https://soundcloud.com/atk24/fm_141111
City FM ရေဒီယိုမှာ ဆွေးနွေးထားတာရဲ့ ပထမပိုင်း လင့်(ခ်)ပါ။
၁၁-၁၁-၂၀၁၄ နေ့လယ် ၁၁ နာရီခွဲက လွှင့်သွားပါတယ်။ ဒုတိယပိုင်းကို သူတို့ လွှင့်ပြီးသွားတဲ့နောက် ဆက်လက်တင်ပေးသွားပါမယ်။
https://soundcloud.com/atk24/fm_141111
City FM ရေဒီယိုမှာ ဆွေးနွေးထားတာရဲ့ ပထမပိုင်း လင့်(ခ်)ပါ။
၁၁-၁၁-၂၀၁၄ နေ့လယ် ၁၁ နာရီခွဲက လွှင့်သွားပါတယ်။ ဒုတိယပိုင်းကို သူတို့ လွှင့်ပြီးသွားတဲ့နောက် ဆက်လက်တင်ပေးသွားပါမယ်။
ကနေ့ ညနေ လေးနာရီ ဆယ့်ငါးမိနစ်လောက်က မန္တလေး FM အသံလွှင့် အစီအစဉ်ကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့တာလေးကို အသံဖိုင်အဖြစ် တင်ဆက်လိုက်ပါတယ်။
ရန်ကုန်မြို့တော် FM အသံလွှင့်ဌာနက ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နဲ့ ၂၆ ရက်များမှာ လွှင့်ထုတ်ခဲ့တဲ့ “ဘ၀ရဲ့ လမ်းစ” အစီအစဉ်သစ်မှာ ကျွန်တော်က “ဖတ်စရာ မှတ်စရာ” ခေါင်းစဉ်နဲ့ တည်ပေးပြီး လူငယ်လေးတွေနဲ့ ၀ိုင်းဖွဲ့ ပြောဆိုခဲ့တဲ့ စကားဝိုင်းလေးရဲ့ ဒုတိယပိုင်းပါ။
အခုနှစ် မေလ ၇ ရက်နေ့ ညပိုင်းက ဆရာ လယ်တွင်းသား စောချစ်နဲ့အတူ တောင်ငူမှာ တစ်ပွဲ ဟောခွင့် ကြုံခဲ့ပါတယ်။ အဲဒါလေးကို အခုမှ အသံဖိုင် ရလို့ တင်ပေးလိုက်ကြောင်းပါခင်ဗျား။ ကျွန်တော်ကသာ အခုမှ အသံဖိုင် ရတယ်၊ ပရိသတ်ကတော့ ဗီဒီယိုနဲ့တောင် ကြည့်ရှုနားဆင်ပြီးပြီလို့ ဆိုပါတယ်။ အတော်များများလည်း နားဆင်ပြီး ဖြစ်ကြမှာပါ။ နားမဆင်ရသေးသူများအတွက်လည်း ဖြစ်၊ ကျွန်တော့် ဘလော့(ဂ်)မှာလည်း အမှတ်တရ ထားရှိရာလည်း ဖြစ်အောင် တင်ထားလိုက်တာပါပဲ ခင်ဗျား။
ပုံမှန်အားဖြင့်တော့ အပတ်စဉ် ထုတ်လွှင့်နေကျ ကျွန်တော့် အစီအစဉ်တွေကို သည် ဘလော့(ဂ်)မှာ အချိန်အတော်ကြာမှ တင်ဖြစ်ပါတယ်။ သည်မှာ တင်ထားတာ သိပ်လည်း များများစားစား မရှိပါဘူး။ အခုအချိန်အထိ စုစုပေါင်း အပိုင်းပေါင်း ၇၀ ကျော် ထုတ်လွှင့်ပြီး ဖြစ်ပေမယ့် သည်မှာ တင်ထားတာ အလွန်ဆုံးမှ ဆယ်ပိုင်းလောက်ပဲ ရှိပါလိမ့်မယ်။ သည်ကနေ့ ထုတ်လွှင့်တာကိုတော့ ဘလော့(ဂ်)မှာ တင်ပေးစေချင်တယ်လို့ ပြောလာသူ ရှိတာနဲ့ တင်ပေးလိုက်ပါတယ်။ နားဆင်တော်မူကြည့်ကြပါခင်ဗျား။ ၁၅ မိနစ်စာလောက်ပဲ ရှိပါတယ်။
၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၅ ရက် ညနေ ၇း၁၅ အချိန်က မန္တလေး FM မှ
“ဘ၀အမောပြေဖို့ အဖြေရှာစို့” အစီအစဉ် အသံလွှင့်ချက်ကို ပြန်လည်တင်ဆက်လိုက်တာပါ။
