ်။ ကွန်ပျူတာသုံး ပြင်ပ သိုလှောင် ဓာတ်ပြားငယ်လေးတစ်ချပ် ဝယ်တုန်းကတောင် ၃၂၀ ဂစ်ဂါဘိုက်ကို ၆ သောင်းခွဲနဲ့ ရတာမို့ အတော် တန်နေမှန်း သိတယ်။ အဆစ်ကို တောင်းဖြစ်အောင် တောင်းတော့ ဟဲ… ဟဲ… တီရှပ် တစ်ထည် ရလာသေးတယ်။ ပေးလိုက်တဲ့ အရောင်းဈေးသည်မလေးကတောင် ပြောသေးတယ်။ အဲဒီ့တီရှပ်က ပေါင်တင် ကွန်ပျူတာ ဝယ်တဲ့သူကိုမှ ပေးတာတဲ့။

အခုလည်း သူပြောတဲ့ ဈေးကို တော်တော် ဖိပြီး ဆစ်ချလိုက်တာ။ သူ့ခမျာ ပိုင်ရှင်ကို ဖုန်းဆက်ပြီး မေးရတဲ့ ဘဝ ရောက်ပါရောလား။

ဝယ်လို့ ခြမ်းလို့ ပြီးတော့ အနားတဝိုက်ကို လျှောက်ကြည့်မိပြန်တယ်။ မြစ်အတွင်း မော်တော်ငယ်လေးတွေနဲ့ လျှောက်ကြည့်တဲ့ ခရီးစဉ်လည်း ရှိတယ်။

ဘာပဲပြောပြော၊ ထိန်ထိန်ညီးနေတဲ့ မီးရောင်အပြည့်နဲ့ သာယာတဲ့ ညခင်းလေး တစ်ခင်းပါပဲ။

စင်္ကာပူရဲ့ တစ်ခတ်ဆီက ဆိုက္ကားနှစ်စီး ရပ်ထားတာကိုလည်း တွေ့ရတယ်။ ဘန်ကောက်မှာ တုတ်တုတ်ကို ကမ္ဘာလှည့်ဆွဲဆောင်ဖို့အတွက် ထားတတ်သလိုပဲ စင်္ကာပူမှာလည်း ရှေးဆိုက္ကားကို ကမ္ဘာလှည့်တွေအတွက် တမင်ချန်ထားပုံပါပဲ။ သူတို့ဆိုက္ကားက ကျွန်တော်တို့လို ကျောချင်းကပ် စီးရတာမျိုး မဟုတ်ဘူး။ ဘေးချင်းယှဉ် စီးရတဲ့ ထိုင်ခုံမျိုးနဲ့။

ညနေ ၆ နာရီခွဲလောက်က အဲဒီ့ကို ရောက်နေလိုက်တာ၊ ပြန်ထွက်လာကြတော့ ၁၁ နာရီကို ကောင်းကောင်း ကျော်နေပြီ။ လမ်းတစ်လျှောက် ရယ်မော ပြောဆိုရင်း ဟိုတယ်ကို ပြန်ရောက်လာကြတယ်။ မင်္ဂလာ ညပါ၊ ဘာညာနဲ့  လူချင်း ခွဲကြတယ်။

ကျွန်တော့်အခန်း ပြန်ရောက်ပြီး တော်တော်လေး ကြာတော့ ဖုန်းဝင်လာတယ်။ သူငယ်ချင်းက ဖုန်းဆက်တာ။ သူတို့ အခုမှ ပြန်ရောက်တယ်။ တစ်ခုခု သွားစားကြမလို့ လိုက်ဦးမလားတဲ့။

မလိုက်တော့ဘူး။ ၁၂ နာရီတောင် ကျော်နေပြီ။ အိပ်တော့မယ်။ မနက်ကျ အစောကြီး ထရဦးမှာ။ ကျွန်တော်နဲ့ မနက်အစောကြီး ထတဲ့အလုပ်နဲ့က သိပ် အံဝင်လှတာ မဟုတ်ဘူး။ ဒါ့ကြောင့် သူငယ်ချင်းကို ငြင်းလိုက်ရပါတော့တယ်။

စင်္ကပူရသားများ အကြံကြီးချက်ကတော့…

နောက်တစ်ရက်လုံးကတော့ ဖိတ်ကြားတဲ့ ကုမ္ပဏီက သူတို့လုပ်ငန်း အသေးစိတ်တွေကို လိုက်ပြတာကြည့်၊ ပြောတာတွေ နားထောင်ပေါ့။ အဲဒါတွေတော့ အသေးစိတ် မသွားတော့ပါဘူး။ သက်ဆိုင်ရာ စာတွေ သတ်သတ် ရေးရတော့မှာပ။ မဆလခေတ်က တာဝန်ကျေစပါး ရောင်းရသလို တာဝန်ကျေအောင် တစ်ပုဒ်မက သုံးပုဒ်တောင် ရေးပြီးပါပြီ။ (သည် ဘလော့(ဂ်)ထဲမှာ ရှိပါတယ်။)

