Excerpts from Stories from Khin Hnin Yu’s Heart

handoutမင်းဘဘ ဦးကျော်သောင်း ဆုံးတော့ မင်းဟာ မင်းမေမေ မိကျော်သောင်းရဲ့ ဗိုက်ထဲမှာ ခုနစ်လပဲ ရှိသေးတယ်။ မမွေးသေးဘူး။ သူ မသေခင်ကလည်း သမီးကို ကမာရွတ်ဂတ်တဲအထိပဲ သူ့ရဲ့ စစ်သုံး ဘောက်(စ်) ၀က်ဂွန်း လိပ်ခုံး ကားကလေးကို စီးရတယ်။

တစ်ဦးတည်းသော သမီးရယ်လို့ ကားကို သုံးခွင့်မပြုဘူး။ ဘွားဘွားမှာတော့ မိခင်ဆိုတော့ စိတ်ပူတာပေါ့။ သမီးလေး ကျောင်းပြန်နောက်ကျရင် ပြည်ထာင်စုလမ်းထိပ်က ကျောက်ခုံလေးပေါ်မှာ ထိုင်ပြိး သမီး ပြန်လာချိန်အထိ မျှော်ရတယ်။ မင်းကို ဗိုက်ထဲမှာ ကိုယ်ဝန် ရှိလာလည်း မိဟာ ကမာရွတ်ကနေ ဆေးတက္ကသိုလ် ၂ မင်္ဂလာဒုံအထိ ဘတ်(စ်)ကားနဲ့ပဲ သွားရတယ်။

အမှန်တော့ တို့သားအမိနှစ်ယောက်ကို မင်းဘဘက စစ်ပုံစံသွင်းခဲ့ခြင်းပဲ။ သူ သေသွားတော့ ကားမ၀ယ်နိုင်ခင် မင်းမေမေရော ဘွားဘွားရော အစစ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်နိုင်တယ်။

ဒုဗိုလ်မှူးကြီးရဲ့ ဇနီးဖြစ်တော့လည်း မင်းဘဘ ဦးပုံစံရဲ့ စစ်စည်းကမ်း ရိုသေမှုနဲ့ ကားမစီးရဘူး။ နောက်ပိုင်း နေမကောင်းတော့မှ သူ့ရဲဘော် ဖိုးတင်အောင်က သူ့ဗိုလ်မှူးကြီးကို တရားအဟောကောင်းလို့ ဘွားဘွား သူ့ကားကို သုံးရတယ်။ အဲဒီ့ကတည်းက ကားကို စိတ်နာလိုက်တာ လွန်ရောပဲ။

အိမ်ဆောက်လည်း အုတ်တစ်ချပ် သွပ်တစ်ပြား ပျဉ်တစ်ချပ် ရဖို့ကအစ ဘွားဘွားကိုယ်တိုင် တန်းစီခဲ့ရတယ်။ ဘွားဘွား အတိတ်ကံ ညံ့ခဲ့ပေတယ်။ သို့သော် ၀မ်းနည်းစရာ မဟုတ်ပေဘူး။ ခုတော့ အသားကျ တပ်မတော် ရဲဘော် တစ်ယောက်လို ဒုက္ခဆိုတာ ဘွားဘွားဘ၀မှာ ရိုးနေပြီ။

ဘွားဘွား မသေခင် “ကျွန်မရဲ့ ချစ်သူ”ဒုတိယတွဲကို ဆက်ပြီး ရေးနိုင်ပါစေလို့ ဆုတောင်းမိတယ် သားငယ်လေး။ ဒါမှလည်း သားငယ်တို့ ကြီးလာတော့ တို့ဘဘ ဦးကျော်သောင်းဟာ ဘယ်လို လူစားမျိုး၊ တို့ဘွားဘွားဟာ ဘယ်လို မိန်းမစားမျိုးဆိုတာကို သိပြီး မျိုးရိုးစဉ်ဆက် အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ စိတ်ဓာတ်ဖြစ်လာမယ်။

ခင်နှင်းယုရဲ့ ရင်မှပွင့်သော

(၂၀၀၉ခုနှစ် သြဂုတ်လ ၅ရက်နေ့မှာ စတင်ဖြန့်ချိလိုက်တဲ့ “ခင်နှင်းယုရဲ့ ရင်မှပွင့်သော” စာအုပ်ထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။ အဲဒီ့စာအုပ်ထဲမှာ ဆရာမကြီး ဒေါ်ခင်နှင်းယုရဲ့ “ခေတ်ပေါင်းစုံကို ကျော်လွှားနိုင်တဲ့” ၀တ္ထုတိုတွေ ပါဝင်ပါတယ်။ အင်္ဂလိပ်ဘာသာသို့ စာရေးဆရာမ မသိင်္ဂီက ပြန်ဆို ပေးထားတာမို့ “ဒါ မြန်မာ ၀တ္ထုတို”တွေပဲလို့ နိုင်ငံခြားသားတွေကိုလည်း ဂုဏ်ယူဝင့်ကြွားစွာ ပြလို့ရတဲ့ စာအုပ်ကောင်း တစ်အုပ်ပါ။ တန်ဖိုးက ကျပ် ၃၀၀၀၊ ငါးအုပ်နဲ့ အထက်မှာယူမယ်ဆိုရင်တော့ ၁၅% လျှော့ပေးပါမယ်။)

Advertisements

၂၀၀၉ သြဂုတ်လမှာ စတင်ဖြန့်ချိလိုက်တဲ့ လက်တွဲဖော်စာအုပ်သစ်များ

စာအုပ်သစ် မထုတ်တာ ရှစ်လကျော်ပြီဖြစ်တဲ့ “လက်တွဲဖော်” စာအုပ်တိုက်ကနေ ၂၀၀၉ခုနှစ် သြဂုတ်လမှာ ဖြန့်ချိလိုက်တဲ့ “လက်တွဲဖော်”စာအုပ်သစ်တွေ…

ခင်နှင်းယုရဲ့ ရင်မှပွင့်သောမိုးထိအောင် လှေကားထောင်နည်း

Bala_Final