Radio Australia က Melbourne ကနေ ကျွန်တော့်ကို တယ်လီဖုန်းနဲ့ လှမ်းပြီး တွေ့ဆုံ မေးမြန်းပါတယ်။ အဲဒီ့ရေဒီယိုရဲ့ မြန်မာပိုင်းအစီအစဉ် တာဝန်ခံက ၁၉၉၉ ခုနှစ်တုန်းက ဆစ်ဒနီက SBS အသံလွှင့်ဌာနရဲ့ မြန်မာပိုင်းအစီအစဉ်မှာ အလုပ်လုပ်နေပြီး အဲတုန်းက အော်စီကို ရောက်သွားတဲ့ ကျွန်တော့်ကို တွေ့ဆုံမေးမြန်းဖို့ အားထုတ်ခဲ့ဖူးပါတယ်။ ကျွန်တော်က တွေ့ဆုံမေးမြန်းခြင်းကို လက်မခံဘဲ ကျွန်တော့် စိတ်ကြိုက် ပြောချင်ရာ ပြောတဲ့ ၁၅ မိနစ်စာလေးတစ်ခု အသံသွင်းပေးခဲ့ပါတယ်။ အဲဒီ့ ခေတ်တုန်းက အခုလို အိတ်ဆောင် အသံဖမ်းစက်တွေလည်း သိပ်မတွင်ကျယ်သေး၊ ကွန်ပျူတာနဲ့ အသံတွေ ပေးပို့တာလည်း ခေတ်မစားသေးတာမို့ အဲတုန်းက အသံလွှင့်ချက်ကလေးကို မိတ္တူ ယူမထားနိုင်ခဲ့ပါဘူး။
အခုတစ်ခါလည်း Raido Australia က တယ်လီဖုန်းနဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ မိဘနဲ့ သားသမီးဆက်ဆံရေးကိစ္စဖြစ်တာကြောင့် စိတ်ရှင်းရှင်းနဲ့ လက်ခံ ဖြေကြားပေးခဲ့ပါတယ်။ မေးမြန်းသူက “ကိုဇာနည်လွင်ဦး”ဆိုတဲ့ တောင်ကြီးသားလေးပါ။
သည်တွေ့ဆုံ မေးမြန်းခန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက် အင်္ဂါနေ့မှာ ဒေသစံတော်ချိန် မနက် ၅ နာရီခွဲက ၆ နာရီ တစ်ကြိမ်၊ ညဦး ၇ နာရီခွဲက ၈ နာရီ တစ်ကြိမ်၊ တစ်နေ့ကို နာရီဝက်စာ နှစ်ကြိမ် ထုတ်လွှင့်နေတဲ့ သူတို့ရဲ့ မြန်မာပိုင်း အစီအစဉ်ကနေ ထုတ်လွှင့်တယ်လို့ သိရပါတယ်။ (အဲဒီ့ ရေဒီယိုနဲ့ အစီအစဉ် အသေးစိတ် သိလိုပါရင် အခု စာမျက်နှာမှာ တင်ထားတဲ့ သူတို့ရေဒီယို အမှတ်တံဆပ်ကို ဖြစ်စေ၊ အရောင်ပြောင်းထားတဲ့ Radio Australia စာတန်းများကို ဖြစ်စေ ကြွက်နှုတ်သီးလေးနဲ့ ထိုးပြီး ကြွက်ရဲ့ ဘယ်ဘက် နှုတ်ခမ်းကို ဖိလိုက်ရင် သူတို့ စာမျက်နှာများဆီ ရောက်သွားပါလိမ့်မယ်။)
ကျွန်တော့်ဆီကို မေး(လ်)က တစ်ဆင့် လှမ်းပို့ပေးလိုက်တဲ့ တွေ့ဆုံမေးမြန်းချက် အသံဖိုင်လေးကို ဝေမျှပေးလိုက်ပါတယ်။
ရန်ကုန် City FM က ရန်ကုန်မြို့နဲ့ အနီးတ၀ိုက်၊ မန္တလေး FM က ရန်ကုန်နဲ့ မန္တလေးတစ်ကြော၊ ပဉ္စ၀တီ FM က မြစ်ဝကျွန်းပေါ်နဲ့ ကမ်းရိုးတန်း ဒေသစသဖြင့် FM ရေဒီယိုများ အလျှိုလျှို ပေါ်ထွက်လာပြီးတဲ့နောက် ပတ္တမြား FM ကလည်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကို လွှင့်ထုတ်နေတယ်လို့ သိရပါတယ်။ အဲဒီ့ ရေဒီယိုအစီအစဉ်က အခုနှစ် စက်တင်ဘာ ၅ ရက်နေ့ “အဖေများနေ့”အထိမ်းအမှတ်အဖြစ် ထုတ်လွှင့်မယ့် အစီအစဉ်လေးမှာ ကျွန်တော့်ကို လာရောက်တွေ့ဆုံ မေးမြန်းသွားခဲ့ပါတယ်။ အဲဒီ့ အသံဖိုင်လေးကို ကနေ့ အဲဒီ့ ရေဒီယိုရဲ့ အသံသွင်း စတူဒီယိုမှာ နောက်ထပ် အစီအစဉ်တစ်ခုအတွက် အသံသွားသွင်းရင်းက ရရှိလာပါတယ်။
နားဆင်တော်မူကြည့်ကြပါဦးခင်ဗျာ။ သိပ်မရှည်လှပါဘူး။ ၅ မိနစ်စာလေးပါ။
၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှာ ရန်ကုန်မြို့ ဘုရင့်နောင်လမ်းနဲ့ မြန်မာနိုင်ငံ ဆေးဝါးစက်ရုံလမ်းထောင့်မှာ ရှိတဲ့ မြန်မာနိုင်ငံ ငါးလုပ်ငန်းရှင်များနဲ့ ပုစွန် လုပ်ငန်းရှင်များ အသင်းမှာ “အပြောင်းအလဲနဲ့ ရွှေအကျင့်များ”ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။ နှစ်နာရီ ကျော်စာလောက် ရှိတဲ့ အဲဒီ့ အသံဖိုင်လေးကို မဆိုစလောက် တည်းဖြတ်ပြီး နှစ်နာရီစာ ၀င်အောင် ပြုပြင် တင်ဆက်လိုက်ပါတယ်ခင်ဗျား။
သီချင်းရေးဆရာ မောင်သစ်မင်း ကွယ်လွန် တိမ်းပါးသွားတဲ့အခါ ရုပ်မြင်သံကြား အစီအစဉ်တွေ၊ ရေဒီယို အသံလွှင့် အစီအစဉ်တွေကနေ မောင်သစ်မင်း အမှတ်တရ အစီအစဉ်တွေ ထုတ်လွှင့်ကြပါတယ်။ Mandalay FM ရေဒီယိုကလည်း အစီအစဉ်တစ်ခု လုပ်ပါတယ်။ Mandalay FM Talk အစီအစဉ်ရဲ့ Anchor ဖြစ်တဲ့ ဆရာ မျိုးမြတ်သူက မောင်သစ်မင်း အလွမ်းပြေ အစီအစဉ်အနေနဲ့ ကျွန်တော်နဲ့ စတီရီယို သမိုင်းကြောင်း အကြောင်းလေး ပြောဖို့ စီစဉ်ပြီး ကျွန်တော့်ကို ကမ်းလှမ်းလာတဲ့အခါမှာတော့ ကျွန်တော် ၀မ်းသာအားရပြောဖြစ်သွားခဲ့ပါတယ်။ အဲဒါလေးကို ၂၀၁၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့နဲ့ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီမှာ နှစ်ကြိမ် အသံလွှင့်ဖြစ်ခဲ့ပါတယ်။ အဲဒီ့ အသံဖိုင်လေးကို အခု တင်ပေးလိုက်ပါတယ်။ နားဆင်တော်မူကြည့်ကြပါခင်ဗျား။
A successful marriage requires falling in love many times, always with the same person. (Mignon McLaughlin)
၂၀၁၁ ခုနှစ် မေလ ၁၇ ရက်မှာ ကျွန်တော်တို့ အိမ်ထောင်သက် ၂၃ နှစ်တင်းတင်းပြည့်ပါတယ်။ သည်မတိုင်ခင် နှစ်ဦးပိုင်းကပဲလား၊ မနှစ်က နှစ်ကုန်ပိုင်းမှာလားတော့ မမှတ်မိဘူး၊ နေပြည်တော် မြန်မာ့အသံလို့ လူသိများတဲ့ မြန်မာ့အသံရဲ့ “ချမ်းမြေ့သာယာ သီရိဂေဟာ” အစီအစဉ်က ကျွန်တော့်ကို ဆက်သွယ်လာပြီး ကျွန်တော်တို့ ဇနီးမောင်နှံကို တယ်လီဖုန်းနဲ့ အမေး-အဖြေ လုပ်ခဲ့ပါတယ်။ ဘယ်နေ့ ဘယ်ရက်တွေမှာ ထုတ်လွှင့်ခဲ့တယ်ဆိုတာကို ကျွန်တော် မသိလိုက်ပါဘူး။ မသိဆို ရေဒီယိုမှ သိပ်နားမထောင်ဖြစ်တော့တာကိုး။ ကျွန်တော်တို့ကို မေးမြန်းတဲ့ တာဝန်ခံ မမက ကျွန်တော့်ဆီကို အဲဒီ့ အသံလွှင့်ချက်လေးကို စီဒီနဲ့ ကူးပြီး ပို့ပေးလိုက်တာမို့ သင်္ကြန်မတိုင်ခင်မှာ အဲဒါလေးကို ပြန်နားထောင်ရပါတယ်။ ကျွန်တော့်ဟာ ကျွန်တော်တော့ ကြည်နူးတာပေါ့ဗျာ။ ၂၃ နှစ် ခရီးကို ဖြတ်ခဲ့တာ နည်းနည်းနောနောမှ မဟုတ်တာ။ ငွေရတုကို ရောက်ဖို့ နောက် နှစ်နှစ်လေးပဲ လိုတော့တာလေ။
ကျွန်တော်တို့ အိမ်ထောင်သက် ၂၃ နှစ်ပြည့် အမှတ်တရအဖြစ် အဲဒီ့ တွေ့ဆုံမေးမြန်းချက်လေးကို ချစ်မိတ်ဆွေများအတွက် မျှဝေ ပေးလိုက်ပါတယ်။ နားဆင် ခံစားကြည့်တော်မူကြပါခင်ဗျား။