တစ်နေကုန်ကြီးဆိုတော့ အတော် ညည်းငွေ့ပါတယ်။ မူလက နှစ်ရက် စီစဉ်ထားပေမယ့် အကြောင်းကြောင်းကြောင့် တစ်ရက်တည်း ပေါင်းစပ်လိုက်တဲ့အခါ အတော်လေး ကသီသွားပါတယ်။ ညနေ ငါးနာရီထိုးခါနီးမှ ဟိုတယ် ပြန်ရောက်ကြတယ်။ အဲတော့လည်း “စင်္ကာပူမိုးပျံ”ဆိုတာကို သွားရဦးမယ်လို့ ဆိုပါတယ်။ ဒါနဲ့ ဟိုတယ် ပြန်တယ်။ နောက် နာရီဝက်အတွင်း သွားမှာဆိုလို့ ရေမိုးတောင် မချိုးတော့ဘဲ ပြန်ဆင်းခဲ့တယ်။

သို့ပေမယ့် ထုံးစံအတိုင်း စောင့်ကြရပြန်တယ်။ ကနေ့ လူတွေ ထပ်တိုးလာတယ်။ မနေ့ညနေက မိုးချုပ်မှ ရောက်လာတဲ့သူတွေနဲ့ဆိုတော့ ကနေ့ လူဦးရေက ခပ်များများရယ်။ အဲတော့ ပိုစောင့်ရပြီပေါ့။

စောင့်ရင်းနဲ့ စကားစမြည်ပြောနေခိုက်မှာ မလေးက သုံးယောက်က မလေးလို ပြောပြီး ရယ်ကြတယ်။ ကျွန်တော့်ကို ကြည့်ပြီး ရယ်နေတာမို့ ကျွန်တော်လည်း ဘာရယ်ကြတာတုံးလို့ မေးတော့ တစ်ယောက်က “ရှင်က အင်္ဂလိပ် စကားကို ဗြိတိသျှလေ အပီကြီးနဲ့ ပြောနေလို့ ရယ်ကြတာပါ”တဲ့။ ဖြစ်ရမယ်။ အဲဒါက နိုင်ငံခြားသားတွေနဲ့ စကားပြောတိုင်း တစ်ဒုက္ခ။

သူတို့ကကျတော့ အင်္ဂလိပ်စကား ပြောပေမယ့် မနည်း နားထောင်ယူရတယ်။ ကောင်းကောင်းလည်း မပြောတတ်ရှာကြပါဘူး။ ထမင်းစား ရေသောက်တောင် အိုးနင်းခွက်နင်း ပြောနေကြရရှာတာ။ သူတို့ထဲက အသက်အကြီးဆုံး အမျိုးသမီးကြီးကပဲ အင်္ဂလိပ်စကားကို မွှတ်နေအောင် ပြောနိုင်တာ။ ဗီယက်နမ်က ဟာမလေး နှစ်ယောက်ကတော့ အင်္ဂလိပ်စကား လုံးလုံးကို မတတ်ရှာတဲ့အတွက် သူတို့အတွက် ကုမ္ပဏီက စကားပြန်ပါ ထည့်ပေးထားရသေးတယ်။

အဲလိုနဲ့ လူစုံတော့ ထွက်လာကြပါတာ့တယ်။

ထွက်ဟဲ့ဆိုလို့သာ ထွက်လိုက်လာခဲ့တာ။ “စင်္ကာပူ မိုးပျံ” (Singapore Flyer) ဆိုတာ ဘာမှန်း မသိဘူး။ စင်္ကာပူကို အစကတည်းက နည်းနည်းလေးမှ စိတ်ဝင်စားခဲ့တာ မဟုတ်တော့ ဘာမှလည်း ကြိုဖတ်ထားတာမျိုး မရှိဘူး။ ကျွန်တော် ဖတ်ထားတဲ့ “ဗေဒင်ယုံတဲ့ အီတာလျံ” စာအုပ်ထဲမှာလည်း မပါဘူး။

အနားရောက်တော့မှ ဧရာမ ချားရဟတ်ကြီး ဖြစ်နေတာ တွေ့ရပါတယ်။ တကယ့် ဧရာမပါပဲ။ သို့ပေမယ့် နှယ်နှယ်တော့ မဟုတ်ဘူးခင်ဗျ။ ကမ္ဘာ့အမြင့်ဆုံး ရဟတ်ကြီးဖြစ်ပါတယ်။ အထပ်ပေါင်း ၄၂ ထပ် ရှိတဲ့ တိုက်လောက်ကို မြင့်ပါတယ်။ ၁၆၅ မီတာ (၅၄၁ ပေ) မြင့်သတဲ့ခင်ဗျ။

အဲဒီ့ရဟတ်ကြီးရဲ့ အချင်းကိုက ၁၅၀ မီတာ (၄၉၂ပေ) ရှိပါတယ်။ အဲလောက်ကြီးတဲ့ ရဟတ်ကြီးကိုမှ သုံးထပ် အဆောက်အအုံကြီးပေါ်မှာ တည်ထားတာပါ။ အဲဒီ့သုံးထပ် အဆောက်အအုံကြီးပေါ်မှာလည်း ဆိုင်တွေ၊ အရက်ဘားတွေ၊ စားသောက်ဆိုင်တွေ အပြည့်နဲ့ပါ။

၂၀ဝ၈ ခုနှစ် မတ်လ ၁ ရက်နေ့ကမှ တရားဝင် စဖွင့်ခဲ့တာဖြစ်ပြီး တကယ့် အခမ်းအနားနဲ့ ဖွင့်ခဲ့တာကကျတော့ ၂၀ဝ၈ ဧပြီလ ၁၅ ရက်နေ့မှာမှ ဖြစ်ပါတယ်။ အဲဒီ့ ရဟတ်ကြီးမှာ လူလိုက်စီးဖို့အတွက် ဖန်လုံအိမ်ကလေးတွေ ပါပါတယ်။ အိမ်ကလေးတွေ ဆိုလို့လည်း ပေါ့သေးသေးတော့ မမှတ်ပါနဲ့ဦး။ တစ်အိမ်ကို လူ ၂၈ ယောက် စီးလို့ ရပါသဗျား။ ပြီးတော့ အလုံပိတ်၊ လေအေးစက်လည်း တပ်ဆင်ထားပါသေးတယ်။

အဲဒါကြီး တစ်ပတ်ပြည့်အောင်လည်ဖို့က သုံးဆယ်နဲ့မှ ခုနစ်မိနစ်နီးပါး ကြာပါတယ်။ စလည်တုံးကတော့ စင်္ကာပူ မြေဘက်က ကြည့်ရင် နာရီလက်တံ ပြောင်းပြန်လည်တဲ့ ဦးတည်ရာနဲ့ လည်ခဲ့တာ ဖြစ်ပေမယ့် ၂၀ဝ၈ ခုနှစ် ဩဂုတ်လ  ၄ ရက်နေ့က စပြီး ဖုန်းရွှေဆရာများရဲ့ ညွှန်ကြားချက်အရ နာရီလက်တံအတိုင်းပဲ လှည့်ပေးပါသတဲ့။

အဲဒါကြီးကို တည်ဆောက်ဖို့အတွက် ကုန်ကျခဲ့တဲ့ စရိတ်ကတော့ စင်္ကာပူ ဒေါ်လာ သန်းပေါင်း ၂၄၀ (အမေ ရိကန် ဒေါ်လာ သန်းပေါင်း ၁၈၀) ပါတဲ့ ခင်ဗျား။

အံမယ်မင်းတဲ့မှမင်း… နှယ်နှယ်မှ မဟုတ်တာ။ စီးခကလည်း သေးမယ်တော့ မထင်ဘူး။ ကိုယ်စီးတုန်းကတော့ သူများ ပိုက်ဆံနဲ့ ခပ်တည်တည် တက်စီးခဲ့တာမို့ ဘယ်လောက်ပေးရမှန်း မသိဘူး။ အခု သည်စာရေးမယ်ဆိုတော့မှ အင်တာနက်ထဲမှာ ရှာကြည့်လိုက်တာ စင်္ကာပူဒေါ်လာ ၂၉.၅၀ လို့ ဆိုထား သဗျ။ မြန်မာငွေ နှစ်သောင်းကျော်လောက် ကျမှာပ။

လိုက်ပို့ပေးကြတဲ့ ကုမ္ပဏီဝန်ထမ်းတွေက ကျွန်တော်တို့ချည်းပဲ တင်လွှတ်လိုက်တယ်။ သူတို့က အောက်ဆုံးထပ်က စားသောက်ဆိုင်မှာ စောင့်နေမယ်တဲ့။

တင်တော့လည်း တက်ပေါ့။ အားလုံး ကျွန်တော်အပါအဝင် ၁၁ ယောက် တက်လိုက်ကြပါတယ်။ ၂၈ ယောက်စီးဆိုပေမယ့် ကျွန်တော်တို့ ၁၁ ယောက်နဲ့ပဲ အဲဒီ့ ဆလင်ဒါပုံ အိမ်လေးကို ပိတ်လိုက်တယ်။

အိမ်ကလေးက တအိအိ ရွေ့နေတာပါ။ ရွေ့တယ်ဆိုရုံလေး ရွေ့နေတာမို့ လူအတက်အဆင်း လုပ်လို့ ကောင်းနေသပေါ့။ ကျွန်တော်တို့ တစ်အုပ်စုလုံး လည်းပဲ တောင်ကြည့်မြောက်ကြည့်ပေါ့။

ကျမ်းကိုး http://en.wikipedia.org/wiki/Singapore_Flyer

ယနေ့ (၂၄-၁၁-၂၀၁၀) ထုတ် ဒေ၀ီဂျာနယ်မှာ ဖော်ပြပါရှိတဲ့အတိုင်း ဖြစ်ပါတယ်။